လုံချန်၏ တိုက်ခိုက်မှု
Vol. 35 Ch. 482
ဘေးဥပဒ် ပင်လယ်တွင် လေကြမ်းမှာ ရိုင်းစိုင်း ခက်ထန်စွာ တိုက်ခတ်နေ၏။ သွေးညှီနံ့များက လေထဲတွင် ဝေ့ဝဲနေကာ သင်္ဘော ကုန်းပတ်မှာ သွေးများဖြင့် ချင်းချင်းနီ နေခဲ့လေသည်။
ယခုဆိုလျှင် သင်္ဘောသားပေါ်၌ လိုက်ပါလာသည့် လူပေါင်း ခြောက်ဆယ့် သုံးယောက်တွင် နှစ်ဆယ့် နှစ်ယောက်သာ ကျန်ရှိပေတော့သည်။ ထိုအရာက ရန်သူနှင့် ယှဥ်လျှင် များပြားသည့် အင်အား တစ်ရပ် ဖြစ်နေဆဲ ဖြစ်သည့်တိုင် မည်သူ တစ်ဦးတစ်ယောက်တွင်မှ တိုက်ပွဲ ဝင်လိုသည့် စိတ်ဓာတ် မရှိတော့။
အချို့ဆိုလျှင် သွေးရူးသွေးတန်းဖြင့် သင်္ဘောပေါ်မှ ခုန်ချ ထွက်ပြေးရန် ကြိုးပမ်းနေကြ၏။ မိမိ လက်အောက်ငယ်သားများ တစ်ယောက်ပြီး တစ်ယောက် သေဆုံး နေကြသည်ကို ရွှေလင်းဟယ်က သည်အတိုင်း ကြည့်မနေနိုင်တော့ချေ။
“လူယုတ်မာကြီး...”
သူမက ရှေးဟောင်း သင်္ကေတများ တောက်ပနေသည့် သုံးခွ မှိန်းတစ်ခုကို ထုတ်ယူရင်း ဟယ်ယန်းလဲ့ဆီ ပြေးဝင် တိုက်ခိုက် လိုက်တော့၏။ သို့သော်လည်း… တော်ဝင်သားတော်ကို အနိုင်ရယူရန် မျှော်လင့်ချက် မရှိကြောင်းနှင့် သူမ ကိုယ်တိုင်ပင် သေဆုံး သွားနိုင်ကြောင်း ရွှေလင်းဟယ် အပြည့်အဝ နားလည်ထားပြီး ဖြစ်သည်။ သူမ၏ ထိုတိုက်ခိုက်မှုက တော်ဝင်သားတော်ကို စက္ကန့်ပိုင်းမျှ အချိန်ဆွဲထားနိုင်ကာ သင်္ဘောထက်ရှိ လူများ လွတ်အောင် ထွက်ပြေးနိုင်ဖို့သာ သူမ မျှော်လင့်ထားပေသည်။
ဟယ်ယန်းလဲ့က ရွှေလင်းဟယ်ကို လှည့်ကြည့်ရင်း ကျင့်ကြံခြင်း အခြေခံကိုအကဲခတ်လိုက်၏။
"ကွင်းခြောက်ကွင်း ဝိညာဉ်ဆင်းတု အဆင့်… နည်းနည်း ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်က လွဲလို့ ဘာမှ အသုံးမကျတဲ့ နားရွက်ချွန် တိရစ္ဆာန် တစ်ကောင်ပါပဲ"
ထို့နောက် သူက အထင်သေးစွာဖြင့် နှာခေါင်းရှုံ့ လိုက်ရင်း လက်ဝါး တစ်ဖက်ကို ဆန့်ထုတ်ကာ ရွှေလင်းဟယ်ထံ ရိုက်ထုတ် လိုက်တော့၏။ ဝိညာဉ်အင်အားက ရွှေလင်းဟယ်၏ ရင်ဘတ်ကို ဖောက်ထွင်းကာ ကြယ်တာရာ ဝိညာဉ်ကို တိုက်ရိုက် ထိမှန်သွား၏။
ဘုန်း…
မိန်းကလေး၏ ခန္ဓာကိုယ်က နောက်သို့ အရှိန်အဟုန်နှင့် လွင့်ပျံ သွားကာ နောက်ရှိ နံရံ အချို့ကိုပင် ဖောက်ထွက် သွား၏။ ပထမ တိုက်ခိုက်မှုတွင်ပင် ရွှေလင်းဟယ်မှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့ပြီ ဖြစ်သည်။
ဟယ်ယန်းလဲ့က ပြုံးရင်း မိန်းကလေးကို လှည့်ကြည့်လိုက်၏။
"ငါ ပြီးတဲ့ အထိ အဲဒီ နေရာမှာ စောင့်နေလိုက်ဦး… ပြီးတာနဲ့ မင်း လိုချင်နေတဲ့ အရသာကို ငါ ဖြည့်ဆည်းပေးမယ်"
သူ၏ လေသံက အထက်စီးဆန်ကာ ပြင်းထန်သော မောက်မာမှုများနှင့် ပြည့်နှက်နေသည်။
“အဟွတ်... အဟွတ်...”
ရွှေလင်းဟယ်မှာ ချောင်းများ အဆက်မပြတ် ဆိုးရင်း သွေးတစ်လုတ်ကို ပါးစပ် အပြည့် အန်ထုတ် လိုက်ရ၏။ သူမက အံကို တင်းတင်းကြိတ်ရင်း အသေခံ တိုက်ကွက် အတွက် ကြယ်တာရာ အင်အားများကို လှည့်ပတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ကံဆိုးစွာပင် ထျန်းတျန် အတွင်းရှိ သူမ၏ ကြယ်တာရာ ဝိညာဉ်က လုံးဝ ချိတ်ပိတ် ခံထားရကြောင်း တွေ့ရှိလိုက်ရသည်။
ထိုအခိုက်၌ တော်ဝင်သားတော်ကတော့ လက်ကျန် သင်္ဘောသားများကို ဆက်လက် ရှင်းလင်း နေခဲ့ပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်မှု အောက်တွင် တစ်ယောက်ပြီး တစ်ယောက် သွေးမြူများ အဖြစ် ပေါက်ကွဲကာ သေဆုံးနေသည့် သင်္ဘောသားများကို ကြည့်ရင်း ရွှေလင်းဟယ်၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် စီးကျလာခဲ့၏။
ထိုအခိုက်အတန့်တွင်ပင် နောင်တရမှု တစ်ခုကို သူမ ခံစားလိုက်ရ၏။ အဘယ် အကြောင်းရင်းကြောင့်မှန်း သေချာ မသိသည့်တိုင် ကျိန်းသေတာ တစ်ခုက သူမ နောင်တ ရမိပေသည်။
အခြားတစ်ဖက်၌ လုံချန်မှာ လျဲယုကို ကောင်းကင် အင်ပါယာ အော်ရာဖြင့် လွှမ်းခြုံရင်း ကြယ်တာရာ အင်အားများကို တိတ်တဆိတ် စုစည်း နေခဲ့၏။
ရန်သူမှာ သူ့ထက် ကျင့်ကြံခြင်း အဆင့် နှစ်ဆင့်တိတိ မြင့်မားသည့် အပြင် အခြေခံ အုတ်မြစ်တွင်လည်း တစ်အောင်စမျှ အားမနည်းသည်မှာ အထင်အရှားပင် ဖြစ်သည်။ ထွက်ပေါ်နေသည့် အော်ရာများမှ တစ်ဆင့် ဟယ်ယန်းလဲ့မှာ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်၊ ကွင်းကိုးကွင်း ဝိညာဉ်ဆင်းတု၊ အာကာသ ပဲ့တင်သံလှိုင်း ကိုးခုနှင့် အဖြူရောင် မူလ အလင်းတို့ကို ပိုင်ဆိုင်ထားကြောင်း လုံချန် အကဲခတ်နိုင်ပေသည်။ ထိုအရာက ကျင့်ကြံသူများ ရရှိနိုင်သည့် အကောင်းဆုံးသော ကျင့်ကြံခြင်း အခြေခံလည်း ဖြစ်သည်။
သို့ဖြစ်လေရာ… စတင် တိုက်ခိုက်သည်နှင့် ရန်သူကို တစ်ချက်တည်း အပြတ်ဖြတ်ပစ်နိုင်ဖို့ လိုအပ်လိမ့်မည် ဖြစ်သည်။
"အချိန်ကျပြီ…"
လုံချန်က စိတ်ထဲမှ အော်ဟစ်လိုက်ရင်း စစ်ပွဲ၊ သတ်ဖြတ်ခြင်းနှင့် ဓားရည်ရွယ်ချက် သုံးခုကို တစ်ပြိုင်နက်တည်း ထုတ်ဖော်ကာ စစ်တာအို ဥပဒေသ ကို ဖွဲ့စည်း လိုက်၏။ ထို့နောက် သူက ၎င်းကို ဓားအတွင်း ပို့လွှတ်လိုက်ကာ ကြယ်တာရာ အင်အားနှင့် ပူးပေါင်း လိုက်သည်။
"သေတော့…"
လုံချန် ဓားကို လွှဲခုတ်လိုက်သည်နှင့် ကြောက်မက်ဖွယ် အလင်းတန်း တစ်ခုမှာ လောကကြီးအား ထက်ပိုင်းခြမ်းကာ ထွက်ပေါ် လာ၏။ ၎င်းက အဆုံးစွန်သော အမြန်နှုန်းဖြင့် ကောင်းကင်ဆီသို့ မြင့်တက် သွားကာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များနှင့် ပေါင်းစပ်လျှက် ပိုမို၍ အင်အားကြီး လာလေ၏။
အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိနေပါက လုံချန်၏ ဓားချက်ကို ကြည့်ကာ လုံးဝ အံ့အားသင့် သွားလိမ့်မည် ဖြစ်သည်။ ထိုအရာက လောကသခင် အဆင့် မြို့တော် စောင့်ရှောက်သူကို သတ်ဖြတ်ခဲ့သည့် သူ့ ဆေဘာဓား တိုက်ခိုက်မှုထက်ပင် ပိုမို၍ သန်မာပေသည်။
ဟယ်ယန်းလဲ့က အစုလိုက် အပြုံလိုက် သတ်ဖြတ်နေမှုကို ရပ်တန့်ကာ သူ့ထံ တိုးဝင် လာနေသည့် ဓားအလင်းကို လေ့လာလိုက်၏။ ချက်ချင်းပင် သူ့ မျက်လုံးများက အံ့အားသင့်မှု၊ မယုံကြည်နိုင်မှု၊ ကြောက်လန့်မှု တို့ဖြင့် ပြူးကျယ်သွား၏။ ထိုအရာက စောစောကလို ဟန်ဆောင်မှု တစ်ခု မဟုတ်ပဲ စိတ်ထဲ နှလုံးသားထဲမှ ပဲ့တင်ထပ်ကာ ထင်ဟပ်လာသည့် တုန့်ပြန်မှု တစ်ခု ဖြစ်ပေသည်။
အဘယ်ကြောင့် အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်ထံမှ ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ခိုက်မှု တစ်ခု ထွက်ပေါ်လာရသနည်း။
"ဥပဒေသ…"
တုန်ရီနေသည့် အသံ တစ်ခုမှာ ဟယ်ယန်းလဲ့၏ နှုတ်ခမ်းမှ ထွက်ပေါ်လာ၏။ ထိုထက် ပို၍ တစ်စုံတစ်ရာ တုန့်ပြန်ရန် အချိန် မရခင်မှာပင် ဓားအလင်းမှာ အရှိန်အဟုန်နှင့် အတူ သူ့ခန္ဓာကိုယ် ပတ်လည်ကို ဖုံးအုပ် သွားတော့၏။
ဘုန်း....
လှေမှာ နှစ်ပိုင်း ကွဲထွက်သွားကာ ဘေးဥပဒ် ပင်လယ်မှာ ထက်ပိုင်းပြတ်သွား၏။ မိုင်ပေါင်း တစ်သောင်းမျှ ရှည်လျားသော မျဥ်းတစ်ကြောင်းမှာ ပင်လယ်ကို ဖြတ်သန်းလျှက် ဖြစ်ပေါ်လာသည်။
ထိုအခိုက်၌ လုံချန်၏ တစ်ကိုယ်လုံးက ချွေးများဖြင့် စိုရွှဲနေကာ အသက်ရှူသံများမှာ တောင်တစ်လုံးကို ထမ်းထားရသလို လေးပင် နေ၏။ ပင်ပန်း နွမ်းနယ်မှုများက သူ၏ မျက်လုံးများထဲတွင် မဖုံးမကွယ် နိုင်လောက်အောင် ထွက်ပေါ်နေသည်။ ၎င်းက သူ့ဘဝ တစ်လျှောက်လုံးတွင် ဖော်ထုတ်ခဲ့ဖူးသည့် အစွမ်း အထက်ဆုံး တိုက်ခိုက်မှု ဖြစ်ပေသည်။
သို့သော်လည်း အလင်းတန်းများ ပျောက်ကွယ်သွားချိန်၌ ထက်ပိုင်းပြတ်နေသော ဟယ်ယန်းလဲ့ကို မတွေ့ရသလို မည်သည့် ခန္ဓာကိုယ် အပိုင်းအစကိုမှလည်း မမြင်ရချေ။ မိုးကုပ်စက်ဝိုင်းဆီသို့ ဦးတည်ကာ ဖြန့်ကျက်နေသည့် မျဥ်းတစ်ကြောင်းသာလျှင် ထိုနေရာတွင် ရှိနေခဲ့၏။
“မင်း ရူးနေလား... ငါက ဒီအတိုင်း ရပ်စောင့်နေမယ် ထင်နေတာလား”
လုံချန် နားမလည်နိုင်လောက်အောင် ဖြစ်သွားစဥ်မှာပင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည့် အသံက တစ်ခုမှာ နောက်နားမှ ထွက်ပေါ်လာခဲ့၏။
“ ... “
လုံချန်က ချက်ချင်းပင် ဓားကို ရင်ဘတ်ရှေ့တွင် ကာကွယ်လျှက် နောက်သို့ လှည့်ကြည့်လိုက်၏။ ရုတ်ချည်းပင် သူ၏ မျက်လုံးများက အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်းသွားကာ ရင်ဘတ်မှာ ပြင်းထန်စွာ တုန်ရီသွား၏။
ဟယ်ယန်းလဲ့မှာ မထိမခိုက်ပင် ရှိနေသေးဆဲ ဖြစ်သည်။ ထိုထက် ပို၍ ဆိုးသည်က ထိုလူယုတ်မာမှာ ခပ်ပြုံးပြုံး မျက်နှာနှင့် လျဲ့ယု၏ နံဘေးသို့ပါ ရောက်ရှိနေခြင်းပင် ဖြစ်သည်။ သူတို့ နှစ်ယောက်ကြားတွင် တစ်လက်မမျှပင် ကွာခြားခြင်း မရှိတော့ချေ။
ထိုအခိုက်၌ လျဲ့ယု၏ ခန္ဓာကိုယ်က စွမ်းအင် တစ်မျိုးမျိုး၏ ချုပ်နှောင်ထားခြင်း ခံထားရသလို တောင့်တင်းနေကာ အဝတ်အစားများမှာ ခန္ဓာကိုယ်နှင့် ကပ်လျှက် ရင်သပ် ရှုမောဖွယ် ကောက်ကြောင်းများကို လောကကြီးထံ လှစ်ဟာပြသနေ၏။ သို့သော်လည်း သူမ၏ မျက်လုံးများကတော့ ပြင်းထန်သည့် ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေရာ ပုံမှန်အားဖြင့် ခံတွင်းတွေ့စရာ ကောင်းသည့် ထိုမြင်ကွင်းကို မခံစားနိုင်လောက်အောင်ပင် ဖြစ်သည်။
“သူ့ကို လွှတ်လိုက်စမ်း...”
လုံချန်၏ ဒေါသများကား အလုံးစုံ ပေါက်ကွဲချေပြီ ဖြစ်လေသည်။ သူက အရူးတစ်ပိုင်း အော်ဟစ်လိုက်ရင်း ဓားဖြင့် ဟယ်ယန်းလဲ့၏ ခေါင်းကို လွှဲခုတ်ရန် ကြိုးပမ်းလိုက်လေ၏။
ဟယ်ယန်းလဲ့က နှာခေါင်းရှုံ့လိုက်ရင်း လျဲ့ယု၏ ခန္ဓာကိုယ်ကို ဆွဲကာ လုံချန်၏ ဓားလမ်းကြောင်း ရှိရာ တည့်တည့်သို့ ပိတ်ဆို့လိုက်၏။
“မဟုတ်ဘူး...”
သူ၏ ဓားချက်ဖြင့် လျဲ့ယု နှစ်ပိုင်း ပြတ်သွားမည်ကို တွေးတောရင်း လုံချန်၏ ဦးရေပြားမှာ ထုံကျင်သွား၏။ သူက ချက်ချင်းပင် ကြယ်တာရာ ဝိညာဥ်မှ ထွက်ပေါ်နေသည့် စွမ်းအင်များကို အတင်းအကြပ် ပြန်ရုတ်သိမ်းရန် ကြိုးပမ်းလိုက်၏။ အကျိုးဆက် အနေဖြင့် မထင်မှတ်သည့် တုန့်ပြန်မှု တစ်ခု ဖြစ်ပေါ်လာကာ သူ့ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စဥ် သွားခဲ့တော့၏။
ဘုန်း...
ပြင်းထန်သော အဟုန်နှင့် အတူ လုံချန်မှာ သင်္ဘော၏ သတ္တုလက်ရန်းကို ဝင်တိုက်မိသွား၏။ အရိုးများ အက်ကွဲသံနှင့် အတူ သူ့ခန္ဓာကိုယ်က သင်္ဘော ကုန်းပတ်ပေါ် ပုံရက်သား ပြုတ်ကျသွားသည်။
လုံချန် လတ်ဆတ်သော သွေးများကို အန်ထုတ်လိုက်ရင်း အလျှင်အမြန်ပင် လျဲ့ယု၏ အခြေအနေကို အကဲခတ်ရန် ကြိုးပမ်းလိုက်၏။ လျဲ့ယု ဘာမှ မဖြစ်သည်ကို မြင်သော အခါတွင်မှ သူ့နှလုံးသားထဲရှိ တင်းကြပ်မှုများက ပြေလျော့သွားကာ အသက်ရှူသံများမှာ အနည်းငယ် ပေါ့ပါးသွား၏။ သို့သော်လည်း... သူမမှာ ဟယ်ယန်းလဲ့၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက် ရှိနေသေးဆဲ ဖြစ်သည်။
လုံချန် ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ လက်ရှိ အခြေအနေက ကောင်းမွန်သည် ဆိုသော အနေအထားနှင့် အတော်လေး ဝေးကွာနေသေးဆဲ ဖြစ်သည်။ လုံချန် စိတ်ကို တစ်စက္ကန့်လျှင် မိုင်တစ်သောင်းနှုန်းဖြင့် လည်ပတ်ရင်း လွတ်မြောက်ရာလမ်းကို တွေးတောလိုက်၏။
“ငါ တကယ်ကံကောင်းတာပဲ...”
ဟယ်ယန်းလဲ့က လျဲ့ယု၏ ခန္ဓာကိုယ် ကောက်ကြောင်းများနှင့် ရင်သပ် ရှုမောဖွယ် အသားစိုင်များကို မျက်စိ ကျွတ်ထွက်မတတ် ကြည့်ရင်း ရယ်မောလိုက်၏။
ထိုမိန်းကလေးကား အဝေးမှ လှမ်းမြင်ရုံဖြင့်ပင် ရင်တစ်ခုလုံး ဗြောင်းဆန်အေင် လုပ်ပစ်နိုင်သည့် ဖြစ်တည်မှုမျိုး ဖြစ်သည်။ သူမ၏ လှပ သေသပ်လွန်းလှသည့် မျက်နှာနှင့် တဖိတ်ဖိတ် တောက်ပနေသည့် နီလာရောင် မျက်ဝန်းတို့က အဆုံးမဲ့ ကြယ်တာရာ နယ်မြေကြီးရှိ ထိပ်တန်း မိန်းမလှများနှင့် နှိုင်းယှဥ်လျှင်ပင် နိမ့်ကျခြင်း မရှိကြောင်း ဟယ်ယန်းလဲ့ စိတ်ထဲမှ မှတ်ချက်ချလိုက်မိ၏။
“မင်းက တကယ် ထူးခြားတဲ့ မိန်းကလေးပဲ...”
သူက လျဲ့ယု၏ ပါးပြင်ကို ညင်ညင်သာသာ နမ်းရှိုက်ရင်း မှတ်ချက်ပေးလိုက်၏။ လျဲ့ယုက ရုန်းကန်ရန် ကြိုးပမ်းလိုက်သော်လည်း ကျင့်ကြံခြင်း အဆင့်မှာ ရွှေလင်းဟယ်ထက်ပင် နိမ့်ကျလေရာ မည်ကဲ့သို့ ရုန်းကန်နိုင်စွမ်း ရှိမည်နည်း။
မိန်းကလေး၏ လွတ်မြောက်ရန် ကြိုးပမ်းမှုက ဟယ်ယန်းလဲ့၏ လက်ချောင်းများ ရင်ဘတ်ရှိရာသို့ ရောက်ရှိလာခြင်းနှင့် အတူ အဆုံးသတ်သွား၏။ ကြမ်းတမ်းသည့် အထိအတွေ့များမှ တစ်ဆင့် ထိုအခိုက်၌ လူငယ်၏ ဆန္ဒများက ပြငးထန်နေကြောင်း သူမ သိရှိလိုက်သည်။
“ခွေးမသား... ငါ့မိန်းမကို မထိနဲ့...”
လုံချန်က အံကို တင်းတင်းကြိတ်ရင်း သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် အော်ဟစ်လိုက်၏။ နှုတ်ခမ်းထောင့်စွန်းမှ စီးကျနေသည့် သွေးများက သူ့ အသွင်အပြင်ကို နတ်ဆိုးတစ်ပါး ကဲ့သို့ ထင်မှတ်လောက်အောင် ရေးခြယ်နေသည်။
ဟယ်ယန်းလဲ့က လုံချန်အား လှည့်ကြည့်ကာ ရယ်မောလိုက်၏။
“မင်းက တကယ့်ကို တစ်ခုခုပဲကွ... မင်းလို အမှိုက်မျိုးက ဘာကြောင့် အခုထိ ဆက်ပြီး အသက်ရှင်နေတယ် ဆိုတာကိုတောင် သိရဲ့လား”
သူက ပြောရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လက်ကျန် သင်္ဘောသားများမှာ သွေးမြူများ အဖြစ် ပြိုင်တူ ပေါက်ကွဲ၍ သေဆုံးသွားကြတော့၏။
***