← Chapters

တစ်သိန်းတန် ဓား

Vol. 9 Ch. 116

တစ်သိန်းတန် ဓား

Vol. 9 Ch. 116

ဟန်မူယဲ့ နောက်လှည့်ကြည့်လျှင် အဖြူရောင်ဝတ်ထားကာ ခါးတွင် ဓားတစ်လက် ချိတ်ထားသော လူငယ်တစ်ဦးအား တွေ့ရသည်။ သူ့မျက်နှာတွင် အပြုံးဖျော့ဖျော့တစ်ခုအား တွေ့နိုင်၏။

“တိမ်ပျံဓားဂိုဏ်းရဲ့သခင်လေးပါလား”

သစ်သားစင်ဘေးတွင် အနက်ရောင်ဝတ်အဖိုးအိုသည် ပြုံးလျှက်ပင် လူငယ်အား နှုတ်ဆက်သည်။

“သခင်လေးချန်စွန်းလည်း ဒီဓားကို စိတ်ဝင်စားတာလား”

အဖိုးအို၏စကားကို ကြားလျှင် အဖြူရောင်ဝတ်လူငယ်က ဟန်မူယဲ့အား တစ်ချက်ကြည့်လိုက်ကာ ပြုံးလျှက် ပြောသည်။

“ဆရာစွန်းထူ… ကျုပ်ကို မနောက်ပါနဲ့။ ဒီဓားက တန်ဖိုးကြီးရတနာမဟုတ်ဘူး”

ထို့နောက် သူက ဟန်မူယဲ့အား ပြောသည်။

“မိတ်ဆွေ… ဒီအဖိုးကြီးရဲ့နာမည်က ရှစ်စွန်းထူ… သူက ဝယ်သူတွေကို လိုက်မြူဆွယ်နေတဲ့ တကိုယ်တော်ကျင့်ကြံသူတစ်ယောက်ပဲ”

“ဒီဓားဟာ တကယ်ပဲ ရွှေမိတ်ကျောက်နဲ့ ရောစပ်ထားပေမဲ့ ဒီလောက် တန်ဖိုးမကြီးဘူး”

ဟန်မူယဲ့က ခေါင်းညိတ်ကာ လက်နှစ်ဖက်ဆုပ်သည်။

“ကျေးဇူးပါ”

ချန်စွန်းစုက ပြုံးလျက် ခေါင်းညိတ်ကာ တခြားတစ်နေရာသို့ ထွက်သွားသည်။

ဟန်မူယဲ့က နောက်လှည့်ကာ ရှစ်စွန်းထူ၏သုန်မှုန်နေသော မျက်နှာအား ကြည့်သည်။

“သခင်လေးက ဓားကောင်းတစ်လက် ရှာနေတာမလား”

ရှစ်စွန်းထူက သိပ်မဝေးသောနေရာမှ သစ်သားစင်မြင့်တချို့ကို လက်ညိုးထိုးကာ ပြောသည်။

“ကျုပ်က သခင်လေးကို အဖော်ပြုပြီး လိုက်ကြည့်ပေးပါ့မယ်”

ဟန်မူယဲ့ ငြင်းပယ်ခြင်းမရှိဘဲ သူ့နောက်မှ လိုက်ပါသွားသည်။

“ဒီဓားနာမည်က ‘ကြယ်တာရာ’ တဲ့။ ဒီဓားဟာ တိုက်ခိုက်ရင် ကြယ်အလင်းတွေ ထွက်တယ်။ ဒီဓားဟာ ကြယ်တာရာကို လှုပ်ယမ်းနိုင်စွမ်းရှိတယ်လို့တောင် ပြောနိုင်တယ်”

ရှစ်စွန်းထူက သစ်သားစင်မြင့်ဘေးမှ ကျင့်ကြံသူတချို့ကို ဘေးသို့ တွန်းကာ ဟန်မူယဲ့အား ပြောသည်။

“ဒီဓားဟာ သခင်လေးနဲ့ သင့်တော်တယ်”

ပတ်ဝန်းကျင်မှ လူများက သူတို့အား စိတ်ဝင်တစား ကြည့်ကြသည်။

ဟန်မူယဲ့ ရှေ့ကို တက်သွားကာ ဓားလက်ကိုင်ကို ဖမ်းဆုပ်လျက် ဓားကို ဓားအိမ်မှ ထုတ်လိုက်သည်။

ဓားအလင်း ဖျတ်ခနဲ လက်သွားကာ အမှန်တကယ်လည်း ကြယ်အလင်းတချို့ လက်သွားသည်။

ဟန်မူယဲ့ ဓားကို ထုတ်လိုက်သည်ကို မြင်လျှင် ရှစ်စွန်းထူ၏မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာသည်။

“စီနီယာ… ဒီဓားက ကျုပ်နဲ့သင့်တော်တယ်လို့ ဘယ်လို သတ်မှတ်သလဲ”

ဟန်မူယဲ့ ဓားကို ဝှေ့ယမ်းသည်ကို ကြည့်ကာ ရှစ်စွန်းထူက ပြုံးလျက် ပြောသည်။

“သခင်လေး… မင်းက ချောမောတာပဲ။ ဒီဓားရဲ့ ကြယ်အလင်းနဲ့ဆို ပိုပြီးတော့ မလိုက်ဖက်ဘူးလား”

ဟန်မူယဲ့က ဓားကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

“ဓားဟာ သုံးပေနဲ့ ငါးလက်မရှည်တယ်။ ဒါက သေချာပေါက် ကျုပ်ရဲ့လက်အလျားနဲ့ မကိုက်ဘူး”

“ဓားဟာ ကြယ်အလင်းကျောက် သုံးအောင်စ ဒါမှမဟုတ် ငါးအောင်စလောက်နဲ့ သွန်းလုပ်ထားတယ်။ အဲဒါက ဓားကို ကြွဆတ်စေပြီးတော့ တကယ့်ပညာရှင်တွေနဲ့ တိုက်ခိုက်နိုင်စွမ်း မဲ့စေတယ်”

ဟန်မူယဲ့၏စကားက ရှစ်စွန်းထူ၏မျက်နှာကို တောင့်တင်းသွားစေသည်။

အနီးမှ ကျင့်ကြံသူများမှာလည်း မှင်တက်သွားကြသည်။

ဓားတွင် ပါဝင်သော သတ္တုအချိုးအစားများအား ပြောနိုင်သောသူမှာ ဓားသွန်းလုပ်ခြင်း၌ မြင့်မားသော အရည်အချင်းများ ရှိရပေမည်။

ဟန်မူယဲ့ ဓားကို ပြန်ထည့်လိုက်ကာ နောက်လှည့်ထွက်လာခဲ့သည်။

ရှစ်စွန်းထူ အနည်းငယ် တွန့်ဆုတ်နေပြီးမှ သူ့နောက်မှ လိုက်ပါသွားသည်။

“ဒီကြယ်တာရာဓားက ဓားကောင်းတစ်လက်လို့ ထင်ခဲ့တာ။ ဒါက ကြည့်ကောင်းရုံသက်သက်ပဲဆိုတာ မသိခဲ့ဘူး”

“မှန်တယ်… ဒါက ကောင်းမိသားစုသွန်းလုပ်တဲ့ဓားမလား”

“ကောင်းမိသားစုအကြောင်းကို မပြောနဲ့။ ကောင်းမိသားစုခေါင်းဆောင် လက်ကျိုးသွားကတည်းက သူတို့က ဓားကောင်းတွေ မလုပ်နိုင်တော့ဘူးထင်တယ်”

သူတို့နောက်တွင် ဆွေးနွေးမှုများ ကျန်နေရစ်သည်။

ဟန်မူယဲ့က ထိုဓားမှာ ကောင်းမိသားစုသွန်းလုပ်သော ဓားမှန်း သိပေသည်။

သို့သော်လည်း ဓားကို သွန်းလုပ်သူမှာ ကောင်းမိသားစုခေါင်းဆောင်မဟုတ်ဘဲ ဂျူနီယာတစ်ယောက် ဖြစ်သည်။

ကောင်းမိသားစု၏တိုက်ရိုက်မျိုးဆက်တစ်ဦး ပျောက်ဆုံးသွားခဲ့ရာ သူတို့သည် အပြင်မှ ဓားသွန်းလုပ်သူ လူငယ်မျိုးဆက်တချို့အား ကောင်းမိသားစုထဲသို့ မွေးစားခဲ့သည်။

ကြယ်တာရာဓား၏သွန်းလုပ်စနစ်ကား သာမန်သာ ဖြစ်သည်။

သို့သော်လည်း ကြယ်အလင်းကျောက်တုံး သုံးအောင်စမှာ ဝိညာဉ်ကျောက်တုံး ၈၀၀၀ ခန့် တန်ဖိုးရှိ၏။

သစ်သားစင်များထံသို့ လိုက်ပါကြည့်ရှုရင်း ဟန်မူယဲ့သည် နောက်ဆုံးတွင် မူမိသားစုဘိုးဘေးကို ပေး၍ အဆင်ပြေသော လက်ဆောင်တစ်ခုအား တွေ့သည်။

ဝါးမြစ်တစ်ခု။

၎င်းသည် နှစ်ပေခန့်သာ ရှည်ပြီး ရွှေရောင်နှင့် အစိမ်းရောင် အငွေ့အသက်များ ရောယှက်နေသည်။

ဝိညာဉ်ကျောက်စိမ်းဝါး။

နှလုံးသန့်စင်ဆေးလုံးအား ဖော်စပ်နိုင်သော ဆေးအမယ်။ ဝါးမြစ်၏အသက်ဓာတ်မှာ အားကောင်းနေဆဲဖြစ်သည်။

ထို့ကြောင့် ဝါးမြစ်အား ပြန်လည်ပျိုးထောင်ပါက သေချာပေါက် ဝါးပင်ပျိုများ အသစ်ပြန်ပေါက်လာပေလိမ့်မည်။

သည်ဝါးမြစ်မှာ တန်ဖိုးအားဖြင့် သိပ်မကြီးသော်လည်း ရေရှည်စိုက်ပျိုးနိုင်သော ဝါးမြစ်ဖြစ်သည့်အတွက် အာခီမီပညာရှင်များအတွက် အတော်လေးအရေးပါသည်ဟု ဆိုလိုသည်။

ကလင်… ကလင်… ကလင်…

ခေါင်းလောင်သံတချို့နှင့်အတူ ဘေးတံခါးပေါက်တစ်ချပ် ပွင့်လာသည်။ အစေခံတချို့ ရောက်လာကာ အားလုံးကို ခန်းမတစ်ခုထဲသို့ ခေါ်လာသည်။

လေလံပွဲမှာ သည်နေရာ၌ ကျင်းပမည် ဖြစ်သည်။

ဟန်မူယဲ့နှင့် လင်းရှန်တို့လည်း ဝင်သွားလျှင် ရှစ်စွန်းထူလည်း လိုက်ပါလာသည်။

ခန်းမကား ကျယ်ပြောကာ ထိုင်ခံများကို အစီအရီ ချထားသည်။

ခန်းမထဲ၌ ဝင်္ကပါအစီအရင်တစ်ခုလည်း ရှိကာ သာမန်နတ်အာရုံဖြင့် သတိထားမိရန် ခက်ခဲ၏။

သူတို့၏သရုပ်မှန်ကို မဖော်ပြလိုသောလူများသည်ကား မျက်နှာဖုံးများ၊ ပုဝါများဖြင့် ဖုံးအုပ်ထားကြသည်။

ဟန်မူယဲ့တို့ ရောက်သွားသောအခါ ပိုင်စုကျန်းသည် ရှန်ခယ်၊ ဆိုင်ရှင်ဟယ်တို့နှင့် စောင့်နေပြီး ဖြစ်သည်။

“စီနီယာအစ်ကိုဟန်… ရှင် သဘောကျတာ တွေ့ခဲ့လား”

ပိုင်စုကျန်းက ပြုံးလျက် မေးသည်။

ဟန်မူယဲ့ ခေါင်းညိတ်သည်။

ယွမ်ထိုက်အင်မော်တော်စံအိမ်ပိုင်ရှင်သည် စင်ထက်ကို တက်လာကာ ပထမအသုတ်ပစ္စည်းများအား ပို့ဆောင်သည်။

ဟန်မူယဲ့သည် ထိုင်ခုံတစ်လုံးကို ရွေးကာ ထိုင်လိုက်၏။ ပိုင်စုကျန်းလည်း ပြုံးလျက် ဟန်မူယဲ့ဘေးတွင် ဝင်ထိုင်သည်။

လင်းရှန်သည် ဟန်မူယဲ့ဘေးတွင် ဝင်ထိုင်ရန် ပြင်လိုက်စဉ်မှာပင် ဆရာစွန်းရှစ်ထူသည် ထိုနေရာအား အပြေးအလွှားဝင်ထိုင်၏။

လင်းရှန်က သူ့အား ဒေါသတကြီး ကြည့်ကာ နောက်မှ ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်ရသည်။

ရှန်ခယ်သည် အနည်းငယ် ဦးညွှတ်ကာ နောက်မှာ ဝင်ထိုင်၏။

ဆိုင်ရှင်ဟယ်သည် ပိုင်စုကျန်းဘေး၌ ဝင်ထိုင်၏။

သူသည် ကမ္ဘာမြေအဆင့်ပညာရှင်ဖြစ်ရာ ပိုင်စုကျန်းနှင့်အတူထိုင်ရန် အဆင့်မှီပေသည်။

စင်ပေါ်တွင် ယွမ်ထိုက်အင်မော်တယ်စံအိမ်ပိုင်ရှင်သည် ပထမပစ္စည်းအား စတင်မိတ်ဆက်နေသည်။ ၎င်းကား သိဒ္ဓိဝင်ယပ်တောင်တစ်လက် ဖြစ်သည်။

လူအများအပြားက ထိုသိဒ္ဓိဝင်လက်နက်အား စိတ်ဝင်စားကာ ကမ်းလှမ်းကြသည်။ စတင်ကမ်းလှမ်းကြေးကား ဝိညာဉ်ကျောက်တုံး ၁၀၀၀ ဖြစ်ကာ နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံး ၁၅၀၀၀ အထိ မြင့်တက်သွားသည်။ အဆုံးသတ်၌ အဖိုးအိုတစ်ဦးက ရရှိသွားသည်။

အဖိုးအိုမှာ ဂိုဏ်းတစ်ဂိုဏ်း၏အကြီးအကဲဟု ကြားရသည်။

တကိုယ်တော်ကျင့်ကြံသူများ သက်ပြင်းချကြသည်။ မည်သူက ဝိညာဉ်ကျောက်တုံး ၁၅၀၀၀ တတ်နိုင်မည်နည်း။

ပစ္စည်းများတစ်ခုပြီးတစ်ခု ရောင်းထွက်သွားသည်။

ဟန်မူယဲ့ ထိုပစ္စည်းများအား စိတ်မဝင်စားပါ။

“ဒီဓားဟာ ကောင်းမိသားစုရဲ့အကောင်းဆုံးလက်ရာတစ်ခုပဲ”

စင်ထက်တွင် ဆိုင်ရှင်က အော်ဟစ်လိုက်သည်။ သူက လက်ကို မြှောက်ကာ ဓားတစ်လက်အား ဆွဲထုတ်လိုက်၏။

ကလင်…

ဓားအလင်းသည် ကြယ်တာရာအလင်းအဖြစ် ပြောင်းလဲသွား၏။

စင်အောက်တွင် လူအများအပြားက မျက်တောင်ပင့်လိုက်သည်။

ဟန်မူယဲ့ဘေးတွင် ထိုင်နေသော ရှစ်စွန်းထူသည် နှုတ်ခမ်းအား ကွေးညွတ်လိုက်သည်။

“ဓားနာမည်က ကြယ်တာရာဓား ဖြစ်တယ်။ ဓားချက်တိုင်းမှာ ကြယ်အလင်းထွက်ပေါ်လာမယ်”

ဆိုင်ရှင်က ဓားကို ဝှေ့ယမ်းပြသည်။

“ဝိညာဉ်ကျောက်တုံး ၁၀၀၀ နဲ့ စတင်ကမ်းလှမ်းနိုင်တယ်”

အောက်မှ လူများက အချင်းချင်း ကြည့်ကြသည်။ အတန်ကြာလျှင် လူတစ်ယောက်က ကမ်းလှမ်းကြေးကို တိုးမြှင့်၏။

ကမ်းလှမ်းမှုများက အနည်းငယ် တွန့်ဆုတ်နေကြကာ တန်ဖိုးသည် ဝိညာဉ်ကျောက်တုံး ၃၀၀၀ ထက် မပိုလာပါ။

“ကောင်းမိသားစုဓားဟာ ဒီထက် တန်ဖိုးမတက်သင့်တော့ဘူး”

ဆိုင်ရှင်ဟယ်က ပြောသည်။

ယခင်က ဟန်မူယဲ့သည် လုချန်းဖျင်အတွက် ဓားရွေးပေးစဉ်က သူသည် ဝိညာဉ်ကျောက်တုံး ထောင်သောင်းချီအောင် အကျိုးအမြတ်ရခဲ့သည်။

“ဓားသမားတစ်ယောက်က ဓားကို ရွေးတဲ့အခါ အရေးကြီးတာက ကိုင်ရကောင်းပြီး လက်တွေ့ကျတာပဲ”

“ဒီဓားဟာ အလှပြဖို့အတွက်ပဲ အသုံးဝင်တယ်”

အဝေးတွင် အဖိုးအိုတစ်ယောက်က မှတ်ချက်ချသည်။

သူ့ဘေးတွင် လူငယ်တစ်ယောက်က ဓားကို ကမ်းလှမ်းရန် ပြင်လိုက်ပြီးမှ နောက်ဆုံးတွင် ခေါင်းငုံ့လိုက်သည်။

“ခုနက မင်းမှတ်ချက်ဟာ ပျံ့နှံ့နေပြီးပြီ။ ဓားဟာ စျေးကောင်းမရတော့ဘူး”

ဟန်မူယဲ့ဘေးမှ ရှစ်စွန်းထူက ခေါင်းယမ်းကာ ပြောသည်။

“အိုး… စီနီယာအစ်ကိုဟန်က ဘယ်လို မှတ်ချက်ပေးခဲ့လို့လဲ”

ပိုင်စုကျန်းက မေးသည်။

ရှစ်စွန်းထူက ပြုံးလျက် ဟန်မူယဲ့၏မှတ်ချက်ကို ပြန်ပြောသည်။

ပိုင်စုကျန်းက ခေါင်းညိတ်သည်။

ဆိုင်ရှင်ဟယ်က ပြုံးလျက် ပြောသည်။

“သခင်လေးဟန်ရဲ့အကဲဖြတ်မှုက အမြဲတမ်း ကောင်းနေတာပဲ”

စင်ပေါ်မှ ယွမ်ထိုက်အင်မော်တယ်စံအိမ်ပိုင်ရှင်၏မျက်နှာမှာ သိပ်မကောင်းချေ။ သူက ပြုံးလျက် ပြောသည်။

“ဒီဓားဟာ ကောင်းမိသားစုရဲ့ဓားပဲ။ ဓားဟာ ချို့ယွင်းချက်တချို့ ရှိပေမဲ့ သေသေချာချာ ဂရုစိုက်လိုက်ရင် တန်ဖိုးနှစ်ဆလောက် တက်သွားနိုင်တယ်”

သူက ထိုသို့ ပြောလိုက်စဉ် စင်အောက်မှ တစ်ယောက်က ပြောသည်။

“ကောင်းမိသားစုခေါင်းဆောင်က လက်ကျိုးသွားပြီဆို။ သူ့မြေးဟာလည်း ပျောက်နေတယ်။ ကြည့်ရတာ ကောင်းမိသားစုတော့ ဆုတ်ယုတ်သွားတော့မှာပဲ”

ထိုစကားက ဆိုင်ရှင်၏အမူအရာကို ပြောင်းလဲသွားစေသည်။

“ကျွန်မတို့ ကောင်းမိသားစု ဆုတ်ယုတ်သွားတော့မယ်လို့ ဘယ်သူ ပြောတာလဲ”

ဒုတိယထပ်ရှိ အခန်းငယ်လေးတစ်ခုမှ ပြင်တင်းပေါက်အား တစ်စုံတစ်ယောက်က တွန်းဖွင့်လိုက်သည်။ အေးစက်သော မျက်နှာဖြင့် ကောင်းအီက ငုံ့ကြည့်၏။

“အဲဒါ မိန်းကလေးကောင်းပဲ… သူမလည်း ရောက်နေတယ်”

“မိန်းကလေးကောင်းဟာ ကောင်းမိသားစုလူငယ်မျိုးဆက်မှာ အတော်ဆုံးလို့ ကြားတယ်”

အောက်တွင် လူအများက ဆွေးနွေးကြသည်။

“ဓားဟာ ကြယ်အလင်းကျောက်တုံးနဲ့ ရောထားတဲ့အတွက် အပြင်ပန်းက လှပေမဲ့ တကယ်တမ်း ကြွဆတ်တယ်… မိန်းကလေး ဝန်ခံရဲ့လား”

အောက်မှ ကျယ်လောင်သောအသံတစ်သံအား ကြားရသည်။

ကောင်းအီ မည်သို့ ပြန်ပြောရမည် မသိပေ။

သူမဘေးတွင် ကောင်းမိသားစုမှ လူငယ်တစ်ယောက် မျက်နှာကြီး နီမြန်းနေသည်။

ဓားသည် အမှန်တကယ်လည်း ကြွဆတ်၏။

သို့သော်လည်း ထိုကြွဆတ်မှုသည် မည်သည့်ဓားနှင့် နှိုင်းယှဉ်သည့်အပေါ် မူတည်သည်။ သာမန်လူသားအဆင့် လက်နက်များဖြင့် ယှဉ်ပါက ဓားသည် အလွန်ကောင်းနေသေး၏။

သို့သော်လည်း ကောင်းအီက ထိုအချက်ကို မရှင်းပြနိုင်ပါ။

“ဟီးဟီ… ထင်တဲ့အတိုင်းပဲ…”

ထိုစဉ် တစ်ယောက်က ရုတ်တရက် ပြောသည်။

“လူတစ်ယောက်က ဝိညာဉ်ကျောက်တုံး ၅၀၀၀ ကမ်းလှမ်းလိုက်တယ်”

၅၀၀၀။

တန်ဖိုးကား နှစ်ဆ ဖြစ်သွားသည်။

အားလုံးက တောင့်တင်းသွားကာ ကမ်းလှမ်းသော နေရာအား ကြည့်လိုက်ကြ၏။

“အဲဒါက မိန်းကလေးပိုင် ခေါ်လာတဲ့တစ်ယောက်မလား”

“ပိုင်မိသားစုက အကြီးဆုံးသမီးလား”

“အဲဒီ ကံကောင်းခြင်းနတ်ဘုရားမလေးပဲ… သူမမှာ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ရှာရခက်တဲ့ အမြင့်ဆုံးအရည်အသွေးဆေးလုံးရှိနေတယ် ပြောတယ်”

ဆွေးနွေးမှုများ တဖန် ဖြစ်ပေါ်လာ၏။

ကောင်းအီက လှမ်းကြည့်လျှင် ကမ်းလှမ်းလိုက်သူမှာ ဟန်မူယဲ့ ဖြစ်နေသည်ကို မြင်ကာ အံ့အားသင့်နေသည်။

“စီနီယာအစ်ကိုဟန်…”

ပိုင်စုကျန်းက ဟန်မူယဲ့အား ကြည့်သည်။

“ဘာလဲ… စီနီယာအစ်ကိုဟန်က ကောင်းမိသားစုအတွက် ဂုဏ်သိက္ခာဆယ်ပေးချင်လို့လား”

ဟန်မူယဲ့က ခေါင်းယမ်းသည်။

“အဲလို မဟုတ်ဘူး။ ဓားက အဲဒီတန်ဖိုးရှိတယ်”

ထိုသို့ပြောလျှင် အနီးမှ လူများ ခေါင်းယမ်းကြသည်။

ထင်သည့်အတိုင်း ချမ်းသာသူများတွင် ကောင်းမွန်သော အကဲဖြတ်နိုင်စွမ်း မရှိပါ။

“ဒီဓားက မကောင်းဘူးလို့ မင်း ပြောခဲ့တယ်မလား”

ရှစ်စွန်းထူက ဟန်မူယဲ့အား စိတ်ဝင်စားစွာ ကြည့်သည်။

စင်ထက်တွင် ဆိုင်ရှင်က အကြိမ်အနည်းငယ် ထပ်မေးသော်လည်း မည်သူမှ ထပ်မံ မကမ်းလှမ်းတော့ရာ ဟန်မူယဲ့သည်သာ အနိုင်ရသွားသည်။

“ဓားက ကောင်းကောင်းသွန်းလုပ်ထားတာ မဟုတ်ဘူး”

ဟန်မူယဲ့ ထရပ်ကာ စင်ပေါ်သို့ တက်သွားသည်။

“ဒါပေမဲ့ ကြယ်အလင်းကျောက်တုံး ၃အောင်စဟာ ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ တန်ဖိုးရှိတယ်”

ဟန်မူယဲ့က ပြောလျှင် အားလုံးက ကြားရသည်။

ကြယ်အလင်းကျောက်တုံး။

မှန်သည်…

အားလုံးက စိတ်ပျက်သွားကြ၏။

ဓားတွင် ပါဝင်သော ကြယ်အလင်းကျောက်တုံးသည် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ တန်ဖိုးရှိရာ အနည်းဆုံး ၅၀၀၀ မြတ်သေးသည်။

ဟန်မူယဲ့သည် စင်မြင်ထက်ကို တက်ကာ ဝိညာဉ်ကျောက်တုံး ၅၀၀၀အား အစေခံကို ကမ်းပေးသည်။ ထို့နောက် ဆိုင်ရှင်ထံမှ ဓားကို ယူလိုက်သည်။

“သူက ဓားသွန်းလုပ်တာကို နားလည်တယ်ထင်တယ်”

စင်အောက်မှ တစ်ယောက်က မှတ်ချက်ချသည်။

“ကောင်းမိသားစုဓားသွန်းလုပ်စနစ်က သိပ်မကောင်းဘူး။ သူတို့မှာ ပစ္စည်းကောင်းရှိနေလို့သာပဲ”

“ကောင်းမိသားစု ဓားသွန်းလုပ်စနစ်က သိပ်မဟုတ်သေးဘူး”

လူအများ၏စကားကို ကြားလျှင် ဟန်မူယဲ့က ဓားကို သိမ်းရန် ပြင်လိုက်၏။

“ကောင်းမိသားစု ဓားသွန်းလုပ်စနစ် မကောင်းဘူးလား”

သူက စင်အောက်မှ လူများအား တစ်ချက်ကြည့်ကာ ဒုတိယထပ်တွင် မျက်နှာပျက်နေသော ကောင်းအီအား ကြည့်လိုက်သည်။

“ကျုပ် ဒီဓားကို ဝိညာဉ်ကျောက်တုံး ၁သိန်းနဲ့ ရောင်းမယ်။ ဘယ်သူ ဝယ်မလဲ”

ဟန်မူယဲ့က ထိုသို့ပြောလျှင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

အားလုံးက သူ့အား အရူးတစ်ယောက်အလား လှမ်းကြည့်ကြ၏။

All Chapters