← Chapters

အရန်ဇာတ်လမ်း ၁ ညီမလေး

Vol. 165 Ch. 2305

အရန်ဇာတ်လမ်း ၁ ညီမလေး

Vol. 165 Ch. 2305

ရှောင်းသောင့်နှင့် ဝူချီယောင်တို့ ရှီမာယူယူနှင့် တွေ့ရသည့်အချိန်တွင် အချိန်အတော်လင့်နေပြီဖြစ်သည်။

“အဖေက တကယ်စိတ်တိုဖို့ကောင်းတာပဲ ဟင်း ငါတို့ကို အပြင်မှာ အကြာကြီးစောင့်ခိုင်းထားတယ်” ဝူရှောင်းသောင့်သည် နှုတ်ခမ်းဆူပြီး ချွဲနွဲ့စွာ ဖြင့် စောဒကတက်လေသည်။

ရှီမာယူယူသည် နိုးလာသော်လည်း အားနည်းနေတုန်းပင်ဖြစ်သည်။ ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့သည် ခြံဝင်းထဲတွင် သူမနှင့်အတူ အဖော်ပြု ကာ နေပူဆာလှုံနေသည်။

ဝူရှောင်းသောင့်သည် ရှီမာယူယူအား တောင့်တစွာပွေ့ဖက်ထားည်။ ပြီးခဲ့ သည့်တစ်ခေါက် သူမ သေခါနီးဖြစ်ခဲ့စဉ်က ဆယ်စုနှစ်များစွာ သတိမေ့နေခဲ့ သည်။ ထိုအရာသည် သူမအတွက် တကယ်ကြောက်လန့်စရာဖြစ်နေခဲ့သည်။

ရှီမာယူယူသည် သူမ၏ခန္ဓာကိုယ်ထဲမှ အကြောက်တရားကိုခံစားမိပြီး သူမ၏ကျောပြင်အား အသာပုတ်ကာ ပြောလေသည် “အမေက အခုကောင်း နေပြီမဟုတ်ဘူးလား မဟုတ်ဘူး.. အမေက အခုဝိညာဉ်စွမ်းအားမရှိတဲ့လူဖြစ် နေပြီ.. အခုကစပြီး နောက်ဆိုရင် အမေ့ကိုကာကွယ်ပေးဖို့ သမီးတို့ကိုမှီခိုရ တော့မယ်”

“စိတ်မပူနဲ့အမေ သမီးက အမေနဲ့ညီမလေးတို့ နှစ်ယောက်လုံးကို ကာကွယ်ပေးမှာ” ဝူရှောင်းသောင့် သူမကိုနှစ်သိမ့်ပေးလေသည်။

“ညီမလေးဟုတ်လား” ရှီမာယူယူသည် အံ့အားသင့်သွားကာ သူမ၏ စွမ်းအားများအားလုံးကို ဒေါသဖြစ်ရန်ထုတ်သုံးလိုက်သည် “မင်းတို့အဖေက ဒုတိယမိန်းမယူထားတာလား”

“ဘာဒုတိယအမေလဲ” ဝူချီယောင်သည် အမေဖြစ်သူ၏စကားများကို ရယ်မောကာ ပြောလိုက်သည် “ကျွန်တော်တို့ ညီမလေးလေ သူမက ကျွန်တော် တို့နဲ့မိဘအတူတူပဲ”

“ရှောင်းယောင်ယောင် အမေ့ကိုလာအရူးလုပ်နေတာလား” ရှီမာယူယူ ပြောလိုက်သည် “အမေက ဒီနှစ်တွေမှာ သတိမေ့နေတာလေ ဘယ်လိုလုပ် ကလေးမွေးနိုင်မှာလဲ”

“အမေ အမေ အကုန်လုံးကိုသွားကယ်တဲ့အချိန်မှာ ကိုယ်ဝန်က ၃ လရှိ နေပြီ.. အဲတုန်းက ဧကရာဇ်ချင်းဒေါင်ရဲ့စွမ်းအားကို စုပ်ယူနေပြီး ရွှမ်ချုံးဟော် ကို လိုက်ရှာနေလို့ သတိမထားမိတာ” ဝူချီယောင်သည် မျက်တောင်ခတ်ပြီး စိတ်ရှည်ရှည်နှင့်ရှင်းပြလေသည်။

“ဒါပေမဲ့ အဲတုန်းက ငါ သေလုနီးပါးဖြစ်သွားတာမလား.. ကိုယ်ဝန်ရှိရင် တောင် အဆင်ပြေပါ့မလား” ရှီမာယူယူ အံ့ဩနေသည်။

ထိုအကြောင်းပြောမိရာတွင် ဝူချီယောင်နှင့် ဝူရှောင်းသောင့်တို့၏ မျက်နှာ တွင် စိုးရိမ်မှုများဖြတ်ပြေးသွားကာ ဝူချီယောင်သည် နူးညံ့စွာဖြင့် ပြောလေ သည် “အဲတုန်းက တကယ်ပဲ မတော်တဆဖြစ်ခဲ့ပါတယ် ဒါပေမဲ့ အမေ့ခန္ဓာ ကိုယ်က အပြင်းအထန်ထိခိုက်ခဲ့ပေမဲ့ ကိုယ်ဝန်ပျက်ကျနိုင်ချေမရှိဘူးလို့ ဦးလေးဟေးဒီးစ်ကပြောတယ် အဲဒါကြောင့် သူက အတတ်နိုင်ဆုံးညီမလေးကို ကယ်ခဲ့တယ်… နောက်လပိုင်းလောက်နေရော အမေက ညီမလေးကို လမစေ့ ဘဲမွေးခဲ့တယ်”

ရှီမာယူယူသည် မသိလိုက်စဉ်မှာပင် ကလေးမွေးလိုက်သည့်အဖြစ်ကို ထိတ်လန့်နေမိသည်။

“ကလေးကရော အဆင်ပြေရဲ့လား”

ဒီလိုကိစ္စတွေဖြစ်ပြီးတော့ ကလေးကအဆင်ပြေပါ့မလား။

“မပြေဘူး ညီမလေးက မွေးပြီးတော့ အသက်ရှင်နိုင်ချေနည်းတယ် ပြီးတာနဲ့ ဦးလေးဟေးဒီးစ်က မရဏာလောကကိုခေါ်သွားတာပဲ၊ သမီးတို့လည်း သူမကို သွားကြည့်သေးတယ်.. သူမက မွေးကတည်းကပုံစံအတိုင်းပဲ ဒီလောက် နှစ်တွေအများကြီးမှာ ကြီးမလာသေးဘူး.. ဦးလေးဟေးဒီးစ်ပြောတာတော့ ဒီလို သာရှေ့ဆက်သွားရင် အသက်ရှင်နိုင်ပါ့မလားမသိဘူးတဲ့” ဝူရှောင်းသောင့်၏ အသံမှာ တိုးညင်းသွားကာ ညီမဖြစ်သူကို အလွန်စိတ်ပူနေသည်။

“သူမက မရဏာလောကမှာလား သူမကိုသွားတွေ့မယ်” ရှီမာယူယူသည် ပြောပြီးနောက် ထရပ်ရန်ကြိုးစားလေသည်။

“အမေ စိတ်မပူပါနဲ့ အဖေက ညီမလေးကိုပြန်ခေါ်လာခဲ့ပြီ” ဝူချီယောင် သည် သူမကိုနှစ်သိမ့်ပေးလေသည်။

“အဖေပြောတာတော့ ညီမလေး အသက်ရှင်သည်ဖြစ်စေ မရှင်သည်ဖြစ် စေ အမေ့ကိုကြည့်ခိုင်းမယ်တဲ့” ဝူရှောင်းသောင့် ပြောလိုက်သည်။

ရှီမာယူယူ တွေးမိလိုက်သည်။ အဲဒါကြောင့် ဝူလင်းယူက သူမနိုးလာပြီး ခဏပျောက်သွားတာကိုး။ ကလေးကိုသွားပြန်ခေါ်နေတာပဲ။

“ဒါနဲ့ ဒီနေရာက ဘယ်နေရာလဲ ငါ နိုးပြီဆိုတာ အဘိုးတို့ရောသိကြလား” သူမ မေးလိုက်သည်။

“သတင်းပို့ဖို့ လူလွှတ်လိုက်ပါပြီ” ဝူချီယောင် ပြောလေသည် “ဒါက အောက်ဘက်က တိုက်ငယ်လေးတစ်ခုပါ.. ဒီတိုက်က လေထုက အမေ ပြန် နလန်ထူဖို့အတွက် ကောင်းတယ်လို့ ဦးလေးဟေးဒီးစ်ပြောလို့ အမေ့ အခြေအနေ ငြိမ်သွားတာနဲ့ ဒီကိုလာခဲ့ကြတာပဲ”

“အိုး” သူမ၏သားရဲများဝင်လာသည်ကိုမြင်သောအခါ သူမ အနည်းငယ် ပျော်ရွှင်မိသည်။ ဟိန်းသံလေးနှင့် အိပ်မက်လေးတို့ အတူလျှောက်လာသည်ကို သူမ မြင်သောအခါ ပြောလိုက်သည် “ဟိန်းသံလေးက နာမှာကိုကြောက်တာ မလား.. ဘယ်လိုလုပ်အသွင်ပြောင်းနိုင်တာလဲ ဘယ်တုန်းက အသွင်ပြောင်း လိုက်တာလဲ”

“ငါနိုးလာပြီးတော့ပဲ.. အချိန်ကိုက်ဖြစ်သွားတော့ ငါ အသွင်ပြောင်းသွား တာပဲ” ဟိန်းသံလေးသည် ချေငံသောအကြည့်ဖြင့် ထပ်ပြောလေသည် “ကြက်သွေးရောင်မီးတောက်က နတ်ဘုံမှာ မင်းနိုးလာပြီဆိုတဲ့သတင်းကောင်း ကို သူ့ကို ပြောပြီးပြီ”

ထင်ရှားစွာပင် သူသည် ထိုနေ့က အဖြစ်အပျက်အကြောင်းကို အသေး စိတ် ပြောရန်အစီအစဉ်မရှိပေ။

“ယူယူ အခု မင်းကျန်းမာရေးကောင်းလာပြီ ငါတို့နဲ့ဘယ်တော့ စာချပ် ပြန်တည်ထောင်မှာလဲ” ဟိန်းသံထောင်ချီ မေးလေသည်။

ရှီမာယူယူသည် ခေါင်းခါပြီး ပြောလိုက်သည် “ငါ မင်းတို့နဲ့ စာချုပ်ထပ် မတည်ထောင်တော့ဘူး”

သူမ ထိုသို့ပြောလိုက်ချိန်တွင် သားရဲများသည် ပူပန်သွားကြသည် “ဘာလို့လဲ ယူယူ ငါတို့ကိုမလိုချင်တော့ဘူးလား”

ရှောင်ချီသည် သူမဘေးတွင် ဆောင့်ကြောင့်ထိုင်စာ စိုးရိမ်တကြီးငိုကြွေး လေသည်။

“အအ,မလေး  ငါ မင်းကိုမလိုချင်လို့မဟုတ်ဘူး ဒီအတိုင်း စာချုပ်ကို မလိုချင်တာပဲ” ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ ရှောင်ချီ၏ ခေါင်းကိုထိ ကိုင်လိုက်သည် “စာချုပ်မရှိရင်တောင် ငါတို့တွေအတူနေလို့ရတယ် မင်းတို့ လည်းလုပ်ချင်တာလုပ်လို့ရတယ်”

“ဘာလို့လဲ” ကြက်သွေးရောင်မီးတောက်၏ အသံလေထဲတွင် ထွက်ပေါ် လာသည်။ မကြာမီတွင် သူတင်မကဘဲ ကျားဖြူနှင့် အပေါင်းအပါများလည်း ထွက်လာသည်။

သူမကိုမြင်သောအခါ မို့ယီရှန်းသည် အရင်ပြေးလာပြီးပြောလေသည် “ဆရာ နောက်ဆုံးတော့ နိုးလာပြီပဲ တပည့်တော့ စိုးရိမ်လို့သေတော့မယ်”

“မင်းနေရာကို ဘာလို့မပြန်တာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဆရာမှမနိုးသေးတာ တပည့်က ဘယ်လိုလုပ်သွားရဲမှာလဲ” မို့ယီရှန်း သည် သူမအား ပါးမို့များတက်အောင် ပြုံးပြလေသည်။

“ဘာလို့လဲဆိုတာ မင်း မပြောရသေးဘူးနော်” ကြက်သွေးရောင် မီးတောက် ရောက်လာပြီးပြောလေသည်။

“ဒီတစ်ခေါက် ငါ့ဘာသာပဲ ကျင့်ကြံမယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ငါ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ကုန်သွားတုန်းက အတိတ်ကိုပြန်တွေးမိတယ် ပြီးတော့ ငါ့စွမ်းအားက ငါ့အပိုင်မဟုတ်တာလည်း ဖြစ်နိုင်တယ်.. စာချုပ်ရှိတယ် ချင်းဒေါင်ချန်ထားခဲ့တာတွေနဲ့ ငါ့ဘိုးဘေးကြီးတွေ ပေးတာကနေရလာတာတွေ ပဲ.. ငါက ဧကရာဇ်အဆင့်ထိတက်လာခဲ့ပေမဲ့ ငါ့ဘာသာ မကျင့်ကြံခဲ့ရဘူး.. ဒီတစ်ခေါက်တော့ ငါ့ဘာသာပဲ ကျင့်ကြံချင်တယ်”

အားလုံးသည် သူမ၏ဆိုလိုရင်းကို နားလည်သွားသလိုပင်။

“ပြီးတော့ ခုနက ငါပြောခဲ့သလိုပဲ စာချုပ်မရှိရင်တောင် ငါတို့က မိသားစု တွေမဟုတ်ကြဘူးလား” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည် “ငါတို့ရဲ့ ဆက်သွယ်မှုက စာချုပ်ကိုမှီခိုဖို့မလိုတော့ဘူး”

သူမ ပြောသည်မှာမှန်သည်။ စာချုပ်မရှိလျှင်တောင် သူတို့သည် မိသားစု ဖြစ်နေဆဲပင်။ ပြီးနောက် သူတို့အားလုံးသည် သူမနှင့်ရင်းနှီးနေပြီဖြစ်ရာ သူမ ဘာကြောင့် ထိုသို့ပြောသည်ကိုသိသဖြင့် စိတ်အေးသွားကြလေသည်။

သူမသည် အားနည်းနေဆဲဖြစ်ရာ အားလုံးနှင့် အတန်ကြာစကားပြောပြီး နောက် အိပ်ချင်လာသည်။ ထို့ကြောင့် မတတ်သာဘဲ အကြိမ်ပေါင်းများစွာ သမ်းဝေရတော့သည်။

“အမေ အပြင်ထွက်လာတာကြာနေပြီ ပြန်နားမလား” ဝူရှောင်းသောင့် သည် ရှီမာယူယူ ခေါင်းညိတ်လိုက်သည်ကိုမြင်သောအခါ သူမကို အခန်းထဲမှ အိပ်ရာဆီသို့ခေါ်သွားလေသည်။

ရှီမာယူယူ အိပ်ရာပေါ်သို့ရောက်ပြီး ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွား လေသည်။

ရှီမာယူယူသည် ထိုနေ့အကြောင်းကို အိပ်မက်ထပ်မက်ပြန်သည်။ သူမ မည်သို့သေဆုံးခဲ့ပုံ.. ပြီးနောက် ထိုမျက်လုံးနှင့် ထိုအပြုံးများ…

ရွှမ်ချုံးဟော် သူမရှေ့တွင် ပျောက်ကွယ်သွားသည်ကိုကြည့်ပြီး သူမ မခေါ်ဘဲမနေနိုင်တော့ပေ “ဟော်…”

သူမ၏လက်ကိုဆုပ်ကိုင်ထားခံရသည်ကို ခံစားမိပြီး နိုးလာသောအခါ မျက်လုံးတွင် မျက်ရည်များရှိနေသည်။ သူမ၏လက်ကို ကြီးမားသောလက်မှ ဆုပ်ကိုင်ပေးထားပြီး သူမ ကြည့်လိုက်သောအခါ ဝူလင်းယူ၏ စိုးရိမ်နေသော မျက်နှာကိုမြင်လိုက်ရလေသည်။

ပြီးနောက် သူ့ရင်ခွင်ထဲတွင် အနှီးဖြင့်ထုပ်ထားသည့် ကလေးငယ်ကို ပွေ့ဖက်ထားသည်။

ရှီမာယူယူသည် အနှီးဝတ်ကိုမြင်သောအခါ အစောက ရှုပ်ထွေးမှုများနှင့် ခေါင်းကိုက်စရာများသည် တဒင်္ဂအတွင်းမေ့သွားစေသည်။ သူမ ထပြီး အနှီးထဲ မှ နှစ်လသုံးလအရွယ်သာရှိသေးသည့် ကလေးကိုကြည့်ပြီး မျက်ရည်များ ရုတ်တရက်ကျလာသည် “ဒါ ကျွန်မတို့ကလေးလား”

“ဟုတ်တယ်” ဝူလင်းယူသည် သူမရင်ခွင်ထဲသို့ ကလေးထည့်ပေးပြီး ပြောလိုက်သည် “ဟေးဒီးစ်က သူမကိုလျှို့ဝှက်နည်းနဲ့ ကာကွယ်ပေးထားလို့ မသေတာ.. ဒါပေမဲ့ ကြီးမလာတော့ဘူး.. သူမရဲ့ခန္ဓာကိုယ်ထဲမှာ ကောင်းကင် စွမ်းအားရှိနေတယ်”

ရှီမာယူယူသည် သူမ၏ကလေးကို ပွေ့ဖက်ပြီး ကလေးမှာအသက်မရှူ တော့သည်ကို သိသည်နှင့် ပို၍စိတ်မကောင်းဖြစ်မိသည်။

“သူမ အသက်မရှူဘူး သူမ…”

“ဟုတတယ် သူမ အသက်ပြန်ရှူနိုင်ရင် ပုံမှန်အတိုင်းပြန်ဖြစ်နိုင်တယ်လို့ ဟေးဒီးစ်ပြောတယ် ဒါပေမဲ့…”

သို့သော် နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့မရေတွက်နိုင်သော နည်းလမ်းများဖြင့် ကြိုးစားခဲ့သည်။ သို့သော် သူမသည် ဤအတိုင်းဖြစ်နေတုန်း ပင်။ ဝူလင်းယူသည် ထိုအကြောင်းတွေးမိသောအခါ စိတ်ဓာတ်ကျမိသည်။

All Chapters