← Chapters

အရန်ဇာတ်လမ်း ၅ ရွှမ်ချုံးဟော်

Vol. 165 Ch. 2310

အရန်ဇာတ်လမ်း ၅ ရွှမ်ချုံးဟော်

Vol. 165 Ch. 2310

ကျွန်တော် သူမကို တွေ့တုန်းက သူမကလှမှာပဲဆိုတာ သိနေခဲ့တယ်။

အဲတုန်းက မမြင်ခဲ့ရပေမဲ့ သူမအသံကို ကြားလိုက်တဲ့အချိန်မှာ သေချာ သွားတယ်။ သူမရဲ့အသံကချမ်းမြေ့စေပြီးတော့ ဝိညာဉ်ကလည်း သန့်ရှင်းနေခဲ့ တယ်။ ကျုပ်လည်း သူမအနားမကပ်ဘဲ မနေနိုင်ခဲ့ဘူး။

အဲတုန်းက အဂ္ဂိရတ်အသင်းကြီးရဲ့ ဆေးဥယျာဉ်ထဲမှာလေ။ ဆေးပစ္စည်း တွေအခိုးခံရလို့ သူတို့က အတားအဆီးလုပ်ခိုင်းခဲ့တာ။ ကျုပ် အတားအဆီး စီမံ ပြီးသွားတော့ အဲအထဲက ကောင်းကင်နဲ့မြေကြီး ဝိညာဉ်စွမ်းအားတွေကို စုပ်ယူ နေလိုက်တယ်။ ကျုပ်နိုးလာတော့ အတားအဆီးကို လူတစ်ယောက် ဖြတ်ဝင် လာတာကို ခံစားမိလိုက်တယ်။

ကျုပ် သူမကိုတားနိုင်ပါတယ်၊ ဒါပေမဲ့ မတားခဲ့ဘူး။ သူမက ဘာကြောင့် ကျုပ်အတားအဆီးကို ဖြတ်နိုင်လဲဆိုတာ ကြည့်ချင်တယ်။ ဘာလို့… သူမက သူခိုးအလုပ်လုပ်ခဲ့တာကိုတောင် နည်းနည်းမှ အပြစ်ရှိစိတ်မခံစားရဘဲ အော်ဟစ်နေလိုက်သေးတယ်။

သူမက ဗုဒ္ဓမှိုခိုးဖို့လာခဲ့ပြီးတော့ ဗုဒ္ဓမှိုကို မတွေ့ခင်အထိ မြေပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး အချိန်ကြာကြီး တူးဆွနေခဲ့တယ်။

ဗုဒ္ဓမှိုက အရမ်းထူးခြားတယ်။ သေတ္တာတစ်လုံးထဲထည့်ထားရင်တောင် သူ့ရောင်ဝါကို လုံးဝဖုံးဖိလို့မရဘူး။ အဲအချိန်မှာ လူတိုင်းက ဗုဒ္ဓမှိုကို နေရာတိုင်း မှာရှာနေကြတာ။ ဒါပေမဲ့ အကျိုးမရှိပါဘူး။ သူတို့တွေ ဒီမှာလာဖွက်ထားလိမ့် မယ်လို့ ကျုပ်လည်းထင်မထားဘူး။ ဗုဒ္ဓမှိုရဲ့ မူလရောင်ဝါက ဒီမှာရှိတာဆိုတော့ ဒီမှာလာဖွက်ထားရင် ဘယ်သူမှ သိမှာမဟုတ်ဘူးလေ။

အဲကောင်မလေးက ဗုဒ္ဓမှိုကိုတူးပြီးသွားတော့ ဘေးနားက ဆေးပင်တွေ ပေါ်ကို မြေတင်သွားတာတွေ့လိုက်ရတယ်ထင်ပါတယ်။ ဆေးပင်တွေပေါ်က မြေတွေကိုဖယ်ပြီး ဆေးပင်အရွက်တွေကို အသာလေးသုတ်ပေးနေတယ်။

သူမက အသက်တွေကို တန်ဖိုးထားတတ်တဲ့လူပဲ။ သူမရဲ့မျက်လုံးထဲမှာ ဆေးပင်တွေကပါ သူတို့အသက်နဲ့သူတို့ရှိတဲ့ပုံပဲ။

အဲဒါကိုကြည့်ပြီး ကျုပ် မပြောဘဲမနေနိုင်ခဲ့ဘူး “ဒါက ဗုဒ္ဓမှိုကြီးလာခဲ့တဲ့ နေရာပဲ”

သူမက ထိတ်လန့်သွားပုံပဲဗျ၊ ဒါပေမဲ့ တစ်ခဏပါပဲ ပြီးတာနဲ့ ကျုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်လာတယ်။ သူမက ကျုပ်စကားတွေကြောင့် ကြောက်လန့်သွားတာတို့၊ ရှက်ရွံ့သွားတာတို့ လူမိသွားလို့ ဆုံးရှုံးလိုက်ရမှာမျိုး တွေမရှိဘူး။

“ရှင်က ဘယ်သူလဲ ဘယ်တုန်းကလာတာလဲ” သူမ ကျုပ်ကိုမေးခဲ့တယ်။

သူမရဲ့အသံက နားဝင်ချိုလွန်းလို့ ကျုပ်ကိုတောင် သက်တောင့်သက်သာ ဖြစ်စေတယ်။

ကျုပ်က ဒီမှာတစ်ချိန်လုံးရှိနေတာကို ပြောပြခဲ့ပြီး တခြားရည်ရွယ်ချက် မရှိလို့ ကျုပ် နာမည်ကိုတောင် သူမကိုပြောပြခဲ့သေးတယ်။ ကျုပ်က မျက်စိ မမြင်ရသလို လမ်းလည်းမလျှောက်နိုင်တော့ သူမက ကျုပ်ကို သနားသလို ပြော ခဲ့တာပါ။

ကျုပ်တို့ စကားခဏပြောပြီးသွားတော့ သူမ ထွက်သွားတာပဲ။ မကြာခင် မှာပဲ သူမသတင်းရောက်လာတယ်။ သူမမှာ နီရဲပျားရှိတာကို ကျုပ်သိတော့ အကူအညီတောင်းတော့လည်း သူမ သဘောတူခဲ့တယ်။ အခြေအနေတွေ ရှုပ်ထွေးနေတဲ့အောက်မှာ အပေးအယူတစ်ခုဖြစ်ထားဖို့ သူမ ပြောခဲ့တယ်။ ဒါပေမဲ့ ကျုပ်ကတော့ သူငယ်ချင်းတစ်ယောက်က တောင်းဆိုတာပါလို့ပဲ ပြန် ဖြေခဲ့တယ်။

ဟုတ်တယ်.. ကျုပ် သူမနဲ့ သူငယ်ချင်းဖြစ်ချင်တယ်။

အစတုန်းကတော့ သူငယ်ချင်းဖြစ်ချင်ရုံတင်ပါ။

ဒါပေမဲ့ နောက်ကျတော့ ထာဝရရှင်သန်သူနယ်မြေ၊ ရှေးဟောင်းသတ္တု တွင်းတွေမှာ သူမနဲ့ တစ်ခါပြီးတစ်ခါ ဆက်သွယ်ပြီးတော့ သူမနဲ့ကုန်ဆုံးရတဲ့ အချိန်တွေ ပိုပိုများလာတယ်။ ကျုပ်ရင်ထဲမှာလည်း သူမနေရာက ပိုပိုပြီး နက်ရှိုင်းလာတယ်။ နောက်တော့ သူမက ကျုပ်ကိုဆေးကုပေးချင်တယ်လို့ပြော တော့ ၅ နှစ်ကြာမယ်ဆိုတာတောင် ကျုပ်သဘောတူခဲ့တာပေါ့ဗျာ။

အဲဒီ ၅ နှစ်တာကာလမှာ ကျုပ်ဘယ်လို ခံစားချက်တွေဖြစ်နေလဲဆိုတာ ဘယ်သူမှမသိကြဘူး။ အဲဒါတွေထက် ကျုပ်မြင်ချင်တယ်ဆိုတာက ကမ္ဘာကြီး ကို မဟုတ်ဘဲ သူမဖြစ်နေတာပါ။

သူမ မိသားစုကိုလာပြီး ကျုပ်ကိုဆေးကုမယ်ဆိုတော့ ကျုပ်အဖေနဲ့ မျိုးနွယ်က ကျုပ်ကိုလက်ထပ်ဖို့ သူမကို ဖိအားပေးနေတာကို ကြားခဲ့တယ်။ သူတို့က ကျုပ်ကို သူမနဲ့လက်ထပ်စေချင်နေတာပဲ။ အမှန်အတိုင်းပြောရရင် အဲဒီစကားကိုကြားတုန်းက ကျုပ်ဘဝမှာ အပျော်ရွှင်ဆုံးအချိန်ဖြစ်ခဲ့တာပါ။ ထာဝရရှင်သန်သူနယ်မြေမှာ ကျုပ်တာအိုကို နားလည်သွားတုန်းကထက် ပိုပျော်ခဲ့တာ။

ကျုပ်သာ သူမကိုလက်ထပ်ရရင်.. ဒီအတွေးတစ်ခုတည်းကတင် ကျုပ်ကို စိတ်လှုပ်ရှားစေတာ။ ဒါပေမဲ့ သူမက တွေဝေခြင်းမရှိ ငြင်းဆန်ခဲ့တယ်။ သူမရဲ့ အပြုအမူက ကျုပ်ရဲ့ကျန်တဲ့ဘဝမှာ သူမနှလုံးသားထဲ ဝင်ခွင့်မရှိတော့ဘူးဆို တာကို သိစေခဲ့တယ်။

ကျုပ်က သူမရဲ့သူငယ်ချင်းပဲ။ သူမရဲ့သူငယ်ချင်းပဲ ဖြစ်ခွင့်ရှိတယ်။ ထပ်ပြီးမမေးတော့နဲ့။ အဲဒီတော့ ကျုပ်က သူငယ်ချင်းတွေ လုပ်လို့ရတာပဲ လုပ် ခွင့်ရှိတယ်။

ကျုပ်က ကျုပ်အဖေအပြစ်ပေးတာကို ခံယူပြီးတော့တောင် သူမ အံ့ဖွယ် ဆေးရအောင် ကူညီပေးခဲ့တယ်။ သူမပျော်နေသရွေ့ ကိစ္စမရှိပါဘူး။

ဒါပေမဲ့ ကျုပ်မပျော်ဘူး။ ကျုပ်နှလုံးသားကို အပ်တွေနဲ့ဝိုင်းထိုးသလိုမျိုး နာကျင်နေခဲ့တာ။

ရိုးရိုးသားသားနဲ့ သဘောထားကြီးကြီးနဲ့ပြောရမယ်ဆိုရင် ကျုပ်ရဲ့မူလ ရည်ရွယ်ချက်ကို မမေ့ခဲ့ဘူး။

ဒါက ထာဝရရှင်သန်သူနယ်မြေမှာ ကျုပ်နားလည်လာတဲ့ တာအိုပဲ။ ရွှေ ရောင်စာလုံးတွေက ကျုပ်ခန္ဓာကိုယ်ထဲမှာအမြစ်တွယ်နေပြီးတော့ ကျုပ်ရဲ့ ကျင့်ကြံမှုကို အရှိန်မြင့်သွားစေတယ်။ ဒါပေမဲ့ ကျုပ်တာအိုကို လွဲချော်သွားစေ တယ်။ ကျုပ် မြင့်မြတ်မှုတွေနည်းသွားပြီး မူလရည်ရွယ်ချက်ကို မေ့လာခဲ့တယ်။ ပိုလိုချင်လာတယ်။

ဒါပေမဲ့ ကျုပ်ဘာမှမလုပ်ခင်မှာပဲ သူမ ပေါက်ကွဲပြီး ကျုပ်မျက်စိရှေ့မှာ တင် သေသွားတာကိုမြင်ခဲ့ရတယ်။

သူမ သေသွားပြီး သူမရဲ့ခန္ဓာကိုယ်ကလည်း အစိတ်စိတ်အမွှာမွှာဖြစ် သွားခဲ့တယ်။ ကျုပ် မှင်တက်ပြီးတော့ ကိုယ်မြင်ရတာကိုတောင် မယုံတော့ဘူး။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူမက ဘယ်လိုလုပ်သေနိုင်မှာလဲ။ သူမလို လူမျိုးက ဘယ်လိုလုပ်သေနိုင်မှာလဲ။

ကျုပ်စိတ်တွေရှုပ်သွားပြီး ရောင်ဝါတွေလည်းရှုပ်လာတယ်။အဲဒါကြောင့် ကျုပ်ရင်ဘတ်မှာ လာတစ်နေတဲ့ သွေးတွေအန်ချလိုက်ရင် ပိုပြီးသက်တောင့် သက်သာဖြစ်မလားလို့ ခံစားလာရတယ်။ ဒါပေမဲ့ ကျုပ်ခန္ဓာကိုယ်ကို ထပ်ပြီး မစောင့်ရှောက်နိုင်တော့ဘူး။ ကျုပ် အဲဒီကိုသွားချင်တယ် ဒါပေမဲ့ ကျုပ်ဘေးနား ကလူတွေက တားထားကြတယ်။

ကံကောင်းလို့ ကံကောင်းလို့.. အဲအချိန်မှာ ဝူလင်းယူ ရောက်လာတယ်။ အရင်ကဆိုရင် ကျုပ် သူ့ကိုအရမ်းမုန်းခဲ့တာ။ ဒါပေမဲ့ ဒီတစ်ခါတော့ အရမ်းကို ကျေးဇူးတင်မိတာပါ။

သူက အချိန်တွေ နောက်ပြန်ရစ်ပြီး မပေါက်ကွဲခင် သူမရဲ့မူလခန္ဓာကိုယ် အတိုင်းပြန်ဖြစ်အောင်လုပ်ခဲ့တယ်။ ဒါပေမဲ့ သူမအသက်ကို မကယ်နိုင်ခဲ့ဘူး။ ဖန်မျိုးနွယ်ခေါင်း‌ဆောင်နဲ့ ရင်လင်းတို့လည်း သူမကိုကယ်ဖို့ရောက်လာခဲ့ တယ်။

နောက်တော့ ကျုပ် ရှီမာအိမ်တော်ကိုသွားတော့ လျှို့ဝှက်အခန်းထဲမှာ အသက်မဲ့နေတဲ့ သူမရဲ့ခန္ဓာကိုယ်လှဲလျောင်းနေတာကိုတွေ့ခဲ့တယ်။ သူမရဲ့ ဝိညာဉ်က တစ္ဆေလောကကို သွားနေတာကြောင့် မနိုးလာတာပါ။

ကျုပ် ကျုပ်ရဲ့ဝိညာဉ်တစ္ဆေကို အရမ်းမုန်းတယ်။ အဲတုန်းကသာ သန်မာနေရင် ပညာရှိစံအိမ်တော်ရဲ့ စံအိမ်တော်သခင်ကိုနိုင်မှာပဲ။ သူမလည်း ယုံကြည်မှုစွမ်းအားကြောင့် ဒီလိုမျိုးဖြစ်မှာမဟုတ်ဘူး။

“မင်း ပိုသန်မာချင်လား.. မင်းသန်မာလာရင် သူမကိုကယ်နိုင်မယ်.. မင်းက သူမ တစ်ချိန်လုံး ဒီလိုမျိုးသေနေမှာကို မလိုချင်ဘူး ဟုတ်တယ်မလား” ကျုပ်ခန္ဓာကိုယ်ထဲက အသံက တိုးတိုးလေးပြောလာတယ်။

အဲတုန်းက ကျုပ်ဘာပြောလိုက်လဲတော့ မမှတ်မိဘူး။ ဒါပေမဲ့ ခဏ အတွင်းမှာပဲ ကျုပ်သဘောတူခဲ့တယ်။ ပြီးတာနဲ့ ချိပ်စည်းပြိုကျပြီး အဲဒါက ကျုပ်ခန္ဓာကိုယ်ထဲဝင်သွားတာပဲ။

နောက်တော့ သူက ကျုပ်ခန္ဓာကိုယ်ကို အချိန်တော်တော်များများ တာဝန် ယူပေးခဲ့တယ်။ အဲအချိန်မှပင် တိုင်းပြည်တစ်ခွင်မှာ ပြေးလွှားလှုပ်ရှားနေခဲ့တဲ့ အနက်ဝတ်လူတွေက မိသားစုကို အဲလိုလုပ်ဖို့ ကြိုးကိုင်နေခဲ့တယ်ဆိုတာကို သိခဲ့ရတယ်။

သူက ကျုပ်ခန္ဓာကိုယ်ကို သုံးပြီး သူမကိုထိခိုက်အောင်လုပ်ခဲ့တယ်။ အဲဒါ က ကျုပ်ချဖူးတဲ့ ဆုံးဖြတ်ချက်တွေထဲမှာ အမှားဆုံးပဲ။

ဒါပေမဲ့ နောက်ပိုင်းကျတော့ ကျုပ် ချဖူးတဲ့ဆုံးဖြတ်ချက်တွေထဲမှာ ကံအကောင်းဆုံးလို့ ခံစားလာရတယ်။

ဘာလို့လဲဆိုတော့ သူ ကျုပ်ခန္ဓာကိုယ်ထဲဝင်လာပြီးတော့ ဧကရာဇ် ချင်းဒေါင်ရဲ့ ရောင်ဝါတူရှိနေတဲ့ သူမရဲ့အတွေးတွေကို အာရုံခံမိလာတယ်။ ကျုပ်တို့နှစ်ယောက်မှာ တစ်ယောက်တည်းရဲ့ ရောင်ဝါရှိနေတော့ ကောင်းကင် တာအိုက တစ်ဦးတည်းဆိုပြိးအသိအမှတ်ပြုခဲ့တယ်။ သူမက ကစဥ့်ကလျား ကမ္ဘာကိုဖွင့်တော့ ကောင်းကင်တာအိုရဲ့ ပိတ်လှောင်တာကိုခံခဲ့ရတယ်။ အဲလိုနဲ့ ကျုပ် သူမဘေးကိုသွား၊ သူမကိုတွန်းထုတ်ပြီး သူမအစားဝင်ပြီး ကောင်းကင် တာအိုရဲ့ ပိတ်လှောင်တာကိုခံလိုက်တယ်။

သူမ အသက်ဆုံးရှုံးလိုက်ရတော့မယ့် အချိန်မှာ ကျုပ်ကို မှတ်မိလို့ ကျုပ် အရမ်းပျော်တယ်။ သူမ ကျုပ်ကို ‘ဟော်’ လို့ခေါ်တယ်။ ကျုပ်ဆိုတာကို သူမ သိ တယ်။ ပြီးတော့ အဲဒါကပဲ ကျုပ်ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့်ရလာစေတယ်။ ကျုပ် သူမကိုပြုံးပြပြီး တွန်းထုတ်လိုက်တယ်။ ကျုပ်အင်အားတွေ သူမနေရာမှာ ပဲ ပျောက်ကွယ်သွားတော့တယ်။

သူမက လမ်းကြောင်းကိုတောင် ဆောက်ပြီးပြီလေ။ ကျုပ်က လမ်းကြောင်းကို လုံးဝပွင့်သွားအောင် မကောင်းဆိုးဝါးရဲ့စွမ်းအားနဲ့ တောင့်ခံခဲ့ တယ်။ ကျုပ်ခန္ဓာကိုယ် ပျောက်ကွယ်တာကို ကျုပ် မြင်တာပေါ့။ သူမ ကျုပ် နာမည်ကိုခေါ်တာလည်းကြားတယ်။ သူမရဲ့မျက်ရည်တွေနဲ့ မလိုလားမှုကို လည်း မြင်တယ်။

မင်း အသက်ရှင်နေသေးလို့ တော်ပါသေးတယ်။

ဒါပေမဲ့ နှုတ်ဆက်ပါတယ်…

ကျုပ်ရဲ့အသိစိတ်ပျောက်ကွယ်သွားတယ်။ ကျုပ်သေသွားပြီလို့ ထင် လိုက်ပေမဲ့ တကယ်မသေဘူးထင်ပါတယ်။ ကျုပ် အဖြူရောင်လောထဲကို ဆွဲခေါ်ခံလိုက်ရပြီး အတိတ်တွေ၊ ကျုပ်က ဘယ်သူဘယ်ဝါလဲဆိုတာ မေ့သွား တယ်။

ကျုပ်လက်ဖဝါးပေါ်ကို မျက်ရည်ခပ်နွေးနွေးကျလာတယ်။ ပြီးတော့ ကျုပ်နှလုံးသားက အချိန်ဘယ်လောက် ဆွဲခံနေရလဲမသိဘူး နောက်ဆုံးမှ အတက်အကျကို ခံစားမိလာတယ်။ ကျုပ်မျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်ရည်တွေဝဲနေတဲ့ မျက်နှာကိုမြင်လိုက်ရတယ်။

“ဘာလို့ငိုနေတာလဲ” ကျုပ် သူမကို မေးခဲ့တယ်။

“ကျွန်မလည်းမသိဘူး.. ရှင့်ကိုမြင်တော့ ငိုချင်လာတာ တစ္ဆေလေး ရှင့် နာမည်ဘယ်လိုခေါ်လဲ”

တစ္ဆေလေးလား။ အဲဒါကျုပ်လား။ ကျုပ်က တစ္ဆေလေးဖြစ်နေတာလား။

ကျုပ်ခေါင်းခါလိုက်တယ် “ကျုပ်နာမည်ကဘာလဲ မင်းနာမည်ကဘာလဲ”

“ကျွန်မနာမည်က ဟော်ရှီပါ” သူမ ပြောခဲ့တယ်  “ရှင့်နာမည်က ဟော်မလား”

ဟော်ဆိုတဲ့နာမည်က အရမ်းကိုနူးညံ့တယ်လို့ထင်တယ် ဒါပေမဲ့ ကျုပ် သူမကို မေးလိုက်တယ် “ဘာလို့လဲ”

“ကျွန်မနာမည်က ဟော်ရှီ ရှင့်နာမည်က ဟော်ဆိုတော့ ရှင်က ကျွန်မ အပိုင်လို့ဆိုလိုတာပဲ” သူမက ပြုံးပြိးပြောခဲ့တယ်။

သူမရဲ့ ပြုံးနေတဲ့ မျက်နှာလေးကိုကြည့်ပြီး ကျုပ်ခေါင်းညိတ်ပြီး ပြောခဲ့ တယ် “ဟုတ်ပြီလေ”

ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကဘယ်သူဘယ်ဝါလဲဆိုတာကိုမှမသိတာ။ ကျုပ် ကိုသူမအပိုင်လို့ပြောရင် သူမအပိုင်ပဲ။ အဖြူရောင်လောကကြီးထဲမှာ နေရတာ ထက်စာရင်ကောင်းတာပေါ့။

သူမက ပိုပြီးပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးပြခဲ့တယ်။ ကျုပ်စိတ်လည်း ပျော်လာ တယ်။ ကျုပ်နှလုံးသားထဲမှာ တစ်ခုခု ပျောက်ဆုံးနေတယ်လို့ အမြဲခံစားရပြီး တော့ သူမရဲ့ပြုံးနေတဲ့မျက်နှာလေးကို မြင်လိုက်ရတဲ့အချိန်မှာတော့ လစ်ဟာ နေတဲ့ ကျုပ်နှလုံးသား ပြန်ပြည့်သွားသလိုပဲ။

All Chapters