← Chapters

မင်း ငါ့ကို သင့်တော်တဲ့‌ ဖြေရှင်းချက်မျိုး မပေးနိုင်ဘူးလား?

Vol. 6 Ch. 83

မင်း ငါ့ကို သင့်တော်တဲ့‌ ဖြေရှင်းချက်မျိုး မပေးနိုင်ဘူးလား?

Vol. 6 Ch. 83

ဖြောင်း!

ပါးရိုက်သံက ကျယ်လောင်လှလေသည်။ သူ့သွားတစ်ဝက်လောက် ကျွတ်ထွက် သွားသလို သူကိုယ်တိုင် လွင့်ထွက်သွားမတတ် ခံစားလိုက်ရသည်။

သူ့မျက်နှာပေါ်မှာ နာကျင်မှုကြောင့် သူ ငူငိုင်ငိုင်ကြီး ဖြစ်နေသည်။

"မင်း… မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့?"

ဒါရိုက်တာဝူ မယုံနိုင်သလို ဖြစ်နေသည်။ ဆေးရုံ၏ တာဝန်ခံဆရာဝန် ဖြစ်သောကြောင့် သာမန်လူများက သူ့ကို အမြဲ တလေးတစားနှင့် ဆက်ဆံကြသည်။ သို့သော် ဒီကောင်လေးက သူ့ကို ရိုက်လိုက်သည်တဲ့လား။

"ခင်ဗျားကို ရိုက်တယ် ဟုတ်လား? မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ ခင်ဗျား ကျုပ်ကို အထင်လွဲနေပြီ"

ယဲ့ဖန်က လက်တခါခါနှင့် အင်မတန် ခေါင်းမာသော မျက်နှာထားဖြင့် "ကျုပ်က ခင်ဗျား ဘယ်လောက် အရှက်မရှိလဲဆိုတာကို စမ်းကြည့်ရုံလေးပါ"

ထို့နောက် နောက်တစ်ခါ ပါးရိုက်လိုက်သံကို ကြားလိုက်ရပြန်သည်။

ဖြောင်း!

သည်တစ်ခါတော့ ဒါရိုက်တာဝူ၏ ညာဘက်ပါး အရိုက်ခံလိုက်ရခြင်း ဖြစ်သည်။ ယဲ့ဖန်က ဒါရိုက်တာဝူက ဘယ်ပြန်ညာပြန် ဆက်တိုက် ပါးရိုက်နေသည်။

ဖြောင်း! ဖြောင်း! ဖြောင်း!

ဒါရိုက်တာဝူခမျာမှာတော့ ဆက်တိုက်ပါးရိုက်ခံနေရရင်း နာကျင်နေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့မျက်နှာတစ်ပြင်လုံး နီရဲလာကာ ဝက်ခေါင်းကဲ့သို့ ယောင်ယမ်းကာ သွေးများဖြင့် ပေကျံနေသည်။

ထို့နောက် ယဲ့ဖန်က သူ့လက်သူ ပြန်ပွတ်ကာ ပခုံးတွန့်၍ ခပ်တည်တည်နှင့် ပြောလိုက်သည်။

"ကျုပ် ထင်တာ မှားနေတဲ့ပုံပဲ၊ ခင်ဗျားက အရှက်မရှိတာမဟုတ်ဘဲ တော်တော့်ကို စောက်ရှက်မရှိတာပဲ"

*ချီးပဲ*

ဒါရိုက်တာဝူ ဒေါသထွက်သွားသည်။ ဒီသူကောင်းသားက သူ့ကို ပါးရိုက်ကာ ကျိန်ဆဲရဲလိမ့်မည်ဟု သူ ထင်မှတ်မထားမိခဲ့ပါ။

"ဟေ့ကောင်… သူတောင်းစား… မင်း စောင့်နေ ... မင်းက ဆေးပညာကို ဗန်းပြပြီး ပိုက်ဆံညာတောင်းချင်တဲ့ကောင်ပဲ၊ ငါ လုံခြုံရေးကိုခေါ်လိုက်မယ်၊ ပြီးရင် မင်းကို ငါ တရားစွဲမယ်"

ဒါရိုက်တာဝူက ယဲ့ဖန်အား အလွန်မုန်းတီးနေဟန်ဖြင့် အော်လိုက်သည်။ သူ တံခါးအပြင်ဘက်သို့ အသည်းအသန် ပြေးထွက်သွားကာ အော်လေတော့သည်။

"အစောင့်တွေ ... အစောင့်တွေ… မြန်မြန်လာစမ်း… ဒီမှာ လူတစ်ယောက် ပြဿနာလာရှာနေတယ်"

ဒါရိုက်တာဝူ၏ အသံက စင်္ကြံလမ်းတစ်လျှောက် ပျံ့နှံ့သွားသည်။ ခြေသံများ ထွက်ပေါ်လာပြီးနောက် လုံခြုံရေးဝန်ထမ်းတစ်ဖွဲ့က အခန်းရှေ့ ချက်ချင်း ရောက်လာသည်။

ဒါရိုက်တာဝူ၏ သွေးများဖြင့် ပေကျံနေသော မျက်နှာကို ကြည့်ပြီး လုံခြုံရေးဝန်ထမ်းတွေ ကြောင်သွားပြီးမှ တစ်ယောက်က မေးလာသည်။

"ဒါရိုက်တာဝူ ဘာဖြစ်တာလဲ"

"မြန်မြန် အဲ့ကောင်ကို ဖမ်းလိုက်၊ အဲ့ကောင်က ငါ့ရုံးခန်းထဲ အတင်းဝင်လာပြီး ငါ့ကို ရန်လာရှာနေတာ။ သူ့ကို ဖမ်းပြီး ရဲစခန်းပို့လိုက်"

ဒါရိုက်တာဝူက ယဲ့ဖန်ကို အလွန် မုန်းတီးသည့်ဟန်ဖြင့် ကြည့်ကာ အော်လိုက်သည်။

သူ့စကားကြောင့် အစောင့်များက ယဲ့ဖန်ထံသို့ မဆိုင်းမတွ ပြေးဝင်လာသည်။ အစောင့်တစ်‌ယောက်ချင်းစီက တုတ်ခိုင်သော ခန္ဓာကိုယ်များရှိကြပြီး မျက်နှာပြဲပြဲနှင့် ဖြစ်ကြသည်။ ထိုလူစု လှုပ်ရှားသည်ကို မြင်လိုက်သည်နှင့် အန်းရှီ၏ လှပသောမျက်နှာလေးက ချက်ချင်း ဖြူရော်လာသည်။

သူတို့ကို သူမ တားဆီးရန် ပြင်လိုက်စဉ်တွင် အမျိုးသမီးတစ်ယောက်၏ အသံတစ်သံ ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း"

ထိုအမျိုးသမီး၏ အသံသည် ဩဇာအာဏာ ရှိလှပြီး အစောင့်များအားလုံး ချက်ချင်း မလှုပ်မယှက် ဖြစ်သွားကြသည်။

ထို့နောက် အားလုံး နောက်လှည့်ကြည့်လိုက်စဉ်အတွင်းမှာပဲ ဂျူတီကုတ် အဖြူရောင်နှင့် လှပသော ဆရာဝန်မလေးက ရုံးခန်းထဲ ဝင်လာသည်။

သူမကို မြင်လိုက်သည်နှင့် ဒါရိုက်တာဝူနှင့် အစောင့်များအားလုံးက ချက်ချင်း လေးစားစွာ နှုတ်ဆက်ကြသည်။

"ဆေးရုံအုပ်ကြီး"

ထိုလှပသော ဆရာဝန်မလေးသည် ဤဆေးရုံ၏ ဆေးရုံအုပ် ဖြစ်သည်။ ဒါရိုက်တာဝူ၏ သွေးများပေနေသော မျက်နှာကို မြင်ပြီး လှပသော ဆေးရုံအုပ်လေးက မျက်မှောင်ကြုတ်ပြီး ချက်ချင်း မေးလိုက်သည်။

"ဒါရိုက်တာဝူ ရှင် ဘာဖြစ်တာလဲ?"

သူမအမေးကို ကြားသည်နှင့် ဒါရိုက်တာဝူက အသည်းအသန် ပြန်ဖြေလိုက်သည်။

"ဆေးရုံအုပ် အဲ့ကောင်က ကျုပ်ရုံးခန်းထဲ အတင်းဝင်လာပြီး ကျုပ်ကို ရိုက်တယ်။ သူက ဆေးပညာကို ဗန်းပြပြီး ပိုက်ဆံညာတောင်းချင်တဲ့ကောင်ပါ။ကျုပ် အစောင့်တွေကို သူ့ကို ဖမ်းခိုင်းပြီး ရဲစခန်းပို့လိုက်ဖို့‌ ပြောလိုက်ပြီးပါပြီ"

*ဆေးပညာကို ဗန်းပြပြီး ပိုက်ဆံညာတောင်းချင်တဲ့ကောင်*

သူ့စကားကြောင့် ဆေးရုံအုပ် မျက်နှာထားတင်းသွားက ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်သည်။

သူမ ယဲ့ဖန်ကို မြင်မြင်လိုက်ခြင်းမှာပဲ ကြောင်တက်သွားသည်။ ထိုစဉ် အန်းရှီက ဒေါသတကြီး ရှင်းပြလေသည်။

"ဆေးရုံအုပ်ကြီး ရှင် အထင်လွဲနေတာပါ။ ကျွန်မတို့က ဆေးပညာကို ဗန်းပြပြီး ပိုက်ဆံညာတောင်းချင်တဲ့သူတွေ မဟုတ်ပါဘူး။ ဒါရိုက်တာဝူက ကျွန်မမိဘတွေရဲ့ အသက်ကို ဗန်းပြပြီး ကျွန်မကို ခြိမ်းခြောက်နေတာပါ။ အဲ့ဒါကြောင့် ယဲ့ဖန်က သူ့ကို ရိုက်လိုက်တာပါ"

အန်းရှီက ဒါရိုက်တာဝူကို ဒေါသတကြီးကြည့်ကာ ထပ်ပြောလာသည်။

"ကျွန်မမိဘတွေက နတ်ဆိုးခြင်ကိုက်တာကို ခံနေရတာပါ။ ဒါပေမယ့် ဒါရိုက်တာဝူက ဆေးကုပေးဖို့ ရက်ကို ရွှေ့ထားတယ်"

သူမစကားကြောင့် ဒါရိုက်တာဝူ၏ မျက်နှာက ဖြူရော်လာကာ သူမကို ချက်ချင်း ကြိမ်းမောင်းလေသည်။

"အဓိပ္ပာယ်မရှိလိုက်တာ၊ ဖြေဆေးက ဆေးရုံအုပ်အတွက် ဆန်းကြယ်တဲ့လူတစ်ယောက်က ဖော်စပ်ပေးထားတာ။ အဲ့ဒါ အရမ်းတန်ဖိုးရှိတာ။ မင်းရဲ့ မိဘတွေကို မကယ်နိုင်ဘူး၊ ငါတို့ ဖြေဆေးကို သူတို့အတွက် မဖြုန်းနိုင်ဘူး"

ဒါရိုက်တာဝူက ဆေးရုံအုပ်ကို မျက်နှာချိုသွေးလိုက်သည်။

သို့သော် သူ့စကားကြောင့် ယဲ့ဖန်၏ မျက်လုံးက အေးစက်လာကာ "အဖိုးတန်တယ် ဟုတ်လား?" ဟု ပြောလိုက်သည်။

"ဘယ်ဟာက ပိုအဖိုးတန်တာလဲ၊ ဖြေဆေးလား လူ့အသက်တစ်ချောင်းလား? ဆရာဝန်အနေနဲ့ မင်းမှာ ဘာဆေးပညာကျင့်ဝတ်မှ မရှိဘူးပဲ။ ချင်ရွှယ် မင်း ငါ့ကို သင့်တော်တဲ့ ဖြေရှင်းချက်မျိုး မပေးချင်ဘူးလား?"

*ဘာ*

ယဲ့ဖန်က ဆေးရုံအုပ်ကို နာမည်တပ်ခေါ်လိုက်တာကြောင့် ဒါရိုက်တာဝူ ချက်ချင်း ထခုန်မတတ် ဖြစ်သွားကာ ယဲ့ဖန်ကို ကျိန်ဆဲလိုက်သည်။

"ခွေးမသား… မင်းကများ ဆေးရုံအုပ်ကို နာမည်တပ်ခေါ်ရဲတယ်ပေါ့လေ၊ မင်းကို သင့်တော်တဲ့ ဖြေရှင်းချက်မျိုး ပေးရမယ်? ဘာဖြေရှင်းချက်လဲ? မင်းက ဆေးပညာကို ဗန်းပြပြီး ပိုက်ဆံညာတောင်းချင်တဲ့ကောင် သက်သက်ပဲ။ မင်းကို ငါတို့ ထောင်ချမှာကို စောင့်နေလိုက်"

ဒါရိုက်တာဝူက ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေသည်။

ဒီကောင်က ဆေးရုံအုပ်ကို နာမည်တပ်ခေါ်ပြီး သင့်တော်တဲ့အကြောင်းပြချက် ပေးပါဟု ပြောရဲလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။ ဆေးရုံအုပ် သေချာပေါက်ကို ဒေါသထွက်လာလိမ့်မည်ကို သူ သိနေသည်။

ဒါရိုက်တာဝူက ချက်ချင်း အစောင့်တွေဘက်လှည့်ကာ အော်ငေါက်လိုက်သည်။

"မင်းတို့ ဘာကြောင်ကြည့်နေတာလဲ? အဲ့ကောင်ကို အခုမြန်မြန် ဖမ်းလိုက်ကြစမ်း"

သူ့စကားကြောင့် အစောင့်တွေက ယဲ့ဖန်ကို နောက်တစ်ခါ ဖမ်းဆီးရန် ပြင်လိုက်သည်။ ထိုစဉ် ရှင်းလင်းကျယ်လောင်လှသည့် ပါးရိုက်သံကြောင့် ရုံးခန်းထဲရှိ သူများအားလုံး ငေးငိုင်သွားကြသည်။

အထူးသဖြင့် ဒါရိုက်တာဝူက သူ့ပါးသူ လက်ဖြင့်အုပ်ကာ လှပသောဆေးရုံအုပ်လေးကို တအံ့တဩနှင့် ငေးကြည့်ပြီး မေးလိုက်သည်။

"ဆေးရုံအုပ် ချင် ... ဘာ ... ဘာလို့ ခင်ဗျား ကျုပ်ကို ပါးရိုက်တာလဲ?"

"ဘာလို့လဲ ဟုတ်လား?"

ချင်ရွှယ်က ဒေါသတကြီးနှင့် ကြိမ်းမောင်းလိုက်သည်။

"သူ ဘယ်သူလဲဆိုတာ ရှင် သိလား?"

*သူလား*

ဒါရိုက်တာဝူနှင့် အစောင့်များက ယဲ့ဖန်အား ဇဝေဇဝါဖြင့် ငေးကြည့်နေကြသည်။

"သူက ငါ့ကို ဖြေဆေးပေးလိုက်တဲ့ ဆန်းကြယ်တဲ့သူပဲ"

ဒိန်း!

ဒါရိုက်တာဝူ ဖင်ထိုင်လျက် လဲကျသွားသည်။ မျက်လုံးပြူး မျက်ဆံပြူးနှင့် သူက ယဲ့ဖန်က မယုံသင်္ကာသလို ကြည့်ကာ ညည်းတွားလိုက်သည်။

"သူ ... သူက ဖြေဆေးကို ဖော်စပ်ပေးတဲ့ ဆန်းကြယ်တဲ့ လူ ဟုတ်လား? မ.. မဖြစ်နိုင်ပါဘူး"

ဒါရိုက်တာဝူက တအံ့တဩ ဖြစ်နေသည်။ သူသာမက အန်းရှီသည်လည်း မှင်တက်နေသည်။

ယဲ့ဖန်ကို နားဝေတိမ်တောင်ဖြင့် ငေးကြည့်ရင်း သူမမိဘတွေ၏ အသက်ကို ကယ်တင်ပေးနိုင်သည့် ဖြေဆေးကို ဖော်စပ်ခဲ့သည့်သူက ယဲ့ဖန် ဖြစ်နေမည်ဟု သူမ ထင်မထားမိပါ။

*မ… မဖြစ်နိုင်ပါဘူး*

ထို့နောက် ချင်ရွှယ်က ရှက်သွေးဖြန်းနေသော အမူအရာဖြင့် ယဲ့ဖန်ကို အရိုအသေပေး၍ ပြောလိုက်သည်။

"ယဲ့ဖန် ကျွန်မ စီမံခန့်ခွဲတာ ညံ့ဖျင်းလို့ ကျွန်မ ရှင့်ရဲ့ အဆိပ်ဖြေဆေးကို ကောင်းကောင်း အသုံးမချနိုင်ဘူး ဖြစ်သွားတယ်"

*သူမက အဲ့ကောင်ကို အရိုအသေပေးပြီး တောင်းပန်နေတယ်*

ဒါရိုက်တာဝူ အကြီးအကျယ် ထိတ်လန့်ကာ ကိုယ့်လျှာကိုယ် ပြန်ကိုက်မိမလို ဖြစ်သွားသည်။

*သေစမ်း… ဆေးရုံအုပ်ချင်က အဲ့ကောင်ကို တောင်းပန်နေတာလား*

*ချင်ရွှယ်က ဟားဗတ်တက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ရလာတဲ့ သူလေ၊ အခြေအနေတစ်ခုကြောင့်သာ သူမက ဒီဆေးရုံရဲ့ ဆေးရုံအုပ် ဖြစ်နေပင်မယ့် သူမက အမြဲ မောက်မာတယ်လေ*

*သူမက ကျန်းရှီမြို့က အရာရှိတွေကိုတောင် အရိုအသေပေးတာမဟုတ်ဘူး*

*ဒါပေယ့် သူက ယဲ့ဖန်ကို တောင်းပန်နေတယ်။ ဆေးရုံက အခြားဝန်ထမ်းတွေသာ သိရင်တော့ သူတို့တွေ မျက်လုံးပြူးနေကြမှာပဲ*

သို့သော် ယဲ့ဖန်က ချင်ရွှယ်၏ တောင်းပန်မှုကို ဥပေက္ခာပြုကာ ဒါရိုက်တာဝူကို လက်ညှိုးထိုးပြီး သုန်မှုန်နေသော မျက်နှာထားနှင့် "ကျုပ်ရဲ့ အဆိပ်ဖြေဆေးက လူတွေကို ကယ်တင်ဖို့ ဖော်စပ်ခဲ့တာ၊ ဒါပေမယ့် သူက လူသတ်ဖို့ သုံးနေတာ။ ကျုပ်သာ ရောက်မလာရင် အန်းရှီရဲ့ မိဘတွေ သေသွားလောက်ပြီ။ မင်း ငါ့ကို အကျိုးအသင့် အကြောင်းသင့် ရှင်းမပြချင်ဘူးလား?"

သူ့စကားကို ချင်ရွှယ်ရဲ့မျက်နှာက ဖြူရော်လာသည်။ ဒီလောက် ယုတ်မာသည့်အလုပ်မျိုး ဒါရိုက်တာဝူ လုပ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပါ။

ထို့ကြောင့် ချင်ရွှယ်က ဒါရိုက်တာဝူအား အေးတိအေးစက်ကြည့်ကာ "ဒါရိုက်တာဝူ ရှင့်ကို အလုပ်ဖြုတ်လိုက်ပြီ"

*ဘယ်လို*

သူမစကားကြောင့် ဒါရိုက်တာဝူ အံ့ဩသွားရသည်။

All Chapters