အရန်ဇာတ်လမ်း ၂ ဟော်ရှီ၊ ဟော်ရှီ
Vol. 165 Ch. 2306
သူမ၏သမီးဖြစ်သူ ဤကဲ့သို့ခံစားခဲ့ရသည်ကို တွေးမိလိုက်သည်နှင့် ရှီမာယူယူသည် အလွန်ပင် စိတ်မကောင်းဖြစ်မိသည်။ သူမသည် ကလေး၏ ခန္ဓာကိုယ်ကိုကိုင်ကြည့်ရာ ကလေးသည် အေးစက်နေကာ အသက်ရှင်နေသည့် လူတစ်ယောက်၏ အပူချိန်မျိုးမဟုတ်ပေ။
“သူမက ဘာလို့ဒီလောက် အေးစက်နေတာလဲ” ကလေးသည် အသက် မရှူတော့သဖြင့် အေးစက်နေသည်ကို ရှီမာယူယူသိသည်။
အတန်ကြာပြီးနောက် သူမသည် အနှီးများကိုဖယ်ပြီး ကလေးကို အနီး ကပ်ပွေ့ဖက်ပြီး ကိုယ်ငွေ့ပေးရန်ကြိုးစားလေသည်။
“ယူယူ” သူမကို ဝူလင်းယူ ထိုပုံစံအတိုင်းမြင်သောအခါ နှိုးဆွခံရသလို ဖြစ်သွားသဖြင့် ဤသို့မလုပ်ရန်ပြောချင်သော်လည်း သူမ၏မျက်ရည်များကို မြင်သောအခါ ဘာမှမပြောတော့ပေ။
နှစ်ပေါင်းများစွာကြာပြီးနောက် သူ၏ကလေးကို ယခုလိုပုံစံမျိုးမြင်ရ သည်ကို အကြိမ်ပေါင်းများစွာငိုခဲ့ရသည်။ သူမဆိုလျှင်တော့ မဆိုထားနှင့်တော့..
ရှီမာယူယူသည် ကလေးကိုပွေ့ဖက်ရင်းနှင့် ရေခဲတုံးကိုဖက်ထားသကဲ့သို့ ခန္ဓာကိုယ်ပင် အေးပြီးတုန်ယင်လာသည်။ သို့သော် မလွှတ်ဘဲ တင်းကြပ်စွာ ဖက်ထားမိသည်။
သူမသည် ကလေး၏နဖူးကို ကုန်းပြီးအနမ်းပေးပြီးနောက် မျက်ရည်များ သည် ကလေး၏နဖူးပေါ်ကျသွားလေသည်။ ထို့နောက် ကလေး၏မျက်နှာကို အပ်ပြီးပြောလေသည် “အမေ ဒီမှာရှိတယ် မကြောက်နဲ့”
ဝူလင်းယူသည် သူတို့ကိုကြည့်နေရာ ကလေးသည် ဖြည်းဖြည်းချင်း အသက်ရှူလာပြီး တဖြည်းဖြည်းမျက်လုံးပွင့်လာသည်ကိုမြင်သောအခါ တဒင်္ဂ မျှ မှင်တက်မိသည်။
“ယူယူ ယူယူ” သူသည် ရှီမာယူယူကို တအံ့တဩ အော်မိသည်။ ရှီမာယူ ယူသည် ခေါင်းမော့ကြည့်ရာ အစောကအသက်သွေးကြောမရှိသည့်ကလေး သည် မျက်လုံးဖွင့်ပြီး သူမကိုပြုံးပြနေသည်ကို မြင်လိုက်ရသည်။
“နိုးလာပြီ.. သူမ နိုးလာပြီ” ရှီမာယူယူသည် ကလေးကိုဖက်ပြီး အလွန်ပင် ပျော်ရွှင်နေမိသည်။ သူမသည် ကလေး၏နဖူးနှင့်မျက်နှာကို နောက်တစ်ခါနမ်း ပြီး ငိုငိုရယ်ရယ်ဖြင့် ပြောလိုက်သည် “ကောင်းတယ် နောက်ဆုံးတော့ နိုးလာပြီ”
ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့သည် အပြင်မှတံခါးတွန်းဖွင့်ပြီး ပြေး လာသည်။ ပြေးလာရင်းနှင့် ပြောကြလေသည် “အမေ အမေ ညီမလေးက နိုးလာပြီလို့ ပြောလိုက်တာလား”
ဝူလင်းယူ ကလေးကိုပွေ့ပြီး အခန်းထဲကိုဝင်သွားကတည်းကပင် သူတို့ နှစ်ယောက်သည် တံခါးတွင်စောင့်နေခဲ့ပြီး ရှီမာယူယူ ခံနိုင်ရည်မရှိမည်ကို စိုးရိမ်နေခဲ့သည်။ သူတို့၏ညီမလေးနိုးလာပြီဟု ရှီမာယူယူ၏ စကားကိုကြား သောအခါ နှစ်ယောက်သား အပြင်တွင် မည်သို့နေနိုင်တော့မည်နည်း။
ရှီမာယူယူ၏ ရင်ခွင်ထဲမှ မျက်လုံးဖွင့်လာသော ကလေးကိုကြည့်ပြီး ဝူရှောင်းသောင့်သည် ပျော်ရွှင်စွာဖြင့် ထခုန်လေသည် “နိုးလာပြီ သူမ နိုးလာပြီ ညီမလေး တကယ်နိုးလာပြီ အမေ.. ဘယ်လိုနှိုးလိုက်တာလဲ”
ကလေးသည် သူမ၏ ရင်ငွေ့ကိုအာရုံခံမိ၍ နိုးလာသည်လား ရှီမာယူယူ မသိပေ။ သို့သော် မည်သည့်အကြောင်းအရင်းဖြစ်စေကာမူ သူမ နိုးလာပြီဖြစ် သည်။
ဝူချီယောင်သည် အလွန်ပျော်ရွှင်နေသည်။ ဝူရှောင်းသောင့်မှ ပျော်ရွှင်စွာ ဖြင့် သူ့လက်မောင်းကို ဆွဲဆိတ်နေသည်ကိုပင် သူ သတိမထားမိပေ။ သူသည် ညီမလေး၏ နှင်းဆီရောင်မျက်နှာကိုကြည့်ပြီး ပြောလိုက်သည် “ညီမလေးက ဘာမှမစားရသေးဘူး ဗိုက်ဆာနေမလားပဲ”
“ဟုတ်တယ် ဟုတ်တယ် သားရဲနို့လေး သွားကျိုလိုက်ဦးမယ်.. ညီမလေး ကို အဆာမခံစေနဲ့” ဝူရှောင်းသောင့်သည် ပြောပြီးပြေးထွက်သွားလေသည်။ ခဏကြာပြီးနောက် သူမသည် သားရဲနို့ကျိုပြီးသားနှင့်အတူ ပြန်လာသည်။
ထိုအချိန်တွင် ကလေး၏ခန္ဓာကိုယ်သည် နွေးနေပြီဖြစ်သည်။ ရှီမာယူယူ သည် သူမ အေးမည်ကိုစိုးရိမ်သဖြင့် အနှီးဖြင့်ထပ်မံထုပ်ပိုးပြီး နို့တိုက်သည်။ သို့သော် ကလေးသည် မျက်ရည်များကျလာသည်။
“သူမက အမေဒီလိုပွေ့ဖက်တာကို လိုချင်ခဲ့တာများလား” ဝူချီယောင် မေးလိုက်သည်။
ရှီမာယူယူသည် အနှီးပြန်ဖြည်ပြီး အစောကကဲ့သို့ ဖက်ရာ ချက်ချင်းပင် အငိုရပ်သွားလေသည်။
“တကယ် အဲလိုဖြစ်တဲ့ပုံပဲ စမ်းကြည့်ဦးမယ်” ဝူလင်းယူသည် လက်ဆန့် ထုတ်ကာ သမီးငယ်ကိုပွေ့ဖက်လိုက်သော်လည်း သူမကိုချီလိုက်သည်နှင့် ပြန်ငို ရာ ရှီမာယူယူလက်ထဲသို့ထည့်လိုက်မှပင် အငိုရပ်သွားလေသည်။
သူမသည် ရှီမာယူယူတစ်ယောက်တည်းကိုသာ မှတ်မိသည်။
“ထားလိုက်ပါတော့ ကျွန်မပဲချီထားလိုက်မယ်” ရှီမာယူယူသည် ကလေး ကို ဘယ်လက်ဖြင့်ချီထားပြီး သူမအေးမည်ကိုစိုးရိမ်သဖြင့် စောင်ဆွဲယူပြီး သူမ နှင့်ကလေးနှစ်ယောက်လုံးကို ခြုံလိုက်သည်။ ထို့နောက် ဝူရှောင်းသောင့်၏ လက်ထဲမှပုလင်းယူပြီး သူမကိုတိုက်ကျွေးလေသည်။
ကလေးများသည် နို့စို့ရန် သင်ယူသည်မှာ မွေးရာပါအရည်အချင်းဖြစ်၏။ ကလေးငယ်သည် ဗိုက်ဆာနေ၍လားပင် ပုလင်းကိုစုပ်ယူတော့သည်။ သူမ နို့ သောက်သည်ကို ရှီမာယူယူ မြင်သောအခါ နောက်ဆုံးတွင် စိတ်အေးသွားရ သည်။
သူမ နို့သောက်သရွေ့ ပြဿနာမရှိနိုင်ဟု ဆိုလိုသည်။ ကလေးငယ် ဗိုက်ပြည့်သွားသောအခါ သူမသည် ပုလင်းယူလိုက်ပြီး သူမကိုဖက်ထားကာ ကျောပြင်ကိုနူးညံ့စွာပုတ်ပေးပြီး နွေးသွားသည်အထိ ချော့သိပ်လေသည်။
သို့သော် သူမသည် အိပ်ပျော်သွားသည့်တိုင်အောင် ရှီမာယူယူကို ကပ်နေတုန်းပင်။ သူမကိုချလိုက်သည်နှင့် ကောင်းစွာမအိပ်တော့ပေ။ ရှီမာယူယူသည် မတတ်သာတော့ဘဲ သူမကိုအိပ်ရာပေါ်တွင်တင်ပြီး သူမပါလိုက်လှဲရတော့၏။
“သမီးနာမည်ကဘာလဲ” သူမသည် ကလေး၏ခန္ဓာကိုယ်ကို အသာပုတ် ပြီး အိပ်ရာဘေးတွင်ထိုင်နေသည့် ဝူလင်းယူကို မေးလိုက်သည်။
“သူမကိုနာမည်မပေးရသေးဘူး” ဝူလင်းယူသည် သူမကိုကြည့်ပြီး ဂုဏ်ယူစွာဖြင့် သူမကို ပြုံးပြလေသည် “မင်း နာမည်ပေးလို့ရတာပဲ”
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ဟော်ရှီဆိုရင်ရော ဝူဟော်ရှီ”
ဝူလင်းယူခေါင်းညိတ်လေသည် “ဟုတ်ပြီ သူမကိုဟော်ရှီလို့ခေါ်ကြတာပေါ့”
ဟော်ရှီ.. ဟော်ရှီ.. သူမသည် သူ့ကို အမှတ်တရဖြစ်ချင်နေသည်။ ရှီမာယူယူနှင့် ဤကမ္ဘာအတွက် ရွှမ်ချုံးဟော်လုပ်ပေးခဲ့သမျှကို တွေးကြည့်လျှင် သူ စိုးရိမ်ရန်တော့မလိုပေ။
“ဟော်ရှီ ကောင်းကောင်းကြီးလာရမဘ်နော် ဘယ်သူ့ကိုမှ နှိမ့်ချဖို့မလိုဘူး” ရှီမာယူယူသည် ဟော်ရှီ၏မျက်နှာလေးကိုနမ်းပြီး မျက်လုံးမှိတ်ကာ သူမ ဘေးတွင်လှဲနေလိုက်သည်။
ဝူလင်းယူသည် ကုန်းပြီး ကလေးကြီးနှင့် ကလေးငယ်နှစ်ယောက်ကို နမ်း ပြီးနောက် ထကာ ထွက်သွားလေသည်။
“အဖေ ညီမလေးနာမည်က ဟော်ရှီလား အဲဒါကအဆင်ပြေလို့လား ဦးလေးဟေးဒီးက အဲကိစ္စကို ပြောဖူးတယ်” ဝူချီယောင်သည် တံခါးရှေ့တွင်ရပ် နေကာ သူ၏အသံသည် တိုးညင်းနေသော်လည်း လေးနက်နေသည်။
“တကယ်ပဲ အဲလိုဆိုလည်း ကံပဲပေါ့” ဝူလင်းယူ သက်ပြင်းချလေသည်။
ရှီမာယူယူသည် ရွှမ်ချုံးဟော်အပေါ်တွင် အပြစ်မကင်းသလိုခံစားနေ သည်။ သူမ အလိုရှိလျှင် နောက်ပိုင်းဖြစ်လာမည့်ကိစ္စကို ဘာကြောင့် စိတ်ပူနေတော့မည်နည်း။
သူတို့နှစ်ယောက် စကားပြောနေစဉ်တွင် အခန်းထဲမှလှုပ်ရှားမှုကို အာရုံ ခံမိသဖြင့် ပြန်သွားကြသည်။
ဟေးဒီးစ်သည် လက်နောက်ပစ်ကာ အိပ်ရာဘေးတွင်ရပ်နေကာ သူတို့ နှစ်ယောက်ကို မကြည့်ဘဲပြောလေသည် “အရင်တုန်းက ငါ ဒီလိုမျိုးပေါ်လာ တာကို သူမသိသွားပြီ.. အခု ငါတို့စကားတွေက သူမကိုနိုးအောင်မလုပ်နိုင် တော့ဘူး”
သူ့စကားများထဲတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသံပါနေသည်ကို ဝူချီယောင် ကြားသောအခါ ပြောလိုက်သည် “အမေက ဦးလေးကို အပြစ်မတင်ပါဘူး”
အစပိုင်းက ကစဥ့်ကလျားကမ္ဘာ လုံးလုံးလျားလျားပိတ်သွားမည့် အကြောင်းကို သူမကိုသာ မပြောခဲ့လျှင် ဤကဲ့သို့ ကပ်ဘေးနှင့်ရင်ဆိုင်ရမည် မဟုတ်သလို သေလုနီးပါးဖြစ်ပြီး ယခုလိုဖြစ်နေမည်လည်းမဟုတ်ပေ။
ထို့ကြောင့် သူ ရှီမာယူယူ့ကိုကြည့်ချိန်တွင် စိတ်ထဲ၌ အပြစ်မကင်းမှုကို ခံစားရလေသည်။
“သူမကို မပြောရင် နောက်မှသိမှပဲ အပြစ်တင်မှာ” ဝူလင်းယူသည် ရှီမာယူယူ၏ အိပ်ပျော်နေသောမျက်နှာလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိ သည်။ သူသည် သူမကို ကောင်းစွာသိသည်။
ထိုအချိန်တွင် ဟော်ရှီ၏ လက်သီးဆုပ်ကလေးယမ်းသွားကာ သူမ၏ ပါးစပ်မှ ပူဖောင်းလေးထွက်လာသည်မှာ အလွန်ချစ်စရာကောင်းနေသည်။
“သူမ ဘယ်လိုနိုးလာတာလဲ” ဟေးဒီးစ်မေးလေသည်။
သူသည် သူမအသက်ပြန်ရှင်နိုင်ရန်အတွက် နည်းလမ်းများစွာကိုသုံးခဲ့ သည်။ သို့သော် သူမ နိုးမလာခဲ့ပေ။
ဝူလင်းယူ၏ စကားများကိုကြားသောအခါ အနည်းငယ် အံ့ဩနေမိသည်။ အဲလောက်တောင် ရိုးရှင်းတာလား။
“ဒါက သားအမိနှစ်ယောက်ကြားက သံယောဇဉ်ပဲနေမှာပေါ့”
ထိုအရာမှလွဲပြီး တခြားအကြောင်းအရင်းကို စဉ်းစားမရပေ။
“ဦးလေးဟေးဒီးစ် အမေက ပြောစရာရျိတယ်ထင်တယ်.. အပြင်မှာ သမီး တို့နဲ့ နေပူဆာလှုံရင်းနဲ့ အမေနိုးလာတာကိုစောင့်လို့ရတယ်” ဝူရှောင်းသောင့် ပြောလေသည်။
ဟေးဒီးစ်သည် သဘောမတူသော်လည်း အရင် လှည့်ထွက်သွားသည်။ ဝူလင်းယူနှင့် ဝူချီယောင်တို့သည် အိပ်ပျော်နေသော သားအမိကို ထားခဲ့ပြီး လိုက်သွားလေသည်။
ရှီမာယူယူနိုးလာသောအခါ ဟော်ရှီ နိုးနေပြီကိုသိလိုက်ရသည်။ သူမ သည် မငိုဘဲ အိပ်ရာပေါ်တွင်ပင် လက်ကိုစုပ်နေကာ ချစ်စရာကောင်းလောက် အောင်ပင် သူမ၏ ကြီးမာသော မျက်လုံးနက်များကို မျက်တောင်ခတ်ပြီး တိတ်တိတ်ဆိတ်ဆိတ်နေနေသည်။