ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်လေး
Vol. 7 Ch. 93
မိုဝူကျီက ပဒုမ္မာကြာ အထွတ်အထိပ် ဓားတောင် နေရာ မြေပုံကို ထိုးပြလိုက်ပြီး
“ဒီနေရာက တော်တော်လေး ကောင်းပုံပဲ အဆောက်အဦက ရိုးရှင်းပြီးတော့ အဆင်ပြေတယ် နေရာလည်း အများကြီး ယူမထားတဲ့ အတွက် နောက်ပိုင်းကျ တခြား ဟာတွေပါ ထပ်ဆောက်လို့ ရသေးတာပေါ့ ... ဒီနေရာကိုပဲ ရွေးလိုက်တော့မယ်...”
“ဆေးလုံး သခင်မို ဒီနေရာကို ရွေးချယ်မလို့လား ဒီနေရာက ဝိညာဉ် စွမ်းအားတွေက တော်တော် နည်းတယ်ဗျ ....” အထွတ်အထိပ် ဓားတောင် အခန်းကို တာဝန် ယူထားရသော တပည့် တစ်ယောက်က ပဒုမ္မာကြာ နေရာ၏ ဆိုးကျိုးကို ထုတ်ပြောပြ လိုက်သည်။ မိုဝူကျီက လက်ခါပြ လိုက်ကာ
“ကိစ္စမရှိဘူး ကျင့်ကြံခြင်းတာ ထားလိုက်ပါ ဆေးလုံး ဖော်စပ်ဖို့က အဓိကပဲ နေရာ ပြန်ဆောက်ပေးဖို့ လူတွေ လွှတ်ဖို့မလိုဘူး နဂိုအိမ်လောက် ဆိုရင် ငါ့အတွက် ကောင်းနေပြီ...”
မိုဝူကျီက ထိုသို့ ပြောလိုက်သည့် အတွက် ယွန်ချီနှင့် အထွတ်အထိပ် ဓားတောင် အခန်းမှ တပည့်များသည် ထပ်၍ အတွန့် မတက်တော့ချေ။ ပဒမ္မာကြာ အထွတ်အထိပ် ဓားတောင်တွင် သူ့အား နေရာ ချပေးရန် စီစဉ်မှုများ ပြီးစီး သွားခဲ့လေပြီ။
အမှန်တကယ် အားဖြင့် ဆေးလုံး ဆရာများသည် အထွတ်အထိပ် ဓားတောင် နေရာ မရနိုင်ကြပေ။ သို့သော် မိုဝူကျီနှင့် ယန်ချင်ယင်တို့၏ ဆက်ဆံရေးကို ထည့်တွက်၍ ဂိုဏ်းကနေ ပေးခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် မိုဝူကျီအတွက် အထွတ်အထိပ် ဓားတောင်ကို စီစဉ်ပေးပြီး နောက်တွင် ဂိုဏ်းက ပဒုမ္မာကြာ အထွတ်အထိပ် ဓားတောင်သို့ တပည့် တစ်ယောက်မှ စေလွှတ် မပေးခဲ့ပေ။
သုံးရက် အကြာတွင် မိုဝူကျီက ပဒုမ္မာကြာ အထွတ်အထိပ် ဓားတောင်သို့ ပြောင်းရွေ့ခဲ့ လိုက်သည်။
ပဒုမ္မာကြာ အထွတ်အထိပ် ဓားတောင်ကား ဂိုဏ်းထဲတွင် လာရောက်သူ အနည်းဆုံး တောင်ထိပ်ထဲက တစ်ခုဟု ယူဆ၍ ရလေသည်။ မြေနေရာကား ကျယ်ပြန့်ခြင်း မရှိသလို တောင်ထိပ် သည်လည်း အရမ်း မမြင့်ပေ။ အခြားသော တောင်ထိပ်များနှင့် တစ်ခုတည်းသော ကွာခြားချက်က တောင်ထိပ်တွင် ရေကန် တစ်ခုပါရှိခြင်း ဖြစ်၏။ ထိုရေကန်ကား အစက ကွမ်လီသည် သွေးပဒုမ္မာများကို စိုက်ပျိုးရန် အသုံးပြုခဲ့ သော်လည်း သူထွက်သွားပြီး နောက်တွင် အထွတ်အထိပ် ဓားတောင် တစ်ခုလုံးက လစ်လပ်သွားကာ ရလဒ် အနေနှင့် လာရောက် လည်ပတ်သူ တစ်ယောက်မှ မရှိတော့ချေ။
အဆုံးသတ်တွင် မိုဝူကျီ၊ ယန်အာ နှင့် ရှန်းရှူကျူတို့ ဇနီးမောင်နှံတို့ လေးယောက်သားသည် ပဒုမ္မကြာ အထွတ်အထိပ် ဓားတောင်သို့ ရွှေ့ပြောင်း ခဲ့လေသည်။ ပါရှိသော အခန်း အရေအတွက်သည် မများလှပေ။ အခန်းကျယ်လည်း မပါရှိသလို ကျန်ရှိနေသော အခန်းများသည် လေးယောက် နေဖို့သာ ဖူလုံလေသည်။ အဓိက နေရာမှ လွဲလျှင် ဘေးအခန်း နှစ်ခန်း၊ သိုလှောင်ခန်း တစ်ခန်းနှင့် စိတ်ဝိညာဉ် သားရဲအခန်းတို့ ပါဝင်လေသည်။
အထွတ်အထိပ် ဓားတောင်နှင့် အိမ်နှင့် သက်ဆိုင်သော အလုပ်များကို ရှုန်းရှူကျူကို တာဝန်ခွဲပေးပြီး နောက်တွင် မိုဝူကျီက ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို စတင်၍ လေ့ကျင့် လိုက်ကာ ဓားချောက်ကမ်းပါး အတွက် သူ့အကြံစည်ကို စတင် ပုံဖော်လိုက်လေ၏။
ပဒုမ္မာကြာ အထွတ်အထိပ် ဓားတောင်ရှိ ဝိညာဉ် စွမ်းအားများ သိပ်သည်းမှုသည် အခြားသော တောင်ထိပ်များနှင့် ယှဉ်လျှင် နည်းပါးသော်လည်း သွေးပဒုမ္မာ ကြာကန်ထက် စာလျှင် ဆယ်ဆမက ပိုများပြားလေသည်။ အရင်က အားကျခဲ့ရသော ဝူခိုင်း၏ အိမ်နေရာနှင့် ယှဉ်လျှင်ပင် ဤနေရာရှိ ဝိညာဉ် စွမ်းအားများက ပို၍ သိပ်သည်းသေး၏။ ဤနေရာကား ဝိညာဉ်စွမ်းအား နည်းသော တောင်ထပ် တစ်ခုသာ ဖြစ်လေသည်။ အခြားသော တောင်ထိပ်များတွင် ဝိညာဉ်စွမ်းအား မည်မျှ ကြွယ်ဝ နေမည်နည်း။
သူက ဤနေရာတွင် လေ့ကျင့်လိုက်ပြီး မိုဝူကျီသည် သူ့ကျင့်ကြံ အဆင့်ကား ဆေးလုံး အကူအညီ သို့မဟုတ် စိတ်စွမ်းအား ကျောက်တုံး မသုံးဘဲနှင့်ဖြင့် နေ့စဉ် များစွာ တိုးတက် လာနေသည်ဟု ခံစားနေမိသည်။ ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကား ဝိညာဉ် တည်ဆောက်ခြင်း အဆင့်မှ စတင် ကျင့်ကြံ၍ ရနိုင်ကြောင်း မသိသောကြောင့် သူ ယခင်က ကျင့်ကြံသည့် အတိုင်း လေ့ကျင့် နေလေသည်။
တစ်လအတွင်း မိုဝူကျီ၏ ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကား သဘာဝ လှည့်ပတ်ခြင်း အဆင့်သို့ ရောက်ရှိ သွားလေပြီ။
များပြားသော ဝိညာဉ်စွမ်းအာ စုပ်ယူခြင်းနှင့် သူ့ကျင့်ကြံ အဆင့်ကား ထိုအချိန် အတွင်းတွင် သိသာစွာ တိုးတက် လာလေသည်။ တစ်လတည်းဖြင့် မိုဝူကျီအတွင်းမှ ဝိညာဉ် စွမ်းအားများသည် အများအပြား စီးဆင်း နေကြပြီး ကျင့်ကြံခြင်းရှိ အတွေ့အကြုံများ အရ နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် နီးကပ်လာပြီ ဖြစ်ကြောင်း သိလိုက်သည်။ ဟန်နင်သည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် လေးနှင့် သုံးကြားမှ ကြီးမားလှသော ကွာခြားချက်ကို တစ်ခါ ပြောပြဖူးလေသည်။ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေးသို့ ရောက်သည်နှင့် သူ့စွမ်းအားကား သိသာလှစွာ မြင့်တက် သွားလိမ့်မည်။ ဆရာ၏ လမ်းညွှန်မှု မရှိဘဲ မိုဝူကျီသည် စိတ်စွမ်းအား ကျောက်တုံးများကို အသုံးပြုပြီး အဆင့်လေးသို့ တက်လှမ်းရန် ကြံစည် ထားလေ၏။
မိုဝူကျီက ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်းကို စတင် ပြုလုပ်လိုက်သောကြောင့် သူ့လက်ထဲမှ ကျောက်တုံးများက လင်းလာလေ၏။ သူ့လက်က လေဟာနယ် တစ်ခုကဲ့သို့ ခံစားရပြီး ကျောက်တုံးများမှ စိတ်စွမ်းအင် ဝိညာဉ် စွမ်းအားများကို ဆက်တိုက် စုပ်ယူနေလေသည်။ သန့်စင်လှသော စွမ်းအားသည် သူ့လက်မှ တစ်ဆင့် ခန္ဓာအတွင်းသို့ ဝင်ရောက်လာကာ ရှိနေသမျှ ချွေးပေါက်များကို ပွင့်လာစေသည်။ သူ့၏ အသေးစား လှည့်ပတ်ခြင်းနှုန်းက သူ့ထဲတွင် စီးဆင်းနေသော စွမ်းအားများထက် အဆများစွာ တိုးတက်လာပေ၏။
မိုဝူကျီက စိတ်လှုပ်ရှားမှုကို ချိုးနှိမ်ရင်း
“စိတ်စွမ်းအား ကျောက်တုံးတွေက ငါ့အပေါ် ဒီလောက်တောင် အကျိုး သက်ရောက်မှု ရှိတာလား.....” သူ့ကိုယ်သူ တွေးမိ လိုက်လေသည်။
အကယ်၍ သူသည် ကျင့်ကြံနေစဉ် ဆေးလုံးများ မသုံးဘဲ စိတ်စွမ်းအား ကျောက်တုံးများသာ အသုံးပြုခဲ့လျှင် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေးသို့ စောစီးစွာ ရောက်ရှိနိုင်လိမ့်မည်။
ဝိညာဉ်စွမ်းအား လှိုင်းလုံး တစ်ခုပြီး တစ်ခုက သူ့ချီ သွေးကြောမျာသို့ ဝင်ရောက်နေပြီး နေ့ဝက်အတွင်းတွင် မိုဝူကျီသည် စိတ်စွမ်းအား ကျောက်တုံး ငါးခုကို အသုံးပြုပြီးလေပြီ။
“ဘမ်း.....” သူ့ခန္ဓာအတွင်းမှ ပေါက်ကွဲ လာသံနှင့်အတူ များပြားလှသော ဝိညာဉ် စွမ်းအားများက စမ်းချောင်း သဖွယ် ပြောင်းလဲ သွားလေသည်။ မိုဝူကျီက အားရပါးရ ဟစ်ကြွေးလု နီးပါး ဖြစ်သွားလေသည်။
ဟန်နင် ပြောသည်က မှန်ကန်ပေ၏။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာအတွင်းမှ ဆဲလ်တိုင်းတွင် စွမ်းအားများနှင့် ပြည့်နေသည်ဟု ခံစားနေမိသည်။ မိုဝူကျီက သန်စွမ်းမှုလည်း မြင့်မား လာသည်ဟု ယုံကြည်ချက် ရှိသောကြောင့် စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ပျော်လာလေသည်။
ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေးသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်များ၏ အလယ်အလတ်ဟု ယူဆ၍ ရလေသည်။ စိတ်ကြီး ဝင်မိသော်လည်း မိုဝူကျီက နေရာတိုင်းတွင် အင်မော်တယ်များ ရှိနေသော နယ်ပယ်တွင် သူ့ကိုယ်သူ ထိုမျှ အင်အားလေးဖြင့် ကာကွယ်ရန် မဖြစ်နိုင်ကြောင်း သဘောပေါက်လေ၏။ ယခု သူ့တွင် ကျင့်ကြံခြင်းရာ၌ စိတ်စွမ်းအား ကျောက်တုံးများနှင့် အလေ့ကျင့် ရှိသွားသောကြောင့် မိုဝူကျီက ကျောက်တုံးများ ထပ်ရရန် အလိုရှိလေသည်။
သူက အဆင့်လေးသို့ ရောက်လာသည်နှင့် မိုဝူကျီသည် အရင်က ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တစ်တွင် ကြုံတွေ့ဖူးသော ဟန့်တားမှု တစ်ခုကို ထပ်ခံစား မိလိုက်သည်။ သူ့လက်ရှိ အခြေအနေဖြင့် ချီသွေးကြော ၂၇ခုသည် သူ့အတွက် ရှေ့ဆက်ရန် မလုံလောက်ပေ။ ထပ်ကျင့်ကြံ နိုင်ရန် သူသည် ချီသွေးကြောများကို ထပ်ဖွင့်ရန် လိုအပ်သေး၏။
ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေးထိ ကျင့်ကြံလာပြီး လျှို့ဝှက်ပညာရပ် တစ်ခုကိုလည်း ရရှိလိုက်သည့် အတွက် ဓားချောက် ကမ်းပါးသို့ ခရီးနှင်ရန် အချိန်ရောက် လာလေပြီ။
မိုဝူကျီမှ အိမ်မှ ထွက်လာစဉ်တွင် ကောင်းကင်၌ နီဝါနှစ်ဖြာ ယှက်ကာ သန်းနေလေ၏။ သူထွက်လာသော အခါ ယန်အာက ရှုန်းရှူကျူဆီမှ ပန်းထိုးသင်ရန် နေခဲ့လေသည်။ ငြိမ်သက် အေးဆေးနေသော နေဝင်ဆည်းဆာ မြင်ကွင်းသည် ပန်းချီကားထဲမှ ထွက်လာသည့် အလား လှပနေလေသည်။ မိုဝူကျီကို တွေ့လိုက်သော အခါ ယန်အာ မျက်နှာတွင် အေးချမ်းမှု ပေါ်ပေါက် လာလေသည်။ ရှုန်းရှူကျူက မတ်တတ် ရပ်လိုက်ပြီး သူ့အား နှုတ်ဆက် လိုက်လေသည်။
“အစ်မကြီးရှုန်း ကျွန်တော် အပြင် သွားလိုက်ဦးမယ် မနက်ဖြန် ပြန်မလာဖြစ်လို့ တစ်ယောက်ယောက် လာရှာရင် ကျွန်တော် အခန်းပိတ် ကျင့်ကြံနေတယ်လို့ ပြောပေးပါ ဒါနဲ့ ကျွန်တော် ပြန်လာတာနဲ့ အစ်ကိုကြီး ထောင်အောင်းရဲ့ ခြေထောက်ကို ကြည့်ပေးမယ် သူတို့ကို ကုသနိုင်မလားတော့ မသေချာသေးလို့ အာမတော့ မခံနိုင်ဘူး”
မိုဝူကျီက ရှုန်းရှူကျူကို ခေါင်းညိတ်ပြ လိုက်၏။ သူသည် ဓားချောက် ကမ်းပါးသို့ သွားရမည့် ကိစ္စကို တစ်ညအတွင်း ပြီးစီးအောင် လုပ်ဖို့ဆိုသည်မှာ ခက်ခဲလှသည့် အတွက် စိုးရိမ်နေမိသည်။
အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာသော သူ့ကို အထင်သေး၍ မရချေ။ သူ့တွင် ထောင်အောင်း ခြေထောက်ကို ကုသရန် နည်းလမ်း မရှိလျှင်ပင် ကုသနိုင်စွမ်း ရှိသော ယန်ချင်ယင်ကို သိလေ၏။
“ဟင်..” ရှုန်းရှူကျူက ပျော်ရွှင်မှု ဖုံးလွှမ်း နေလေသည်။ သူမက မိုဝူကျီ ဆိုလိုသည့် အဓိပ္ပာယ်ကို မြန်မြန် နားလည်သည့် အတွက် မြေပြင်ပေါ် ဒူးထောက်ကာ
“သခင်လေးရဲ့ ကျေးဇူးတရားတွေကို ကျေးဇူးတင်လို့ မဆုံးနိုင်အောင် ပါပဲရှင် ရလဒ်က ဘယ်လိုပင် ဖြစ်နေပါစေ ထောင်အောင်းနဲ့ ကျွန်မက အမြဲတမ်း ကျေးဇူးတင်နေမှာပါ.....”
“အစ်မကြီးရှုန်း ကျွန်တော်တို့က အတူတူ နေနေမှတော့ မိသားစုလို့ပဲ သဘောထားပါတယ် အဲဒါကြောင့် ဒီလိုမျိုး မလုပ်နဲ့ ဟုတ်ပြီလား...” မိုဝူကျီသည် ရှုန်းရှူကျူက မည်မျှ ကျေးဇူးတင် နေကြောင်း သိရှိ၏။ သူမ ဂရုစိုက်မှု များကြောင့် ယန်အာ၏ အခြေအနေသည်လည်း တစ်ရက်ထက် တစ်ရက် ပိုကောင်းမွန် လာနေကာ သူမကို မိသားစုဟု သဘောထား ထားသည်မှာ ကြာမြင့်လာပြီ ဖြစ်သည်။
“ဟုတ်ကဲ့ပါ သခင်လေး ” ထင်ထားသည့်အတိုင်း ရှုန်းရှူကျူသည် လက်မလွတ် နိုင်သေးချေ။ မတ်တတ် ရပ်လိုက်သော်ငြား သူမ မျက်လုံးတွင် ဆေးလုံးဆရာ အငယ်လေး အပေါ်တွင် ကျေးဇူးတရာများ၊ လေးစားမှုများကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရသေး၏။ ထို့ကြောင့် သူမကို လွတ်ပေးထားရုံ အပြင် မရှိတော့ချေ။ တကယ်လို့ သူမကို များမျာစားစား တောင်းဆိုမိလျှင် သူ့အား အလုပ်အကျွေး ပြုရန် သူမအတွက် အဆင်မပြေ ဖြစ်စေလိမ့်မည်။
နေဝင်ပြီး နောက်တွင် ဓားချောက် ကမ်းပါး၌ အခက်ခဲဆုံးသော လုပ်ငန်းကို စတင်လုပ်ဆောင် ရတော့မည်။ အရင်လတွင် ကျင့်ကြံခြင်းက လွဲ၍ ဤအတွက် လိုအပ်သည့် အခြားသော ပြင်ဆင်မှုများပါ ပြင်ဆင် ထားခဲ့လေသည်။
ဓားချောက် ကမ်းပါးသည် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း၏ လက်ဝဲဘက် အစွန်ဆုံးတွင် တည်ရှိလေသည်။ ထိုနေရာ အပြင်တွင် ဂိုဏ်း၏ နယ်နိမိတ်သာ ကျန်ရှိတော့ လေသည်။ ဂိုဏ်းမှ အားလုံးသည် ထိုချောက်ကမ်းပါးကို ကြောက်ရွံ့ကျဟန် ရှိသောကြောင့် ဤနေရာသို့ လာရောက်သူသည် မရှိလှချေ။
မိုဝူကျီ ဓားချောက် ကမ်းပါးသို့ ရောက်လာချိန်တွင် ညနက်သန်းခေါင်ယံ ဖြစ်နေပြီ ဖြစ်လေသည်။ ကောင်းကင်ယံတွင် လခြမ်းကွေး ထွက်ပေါ်နေပြီး ချောက်ကမ်းပါးပေါ် အလင်းမှိန်ပျပျ ထွန်းလင်းပေးနေ၏။ သို့သော်လည်း ချောက်ကမ်းပါး အနက်ကား ကန့်သတ်ချက် ရှိဟန် မရပေ။ ပို၍ မှောင်မည်းနေကာ အရာအားလုံးထက် မည်းမှောင် နေလေသည်။ ညအခါတွင် ထွက်တတ်သာ ညဇီးကွက်များ အသံသည် ညအမှောင်ထဲတွင် ကြောက်စရာ ကောင်းစွာ ချောက်ချားစွာ လေထုကို ဖန်တီးနေလေ၏။
ထိုသည်က ချောက်ကမ်းပါးထိပ်မှ မီတာ ၆၀ အကွာရှိ အတွင်းဘက် နံရံတွင် ချိတ်ဆွဲထားသော ဓားကျိုးကို ကြည့်ရန် ပထမဆုံးအကြိမ် လာခြင်း မဟုတ်ပေ။ လရောင်ကြောင့် ချောက်ကမ်းပါး နံရံမှာ ချောမွတ်နေကာ မိုဝူကျီအတွက် တွယ်ကပ် နေဖို့ရာ ခြေတင်စရာ၊ လက်ကိုင်စွဲစရာ နေရာများ မရှိချေ။
မိုဝူကျီသည် ဓားချောက်ကမ်းပါး အောက်ခြေမှ ထွက်ပေါ်နေသော အားပြင်းသော မြေဆွဲအားအကြောင်း ကောလာဟလကို ကြားဖူးလေ၏။ ငှက်များပင် ထိုနေရာသို့ ဖြတ်ပျံရန် မဖြစ်နိုင်ကြပေ။ ထူးဆန်းလှသည့် အားတစ်ခုကြောင့် ဟိုးအတွင်း အနက်ဆုံးထိ ဆွဲယူသွားခြင်းသာ ခံလိုက်ကြရသည်။
လက်တွေ့တွင် မိုဝူကျီတွင် ပျံသန်းရန် နည်းလမ်းလည်း မရှိပေ။ သူသည် ၉၀မီတာလောက် ရှည်လျားသော ကြိုးကိုသာ ယူလာလေသည်။ ပထမဆုံး သူက တောင်ထိပ်ရှိ မြေနေရာ အမာတွင် သံတုတ်ကို ထိုးစိုက်လိုက်ပြီး တစ်ဖက်ကို သေချာ ချည်နှောင် လိုက်လေသည်။ အခြား တစ်ဖက်ကို သူ့ခါးတွင် ချည်ထားလိုက်ကာ ဓားချောက် ကမ်းပါးထိပ်မှ ကြိုးကို ဂရုတစိုက် ကိုင်ထားရင်း ဆင်းလာ လိုက်တော့သည်။
***