← Chapters

ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်

Vol. 7 Ch. 91

ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်

Vol. 7 Ch. 91

သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် အပြင်စည်း တပည့် ဖြစ်သော ချောက်ဝမ်ဘင်း၏ နေထိုင်ရာ နေရာကား ဖရိုဖရဲ ဖြစ်နေလေ၏။ ချိုးဖျက်ဆီး၍ ရသော အရာတိုင်းမှာ ပျက်စီးလျက် ရှိနေလေသည်။ ပေါင်မုန့်တစ်လုံး ကဲ့သို့ ဖောင်းကား ရောင်ကိုင်း နေသော ချောက်ဝမ်ဘင်း မျက်နှာတွင် အမုန်းတရားများနှင့် အလိုမကျမှုများ ကြီးစိုးနေလေသည်။

“သခင်လေး တကယ်ပဲ အားလုံး ပြန်ပေးတော့မှာလား...” ချောက်ဝမ်ဘင်း ဘေးတွင် ဝတ်ရုံရှည်နှင့် လူလတ် အမျိုးသား တစ်ယောက် ရှိလေ၏။ ချောက်ဝမ်ဘင်း သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းသို့ ဝင်လာစဉ်က ချောက်အိမ်တော်မှ ချောက်ဝမ်ဘင်း၏ နောက်လိုက် အနေနှင့် ထည့်ပေးလိုက်ခြင်း ဖြစ်သည်။

ချောက်ဝမ်ဘင်းက အံကို ကြိတ်လိုက်ပြီး

“ငါက ဘာလုပ်နိုင်ဦးမှာလဲ ဦးလေး ချန်းရှင်းက မီးတောက်ဓား အထွတ်အထိပ်မှာ လေကွာ တကယ်လို့ အရေးကြီးတာ မဟုတ်ရင် သူ့ကို တွေ့ဖို့တောင် ခက်တဲ့ဟာကို ကူညီခိုင်းဖို့ ဆိုတာ ဝေလာဝေးပဲ...”

လူလတ် အမျိုးသားက အသံတိုးကာ ပြောလိုက်လေသည်။

“သခင်လေး ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ် သခင်လေးက အဲဒီ သံမဏိ တိုင်လုံးကို မရိုးဘူးလို့ ထင်တယ်မလား အဲဒါဆို ဘာလို့ သခင် ချန်းရှင်းကို မပေးလိုက်တာလဲ ပြီးတော့ အဲဒီအစေခံ လာရှာတဲ့ အခါကျ သခင်ကြီးဆီ ညွှန်လိုက်ရုံပဲ အဲဒီအတိုင်းဆို သူ ဆက်လိုချင် နေသေးတယ် ဆိုရင် သေချင်နေတာနဲ့ အတူတူပဲ...”

ချောက်ဝမ်ဘင်း မျက်လုံးများ အရောင် လက်လာပြီး ထိုတောက်ပမှုများက ခေါင်းကို ခါရင်း ပြန်၍ မှေးမှိန် သွားလေ၏။

“ငါ့ ဦးလေးရဲ့ အဆင့်အတန်းကိုရော နားလည်ရဲ့လား တခြား သူလက်နဲ့ သွားမထိခိုက်တာ အကောင်းဆုံးပဲ ပြီးတော့ မိုဝူကျီက အညှာတာ ကင်းမဲ့တယ် တကယ်လို့ ငါတို့သာ သူတို့ သံမဏိတိုင်လုံးကို အချိန်မီ ပြန်မပေးရင် ဒေါသ ထွက်လာပြီး ထပ်ရန်လာရှာ မလား မသိဘူး ... ဒီအကြံက အရမ်း အန္တရာယ် များလွန်းပါတယ်ကွ...”

လူလတ် အမျိုးသားက မျက်လုံးကို ဝှေ့ကြည့်လိုက်ပြီး

“တကယ်တော့ နောက်ထပ် အကြံတစ်ခု ရှိသေးတယ် ပထမဆုံး သံမဏိ တိုင်လုံးကို အစေခံဆီ အရင် ပေးလိုက်မယ် ပြီးတော့မှ အကြောင်းရှာပြီး သခင်ကြီးကို ပြောပြလိုက်မယ် သူ့အတွက် အံ့အားစရာ ကောင်းတဲ့ ပစ္စည်းရှာထားပြီး လက်ဆောင် ပေးမလို့ကို ကံဆိုးစွာနဲ့ မိုဝူကျီဆီ အလုယူ ခံလိုက်ရတယ်လို့ ပြောလိုက်ရင်ရော…”

ချောက်ဝမ်ဘင်းက မိုဝူကျီ ရိုက်ထားသော နေရာကို ပွတ်သပ်လိုက်ကာ

“အရမ်းကို ကောင်းတယ် ငါတို့ အဲဒီလို လုပ်ကြမယ် ချက်ချင်း သံမဏိ တိုင်လုံးကို သူတို့ဆီ ပြန်ပေးလိုက် ငါ့ဦးလေးရဲ ဒေါသကို သူ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့ ... ”

ယန်အာကို တစ်လတာ မမြင်တွေ့ရပြီး နောက်တွင် မိုဝူကျီသည် သူမအား ပြောပြစရာ အများအပြား ရှိနေလေသည်။ ထိုသည်က ယန်အာ၏ အတိတ် မှတ်ဉာဏ်ကို ပြန်လည် ရနိုင်ရန် မျှော်လင့် ထားမိသည်။ တကယ်တမ်းတွင် စကားပြောသူက သူဖြစ်၍ ယန်အာက နားထောင်သူသာ ဖြစ်နေလေသည်။ မိုဝူကျီ စကားပြောသော အခါ ယန်အာက အေးချမ်းစွာ နားထောင်လေ့ ရှိပြီး သူမ မျက်လုံးတွင် နူးညံ့မှုများနှင့် ပြည့်နေလေသည်။ ရှုန်းရှူကျူ စကားပြောသည့် အခေါက်များနှင့် မတူညီလှပေ။

“သခင်လေး အဲဒီ ချောက်ဝမ်ဘင်းက ပစ္စည်းကို ပို့လိုက်ပါပြီ...” ရှန်းရှူကျူက ပြောပြ လိုက်လေသည်။

မိုဝူကျီက မတ်တတ် ရပ်လိုက်ပြီး ယန်အာကို ပြောလိုက်၏။

“ယန်အာ ငါလုပ်စရာလေး ရှိသေးလို့ အပြင်သွားပြီး အေးအေးဆေးဆေး လမ်းလျှောက်နေနော် ပင်ပန်းလာရင် တစ်ရေးလောက် အိပ်လိုက် သိပြီလား ... ”

ယန်အာက သူ့ကို ပြန်မဖြေသော်ငြား ယန်အာသည် သူ့စကားများကို နားလည်ကြောင်း သိ၏။

ယန်အာ ထွက်သွားသည်ကို မြင်၍ မိုဝူကျီက ရှုန်းရှုကျူဘက် လှည့်ကာ

“အစ်မကြီးရှုန်း ဒီဟာက ခင်ဗျားတို့ မိသားစုက ပိုင်တာဆိုတော့ ကိုယ့်ဘာသာ သိမ်းဆည်း ထားလိုက်ပါ ကျွန်တော် အခု သုတေသန အချို့ လုပ်လိုက်ဦးမယ် တကယ်လို့ အရေးမကြီးရင် ကျွန်တော့်ကို လာမခေါ်ပါနဲ့...”

“သခင်လေးကို ကျေးဇူး အများကြီး တင်ပါတယ်ရှင့် သခင်လေးရဲ့ အကာအကွယ် အောက်မှာ နေခွင့်ရတာက ထောင်အောင်းနဲ့ ကျွန်မတို့ အရင်ဘဝက ကောင်းတာတွေ အများကြီး လုပ်ခဲ့တယ် ထင်ပါရဲ့ ထောင်အောင်းနဲ့ ကျွန်မတို့က သိုင်းပညာကို မလေ့ကျင့်တဲ့ အတွက် ဒီသံမဏိ တိုင်လုံးက ကျွန်မတို့အတွက် အသုံးမဝင်ပါဘူး သခင်လေးကိုပဲ ပေးပါရစေ ... ” ရှုန်းရှုကျူက ပြောရင်း သံမဏိတိုင်လုံးကို အခန်းထဲ ဆွဲထည့်ပေး လိုက်လေ၏။

မိုဝူကျီက စိတ်ထဲ မထားပေ။ သံမဏိ တိုင်လုံးကား အဓိပ္ပာယ် အများကြီး မရှိသည့်အတွက် ရှုန်းရှုကျူ စိတ်သက်သာရာ ရစေရန် လက်ခံထား လိုက်တော့သည်။

သို့သော်လည်း ရှုန်းရှူကျူက တိုင်လုံးကို အခန်းထဲ ခက်ခက်ခဲခဲ ဆွဲထည့် နေရသည်ကို မြင်သောအခါ ထိုသံမဏိ တိုင်လုံးက မရိုးစင်းကြောင်း‌ ပြောနိုင်၏။ ထိုသံမဏိ တိုင်လုံးသည် လူတစ်ယောက် အရပ်နီးပါး အမြင့်ရှိကာ ကလေး လက်သီးဆုပ်လောက် လုံးပတ်ရှိလေသည်။ လေးလံသော အစေခံ အလုပ်များကို လုပ်ခဲ့ရသော ရှုန်းရှူကျူ အတွက် ထို တိုင်လုံးကို သယ်ယူဖို့ လွယ်ကူသင့်သည် မဟုတ်ပါလား……

သို့သော် ထိုသို့ လုပ်ဆောင်ရာတွင် သူမသည် အခက် ကြုံနေရဟန် ရှိ၏။

အသုံးမဝင်သော ထိုတိုင်လုံးက အံ့ဖွယ် ကုန်ကြမ်းများနှင့် ပြုလုပ် ထားသည်များလား ... ထို့ကြောင့်သာ ချောက်ဝမ်ဘင်းက ခိုးကြောင်ခိုးဝှက် ကြံစည်ခဲ့သည်များ ဖြစ်နေမလား ...

ထိုအရာကို တွေးမိ၍ မိုဝူကျီက အသံမြင့်ကာ ပြောလိုက်လေသည်။

“အဲဒါ ဆိုရင်တော့ ကျွန်တော် တော့ အစ်မကြီးရှုန်းကို ကျေးဇူး တင်ရတော့မှာပဲ ဒီသံမဏိ တိုင်လုံးကို သိမ်းထား လိုက်ပါ့မယ် ပြီးတော့ ကျွန်တော် သုတေသန လုပ်နေတုန်း ယန်အာကို စောင့်ရှောက် ပေးထားပါဦး တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင် ချက်ချင်း လာပြောပေးပါ...”

“ဟုတ်ကဲ့ပါ သခင်လေး စိတ်ချနေပါ ကျွန်မ ယန်အာကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်...” ဖြစ်လာသည်များက မိုဝူကျီ မျှော်လင့် ထားသည်နှင့် ကွက်တိ ဖြစ်နေလေသည်။ သံမဏိ တိုင်လုံးကို လက်ခံ ယူလိုက်သည့်အခါ ရှုန်းရှုကျူက စိတ်သက်သာရာ ရသွားပြီးတော့ အားအင်အပြည့်ဖြင့် ထွက်သွား လေတော့သည်။

မိုဝူကျီက တိုင်လုံးကို ဆုပ်ကိုင် လိုက်သည်နှင့် သူ့လက်ထဲသို့ အေးစက်စက် ခံစားမှုက ဝင်ရောက် လာလေသည်။ တိုင်လုံးကို မလိုက်သောအခါ အကြမ်းဖျင်းအားဖြင့် တစ်ရာ ကီလိုဂရမ်လောက် ရှိနေကြောင်း ခန့်မှန်းမိလိုက်၏။ အကယ်၍ သူက ကျင့်ကြံထားသည့် အချက်ကြောင့် မဟုတ်လျှင် သူ့အတွက် ထိုတိုင်လုံးကို မရန် အလွန် ခက်ခဲပေလိမ့်မည်။

သံမဏိ တိုင်လုံး မျက်နှာပြင်တွင် မှိန်ဖျော့ဖျော့ အစင်းများ ပါရှိလေသည်။ ထိုအစင်းများက စကားလုံး နှစ်လုံး ရေးထားဟန် ဖြစ်ပေါ်နေ၏။ မိုဝူကျီက မျက်အိမ်ကို မှေးကြည့်လိုက်ရင်း “ထျန်းဂျီ ” ဟူသော စကားလုံးများကို သေချာ ဖတ်ရှုလိုက်သည်။

ထျန်းဂျီလား အကယ်၍ ဒီလောကသာ လက်နက် စာရင်းများနှင့် ဆက်နွှယ်နေမှု မရှိခြင်း အချက်ကြောင့်သာ မဟုတ်ပါက ထိုလက်နက် စာရင်းသည် စာရေးသူ ဝတ္ထုအစိတ်အပိုင်း တစ်ခုသာ ဖြစ်လိမ့်မည်။ မိုဝူကျီက ထိုသည်က လက်နက် စာရင်းတွင် ထိပ်ဆုံး ရပ်တည်နေသော နံပါတ်တစ် လက်နက် ထျန်းဂျီ တိုင်လုံးသာ ဖြစ်လိမ့်မည်။

(ဆရာကုလုံ၏ ဝူရှား ဝတ္ထုထဲမှ လက်နက်ဇယားတွင် နံပါတ်တစ် အဆင့်ရှိသော လက်နက် ဖြစ်လေ၏)

ထို ‘ထျန်းဂျီ’ စကားလုံးနှင့် တိုင်လုံး၏ အလွန့်လွန် လေးသော အလေးချိန်မှ လွဲ၍ ကျန်သည်များက ထူးခြားခြင်း မရှိလှချေ။ နောက်တစ်ကြိမ် အနီးကပ် စစ်ဆေး ကြည့်ပြီးသည့်နောက်တွင် မိုဝူကျီက ထောင့်နား ကပ်ထား လိုက်လေသည်။ သူသည် လက်နက် ကျွမ်းကျင်သူ မဟုတ်ပေ။ ထို့ကြောင့် သူ့အတွက် တန်ဖိုးများစွာ မရှိလှချေ။ အကယ်၍ သူသာ လက်နက် ကျွမ်းကျင်သူ ဖြစ်ပါက အနည်းဆုံးတော့ ထိုတိုင်လုံးကို အရည်ကျိုကာ ပြုလုပ် ပစ္စည်းများကို စစ်ဆေး ကြည့်မိလောက်မည်။

တိုင်လုံးကို ဘေးချထား လိုက်ပြီး မိုဝူကျီက သူ့အိတ်ကို ဖွင့်ကြည့်လိုက်သည်။ ထိုအိတ်တွင် နတ်ဓားတောင်မှ အောင်မြင်မှု အသီးအပွင့်များ ပါရှိလေသည်။ ထိုသည်က သူ ကျင့်ကြံစဉ်မှ စ၍ ပထမဆုံး ရရှိဖူးသော အရင်းအနှီးပင် ဖြစ်လေသည်။

သူ့၏ အဆင့်တစ် ဆေးလုံးများနှင့် အဆင့်သုံး ဆေးလုံးသခင်ဆီမှ ရရှိထားသော စိတ်စွမ်းအင် ကျောက်တုံးများပင် ရှိလေ၏။ ဓားကျိုးနှင့် သလင်းကျောက်တို့ သည်လည်း အထဲတွင် လုံလုံခြုံခြုံ ရှိနေလေသည်။ ထို့အပြင် အဆင့်နှစ် ဝိညာဉ်ဆေးပင် အချို့နှင့် ပါးလွှာသော သားရေစာလိပ် တစ်ခုပါ ပါရှိလေသည်။

မိုဝူကျီက စာလိပ်ကို ဖြေကြည့် လိုက်သောအခါ အဆင့်နှစ် ဆေးလုံး ဖော်မြူလာများ ရေးထားသည်ကို တွေ့လိုက်ရ၏။ ထိုသည်က ယန်ချင်ယင် ထပ်၍ ထည့်ပေးထားခြင်း ဖြစ်ရမည်။ သူမသည် သူ့ကို အကြွေးတင်နေ သကဲ့သို့ ခံစားနေရပြီး ထိုပစ္စည်းကို အသုံးပြုကာ သူ့အား ဆုံးရှုံးမှု ပြန်လည် ပေးဆပ်ချင်တာ ဖြစ်ရပေမည်။

သူသည် ယန်ချင်ယင် မည်သို့ တွေးမှန်း မသိပေ။ သို့သော် ထိုပစ္စည်းများသည် မိုဝူကျီအတွက် အလွန် အသုံးတည့်လှ၏။

မိုဝူကျီ လုံးဝ မထိရသေးသော အရာကား သလင်းကျောက် မဟုတ်ဘဲ ဓားကျိုးပင် ဖြစ်လေသည်။

ထိုဓားကျိုးသည် မိုလော့ချွီ၏ ရတနာဓားမှ မူလအစိတ်အပိုင်း တစ်ခု ဖြစ်လေ၏။ ယန်ချင်ယင်၏ သဘောတရားနှင့် သူ့ကိုယ်ပိုင် လေ့လာချက်များ အရ မိုလော့ချွီသည် သူ့ချစ်သူ၏ သစ္စာဖောက် ခံရပြီးနောက်တွင် နတ်ဓားတောင်တွင် အဆုံးသတ်နှင့် တွေ့ခဲ့ဟန် ပေါ်လေသည်။ မိုဝူကျီသည် မိုလော့ချွီနှင့် တူညီသည်များ ရှိနေသည်ဟု ခံစားရမိ၏။ ထို့ကြောင့် သူ့က ဓားကျိုးကို သစ်သား သေတ္တာထဲ သိမ်းဆည်း မထားခင် သန့်ရှင်း ပေးလိုက်သည်။ ထိုသည်က အမှတ်တရ အနေနှင့်သော် လည်းကောင်း သတိထားရန် အမှတ်အသားတစ်ခု အနေနှင့်သော် လည်းကောင်း သိမ်းဆည်း ထားလိုက်သည်။

သံစဉ်ခြွေ ဓားကျိုးသည် ချောမွေ့ နေသော်လည်း အချိန်ကြာလာပြီ ဖြစ်၍ သံချေး အနည်းငယ် တက်နေလေ၏။

မိုဝူကျီက သူ့ဓားတိုလေးကို ဆွဲထုတ်လိုက်ကာ သံချေးများကို ခြစ်ချ လိုက်လေသည်။ ထို့နောက်တွင် ဓားတွင် အက်ကွဲရာ အသေးလေးကို တွေ့လိုက်ရလေ၏။ အားစိုက်လိုက်ပြီး ထိုအက်ရာလေးကို ကြီးအောင် ပြုလုပ်လိုက်ပြီး နောက်တွင် ထိုမှ အလွန် ပါးလွှာသော ပိုးစက္ကူကို ဆွဲထုတ် လိုက်တော့သည်။ အတိအကျ ပြောရလျှင် ထိုအရာကို စက္ကူဟု မခေါ်ဆိုသင့်ပေ။ ထိုပစ္စည်းသည် စကားလုံးမဲ့ ဆေးနည်း စာအုပ်မှ စာရွက်နှင့် ဆင်တူကာ အလွန် ကြမ်းတမ်းလေ၏။

မိုဝူကျီက ဖြည်းဖြည်းချင်း ဖြေကြည့် လိုက်သောအခါ တစ်မီတာ ရှည်လျားပြီး ငါးဆယ် စင်တီမီတာလောက် ကျယ်ဝန်းပေသည်။ သေးငယ်သော စာလုံးများစွာ ရေးသားထားကာ ရုပ်ပုံများပင် ပါရှိသေး၏။

ထိုစာလုံး အသေးလေးများက လင်္ကာနှင့်တူကာ ပုံများသည် ကျင့်ကြံခြင်းနှင့် သက်ဆိုင်သော အရာများ ဖြစ်ပေလိမ့်မည်။

ထိုဓားကျိုးတွင် ဖုံးထားသော လျှို့ဝှက်နည်းစနစ် အမှန်ပင် ပါရှိလေသည်။ သို့သော် ကျင့်ကြံခြင်း နည်းစနစ်လား သိုင်းပညာလေလား မသေချာပေ။ မိုလော့ချွီပင် ထိုလျှို့ဝှက် ပညာရပ်ကို မသိလောက်သေးပေ။ အကယ်၍ သူ သိခဲ့လျှင်ပင် သူ နတ်ဓားတောင်သို့ ရောက်ရှိပြီး နောက်မှသာ ဖြစ်ပေလိမ့်မည်။

စာရွက်၏ ဘယ်ဘက်ထိပ်တွင် စာလုံးကြီး လေးလုံးဖြင့် “ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ် ” ဟု ပါရှိလေသည်။

မိုဝူကျီက ပြောစရာ မဲ့သွားလေသည်။ သူ ဒီကမ္ဘာသို့ ရောက်ရှိလာစဉ်မှ စတင်၍ သူ့အခြေအနေများကား မုရုန်ဖူနှင့် တူညီလှပေသည်။ ယခု သူ ရရှိသော ပညာရပ်ကား မုရုန်ဖူ ကျင့်ကြံသည့် အရာနှင့် တူညီသော နာမည်ပင် ရှိနေလေသည်။

သို့သော်လည်း ထိုမုရုန်ဖူက ဝတ္ထုဇာတ်ကောင် တစ်ခုသာ ဖြစ်လေ၏ ... အာ ဘယ်လိုလုပ် ဒီလို အခြေအနေမျိုးနှင့် ကြုံတွေ့ရသည်လဲ ... ဆရာဂျင်က မုရုန်ဖူကို တကယ့် လက်တွေ့ကို အခြေခံပြီး ရေးသား ထားခဲ့ခြင်းတော့ မဟုတ်နိုင်ကောင်းရာ ...

(မှတ်ချက်။ ။ ဆရာဂျင်ယုံမှာ သူရဲကောင်းတို့၏ ဒဏ္ဍာရီ (Legend of condor heros ) ကို ဖန်တီးခဲ့သော ဆရာကို ဆိုလိုခြင်း ဖြစ်လေသည်)

ထိုအရာများကို ဘေးချိတ်ထားပြီး မိုဝူကျီသည် ထိုကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကား သိုင်းပညာရပ်ထဲက အထင်ကြီးဖွယ် သိုင်းကျမ်းတစ်ခု ဖြစ်ကြောင်း ဝန်ခံ ရပေလိမ့်မည်။

ယင်ကိုးမျိုး အစစ်အမှန် ကျမ်းလား ... ယန်ကိုးမျိုး အထွတ်အမြတ် လျှို့ဝှက် ပညာရပ်လား ... တုဂူရဲ့ ဓားကိုးချက်လား ... ကောင်းကင် ကမ္ဘာ ကူးပြောင်းခြင်း ပညာရပ်လား။

(ဆရာဂျင်ယုံ၏ ဝူရှား ဝတ္ထုထဲမှ နာမည်ကျော် သိုင်းကျမ်းများ ဖြစ်လေ၏ )

မိုဝူကျီ မျက်လုံးထဲတွင် ထိုပညာရပ်များက ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်နှင့် ယှဉ်လို့ မရနိုင်ချေ။

မိုဝူကျီက ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်တွင် အဆင့်မည်မျှ ပါရှိမှန်း မသေချာချေ။ သို့သော် မိုဝူကျီက မုရုန်ဖူသည် သာမန် အဆင့်တစ်သာ ရောက်သော်လည်း ချောင်ဖန်နှင့် ယှဉ်နိုင်ခြင်း အမှတ်ရလိုက်သည်။

(ချောင်ဖန်သည် ဆရာဂျင်ယုံ၏ ဝတ္ထုထဲမှ အခြားဇာတ်ကောင် တစ်ခု ဖြစ်လေသည် )

မုရုန်ဖူက ချောက်ဖန် ကဲ့သို့ ချီးကျူးစရာ မရှိသော တစ်ချက်တည်းသော အကြောင်းရင်းကား သူက သူ့နိုင်ငံ ပြန်တည်ဆောက်ရန် အားထုတ်မှု အကုန် ကြိုးစားထား၍ ဖြစ်လေ၏။

မုရုန်ဖူ၏ စကားများအရ “ငါ့ကလန်က ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ် လေ့ကျင့်ကြတဲ့ အထဲမှာ ငါ့အစ်ကိုကြီးက ‘ကြီးမားသော လှည့်ပတ်ခြင်း’ ငါ့အဖေက ‘အိပ်မက် ကြယ်တာရာ လှည့်ပတ်ခြင်း’ ငါတို့ရဲ့ တည်ထောင်သူ ခေါင်းဆောင် လောင်ချန်းက ဥက္ကာပျံ ကြယ်တာရာ လှိုင်းအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ကာ နောက်ဆုံးတွင် ကောင်းကင်မှော် ကြယ်တာရာ အဆင့်ထိ ရောက်ရှိခဲ့တယ် ”

မိုလော့ချွီ ဓားတွင် ပေါ်လာသော ထို ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်က ... မုရုန် လောင်ချန်း ဖန်တီးခဲ့သည့် ပညာရပ်နှင့် တူညီသော ပညာရပ် ဖြစ်မနေနိုင်လောက်ပေ။

မိုဝူကျီက စတင် ဖတ်ရှုလိုက်ပြီး

“အသက်က စွမ်းအင်ကနေ ဖြစ်ပေါ်လာတယ် စွမ်းအားကနေ အနှစ်သာရတွေ ဖြစ်ပေါ်လာပြီး အဆီအနှစ်တွေက စိတ်ဝိညာဉ်  စိတ်ဝိညာဉ်က ကြည်လင်ပြတ်သားမှု မွေးဖွားလာတယ် ... ယန်နှင့်ယင် စွမ်းအားတွေ ကနေ အနှစ်သာရ ပြောင်းလဲသွားပြီး အဆီအနှစ်က စိတ်ဝိညာဉ် စိတ်ဝိညာဉ်က ကြည်လင် ပြတ်သားမှုတွေ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်တည်လာတယ် စိတ်ဝိညာဉ်ကို စွမ်းအားနှင့် ဖွဲ့စည်းခြင်းမှာ အနှစ်သာရရဲ့ သွင်ပြင်ကို ပျောက်သွား စေနိုင်တယ် ... ထိုအရာ သုံးခုကို လေ့ကျင့်တာနဲ့ ပိုပြီး သဘာဝကျလာပြီး အားစိုက်ထုတ်မှု နည်းပါး လာလိမ့်မယ်...

ကျင့်ကြံသူတွေကို ယန်ယင် သဘောတရားအရ ထိန်းချုပ် ထားသလို တတ်ကျွမ်းမှု ကံတရား ကနေလည်း ထိန်းချုပ် ထားသေးတယ် ထိုသဘောတရားတွေက ကောင်းကင် မြေကြီး တစ်ခုလုံးကို ကိုင်လှုပ်နိုင်တယ် စိတ်ဝိညာဉ်ဆိုတာက ယာဉ်တစ်ခု ဖြစ်ပြီးတော့ စွမ်းအားက မြင်းတစ်ကောင်နှင့် တူညီတယ် စွမ်းအားနဲ့ စိတ်ဝိညာဉ် အတူတူ ပေါင်းစပ်မှ အောင်မြင်နိုင်လိမ့်မယ်…”

ထိုသည်က ဘယ်လိုလုပ် သိုင်းပညာရပ် ဖြစ်နိုင်မည်နည်း။ ထိုသည်က ကျင့်ကြံစဉ် တစ်ခုသာ ဖြစ်လေ၏ ... မဟုတ်သေးချေ ထိုသည်က လျှို့ဝှက်ပညာရပ် ဖြစ်ပေလိမ့်မည်။

သူ ဆက်ဖတ် လိုက်သောအခါ

“ဒီစာအုပ်မှာ အဆင့်လေးခု ခွဲထားတယ် တောက်၊ ကျွမ်း၊ ရှင်း၊ ယီ (ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ထဲတွင် ရေးသားထားသော တရုတ်စာလုံးများ ဖြစ်လေ၏) တောက် အဆင့်တွင် အဆင့်လေးဆင့် ပြန်ခွဲခြားထားကာ သဘာဝ လှည့်ပတ်ခြင်း၊ ကြီးမားသော လှည့်ပတ်ခြင်း၊ အိပ်မက် ကြယ်တာရာ လှည့်ပတ်ခြင်းနှင့် ဥက္ကာပျံ ကြယ်တာရာလှိုင်းတို့ ဖြစ်ကြတယ် ... ကျွမ်းအဆင့်တွင် အဆင့်လေးဆင့် ပြန်ခွဲခြားထားပြီး ကောင်းကင်မှော် ကြယ်တာရာ၊ အဆုံးမဲ့ ဆုံစည်းမှု၊ သန်းခေါင်းယံ လှည့်ပတ်ခြင်းနဲ့ နောက်ဆုံးက ကောင်းကင် မြေကြီး တုန်ဟည်းခြင်းပင် ဖြစ်ကြတယ်…”

မိုဝူကျီက လေပူမှုတ်ထုတ် လိုက်ပြီး မျှော်လင့်ထားသည့် အတိုင်း ထိုပညာရပ်ကား မုရုန်လောင်ချန်း၏ ပညာရပ်နှင့် ဆက်စပ်မှု မရှိပေ။ မုရုန်ဖူ အရ မုရုန်ကလန်၏ အမြင့်ဆုံး နယ်ပယ်မှာ ကျွမ်း အဆင့် ပထမ အဆင့်ထိသာ ဖြစ်လေ၏။ ကောင်းကင်မှော် ကြယ်တာရာ အဆင့်သို့ ရောက်နိုင်လျှင် သိုင်းလောက၏ အထွတ်အထိတ်ကို ရောက်ရှိနေပြီ ဖြစ်လေသည်။

***

All Chapters