မင်း သေချင်နေတာလား?
Vol. 6 Ch. 82
နောက်တစ်နေ့မနက်တွင် ကျန်းရှီမြို့၏ ထိပ်တန်းသခင်လေး လေးယောက်ထဲမှ တစ်ယောက်ဖြစ်သူ မိစ္ဆာသခင်လေး ကုန်းယွင်ဖေးတစ်ယောက် အသတ်ခံလိုက် ရသည့် သတင်းက တောမီးပမာ ပျံ့နှံ့သွားလေသည်။
ဤသတင်းကား ဟာရီကိန်းမုန်တိုင်းကဲ့သို့ မြို့၏ ချောင်ကြိုချောင်ကြား မကျန် ရောက်ရှိ သွားပြီး လူတိုင်းကို အံ့အားသင့်သွားစေသည်။
ကုန်းယွင်ဖေးကို တစ်စုံတစ်ယောက်က သတ်ရဲလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပါ။ ချက်ချင်းဆိုသလိုပင် လူသတ်သမားက မည်သူလဲဆိုတာ မြို့၏ ကလန်တိုင်း၊ လူတိုင်း၏ကြား၌ ရေပန်းအစားဆုံး သတင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။
…
ကုန်းယွင်ဖေးကို သတ်လိုက်သည့်သူက ဆေးရုံ၌ ရှိနေမည်ဟုလည်း မည်သူမျှ မထင်ထားခဲ့ကြပေ။
ဆေးရုံအခန်းတစ်ခန်း၏ ခုံ၌ ယဲ့ဖန် တိတ်ဆိတ်စွာ ထိုင်စောင့်နေသည်။
*လင်းလန် နောက်တစ်နာရီအတွင်း သတိရလာသင့်ပြီ*
ယဲ့ဖန်က လင်းလန်အား နတ်ဆိုးပြန်လည်ရှင်သန်ဆေးလုံး တိုက်ထားပြီးသော်လည်း ကုန်းယွင်ဖေး၏ ရွှေအိုရောင်ဓားမြှောင်ထိပ်မှ အဆိပ်ကြောင့် လင်းလန်က သတိလစ်နေဆဲ ဖြစ်သည်။
ထိုစဉ် စင်္ကြံလမ်းမီ ရင်းနှီးနေသော မိန်းမလှလေးတစ်ယောက်ကို ယဲ့ဖန် ဖျတ်ခနဲ မြင်လိုက်မိသည်။
*အန်းရှီ*
*သူမက ဘာလို့ ဒီရောက်နေတာလဲ*
ယဲ့ဖန် မသိမသာ မျက်မှောင်ကြုတ်လိုက်မိသည်။
ယခင်တုန်းက အန်းရှီသည် ယဲ့ဖန်၏အိမ်ကို တစ်ပတ်မှာ ၂ရက်လောက် လာ၍ သန့်ရှင်းရေး လာလုပ်ပေးလေ့ရှိသည်။ အခုတလောတော့ သူမကို သူ သိပ်မမြင်မိပါ။
*သူမ ဒုက္ခရောက်နေတာများလား*
ယဲ့ဖန် ထိုင်နေရာမှထကာ အန်းရှီဆီသို့ လိုက်သွားလိုက်သည်။ ထိုစဉ် အန်းရှီက တာဝန်ခံဆရာဝန်၏ ရုံးခန်းရှေ့၌ ရပ်လိုက်ကာ တံခါးခေါက်ပြီးနောက် အထဲဝင်သွားသည်။
ရုံးခန်းသည် အလွန် ကျယ်လှသည်။ အန်းရှီ ရုံးခန်းထဲ ဝင်လိုက်သည်နှင့် အနက်ရောင် မျက်မှန်ကိုင်းကို တပ်ဆင်ထားပြီး ဂျူတီကုတ် အဖြူရောင်ကို ဝတ်ထားသော ထိပ်ပြောင် ပြောင်နှင့် ဆရာဝန်တစ်ယောက်က တစ်ခုခုကို ရေးနေသည်။
ဤထိပ်ပြောင်ပြောင်နှင့် ဆရာဝန်ကို ကြည့်ပြီး အန်းရှီ အလွန်စိုးရိမ်ပူပန်နေသော အသံဖြင့် ပြောလိုက်သည်။
"ဒါရိုက်တာဝူ ကျွန်မမိဘတွေရဲ့ ရောဂါကို ရှင် ဘယ်တော့ ကုပေးမှာလဲဟင်?"
သူမအသံကြောင့် ဆရာဝန်က မျက်မှန်ကို ပင့်၍ မော့ကြည့်လာသည်။ အန်းရှီကို မြင်သောအခါ သူက ခပ်ဖွဖွပြုံးကာ ခေါင်းညိတ်၍ ပြောလိုက်သည်။
"အိုး ... အန်းရှီ မင်းရဲ့မိဘတွေက နတ်ဆိုးခြင်ကိုက်တာ ခံလိုက်ရတာလေ၊ ဒီခြင်က အရမ်း အဆိပ်ပြင်းတာ။ ရောဂါက ကုသဖို့တောင် အနိုင်နိုင်ရယ်"
သူ့စကားကြောင့် အန်းရှီ အရမ်း ဒေါသထွက်ကာ အော်ပြောလိုက်သည်။
"ဒါရိုက်တာဝူ ရှင်တို့ နတ်ဆိုးခြင်ရဲ့ အဆိပ်အတွက် အဆိပ်ဖြေဆေး ထုတ်ပြီးပြီ မဟုတ်ဘူးလား? လူနာတော်တော်များများ ဆေးကုပြီးလို့ ဆေးရုံကနေတောင် ဆင်းသွားပြီလို့ ပြောနေကြတာ"
*ဖြေဆေး*
ဒါရိုက်တာဝူက အေးအေးဆေးဆေးနှင့် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
"ငါတို့ တကယ် ဖြေဆေးကို ထုတ်ပြီးသွားပါပြီ။ ဒါပေမယ့် လူနာက များလွန်းတော့ ဆေးက မလောက်ဘူးဖြစ်နေတယ်၊ အဲ့ဒါကြောင့် မင်း စိတ်ရှည်ရှည်နဲ့ စောင့်ဖို့လိုတယ်လေ"
*ဘာ*
အန်းရှီ ပေါက်ကွဲလာသည်။ ဒီအဆိပ်အတွက် ဖြေဆေးဖော်ပြီးတာနှင့် လူနာတော်တော်များများ ပြန်ကောင်းလာမှန်း သူမ သိသည်။
ဒါရိုက်တာက သူမကို တမင်လှည့်စားနေခြင်း ဖြစ်သည်။
*ဒါပေမယ့် ငါ့မိဘတွေရဲ့ အခြေအနေက တဖြည်းဖြည်း ဆိုးရွားလာတယ်၊ သူတို့ ထိရောက်တဲ့ ဆေးကုသမှုမျိုး မရဘူးဆိုရင် သူတို့ ဒီညကိုတောင် ကျော်နိုင်မှာမဟုတ်ဘူး*
ထို့နောက် အန်းရှီက သူ့ကို တောင်းပန်လေတော့သည်။
"ဒါရိုက်တာဝူ ကျေးဇူးပြုပြီး ကျွန်မ မိဘတွေကို ကယ်ပေးပါ။ သူတို့ ဖျားနေတာ နှစ်ရက်တောင် ရှိနေပြီ။ သူတို့အခြေအနေကလည်း ပိုပို ဆိုးလာတယ်။ သူတို့ အချိန်မရွေး သေသွားနိုင်လို့ပါ"
အန်းရှီ အရမ်း ဝမ်းနည်းကာ တောင်းဆိုနေသည်။ ဒါရိုက်တာဝူက သူမကို ရိသဲ့သဲ့ကြည့်ကာ ပြောလာသည်။
"တကယ်တော့ မင်းရဲ့မိဘတွေကို ကုပေးဖို့ ငါတို့အတွက် မခက်ခဲပါဘူး"
ထိုသို့ပြောပြီး ဒါရိုက်တာဝူက အန်းရှီ၏ ကိုယ်လုံးလေးကို ကြည့်ကာ နှုတ်ခမ်းကို လျှာသပ်ပြီး "မင်းက တကယ့်ကို ကျန်းရှီအလယ်တန်းကျောင်းရဲ့ ဆင်းရဲတဲ့ အလှနတ်သမီးလေးပဲ။ ဘယ်လောက်တောင် လှလိုက်သလဲ၊ မင်း ကံကောင်းတယ်၊ သခင်လေးစစ်က မင်းကို အခုတလော စိတ်ဝင်စားနေတာ။ မင်း သူ့ကို တစ်ညတာ အဖော်ပြုပေးပါ့မယ်လို့ ကတိပေးတာနဲ့ ငါ မင်းမိဘတွေကို ကုပေးလို့ ရတယ်"
*သခင်လေးစစ်*
သူ့စကားကြောင့် အန်းရှီ ဒေါသထွက်လာသည်။ သခင်လေးစစ်သည် ကျန်းရှီမြို့၏ ထိပ်တန်းသခင်လေး လေးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး အသောက်အစား အပျော်အပါး၌ မွေ့လျော်သော သခင်လေးဟု နာမည်ကြီးလေသည်။
သူက အင်မတန် အပျော်အပါး မက်သည်။ သူ စိတ်ဝင်စားလိုက်သည့် မည်သည့်မိန်းကလေးမဆို သူ့လက်က မလွတ်နိုင်ပါ။
အခုတလော သခင်လေးစစ်က အန်းရှီကို အသည်းအသန် လိုက်နေသည်။ သို့ပင်မယ့် သူ ခဏခဏ အငြင်းခံရသည်။
သခင်လေးစစ် ဒီလောက် ယုတ်မာလိမ့်မည်ဟု အန်းရှီ ထင်မထားမိပါ။ သူက ဒါရိုက်တာဝူကို လာဘ်ထိုး၍ သူမမိဘတွေ၏ အသက်နှင့် သူမကို ခြိမ်းခြောက်စေခဲ့တာပင် ဖြစ်သည်။
အန်းရှီ၏ မျက်နှာလေးသည် ဒေါသကြောင့် မည်းမှောင်လာကာ ဒေါသတကြီး ပြန်ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး၊ အိပ်မက်မက်မနေနဲ့။ ကျွန်မမှာ ချစ်ရမယ့်သူ သက်သက်ရှိတယ်။ ကျွန်မ ဘယ်တော့မှ ဒါကို သဘောတူမှာ မဟုတ်ဘူး"
*မဖြစ်နိုင်ဘူး?*
အန်းရှီက သူပြောတာကို အသည်းအသန် ငြင်းဆန်နေတာကို တွေ့လိုက်ရသဖြင့် ဒါရိုက်တာဝူက လှောင်ပြုံးပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။
"အဟက်… ကြည့်ကြသေးတာပေါ့၊ မင်းမိဘတွေရဲ့ အလောင်းအတွက် သဘောတူညီချက်မှာ လက်မှတ်ထိုးတာကို စောင့်လိုက်ပေါ့။ ငါ့မှာ ဘာဖြေဆေးမှ မရှိဘူး"
…
သူ့စကားကြောင့် အန်းရှီ၏ သေးသွယ်သော ကိုယ်လုံးလေး ဒယီးဒယိုင် ဖြစ်သွားသည်။
*အခြားနည်းလမ်း မရှိတော့ဘူးလား*
*ငါ့မိဘတွေ သေရတော့မှာလား?
အန်းရှီ၏ မျက်နှာလေးသည် သောကကြောင့် အလွန် ဖြူရော်လာပြီး သူမ၏ မျက်လုံးလှလှလေးများသည်လည်း နီရဲကာ စိုရွှဲလာသည်။
*ငါ ဘာလုပ်ရမလဲ*
*ငါ ဘာလုပ်သင့်လဲ*
အန်းရှီ မျက်ရည်များနှင့် ပူဆွေးနေသည်။ သူမ သခင်လေးစစ်၏ တောင်းဆိုမှုကို လုံးဝ သဘောမတူလိုပါ။ သို့သော် သူမမိဘတွေ၏ အသက်က ချိန်ခွင်ညှာပေါ် ရောက်နေသည်။ ထို့ကြောင့် သူမ အလွန်အမင်း မျှော်လင့်ချက်မဲ့လာလေ၏။
အန်းရှီ၏ မျက်နှာလှလှလေးကို ကြည့်ပြီး ဒါရိုက်တာဝူက လူယုတ်မာပြုံးပြုံးကာ သူမအား ဆွဲဆောင်လိုက်သည်။
"အန်းရှီ သခင်လေးစစ်က ကျန်းရှီမြို့ရဲ့ ထိပ်ဆုံးသခင်လေး လေးယောက်ထဲက တစ်ယောက်နော်။ သူက ရုပ်လည်းချောတယ်၊ ပိုက်ဆံလည်း ရှိသလို ဂုဏ်သတင်းလည်း ကြီးမားသေးတယ်။ ကျန်းရှီမြို့ရဲ့ မိန်းမလှတော်တော်များများက သူ့ရဲ့ကောင်မလေး ဖြစ်ချင်နေကြတာနော်။ သူ နှစ်သက်တာ ခံရလို့ မင်းကိုယ်မင်း ကံကောင်းတယ်လို့ ပြောလို့ရတယ်။ စဉ်းစားကြည့်ပါဦး"
ဒါရိုက်တာဝူက အန်းရှီ၏ အားနည်ချက် အညှာကို အချိန်မီ အုပ်မိသွားသည်။ သူမမိဘ၏ အသက်နှင့် သူ ဆက်၍ ခြိမ်းခြောက်နေသ၍ သူမ လက်ခံလာရန် တိုက်တွန်းနိုင်လိမ့်မည်ဟု သူ ထင်နေသည်။
သူမသာ သဘောတူလိုက်လျင် သူမသည် သခင်လေးစစ်၏ လိင်ကျေးကျွန် ဖြစ်လာလိမ့်မည်။
ဒါရိုက်တာဝူသည်လည်း ပိုက်ဆံကို မီလီယံနှင့်ချီ၍ ရလာမည်ဖြစ်သည်။
တစ်နေ့ သခင်လေးစစ်က သူမကို ငြီးငွေ့သွားသည့်အခါ သည်ဆင်းရဲသည့်အလှလေးကို သူ မြည်းစမ်းခွင့်ရလာပေဦးမည်။
သို့သော် ရုတ်တရက် ထွက်လာသော အေးတိအေးစက်သံကကြောင့် ဒါရိုက်တာဝူ တောင့်ခနဲ ဖြစ်သွားသည်။
"ငါ့အဆိပ်ဖြေဆေးက လူတွေကို ကယ်တင်ဖို့ ဖော်စပ်ထားတာ။ သတ်ပစ်ဖို့ မဟုတ်ဘူး"
*အမ်*
ဒါရိုက်တာဝူ ရုတ်တရက် ကြောင်သွားပြီးမှ တံခါးဝသို့ လှမ်းကြည့်လိုက်သောအခါ မှင်သေသေနှင့် လူငယ်တစ်ယောက်က အခန်းထဲ ဝင်လာသည်ကို သူ တွေ့လိုက်ရသည်။
"အစ်ကိုယဲ့ဖန်"
အန်းရှီ ငေးငိုင်နေပြီးမှ ပျော်ရွှင်လာသည်။ ယဲ့ဖန်နှင့် ဆေးရုံမှာ လာဆုံလိမ့်မည်ဟု သူမ မထင်ထားမိပါ။
ယဲ့ဖန်ကို မြင်လိုက်သည်နှင့် ဒါရိုက်တာဝူ၏ မျက်နှာက မည်းမှောင်လာကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်း ဘယ်သူလဲ! အခုချက်ချင်း အခန်းထဲက ထွက်သွား! မင်း ငါ့ရုံးခန်းထဲ ဝင်ခွင့်မရှိဘူး! ဒီနေရာက ထွက်သွားစမ်း!"
ဒါရိုက်တာဝူ၏ စိတ်ထဲတွင် အန်းရှီ၏စိတ်ကို အချိန်တိုအတွင်း ယိမ်းယိုင်လာအောင် လုပ်နိုင်လိမ့်မည်ဟု ထင်ထားသော်လည်း ယဲ့ဖန်က သူ့အစီအစဉ်ကို ကြားဖြတ်၍ ဝင်ရောက် ဖျက်ဆီးလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။ ထို့ကြောင့် သူ စိတ်ပျက်လို့သွားသည်။
*ဒီနေရာက ထွက်သွား*
သူ့စကားကြောင့် ယဲ့ဖန်၏ မျက်လုံးက ခက်ထန်လာကာ ဒါရိုက်တာဝူအား လူသတ်တော့မတတ် စိုက်ကြည့်ကာ "ဒီကမ္ဘာမှာ ငါ ကြိုက်တဲ့နေရာကို ဝင်လို့ရသလို ငါသတ်ချင်တဲ့သူကိုလည်း သတ်လို့ရတယ်"
"ခင်ဗျား သေချင်နေတာလား?"
*ဘာ*
ယဲ့ဖန်၏ ရက်စက်သော မျက်နှာထားကို သတိထားမိပြီး ဒါရိုက်တာဝူ ငေးငိုင်သွားသည်။ ဒါရိုက်တာဝူက ကြောက်လန့်တကြား ငြင်းဆိုလေသည်။
"မင်း… ဘာ ... ဘာလိုချင်လို့လဲ? ငါက ကျန်းရှီ မြူနီစီပယ် ဆေးရုံရဲ့ တာဝန်ခံ ဆရာဝန်နော်! မင်း ငါ့ကို ထိရဲသလား!"
"ခင်ဗျားကို ထိရဲသလား?"
ယဲ့ဖန်က သရော်ပြုံးပြုံး၍ ပြောလိုက်သည်။
"ဘာလို့ မထိရဲရမှာလဲ?"
ထို့နောက် ယဲ့ဖန်က ဒါရိုက်တာဝူ၏ မျက်နှာကို အားနှင့် ရိုက်ချလိုက်သည်။
ဖြောင်း!
ရလဒ်ကတော့ ဒါရိုက်တာဝူ၏ သွေးများ နေရာအနှံ့သို့ ပျံ့ကျဲသွားသည်။