တော်ဝင်မင်းသား၏ ဘီလူးခေါင်း
Vol. 35 Ch. 479
ရွှေလင်းဟယ်၏ ထိုဆုံးဖြတ်ချက်က လုံချန်ကိုပင် အံ့အားသင့်သွားစေ၏။ သို့သော်လည်း... ထိုအခိုက်တွင်ပင် ဆိုးရွားသည့် ခံစားချက် တစ်ခုနှင့် အတူ ပတ်ဝန်းကျင်မှာ အလွန်အမင်း ထိလွယ်ရှလွယ် ဖြစ်လာသလို သူ ခံစားလိုက်ရသည်။ တော်ဝင်မင်းသားဘက်သို့ လှည့်ကြည့်လိုက်မိသော အခိုက်၌ ပတ်ဝန်းကျင် အပြောင်းအလဲမှာ ၎င်းထံမှ ဖြစ်ကြောင်း လုံချန် သိရှိလိုက်၏။ သို့သော်လည်း ထိူလူငယ်၏ အမူအရာကတော့ ဘာမှ မဖြစ်သလို ဆက်လက် တည်ငြိမ်နေဆဲ ဖြစ်လေသည်။
“တကယ် ကောင်းမွန်တဲ့ စည်းမျဥ်းပဲ... ဒီလိုဆိုတော့ ငါ တိုက်ရိုက်ပဲ ပြောတော့မယ်... မိန်းကလေးရဲ့ အလှတရား အမှန်တကယ် ချီးမွမ်းထိုက်ပြီး ငါ့ကိုတောင် ရင်သပ်ရှုမော ဖြစ်စေတယ်... နောက်ပြီး မင်းရဲ့ အသွင်အပြင်၊ ခွန်အားနဲ့ ပါရမီ အရည်အချင်းတွေကလည်း တကယ် အထင်ကြီးစရာ ကောင်းလှတယ်... ကျုပ် မင်းကို ဘုရားကျောင်းဆီ ခေါ်သွားချင်တယ်”
လူငယ်က အပြုံးဖြင့် တိုက်ရိုက်ပင် ဆိုလိုက်၏။ သူက ရွှေလင်းဟယ် ဝင်ခွင့် မပြုသည့် အပေါ် နည်းနည်းလေးမှ ဒေါသဖြစ်ပုံ မရချေ။
“တော်ဝင်မင်းသားက ကပ္ပတိန်ကို လိုချင်တာကိုး... “
နောက်ဆုံး၌ သင်္ဘောသားများမှာ တော်ဝင်သားတော်၏ အစစ်အမှန် ရည်ရွယ်ချက်ကို သိရှိ သွားကြပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ်... တော်ဝင် သွေးမျိုးဆက်ကို လက်ဆင့်ကမ်းခွင့် ရရှိခြင်းက အလွန် ဂုဏ်ယူစရာ ကောင်းသော ကိစ္စ တစ်ရပ် ဖြစ်သည်။ မဟာမြေကြီး တော်ဝင်သားတော် မတိုင်မှီကဆိုလျှင် ထိုကဲ့သို့ အခွင့်အရေးမျိုးကို မည်သည့် အယ်ဗန်မျိုးနွယ်မှ မပိုင်ဆိုင်နိုင်ခဲ့ဖူးချေ။
အခြားတစ်ဖက်၌ လုံချန်၏ နှလုံးသားကတော့ တဒုန်းဒုန်း တုန်ရီသွားခဲ့၏။ ရွှေလင်းဟယ် သူ့အပေါ်တွင် ခံစားချက်များ ရှိနေကြောင်း သူ သိပေသည်။ ထို့အပြင် သူမက ရင်သပ်ရှုမောဖွယ် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပိုင်ဆိုင်ထားသည့် အလှပဂေး တစ်ယောက် ဖြစ်သည်။ အကယ်၍ သူ သူမကို မကြိုက်ဆိုပါက ထိုအရာက လိမ်ရာကျပေလိမ့်မည်။ ဘေးနားတွင်လျဲ့ယု ရှိနေခြင်း ကြောင့်သာ သူ ခံစားချက်များကို မြိုသိပ်ထားခဲ့ခြင်း ဖြစ်ပေသည်။
ရွှေလင်းဟယ်မှာ တော်ဝင်သားတော်၏ ပွင့်လင်းသည့် စကားလုံးများကြောင့် ထိတ်လန့် တုန်လှုပ်မိသော်လည်း သူမ၏ ဆုံးဖြတ်ချက်ကတော့ ခိုင်မာပေသည်။ မိန်းကလေးက လက်နှစ်ဖက်ကို ယှက်လိုက်ရင်း လေးလေးနက်နက်ပင် ဦးညွှတ်လိုက်၏။
“အရှင်မင်းသား အနေနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါရစေ... ကျွန်မ နှလုံးသားကို အခြားတစ်ယောက်က သိမ်းပိုက် စိုးမိုး ပြီးပါပြီ”
ထိုစကားကို ဆိုနေသော အခိုက်၌ သူမက လုံချန်ကို မသိမသာ တစ်ချက် လှမ်းကြည့်လိုက်ကာ ခဏကြာမှ တော်ဝင်သားတော်ဘက်သို့ ပြန်လှည့်လာခဲ့၏။
“ ... “
ရွှေလင်းဟယ်၏ စကားလုံးများက လူငယ်၏ မျက်နှာထက်ရှိ အပြုံးကို ဖြည်းညင်းစွာ နိမ့်ပါး ပျောက်ကွယ် သွားစေ၏။ ချက်ချင်း ဆိုသလိုပင် သူ့မျက်လုံးများက ကျဥ်းမြောင်းသွားကာ ဆိုးသွမ်းသည့် မိစ္ဆာကောင် တစ်ဦး အသွင် ပြောင်းလဲသွားသည်။ သူ့နှုတ်ခမ်းများက အကျည်းတန်စွာပင် တွန့်ကွေးသွား၏။
“နားရွက်ချွန်ချွန် ငါးအကြေးခွံနဲ့ ကောင်မက ငါ့ကို ငြင်းရဲတယ်ပေါ့... နင်ရဲ့ လုပ်လို့ကောင်းမယ့် ခန္ဓာကိုယ်နဲ့ မစွန်းထင်းသေးတဲ့ မူလယင်တို့ကြောင့်သာ မဟုတ်ရင် ငါက နင့်လို အယ်ဗန်မမျိုးကို တစ်ချက်တောင် လှည့်ကြည့်မယ် ထင်နေလား... ဟမ်... တကယ် ကိုယ့်အဆင့်ကိုယ် မသိတဲ့ ရွံစရာ မျိုးနွယ်ပဲ”
“...”
"..."
"...”
လုံချန်နှင့် လျဲ့ယုတို့ အပါအဝင် သင်္ဘောထက်ရှိ လူအားလုံးမှာ ဆွံ့အ သွားကြတော့၏။ ထိုအရာက သန့်ရှင်းစင်ကြယ်ပါသည် ဆိုသည့် တော်ဝင်သားတော်၏ အစစ်အမှန် အရောင်လော။
လူငယ်ကတော့ သူတို့၏ တုန့်ပြန်မှုများကို စိတ်မဝင်စားပါချေ။ သူက ရွှေလင်းဟဉ်ကိုသာ ကြည့်ကာ အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်၏။
“ငါ ဒီနေ့ နင်နဲ့ စိတ်ကျေနပ်တဲ့ အထိ နေမယ်... မနက်ဖြန် သန်ဘက်ခါ ငါ စိတ်မကုန်မချင်း နင် ငါ့ကို ပြုစုပေးရမယ်... ပြီးတာနဲ့ နင့်ကို နိမ့်ကျပြီး သနားစရာကောင်းတဲ့ ယောက်ျား တစ်သောင်းနဲ့ လုပ်ခိုင်းမယ်... အဲဒါက ငါ့ကို ငြင်းတဲ့ အတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်မယ်”
နောက်ဆုံး၌ တော်ဝင်သားတော်၏ မင်းသားခေါင်းဆောင်ထားသည့် မျက်နှာဖုံးကား လုံးလုံးလျားလျား ကွာကျသွားခဲ့ပြီ ဖြစ်သည်။ လျဲ့ယုမှာ လူငယ်ကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။ တော်ဝင် သားတော်တစ်ပါးမှာ ထိုမျှ အပြောင်းအလဲမြန်ဆန်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့သည်က အမှန်ပင် ဖြစ်သည်။
ရွှေလင်းဟယ်၏ မျက်လုံးများက ထိစပ်လု မတတ် ကျဥ်းမြောင်းသွား၏။ သူမက အားနည်းသူ တစ်ယောက် မဟုတ်ချေ။ မရေမတွက်နိုင်သည့် တိုက်ပွဲများကို တိုက်ခိုက်ကာ သင်္ဘောတစ်ခုလုံး၏ ခေါင်းဆောင် နေရာကို အရယူထားနိုင်သူ ဖြစ်သည်။ တစ်ယောက်ချင်း ယှဥ်ရမည် ဆိုပါက ထိုတော်ဝင်မင်းသား ဆိုသည့် ပုဂ္ဂိုလ်ကို သူမ မကြောက်ပါချေ။
“ရှင့်ရဲ့ အဆင့်အတန်းကို လေးစားတဲ့ အနေနဲ့ ထွက်သွားပေးဖို့ တောင်းပန်ပါရစေ”
ဒေါသများ ပေါက်ကွဲလု မတတ် ဖြစ်နေသည့်တိုင် ရွှေလင်းဟယ်က လက်နှစ်ဖက်ကို ယှက်ရင်း ဆိုလိုက်၏။ သတ်ဖြတ်ချင်စိတ်က နှလုံးသား တစ်ခုလုံးကို သိမ်းပိုက်ထားသည့်တိုင် တော်ဝင်သားတော် တစ်ပါး၏ နောက်ကွယ်မှ အင်အားစုများကို သူမ နားလည်ပေသည်။
အကယ်၍ သူမသာ ဤလူငယ်ကို တိုက်ခိုက်လိုက်ပါက တော်ဝင် ဘုရားကျောင်းရှိ လောကသခင်များနှင့် အချိန်သခင်များမှာ သူတို့ သင်္ဘောနောက်ကို ဒေါသတကြီး လိုက်လာကြလိမ့်မည် ဖြစ်သည်။ စိတ်မကြည်နူး ဖွယ်ရာ စကားတစ်ခွန်း နှစ်ခွန်း အတွက် သင်္ဘောသား အားလုံး၏ အသက်များအား စတေးရန် သူမ ဆန္ဒ မရှိပါချေ။
လူငယ်က လှောင်ပြောင်ဟန်နှင့် ရယ်မောလိုက်၏။
“တကယ့်ကို ရွံစရာကောင်းတဲ့ သက်ရှိ အမှိုက်တွေပဲ... တကယ်ဆို မင်းတို့လို အဆင့်အတန်းနဲ့ ငါ့ကို ဒူးထောက်ပြီး ခစားခွင့် ရရင်ပဲ ဂုဏ်ယူစရာ ကောင်းနေပြီ... နားရွက်ချွန်သလောက် တော်တော်တုံးတဲ့ တိရစ္ဆာန်တွေ... ဘယ်လိုပဲဖြစ်ဖြစ် ထားလိုက်ပါ... ဒီနေ့ လောကကြီးက ဘယ်လို လည်ပတ်နေတယ် ဆိုတာ ငါ မင်းတို့ကို နားလည်အောင် သင်ပြပေးမယ်”
လုံချန်၏ ဒေါသက အရှိန်အဟုန်နှင့် ပေါက်ကွဲလာ၏။ ထိုမျှ မောက်မာ ရိုင်းစိုင်းသည့် လူမျိုး သူတို့ တစ်ခါမှ မတွေ့ဖူးချေ။ တော်ဝင်သားတော်... ဟမ့်... သူတို့က အားလုံးက ဝေ့ဝူယင်လိုမျိုး ရွံစရာ အကောင်းဆုံး အမှိုက်များပင် ဖြစ်ကြသည်။ သူတို့တွင် တော်ဝင်တာ ဘာများ ရှိသနည်း။ ပါရမီ နည်းနည်း ပိုမြင့်မားပြီး ကံကြမ္မာ ကောင်းများနှင့် ကြုံတွေ့ထားသည့် ကျင့်ကြံသူများသာ ဖြစ်သည်။
“သူက မင်းကို ထွက်သွားလို့ ပြောနေတယ်”
သတ်ဖြတ်ခြင်းနှင့် ဓားရည်ရွယ်ချက်များမှာ လုံချန်၏ မျက်လုံးများထဲ၌ မီးတောက်များ သဖွယ် တဟုန်းဟုန်း တောက်လောင်လာ၏။
သူက အင်ပါယာဓား ကြယ်တာရာ ဝိညာဥ်နှင့် အင်ပါယာ သတ်ဖြတ်သူ ကြယ်တာရာ ဝိညာဥ်တို့ကို တစ်ခုတည်း အဖြစ် ပေါင်းစည်းကာ ပြိုင်ဘက်ကင်း အင်ပါယာ စစ်ပွဲ ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့အပြင် တိုက်ခိုက်ရေး လမ်းစဥ် အတွက် အရေးကြီးဆုံး ဖြစ်သည့် ကျင့်ကြံခြင်း အခြေခံ အရာတွင်လည်း သူက အာကာသ ပဲ့တင်သံလှိုင်း ကိုးခုနှင့် အတူ ကြယ်တာရာ အမြုတေ အဆင့်လေးကို ရောက်ရှိနေသူ ဖြစ်သည်။
“ရည်ရွယ်ချက် သုံးခု... စစ်ဥပဒေသ မျိုးစေ့...”
ကောင်းကင်၏ တစ်နေရာ၌ လူအိုကြီးမျာ လုံချန်၏ ကျင့်ကြံခြင်း အခြေခံကို ကြည့်ကာ အံ့အားသင့် သွားခဲ့၏။ ထိုအရာက သူတို့ လာခဲ့သည့် ကြယ်တာရာ နယ်မြေအတွက်ပင် ရွှေထက်ရှားသည့် ပါရမီရှင်မျိုး ဖြစ်သည်။ သို့သော်လည်း ကံမကောင်းစွာပင် သူ ရင်ဆိုင်နေသည့် လူကား...
“ထွီ...”
တော်ဝင်သားတော်က လုံချန့်ကို ကြည့်ကာ တံတွေးတစ်ချက် ထွေးလိုက်၏။
“ထွက်သွားဟုတ်လား... တကယ့် အရူးပဲ”
ထိုကောင်လေးက အာကာသ ပဲ့တင်သံလှိုင်း ကိုးခုကို ပိုင်ဆိုင်ထားရုံဖြင့် သူ့ကို ရင်ဆိုင်နိုင်ပြီ ထင်နေသည်လား။ နိမ့်ကျသည့် ကျင့်ကြံခြင်း အခြေခံဖြင့် ထိုမျှ ယုံကြည်ချက် ပြင်းထန်နေခြင်းကား တကယ်ပင် ရူးရာ ကျလွန်းပေသည်။
“တိုက်ပွဲအတွက် ပြင်ကြတော့...”
တော်ဝင်သားတော်မှာ သည်အတိုင်း လွယ်လွယ်ကူကူနှင့် ထွက်သွားတော့မည့်ပုံ မရလေရာ ရွှေလင်းဟယ်က အမိန့်ပေးလိုက်၏။
“ ... “
သင်္ဘောသားများမှာ ဆန့်ကျင်ဘက် ပြောင်းလဲသွားသည့် အခြေအနေများကို လိုက်မမှီနိုင်ကြလေရာ ကြောင်အ နေကြ၏။ မည်သည့် အရာများ ဖြစ်ပျက်ကုန်သနည်း။ သူတို့၏ စိတ်များက သပွတ်အူလို ရှုပ်ထွေး ပွေလီနေသည်။
“သူက နောက်ဆုတ်တော့မှာ မဟုတ်ဘူး... ခု ငါတို့မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတော့တယ်... တိုက်မလား သေမလား ဆိုတာပဲ”
ရွှေလင်းဟယ်မှာ လက်အောက်ငယ်သားများ၏ စိတ်အခြေအနေကို နားလည်လေရာ ဝိညာဥ်အင်အားကို တိုက်ရိုက် အသုံးပြု၍ နှိုးဆော်လိုက်၏။ သူတို့တွင် တုန့်ဆိုင်းနေဖို့ အချိန် မရှိချေ။
သင်္ဘောသားများမှာ ရွှေလင်းဟယ်၏ စကားကို ကြားသော အခါတွင်မှ ပြန်လည် သတိဝင်လာကြကာ တော်ဝင်သားတော်ကို လှမ်းကြည့်လိုက်ကြ၏။ မီးကျီမီးခဲလို တဝင်းဝင်း တောက်လောင်နေသည့် မျက်လုံးများကို မြင်သောအခိုက်၌ ကပ္ပတိန် ပြောသည့် စကားက မှန်ကန်သည်ဟု သူတို့ ခံစားလိုက်ရသည်။ ချက်ချင်းပင် ခြောက်ဆယ့် သုံးယောက်သော ယောက်ျားနှင့် မိန်းမများမှာ စတင် လှုပ်ရှားလာကြကာ သေရေးရှင်ရေး တိုက်ပွဲအတွက် ပြင်ဆင် လိုက်ကြတော့၏။
ချွမ်း... ချွမ်း...
ချက်ချင်းပင် ဓားရောင်၊ ဆေဘာရောင်တို့မှာ သင်္ဘောပေါ်တွင် ထိန်ထိန်လင်း သွားကာ ဝင်္ကပါများမှာ စတင် လည်ပတ် အသက်ဝင်လာ၏။ များစွာသော အမြှောက်များမှာ သင်္ဘောဘေးဘက်မှ နေ၍ ထွက်ပေါ်လာကာ တစ်ညီတစ်ညွှတ်တည်းပင် တော်ဝင်မင်းသားကို ထိုးချိန်လိုက်ကြတော့သည်။
“ဟား... ဟား...”
လူငယ်က ထိုအရာက ပျော်ရွှင်စရာ ကောင်းသည်ဟု တွေးလိုက်မိ၏။ သူက ဖြည်းညင်းစွာပင် ကောင်းကင်မှ နိမ့်ဆင်းလာကာ သင်္ဘော၏ အကာအကွယ် အလင်းနံရံနားထိ ချည်းကပ်လာခဲ့သည်။
လျဲ့ယုက အောက်နှုတ်ခမ်းကလေးကို ကိုက်လိုက်၏။ သူမ၏ နှလုံးသားက တဒုန်းဒုန်း တုန်ရီနေသည်။ အကယ်၍ လုံချန်ထံမှ တဖြည်းဖြည်း မြင့်တက်လာနေသသည့် အော်ရာနှင့် ဒေါသ အရှိန်အဝါ တို့ကြောင့်သာ မဟုတ်ပါက သူမ လွတ်လမ်းကို ရှာဖွေနေလောက်ပြီ ဖြစ်သည်။ သို့ပေမဲ့ လုံချန် ဤနေရာတွင် ရှိနေလေရာ သူမ လုံခြုံမှုကို ခံစားရပေသည်။
လျဲ့ယုက အံကို တင်းတင်းကြိတ်ရင်း ကြယ်တာရာ အင်အားကို လှည့်ပတ်လိုက်၏။ ပြန်လည် ကုစားခြင်းတွင် ကျွမ်းကျင်သည့် ရေဒြပ်စင် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် လုံချန့်ကို တစ်ဖက်တစ်လမ်းမှ ကူညီရန် သူမ အဆင်သင့် ပြင်ဆင်ထားသင့်သည် မဟုတ်ပါလား။
လုံချန်က လျဲ့ယု၏ ပြတ်သားသည့် အမူအရာကို တစ်ချက် လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။ တစ်ချိန်တည်း၌ နှလုံးသားတွင် နွေးထွေးမှု တစ်မျိုးကို သူ ခံစားလိုက်ရသည်။ ဘယ်လို အချိန်အခါ အခြေအနေမှာပဲ ဖြစ်ဖြစ် လျဲ့ယုမှာ သူ့ဘေးနားတွင် ရှိနေပေးသည့် တစ်ဦးတည်းသော မိန်းကလေး ဖြစ်သည် မဟုတ်ပါလား။
***