အရန်ဇာတ်လမ်း ၃ ကြာပန်းနက်၊ ငရဲပန်း
Vol. 165 Ch. 2307
ကောင်းကင်မှ တိမ်တိုက်များသည် မြင့်လွန်းသည်။ ပတ်ဝန်းကျင်တွင် ပန်းများသည် ပွင့်လန်းနေကြပြီး နွေးထွေးသောနေရောင်အောက်တွင် အေးမြ သောလေနုအေးမှာ တိုက်ခတ်နေသည်။
ရှီမာယူယူသည် ဟော်ရှီကိုပွေ့ဖက်ပြီး ခြံဝင်းထဲရှိ နေရောင်အောက်တွင် နေပူဆာလှုံနေကြသည်။ ကလေးသည် ဗိုက်ပြည့်သည်နှင့် သူမ၏ရင်ခွင်ထဲတွင် အေးချမ်းစွာအိပ်ပျော်သွားလေသည်။
ဟေးဒီးစ်ရောက်လာပြီး သူမနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်ရာ အရင် ကထက်ပင် ပို၍တိတ်ဆိတ်နေ၏။
ရှီမာယူယူသည် ပုဝါးပိုင်းလေးထုတ်ကာ ဟော်ရှီအား ဂရုတစိုက်ခြုံပေး လိုက်ပြီးနောက် ဟေးဒီးစ်ဘက်လှည့်ကာ မေးလေသည် “ဘယ်တုန်းကလာ တာလဲ”
“မနေ့က” ဟေးဒီးစ် ပြန်ဖြေလေသည်။
ရှီမာယူယူသည် မျက်ခုံးများကိုပင့်လိုက်သည်။ သူ ရောက်နေသည်မှာ တစ်ရက်ကြာပြီဖြစ်သော်လည်း ဤအချိန်မှပင် သူမကိုလာတွေ့ခဲ့သည်။ သူ့ကို ကြာရှည်စွာသိလာခဲ့ရာ ကောင်းကောင်းကြီးသိနေပြီဖြစ်သဖြင့် ပြောလိုက် သည် “ရှင်က ရှင်လုပ်စရာရှိတာလုပ်ခဲ့တာပဲ ကျွန်မအပြစ်မတင်ပါဘူး.. ပြီးတော့ နောက်ဆုံးကျ ကျွန်မရဲ့ရွေးချယ်မှုပဲလေ”
“ငါသိပါတယ်” သူမ သူ့ကိုအပြစ်မတင်သည်ကို သူသိသည်။ သို့သော် သူမကို မျက်နှာချင်းဆိုင်ရန် မဖြစ်နိုင်သေးသလို ခံစားရသည်။
“ရှင် ရှက်နေတယ်လို့ခံစားရရင် ဖြေရှင်းဖို့လွဘ်ပါတယ် ကျွန်မမေးခွန်းကို ကောင်းကောင်းပြန်ဖြေပါ” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပြီ” သူမစိတ်ထဲတွင် သံသယများရှိနေသည်ကို ဟေးဒီးစ်သိသည်။ သူမ သူ့ကို တည့်တိုးမေးလာလိမ့်မည်ဟုလည်း ထင်ထားပြီးသားဖြစ်သည်။
ရှီမာယူယူတွင် သူ့ကိုမေးချင်သည့်အရာများစွာရှိသည်။ အားလုံးကို အမျိုးအစားလိုက်ခွဲပြီးနောက် သူမ မေးလိုက်သည် “ကျွန်မ လမ်းကြောင်းထဲမှာ ရှိတုန်းက လင်းယူနဲ့တခြားသူတွေ လာချင်နေကြတာကို မြင်ခဲ့တယ် ဒါပေမဲ့ အပြင်မှာ သူတို့ကိုတားထားတယ်.. ဆိုလိုတာက ဘယ်သူမှအဲဒီကိုဝင်လို့မရဘူး ဆိုတာပဲ.. ဟော်ကကျ ဘာလို့ဝင်လို့ရတာလဲ”
“မင်းတို့နှစ်ယောက်ကြားက ဆက်စပ်မှုကြောင့်ပဲ” ဟေးဒီးစ်သည် ပုလ္လင် အားမှီပြီးပြောလေသည် “ချင်းဒေါင်ကြောင့် မင်းတို့နှစ်ယောက်ကြားမှာ ထူးခြားတဲ့ဆက်သွယ်မှုရှိတယ်.. မင်းကချင်းဒေါင်ရဲ့ အလင်းဘက် သူက ချင်းဒေါင်ရဲ့အမှောင်ဘက်ခြမ်းလို့ပြောလို့ရတယ်.. ကောင်းကင်တာအိုရဲ့ အမြင် မှာကျတော့ မင်းတို့နှစ်ယောက်က တစ်သားတည်းပဲ.. သူက မင်းကို အသိအမှတ်ပြုမှတော့ သူ့ကိုလည်း အလိုလိုအသိအမှတ်ပြုမှာဆိုတော့ သူ့ကို မတားတာပဲ”
အဲဒါကြောင့်ကိုး…
“ဟော်က တစ္ဆေလောကကို ရောက်နိုင်သေးလား” သူ၏ဝိညာဉ် ထိုနေရာ တွင်ရှိနေသရွေ့ သူ့တွင် နောက်ထပ်အခွင့်အရေးထပ်ရှိသည်နှင့် တူညီသည်။
“မရောက်ဘူး” ဟေးဒီးစ်သည် တည့်တိုးပင်ပြန်ဖြေရာ ဟော်ရှီအား ချီထားသည့် ရှီမာယူယူ၏လက်မှာ တုန်ယင်သွားလေသည်။
“သူ.. သူ့ဝိညာဉ်ပျောက်သွားတာလား” သူမ၏အသံမှာ အနည်းငယ် တုန်ယင်နေသည်။
သူ သူမကို တွန်းထုတ်ခဲ့ခြင်းကြောင့်သာမဟုတ်လျှင် ပျောက်ကွယ်သွား မည့်သူမှာ သူမဖြစ်သည်။
ရှီမာယူယူ မျက်လုံးမှိတ်လိုက်ပြီး သူပျောက်သွားခဲ့စဉ်က အပြုံးကို တွေး ကြည့်လိုက်သည်။ မျက်လုံးပိတ်လိုက်ခြင်းသည် မျက်လုံးထဲမှမျက်ရည်များကို မတားနိုင်ပေ။
“မင်း..” သူမကို ထိုပုံစံအတိုင်းမြင်သောအခါ ဟေးဒီးစ်သည် သက်ပြင်းချ မိသည် “သူမရှိတော့ပေမဲ့ လုံးဝကြီးပျောက်ကွယ်သွားတယ်လို့ မဆိုလိုပါဘူး”
“ဘာအဓိပ္ပာယ်လဲ” ရှီမာယူယူသည် မျက်လုံးပွင့်လာပြီး သူ့ကို မယုံနိုင်စွာ ဖြင့် ကြည့်လိုက်သည်။
“သူ ပျောက်ကွယ်သွားပေမဲ့ သူ့ဝိညာဉ်က ကောင်းကင်မှာ ပြန့်ကျဲသွား တာ.. သူက ကမ္ဘာကြီးအတွက် ဒီလောက်ကောင်းတာကို လုပ်ပေးခဲ့တာဆို တော့ ကောင်းကင်က သူ့ကိုဆုပေးသင့်တာပေါ့.. သူ ပြန်ပေါ်လာမလားဆိုတာ ငါ မသိပေမဲ့ သူက သူမနဲ့ ရေစက်ရှိတယ်…” ဟေးဒီးစ်သည် ခေတ္တမျှရပ်သွားပြီး သူမ၏ရင်ခွင်ထဲမှ ကလေးငယ်ကို ကြည့်လိုက်သည်။
“ဟော်ရှီနဲ့လား” ရှီမာယူယူ အံ့ဩသွားသည်။
“မင်း သူ့ကိုတစ်ခါကယ်ဖူးတယ် သူက မင်းကိုထပ်ကယ်တယ်.. မင်းရဲ့ စွမ်းအားနဲ့ သူ့ခန္ဓာကိုယ်တို့ လုံးဝပျောက်ကွယ်သွားတဲ့အချိန်မှာ မင်းတို့ကြား က မကျေနပ်ချက်တွေနဲ့ တွယ်တာမှုတွေလည်း ပျောက်ကွယ်သွားခဲ့တယ်.. ဒါပေမဲ့ အဲလိုဆိုရင်တောင် သူတို့ကြားမှာ ရေစက်ရှိနေတုန်းပဲ.. ဟော်ရှီသာ မမွေးဖွားခဲ့ရင် ဒီကံကြမ္မာက ရှိမှာမဟုတ်ဘူး.. သူ မင်းရှေ့ကို ဘယ်တော့မှ ပြန် ပေါ်လာမှာမဟုတ်ဘူး… ဒါပေမဲ့ မင်းကြောင့်ပဲ သူမ အသက်ရှင်ခဲ့တယ်.. အဲဒါ ကြောင့် ဒီကံကြမ္မာ ဖြစ်လာတာပဲ”
“ဒါပေမဲ့ အရင်ကပြောတာတော့ သူ ဘယ်လိုပုံစံနဲ့ ဘယ်သူပေါ်လာမလဲ ဆိုတာ မသိနိုင်ဘူးဆို”
“ဟုတ်တယ် အဲဒါကြောင့် နောက်ဆိုရင် ဘာဖြစ်မလဲငါတိုမသိနိုင်တာပဲ” ဟေးဒီးစ် ပြန်ဖြေလေသည်။
ရှီမာယူယူသည် ဟော်ရှီအား ပြုံးနေသောမျက်လုံးများဖြင့် ငုံ့ကြည့်လိုက် သည် “သူ ဘယ်လိုပဲလာပါစေ လုံးဝကြီးပျောက်ကွယ်မသွားရင်ရပြီ”
သူမ၏အနာဂတ်မှာ မည်သို့ဖြစ်လာမည်ကို မသိသေးဘဲ မျက်လုံးမှိတ် ကာ အိပ်မောကျနေသည့် ဟော်ရှီကို ဟေးဒီးစ် ကြည့်လိုက်သည်။
“ဟေးဒီးစ်” ရှီမာယူယူသည် သူ့ကိုတစ်ဖန်ကြည့်လိုက်သည် “ရှင်နဲ့ကျွန်မ ကြားမှာ တစ်ခုခုရှိနေတာလား… အမှန်အတိုင်းပြောရင် ရှင်နဲ့ ဆမ်ဆာရာတို့ သိနေကြတာလား”
“ဟမ်”
“ဧကရာဇ်ချင်းဒေါင်ရဲ့ ဂူသင်္ချိုင်းထဲမှာ ဆမ်ဆာရာကို တွေ့ခဲ့တယ်.. သူမ က ကောင်းကင်တာအိုအကြောင်းကို ရှင့်ကိုမေးဖို့ပြောခဲ့တယ်.. သူမသာ ရှင့်ကို မသိရင် အဲလိုပြောမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။ “ပြီးတော့ ကျွန်မတို့ မရဏာလောကမှာ ၁၀ နှစ်ကျော် အတူနေလာခဲ့တာကြောင့် ရှင် ကျွန်မအပေါ်ကောင်းပေးတာမဟုတ်ဘူးမလား”
ဟေးဒီးစ်သည် သူမအပေါ်တွင် အထူးတလည်ဆက်ဆံပေးနေသည်ဟု သူမ အမြဲခံစားခဲ့ရသည်။ ချစ်သူကဲ့သို့မဟုတ်သလို ဆွေမျိုးကဲ့သို့လည်းမဟုတ်၊ သူငယ်ချင်းလိုလည်းမဟုတ်ဘဲ သူသည် သူမအပေါ်တွင် အလွန်တရာကောင်း လှကာ အလွန်လည်း မြတ်နိုးသည်။ ယခုထိုအကြောင်း စဉ်းစားကြည့်မှပင် အရာအားလုံးသည် အရင်က တစ်ယောက်နှင့်တစ်ယောက် သိလာခဲ့ခြင်း ကြောင့် ဖြစ်နိုင်သည်။
ဟေးဒီးစ်သည် နှုတ်ဆိတ်နေသည်။ သူသည် နားမလည်နိုင်သော အမူအရာဖြင့် သူမကို ကြည့်လိုက်သည်။ သူ ပြောလိမ့်မည်မဟုတ်ဟု ထင်လိုက် ချိန်တွင် သူပြောလာသည် “မင်းပြောတာ ဟုတ်တယ် ငါဆမ်ဆာရာကိုသိတယ် သိရုံတင်မဟုတ်ဘူး မင်း ဝင်စားခဲ့တဲ့ဘဝတိုင်းကိုသိတယ်”
“ဘဝတိုင်းမှာ ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက်သိကြတာလား” ရှီမာယူယူ အံ့ဩသွားသည်။
“ကစဥ့်ကလျားမြစ်မှ ကြာပန်းနက်ပွင့်နေတာမတွေ့ခဲ့ဘူးလား” ဟေးဒီးစ် ပြောလိုက်သည် “ကြာပန်းနက်ရဲ့အရိပ်ထဲမှာ ငရဲပန်းသေးသေးလေးတစ်ခုကို မြင်လိုက်လား”
ဟေးဒီးစ်၏ ဝမ်းနည်းနေသော အမူအရာကိုကြည့်ပြီး ရှီမာယူယူ အံ့ဩမိ သည်။ သူမ ကစဥ့်ကလျားကမ္ဘာတွင်မြင်ခဲ့သော မြင်ကွင်းများသည် မျက်စိရှေ့ တွင် ပြန်ပေါ်လာသည်။ ထိုအချိန်တွင် ကြာပန်းနက်၏ဘေးတွင် ငရဲပန်းလေး တစ်ပွင့်ရှိသည်ကို မြင်လိုက်ရသည်။
“ငါတို့နှစ်ယောက်က ဒီကမ္ဘာပေါ်ကို အတူပေါ်လာကြပြီး အတူကြီးပြင်း ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အမြစ်တွေလိမ်ယှက်ခဲ့ကြတာ.. ငါတို့တွေက အချိန်ကုန်ဆုံးတာကို အတူကြည့်ခဲ့ကြတယ်.. ပြီးတော့ မင်းကပင်ပန်းနေပြီလို့ ပြောပြီး ပြန်ဝင်စားဖို့ကိုရွေးချယ်ခဲ့တာပဲ.. ငါတို့က သာမန်သတ္တဝါတွေမဟုတ် ကြတော့ ငါတို့ရဲ့သေခြင်းရှင်ခြင်းက ဒီလောကနဲ့မဆိုင်ဘူး.. ပြီးတော့ မင်းက မင်းရဲ့ဘဝမှာ ပျော်မွေ့ပြီးရင်းပျော်မွေ့နေတော့ အချိန်တိုင်း ငါ မင်းကို လောက အနှံ့လိုက်ရှာရတာပဲ.. တစ်ခါတလေ မင်းရဲ့ဘဝက အရမ်းရှည်တယ် တစ်ခါတ လေကျ တိုတယ် ဒါပေမဲ့ ဘဝတိုင်းမှာ မင်းကိုဆမ်ဆာရာလို့ခေါ်ကြတယ်.. နောက်တော့ မင်း ဆမ်ဆာရာလို့ မခေါ်ဖို့ ငါ့ကိုပြောလာတယ်.. အဲဒါကြောင့် နောက်ဘဝတွေကျ မင်းနာမည်နဲ့မင်းရှိလာတယ်”
တခြားသူများ သေဆုံးသွားလျှင် တစ္ဆေလောကသို့ ဝင်ကြသည်၊ သို့မဟုတ် ကမ္ဘာပေါ်မှပျောက်ကွယ်သွားသည်။ သို့သော် သူမသည် ထပ်ခါ ထပ်ခါ ဝင်စားခဲ့သည်။
“နောက်တော့ ကောင်းကင်ရဲ့ အပြောင်းအလဲကို ခံစားမိကြတယ်.. ကောင်းကင်တာအိုကို ပြောင်းလိုက်တာ ငါတစ်ယောက်တည်းမဟုတ်ဘူး မင်း လည်းပါတယ်.. အဲတုန်းက မင်းမှာ အတိတ်ကမှတ်ဉာဏ်တွေမရှိဘူး ဒါပေမဲ့ မင်းက ကောင်းကင်ရဲ့ ပြောင်းလဲမှုလမ်းကြောင်းပေါ်မှာ ရောက်နေတုန်းပင်.. နောက်တော့ အတိတ်ကိုပြန်မှတ်မိသွားတယ်၊ ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်မရှိ တော့ဘဲ ကစဥ့်ကလျားကမ္ဘာကို ဝင်သွားခဲ့တယ်.. အဲဒါကြောင့် မင်း အသက်ရှင် လျက်ထွက်မလာရင် နောက်တစ်ခါ မင်းမှာဝိညာဉ်စွမ်းအင်အရည်အချင်း အကုန်ရှိလာရင် ကောင်းကင်တာအိုအကြောင်း ပြောပြပေးဖို့ မင်း ငါ့ကိုပြော သွားခဲ့တယ်”
ရှီမာယူယူသည် ဟေးဒီးစ်၏ စကားများကြောင့် အံ့ဩသွားရသည်။ သူတို့ နှစ်ယောက်ကြားမှာ အဲလောက်တောင် လေးနက်တဲ့ သံယောဇဉ်တွေရှိတာ လား။
အဲဒါကြောင့် သူမအပေါ် သူ့ခံစားချက်တွေက ထူးဆန်းနေတာပဲ။ ဘဝ၏ ကံအတက်အကျ၊ သူတို့နှစ်ယောက်ကြားမှ ခံစားချက်များသည် သာမန်စကား လုံးများနှင့်ပင် ဖော်ပြ၍မရပေ။
“မင်းကြိုက်သလို နေလာတာကြာပြီ အခု ငါကြိုက်သလိုနေရမယ့် အလှည့်ပဲ” သူသည် ရုတ်တရက် စကားလမ်းကြောင်းပြောင်းလေသည်။
သူ့စကားများကြောင့် ရှီမာယူယူ ထိတ်လန့်သွားပြီး မသိစိတ်မှမေးမိသည် “ရှင် ဘာလုပ်မလို့လဲ”
“မင်းက နှစ်တွေအများကြီး ပြန်ဝင်စားပြီးပြီ.. အခု ငါအတွေ့အကြုံယူရ မယ့်အချိန်ပဲ.. ငါလည်း နှစ်တွေအများကြီး နေလာတာ ပင်ပန်းလာပြီ” ဟေးဒီးစ် ထပြီး ပြောလေသည်။
“ရှင့်ကိုယ်ရှင် အဆုံးစီရင်မယ်လို့တော့ မပြောနဲ့နော်” ရှီမာယူယူ အော် လိုက်သည်။
“အဲဒါ ဘယ်လောက်တောင် နာလိုက်လဲ.. ငါ နည်းနည်းလှည့်ပတ်သွား ပြီး ဘဝအတွေ့အကြုံယူလိုက်ဦးမယ် ဘယ်လိုပဲဖြစ်ဖြစ် မရဏာလောကကို မင်းရဲ့သားကို ပေးခဲ့ပြီ အဲတော့ ငါ စိတ်ချလက်ချဖြစ်ပြီ” ဟေးဒီးစ်သည် ပြော ပြီးသည်နှင့် အမှန်တကယ်ပင် ထွက်သွားလေသည်။
ရက်အနည်းငယ် ကြာပြီးနောက် ဟေးဒီးစ်သည် သူ၏ခန္ဓာကိုယ်ကို ထိန်းသိမ်းထားပြီး ဝိညာဉ်နှင့် ပြန်ဝင်စားခဲ့ကြောင်းကို ဝူချီယောင် သူမကို လာပြောလေသည်။