တစ်လှေတည်းစီး
Vol. 52 Ch. 734
အခန်း (၇၃၄) တစ်လှေတည်းစီး
ထိုအချိန်မှာပင်...
ကောင်းကင်အက်ကွဲကြောင်းတွင် ပြောင်းလဲမှုများ ဖြစ်လာသည်။
အနာသတ်အစွန်းများတွင် တောက်ပနေသည့်အလင်းတန်းများထဲတွင် ကမ္ဘာဖြတ်လမ်းကြောင်းပုံပျက်ခြင်းစွမ်းအားက လွှမ်းမိုးနိုင်စွမ်းမြင့်မားစွာဖြင့် အတော်အတန်တည်ငြိမ်သော တွန့်ခေါက်နယ်မြေတစ်ခု ဖန်တီးထားနိုင်ပြီး ကြီးမားသောဖိအားကို ထုတ်လွှတ်လျှက် ရှိသည်။
အဆက်မပြတ်လှုပ်ခတ်နေသည့်ပတ်ဝန်းကျင်တွင် တည်ငြိမ်မှုနှင့်မျှခြေက အလွန်အမင်းထိရှပျက်ဆီးလွယ်သော်လည်း ယာယီအားဖြင့်တော့ အဆင်ပြေလေသည်။ ထိုတွန့်ခေါက်နေရာတွင် ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့က အန္တရယ်ကင်းစွာ ရှိနေကြသည်။
ကောင်းကင်အက်ကွဲကြောင်းအလယ်ဗဟိုမှာတော့ တွင်းနက်နှင့်ဆင်တူသည့် တည်ရှိမှုတစ်ခု ဖြစ်ပေါ်နေပြီး ပရမ်းပတာ ဗလာနယ်စီးကြောင်းများ စီးဆင်းလျှက်ရှိသည်။ ထန်ကျင်းတို့အုပ်စုမှာ တွင်းနက်ထဲစုပ်ယူခံလိုက်ရပြီး ပရမ်းပတာလှိုင်းထန်နေသည့် ဗလာနယ်ထဲသို့ တွန်းပို့ခံလိုက်ရသည်။
ဤအချက်ကိုရိပ်မိသည်နှင့် ကွမ်းမင်ဂိုဏ်းမှသိုင်းကျင့်ကြံသူများ အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြသော်လည်း သူတို့ကိုသူတို့ တည်ငြိမ်အောင် အလျှင်အမြန် ကြိုးစားလိုက်ကြ၏။
“ဒီကောင်လေးရဲ့ လှည့်ကွက်တွေက ထူးဆန်းပြီး ထင်မှတ်မထားတဲ့အချိန်မှာ ဖြစ်လာတတ်တယ်ဆိုတာ ငါတို့အားလုံးသိကြတယ် ၊ ဒီလောက်သတိထားနေတာတောင်မှ သူ့လှည့်ကွက်ထဲ ကျသွားသေးတယ်”
ထန်ကျင်း စိတ်ပျက်လက်ပျက်ရေရွတ်လိုက်ချိန် အခြားသူများမှာလည်း ပို၍ ကြောက်ရွံ့လာသလို ခံစားလိုက်ကြရသည်။
“အောက်ဘုံကမ္ဘာကတက်လာတဲ့ ကောင်လေးတစ်ယောက်က ဘယ်လိုဖြစ်လို့ ဒီလိုမျိုးအံ့သြစရာလှည့်ကွက်တွေကို အဆုံးမသတ်ဘဲ အသုံးပြုနေလဲ မသိဘူး”
ခဏမျှ သတိလစ်ဟင်းသွားမှုကြောင့် ပရမ်းပတာ ဗလာနယ်စီးကြောင်းထဲ ပိတ်မိနေကြသည့် ထန်ကျင်းတို့အုပ်စုမှာ သူတို့ကိုယ်သူတို့ တည်ငြိမ်စေရန် ကြိုးစားရင်း လျှင်မြန်စွာ တုံ့ပြန်ခဲ့ကြသည်။
ဤနေရာသို့ လိုက်ပါလာသော ကွမ်းမင်ဂိုဏ်းသားတိုင်းက ကျင့်ကြံခြင်းအဆင့် မြင့်မားသူများ ဖြစ်ကြ၏။
သူတို့သာ ကြိုတင်ပြင်ဆင်မှုများ အပြည့်အဝ ပြုလုပ်ခဲ့လျှင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားဖန်တီးထားသော ပရမ်းပတာ ဗလာနယ်စီးကြောင်းများအတွင်း အလွယ်တကူပိတ်မိကြမည် မဟုတ်ပေ။
ရန်ကျောက်ကဲက ဤမြင်ကွင်းကို အေးအေးဆေးဆေးကြည့်နေသည့်တိုင် သူ၏စိတ်အာရုံတစ်ဝက်ကျော်က ကောင်းကင်အက်ကွဲကြောင်းအပြင်ဘက်သို့ ရောက်ရှိနေသည်။
ထိုအချိန် အချိန်ရေစီးကြောင်းနှင့်ဆင်တူသော ဓားအလင်းတန်း (၃)ခု ထွက်ပေါ်လာပြီး လမ်းကြောင်းအတိုင်း ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။
ပထမဆုံးတစ်ယောက်က ကျက်သရေရှိစွာ တင့်တယ်လှပသော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သေချာပေါက် ‘ခန်း’ သခင်မပင် ဖြစ်သည်။ သူမနံဘေးတွင် လူငယ်နှစ်ယောက်ရှိနေပြီး တစ်ဘောက်က ခမ်းနားတည်ကြည်သောအသွင်ရှိကာ တစ်ယောက်ကတော့ မောက်မာဝင့်ကြွားဟန်ရှိသည်။ ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်ဖြစ်ကြောင်း ရန်ကျောက်ကဲ မှတ်မိလိုက်သည်ပင်။
ရန်ကျောက်ကဲ အနည်းငယ် အံ့အားသင့်သွားပြီး...
“အရှေ့တောင်ထိပ်တန်းအရှင်သခင် အမျက်ထွက်မှာကိုမကြောက်ဘဲ တာ့ရွှမ်တိုင်းပြည်ကလူတွေ လှုပ်ရှားနေတာလား”
သို့သော် ချက်ချင်းပင် သဘောပေါက်သွားသည်။
“ကြည့်ရတာ ငါ့အကြောင်း ကောလဟလတွေကြားပြီး ငါ့ဇာစ်မြစ်ကို စစ်ဆေးချင်လို့ ဒီနေရာရောက်နေတာ ဖြစ်ရမယ်”
‘ခန်း’ သခင်မတို့ (၃)ယောက်ကတော့ ကွမ်းမင်ဂိုဏ်းမှလူများလိုမဟုတ်ဘဲ အရာအားလုံး ကြိုတင်ပြင်ဆင်လာကြသည်။ ကောင်းကင်အက်ကွဲကြောင်းအနား ချဉ်းကပ်လာသည်နှင့် သူမက ပထမဆုံး လှုပ်ရှားမှု ပြုလိုက်၏။ ရေစီးကြောင်းပမာဓားအလင်းတန်းက ရှည်လျားသောမြစ်တစ်စင်းပမာ နေရာတိုင်းသို့ ပျံ့နှံ့သွားပြီး ကောင်းကင်အက်ကွဲကြောင်းကို အေးခဲသွားစေသည်။
တောက်ပသောဓားအလင်းတန်းက နှေးကွေးစွာရွေ့လျားနေပြီး ကြောက်မက်ဖွယ်ရာတွင်းနက်ကြီးက ပုံရိပ်သေအလား အေးခဲသွား၏။
‘ခန်း’ သခင်မက ကောင်းကင်အက်ကွဲကြောင်းအတွင်းပိုင်းမှ ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း သူမအမူအရာက စိတ်ရှုတ်ထွေးနေဟန်ပင်။
ဘေးနားတွင်ရှိနေသည့် ခန်းကျင်းယွမ်က ခါးသက်စွာဖြင့်...
“အမေ... အဲဒီကောင်ကို ဒီ ဗလာနယ်ထဲမှ သတ်ပစ်လိုက် ၊ ဒါဆို ဘယ်သူမှ သတိထားမိမှာမဟုတ်တော့ဘူး ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင်တောင် သိမှာမဟုတ်တော့ဘူး”
‘ခန်း’ သခင်မက ခဏမျှစဉ်းစားရင်း တည်ကြည်လေးနက်သော မျက်နှာထားဖြင့်...
“မင်းတို့ ဒီမှာနေခဲ့ကြ...”
ပြောပြီးသည်နှင့် သူမက လေထဲသို့ ပျံသန်းထွက်ခွာသွားပြီး သူမလက်ထဲတွင် ကြေးမုံမှန်တစ်ချပ်နှင့်တူသည့် နှလုံးကာချပ်ပြားထွက်ပေါ်လာကာ သူမခန္ဓာကိုယ်ထက်တွင် ချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။
အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘နက်ရှိုင်းကြေးမုံချပ်ဝတ်’ ဖြင့် အကာအကွယ်ယူပြီးနောက် ‘ခန်း’သခင်မက ဓားကိုဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဓားအလင်းတန်းက ရှည်လျားသည့် မြစ်တစ်စင်းသဏ္ဌန် ပြောင်းလဲသွားသည်။
ဓားအလင်းတန်းက ကောင်းကင်အက်ကွဲကြောင်းတစ်ခုလုံးအား လွှမ်းခြုံသွားပြီး ရေများစီးဆင်းသွားသည့်ပမာ နေရာအကြားအလပ်မရှိ စီးဆင်းဝင်ရောက်သွားသည်။
တောက်ပသောဓားအလင်းတန်းအောက်တွင် တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲများဖြစ်ပေါ်လာပြီး ပုံပျက်နေသည့် ဓားနယ်မြေတစ်ခုဖြစ်တည်လာကာ ကမ္ဘာဖြတ်လမ်းကြောင်းနှင့်တစ်သားတည်းကျသွားပြီး ပတ်တန်းကျင်တစ်ခုလုံး စတင်တုန်ခါလာသည်။
မူလက တွန့်ခေါက်နေသောဗလာနယ်သည် တဖြည်းဖြည်းပြေပြစ်သွားပြီး နဂိုအခြေအနေအတိုင်း ပြန်ဖြစ်သွားသည်။ ကောင်းကင်အက်ကွဲကြောင်းသည်ပင် ပျောက်ကွယ်သွားလုမတတ် ထင်မှတ်ရ၏။
ဒါကိုမြင်တော့ ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်ရင်း...
“တကယ်တော်တာပဲ...”
ထို့နောက် ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအား ရေခဲချပ်ဝတ် ဝတ်ဆင်စေလိုက်ပြီး ဂဠုန်နဂါးလှံရှည်ကိုလည်း ကိုင်ဆောင်စေလိုက်သည်။
ရေစီးကြောင်းပမာ ဓားအလင်းတန်း စီးဆင်းဝင်ရောက်လာသည်နှင့်အမျှ အက်ကွဲကြောင်းလျှင်မြန်စွာပိတ်ဆို့သွားပြီး အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကြယ်တာရာချီစွမ်းအားအနှစ်သာရ အားကုန်သုံးကာ သူ့လက်ထဲမှလှံရှည်ကို အာရုံစိုက်ရင်း ထိုးစိုက်ချလိုက်သည်။
ရေစီးကြောင်းပမာ ဓားအလင်းတန်းတုန်ခါသွားပြီး ပိုးသားထက်တွင် အပေါက်တစ်ပေါက်ထွက်ပေါ်လာသည့်အလား ဓားအလင်းတန်းသည်လည်း ပေါက်ပြဲသွား၏။ ‘ခန်း’ သခင်မ၏ အချိန်ရေးစီးကြောင်းဓားကြောင့် အေးခဲသွားသည့် ကောင်းကင်အက်ကွဲကြောင်းတွင် ထိုအပေါက်က ပြစ်ချက်တစ်ခု ဖြစ်သွားသည်။
အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော နက်ရှိုင်းကြေးမုံချပ်ဝတ် လက်ထဲရှိနေပြီး နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်သိုင်းသူတော်စင် ‘ခန်း’ သခင်မက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထက်ပိုမိုစွမ်းအားမြင့်မားသည်မှာ သဘာဝပင်။ သူမအနေဖြင့် ကောင်းကင်အက်ကွဲကြောင်းတစ်ခုလုံးကို ပိတ်ဆို့ထားနိုင်သည်။
သို့သော် ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏စွမ်းအားရှိသမျှကို တစ်ချက်တည်းတွင် စူးစိုက်လိုက်သဖြင့် ရလဒ်ထွက်ပေါ်လာခြင်းပင်။
‘ခန်း’ သခင်မက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လှံချက်ကြောင့် အဖောက်ခံလိုက်ရသည့် သူမ၏ဓားအလင်းတန်းမှ အပေါက်ကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် သူမက အလျင်လိုခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါးလေသံဖြင့်...
“ကောင်းကင်ဘုံအက်ကွဲကြောင်းထဲမှာ မင်းကိုကာကွယ်ပေးဖို့ ရတနာတစ်ခုရှိတာ ငါသိတယ် ၊ ဒါပေမဲ့ အဲဒီပစ္စည်းက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မတဲ့လဲ”
နှစ်ဖက်လုံက မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေသည်။
ရေရှည်တွင် အာကာသဗလာနယ်ထဲ၌ ‘ခန်း’ သခင်မနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့က ကြံ့ကြံ့ခံထားနိုင်သော်လည်း ရန်ကျောက်ကဲကိုယ်တိုင် ၊ ဖန်းယွင်ရှန်းနှင့် အခြားသူများ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ကျန့်မုနတ်သစ်သားယပ်တောင်၏ကာကွယ်ပေးမှုက အကန့်အသတ်ရှိသည် မဟုတ်ပါလား။
ရန်ကျောက်ကဲ လှည့်ကြည့်လိုက်တော့ ထန်ကျင်းတို့အုပ်စုမှာလည်း ပရမ်းပတာ အချိန်နှင့် ဗလာနယ်စီးကြောင်းများအတွင်းမှလွတ်မြောက်ရန် ရုန်းကန်နေရသည်ကို တွေ့လိုက်ရသည်။
‘ခန်း’ သခင်မ၏လုပ်ရပ်က သူတို့ကိုပိုပြီး ဒုက္ခရောက်အခက်တွေ့စေသည်။
သူတို့က အချိန်နှင့်ဗလာနယ်စီးကြောင်းများကို တွန်းလှန်နေရသလို ‘ခန်း’ သခင်မ၏ ဓားအလင်းတန်းကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများကိုလည်း ကြံ့ကြံ့ခံနေကြရသည်။
ထန်ကျင်းလက်ထဲတွင် ရတနာကြေးမုံမှန်တစ်ချပ်ပေါ်လာပြီး ကြေးမုံမှန်အလင်းတန်းများတောက်ပလာကာ အဝေးတစ်နေရာမှ ဗလာနယ်ကို ထိုးဖောက်နေသည်။
ထိုကြေးမုံမှန်ကိုတွေ့တော့ ရန်ကျောက်ကဲ သဘောပေါက်သွား၏။
“ဒီ ကြေးမုံမှန်က ဒီလိုအလုပ်လုပ်တာကိုး ၊ သူတို့က နည်းလမ်းတစ်ခုခုသုံးပြီး လော့ကျီးထောင်တို့အုပ်စုနဲ့ဆက်သွယ်နေတာပဲ ၊ ဒီကြေးမုံကနေတစ်ဆင့် ကောင်းကင်အက်ကွဲကြောင်းနေရာကို လမ်းပြပြီး အထက်ဘုံကမ္ဘာကို ပြန်လာနိုင်ဖို့ ကြိုးစားနေတာလား”
တန်ကျင်း၏လုပ်ရပ်ကို သတိပြုမိတော့ ‘ခန်း’သခင်မလည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
သူတို့အားလုံး ရန်ကျောက်ကဲလက်ချက်ဖြင့် ပိတ်မိနေပြီး ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန်ကြိုးစားနေကြရသည်။ ထန်ကျင်းတို့အုပ်စုမှာလည်း သူမနှင့်တစ်လှေတည်းစီး ဖြစ်နေပေပြီ။
ကောင်းကင်အက်ကွဲကြောင်းအပြင်ဘက်တွင် ခန်းကျင်းယွမ်နှင့် ခန်းမောက်ရှန်းတို့မှာ မည်သို့မှမတတ်နိုင်စွာ အခြေအနေ စောင့်ကြည့်နေကြရသည်။
ခန်းကျင်းယွမ်မျက်လုံးများ လက်ခနဲတောက်ပသွားပြီး သွေးနီရောင် ဆူးချွန်တစ်ခု ထုတ်ယူလိုက်၏။
ဒါကိုမြင်တော့ ခန်းမောက်ရှန်းတုန်လှုပ်သွားပြီး...
“ဗလာနယ်ဖြတ်သွေးနီဆူးချွန်... မလုပ်နဲ့... ၊ ပရမ်းပတာ ဗလာနယ်စီးကြောင်းတွေထဲရောက်သွားရင် ဒီပစ္စည်းက ဘာဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူသိနိုင်မလဲ”
ခန်းကျင်းယွမ်က မုန်းတီးစွာဖြင့်...
“အမေတော့ ဘာမှမဖြစ်လောက်ပါဘူး ၊ ပြီးတော့... ဘာပဲဖြစ်လာဖြစ်လာ အဲဒီ ‘ရန်’ မျိုးနွယ်ကောင် တာဝန်ယူရမှာပဲ”
ပြောပြီးသည်နှင့် သူက ဆူးချွန်ကို အက်ကွဲကြောင်းအတွင်းသို့ လှမ်းပစ်လိုက်ရာ သွေးနီရောင်အလင်းတန်းများထွက်ပေါ်လာပြီး အထဲသို့ ဝင်ရောက်သွားသည်။
ဗလာနယ်ထဲသို့ သွေးနီရောင်အလင်းတန်းတစ်ခု ဝင်ရောက်လာကြောင်းတွေ့ရသည့်အခါ ‘ခန်း’ သခင်မက အံ့အားသင့်သွားသည်။
ရန်ကျောက်ကဲ ၊ ထန်းကျင်းနှင့်အခြားသူများလည်း မှင်တက်သွားသည်။
“ဒီပစ္စည်းက... ဗလာနယ်ဖြတ်သွေးနီဆူးချွန်နဲ့ ဆင်းတူနေတယ်”
အစပိုင်း အံ့အားသင့်သွားပြီးနောက် ရန်ကျောက်ကဲအတွေးများလျှပ်ပြက်သလိုလင်းလက်သွားပြီး လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ရာ နောက်ထပ် သွေးနီရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်ခွာသွားသည်။
ထိုအရာက သူကိုယ်တိုင်ပြုလုပ်ထားသည့် ‘သွေးမိစ္ဆာချပ်ပြား’ ဖြစ်သည်။
ဤ ရတနာက အရံအတားအမျိုးမျိုးကို ဖြတ်ကျော်ရာတွင် အသုံပြုနိုင်သလို အခြားသော အံ့သြဖွယ်ရာအသုံးဝင်မှုများလည်း ရှိနေသေးသည်။
ပရမ်းပတာ ဗလာနယ်စီးကြောင်းများကြားတွင် သွေးနီရောင်အလင်းတန်းနှစ် ဆုံတွေ့သွားသည်နှင့် ပြင်းထန်စွာပေါက်ကွဲထွက်ခြင်းမျိုးမရှိဘဲ ထူးထူးခြားခြားပေါင်းစပ်သွားကာ မတူညီသည့် အချိန်နှင့်နေရာ စီးကြောင်းများအားလုံးကိုလွှမ်းခြုံပြီး သွေးနီရောင်ဖန်သားပြင်တစ်ခု ဖြစ်တည်လာလေတော့၏။