ဇာတ်သိမ်းပိုင်း ၁၀
Vol. 165 Ch. 2304
တစ်စုံတစ်ယောက်သည် ကောင်းကင်တာအိုထဲသို့ ဝင်နိုင်ပြီး ရှီမာယူယူ ၏ ဘေးသို့သွားနိုင်လေသည်။
အားလုံးသည် ထိုမြင်ကွင်းကြောင့် မှင်တက်သွားကြသည်။
“သူတို့နှစ်ယောက်က ဆက်စပ်နေကြလို့ ဝင်သွားနိုင်တာလား” ဟေးဒီးစ် သည် တိုးညင်းစွာ ရေရွတ်လိုက်သည် “အဆုံးသတ်က ပြောင်းလဲသွားတော့မှာ လား”
အားလုံးသည် ထိုလူကို မှတ်မိကြသည်။
“ရွှမ်ချုံးဟော်.. သူ ဘယ်လိုလုပ်ဝင်သွားတာလဲ”
“သူ ဘယ်လိုပဲဝင်သွားသွား ယူယူ့ကိုကယ်နိုင်ရင် တခြားဟာတွေ အရေး မကြီးတော့ဘူး”
ဟုတ်သည်.. သူသာ ယူယူ့ကိုကယ်နိုင်သရွေ့ မည်သို့ဝင်သွားနိုင်သည်ကို မည်သူ ဂရုစိုက်မည်နည်း။
ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့သည် ငိုကြွေးမနေတော့ဘဲ အထဲမှ အခြေအနေကို မျက်ရည်များဖြင့် ကြည့်နေသည်။ ဝူလင်းယူသည်လည်း စိတ်ငြိမ်သွားသည်။ သို့သော် သူအနီးကပ်ကြည့်သောအခါ အသက်ပင်မရှူနိုင် တော့ဘဲ အထဲကိုတည့်တည့်ကြီးစိုက်ကြည့်နေလေသည်။
ရှီမာယူယူသည် သတိလွတ်သွားကာ နောက်ဆုံးကျန်သည့် အသိစိတ် သည် သူမ၏ ခန္ဓာကိုယ်မှ အသက်သွေးကြောများ စိမ့်ထွက်နေသည့်ကို ခံစားမိ နေသည်။ ထိုအရာများကုန်သွားသည်နှင့် အသက်သွေးကြောကိုဆုံးရှုံးလိုက်ရ ကာ သူမ၏အသက်သေဆုံးသွားတော့မည်ဖြစ်သည်။
သူမ၏ဘဝကိုပြန်ကြည့်ရလျှင် နောင်တကျန်စရာမရှိပေ။ သို့သော် စိတ်ထဲတွင် တွန့်ဆုတ်မှုတစ်ခုသာရှိသည်။ သူမသည် ကလေးနှစ်ယောက်၊ ဝူလင်းယူနှင့် ဆွေမျိုးများ၊ သူငယ်ချင်းများကို ထားသွားရမည်ကို တွန့်ဆုတ်နေ မိသည်။
သူတို့ကို ပြန်မတွေ့ရတော့မည်ကိုတော့ နှမြောဖွယ်ကောင်းလှသည်။
“ယူယူ ငါ့မျက်စိရှေ့မှာ မင်းကို ထပ်အသေမခံနိုင်ဘူး” သူမ၏နားထဲတွင် အသံတစ်သံထွက်ပေါ်လာကာ မည်သူမည်ဝါဖြစ်သည်ကို သူမ မမှတ်မိနိုင်ပေ။
သို့သော် သူမ၏နောက်ဆုံးအသက်သွေးကြော ထွက်သွားချိန်တွင် နှောင့်ယှက်ခံလိုက်ရသည်ကို သိလိုက်ရသည်။ သူမ၏ခန္ဓာကိုယ်ထဲသို့ အင်အား တစ်ခုဝင်လာပြီး သူမ၏ခမ်းခြောက်နေသော ခန္ဓာကိုယ်တွင် အသက် သွေးကြော အနည်းငယ် ပြန်ရလာသည်ကို မှတ်မိသည်။
အသိစိတ်ပြန်ဝင်လာချိန်တွင် မျက်စိရှေ့မှာလူကို ရှင်းလင်းစွာမြင်လိုက်ရ သည်။ သူမသည် ထိုမျက်လုံးများကို မြင်လိုက်ရချိန်တွင် သဲ့သဲ့ပြုံးကာ တိုးညင်း စွာပြောလိုက်သည် “ဟော်”
သူက ဟော်ပဲ.. ရွှမ်ချုံးဟော်မဟုတ်ဘူး။ အခုက သူကိုယ်တိုင်၊ သူမရဲ့ သူငယ်ချင်းပဲ။ ဧကရာဇ်ချင်းဒေါင်ချန်ထားခဲ့တဲ့ မကောင်းဆိုးဝါးမဟုတ်ဘူး။
ရွှမ်ချုံးဟော်၏ ဝိညာဉ်မှာ ဝါးမျိုခံလိုက်ရပြီဟု ထင်ထားကာ သူ့ကို နောက်တစ်ကြိမ် ပြန်တွေ့လိုက်ရမည်ဟု ထင်မထားပေ။
ရွှမ်ချုံးဟော်၏အပြုံးမှာ အရင်လိုနွေးထွေးတုန်းပင်။ ရှီမာယူယူ သူ့ကို တစ်ချက်တည်းနှင့် မှတ်မိသည်ကို သူ ဝမ်းသာနေသည်။ သူမသည် သူနှင့် ထို မကောင်းဆိုးဝါးနှင့် တစ်ယောက်တည်းဖြစ်သည်ဟု မည်သည့်အခါကမှ မတွေး ခဲ့ပေ။
“ယူယူ ပြန်သွားလိုက်တော့ ဒီနေရာကို ငါ့ကိုထားသွားလိုက်တော့ ကမ္ဘာ ကြီးရဲ့တာဝန်ကို ငါ့ကိုပေးလိုက်တော့” ပြီးနောက်တွင် သူသည် သူမ၏ပါးပြင် ကိုဆွဲဖျစ်လိုက်သည်။ ပြီးနောက် သူမအား အင်အားတစ်ခုဖြင့် လွှမ်းခြုံလိုက် ကာ အပြင်သို့ဆွဲပစ်လိုက်သည်။ သူမ သူ့ဆီမှ ဝေးဝေးသွားသည်ကို တွန့်ဆုတ် စွာဖြင့် ကြည့်နေမိသည်။
“ဟော် ဖူး…”
အပြန်အလှန်စွမ်းအားရှိသော်ငြား ရှီမာယူယူသည် ကောင်းကင်တာအို၏ အတားအဆီးကိုဖြတ်သွားချိန်တွင် ဒဏ်ရာရသွားခဲ့သည်။
ဝင်ခွင့်တော့ပေးတယ် ထွက်သွားခွင့်မပေးဘူး။ ဘယ်လောက်တောင် လွှမ်းမိုးတတ်တဲ့ကောင်းကင်လဲ။
သို့သော် သူမ ထွက်လာသည်နှင့် ဟေးဒီးစ်သည် သူမကိုဆီးပြီး ကာကွယ် ပေးလေသည်။ ပြင်းထန်သောဖိအားမရှိသောအခါ ဝူလင်းယူသည် ချက်ချင်းပင် ချိုးဖျက်ကာ ရှီမာယူယူဆီသို့သွားကာ ပွေ့ဖက်ပြီး သူမ၏ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအား ထည့်ပေးလိုက်သည်။
“အမေ” ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့လည်း လွတ်လာကာ ရှီမာယူယူဘေးသို့ ပျံလာကြသည်။
“သူမရဲ့ အသက်အင်အားက ပင်ပန်းနေပြီ.. ရွှမ်ချုံးဟော်သာ သူမထဲသို့ အသက်အင်အားနည်းနည်းထည့်မပေးဘူးဆိုရင်တော့.. ဟူး သူမကို ဒါအရင် တိုက်လိုက်” ဟေးဒီးစ်သည် သူတို့ကိုကျောက်စိမ်းပုလင်းတစ်လုံးပစ်ပေးလိုက် ပြီးနောက် သူမကိုတစ်ချက်ကြည့်ပြီးသည်နှင့် ရွှမ်ချုံးဟော်ကိုသာ အာရုံစိုက် ကြည့်ထားလေသည်။
ရှီမာယူယူထွက်သွားသည်နှင့် ကောင်းကင်တာအို၏ အာရုံသည် ရွှမ်ချုံး ဟော်ဆီသို့ ကျသွားလေသည်။ သူ့ကိုယ်သူပင်ဖြစ်စေ ခန္ဓာကိုယ်အားထိန်းချုပ် သည့်အရာဖြစ်စေ ထိုအခိုက်အတန့်တွင် မခုခံနိုင်တော့ဘဲ ကျိုးနွံစွာတောင့်ခံရ တော့သည်။
သို့သော် ထိုအချိန်တွင် ရွှမ်ချုံးဟော်သည် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နေရ သည်ကို အားလုံးမြင်ကြသည်။ သူသည် ခန္ဓာကိုယ်ထဲမှ စွမ်းအားများအားလုံး ကို ထုတ်လွှတ်ရန်အစပျိုးလေသည်။ ရှီမာယူယူ တည်ဆောက်ထားသော လမ်း ကြောင်းသည် ချက်ချင်းပင် ကျယ်သွားလေသည်။
တစ်ချက် တစ်ချက်တွင် လမ်းကြောင်းက ကစဥ့်ကလျားကမ္ဘာ၏ လေဟာနယ် အတားအဆီးကို ဖွင့်လိုက်ချိန်တွင် ထွက်လာသည့် ရှေးဟောင်း ရောင်ဝါကို အားလုံးခံစားမိကြသည်။
သို့သော် လမ်းကြောင်းမှာ မတည်ငြိမ်ကာ အနည်းငယ်ယမ်းနေပြီး အချိန် မရွေးပြိုကျသွားနိုင်သည်။
“ငါ့အင်အား ငါ့ခန္ဓာကိုယ်နဲ့ အခြေကိုခိုင်မာစေတယ်” ရွှမ်ချုံးဟော်၏ စိတ်ပိုင်းဖြတ်ထားသော အသံထွက်ပေါ်လာသည်။ ထိုအရာသည် ကောင်းကင် တာအိုနှင့် စာချုပ်ဖြစ်နေ၍လားမသိပေ။ သူခြေလက်များမှစပြီး ခန္ဓာကိုယ် သည် စတင်ပျောက်ကွယ်သွားလေသည်။ သူ၏ဝိညာဉ်စွမ်းအားနှင့် ခန္ဓာကိုယ် သည် ကြယ်ပွင့်များအဖြစ်ပြောင်းသွားပြီး လမ်းကြောင်းနှင့်ပေါင်းစပ်ကာ တဖြည်းဖြည်း ပျော်ဝင်သွားသည်။
“ဟော..” ရှီမာယူယူသည် ထွက်လာကတည်းကပင် မူးဝေးမှုကို ထိန်းထားခဲ့ရသည်။ ရွှမ်ချုံးဟော် ပျောက်ကွယ်သွားသည်ကိုကြည့်ပြီး သူမ မသိ စိတ်မှအော်မိသည်။
သူမ၏အသံမှာ အလွန်တိုးညင်းနေသည်။ သို့သော် ရွှမ်ချုံးဟော်သည် ကြားသည့်ပုံပေါ်သည်။ သူ ဘာမှမပြောဘဲ တိမ်ပင်လယ်မြို့၏ ဆေးဥယျာဉ် ထဲတွင် တွေ့စဉ်က ပြုံးပြသကဲ့သို့ သူမကိုပြုံးပြလေသည်။
ရှီမာယူယူလည်း သူ့ကိုပြုးပြလိုက်သည်။ သူ့ခန္ဓာကိုယ် နည်းနည်းစီ ပျောက်ကွယ်သွားသည်ကိုကြည့်ပြီး သူမ၏မျက်နှာမျက်ရည်များသည် အဆက် မပြတ်စီးကျလာသည်။ နောက်ဆုံး ရွှမ်ချုံးဟော်လုံးဝနီးပါး ပျောက်ကွယ်တော့ မည့်အချိန်တွင် သူမ တောင့်မခံနိုင်တော့ဘဲ မျက်လုံးများ အမှောင်ကျသွားကာ နောက်သို့လှန်ကျသွားလေသည်။
“ယူယူ”
“အမေ”
“ယူယူ”
……
သူမ အိပ်မောကျသွားပြန်သည်ကို ရှီမာယူယူသိသည်။ သည်တစ်ခါက် တွင် ခန္ဓာကိုယ်မှာ အပြင်းအထန်ဒဏ်ရာရထားသဖြင့် သူမ နိုးလာချိန်တွင် ဆယ်စုနှစ်များစွာ ကုန်ဆုံးသွားပြီဖြစ်သည်။
သူမသည် အိပ်ရာပေါ်တွင်လှဲပြီး သတိမမေ့ခင်က မြင်ကွင်းကိုပြန်တွေး ကာ ရွှမ်ချုံးဟော်အားတွေးမိပြီး တချို့ကိစ္စများကို တွေ့သွားသည်။
သူမ အာရုံခံကြည့်ရာ လေထဲတွင် ကစဥ့်ကလျားချီအငွေ့အသက်များရှိ နေသည်ကို ခံစားမိလိုက်သည်။ နည်းနေသေးသော်လည်း အချိန်ကြာလာလျှင် အဆင့်တက်သည့် ကန့်သတ်ချက်များကို ပြောင်းလဲပစ်လိုက်နိုင်သည်။
ဟော်.. ဒါ အကုန်လုံး ရှင့်ကြောင့်ပဲ ရှင်အကုန်လုံးလုပ်ခဲ့တာ…
သူမ၏မျက်လုံးထောင့်မှ မျက်ရည်တစ်စက်ကျလာကာ နားရွက်ကိုဖြတ် ပြီး ဆံပင်ထဲတွင် ပျောက်ကွယ်သွားလေသည်။
သူမ အချိန်အတော်ကြာအောင် စိတ်ကူးယဉ်ပြီးနောက် အိပ်ရာမှထကာ အခန်းကို ခေတ္တမျှ ကြည့်ရာ မရင်းနှီးသောနေရာဖြစ်နေသည်ကို တွေ့လိုက်ရ သည်။ နောက်တစ်ကြိမ် သူမ၏ မျက်နှာထားမှာ ပြောင်းလဲသွားတော့သည်။ နိုးထလာရသည့်အတွက် ပျော်ရွှင်ခြင်းမရှိဘဲ မတော်တဆလည်းရှိသလို သူမ၏ မျက်လုံးထဲတွင် နာကျင်မှုသာရှိနေသည်။
သူမ၏အင်အားမရှိသည်ကို ဂရုမစိုက်ပေ။ သိုသော် သူမ၏ သားရဲများကို အာရုံခံမရတော့ပေ။ ဝိညာဉ်လေးပင် မတုံ့ပြန်ပေ။
တောင်းပန်ပါတယ်
“ကျွီ”
တံခါးကို တွန်းဖွင့်လာရာ ဝူလင်းယူဖြစ်လိမ့်မည်ဟု ရှီမာယူယူ ထင်လိုက် သည်။ သို့သော် သူစိမ်းယောက်ျားတစ်ယောက် လျှောက်ဝင်လာသည်။
“နိုးလာပြီလား” ထိုလူ၏အသံသည် ရင်းနှီးသလိုရှိပြီး အေးစက်လှသည်။
ရှီမာယူယူ အနည်းငယ်အံ့ဩသွားသည်။ ဝူလင်းယူနဲ့တခြားသူတွေက ဘယ်လိုလုပ် သူမကို လူစိမ်းလက်ထဲထည့်နိုင်ရတာလဲ။ ဟေးဒီးစ်တောင် သူမ ကိုမကယ်နိုင်ဘူးဆိုရင် ဘယ်သူက သူမကိုကယ်လိုက်တာလဲ။
“ဒီသခင်လေးက မသိဘူး…” ထိုလူသည် ရုတ်တရက် သူမကို ပြုံးပြလာ သဖြင့် ရှီမာယူယူ ဆက်မပြောနိုင်ပေ။ ပြီးနောက်.. သူမဆီသို့ ပြေးလာပြီး ပွေ့ ဖက်ကာ ရယ်မောပြီးပြောလေသည် “ဟားဟား ယူယူ ငါ့ကိုမှတ်မိမှာမဟုတ် ဘူးလို့ ငါပြောသားပဲ မင်းတို့အားလုံးရှုံးပြီ”
တံခါးလုံးဝပွင့်သွားကာ ရှီမာယူယူသည် အပြင်တွင်ရပ်နေသောလူများကို မြင်သောအခါ မျက်လုံးများနီရဲလာပြန်သည် “မင်းတို့ မင်းတို့…”
“ယူယူ ရှောင်ချီတို့က မင်းကိုအဖော်ပြုပေးမယ်လို့ ပြောသားပဲ” ရှောင်ချီ ၏ အပြုံးသည် တောက်ပဆဲဖြစ်ကာ အသက်ရောင်ဝါအပြည့်ပင်။
“ဟုတ်တယ် အချိန်အများကြီးကြာပြီးမှ ငါတို့အားလုံး နိုးလာကြတာ ယူယူ မင်းကနောက်ဆုံးပဲ” ငှက်လေးသည် ပြုံးပြီးပြောလေသည်။
“မင်းတို့အားလုံး အဆင်ပြေတယ်ပေါ့ ကောင်းလိုက်တာ” ရှီမာယူယူ၏ မျက်ရည်များကျလာပြီး သူမဘေးမှ အမျိုးသား၏လက်မောင်းပေါ်သို့ကျသွား ရာ ထိုလူသည် သူမကိုပွေ့ဖက်ထားဆဲဖြစ်သည်ကို သတိထားမိလိုက်သည် “မင်းက ဟိန်းသံလေးလား နောက်ဆုံးတော့ အသွင်ပြောင်းနိုင်သွားပြီပေါ့”
“ယူယူ နောက်ဆုံးတော့ ငါ့ကိုမှတ်မိပြီပေါ့ အခုငါက အရမ်းကိုလှတဲ့ ယောက်ျားသားဖြစ်နေပြီ” ဟိန်းသံလေးသည် ပြုံးလိုက်သော်လည်း သူ့မျက်လုံး ထဲတွင် မျက်ရည်များရှိနေတုန်းပင်။
“မင်းတို့အားလုံး အဆင်ပြေကြတာပဲ ဘာလို့ မင်းတို့တွေရဲ့ရောင်ဝါကို မခံစားမိတာလဲ.. မင်းတို့နဲ့ ဆက်သွယ်ချက်ကို ဘာလို့မခံစားမိတာလဲ ငါ ထင် လိုက်တာက ထင်လိုက်တာက…”
“ငါတို့လုပ်လိုက်တဲ့ အပြုအမူကြောင့် ကောင်းကင်က ဒဏ်ပေးတဲ့ပုံပဲ.. မင်း တွန်းထုတ်ခံလိုက်ရတော့ ငါတို့ကြားက စာချုပ်တွေပျက်သွားတယ်.. အဲဒါ ကြောင့် အခုငါတို့မှာ စာချုပ်မရှိဘူး အဲဒါကြောင့် အာရုံခံလို့မရတာပဲ” အိပ်မက် လေး ရှင်းပြလေသည်။
“ယူယူ နောက်ဆုံးတော့ နိုးလာပြီ ဒါပေမဲ့ မင်းမှာ စာချုပ်လည်းမရှိသလို ဝိညာဉ်စွမ်းအင်လည်းမရှိတော့ဘူး အကုန်လုံးပြန်စရတော့မယ်” ပန်းလေး ပြောလေသည်။
ရှီမာယူယူ ဝမ်းမနည်းပေ။ သူမသည် ဟိန်းသံလေး၏ ခေါင်းကိုပုတ်ပြီး အားလုံးအား ပြုံးပြလိုက်သည် “ကိစ္စမရှိပါဘူး အကုန်လုံးအသက်ရှင်နေရင် ဘာမှမရှိတာထက်စာရင် ကောင်းပါတယ်”
ထိုအချိန်တွင် ခြံဝင်းထဲတွင် ခြေသံများထွက်လာရာ သားရဲများအားလုံး သည်လမ်းဖယ်ပေးလိုက်သည်။ ဟိန်းသံလေးသည် နောက်ကျအရိုက်မခံရစေ ရန် အမြန်ပင်ရှောင်ရှားလိုက်သည်။
ယခုအချိန်တွင် ရှီမာယူယူသည် မစွမ်းသာသဖြင့် တံခါးရှေ့ရောက်မှပင် ရောက်လာသူကို သိတော့သည်။
ဝူလင်းယူ လက်ဝှေ့ယမ်းလိုက်သည်နှင့် အခန်းထဲမှလူများအားလုံး ချက်ချင်းထွက်သွားကြပြီး တံခါးပိတ်သွားကြသည်။ တံခါးမပိတ်ခင်တွင် ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့ ဝင်လာချင်နေသည်ကိုမြင်လိုက်ရသည်။
ဝူလင်းယူ တံခါးရှေ့တွင်ရပ်နေသည်ကိုကြည့်ပြီး သူမလက်များကို ဖြန့်ကားပေးလိုက်သည်။ ဝူလင်းယူသည် ရွှေ့ပြောင်းလာကာ သူမအား တင်းကြပ်စွာ ပွေ့ဖက်ထားပြီး နှစ်ပေါင်းများစွာရှိခဲ့သည့် လွမ်းဆွတ်သော နှလုံး သားကိုဖြည့်တင်းလိုက်ပြီး နားရွက်နားမှ သူမ၏လေသံကို နားထောင်လိုက် သည်။
“လင်းယူ ကျွန်မပြန်လာပြီ…”