← Chapters

ရှင်နဲ့အတူ ရှိနေရတာ သိပ်ပျော်ဖို့ ကောင်းတာပဲ!

Vol. 6 Ch. 84

ရှင်နဲ့အတူ ရှိနေရတာ သိပ်ပျော်ဖို့ ကောင်းတာပဲ!

Vol. 6 Ch. 84

*ငါ အလုပ်ပြုတ်သွားပြီ*

ချင်ရွှယ်၏ အပြောကြောင့် ဒါရိုက်တာဝူ နွေခေါင်ခေါင်တွင် မိုးကြိုးပစ်သလို ခံစားလိုက် ရသည်။

ဤသူကောင်းသား၏ စကားကြောင့် ဆေးရုံအုပ်က သူ့ကို အလုပ်ဖြုတ်လိမ့်မည်ဟု သူ ထင်မထားမိပါ။

ဒါရိုက်တာဝူက ယဲ့ဖန်အား အလွန် မုန်းတီးသည့်အကြည့်ဖြင့် ကြည့်ကာ "ဟေ့ကောင် … ငါ သခင်လေးစစ်ကို အလုပ်လုပ်ပေးနေတယ်ဆိုတာကို မင်း သိလား။ မင်း ဆေးရုံအုပ် ကနေ တစ်ဆင့် ငါ့ကို အလုပ်ဖြုတ်ခိုင်းလိုက်ရင် မင်းက ငါ့ကို စော်ကားရာ ရောက်ရုံတင်မကဘူး၊ သခင်လေးစစ်ကိုပါ ရန်စလိုက်သလို ဖြစ်လာမှာနော်"

သာမန်လူတစ်ယောက်အတွက်မူ သခင်လေးစစ်,သည် အလွန်ဂုဏ်သိက္ခာ ကြီးမား သောသူ တစ်ယောက်ဖြစ်သည်။

သို့သော် သူ့စကားကို ကြားပင်သော်ငြားလည်း ယဲ့ဖန်က မျက်နှာထားတင်းတင်းဖြင့် လှောင်ရယ်လိုက်ပြီး ပြန်ပြောလိုက်သည်။

"သခင်လေးစစ် ဟုတ်လား? သူက ဘယ်သူမို့လို့လဲ?"

ထိုသို့ပြောပြီး ယဲ့ဖန်က ဒါရိုက်တာဝူ၏ မျက်လုံးအား စိုက်ကြည့်၍ ထပ်ပြောလိုက်သည်။

"ပြီးတော့ ခင်ဗျား ဒီလို လွယ်လွယ်လေးနဲ့ ထွက်သွားလို့ ရမယ်ထင်နေတာလား?"

ယဲ့ဖန်က ရှေ့သို့ တစ်လှမ်းတိုးကာ လူသတ်လိုသော အရိပ်အငွေ့တို့ဖြင့် ပြောလိုက်သည်။

"ခင်ဗျားအတွက် သေသွားတာကမှ ကောင်းဦးမယ်"

ယဲ့ဖန် အလွန်ဒေါသထွက်နေသည်။ အကယ်၍ သူသာ အန်းရှီနှင့် တိုက်တိုက်ဆိုင်ဆိုင် မဆုံမိဘူးဆိုလျင် သူမ၏ မိဘတွေသည်လည်း တာဝန်မဲ့လွန်းသော ဆေးကုသမှုကြောင့် သေချာပေါက်ကို သေနေလောက်ပြီ ဖြစ်သည်။

သူမ မိဘတွေသာ သေဆုံးသွားလျင် အန်းရှီအတွက် ကံကြမ္မာဆိုး စတင်၍ ဝင်လာမှာ ဖြစ်ပေသည်။

ဒါရိုက်တာဝူ၏ လောဘက မိသားစုတစ်စုကို ဖျက်ဆီးလုနီးပါး ဖြစ်နေပေ၏။ သည်လို လူမျိုးက သေသွားတာကမှ ပိုကောင်းဦးမည်။

*သေသွားတာက ပိုကောင်းဦးမယ်*

ယဲ့ဖန်စကားကြောင့် ဒါရိုက်တာဝူ ခေတ္တမျှ ကြောင်သွားကာ ဟားတိုက်ရယ်မော လေတော့သည်။

"ဟဟ… ခွေးသူတောင်းစား… မင်းကိုယ်မင်း နတ်ဘုရားများ မှတ်နေတာလား? သေသွားတာကမှ ပိုကောင်းဦးမယ်? မဖြစ်နိုင်တာတွေ ပြောမနေနဲ့"

"နားထောင် ... ငါက ကျန်းရှီ မြူနီစီပယ် ဆေးရုံရဲ့ ဆရာဝန်တစ်ယောက် မဟုတ်တော့ပင်မယ့် ငါက ကျန်းရှီ မြူနီစီပယ် ဆေးရုံခွဲကို သွားပြီး အလုပ်လုပ်လို့ ရသေးတယ်ကွ၊ အဲ့မှာလည်း ငါက ဂုဏ်ရှိတဲ့ တာဝန်ခံဆရာဝန် ဖြစ်နိုင်သေးတယ်။ မင်း ငါ့ကို တားနိုင်မယ်လို့များ ထင်နေတာလား?"

ဒါရိုက်တာဝူက အလွန် အထင်သေးဟန်ဖြင့် ပြောလိုက်သည်။ သူ့အတွက် အလုပ်ပြုတ်တာက ရေးကြီးခွင်ကျယ် ကိစ္စတစ်ခု မဟုတ်ပေ။

သူ့ရဲ့အရည်အချင်းအရ သူ နောက်ထပ်ဆေးရုံတစ်ခုမှာ ဝင်လုပ်လို့ ရသေးသည့်အပြင် တာဝန်ခံဆရာဝန်လည်း ဖြစ်လာနိုင်သေးသည်။

*ငါ့ကို တားနိုင်မယ်လို့များ ထင်နေတာလား*

သူ့စကားကြောင့် ယဲ့ဖန်က ကြောက်မက်ဖွယ်ကောင်းသော မျက်နှာဖြင့် လှောင်ရယ်လိုက်သည်။

"ခင်ဗျား မှားနေပြီ။ ဒီနေ့ကစပြီး ခင်ဗျားက ဆရာဝန်တစ်ယောက် မဟုတ်တော့ဘဲ လူနာတစ်ယောက် ဖြစ်လာတော့မှာ၊ ခင်ဗျား တစ်နေ့လုံး နာနာကျင်ကျင် ခံစားနေစေရမယ်၊ ခင်ဗျားကိုယ်ထဲ မြွေတစ်ကောင်တိုးဝင်လာသလို၊ ပုရွတ်ဆိတ်တွေ ကိုယ်ပေါ် တက်လာသလို ခံစားနေရလိမ့်မယ်။ ခင်ဗျား နာနာကျင်ကျင်နဲ့ အော်ဟစ်နေပြီးတော့ သေသွားတာကမှ ပိုကောင်းဦးမယ်လို့ တွေးလာမိလိမ့်မယ်"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် ဒါရိုက်တာဝူ ကြောင်သွားသည်။ ထို့နောက် သူက ဟားတိုက်ရယ်ကာ "ဟဟ… မင်းက အရူးပဲ၊ မင်းက တကယ့်ကို အရူးပဲ၊ ဟဟ … ရယ်ရလွန်းလို့ အူတောင်နာတယ်"

ဒါရိုက်တာဝူ ရယ်ရလွန်းလို့ မျက်ရည်တောင် ဝဲနေသည်။

တာဝန်ခံဆရာဝန်တစ်ယောက်အနေနဲ့ ဘာအကြောင်းပြချက်မှ မရှိဘဲ လူနာတစ်ယောက် ဖြစ်လာနိုင်ပါမည်နည်း။ အထူးသဖြင့် ယဲ့ဖန် ကွက်ကွက်ကွင်းကွင်း ပြောနေသည့် ရောဂါလက္ခဏာများနှင့် မည်သို့သော ရောဂါမျိုး ဖြစ်လာနိုင်ပါမည်နည်း။

*ဒီကောင် စိတ်များ လွတ်သွားတာလား*

ဒါရိုက်တာဝူက ယဲ့ဖန်အား ဒီကောင် ရူးများရူးနေသလား ဟူသည့်အကြည့်မျိုးဖြင့် ကြည့်နေသည်။ သို့သော် ထိုအချိန်မှာပင် ယဲ့ဖန်ထံမှ အနက်ရောင် အလင်းတစ်ချို့ လှစ်ခနဲ ထွက်လာပြီး ဒါရိုက်တာဝူ၏ အရေပြားထဲသို့ အလင်းကဲ့သို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။

မြန်လွန်းလှသည့်အတွက် ဒါရိုက်တာဝူတောင် မမြင်လိုက်ပေ။ သူ့ကိုယ်ထဲ တစ်ခုခုဝင်လာသလိုပဲဟုသာ တွေးလိုက်မိသည်။

ထိုစဉ် ထိုအရာက သူ့သွေးကြောများကို လွန်ဖြင့် ထွင်းဖောက်လိုက်သလို ထိုးဖောက်ဝင်ရောက်လာသောကြောင့် သူ့အရေပြားများ ယားယံလာကာ အလွန်အမင်း နာကျင်လာသည်။

ထို့အပြင် ထိုအရာက ပို၍ ကြီးထွားလာပုံရသောကြောင့် ဒါရိုက်တာဝူအနေနှင့် ပို၍ ယားယံလာကာ နာကျင်လာရသည်။

"အား…"

ဒါရိုက်တာဝူ အော်ဟစ်ရင်း လဲကျသွားသည်။ သူ့ကိုယ်ထဲ မြွေတစ်ကောင် ဝင်ရောက်လာသလို ခံစားနေရပြီး ကိုယ်တွင်းရှိဆဲလ်များကလည်း အလွန်ကို နာကျင်လာသည်။

ထိုသည်သာမကသေး သူ့အရေပြားက ကြွက်တက်လာသလို ဖြစ်လာကာ မြွေတစ်ကောင်က သူ့ခြေထောက်ကနေ လည်ပင်းအထိ သွားလာနေသလို ခံစားနေရသည့်အပြင် လည်ပင်းကနေ လက်မောင်းအထိ ရောက်လာသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်၍ အော်ဟစ်နေသည်။

"အား ... အား ... အား ... နာတယ် ... မ… မဖြစ်နိုင်ဘူး"

သူ့နဖူးကနေ ချွေးဒီးဒီးကျလာသည်။ ထိုစဉ်  ဒါရိုက်တာဝူက ယဲ့ဖန်အား အထိတ်တလန့်နှင့် မယုံသင်္ကာပုံစံဖြင့် မော့ကြည့်လိုက်မိသည်။

* ငါ့ကိုယ်ထဲ မြွေတစ်ကောင်တိုးဝင်လာသလိုမျိုး*

*ပုရွတ်ဆိတ်တွေ ကိုယ်ပေါ် တက်လာသလိုမျိုး*

*သေသွားတာကမှ ပိုကောင်းဦးမယ်*

*ဒါ ... ဒါတွေက ယဲ့ဖန် ပြောလိုက်တဲ့ လက္ခဏာတွေပါလား*

*မဖြစ်နိုင်လိုက်တာ*

ဒါရိုက်တာဝူ သေမတတ် ကြောက်လာမိသည်။ ဤကဲ့သို့ ထူးဆန်းသည့် လက္ခဏာမျိုးတွေကို သူ မယုံနိုင်ပါ။ ယဲ့ဖန်က လက္ခဏာများကို ပြောပြီးသည်နှင့် သူ့ကိုယ်မှာ ချက်ချင်း လက္ခဏာပြလာသည် မဟုတ်ပါလား။

*အံ့ဩဖို့ကောင်းလိုက်တာ*

သူ ဆက်၍ ကြမ်းပြင်ပေါ် လူးလှိမ့်၍ ဟစ်အော်နေကာ သူ့အရေပြားကို ဆက်တိုက် ကုတ်ခြစ်နေသောကြောင့် သွေးများ စီးကျလာသည်။

ချင်ရွှယ်၊ အန်းရှီနှင့် အစောင့်များအားလုံး မှင်တက်သွားကြသည်။ ယဲ့ဖန် ဘယ်လိုလုပ်လိုက်သလဲဆိုတာကို သူတို့ သိချင်မိကြသည်။ ကျိန်စာသကဲ့သို့ပင် ယဲ့ဖန်က လက္ခဏာတွေကို ပြောလိုက်ပြီးသည်နှင့် ဒါရိုက်တာမှာ ချက်ချင်း လက္ခဏာပြလာသည်။

*အံ့… အံ့ဩစရာကောင်းလိုက်တာ*

အစောင့်များအားလုံး ဒါရိုက်တာဝူ၏ အံ့ဩစရာကောင်းသည့် အပြုအမူကြောင့် တုန်လှုပ်လာသည်။

ယဲ့ဖန်ကို ကြောက်စရာကောင်းသော နတ်ဆိုးတစ်ကောင်ဟု ထင်လာမိကြသည်။

သူတို့ ယဲ့ဖန်ကို ဖမ်းဆီးရန် ကြံခဲ့ကြသည်ကို သတိရမိပြီး အစောင့်များအားလုံး အထိတ်တလန့်နှင့် ကျောတွင် ချွေးများဖြင့် ဆို့လာသည်။

"နတ်ဆိုး!"

ဒါရိုက်တာဝူက သွေးတွေနှင့် အော်ဟစ်နေသည်။ သွေးများနှင့် ပေကျံနေကာ သူက ယဲ့ဖန်အား ရူးမတတ် အော်ဟစ်နေသည်။

"မင်း ... မင်းက နတ်ဆိုးပဲ၊ မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ"

ဒါရိုက်တာဝူက ကြောက်ရွံ့စွာပြောလိုက်သည်။ ဘေးကနေ ကြည့်နေရင်း ချင်ရွှယ်က သက်ပြင်းချလိုက်ကာ အစောင့်များကို ပြောလိုက်သည်။

"သူ့ကို အရေးပေါ်ဌာနကို ခေါ်သွားလိုက်"

"ဟုတ်ကဲ့ပါ၊ ဆေးရုံအုပ်"

အစောင့်များက ဒါရိုက်တာဝူကို သယ်၍ ထွက်သွားသည်။ ချင်ရွှယ်၏ မျက်လုံးတွင် သနားသည့်အရိပ်အယောင်များ ပေါ်လွင်နေသည်။

ယဲ့ဖန်ပြောသလို ဒါရိုက်တာဝူက တစ်သက်လုံး လူနာဖြစ်ကာ သေသွားတာကမှ ပိုကောင်းလိမ့်မည်ဟု တွေးမိမှာကို ချင်ရွှယ် သေချာပေါက် သိနေသည်။

"ယဲ့ဖန် ဒါငါ့ရဲ့ တာဝန်ပါ၊ ငါနင့်ကို ထပ်ပြီးတော့ တောင်းပန်ပါတယ်"

ထို့နောက် သူမက အန်းရှီကို ပြောလိုက်သည်။

"အန်းရှီ စိတ်မပူနဲ့၊ နင်က ယဲ့ဖန်ရဲ့ သူငယ်ချင်းဆိုတော့ နင်က ငါ့သူငယ်ချင်းပါပဲ။ ငါ နင့်မိဘတွေကို အထူးကြီးကြပ်ဌာနကို ရွှေ့ပြီး သူတို့ကို အကောင်းဆုံး ဖြေဆေးနဲ့ ကုသပေးပါ့မယ်"

*အထူးကြီးကြပ်ဌာန*

ဤဌာနသည် ကျန်းရှီမြို့၏ ထိပ်သီးပုဂ္ဂိုလ်များသာ တက်နိုင်သော ဌာနဖြစ်မှန်း အန်းရှီ သိသည်။ သူမမိဘတွေ ထိုဌာန၌ ကုသနိုင်မည်ဟု သူမ မထင်ထားမိပါ။

*ချင်ရွှယ်က ငါ့မိဘတွေကို ချက်ချင်းကုသပေးမယ်ဆိုတော့ မကြာခင် ငါ့မိဘတွေ နေပြန်ကောင်းလာတော့မှာပဲ*

ထို့နောက် အန်းရှီသည် ယဲ့ဖန်အား အလွန်လေးစား ချစ်ခင်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်မိသည်။

သူမအတွက်ကတော့ ယဲ့ဖန်သည် နတ်ဘုရားသာ ဖြစ်သည်။

"ယဲ့ဖန် ရှင်နဲ့အတူ ရှိနေရတာ သိပ်ကောင်းတာပဲ"

အန်းရှီက ခြေဖျားထောက်၍ ယဲ့ဖန်၏ပါးကို နမ်းကာ ရှက်သွေးဖြန်းကာ ထွက်ပြေးသွားလေတော့သည်။

ယဲ့ဖန်က အူကြောင်ကြောင် ဖြစ်နေပြီးမှ ကူရာမဲ့စွာ ပြုံးလိုက်မိသည်။

All Chapters