ယန်ချင်ယင်၏ ရည်ရွယ်ချက်
Vol. 7 Ch. 96
“သေချာကြည့် ကြည်ပါဦး ...” မိုဝူကျီ၏ ကြောင်တောင်တောင် ရုပ်ကို မြင်၍ ယန်ချင်ယင်က ရေညှိတက် နေသော ဓားရိုးကို တစ်ခေါက် ထပ်ညွှန်ပြလိုက်၏။
မိုဝူကျီက ယန်ချင်ယင် ဘာကို အလိုရှိမှန်း နားမလည်ချေ။ သူက ဓားရိုးကို လက်နှင့် စမ်းလိုက်ကာ အံ့ဩတကြီး မေးလိုက် လေသည်။
“စီနီယာ အစ်မယန် ဒီဓားက ဟိုဓားကျိုးရဲ့ နောက်တစ်ပိုင်းလား စီနီယာ အစ်မက ကျွန်တော့်ကို ဓားတစ်ချောင်းလုံး ဖြစ်သွားအောင်လို့ လက်ဆောင်ပေးဖို့ ယူလာတာလား...”
ယန်ချင်ယင်က နေရခက်စွာ ပြန်ဖြေ လိုက်လေသည်။
“ဒါက ဓားချောက် ကမ်းပါးက သံစဉ်ခြွေ ဓားရဲ့ နောက်တစ်ပိုင်းပဲ ငါ့မှာ သံစဉ်ခြွေဓား လျှို့ဝှက် ပညာရပ်ကို ရပြီးတော့ ဒီသံစဉ်ခြွေ ဓားကို လိုချင်လာတယ် ဂိုဏ်းခေါင်းဆောင်က ငါ့ကို ဓားရိုးကို ယူခွင့်ပြု လိုက်တာနဲ့ ဒီကိုလာပြီး ဂျူနီယာ မောင်လေးမိုဆီက အရှက်မဲ့စွာနဲ့ နောက်တစ်ပိုင်းကို လာတောင်းခံတာပါ...”
ယန်ချင်ယင်က မိုဝူကျီ၏ အကူအညီများနှင့် ယှဉ်လျှင် သူမ အကူညီကား ဘာမှ မဟုတ်သည့် အတွက် အားနာနေလေ၏။
ပထမတွင် မိုဝူကျီက သူမ အသက်ကို ကယ်တင်ခဲ့ လေသည်။ ဒုတိယတစ်ခု အနေနှင့် သူမသည် အကျိုးကျေးဇူး ပိုမို ရရှိရန် မိုဝူကျီနှင့် သဘော တူညီချက်ကို ချိုးဖောက်ခဲ့မိ၏။ သူမက မိုဝူကျီကို ထိုဓားကျိုး ပေးလိုက်သောသူ ဖြစ်သော်လည်း ယခုအခါ မိုဝူကျီထံ ပြန်လာတောင်း နေမိလေ၏။
မိုဝူကျီက ချက်ချင်း ပြန်၍ မပြောခဲ့ပေ။ သူသည် ယန်ချင်ယင် စကားများက ထူးဆန်းနေကြောင်း သတိထားမိ၏။ သဘောတရားအရ ယန်ချင်ယင်သည် သံစဉ်ခြွေဓား လျှို့ဝှက် ပညာရပ်ကို ရရှိထား၍ ဓားကို လိုချင်လျှင် သူမသည် နတ်ဓားတောင်မှာ ရှိနေစဉ်က တောင်းခဲ့၍ ရလေသည်။ သူမသည် တစ်လတိတိ စောင့်ဆိုင်းနေရန် မလိုအပ်ပေ။ ဖြစ်နိုင်ချေ တစ်ခုကား သူမသည် မိုလော့ချွီ၏ သလင်းကျောက်မှ လျှို့ဝှက်ချက်ကို တွေ့ရှိခဲ့ဟန် ဖြစ်မည်။
အပြန်အလှန် အားဖြင့် မိုဝူကျီသည် စိတ်အေး သွားလေ၏။ ယန်ချင်ယင်က သူ ဓားချောက် ကမ်းပါး သွားထားသည့် အကြောင်းကို လာရောက် စုံစမ်းခြင်း မဟုတ်ပေ။
“ဂျူနီယာ မောင်လေးမို ဒါက လွန်လွန်းနေမှန်း သိပေမဲ့ မင်းကို ပြန်ပေးဆပ်ဖို့ အဆင့်သုံး ဆေးလုံး ဖော်မြူလာတွေရယ် အဲဒီဆေးလုံး အတွက် ဆေးပင်တွေ ရယ်ကို ပြန်ပေးပါ့မယ် အဲဒါတွေက မင်းကို အဆင့်သုံး ဆေးလုံးဆရာ အဖြစ် တိုးတက် လာစေလိမ့်မယ် ဘယ်လိုလဲ...” ယန်ချင်ယင်က လေးလေးနက်နက် မေးကြည့် လိုက်လေ၏။
မိုဝူကျီက ဖြည်းဖြည်းချင်း စဉ်းစားကြည့် လိုက်၏။ သံစဉ်ခြွေဓားက သူ့အတွက် အသုံးမဝင်ပေ။ ဓား၏ တကယ့် တန်ဖိုးကား ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်သာ ဖြစ်လေသည်။ ထို့ကြောင့် သူက ယန်ချင်ယင်၏ အခြေအနေကို လက်ခံပေး လိုက်တော့သည်။
ကြည့်ရသည်မှာ ယန်ချင်ယင်က သံစဉ်ခြွေဓား၏ လျှို့ဝှက်ချက်ကို သိရန်ရ၏။ သူမသည် လျှို့ဝှက် ပညာရပ်ကို ဓားနှင့်တွဲ လေ့ကျင့်ချင် သည်ဟု အကြောင်းပြကာ တကယ်တမ်း ဆိုလျှင် သူမသည် မိုတူကျီက တစ်ခုခု ထူးဆန်း နေကြောင်း မထင်စေလိုပေ။ လူသား သဘာဝအရ အကယ်၍ သူ ဖြစ်နေလျှင်ပင် သူသည်လည်း တိုက်ရိုက် ပြောလိမ့်မည် မဟုတ်ချေ။
“စီနီယာ အစ်မယန်က သံဉ်ခြွေဓားကို တန်ဖိုး ထားမှတော့ ကျွန်တော် အစ်မကိုပဲ ပေးလိုက်ပါ့မယ် တကယ်တော့ စီနီယာ အကူညီ လိုအပ်နေတဲ့ နောက်တစ်ခု ရှိသေးတယ်ဗျ ”
“ပြောကြည့်လေ..” မိုဝူကျီသည် သံစဉ်ခြွေ ဓားကို ပေးမည်ကို ကြား၍ ယန်ချင်ယင်က ဝမ်းသာသွားလေ၏။
“စီနီယာ အစ်မယန် ကျွန်တော့်မှာ အကူညီ လိုအပ်နေတဲ့ မိသားစု တစ်ယောက် ရှိတယ် ဒါပေမဲ့ အကြောင်း တချို့ကြောင့် သူမရဲ့ ဝိညာဉ်ကြောက ခွဲထုတ်ခံ လိုက်ရပြီးတော့ သူမဝိညာဉ် လမ်းကြောင်းတွေ အကုန်ပျက်စီး သွားတယ် သူမ မှတ်ဉာဏ်တွေလည်း ပျောက်ဆုံး သွားတယ် စီနီယာ အစ်မယန်များ သူမကို ကုသလို့ ရမလားလို့ ကြည့်ပေးလို့ ရမလား...” မိုဝူကျီက ယန်ချင်ယင်နှင့် စတင် သိကျွမ်းကတည်းက ယန်အာကို စမ်းသပ် ကြည့်ခိုင်း ချင်နေတာ ဖြစ်လေသည်။
ရှန်းလျဲ့အရ ယန်ချင်ယင်သည် ယန်အာကို ကုသ နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူမ ဇာစ်မြစ်ကား သာမန် မဟုတ်ပေ။ သူမတွင် နည်းလမ်း ရှိကောင်း ရှိနိုင်၏။
“သူမက ဘယ်မှာလဲ…” ယန်ချင်ယင် က ပြန်မေးလိုက်၏။
“ယန်အာရေ ဒီကို ခဏလောက် လာခဲ့ပါဦး ...” မိုဝူကျီက အားတက်သရော မတ်တတ်ရပ် လိုက်ပြီး တံခါးဆီ လျှောက်သွားကာ ခေါ်လိုက်လေသည်။
ရေကန်ဘေးတွင် တစ်ယောက်တည်း ဖြစ်နေသော ယန်အာက မိုဝူကျီ ခေါ်တာကို ကြားသည်နှင့် ချက်ချင်း ထရပ်ကာ အိမ်ထဲ ဝင်လာလေသည်။
ယန်ချင်ယင်က ထလိုက်ပြီး ယန်အာဘေးသို့ သွားကာ ယန်အာ လက်ကောက်ဝတ်ကို စမ်းကြည့် လိုက်သည်။ အသက်ရှူကြိမ် တစ်ကြိမ်အတွင်းတွင် ယန်ချင်ယင် မျက်နှာက ပြောင်းလဲ သွားတော့သည်။
“သူမ ဝိညာဉ်ကြောက အတင်း ဖယ်ထုတ်ခံထား ရတာလား ဘယ်သူကများ ဒီလို ရက်ရက်စက်စက် လုပ်ရတာလဲ...”
မိုဝူကျီက ခေါင်းခါပြ လိုက်ပြီး ထပ်၍ ရှင်းမပြတော့ပေ။ သူက မေးသာ မေးလိုက်သည်။
“စီနီယာ အစ်မယန် ယန်အာကို ကယ်ဖို့ နည်းလမ်းများ ရှိမလား ”
သူက ယန်ချင်ယင်ကို မယုံကြည်၍ ပြောမပြခြင်း မဟုတ်ပေ။ သူက ယန်ချင်ယင်ကို ယုံကြည်လျှင်ပင် သူမသည် သူ့အတွက် လက်စားချေဖို့ ကူညီပေးရန် နည်းလမ်းရှိမည် မဟုတ်ပေ။ အကယ်၍ ဒီသတင်းသာ ပျံ့နှံ့သွားပါက သေခြင်းတရားက ရောက်ရှိ လာလိမ့်မည်။ ထို့အပြင် ထိုသို့သော အပြုအမူ အတွက် မိုဝူကျီ ကိုယ်တိုင် လက်စားချေရန် လိုအပ်သည်။
ယန်ချင်ယင်က ခဏတာ တွေးတော နေပြီးနောက်
“ဖြစ်နိုင်တာက ငါ့ရဲ့ ဆရာ ဘိုးဘိုးမှာတော့ နည်းလမ်း ရှိလိမ့်မယ် ...”
ထို့နောက်တွင် သူမက ခေါင်းခါ လိုက်တော့သည်။ သူမကို အသာထား သူမ ဆရာပင် ဆရာဘိုးဘိုးကို မရှာနိုင်ပေ။
မိုဝူကျီလဲ တိတ်ဆိတ် သွားလေ၏။ ယန်ချင်ယင်က သူမ၏ ဆရာဘိုးဘိုးကို တစ်ခေါက် ပြောပြဖူးလေကာ ထိုသည်က ကောက်ရိုးပုံ အပ်ရှာသကဲ့သို့ ဖြစ်နေလိမ့်မည်။
“အို ဟုတ်သား သူမကို ကယ်နိုင်မဲ့ နောက်တစ်ယောက် ရှိသေးတယ်...”
“ဘယ်သူများလဲ” မိုဝူကျီက ယန်ချင်ယင် စကားအဆုံးကို မစောင့်ဘဲ စိုးရိမ်စွာ ဖြတ်မေးလိုက်သည်။
“ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ ဘွားဘွားလင်းလောင် ... တချို့က သူမကို ကောင်းကင် အဆင့် ဆေးလုံးဆရာ အဆင့် ဖြစ်ဖို့ တော်တော် နီးနေပြီလို့ ပြောကြတယ် ဒါပေမဲ့ ငါ့ဆရာ ပြောဖူးတာက ဘွားဘွားက ပျောက်ဆုံး နယ်ပယ်ထဲက တစ်ဦးတည်းသော ကောင်းကင်အဆင့် ဆေးလုံးဆရာတဲ့ ” ယန်ချင်ယင်က စိတ်ခံစားချက် အပြည့်နှင့် ပြောပြနေလေ၏။ သူမသည် မိုဝူကျီကို နည်းလမ်း ရှာတွေ့ဖို့ ကူညီရန် ကြိုးစားနေခြင်း ဖြစ်လေသည်။
“ပျောက်ဆုံး နယ်ပယ်လား..” မိုဝူကျီသည် သတ္တမမြောက် အထွတ်အထိပ် ဓားတောင်သခင် ဂျူချီချန်းနှင့် ပတ်သက်၍ ကောင်းကင်ဖွေရှာ နန်းတော်ကို ကြားဖူးသော်လည်း ပျောက်ဆုံး နယ်ပယ်ကိုမူ မကြားဖူးပေ။
ယန်ချင်ယင်က ပြန်ရှင်းပြ လိုက်သည်။
“တကယ်တမ်း ငါတို့ အင်ပါယာငါးခု အစုအဝေးကို ပျောက်ဆုံး နယ်ပယ်လို့ ခေါ်ကြတယ် နာမည်ရဲ့ အဓိက အကြောင်းရင်းက ငါတို့ နယ်မြေတွေက ကောင်းကင် ပြဋ္ဌာန်းချက်ကနေ ပစ်ပယ် ခံထားရလို့ ငါတို့ရဲ့ ပါရမီရှင်တွေတောင် ကောင်းကင် နယ်ပယ်ရဲ့ ပထမ အဆင့်ပြီးရင် ဆက်မတက်လှမ်း နိုင်ကြဘူး အဲဒါကြောင့် ပါရမီရှင် များစွာက ဒီပျောက်ဆုံး နယ်ပယ်ကနေ ထွက်သွားချင်ကြ ပြီးတော့ ဒြပ်ငါးမျိုးမဲ့ ကင်းမဲ့နယ်ထဲ ဝင်ချင်ကြတာပဲ အဲဒီလိုမှသာ သူတို့မှ မြင့်မားတဲ့ နယ်ပယ်တွေဆီ ရောက်နိုင်မှာလေ...”
မိုဝူကျီက လက်သီးကို တင်းတင်း ဆုပ်ထားလိုက်ပြီး သူ့အား ကူညီရန် ဘွားဘွား လင်းလောင်ကို ရှာတွေ့ရန် သေချာပေါက် လိုအပ်ပေသည်။ သူ၏ လက်ရှိ အခြေအနေဖြင့် ယန်အာကို ကုသရန် မည်မျှ ကြာမြင့်မည်နည်း။ ဆယ်နှစ် ကြာသွားလျှင်ပင် သူက ယန်အာကို ကယ်တင်နိုင်စွမ်း မရှိသေးလျှင် မည်သို့ လုပ်ရမည်နည်း။
ယန်ချင်ယင်က မိုဝူကျီ စိတ်ကို ဖတ်နိုင်သည့် အလား တွန့်ဆုတ်စွာ ပြောလိုက်လေ၏။
“ဂျူနီယာ မောင်လေးမို ဘွားဘွား လင်းလောင်က သူမကို ကုသပေးနိုင်ပေမဲ့ သူမက ကူညီမှာ မဟုတ်လောက်ဘူး ကောင်းကင်ဖွေရှာ နန်းတော်က ပါရမီရှင်တွေတောင် သူတို့အတွက် ဘွားဘွား လင်းလောင်က ဆေးလုံး ဖော်စပ်ပေးတာ မဟုတ်ဘူး တကယ်လို့ ငါခန့်မှန်းမှု မမှားရင် ယန်အာက သုံးနှစ်ထက် ပို၍ နေရမှာ မဟုတ်တော့ဘူး ”
“ဘယ်လို ” မိုဝူကျီက တုန်လှုပ်စွာ ထမေးလိုက်သည်။ သူသည် အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာသော်လည်း ယန်အာ၏ ကျန်ရှိနေသော သက်တမ်းကို မခန့်မှန်းနိုင်ပေ။
အကယ်၍ ယန်ချင်ယင်က သူ့အား လိမ်ညာနေသည် မဟုတ်လျှင် ရှန်းလျဲ့က လိမ်ညာခဲ့ခြင်း ဖြစ်ရမည်။ ဖြစ်နိုင်သည်က ရှန်းလျဲ့က သူ့အား နှစ်သိမ့်ရန် ပြောပေးခဲ့ခြင်း ဖြစ်ရမည်။ သို့သော် သူမ စကားများက ယန်အာကို သတ်လုနီးပါး ဖြစ်သွားစေလေ၏။ အကယ်၍ သူသာ ယန်အာတွင် သုံးနှစ်လောက်သာ ကျန်ရှိနေမှန်း သိပါက မည်ကဲ့သို့ အေးအေးဆေးဆေး ကျင့်ကြံနိုင်မည်နည်း။
“သူမမှာ တကယ် သုံးနှစ်ပဲ ကျန်တော့တယ် တကယ်လို့ မင်းက ကောင်းကင်ဖွေရှာ နန်းတော်ကို သွားပြီးတော့ ဘွားဘွားကို သွားတွေ့ရင် ၉၉ရာခိုင်နှုန်း လောက်က သူမကို တွေ့ခွင့်ရမှာတောင် မဟုတ်ဘူးလို့ အာမခံတယ် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး မင်းရဲ့ လက်ရှိ အနေအထားနဲ့ ဂိုဏ်းကနေ ကောင်းကင်ဖွေရှာ နန်းတော်ကို သွားဖို့က အနည်းဆုံး နှစ်နှစ် သုံးနှစ် အချိန် ယူရလိမ့်မယ် အဲဒါတောင် မင်းမှာ ကြန့်ကြာမှုတွေ ရှိမနေမှနော်...”
ယန်ချင်ယင် စကားများက မိုဝူကျီ ခေါင်းပေါ်ကို ရေခဲရေများ လောင်းချ လိုက်သည့်အလား တစ်ကိုယ်လုံး အေးစက်လာကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းပင် မသိတော့ချေ။
မည်သူကမှ သူ့နှလုံးသားထဲက ယန်အာနေရာကို နားမလည် နိုင်ကြချေ။ ရှားရိုယင်၏ သစ္စာဖောက် ခံရပြီးနောက်တွင် မိုဝူကျီက ဤလောကသို့ ဘာမှမရှိဘဲ ရောက်ရှိလာလေ၏။ ယန်အာသည် သူမဘဝကိုပင် သူ့အတွက် လဲလှယ်ရန် ဆန္ဒရှိကာ သခင်လေးပေါ်ကို အလုံးစုံ ဖြည့်ဆည်း ပေးခဲ့သည်။ လူသားကြားမှ နွေးထွေးမှု ရင်းနှီးမှု အားလုံးကို ခံစားခွင့် ရစေခဲ့သည်။ သူသည် အရင်က တစ်ခါမှ မခံစားဖူးသော်ငြား ယခုတွင် ခံစားဖူးသည် ဖြစ်၍ တန်ဖိုး ထားရမှန်း သိလာလေသည်။
“တကယ်တော့ နောက်တစ်နည်း ရှိသေးတယ် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးဖော်စပ်မှု ပြိုင်ပွဲက နှစ်ဝက်လောက်ပဲ လိုတော့တာ အဲဒီပြိုင်ပွဲ ရောက်တာနဲ့ ဘွားဘွား လင်းလောင်က ဆေးပင်တွေ စုဆောင်းဖို့ သေချာပေါက် ကိုယ်တိုင် ရောက်လာလိမ့်မယ် အဲဒီမှာ ဘွားဘွားကို တွေ့နိုင်ဖို့ အခွင့်အရေး ရကောင်း ရနိုင်တယ်...” ယန်ချင်ယင်က သူ့ကို ဖျောင်းဖျရန် ကြိုးပမ်း လိုက်လေသည်။
မိုဝူကျီက စာရွက် နှစ်ခုကို ဆွဲထုတ်ကာ ယန်ချင်ယင်ကို အရိုအသေ ပေးရင်း ပြောလိုက် လေသည်။
“စီနီယာ အစ်မယန် ဒီစာရွက်နှစ်ခုက သံစဉ်ခြွေ ဓားမှာပါတဲ့ အပိုင်းတွေပါ စီနီယာကို တစ်ခုလောက် တောင်းဆိုချင်တယ် ...”
***