← Chapters

အစစ်အမှန်ခန္ဓာကိုယ် ပေါင်းစည်းခြင်း

Vol. 152 Ch. 2098

အစစ်အမှန်ခန္ဓာကိုယ် ပေါင်းစည်းခြင်း

Vol. 152 Ch. 2098

ကောင်းကင်ထက်တွင် မြူများ ပေါ်လာကာ တဝီဝီလည်ပတ်သည်။ ၎င်းက မှိုပွင့်အလားပင်။ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ မြေပြင်ထုမှာလည်း ပို၍ နက်မှောင်လာသည်။

ပြင်းထန်သောဖိအားက ကောင်းကင်ထက်မှ ပျံ့နှံ့ကာ အောက်ဘက်ရှိ မြေပြင်ကို ခြုံလွှမ်းလာသည်။ မြေပြင်သည် စတင် တုန်ခါလာ၏။

မင်းသားကျိတုနှင့် တခြားသူများအပြင် နန်းတော်တွင် အစောင့်အကြပ်များစွာလည်း ရှိနေ၏။ သူတို့၏ ကျင့်ကြံမှုအဆင့်များက အားမနည်းကြပေ။

သို့ပေမည့် ထိုအခိုက်တွင် ဖိအား သက်ဆင်းလာကာ အစောင့်အကြပ်တစ်ထောင်နီးပါးသည် ဖြူရောကုန်ကာ သူတို့၏ခန္ဓာကိုယ်များ တုန်ယင်ကုန်၏။ သူတို့၏ခန္ဓာကိုယ်များထံမှ တစီစီအသံများပင် ထွက်ပေါ်လာကြသည်။ သူတို့သည် ဒီဖိအားကို တောင့်မခံနိုင်ကြသည့်အလား။

“သူက နှစ်တစ်ရာလောက် ကျင့်ကြံရုံနဲ့ ဒီလောက်ဖိအားကို ဘာကြောင့် ထုတ်လွှတ်နိုင်တာလဲ…”  နန်းတော်အဆောင်ထဲရှိ မင်းသားကျိတု ညီမဖြစ်သူ၏ ခင်ပွန်းလူငယ်၏ အမူအရာမှာ ပြောင်းလဲသွားသည်။ သူ၏ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူသည် ထိုဖိအားကို ခံနိုင်ရမည် မရှိသကဲ့သို့ ခံစားရလေ၏။

အမျိုးသမီးငယ်ကမူ မတ်တပ်ပင် မရပ်နိုင်တော့ပေ။ သူမသည် ထိုင်ခုံတွင် ထိုင်ကာ နှဖူးထက်၌‌ ချွေးများ ပြန်လာ၏။

မင်းသားကျိတုသည် စိတ်လှုပ်တရှား ဖြစ်လာ၏။ သူသည် ပြီးခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း အလွန်အရေးကြီးသော အချိန်တွင်ပင် ဝမ်လင်းကို မနှောက်ယှက်ဝံ့ခဲ့ပေ။ သူသည် ဝမ်လင်းထံမှ အကူအညီတောင်းခံလိုစိတ်ကို အံတင်းတင်းကြိတ်ကာ သည်းခံမြိုသိပ်ထားခဲ့ရ၏။ အခုတွင်မူ သူသည် သူ့မွေးစားအဖေဖြစ်သူ၊ ဝမ်လင်း၏ အော်ရာကို ထိုဖိအားထံမှ ခံစားမိနေလေပြီ။

ကောင်းကင်ထက်ရှိ မြူများသည် တဝီဝီ ဆက်တိုက်လည်ပတ်နေလျက် ၎င်းအတွင်းတွင် ထူးခြားသောအရိပ်တစ်ခု ပေါ်လာသည်။ ထိုအရိပ်က အနီရောင်နေမင်းဖြစ်၏။ ၎င်းထံမှ အလင်း ပျံ့နံ့လာစဉ် ကျယ်လောင်စွာ တုန်ဟည်းမြည်သံတို့ ပဲ့တင်ထပ်လျက် မြူသည် အဆုံးအစမဲ့စွာ ပျံ့နှံ့လေသည်။

မင်းသားကျိတု၏ နန်းတော်ကို မြူဖြင့် ထွေးခြုံထား၏။ နန်းတော်အတွင်းရှိ လူများစွာသည် ထိုဖိအားကို ခုခံဖို့ ခက်လှရာ သူတို့သည် တောင့်တင်းကုန်ကြ၏။ သူတို့သည် လှုပ်ပင် မလှုပ်နိုင် ဖြစ်ကုန်သည်။

နန်းတော်အတွင်းရှိ လူငယ်ကမူ ချွေးများ ရွှဲနစ်နေတော့သည်။ သူ့မျက်လုံးထဲတွင်လည်း အကြောက်တရား ပြည့်နေသည်။ သူသည် မဟာအင်ပါယာစုန့်ျန်ကို တွေ့မြင်ခဲ့ဖူးပေ၏။ ထိုစဉ်ကပင် စုန့်ထန်ထံမှ သည်လိုကြောက်လန့်မှုမျိုးကို မခံစားခဲ့ရပေ။ သူ့ဘဝမှာ ထိုဖိအား၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားသလိုမျိုး သူ ခံစားနေရ၏။

သူ့စိတ်ထဲတွင် ရှိနေခဲ့သော မလေးမစားမှုကလည်း လုံးဝ ပျောက်ကွယ်သွားတော့၏။

ဖိအားနှင့်မြူသည် ဒီနိုင်ငံတဝန်းသို့ ပျံ့နှံ့နေလျက် ရှိစဉ် အဝေးရှိ ရှေးရှီအင်ပါယာမြို့တွင် တောင်တစ်လုံး ရှိ၏။ ထိုတောင်ထိပ်တွင် ဘုံကျောင်းကြီးတစ်ခု ရှိနေသည်။ ၎င်းတောင်ကို မူလတောင်ဟု ခေါ်တွင်သည်။

ထိုတောင်ထိပ်ပေါ်တွင် ရှေးရှီ၏ ဘုံကျောင်း ရှိ၏။ ၎င်းမှာ ရှေးရှီ၏ တော်ဝင်နေရာများထဲမှ တစ်ခု၊ ရှေးဘုံကျောင်းနောက် ဒုတိယလိုက်သော တော်ဝင်နေရာ ဖြစ်ပေသည်။

ပုံမှန်ဆို လူအများအပြားက သည်နေရာသို့ လာရောက်လည်ပတ်တတ်ကြ၏။ သို့သော် ယနေ့တွင် ထိုဘုံကျောင်းထံမှ ပြင်းထန်သောဖိအားကို ထုတ်လွှတ်နေကာ ဝင်ရောက်လာမည့် လူတိုင်းကို တားဆီးထားသည်။

ထိုဘုံကျောင်းထဲ၌ သတ်လတ်ပိုင်းလူတစ်ယောက် ထိုင်နေ၏။ သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ အကွာအဝေးတစ်ခုသို့ လှမ်းကြည့်နေ၏။ သူ၏အမူအရာက အနည်းငယ် သုန်မှုန်နေသည်။

သူ့ဘေးတွင် နောက်တစ်ယောက်လည်း ရှိနေသည်။ ထိုတစ်ယောက်မှာ လူငယ်တစ်ယောက် ဖြစ်၏။ ထိုလူငယ်က သူ၏ ကြမ်းကြုတ်ရက်စက်မှုကို ကွယ်ဖုံးထားပုံ ရ၏။ သို့သော် သည်အခိုက်တွင် သူ၏ ကြမ်းကြုတ်လိုမှုက တုန်လှုပ်မှုနှင့် အစားထိုးခံရကာ သူလည်း အကွာအဝေးတစ်ခုထံသို့ ကြည့်နေမိသည်။

သူ့ကျင့်ကြံမှုအဆင့်ဖြင့် ပုံမှန်ဆို သူသည် သည်လောက်အကွာအဝေးကနေ ထိုဖိအားကို သတိပြုမိလိမ့်မည် မဟုတ်ပေ။ သို့သော် သက်လတ်ပိုင်းလူ၏ ဘေးတွင် ရပ်နေစဉ် သူသည် ထူးခြားသောနည်းလမ်းမှ တဆင့် ၎င်းဖိအားကိုခံစားမိခဲ့၏။

“ဆရာ…ဒါ…ဒါက…” ထိုလူငယ်က ပင့်သက်ရှိုက်မိ၏။ သူက သူ့ဆရာ၏ သုန်မှုန်နေသော အမူအရာကိုလည်း မြင်သည်။ သူက အလိုလို စကားဆိုပြီးမှ သူ့စကားလုံးတို့ကို ချက်ခြင်း ပြန်မြိုသိပ်လိုက်၏။

“ “ရှေးတောက်နန်းတော်ထဲကို ဝင်ရောက်ပြီး ရှေးတောက်အင်ပါယာကို သတ်ခဲ့တဲ့၊ ပြီးတော့ ငါ့ရဲ့ ရှေးရှီကို ရောက်လာခဲ့ပြီး မင်းရဲ့ အစ်ကိုဘက်မှာ နေဖို့ ရွေးချယ်လိုက်တဲ့သူဟာ ဝမ်လင်းကလွဲလို့ ဘယ်သူ ဖြစ်နိုင်အုံးမလဲ…”

သတ်လတ်ပိုင်းလူ၏ မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားပေ၏။

ဝမ်လင်းဟူသော အမည်ကို ကြားရသည့်နောက် လူငယ်ဖြစ်သူမှာ ပင့်သက်ရှိုက်မိသွား၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ရုတ်တရက် ပြောလာသည်။

“ဆရာက တပည့်ကို အင်ပါယာအဖြစ် ခုထိ မရွေးချယ်ခဲ့တာဟာ ဒီလူ့ကြောင့်လား…”

သက်လတ်ပိုင်းလူက အေးစက်စက် ဆိုလာ၏။

“မင်းရဲ့ ဆရာက ဒီဝမ်လင်းကို ရွှမ်လော ခေါ်လာခဲ့တုန်းက မြင်ခဲ့ဖူးတယ်။ သူ့ကျင့်ကြံမှုအဆင့်ကတော့ အားမနည်းပါဘူး။ သူ့တိုက်ပွဲ စွမ်းအားကလည်း သာမန်ထက်ထူးကဲတယ်။ ဒါပေမဲ့ သူက ငါ့ရဲ့ အာရုံစိုက်မှုက ရဖို့ မထိုက်တန်သေးဘူး…”

“သူ ရှေးတောက်နန်းတော်ကို ချိုးဖျက်ပြီး ပြန်ထွက်ခွာနိုင်ခဲ့တာဟာ ရွှမ်လောက မလှုပ်ရှားခဲ့၊ ဝင်မပါခဲ့လို့ပဲ။ သူဟာ ရှေးတောက်အင်ပါယာကို သတ်ခဲ့တယ်။ ဒါပေမဲ့ မဟာအင်ပါကူးတောက်က စကားတခွန်းမှ မဟခဲ့ဘူး။ ဒီကိစ္စဟာ စဉ်းစားရအတော်အကြပ်ရိုက်ခဲ့သလို အနာဂတ်အင်ပါယာကို အလျင်စလို မရွေးချယ်ခဲ့တာဟာလည်း ဒါ့ကြောင့်ပဲ…”

“မင်းရဲ့ဆရာ ဂရုစိုက်နေတာက အဲ့လူ မဟုတ်ဘူး။ မဟာအင်ပါယာကူးတောက်ပဲ။ အဲ့လူကတော့ ငါ့ရဲ့ အာရုံစိုက်မှုကို ရဖို့ မထိုက်တန်ဘူး…”

ထိုသက်လတ်ပိုင်းလူက အကွာအဝေးတစ်ခုသို့ လှမ်းကြည့်သည်။ သူသည် ဖိအားကို ခပ်ရေးရေး ခံစားမိ၏။ ထိုသက်လတ်ပိုင်းလူမှာ ရှေးရှီ၏ မဟာအင်ပါယာစုန့်ထျန်ပင်။ သူ့နောက်မှ လူငယ်ကမူ မင်းသား ချိမန် ဖြစ်၏။

ထိုလူငယ်က စိတ်သက်ရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ထို့နောက် သူက ချီတုန်ချတုန်ဖြင့် မေးလာသည်။

“ဆရာ…ဝမ်လင်းက နှစ်ပေါင်းတစ်ရာ တံခါးပိတ်ကျင့်ကြံပြီးတဲ့နောက် ခု ထွက်လာခဲ့တာဟာ သူ့ကျင့်ကြံမှုအဆင့် တိုးတက်လာပြီလို့ ဆိုလိုတယ် မဟုတ်လား။ မဟုတ်ရင် သူက ဒီလောက်ဖိအားကို ဘယ်လိုလုပ် ထုတ်လွှတ်နိုင်စွမ်း ရှိပါ့မလဲ…”

သက်လတ်ပိုင်းလူက ပြန်မဖြေပေ။ သို့ပေမည့် သူ့မျက်လုံးသူငယ်အိမ်မှာ မဆိုသလောက် ကြုံ့သွား၏။ သူသည် တခဏ စဉ်းစားပြီးမှ ဆက်ပြောလာသည်။

“သူက  သူ့အနှစ်သာရခန္ဓာကိုယ်တွေကို ပေါင်းစည်းနေတာ။ သူ့အနှစ်သာရခန္ဓာကိုယ်တွေဟာ သာမန်ထက်ထူးကဲတယ်။ သူက ဒါတွေကို  အပြည့်အဝ သမူဟ ဖြစ်ဖြစ်ပေါင်းစည်းချင်နေတာ။ ဒါပေမဲ့လည်း ဒီလိုပေါင်းစည်းဖို့ဟာ ခက်ခဲလွန်းတယ်။ သူက ရှေးရှီမှာ နေဖို့ ဆုံးဖြတ်ပြီး ငါ့ကို ဦးဆုံးအသိပေးခြင်းမရှိဘဲနဲ့ သူ့အနှစ်သာရခန္ဓာကိုတွေကို တံခါးပိတ်ပေါင်းစည်းနေခဲ့တာပဲ။ သူက ငါ့ကိုမျက်နှာသာတောင် မပေးဘဲ ရှေးရှီရဲ့ အင်ပါယာ ပြိုင်ဆိုင်မှုမှာပါ ပါဝင်ပတ်သတ်လာခဲ့တယ်။ ငါ သူ့ကို သင်ခန်စားတစ်ခုတော့ ပေးရမယ်…”

ထိုသက်လတ်ပိုင်းလူသည် မဟာအင်ပါယာကူးတောက်နှင့် ပတ်သတ်၍ စိုးရိမ်နေသော်ငြားလည်း သူသည် မဟာအင်ပါယာတစ်ယောက် ဖြစ်နေဆဲပင်။ သူသည် ရှေးရှီ၏ စောင့်ရှောက်သူလည်း ဟုတ်သလို ရှေးရှီအပေါ် ချိန်းခြောက်နိုင်မှုဟု သူ ယုံကြည်သော အရာမှန်သမျှနှင့် ပတ်သတ်၍လည်း ကိုင်တွယ်ဖြေရှင်းခွင့် ရှိသူပင်။

သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ချိပ်ဟန်တစ်ခု ဖြစ်စေပြီး ဝမ်လင်း ဖိအား ထုတ်လွှတ်နေသော အရပ်သို့ လက်ညွှန်လိုက်သည်။

သူက ခပ်ဖွဖွ ရေရွတ်လိုက်ရာ သူ့ညာလက်တွင် တစ္ဆေအလင်း လင်းလက်သွားသည်။

တချိန်တည်းမှာ ရှေးကလန်၏ ဗဟိုချက်၊ ကူးတောက်တောင်ပေါ်ရှိ မျှော်စင်ထိပ်ဖျားတွင် မြူများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု ထိုင်နေ၏။ ထိုပုံရိပ်သည် မျက်လုံးဖွင့်လာကာ ရှေးရှီရှိနေသော အရပ်သို့ လှမ်းကြည့်သည်။

အချိန်အတန်ကြာပြီးနောက် သူက တကိုယ်တည်း ရေရွတ်လိုက်သည်။ “အနှစ်သာရခန္ဓာကိုယ် ပေါင်းစည်းတာလား…”  သူ၏စကားတို့မှ တည်ငြိမ်နေ၏။ မည်သည့်စိတ်ခံစားချက်ကိုမျှ မဖော်ပြနေပေ။

မြူထုသည် မင်းသားကျိတု၏ နန်းတော်ကို ဝန်းရံနေရင်း ကောင်းကင်ထက်၌ နေမင်းပေါ်လာ၏။ လောကသည် မကြာမီ အရောင်များ ပြောင်းလဲကာ ညအခါသို့ ပြောင်းလဲသည်။

အချိန်တိုအတွင်းမှာပင် ကောင်းကင်သည် နေနှင့်ညကြား ပြောင်းလဲနေချေသည်။ ကိုးကြိမ်မြောက် ပြောင်းလဲပြီးနောက် မြူအတွင်း၌ အစင်းကြောင်းများ ပေါ်လာကာ သင်္ကေတများ ဖွဲ့စည်းသည်။ သင်္ကေတတစ်ခုချင်းစီတွင် အတားအဆီးအနှစ်သာရ စွမ်းအား ပါဝင်သည်။

အချိန် တဖြည်းဖြည်းကုန်လွန်လာသည်။ သည်အချိန်အတွင်း ပိုပိုများပြားသော အတားအဆီးများ ပေါ်လာကာ နေနှင့်ည ပြောင်းလဲခြင်းမှလည်း ပို၍ အကြိမ်ရေ စိတ်လာသည်။ သို့ပေမည့် ပေါင်းစည်းခြင်းအရိပ်လက္ခဏာ ရှိမနေသေးပေ။

မတည်မငြိမ်သည့် လက္ခဏာများသာ ရှိနေ၏။ နေနှင့်ည ပြောင်းလဲနေစဉ် ကောင်းကင်သည် စတင် အားပျော့လာ၏။ အတားအဆီးမြောက်များစွာသည်ပင် လွင့်ကွယ်ပျောက်မည့် လက္ခဏာများ ပြသလာသည်။

ထိုအခိုက်တွင် နန်းတော်ထံမှ အလင်းတန်းငါးခု ပျံသန်းထွက်လာ၏။ ထိုအလင်းတန်းများထဲ၌ မည်သည့်အရာများ ရှိနေသည်ကို တွေ့မြင်ရဖို့ မဖြစ်နိုင်ပေ။ သို့သော် ယင်းတို့မှာ ကောင်းကင်ထက်တွင် တစ်ခုတည်းအဖြစ်သို့ စုဝေးလျက် အရိပ်တစ်ခုကို ဖွဲ့စည်းသည်။

ထိုအရိပ်သည် ဝမ်လင်းနှင့် ချွတ်ဆွတ်တူလှသည်။

သို့ပေမည့် ၎င်းမှာ ဝမ်လင်း၏မူလခန္ဓာကိုယ် မဟုတ်ပါ။ သူ၏ ဒြပ်စင်ငါးခုခန္ဓာကိုယ် ဖြစ်၏။ ၎င်းက ပုံရိပ်ယောင်တစ်ခုကဲ့သို့ နေရာတွင် လွင့်မြောနေပြီး သာမန်လူအရွယ်အစား ရှိသည်။ သို့သော် သူက ရှိုက်သွင်းလိုက်၏။ လောက၏ စွမ်းအားသည် သူ့ထံသို့ အရူးအမူး တိုးဝင်လာချေသည်။ ထို့နောက် အနှီဒြပ်စင်ငါးခုန္ဓာကိုယ်သည် ပေတစ်ထောင်မြင့်သည့်အထိ ချဲ့ကားလာသည်။

လောက၏ စွမ်းအားသည် သည်လောက၏ ဒြပ်စင်ငါးခု၏ စွမ်းအားပင်။

ပေတစ်ထောင်ခန္ဓာကိုယ်က ထပ်မံ၍ ရှိုက်သွင်း၏။ မြေပြင်ထု တုန်ခါကာ ကောင်းကင်ဘုံမီး ပေါ်လာသည်။ မိုးပွားများ ကပ်ပါလာကာ မြက်ပင်များ သွေ့‌ခြောက်၏။ ကောင်းကင်ဘုံသတ္တုလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ဒြပ်စင်ငါးခု၏ စွမ်းအားမှာ သူ၏ ပါးစပ်အတွင်းသို့ ရှိုက်သွင်းခြင်း ခံရသည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ပေတစ်ထောင်လောက် အရိပ်သည် နောက်ထပ် ချဲ့ကားလာကာ ပေတစ်သောင်းထိ ကြီးမားလာလေသည်။

ပေတစ်သောင်းသော ဒြပ်စင်ငါးခုခန္ဓာကိုယ်သည် သူ၏လက်နှစ်ဖက်ကို ဖြန့်ကား၏။ တချိန်တည်းမှာ နေနှင့်ည ပြောင်းလဲခြင်းက ချောမွတ်လာကာ အတားအဆီးများသည် လွင့်ပြယ်မည့် အရိပ်အယောင် ဆက်၍ မပြသတော့ပေ။

သို့ပေမည့် အတားအဆီး၊ အကြွင်းမဲ့အစ၊ အကြွင်းမဲ့အဆုံးတို့သည် တည်ငြိမ်မည့် အရိပ်လက္ခဏာများ ပြသလာချိန်တွင် မြေပြင်အတွင်းနက်ပိုင်းမှ ကြမ်းကြုတ်လှသော ဟိန်းအော်သံတစ်သံ ထွက်ပေါ်လာ၏။

ထိုဟိန်းအော်သံတွင် ရူးသွပ်မှုနှင့် ချောက်ခြားဖွယ်ဖိအား ပါဝင်သည်။ ၎င်းသည် ရှေးရှီဝင်အားလုံး၏ နှလုံးသားကို တုန်လှုပ်ကြောက်လန့်သွားစေ၏။

ထိုဟိန်းအော်သံ ပဲ့တင်ထပ်သည့်အခါ နန်းတော်အတွင်းရှိ မင်းသားကျိတုသည် တုန်ယင်သွားပြီး သွေးအန်လိုက်ရ၏။

“ဒါက လောဟွာပဲ…”

မင်းသားညီမတော်၏ ခင်ပွန်းလူငယ်မှာလည်း ဖြူဖပ်ဖြူရော ဖြစ်သွား၏။ သူက လောဟွာဟူသော အမည်ကို ကြားသည့်အခါ မင်းသားကျိတုနှင့် ပတ်သတ်သည့် ကောလဟလတစ်ခုကို တွေးမိ၏။ ထိုမင်းသား မွေးဖွားခဲ့စဉ်က မိုးကောင်းကင်က သင်္ကေတတစ်ခု ပြသခဲ့ကာ ၎င်းမှာ ကြမ်းကြုတ်သော သက်ပြင်းချသံ ဟူ၍ ကောလဟာလ သတင်းစကား ရှိခဲ့ပေသည်။ ထိုသင်္ကေတကို တော်ဝင်မိသားစုက ဖုံးကွယ်ထားခဲ့ပြီး အင်ပါယာဆရာသခင်က မန္တာန်ဖြင့် ဖုံးကွယ်ခဲ့လေသည်။

လူအများအပြားက ထိုအကြောင်းကို မသိကြပေ။ သို့သော် လွန်ခဲ့သောနှစ်တစ်ရာက တချို့ မသိရသော အကြောင်းများကြောင့် ထိုသတင်းစကားသည် ရှေးရှီတွင် စတင် ပျံ့နှံ့ခဲ့ပေ၏။

ပြောကြသည်မှာ မင်းသား ကျိတုသည် သူ၏ နန်းတော်ကို လောဟွာနိုင်ငံတွင် တည်ဆောက်ခဲ့ခြင်းမှာ သည်နိုင်ငံ၏ အောက်တွင် လောဟွာအမည်ရသည့် ကြမ်းကြုတ်သောသားရဲတစ်ကောင်ကို ချိပ်ပိတ်ထားသောကြောင့် ဖြစ်သည် ဟူ၏။

မင်းသား ကျိတု သည်နေရာတွင် ရှိနေရသည့် အကြောင်းရင်းမှာ ထိုသားရဲကို ဖိနှိပ်ဖို့နှင့် လောဟွာ၏ အော်ရာပေါ်တွင် သူ့ကိုယ်သူ အားအင်ဖြည့်တင်းဖို့အတွက်ဟု ဆိုသည်။ ဤသည်မှာ အင်ပါယာဆရာသခင် သူ မသေခင်က စီစဉ်ထားခဲ့သော အရာများ ဖြစ်၏။

ထိုဟိန်းအော်သံသည် ပို၍ အားကောင်းပြင်းထန်လာသည်။ မကြာမီတွင် အရိပ်ကြီးတစ်ခုသည် အကွာအဝေးတစ်ခု၌ ပေါ်လာ၏။ ၎င်းမှာ ကြီးမားသော မျက်လုံးတစ်လုံးသာ ရှိသည့် အသားလုံးကြီးတစ်ခုပင်။  ၎င်းက ပေါ်လာသည်နှင့် နန်းတော်အထက်ရှိ ဒြပ်စင်ငါးခုခန္ဓာကိုယ်ကို လှမ်းကြည့်သည်။ ၎င်း၏မျက်လုံးထဲတွင် လောဘတက်ဟန်တို့ ဖြတ်ပြေးသွားသည်။

ထိုအသားလုံးကြီးကို လောဟွာသားရဲဟု ခေါ်တွင်သည်လော။

All Chapters