← Chapters

ဆယ်စင်းမြောက်နေ

Vol. 152 Ch. 2104

ဆယ်စင်းမြောက်နေ

Vol. 152 Ch. 2104

မဟာအင်ပါယာများသည် လောကဥပဒေသ၏ အဆုံးအဖျားကို ထုတ်ဖော်နိုင်ပေ၏။ သူတို့၏ အားကောင်းလှသော ယုံကြည်မှုဖြင့် သူတို့သည် ထိုဥပဒေသများကို ငှားယမ်းကာ ဗလာနတ္ထိကနေ အထည်ဒြပ်ဖြစ်လာအောင် လုပ်နိုင်ကြသည်။ ထိုသည်ကို ဗလာနတ္ထိကနေ တစုံတစ်ခုကို ဖန်တီးခြင်းဟု ခေါ်တွင်၏။

သို့ပေမည့် ၎င်းမျာ ပုံရိပ်ယောင်ကို အစစ်အမှန်သို့ ရိုးရိုးရှင်းရှင်း ပြောင်းလဲခြင်းသာ ဖြစ်သည်။ သူတို့သည် ဝမ်လင်းကဲ့သို့ ထိုဥပဒေသများကို မဖမ်းဆုပ်နိုင်၊ အသုံးမပြုနိုင်ပေ။ ဝမ်လင်းအတွက်မူ ထိုဥပဒေသများကို ငှားယမ်းခြင်း မဟုတ်တော့  ပိုမိုထူးကဲကျွမ်းကျသော အဆင့် ဖြစ်သွားခဲ့လေပြီ။

စုန့်ထျန်သည် ထိုသို့ မလုပ်နိုင်ပေ။ သူ့မှတ်ဉာဏ်ထဲ၌ သူ မဟာအင်ပါယာကူးတောက်နှင့် သွားတွေ့ခဲ့ချိန်က အလားတူအရာမျိုးကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသည်။

“ဒါ မဖြစ်နိုင်ဘူး…”   စုန့်ထျန်၏ နတ်ဘုရားအာရုံ ပါဝင်သော ရှေးဟောင်းမိစ္ဆာသည် မယုံကြည်နိုင် ဖြစ်နေ၏။ သူ့အတွက် စိုးရိမ်ပူပန်ဖို့ မထိုက်တန်ဟု သူ ထင်ထားသော ဝမ်လင်းက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးနောက် လောက၏ ဥပဒေသကို ထိန်းချုပ်နိုင်သည့်အပေါ် သူ မယုံကြည်နိုင် ဖြစ်နေသည်။

သူ့စိတ်မှာ ဗလာကျင်းမိနေ၏။

ဝမ်လင်းက ရှေးဟောင်းမိစ္ဆာ ထွက်ပေါ်လာခြင်းကို စိုးရိမ်ပူပန်ဟန် မရှိပေ။ သူက ၎င်းကို ကြည့်ပင် မကြည့်ပါ။ သူက သူ့ရှေ့ရှိ အရည်ပျော်နေသော ကောင်းကင်ဘုံဘိုးဘေး ဦးခေါင်းကိုသာ အာရုံစိုက်ထားသည်။ သူ့ သွေးနှင့်လောက၏ ဥပဒေသတို့ကြောင့် ထိုဦးခေါင်းသည် အတော်များများ အရည်ပျော်နှင့်နေပြီး ဖြစ်သည်။

ထိုအရည်ပျော်သွားသော အစိတ်အပိုင်းအားလုံးကိုလည်း သူ၏ မဟာအင်ပါယာနေမင်းက စုပ်ယူသည်။ ရွှေရောင်အလင်းသည် ပိုတောက်ပသထက် တောက်ပလာ၏။ သုံးရောင်စုံမဟာအင်ပါယာနေမင်းက ထူးခြားသောအလင်းတစ်ခုကို ထုတ်လွှတ်လေသည်။

ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းသည် အလျင်အမြန် ကြုံ့လာ၏။ တအောင့်အကြာတွင် ၎င်းဦးခေါင်း၏ အစိတ်အပိုင်းငယ်သာ ကျန်တော့သည်။ ၎င်းသည် ဦးခေါင်းနှင့်ပင် မတူတော့၊ ရွှေရောင်ဒြပ်ထုတစ်ခုနှင့် ပိုတူနေသည်။

ထိုဦးခေါင်း ပို၍ သေးငယ်လာလေလေ ဝမ်လင်း၏ သုံးရောင်စုံ မဟာအင်ပါယာနေမင်းသည် ပိုမိုတောက်ပကာ အကောင်အထည် ပေါ်လာလေပင်။ ယင်းဦးခေါင်း လုံးဝ အရည်ပျော်ကာ သုံးရောင်စုံမဟာအင်ပါယာနေမင်းက ၎င်းကို အပြည့်အဝ စုပ်ယူပြီးပါက ထိုနေမင်းသည် မဟာအင်ပါယာနေမင်းစစ်စစ် ဖြစ်လာပေလိမ့်မည်။ ဝမ်လင်းသည်လည်း  မဟာအင်ပါယာစစ်စစ် ဖြစ်လာပေမည်။

သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် မဟာအင်ပါယာကူးတောက် ပြီးနောက် ဒုတိယအသန်မာဆုံး မဟာအင်ပါယာ ဖြစ်လာနိုင်လောက်၏။

အကွာအဝေးတစ်ခု၌ စုန့်ထျန်၏ နတ်ဘုရားအာရုံ ပါဝင်သော ရှေးဟောင်းမိစ္ဆာက ပင့်သက်ရှိုက်နေရာကနေ အသိပြန်ဝင်လာ၏။ သူက သူ တွေ့မြင်သည့်အရာကို မယုံကြည်နိုင် ဖြစ်နေ၏။ သို့ပေမည့် သူ့ရှေ့ရှိ အရာမှာ အမှန်တရား ဖြစ်နေသည်။ ထို့ကြောင့် သူသည် ၎င်းကို ယုံကြည်ရပေတော့မည်။ ထိုအခိုက်တွင် သူ့စိတ်က တုန်ယင်ကာ တွေဝေခြင်းမရှိ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်လေ၏။

ဝမ်လင်းက သူ့ကို လစ်လျူရှုထားသည်ကို မြင်သည့်အခါ သူသည် မောက်မာစွာ ဖွင့်ဟဆုတ်ဖြဲခဲ့သော အက်ကြောင်းထဲသို့  အမြန်ဆုံးနှုန်းဖြင့် ပြန်ပြေးတော့သည်။

မဟာအင်ပါယာတစ်ယောက်အနေဖြင့် သူသည် ထိုသို့သော အရာကို လုပ်ခဲပေ၏။ တိုက်ပင်မတိုက်ရသေးဘဲ တွ့န်နေမိသလိုမျိုး ခံစားမိခဲ၏။ သူ ရောက်လာတုန်းက မောက်မောက်မာမာ ပုံစုံနှင့် အခု တွန့်ဆုတ်စွာ ပြန်ဆုတ်သွားပုံတို့မှာ ဖီလာဆန့်ကျင် ဖြစ်နေသည်။

သို့ပေမည့် ရှေးဟောင်းမိစ္ဆာက ထိုအက်ကြောင်းနားသို့ ရောက်ကာ ဝင်ရောက်မည့်ဟန် ပြင်စဉ် အေးစက်စက်အသံတစ်သံ လောကတွင် ပဲ့တင်ထပ်၏။

“မင်းက ဒီလိုမျိုး ပြန်ထွက်သွားတော့မလို့လား…”

ထိုအသံက စုန့်ထျန်၏ နတ်ဘုရားအာရုံ ပါဝင်သော ရှေးဟောင်းမိစ္ဆာကို ပင့်သက်ရှိုက်မိသွားစေကာ အရူးအမူး လှုပ်ရှားလေတော့သည်။

သို့ပေမည့် ထိုအေးစက်စက်အသံနှင့်အတူ ဝမ်လင်း၏ အေးတိအေးစက်အကြည့်က ထိုရှေးဟောင်းမိစ္ဆာပေါ်သို့ ကျရောက်သွားသည်။ သိသာသောအစင်းကြောင်းများက ရှေးဟောင်းမိစ္ဆာပတ်လည်တွင် ပေါ်လာကာ ၎င်း၏ခန္ဓာကိုယ်ကို ထွေးခြုံပတ်၏။ ၎င်းမှာ တုန်ယင်သွားပြီး မလှုပ်မယှက် ဖြစ်သွားသည်။

ဝမ်လင်းသည် ရပ်တန့်ခြင်းမန္တာန်မှာ လောက၏ ဥပဒေသနှင့် ဆက်စပ်နေလိမ့်မည်ဟု တွေးတောထင်မြင်ခဲ့တာ ကြာခဲ့ပေပြီ။ ခုလက်ရှိ သူ၏ကျင့်ကြံမှုဖြင့် သူသည် ချိပ်ဟန်များပင် ဖြစ်ပေါ်စေဖို့ မလိုတော့ဘဲ အကြည့်တချက်ဖြင့်ပင် ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုနိုင်ပြီ ဖြစ်၏။

ဝမ်လင်း၏အကြည့်က ရှေးဟောင်းမိစ္ဆာကိုသာမက စုန့်ထျန်၏ နတ်ဘုရားအာရုံကိုပါ ဟန့်တားလိုက်ခြင်းပင်။ ထိုနတ်ဘုရားအာရုံသည်လည်း မလှုပ်နိုင်၊မရွှေ့နိုင် ဖြစ်သွားသည်။

တချိန်တည်းမှာ အဝေးရှိ မူလတောင်ပေါ်တွင် စုန့်ထျန်သည် ထိုင်နေရာကနေ ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူ့မျက်နှာမှာ ဖြူရောလျက် ကြောက်လန့်မှု အငွေ့အသက်တစ်ခုပင် ဖြစ်ပေါ်နေသည်။ သူ့နတ်ဘုရားအာရုံသည် အေးခဲသွားခဲ့ကာ ၎င်းက သူ၏မူလစိတ်ဝိညာဉ်ပေါ်သို့ပင် သက်ရောက်မှု ရှိလုနီးပါး ဖြစ်သွားသည်။

“မူလအစီအရင်ကို ဖွင့်လှစ်စေ…” စုန့်ထျန်က တုံ့နှေးခြင်းမရှိ ချက်ခြင်း မာန်သွင်းအော်ဟစ်လိုက်သည်။ သူ၏ အော်ဟစ်သံ ပဲ့တင်ထပ်သည့်အခါ စု့န်ထျန်၏ နောက်လိုက် အစွမ်းထက်ကျင့်ကြံသူများအားလုံးသည် မင်သက်ကုန်ကာ အလျင်အမြန် ပျံသန်းထွက်လာပြီး အစီအရင်ကို နေရာချသည်။

“ဆရာ…”  ချီမန်သည် မည်သို့ဖြစ်ပျက်နေတာကို မသိပေ။ သို့သော် သူက သူ့ဆရာ၏ သုန်မှုန်နေသောဟန်ကို မြင်ကာ ဖိအား ခံစားမိ၏။ တခုခု ဆိုးရွားတာ ဖြစ်လာတော့မည်ဟု သူ ခံစားမိသည်။

“ပါးစပ်ပိတ်ထားစမ်း…။ မင်း နန်းမွေဆက်ခံဖို့အတွက်ကြောင့်သာ မဟုတ်ရင် ငါက ဒီမူလအစီအရင်ကို ဘယ်လိုလုပ် အသက်သွင်းရပါ့မလဲ…”  စုန့်ထျန်က လှည့်၍ ချီမန်ကို အေးစက်စက် ကြည့်လိုက်သည်။

“ငါ အကောင်းဆုံး လုပ်ပေးခဲ့ပြီ။ ငါ ကျရှုံးခဲ့ရင်တော့ မင်းဟာ လာမည့်နှစ်တစ်ရာအတွင်း ရှေးရှီရဲ့ အင်ပါယာ ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး။ ကျိတုက ဖြစ်လာလိမ့်မယ်…”

စုန့်ထျန်သည် ဒေါသလည်း ဖြစ်မိနေ၏။ သူ ပြော၍ ပြီးသည့်နောက် ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ မူလတောင်သည် တုန်ခါကာ အလင်းတန်းတစ်ခု ထိုးတက်လာ၏။ ၎င်းမှာ ဧရာမစစ်ပုဆိန်တလက်ပင်။

ထိုစစ်ပုဆိန်မှာ သံချေးများ တက်နေကာ မလှမပ ရှိသည်။ သို့သော် စုန်ထျန်က ၎င်းကို ကိုင်ဆောင်လိုက်သည့်အခါ ပုဆိန်ထံမှ ဟိန်းအော်သံ ထွက်ပေါ်၍ အစိမ်းရောင်စိတ်ဝိညာဉ်များသည်ည ၎င်းထံမှ ထွက်ပေါ်လာပြီး စုန့်ထျန်အား အစိမ်းရောင်အလင်းဖြင့် ဝန်းရံသွားသည်။

ထိုစဉ်  ကောင်းကင်ဘုံဘိုးဘေ၏ ဦးခေါင်းမှာလည်း နောက်ဆုံးတွင် အလုံးစုံ အရည်ပျော်သွားတော့သည်။

ထိုအခါ တခြားမဟာအင်ပါယာများ၏ နေမင်းထက် ပို၍ ပီပြင်သော မဟာအင်ပါယာနေမင်း ဖြစ်ပေါ်လာသည်။

ဝမ်လင်း၏မျက်လုံးတို့က အရောင်တောက်နေ၏။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ အောက်ဘက်ရှိ နန်းတော်ထံ ဆန့်ထုတ်သည်။ ဝမ်လင်း၏ သေခြင်းရှင်ခြင်း၊ ကံမ္မ၊ အမှန်အမှားအနှစ်သာရများသည် လျှို့ဝှက်ခန်းထဲကနေ ပျံသန်းထွက်ကာ သူ၏ခန္ဓာကိုယ်ထံ ဝင်ရောက်၏။

ထိုအခိုက်တွင် သူ၏ အနှစ်သာရအားလုံးမှာ သူ့ထံ ပြန်ရောက်ရှိချိန်တွင် သူ့ခန္ဓာကိုယ်တွင်း၌ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ သူ့ဆံပင်တို့မှာ လွင့်ဝဲနေလျက် တုန်လှုပ်ဖွယ်အော်သည် သူ့ထံမှ ထွက်ပေါ်နေ၏။ ဝမ်လင်းသည် အရည်ပျော်သွားသော ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းကို ကြည့်ကာ အနှစ်သာရအော်ရာကို ထွေးထုတ်လိုက်သည်။

ထိုအော်ရာသည် မမြင်ရနိုင်ပေ။ ဝမ်လင်းကိုယ်တိုင်သာ ၎င်းကို ခံစားမိနိုင်သည်။ ထိုအော်ရာက ဦးခေါင်းကို ထိမိသည့်အခါ ထိုဦးခေါင်းသည် အလုံးစုံ အရည်ပျော်၍ ဝမ်လင်း၏ မဟာအင်ပါယာနေမင်း၏ အပြည့်အဝ စုပ်ယူခြင်းကို ခံလိုက်ရပေပြီ။

ဝမ်လင်းသည် သူ၏ မဟာအင်ပါယာနေမင်းကို ပြီးပြည်စုံစေပြီးနောက် ၎င်းကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ကောင်းကင်ထက်သို့ စေလွှတ်သည်။ ၎င်းသည် ဆယ်စင်းမြောက်နေမင်း ဖြစ်လာပေမည်။ ဤသည်မှာ သူ မဟာအင်ပါယာတစ်ယောက် ဖြစ်လာခြင်း၏ သင်္ကေတလည်း ဟုတ်သည်။ သည့်အရင်တုန်းက ဝမ်လင်းကို အစစ်အမှန်မဟာအင်ပါယာတစ်ယောက်ဟု ယူဆ၍ မရခဲ့ပေ။

သူ၏ မဟာအင်ပါယာနေမင်းက လုံးဝ ဖွဲ့စည်းပြီးသည့်အခါ ဝမ်လင်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်သည်။ သုံးရောင်စုံ မဟာအင်ပါယာနေမင်းသည် ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း မြင့်တက်လာ၏။

သူ၏ ကိုယ်ပိုင်မဟာအင်ပါယာနေမင်းကို ကောင်းကင်ထက်ရှိ အမြင့်ဆုံးဆီ မြင့်တက်သွားတာကို ကြည့်နေရင်း ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံ အရိပ်အမြွက်က အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ဝင်ရောက်သွားခဲ့ချိန်က ကောင်းကင်ထက်ရှိ နေကိုးစင်း၏ထူးခြားသောမြင်ကွင်းပုံရိပ်ကို ရုတ်တရက် ပြန်ပြောင်းတွေးမိသွားသည်။

“မဟာအင်ပါယာ…”  ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။

ထိုအခိုက်တွင် ဝမ်လင်းက သူ့ကိုယ်ပိုင်မဟာအင်ပါယာနေမင်းကို ကောင်းကင်ထက်သို့ မြင့်တက်စေချိန်တွင် ၎င်းက တခြားမဟာအင်ပါယာများ၏ မဟာအင်ပါယာနေမင်းများကိုပါ သက်ရောက်သွားစေသည်။

ကောင်းကင်ဘုံကလန်ရှိ တောက်ရီကလန်၊ မြောက်ပိုင်းကုန်းမြေ၊ ခရမ်းရောင်ယင်ကလန်၊ အင်ပါယာတောင်တို့ရှိ သက်ဆိုင်ရာမဟာအင်ပါယာနေမင်းများသည်လည်း မြင့်တက်လာကာ တောက်ပလာလေသည်။

မကြာမီတါင် ရှေးမြို့အတွင်း၌ ရွှေရောင်နေမင်း ပေါ်လာကာ ကောင်းကင်ဘုံကလန်၏ ငါးစင်းမြောက်နေမင်းကို ဖွဲ့စည်းသည်။

တချိန်တည်းမှာ ရှေးကလန်၌ ရွှမ်လော၏ မဟာအင်ပါယာနေမင်းမှာလည်း သူ တံခါးပိတ်ကျင့်ကြံနေသော နေရာ၏အထက်တွင် ပေါ်လာ၏။ ရှေးဂျီတွင်လည်း ဆန်းကြယ်သော မဟာအင်ပါယာ၏ နေမင်းမှာ ကောင်းကင်ထက်တွင် ပေါ်လာသည်။

စုန့်ထျန်၏ မဟာအင်ပါယာနေမင်းမှာလည်း ကောင်းကင်ထက်သို့ ပျံသန်းတက်လာသည်။

နောက်ဆုံး ပေါ်လာသည်မှာ မဟာအင်ပါယာကူးတောက်၏ မဟာအင်ပါယာနေမင်းပင်။ သည်အခိုက်တွင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အထက်တွင် နေဆယ်စင်းသည် ရုတ်တရက် ပေါ်လာလေသည်။

မည်သည့်မဟာအင်ပါယာကမျှ ထိုအဖြစ်ကြောင့် အံ့အားတသင့် မဖြစ်သွားကြပေ။ ကောင်းကင်ဘုံအင်ပါယာက သူတို့၏ မဟာအင်ပါယာစွမ်းအားကို အမွေဆက်ခံချိန်မှလွဲ၍ တစုံတစ်ယောက် မဟာအင်ပါယာဖြစ်လာသည့်အခါတိုင်း ဤသည်မှာ ကြီးကျယ်လှသော သင်္ကေတတစ်ခု ဖြစ်ချေ၏။

သည်အခါတွင် မဟာအင်ပါယာနေမင်းအားလုံးက ကောင်းကင်ထက်တွင် ရှိနေခြင်းကြောင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ စွမ်းအင်သည် မြင့်တက်လာသည်။ ထိုသည်က တခြားမဟာအင်ပါယာများကို မဟာအင်ပါယာအသစ်ဖြစ်လာသူ၏ အော်ရာကို ရှင်းလင်းစွာ ခံစားမိစေသည်။

ထိုနေဆယ်စင်းတွင် အရွယ်အစားမှာ မတူညီကြပေ။ အကြီးမားဆုံးမှာ မဟာအင်ပါယာကူးတောက်၏ နေမင်း ဖြစ်၏။ သူ၏ မဟာအင်ပါယာနေမင်းသည် ဝမ်လင်း၏ သုံးရောင်စုံနေမင်းမပါ၊ ကျန်သည့် တခြားနေမင်း ရှစ်ခု စုစုပေါင်း အရွယ်အစားနီးပါးလောက် ရှိ၏။

ဒုတိယအကြီးမားဆုံးမှာ ဝမ်လင်း၏ သုံးရောင်စုံနေမင်း ဖြစ်၏။ ၎င်းသည် မဟာအင်ပါယာကူးတောက်၏ နေမင်းလောက် မကြီးမားသော်လည်း သူ့နေမင်း၏ အရွယ်အစားတဝက်လောက် ရှိချေသည်။ ဝမ်လင်း၏ နေမင်းထံမှ ထုတ်လွှတ်ဖြာထွက်နေသော အလင်းက ကူးတောက်ထက်တော့ အားမနည်းပေ။

“မွေးစားအဖေ…မဟာအင်ပါယာ…”  လောဟွာနိုင်ငံတွင် မင်းသားကျိတုသည် အလွန်အမင်း စိတ်လှုပ်ရှားကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလေ၏။

All Chapters