← Chapters

ကုန်းယွင်ဖေး, မင်းအသက်ကို နုတ်ယူဖို့ ငါလာပြီ

Vol. 6 Ch. 77

ကုန်းယွင်ဖေး, မင်းအသက်ကို နုတ်ယူဖို့ ငါလာပြီ

Vol. 6 Ch. 77

အမှောင်ထုက တဖြည်းဖြည်းစိုးမိုးလာလေပြီ။

ဘန်းခနဲ အသံကျယ်တစ်ခု ထွက်ပေါ်လာပြီးနောက် ယဲ့ဖန်က သူ၏ ခြံတံခါးကို ဖွင့်ကာ ခြံဝန်းထဲသို့ ဝင်ရောက်လာသည်။

ထို့နောက် သူ အထိတ်တလန့်နှင့် တုန်လှုပ်သွားသည်။

*ဟာ*

သူ့ခြံဝန်းတစ်ခုလုံး ပျက်စီးနေသည်ကို သူ တွေ့လိုက်ရသည်။

ရှေးဟောင်း နှစ်ချို့ပင်ကြီးများလည်း ကျိုးကျနေကာ သစ်ပင်ပန်းမန်များလည်း အမြစ်ကနေ ဆွဲနှုတ်ခြင်း ခံထားရသည်။

အိမ်တံခါးသည်လည်း ကျိုးပဲ့နေပြီး သူ့အခန်းတွင်လည်း ရှုပ်ပွနေသည်။

ယခင်က လှပသော ရှုခင်းများ ယခု ပျက်စီးပျောက်ကွယ် သွားချေပြီ။ ထိုသည်သာမကသေး ကျိုးပဲ့သွားသော သစ်ပင်များပေါ်တွင် "ယဲ့ဖန် သေလိုက်တော့" ဟူသော စကားလုံးများ ရေးသားထားလေသည်။

*သေစမ်း*

တစ်ယောက်ယောက်က သူ့ခြံထဲဝင်ကာ ရှိသမျှအရာအားလုံးကို ဖျက်ဆီးသွားလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ယဲ့ဖန်မျက်နှာက အကြီးအကျယ် သုန်မှုန်လာသည်။

ယဲ့ဖန် အိပ်ခန်းထဲသို့ ပြေးဝင်လာသောအခါ သူ့စားပွဲပေါ်တွင် အနက်ရောင်ဆံပင်တစ်ချို့နှင့် စာရွက်တစ်ရွက်ကို တွေ့လိုက်ရသည်။

ချက်ချင်းပင် ယဲ့ဖန်၏ သူငယ်အိမ် ကျဉ်းမြောင်းလာသည်။

*လင်းလန်*

ဒီဆံပင်စလေးက လင်းလန်၏ ဆံပင်မှန်း သူ သေချာသိသည်။ ဒီဆံနွယ်မှရသော ရနံ့သည် လင်းလန်၏ ကိုယ်နံ့ ဖြစ်နေသောကြောင့်ပင်။

ယဲ့ဖန် စာရွက်ကို ချက်ချင်း ဖတ်လိုက်သောအခါ စာကြောင်းတစ်ကြောင်းသာ ပါသည်ကို တွေ့လိုက်ရသည်။ ထိုစာကြောင်းကတော့ "မင်း လင်းလန်ကို အသက်ဆက်ရှင်စေချင်သေးတယ်ဆို သံမဏိစက်ရုံပျက်ဆီကို ည ၈နာရီလာခဲ့၊ မင်းကို သတ်မဲ့သူက ကုန်းယွင်ဖေးပဲ"

*ကုန်းယွင်ဖေး*

*သံမဏိစက်ရုံပျက်*

အရင်တစ်ခါကလည်း ကုန်းယွင်ဖေး၏ အမိန့်ကြောင့် ကုန်းဝူက ဖေးချမ်ကို ပြန်ပေးဆွဲကာ သံမဏိစက်ရုံပျက်သို့ လာရန် ယဲ့ဖန်အား ပြောခဲ့ဖူးသည်။

ယခုအကြိမ်သည်လည်း ကုန်းယွင်ဖေး၏ လျှို့ဝှက်ပူးပေါင်းကြံစည်ချက်ပင် ဖြစ်ပြီး နေရာကလည်း အတူတူပင် ဖြစ်သည်။ သို့သော် ယခုအကြိမ် ပြန်ပေးဆွဲခံရသည့်သူက လင်းလန် ဖြစ်နေသည်။

"နောက်ဆုံးတော့ မင်း လူလုံးထွက်ပြပြီပဲ"

ယဲ့ဖန်က သွေးဆာနေသောဟန်ဖြင့် ရေရွတ်လိုက်သလို သူ့ပုံစံမှာလည်း အလွန်အမင်း ဒေါကန်နေသည့်ပုံပင်။

"ဒီလိုဆိုမှတော့ မင်း သေကိုသေရမယ်"

ထို့နောက် ယဲ့ဖန်သည် တစ္ဆေတစ်ကောင်ထဲသို့ ညအမှောင်တွင် ပျောက်ကွယ်သွားလေတော့သည်။

…

ထိုအချိန်တွင် သံမဏိစက်ရုံပျက်၌ မီးထိန်ထိန်လင်းနေပြီး မိန်းမလှလေးတစ်ယောက်က သံခုံပေါ်တွင် ကြိုးချည်ထားခြင်း ခံထားရသည်။

သူမကတော့ လင်းလန်ပင် ဖြစ်သည်။

လင်းလန်၏ မျက်နှာလေးသည် အရမ်းကို ဖြူဖတ်ဖြူရော် ဖြစ်နေရှာသည်။ ယခုအခါတွင်မှ သူမ ခံစားနေရသည့် အန္တရာယ်ရှိသလို ခံစားချက်က ကုန်းယွင်ဖေးကြောင့်မှန်း သူမ နားလည်လိုက်သည်။

"ကုန်းယွင်ဖေး… စိတ်ကူးယဉ်မနေနဲ့။ ယဲ့ဖန် လာမှာမဟုတ်ဘူး"

လင်းလန်က ခပ်တန်းတန်း အမူအရာဖြင့် ပြောလိုက်သည်။ သူမ ကုန်းယွင်ဖေးအား အင်မတန် စက်ဆုပ်ရွံရှာသည်။

သူမစကားကြောင့် ကုန်းယွင်ဖေးက ပြုံး၍ ပြန်ပြောလိုက်သည်။

"မင်းမှားနေပြီ။ သူ လာမှာ၊ သူ သေချာပေါက် လာကိုလာမှာ"

ကုန်းယွင်ဖေးက လင်းလန်အား တပ်မက်စွာ ကြည့်နေသည်။ ယခင်တုန်းက သူ လင်းလန်၏ အလှအပကို သတိမမူမိခဲ့ချေ။ ယခုမှ သူမက နတ်သမီးလေးသဖွယ် လှပသည်ဟု သူ ရုတ်ချည်း ခံစားလိုက်မိသည်။

သူက သွေးအေးသော်လည်း သူမကိုတော့ တစ်ဖက်သက် စိတ်ဝင်စားနေမိသည်။

"အိုး… ငါ့ရဲ့ သတို့သမီးလောင်းလေး၊ မင်း ဒီလောက်လှနေလိမ့်မယ်လို့ ငါ မသိခဲ့ရပါလား"

ကုန်းယွင်ဖေးက လင်းလန်အား ပန်းချီကားတစ်ချပ်သဖွယ် လောဘတကြီး ကြည့်နေသည်။

"လင်းလန် ငါပြောတာ နားထောင်၊ ယဲ့ဖန်က သေတော့မှာ။ ဒါပေမယ့် မင်းကိုတော့ ငါအသက်ရှင်ခွင့်ပေးမှာပါ"

ကုန်းယွင်ဖေးက အထက်စီးဆန်စွာ ပြောလိုက်သည်။

"မင်းက ငါ့သတို့သမီးလောင်းဆိုတော့ မင်း ငါ့ကို ချစ်ပါတယ်လို့ ပြောတာနဲ့ ငါ မင်းကို ခွင့်လွှတ်ပြီး မင်းနဲ့ လက်ထပ်ပေးမယ်။ မင်းကို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး မိန်းကလေးတစ်ယောက် ဖြစ်စေရမယ်။ ဘယ်လိုလဲ?"

ကုန်းယွင်ဖေးက ယုံကြည်မှု ရှိစွာ ပြောလိုက်သည်။ သူသည် ယဲ့ဖန်ထက် မိသားစု နောက်ခံအသိုင်းအဝိုင်း၊ အရည်အချင်းနှင့် ရုပ်ရည်ပါ သာလွန်ကောင်းမွန်သည်ဟု သူ့ကိုယ်သူ ယုံကြည်ထားသည်။

"ငါ့ကို ချစ်တယ်လို့ မင်း ပြောစမ်း"

ကုန်းယွင်ဖေးက လင်းလန်အား တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေသည်။

သို့သော် လင်းလန်က ရွံသလို ခံစားမိကာ သူမက ကုန်းယွင်ဖေးအား အရူးလို ကြည့်နေသည်။

"ငါချစ်တာ…"

သူပြောခိုင်းသည့်အတိုင်း လင်းလန် ပြောတော့မည်ဟု ထင်ကာ ကုန်းယွင်ဖေး ပြုံးစစဖြစ်လာသည်။

သို့သော် သူမ ထပ်ပြောလိုက်သည့် စကားနှစ်ခွန်းကြောင့် ကုန်းယွင်ဖေး၏ ပျော်မြူးနေသော မျက်နှာကြီး အီးမှန်သွားသလို ဖြစ်သွား၏။

"ယဲ့ဖန်"

လင်းလန်က တင်းမာသော မျက်နှာထားဖြင့် သူမ ထပ်ပြောလိုက်သည်။

"ငါချစ်တာ ယဲ့ဖန်"

*ဘာ*

သူမစကားကြောင့် ကုန်းယွင်ဖေး ချက်ချင်း ဒေါကန်လာ၏။ သူ၏ သတို့သမီးလောင်းက အခြား‌ယောကျ်ားတစ်ယောက်ကို ချစ်နေသည်ကို သူ လုံးဝ လက်မခံနိုင်ပါ။

"မဖြစ်နိုင်ဘူး၊ မင်း ယဲ့ဖန်နဲ့ နှစ်ကြိမ်ပဲ တွေ့ဖူးတာလေ၊ မင်း ဘယ်လိုလုပ် သူ့အပေါ် ခံစားချက်တွေ ရှိလာတာလဲ? ဒါ လုံးဝ မဖြစ်နိုင်ဘူး"

သူ၏ တုန့်ပြန့်မှုကြောင့် လင်းလန်က သူမ၏ ဘဝကို လုံးဝ ဂရုမစိုက်သကဲ့သို့ ရူးသွပ်စွာ ရယ်လိုက်သည်။

"နားမလည်ရင် ထပ်နားထောင်လိုက်၊ ငါ အတည်ပြောတာ။ ငါ သူ့ကို ချစ်တယ်။ သူက ငါချစ်ရတဲ့ ပထမဆုံးနဲ့ နောက်ဆုံးသူပဲ"

"သေစမ်း"

ကုန်းယွင်ဖေးထံမှ ရက်စက်သော အသွင်များ ဖြစ်ပေါ်လာပြီး သူ လက်ကို တစ်ချက် လှုပ်လိုက်သည့်အခါ၌ ရွှေအိုရောင် ဓားမြှောင်တစ်ချောင်းက သူ့လက်ပေါ်တွင် ချက်ချင်း ပေါ်လာသည်။

….

ထက်ရှလှသော ဓားသွားကို လင်းလန်၏ မျက်နှာလှလှလေးနား ကပ်ထားရင်း ကုန်းယွင်ဖေးက မျက်လုံးပြူးကာ ဒေါသတကြီးနှင့် ထပ်မေးလိုက်သည်။

"လင်းလန်… ဒါ မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ငါ့ကိုချစ်တယ်လို့ ပြောလိုက် မဟုတ်လို့ကတော့ မင်း အသေဆိုးနဲ့ သေရမယ်"

ရွှေအိုရောင်ဓားမြှောင်က အလွန့်ကို ထက်လှသည်။

သို့သော် သူမက တည်ငြိမ်စွာဖြင့် လှောင်ပြုံးပြုံးကာ "ငါယဲဖ့န်ကို ချစ်တယ်"

…

သူမ စကားကြောင့် ကုန်းယွင်ဖေး အသိစိတ် လွတ်သွားပြီး သူမ၏ မျက်နှာကို ဓားနှင့်မွှန်းလိုက်သည်။

သူမပါးပေါ်မှ သွေးများ စီးကျလာပြီး လင်းလန်၏ သေးသွယ်သော ကိုယ်လေးက ပြင်းထန်စွာ တုန်ယင်လာသည်။ သို့သော် သူမ တစ်ချက်ကလေးမှ မအော်ပေ၊ သူမက ကုန်းယွင်ဖေးက ပို၍ ရွဲ့တဲ့တဲ့အမူအရာဖြင့် "ငါ ယဲ့ဖန်ကို ချစ်တယ်"

….

သူမ မျက်နှာပေါ်၌ နောက်ထပ် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာပြီး သွေးများက ဒလဟော စီးကျလာသည်။

"ငါ ယဲ့ဖန်ကို ချစ်တယ်"

…

သူမ၏ အသံက စက်ရုံပျက်တစ်ခုလုံးသို့ ပျံ့လွင့်နေသည်။ သူမ၏ စကားတိုင်းက မသေခင် ယဲ့ဖန်အား နှုတ်ဆက်စကားပြောနေသလိုပင်။

သူမက သူမ၏ နောက်ဆုံးအချစ်ကို ယဲ့ဖန်အား ဝန်ခံလိုသည်။ မိနစ်ပိုင်းမျှသာ ကြာသော်လည်း လင်းလန်အတွက်ကတော့ ရာစုနှစ်လောက် ကြာသည်ဟု ထင်ရသည်။

သူမမျက်နှာပေါ်မှ ရှုပ်ယှက်ခပ်နေသော ဒဏ်ရာများနှင့်အတူ သွေးများကလည်း ရေတံခွန်သဖွယ် စီးကျနေသည်။

သို့သော်လည်း သူမက ပြုံး၍ "ငါ ယဲဖ့န်ကို ချစ်တယ်" ဟု ပြောနေဆဲပင်။

သူမ၏ စကားများကို ကြားရလေလေ ကုန်းယွင်ဖေး၏ မျက်လုံးက ပို၍ မီးဝင်းဝင်းတောက်လာလေလေ ဖြစ်သည်။ သို့သော် သူ ဆက်၍ ဓားနှင့် မမွှန်းတော့ဘဲ လင်းလန်အား မဲမှောင်နေသော မျက်နှာနှင့် ပြောလာသည်။

"ကောင်းပြီလေ၊ လင်းလန် မင်း သိပ်တော်တယ်။ မင်း သူ့ကို သိပ်ချစ်နေမှတော့ သူ ဘယ်လို အသေဆိုးနဲ့သေရမယ်ဆိုတာကို မင်းကို ပြမယ်"

ကုန်းယွင်ဖေး လက်ဖျောက်တစ်ချက်တီးလိုက်သောအခါ အမှောင်ထဲမှ အနက်ရောင်အရိပ်တစ်ခု ထွက်လာသည်။

ထိုအရိပ်ကို လင်းလန် ဇဝေဇဝါဖြင့် ကြည့်နေမိသည်။

သို့သော် ကုန်းယွင်ဖေး၏ မိတ်ဆက်သလို ပြောလိုက်သောစကားကြောင့် လင်းလန်၏ မျက်နှာက ချက်ချင်း ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။

"ဒါက စီနီယာ သွေးစွန်းတစ္ဆေလေ… လင်းလန် မင်း သူ့ နာမည်ကို ကြားဖူးမှာပါ"

*သွေးစွန်းတစ္ဆေ*

ချက်ချင်းပင် လင်းလန်၏ လှပသော မျက်ဝန်းလေးများက ထိတ်လန့်တကြားနှင့် တုန်လှုပ်လာပြီး အော်ဟစ်လိုက်သည်။

"ကုန်းယွင်ဖေး ရှင် ယဲ့ဖန်ကို ရင်ဆိုင်ဖို့ သွေးစွန်းတစ္ဆေကို ခေါ်လာတယ်ပေါ့လေ"

ကျန်းရှီမြို့၏ နံပါတ်တစ် အလှလေးဖြစ်သော်လည်း လင်းလန်သည်လည်း တရုတ်ပြည်တောင်ပိုင်း၏ သခင်မလေးတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သွေးစွန်တစ္ဆေ၏ နာမည်ကို သူမ ငယ်စဉ်ကတည်းက ကြားဖူးသည်။

*သူက တကယ့်ကို ကြမ်းတမ်းတဲ့ နတ်ဆိုး နတ်ဘုရားပဲ*

လင်းလန်၏ မျက်လုံးတွင် အကြောက်တရားများနှင့် ပြည့်နှက်နေသည်။

သူမ သေရမည်ကို မကြောက်သော်လည်း ယဲ့ဖန် သေသွားမှာကိုတော့ သူမ စိုးရွံ့မိသည်။

"ဘယ်တော့မှ လာမှာ မဟုတ်ဘူး၊ ယဲ့ဖန် ဘယ်တော့မှ လာမှာ မဟုတ်…"

လင်းလန် စတင်၍ ငိုကြွေးလာကာ ဘုရားသခင်ထံမှ အကူအညီပေးပါရန် တောင်းပန် လာမိသည်။ ထိုအချိန်မှာပင် အလွန်မောက်မာသော အသံတစ်သံက စက်ရုံပျက်၏ အပြင်ဘက်မှ ထွက်ပေါ်လာသောကြောင့် သူမ မျက်နှာလေး ပြာနှမ်းလာသည်။

"ကုန်းယွင်ဖေး … မင်းအသက်ကို ယူဖို့ ငါလာပြီ"

All Chapters