← Chapters

မနက်ဖြန်

Vol. 152 Ch. 2094

မနက်ဖြန်

Vol. 152 Ch. 2094

ဝမ်လင်းသည် သူ့ဆရာဖြစ်သူ ရွှမ်လော၏ ကြင်နာမှုကို သူ၏ တကြိမ် သေခြင်းဖြင့် ပြန်ပေးဆပ်ခဲ့ခြင်းက ရှေးတောက်နန်းတော်တွင် မုန်တိုင်းထန်စေခဲ့ကာ လူများစွာ၏ အာရုံစိုက်မှုကို ခံခဲ့ရပေသည်။ အဆုံးသပ်တွင် သူက ရှေးတောက်အင်ပါယာကို သတ်ခဲ့ပြီး၏ တော်ဝင်အင်ပါယာယဲ့ဝေသည်ပင် ဝမ်လင်း ထွက်ခွာသွားတာကို မတားဆီးနိုင်ခဲ့ပေ။

ထိုသတင်များသည် တခြားကလန်ဝင်များ ထွက်ခွာသွားပြီးနောက် တဖြည်းဖြည်း ပျံ့သွားခဲ့၏။ ၎င်းကို သိနိုင်သော အရည်အချင်းရှိသည့် လူတိုင်းသည် ထိုအကြောင်းအရာကို သိခဲ့ပေသည်။

သည်ကိစ္စက ကြီးမားသော ဂယက်တစ်ခု ဖြစ်သင့်၏။ သို့သော် နောက်ထပ် တုန်လှုပ်ဖွယ် ဖြစ်လာသော ကိစ္စတစ်ခုကြောင့် ထိုသတင်းသည် တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။ ထာဝရနတ်ဘုရားနယ်မြေ စောစောစီးစီး ပွင့်လှစ်လာခြင်းသည် ရှေးကလန်အနှံ့တွင် ဂယက်ထစေခဲ့တော့သည်။

ရှေးကလန်နှင့် ကောင်းကင်ဘုံကလန်တို့ကြားရှိ ကျယ်ပြောသော ပင်လယ်ကြားတွင် ဧရာမတွင်းနက်ကြီးတစ်ခု ရှိနေသည်။ ထိုတွင်းနက်က အဆုံးမဲ့ကာ ပျက်စီးဆွေးမြေ့ခြင်း အငွေ့အသက်ကို ပေးစွမ်းသည်။ ပင်လယ်၏ ဗဟိုချက်ရှိ မုန်တိုင်းက ကျယ်လောင်စွာ မြည်ဟိန်းနေလေ၏။

ထိုလှိုင်းထန်သော ပင်လယ်၌ မိုးထိထိုးနေသော တိုင်လုံးကိုးခုကြောင့် ဖြစ်ပေါ်လာသော တံခါးသည် ထင်းရှင်းနေသည်။ ဤသည်က အစွမ်းထက်ကျင့်ကြံသူများ၏ အာရုံကို စွဲဆောင်သည်။ သို့သော် ၎င်းကို စူးစမ်းပြီးနောက်တွင်မူ သူတို့အားလုံးသည် ထွက်သွားကြသည်။

ကျိုးသဲက ကိုယ်တိုင်ကိုယ်က ထိုနေရာသို့ လာခဲ့၏။ သို့သော် သူ၏ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူသည် မုန်တိုင်းနှင့် အနီးသို့ ကပ်လာနိုင်ခြင်း မရှိပေ။ မပွင့်သေး‌သော တံခါးနားကိုမူ ဆိုဖွယ်ရာ မလိုတော့ပေ။ သူ၏ ကျင့်ကြံမှုနှင့် ဟိုင်းဇီ၏ ရှေ့ဖြစ်ဉာဏ်တို့အရ သည်တံခါးသည် နောက်နှစ်ငါးရာတွင် ပွင့်ဟလာပေလိမ့်မည်။

ထို့အပြင် ထိုအခါတွင် ၎င်းတံခါးသည် အရင်တုန်းက လုံးဝ မမြင်တွေ့ဖူးသော အလုံးစုံပွင့်ဟခြင်းဖြင့် ပွင့်လာမည် ဖြစ်၏။

တောက်ရီ၊ ဝူဖန်နှင့် ရွှမ်လောအပါအဝင် ရှေးကလန်မှ မဟာအင်ပါယာများသည်လည်း ရောက်လာခဲ့ကြ၏။ သူတို့က မုန်တိုင်းအပြင်ကနေ တံခါးကို ငြိမ်သက်စွာ ကြည့်ရှုပြီး တိတ်တဆိတ် ပြန်ထွက်သွားကြသည်။

သို့သော် တချိန်တည်းမှာ ကူးတောက်တောင်ထံမှ တော်ဝင်မိသားစုသုံးစုနှင့် သူတို့၏ မဟာအင်ပါယာများထံသို့ သတင်းစကားတစ်ခု ပေးပို့လာ၏။ ထိုသတင်းစကားသည် အလွန်ရိုးရှင်းသည်။ ၎င်းသတင်းစကားက ထာဝရနတ်ဘုရားကုန်းမြေကို စူးစမ်းခြင်းကို ရပ်တန့်ဖို့ လူများကို ပြောဆိုလိုက်ခြင်းနှင့်  တံခါးသည် နောင်နှစ်ငါးရာတွင် ပွင့်လာမည် ဖြစ်ကြောင်းပင်။ ထိုသတင်းစကားက ကလန်သုံးခုနှင့် သူတို့၏ သက်ဆိုင်ရာ မဟာအင်ပါယာသုံးယောက်ကို လာမည့် နှစ်ငါးရာ တိုက်ပွဲအတွက် ကြိုပြင်ဆင်ထားရန်လည်း ပြောဆိုခဲ့ပေ၏။

ကူးတောက်တောင်သည် ရှေးတောက်အင်ပါယာ သေဆုံးခြင်းအပေါ် အာရုံမစိုက်ခဲ့ပေ။ မဟာအင်ပါယာကူးတောက်က ဝမ်လင်းကို အမဲမလိုက်တော့သည်ကို မြင်သည့်အခါ ရှေးတောက်မှ သူများသည် ဒီကိစ္စနှင့် ပတ်သတ်၍ ထပ်မံ၍ မပြောကြတော့ပေ။ တိတ်တဆိတ်သာ နေလိုက်ကြ၏။

ရှေးကလန်ကဲ့သို့ပင် ကောင်းကင်ဘုံကလန်သည်လည်း ထာဝရနတ်ဘုရားကုန်းမြေက နောင်နှစ်ငါးရာအတွင်း ပွင့်လာမည့်အကြောင်းကို ကုန်းမြေခုနစ်ဆယ့်နှစ်ခုထံသို့ သတင်းစကား ပျံ့လေ၏။ သူတို့သည် သူတို့အောက်ရှိ အစွမ်းထက်သူများကို ဒီနှစ်ငါးရာအတွင်း တင်ကြိုလေ့ကျင် ပြင်ဆင်စေကြမည် ဖြစ်၏။ ထာဝရနတ်ဘုရရားနယ်မြေသည် သူတို့အတွက် နဂါး၏ ဂိတ်တံခါးကဲ့သို့ပင်။ သူတို့သာ ကံကောင်းမှု တစ်ခု ရသည်နှင့် မဟာအင်ပါယာတစ်ယောက် ဖြစ်လာနိုင်ပေမည်။

ထာဝရနတ်ဘုရားနယ်မြေ ပေါ်ထွက်လာမှုကြောင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခွင်တွင် မုန်တိုင်းထန်ခဲ့လေပြီ။ သို့ပေမည့် နှစ်ငါးရာ စောင့်ဆိုင်းရအုံးမည် ဖြစ်သည့်အတွက် ယင်းမုန်တိုင်းသည် ဟိုးလေးတကြော် ထင်ထင်ရှားရှား ဖြစ်မနေသေးဘဲ ဖိနှိပ်ခံထားရသည်။ ၎င်းမှာ မုန်တိုင်းမလာခင် တည်ငြိမ်နေသကဲ့သို့ပင်။

ရှေးကလန်ဖြစ်စေ၊ ကောင်းကင်ဘုံကလန်ဖြစ်စေ ထာဝရနတ်ဘုရားနယ်မြေသို့ ဝင်ရောက်နိုင်မည့် အရည်အချင်း ရှိသည်ဟု ယုံကြည်ကြသူတိုင်းက ဖိအားကို ခံစားမိနေ၏။ သူတို့သည် ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟမည့် အခိုက်မှာ ကြီးမားသော အဖြစ်အပျက်ကြီး ဖြစ်ပွားလာမည်ကို သိရှိကြသည်။

သို့သော် ထိုကိစ္စက နှစ်ပေါင်းများစွာ ငြိမ်းချမ်းနေပြီးနောက် ရှေးကလန်နှင့် ကောင်းကင်ဘုံကလန်တို့ကြား စစ်ပွဲတစ်ခု ဖြစ်ပွားလာစေမည့် ရလဒ်တစ်ခုကို ဖြစ်စေနိုင်လောက်သည်။

ရှေးကလန်က ပြင်ဆင်နေကြ၏။ ကောင်းကင်ဘုံကလန်မှာလည်း အလားတူပင်။

နှစ်ငါးရာ၊ နှစ်ငါးရာ၊ သေမျိုးများ၊ ကျင့်ကြံမှုအဆင့်နိမ့်သူများအတွက် နှစ်ငါးရာသည် ရှည်ကြာသည့်ပုံ ထင်ရ၏။ သို့ပေမည့် အစွမ်းထက်ကျင့်ကြံသူများအတွက်တော့ နှစ်ပေါင်းငါးရာသည် တခဏသာ ဖြစ်သည်။

စစ်ပွဲ၏ အရိပ်လက္ခဏာမျာက ထာဝရနတ်ဘုရားကုန်းမြေ ထွက်ပေါ်လာမှုကြောင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခွင်တွင် ပေါ်ပေါက်လာ၏။ ရှေးရှီနှင့် ရှေးတောက်နိုင်ငံကြားရှိ နယ်စပ်နိုင်ငံတစ်ခုတွင် မိုးရာသီသို့ ရောက်နေ၏။ မိုးသည် အားကောင်းမောင်းသန် ရွာသွန်းနေခြင်းတော့ မရှိ၊ သို့သော် အချိန်ကြာကြာ တဖွဲဖွဲ ရွာမည့်ပုံစံ ရှိသည်။

ကောင်းကင်သည် မှုန်ရီမှိုင်းနေသည်။ သိပ်မဝေးသော အကွာအဝေးတစ်ခုရှိ တောင်တတောင်၌ အဖြူရောင်ဝတ်ရုံဖြင့် လူငယ်တစ်ယောက်သည် ထီးတလက် ကိုင်ထားသည်။ သူ့ဘေးတွင် လှပသော အမျိုးသမီးတစ်ယောက် ရှိနေ၏။ သူမသည်လည်း လူငယ်နှင့်အတူ ရှေ့တည့်တည့်သို့ ကြည့်နေ၏။

“နင့်ရဲ့ ဇာတ်လမ်းတွေကိုတော့ ငါ သိပြီးပါပြီ။ ငါ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ စိတ်ဝိညာဉ်အပိုင်းအစအမည်ဟာ ဝမ်အာပေါ့…”

ထိုအမျိုးသမီးက မိုးရေစက်များထံမှ အကြည့်ပြန်ရုတ်ကာ တိုးညင်းစွာ ဆို၍ သူမဘေးရှိ သူ့ကို ကြည့်သည်။

ထိုအမျိုးသားသည် ရှေးတောက်နန်းတော်ကို ချိုးဖျက်ဝင်ရောက်ကာ ရှေးတောက်အင်ပါယာကို သတ်ခဲ့ပြီး သူ တစ်ဦးတည်းစွမ်းအားဖြင့် ထိုနေရာမှာ ပြန်ထွက်ခွာနိုင်ခဲ့သူ၊ သူ့ကို မည်သူကမျှလည်း မဟန့်တားစေဝံ့ခဲ့သူပင်။ သူက သူမကို ဒီနေရာသို့ ခေါ်လာခဲ့တာလည်း ဖြစ်သည်။

သူမသည် ဝမ်လင်း မည်သို့ ဆက်လုပ်မည်ကို မသိပေ။ သို့သော် သည်လမ်းခရီးစဉ်၌ ထိုအမျိုးသား၏ နူးညံ့ညင်သာမှုနှင့် ဂရုစိုက်ပေးမှုက သူမကို စိတ်ရင်းအားဖြင့် နွေးထွေးမှုကို ခံစားမိစေသည်။

လမ်းတလျှောက်တွင် ထိုအမျိုးသားက သူမကို ဇာတ်လမ်းတစ်ခု ပြောခဲ့ပေ၏။

ဝမ်လင်းသည် သူမရှေ့ရှိ အမျိုးသမီးဖြစ်သူကို ကြည့်ကာ နူးညံ့သောအကြည့်ကို ထုတ်ဖော်၍ ခေါင်းညိတ်၏။

ထိုအမျိုးသမီးက ငြိမ်သက်နေသည်။ သူမက ဝမ်လင်း၏ နူးညံ့ညင်သာမှုက သူမအတွက် မဟုတ်၊ သူမ၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်အပိုင်းအစပေါ်သို့သာ ဖြစ်သည်ကို သိသည်။ သူမက အကွာအဝေးတစ်ခုရှိ မိုးစက်တို့ကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

“ငါတို့ ဘယ်ကို သွားကြမှာလဲ…”

“ငါတို့ စတွေ့ခဲ့တဲ့နေရာကို…”  ဝမ်လင်းသည် စုန့်ကျိကို ခေါ်ဆောင်ကာ မိုးရေစက်တို့ကို အံတု၍ အကွာအဝေးတစ်ခုဆီ လျှောက်လှမ်းလာသည်။

သူသည် သည်ခရီး၌ မြန်နှုန်းပြည့် မသွားလာခဲ့ပေ။ အကြောင်းမှာ သူက စုန့်ကျိ၏ အားနည်းသော ခန္ဓာကိုယ်နှင့် မတည်မငြိမ်သေးသော သူမ၏ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်အပိုင်းအစကို ဂရုစိုက်သောကြောင့် ဖြစ်၏။ ထို့ကြောင့် သူ ရှေးတောက်အင်ပါယာကို သတ်ခဲ့ပြီးနောက် ခုဆို အချိန်တစ်နှစ် ရှိလာခဲ့ပေပြီ။

သည်တစ်နှစ်အတွင်း ဝမ်လင်းက ကူးတောက်တောင်၏ အမဲလိုက်ခြင်းကို မခံရသလို ရှေးတောက်မှာလည်း ထိုကိစ္စကို လုံးဝ ထပ်မပြောဆိုကြတော့ပေ။ ဝမ်လင်းသည် သည်အမျိုးသမီးကို ခေါ်ဆောင်ကာ ရှေးတောက်၏ နယ်နိမိတ်စွန်းသို့ တည်တည်ငြိမ်ငြိမ် ခရီးနှင်လာခဲ့ပေသည်။

သည်နေရာကို ကျော်ပါက ရှေးရှီသို့ ရောက်ပေမည်။

“ငါတို့ အရင်ဆုံး တွေ့ခဲ့တဲ့နေရာလား။ အဲ့တာက ကျောက်တုံးနက်မြို့လေ…”

ထိုအမျိုးသမီး၏ နက်မှောင်သော ဆံပင်တို့က လေနှင့်အတူ ဝေ့ခတ်၏။ တချို့တလေက ဝမ်လင်း၏မျက်နှပေါ်သို့ ပျံဝဲကျကာ သူ့ဆံပင်ဖြူတို့ဖြင့် ရောယှက်သည်။

ဝမ်လင်းသည် ဘာမျှ မဆိုပေ။ မိုးရေထဲ သူမနှင့်အတူ သူသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

နောက်ထပ် လအနည်းငယ်အကြာတွင် ဝမ်လင်းနှင့် စုန့်ကျိတို့သည် ရှေးတောက်ကနေ ထွက်ခွာလာကာ ရှေးရှီသို့ ရောက်လာသည်။ သည်သို့ ရောက်လာသည့်နောက် စုန့်ကျိသည် ရှေးရှီကို ကြည့်ကာ ရင်းနှီးသောအငွေ့အသက်ကို ခံစားမိသည်။

သို့သော် သူမက စကားပိုပို နည်းလာ၏။ ဝမ်လင်းကို ကြည့်ကာ သူမသည် ပိုတိတ်ဆိတ်လာသည်။ စိတ်ရှုပ်ထွေးမှုကိုလည်း ပိုခံစားရသည်။ သည်ခရီးစဉ်အတွင်း သူမသည် ဝမ်လင်းက သူမ၏ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ပေးသော နွေးထွေးသည့်စွမ်းအင်တစ်ခုကို ခံစားမိခဲ့၏။ သူမက ၎င်းစွမ်းအင်က မည်သို့ လုပ်ဆောင်မှု ရှိသည်ကို မသိပေ။ သို့သော် သူမသည် သူမနှင့် ပေါင်းစည်းနေသော စိတ်ဝိညာဉ်အပိုင်းအစက ခွဲထွက်မည့် အရိပ်အယောင်များ ပြလာသည်ကိုမူ ခံစားမိသည်။

“သူက ဝမ်အာလို့ ခေါ်တဲ့ အမျိုးသမီးရဲ့ စိတ်ဝိညာဉ်ကို ခွဲထုတ်ဖို့ ပြင်ဆင်နေတာပဲ။ အဲ့စိတ်ဝိညာဉ်လုံးဝ ခွဲထွက်သွားတဲ့အခါကျရင် ငါ သေရမယ့်အချိန် ဖြစ်လာနိုင်တာပဲ။ ဒါပေမဲ့ ငါ့မွေးရပ်မြေ၊ ဒေါ်ဒေါ်ချန်နဲ့ ညီမတန်တို့ကို တွေ့မြင်နိုင်ရမှာ ဖြစ်တဲ့အတွက် ဒါက သိပ်ကောင်းတယ်…” စုန့်ကျိသည် စိတ်ထဲ၌ ခါးသီးစွာ ခံစားမိနေပြီး ငြိမ်သက်စွာ စဉ်းစားနေသည်။ သူမသည် ကြောက်နေမိ၏။ သို့သော် သူမမှာ ခွန်အားမဲ့ရသည်။ ဝမ်လင်းသည် ထိုသည်ကို မြင်သည်။ သို့သော် သူက မည်သည်ကိုမျှ မရှင်းပြပေ။ သူတို့သည် ကျောက်တုံးနက်မြို့နှင့် နီးသထက်နီးလာသည်။

နောက်ထပ်လအချို့ ကုန်လွန်သွားပြန်ပြီ။

တောင်ကတုံးတစ်ခုပေါ်တွင် နေဝင်လာစဉ် စုန့်ကျိက အကွာအဝေးတစ်ခုသို့ ကြည့်ကာ သူမဘေးရှိ အမျိုးသားကို မေးလိုက်၏။ “ငါတို့ မနက်ဖြန်ကျရင် ကျောက်တုံးနက်မြို့ကို ရောက်မှာမလား…”

ဝမ်လင်းက ခေါင်းညိတ်ပြ၏။

စုန့်ကျိသည် တခဏ ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက် သူမသည် ဝမ်လင်းကို ပြုံး၍ ကြည့်သည်။ သူမက သူနှင့်အတူ တစ်နှစ်ကျော်  အတူရှိခဲ့သော ထိုသူ့ကို ကြည့်နေ၏။

“ဝမ်အာက သိပ်ကံကောင်းတာပဲ။ သူမနဲ့နင်နဲ့ ထာဝရ ပျော်ရွှင်ပါစေလို့ ငါ မျှော်လင့်မိပါတယ်…”

နောက်တနေ့ နေ့လည်ခင်းအခါတွင် ကျောက်တုံးနက်မြို့ကို အကွာအဝေးတစ်ခုကနေ လှမ်းမြင်ရလေပြီ။ ထိုမြို့က သူမ၏ မြင်ကွင်းတွင် ပေါ်လာခြင်းက စုန့်ကျိကို အိမ်၏ အငွေ့အသက်အား ခံစားမိစေသည်။

ထိုမြို့နှင့် မီတာငါးရာအတွင်း ရောက်လာသည့်အခါ ဝမ်လင်းက ရပ်၏။ စုန့်ကျိက ဝမ်လင်းကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ငါ နင့်မျက်နှာကို ထိခွင့်ရနိုင်မလား…”

ဝမ်လင်းက ထိုအမျိုးသမီးကို ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

စုန့်ကျိသည် ပြုံးကာ သူမ၏မျက်နှာသည် ရုတ်တရက် နီမြန်းသွားသည်။ သူမသည် ဝမ်လင်း၏ သာမန်ဆန်သောမျက်နှာကို ငေးမောနေသေး၏။ ထို့နောက်တွင် သူမက သူ့လက်ကို ဝမ်လင်း၏ ရင်ဘက်ပေါ်သို့ တင်ကြည့်သည်။ သူမသည် သူ၏နှလုံးခုန်သံကို ကြားရနိုင်သည်။

သူ၏နှလုံးခုန်သံက သူမကို မျက်လုံးမှိတ်သွားစေ၏။

ဝမ်လင်းက ခေါင်းငုံ့ကာ သူမ၏ဆံနွယ်ကို သပ်သည်။ သူမထံမှ မွေးရနံ့က သူ့နှာခေါင်းထဲ တိုးဝင်လာ၏။ သူတို့နှစ်ယောက်သည် သည်လိုအနေအထားအတိုင်း အချိန်တခုကြာ ဆက်ရှိနေသည်။

ဝင်နေသော နေမင်းသည် အနီရောင်ဖျော့လာကာ မှိန်လာစဉ် စုန့်ကျိက သူမလက်ကို ဝမ်လင်း၏ ရင်ဘက်ထံမှ ပြန်ခွာသည်။

“ငါ သေသွားခဲ့ရင်…ကျေးဇူးပြုပြီး…”

“နင် မသေပါဘူး…”  ဝမ်လင်းက ထိုအမျိုးသမီးကို တည်ငြိမ်စွာ ကြည့်သည်။ သူ ထိုသို့ ပြောကာ သူမ၏မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်၏။ စုန့်ကျိ၏ အမြင်သည် ဝေဝါးသွားကာ သူမသည် အိပ်ပျော်သွားသကဲသို့ လဲကျမေ့မြောသွားသည်။

နာရီဝက်လောက် ကြာပြီးနောက် သူမ သတိပြရလာ၏။ သူမ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ကြည့်နေသည်။ သူမက ဘေးပတ်လည်သို့ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်။ အချိန်အတန်ကြာပြီးနောက် သူမက တခုခုကို ပြန်အမှတ်ရသွားပုံ ရသည်။

ထိုအခိုက်တွင် နေသည် လုံးဝ ဝင်လုနီးပါး ဖြစ်နေကာ ကွယ်ပျောက်တော့ပေမည့်။ စုန့်ကျိက ထရပ်လာကာ သူမလည်တိုင်၌ နွေးထွေးမှုပေးနေသော ကျောက်စိမ်းဆွဲကြိုးတစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်၏။

သူမသည် ဝမ်အာ၏ စိတ်ဝိညာဉ်အပိုင်းအစမှာ ပျောက်ကွယ်သွားခဲ့ပြီကို ခံစားမိသည်။ သူမသည် မည်သည့်ဒဏ်ရာကိုမျှ မခံစားခဲ့ရပေ။ သို့သော် သူမ၏စိတ်ထဲ၌ ဂယက်တစ်ခု ရှိနေ၏။ သူမ၏မျက်လုံးထဲတွင် စိတ်ခံစားချက် ရှိနေ၏။ အချိန်အတန်ကြာပြီးနောက် သူမက လှည့်ကာ သိပ်မဝေးသော နေရာမှ ကျောက်တုံးနက်မြို့ထံသို့ လှမ်းလျှောက်လာသည်။

ဤမြို့သည် သူမ၏ မွေးရပ်မြေဖြစ်၏။

All Chapters