← Chapters

အရန်ဇာတ်လမ်း ၄ မရှောင်လွှဲနိုင်သောကံတရား

Vol. 165 Ch. 2308

အရန်ဇာတ်လမ်း ၄ မရှောင်လွှဲနိုင်သောကံတရား

Vol. 165 Ch. 2308

၁၅ နှစ်ကြာပြီးနောက် လူသူကင်းမဲ့သည့် တောင်ထိပ်တွင်…

မိုးကြိုးလုံးအတွဲလိုက်ကျလာကာ ဘေးဒုက္ခကိုကျော်ဖြတ်သည့် လူသည် မြေပြင်တွင် ခံစားချက်မဲ့စွာ လှဲလျောင်းပြီး မိုးကြိုးများကို ကြိုဆိုကာ မည်းတူး ပြီး မီးသွေးတုံးဖြစ်နေချေသည်။

၁၅ နှစ်အရွယ်ရောက်ပြီဖြစ်သော ဟော်ရှီသည် အမြန်ပြေးလာကာ သူမ ၏မိခင်ဖြစ်သူမှာ မျက်လုံးတစ်လုံးသာလှုပ်နိုင်တော့သည်ကို မြင်သည်နှင့် လှည့်ထွက်ကာ ဝူရှောင်းသောင့်ကို ခေါ်လေသည် “မမကြီး အမေ့ကိုလာကြည့် ပါဦး ဒဏ်ရာတွေပြင်းထန်တယ်”

“ရှီရှီလေး စိတ်မပူနဲ့ အမေက မိုးကြိုးအပစ်ခံထားရတာ.. အရင်ကဆို ဒီ့ထက်တောင် အပစ်ခံရသေးတယ်” ဝူရှောင်းသောင့်သည် ရှီမာယူယူကို လုံးဝစိတ်မပူဘဲ ဖြည်းဖြည်းချင်း လျှောက်လာသည်။

ရှီမာယူယူ ဘေးဒုက္ခကျော်ဖြတ်သည်ကို ဟော်ရှီမြင်ဖူးသည်မှာ ပထမဆုံး အကြိမ်ဖြစ်သဖြင့် ဝူရှောင်းသောင့်ကဲ့သို့ မတည်ငြိမ်နိုင်ပေ။ သို့သော် သူမ၏ စကားကိုကြားပြီးနောက် အစောကလို ပျာယာမခတ်တော့ပေ။

ရှီမာယူယူသည် မြေပေါ်တွင်လှဲလျောင်းပြီး စိတ်ထဲမှညည်းညူမိသည်။

အနားယူပြီးတာတောင် ဘာလို့မိုးကြိုးအပစ်ခံနေရတာလဲ။ ဒီခန္ဓာကိုယ် က အရင်လိုဖြစ်နေတုန်းမို့လို့သာမဟုတ်ရင် သူမအသက်ကို ဆုံးရှုံးလိုက်ရနိုင် တယ်။

တခြားသားရဲများလည်း ရှောင်လွှဲနိုင်သည့်ပုံမပေါ်ပေ။ သို့သော် ခရမ်း လေးသည် သူမမရှိဘဲနှင့် မလုပ်နိုင်ပေ။

“အမေ အဆင်ပြေရဲ့လား” ဟော်ရှီသည် အလွန်စိတ်မကောင်းဖြစ်ကာ မျက်လုံးမှ မျက်ရည်များသည် အချိန်မရွေးကျလာနိုင်သည်ဟု ခြိမ်းခြောက်နေ ၏။

ဟော်ရှီ၏ ခန္ဓာကိုယ်သည် သေးငယ်ပြီးအားနည်းသည်။ ယခု သူမ ငိုတော့မည့်ဆဲဆဲဖြစ်နေသည်မှာ လူအများကို စိတ်မကောင်းဖြစ်စေသည်။

ရှီမာယူယူသည် အဆင်ပြေသည်ကို ရည်ညွှန်းသည့်အနေနှင့် သူမကို မျက်တောင်ခတ်ပြသည်။ ဝူရှောင်းသောင့် ရောကလာပြီး သူမကို ဆေးတစ်လုံး တိုက်ကာ တွဲထူပြီး ရေရွတ်လိုက်သည် “အဖေက နတ်ဆိုးလောကသွားတယ် ရှောင်းယောင်ယောင်က မရဏာလောကမှာ.. ဟူး.. အမေ.. အမေ့ဘဝထဲက ယောက်ျားသားနှစ်ယောက်မရှိတော့ သမီးကပဲ ယောက်ျားကြီးလိုလိုက်လုပ်နေ ရတယ်”

ပါးစပ်ကလည်း ပုပ်လိုက်တာ.. ရှီမာယူယူသည် ဝူရှောင်းသောင့်ကို မျက်လုံးလှိမ့်လိုက်သည်။

ယခုအချိန်တွင် ဝူရှောင်းသောင့်သည် အသက်ဒါဇင်များစွာရှိနေပြီဖြစ် သည်။ ကမ္ဘာအနှံ့သွားလာနေသဖြင့် သူမ၏ သဘောထားမှာ အမြင်ကျယ်လာ သည်။ မိခင်ဖြစ်သူ၏ စိုက်ကြည့်ခြင်းကိုခံရသောအခါ သူမ ပြုံးပြီး ပြောလိုက် သည် “အမေ သမီးကိုစိုက်ကြည့်နေလည်း အသုံးမဝင်ဘူး.. သမီးထင်တာတော့ နောက်ထပ်မောင်လေးတစ်ယောက် ထပ်ရှိရင် အဖေနဲ့ရှောင်းယောင်ယောင်တို့ ဒီမှာမရှိရင် အမေ့ကိုကာကွယ်ပေးမယ့် ယောက်ျားတစ်ယောက်ရှိလာမှာပဲ”

“မမကြီး သမီးတို့လည်း အမေ့ကိုကာကွယ်နိုင်ပါတယ်” ဟော်ရှီသည် နောက်မှလိုက်လာရင်း အားပျော့စွာဖြင့် ပြောလေသည်။

“ရှီရှီလေး မင်း ကြီးလာရင် အပြင်မသွားတော့ဘူးလား ဒါမှမဟုတ်ရင် တစ်နေ့ နင်လက်ထပ်သွားလို့ နင့်ယောက်ျားနဲ့ သွားနေတော့မယ်ဆိုရင် အမေ့ ကို အဖော်ပြုပေးဖို့အချိန်ရှိတော့မှာမဟုတ်ဘူး.. ငါလည်း အနားမှာရှိမပေးနိုင် ရင် အမေဘယ်လိုလုပ်မလဲ.. အဲတော့ မောင်နှမများတာပိုကောင်းတာပဲ အဲဒါဆို သူမကို အဖော်ပြုပေးမယ့် လူတစ်ယောက်တော့ကျန်ခဲ့မှာပဲ” ဝူရှောင်းသောင့် သည် စိတ်အားထက်သန်စွာဖြင့် သင်ကြားပြသနေသည်။

ဟော်ရှီသည် သူမပြောသည့်စကားကို ကြားပြီးနောက် အဓိပ္ပာယ်ရှိသည် ဟု တွေးလိုက်သည်။ ခေတ္တမျှစဉ်းစားပြီးနောက် သူမ ပြောလိုက်သည် “အမေ မမကြီးပြောတာမှန်တယ် သမီးတို့ကို မောင်လေးညီမလေးတွေ ဘာလို့မပေး တာလဲ”

“သမီးတို့သုံးယောက်နဲ့တင် တင်းတိမ်နေပါပြီ” ဝူရှောင်းသောင့်မှာ သူမ ကို ပူပန်နေကြောင်းကို ရှီမာယူယူသိသည်။ သူမ၏ကံမှာအလွန်ဆိုးဝါးသည့် အကြောင်းများကို သူမကိုဖုံးကွယ်မထားပေ။ သူမ၏ကံမှာ ကံကြမ္မာဆိုးပါလာ သည်အတွက် အခန့်မသင့် အသက်ဆုံးရှုံးလိုက်ရပါက မိခင်ဖြစ်သူကို မစောင့် ရှောက်၊ မကာကွယ်နိုင်မည်ကို စိုးရိမ်နေသည်ကိုလည်း သိသည်။

“အမေ  ရှက်စရာမလိုပါဘူး ဒီကိစ္စကို အဖေ့ကိုနောက်မှပြောလိုက်မယ်” ဝူရှောင်းသောင့် ပြောလေသည်။

“သမီးတို့က ကလေးတွေပဲရှိသေးတာ အဲဒါကို ဘာလို့မိဘတွေကို သွား ပြောမှာလဲ” ရှီမာယူယူသည် အားနည်းနေသည့်ကြားကပင် အပြစ်တင်လိုက် သည်။

“အမေတို့ မောင်လေးတွေယူဖို့ အဘွားက တစ်ခါပြောဖူးတယ်လေ.. သမီးတို့က အဲဒါစောင့်နေတာ”

ရှီမာယူယူ “…”

ထိုအချိန်မှစပြီး သူမနှင့် ဝူလင်းယူတို့သည် သမီးဖြစ်သူများ၏ ဆွေးနွေး စရာဖြစ်သွားခဲ့လေသတည်း။ ကံကောင်းစွာပင် သူတို့နှစ်ဦးသည် အခိုင်အမာ ရပ်တည်နေကြသဖြင့် ၁၀ နှစ်ကျော်ကြာသည်အထိ ချော့မော့ခြင်းကို အရှုံး မပေးခဲ့ကြပေ။

တစ်နေ့တွင် ရှီမန်ကျွင်းယီနှင့် ရှီမာကျိဟောက်တို့သည် မင်္ဂလာနယ်မြေ ကို သွားရင်းနှင့် ဝင်လာခြင်းဖြစ်ကြောင်းပြောရင်းနှင့် ရှီမာယူယူကို လာတွေ့ လေသည်။

ရှီမာယူယူ အံ့ဖွယ်အဆင့်သို့တက်ပြီးနောက် ရှေးဟောင်းတိုက်ဆီသို့ ပြန် ကာ လှပသောတောင်များနှင့် ကြည်လဲ့နေသာရေများရှိသည့် နေရာတစ်ခုတွင် အခြေချခဲ့သည်။ သို့သော် သိသည့်လူမများသဖြင့် လွန်စွာတိတ်ဆိတ်လှသည်။

သူတို့နှစ်ယောက်မှာ မင်္ဂလာနယ်မြေကို သွားတော့မည်ဟု ဟော်ရှီကြား သည်နှင့် တောက်ပသောမျက်လုံးများဖြင့် နှစ်ယောက်လုံးကို စိုက်ကြည့်လေ သည်။ ပြီးနောက် ထိုနေရာကို သူမ စိတ်ဝင်စားနေသည်ကိုလည်း ရှီမာယူယူ မြင်နေရသည်။

သူမကို ထိုပုံစံအတိုင်းမြင်ရသောအခါ ရှီမာယူယူ မေးလိုက်သည် “ရှီအာ က ဦးလေးနဲ့အစ်ကိုကြီးတို့နဲ့ လိုက်သွားချင်လို့လား”

“လိုက်သွားလို့ရလား” ဟော်ရှီသည် အံ့ဩသွားသည် “အမေလည်း သွား မှာလား”

“အမေက သမီးတို့အဘွားကို သွားတွေ့ချင်နေတာ သမီးတို့နဲ့မလိုက် တော့ဘူး” သူမသည် ကြောက်တတ်ပြီး မိခင်ဖြစ်သူဆီမှ ထွက်မသွားဖူးသလို အမှီအခိုကင်းသည့်ဘဝကို လိုချင်နေသည်ကို ရှီမာယူယူသိသည် “ဦးလေးနဲ့ အစ်ကိုကြီးက သမီးကိုကာကွယ်ပေးပါလိမ့်မယ်”

“ရှီရှီလေး ငါတို့နဲ့လိုက်ခဲ့လေ ငါတို့မင်းကို ကာကွယ်ပေးပါမယ်” ရှီမန်ကျွင်းဘီသည် သူ့ရင်ဘတ်ကိုပုတ်ပြီး ပြောလေသည်။

“ကျွန်မ…” ဟော်ရှီသည် တုံ့ဆိုင်းနေသည်။ သွားချင်နေသော်လည်း ထို ခြေလှမ်းကို ကြောက်ရွံ့နေမိသည်။

“သွားရအောင်ပါ ရှီရှီလေး မင်္ဂလာနယ်မြေက ဘယ်လိုပုံစံလဲဆိုတာ မသိ ချင်ဘူးလား.. အရမ်းလှတယ်လို့ ငါ ကြားဖူးတယ် အဲဒီမှာနတ်သမီးလေးတွေ လည်းအများကြီးရှိတယ်တဲ့” ရှီမာကျိဟောက်သည် သူမကို ဖြားယောင်းလေ သည်။ မိန်းကလေးများသည် ထိုကဲ့သို့ လှပသည့်အရာများကို ကြိုက်နှစ်သက် တတ်ကြသည်။

ဟော်ရှီသည် ရှီမာယူယူကို ကြည့်လိုက်သော်လည်း မဝံ့မရဲဖြစ်နေသေး သည်။

“ရှီအာ ဒီလိုဆိုရင်ရော ဟိန်းသံလေးတို့ကို သမီးနဲ့အဖော်ပြုခိုင်းလိုက် မယ် ဟုတ်ပြီလား” ရှီမာယူယူ မေးလိုက်သည်။

“ဒါဆို… ဟုတ်ကဲ့ပါ” ဟော်ရှီသည် နောက်ဆုံးတွင် ရှီမာကျိဟောက်၏ ဖြားယောင်းမှုကို မခံနိုင်တော့ဘဲ သူမ၏ အပြင်ဘက်ကမ္ဘာကို ကြည့်ချင်သည့် ဆန္ဒကြောင့်ရောပါ သူတို့နှင့်သွားရန် သဘောတူလိုက်သည်။

ထို့ကြောင့် သူတို့အဖွဲ့သည် ထုပ်ပိုးပြီး ခရီးစတင်ထွက်ကြသည်။ ဟိန်းသံ လေးအပါအဝင် အိပ်မက်လေးနှင့် ပန်းလေးတို့လည်ပါကြသည်။ သူမဘေးတွင် သူတို့ရှိပါက ရှီမာယူယူ စိတ်ချသည်။

ဝူလင်းယူပြန်လာချိန်တွင် ဟော်ရှီ ထွက်သွားကြောင်းသိသောအခါ ခေါင်းညိတ်ပြီး ပြောလိုက်သည် “တကယ်သတ္တိနည်းတာပဲ အပြင်ထွက်လေ ပို ကောင်းလေပဲ.. ဘယ်လိုပဲဖြစ်ဖြစ် သူမကိုကာကွယ်မယ့်လူတွေများတော့ မတော်တဆဖြစ်မှာကို စိုးရိမ်ဖို့မလိုတော့ဘူး”

“အင်း ကျွန်မလည်း အဲလိုတွေးတာပဲ” ရှီမာယူယူသည် ဝူလင်းယူကို မှီ လိုက်သည် “ကျွန်မတို့မိသားစုက သူမကိုတစ်သက်လုံး ကာကွယ်ပေးနိုင်ပေမဲ့ မှီခိုကင်းဖို့လည်းလိုသေးတယ်လေ”

“ရှောင်းသောင့်က ဘယ်မှာလဲ”

“ရတနာရှာမယ်ဆိုပြီး သူမသူငယ်ချင်းတွေနဲ့ ထွက်သွားလေရဲ့” ဝူရှောင်း သောင့်၏ စိတ်လှုပ်ရှားနေသည့် အကြည့်ကိုတွေးမိသည်နှင့် မပြုံးဘဲမနေနိုင် ပေ။

သူမသည် ကံဆိုးပြီး ဤကဲ့သို့ အခြေအနေမျိုးတွင် အပိုင်းအစတချို့သာ ရပြီး တစ်ခါတရံတွင် ဘာမှမရတတ်သည်ကို ရှင်းလင်းစွာ သိသော်လည်း အလွန်ပျော်မွေ့ကာ အပြောင်းအလဲများရှိလာမလားဟု ကြည့်ချင်သဖြင့် သွားချင်နေသည်။

သူမ၏ စကားအရ ကံမကောင်းသည့်အရာမှာ အဆုံးသတ်ရှိတတ်စမြဲပင်။ ခဏကြာပြီးနောက် အပြောင်းအလဲရှိလာနိုင်သည်။

ထို့ကြောင့် သူမ၏သူငယ်ချင်းများမှ ‘ရတနာ’ ဟုပြောသည်ကိုကြားသည် နှင့် တခြားသူများထက် ပို၍တက်ကြွနေတတ်သည်။

“ကိုယ် မင်းအတွက် တစ်ခုယူလာတယ်” ဝူလင်းယူသည် သူမကို သေတ္တာ တစ်လုံးပေးရာ ရှီမာယူယူဖွင့်ကြည့်လိုက်ချိန်တွင် ဘာမှရှိမနေပေ။

ရှီမာယူယူသည် မျက်တောင်နှစ်ချက်ခတ်လိုက်သည်။ ဘာမှမရှိဘူးလား။

“ဒီသေတ္တာက လေဟာနယ်ရှေးဟောင်းပစ္စည်းပဲ.. ဒါနဲ့ပေါင်းစပ်ပြီးတော့ ဝိညာဉ်လေးကို နှိုးလို့ရမလားလို့ကြည့်လိုက်” ဝူလင်းယူသည် သူမကို ဆွဲဆောင်မှုရှိသောအပြုံးဖြင့် ပြောလေသည်။

ရှီမာယူယူ ပြုံးလိုက်၏။ ပြီးနောက် သေတ္တာယူကာ တံခါးပိတ်ကျင့်ကြံ လေသည်။

ကောင်းကင်တာအိုပြောင်းလဲစဉ်က ဝိညာဉ်လေးသည် ဝိညာဉ်စွမ်းအား များအားလုံး ဆုံးရှုံးခဲ့ရသဖြင့် အိပ်မောကျနေခဲ့သည်။ သူမ အံ့ဖွယ်အဆင့်ထိ တက်သည့်တိုင်အောင် သူ့ကိုမနှိုးနိုင်ခဲ့ပေ။ ယခုအခါ ဤပစ္စည်းရှိလျှင် သူ့ကို နိုးထအောင်လုပ်နိုင်လိမ့်မည်။

သူနိုးလာပြီး အထဲမှလူများအပြင်ထွက်နိုင်မည်ဖြစ်ပြီး ရှောင်ချီလည်း ဝင်သွားကာ အထဲတွင်ရှိသော ချင်ယိနှင့် အကြီးအကဲဖြူတို့ကို တွေ့နိုင်မည် ဖြစ် သည်။

နှစ်လကြာပြီးနောက် သူမသည် ကလေးငယ်ကို ပွေ့ဖက်ရင်းနှင့် တံခါး ပိတ်ကျင့်ကြံရာမှထွက်လာသည်။ သူ့ကိုကြည့်ရသည်ကိုပင် သားရဲများအလွန် ပျော်နေမိသည်။ အထူးသဖြင့် ရှောင်ချီသည် သူ့ကိုဖက်ပြီး အတင်းအကျပ်ပင် နမ်းရှုတ်နေသည်။

ဒီကောင် နောက်ဆုံးတော့ နိုးလာပြီပဲ…

All Chapters