← Chapters

ပြင်ပသားတို့၏ အတွေးများ

Vol. 35 Ch. 489

ပြင်ပသားတို့၏ အတွေးများ

Vol. 35 Ch. 489

ကောင်းကင်လေပြည် မြို့တော်တွင် ပုံရိပ်နှစ်ခုမှာ ကျားကစား နေခဲ့၏။ သူတို့ နှစ်ယောက်ကား မိန်းမငယ်လေးနှင့် လူအိုကြီးတို့ပင် ဖြစ်သည်။

“သူ လာမယ်လို့ အဘိုးထင်လား”

မိန်းမငယ်လေးက ကျားစေ့တစ်စေ့ကို ကောက်ကိုင်ရင်း မေးလိုက်၏။ သူမ၏ မျက်မှောင်က အနည်းငယ် ကြုတ်နေကာ နောက်ထပ် ရွှေ့ရမည့် လှုပ်ရှားမှု အတွက် စဥ်းစားရခက်နေပုံ ပေါ်သည်။ နောက်ဆုံး၌ သူမက အကောင်းဆုံး ဖြစ်သည်ဟု ယူဆရသည့် တစ်နေရာကို ရွေးချယ်ကာ ချထားလိုက်သည်။

သို့‌သော်လည်း လူအိုကြီးက ခေါင်းကို ခါယမ်းလိုက်၏။

“ငါနိုင်ပြီ...”

သူက တစ်စက်မှ မညှာတာပဲ ထိုကျားစေ့ကို စားကာ ပြိုင်ပွဲကို ပြတ်ပြတ်သားသား အဆုံးသတ် ပစ်လိုက်သည်။

“ ... “

မိန်းမငယ်လေးမှာ တိတ်တဆိတ်ပင် ကျားခုံကို ငေးကြည့်နေခဲ့၏။ အတန်ကြာပြီးနောက်၌ သက်ပြင်း တစ်ချက် ချလိုက်သည်။ ထို့နောက် မကျေမနပ် အမူအရာနှင့် နှုတ်ခမ်းစူကာ လူအိုကြီးကို ကြည့်လိုက်သည်။

“တကယ်လို့ လာမယ် ဆိုရင် သူက အရူးပဲ...”

“ဘာလို့လဲ...”

အဘိုးအိုက ကစားပွဲကို ပြန်စရန် အတွက် ကျားစေ့များကို နေရာပြန်လည် ချထားရင်း မေးလိုက်၏။ သူ သူမ၏ အတွေးများကို ကြားချင်ပေသည်။ ဝေ့ဝူယင်နှင့် တွေ့ဆုံပြီးနောက် ထိုလူငယ် ပိုင်ဆိုင်ထားသည့် ဉာဏ်ရည်မျိုး၊ ပါးနပ်မှုမျိုး သူ မြေးမလေးဖြစ်သူထံတွင်လည်း ရှိစေချင်သည်။

“သူက တော်ဝင် ကလေးငယ် လေးယောက်ထဲမှာ အကြီးမားဆုံး အင်အားကို ပိုင်ဆိုင်ထားတယ်လေ... ဘာလို့ အခြားလူရဲ့ နယ်မြေထဲ လာရမှာလဲ... မဟာလေပြင်း တော်ဝင်သားတော်က ဘာထောက်ချောက်မှ ဆင်မထားဘူး ဆိုတာ ဘယ်သူက သေချာမှာလဲ... သူ့အနေနဲ့ နောက်ခံ အင်အားချင်း ထိပ်တိုက် ရင်ဆိုင်ဖို့ကိုပဲ ရွေးချယ်သင့်တယ်”

မိန်းမငယ်လေးက သူမ၏ အတွေးကို ယုံကြည်ချက် ရှိစွာ ဖော်ထုတ်လိုက်၏။ သို့သော်လည်း လူအိုကြီးက သူမကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

“သူက အဲဒီလောက် မရိုးရှင်းဘူး...”

အဘိုးအို၏ လေသံက စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေရာ မိန်းကလေးမှာ မကျေမနပ်နှင့် နှုတ်ခမ်းကလေးကို စူလိုက်၏။

“အဘိုးက ဘာပြောချင်တာလဲ... ကျွန်မ မှားသွားလို့လား...”

သူမ၏ အသံက အနည်းငယ် ရန်လိုနေ၏။ ထိုအရာက ဖြစ်နိုင်ချေ အရှိဆုံး တိုက်ရိုက် အဖြေ ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင် နေရာတွင် သူမ ဆိုလျှင်လည်း ထိုကဲ့သို့သာ ရွေးချယ်လိမ့်မည် ဖြစ်သည်။

ထိုအခိုက်တွင်ပင် လူအိုကြီးမှာ ကျားစေ့များကို ပြန်လည် စီစဥ် ပြီးစီးသွား၏။

“ညည်း မမှားပါဘူး...”

“ဟမ်...”

မိန်းကလေးမှာ လူအိုကြီး၏ စကားကို နားမလည်နိုင်အောင် ဖြစ်သွား၏။ သူမ မမှားဘူးဆိုလျှင် အကယ်၍ ဝေ့ဝူယင် လာခဲ့ပါက သူက အရူးတစ်‌ယောက်လော။

လူအိုကြီးက တည်ငြိမ်စွာ ပြောလိုက်၏။

“ညည်းစပြီး ရွှေ့အလှည့်...”

သို့သော်လည်း မိန်းမငယ်လေးမှာ ကျားကစားခြင်း အပေါ် စိတ်ပါပုံ မရတော့ချေ။ သူမက မျက်မှောင်ကြုတ်ရင်း ငြိမ်သက်စွာ စဥ်းစားနေ၏။ မြေးမလေး၏ တွေဝေနေမှုကို ကြည့်ရင်း လူအိုကြီးက သက်ပြင်းတစ်ချက် ချလိုက်သည်။

“သူ ဘာကြောင့် မလာသင့်ဘူး ဆိုတာပဲ နင်က ရှင်းပြသွားတာ...  သူ ဘာကြောင့် လာသင့်တယ် ဆိုတာကို မပြောသွားဘူး”

“ ... “

မိန်းမငယ်လေးမှာ နားမလည်နိုင်အောင် ဖြစ်သွား၏။ ဝေ့ဝူယင် ဤနေရာသို့ လာသင့်သည့် အကြောင်းပြချက်ကို သူမ ရှာမတွေ့နိုင်ချေ။  ဤသည်က မီးတောက် ဖြစ်သည်။ အဘယ်ကြောင့် မီးတောက်ထဲကို တိုးဝင်သင့်သည့် အကြောင်းပြချက် ရှိမည်နည်း။

"အားလုံးကို ရှုထောင့် ပေါင်းစုံက ကြည့်တတ်ဖို့ အရမ်း အရေးကြီးတယ်… သူက အခြား နည်းလမ်း ရှာရင်ရော… မဟာလေပြင်း တော်ဝင် သားတော်ရဲ့ ရှေ့မှာ အခြား တော်ဝင် ကလေးငယ် နှစ်ယောက်နဲ့ ဆွေး‌နွေးမယ်… သူတို့ကို လုံလောက်တဲ့ အကျိုးအမြတ်တွေ ပေးမယ် ဆိုရင်ရော… သူ အသာစီး မရနိုင်ဘူးလား"

လူအိုကြီးက မေးလိုက်၏။

"အဲဒါက အလုပ်ဖြစ်မှာ မလို့လား…"

မိန်းမငယ်လေးက ယုံကြည်ချက် ရှိသည့် လေသံဖြင့် လေသံဖြင့် ပြန်လည် မွေးခွန်းထုတ် လိုက်၏။

"မဟာလေပြင်း တော်ဝင်သားတော်သာ အရူးတစ်ယောက် မဟုတ်ဘူး ဆိုရင် သူ့ကို အခွင့်အရေး တစ်ခုတောင် ပေးမှာ မဟုတ်ဘူး… နောက်ပြီး အဘိုး ပြောသလိုမျိုး ဖြစ်လာလိမ့်မယ် လို့ ကျွန်မ လုံးဝ မထင်ဘူး… အဲဒီ မိန်းကလေးက အရမ်း ခေါင်းမာတယ်… ဘယ်သူနဲ့ ပူးပေါင်းရမယ် ဆိုတာ သူ ဆုံးဖြတ်ပြီးနေပြီ"

"အဲဒီ မိန်းကလေး" ဆိုသော စကားလုံးကို ပြောဆိုလိုက်သော အခိုကံ မိန်းမငယ်လေး၏ မျက်မှောင်က အနည်းငယ် ကြုတ်သွားခဲ့၏။

လူအိုကြီးက အသာအယာပင် ပြုံးလိုက်သည်။

"သူ ဘာလုပ်မယ် ဆိုတာ ငါတို့ ဆက်ပြီး ကြည့်ကြတာပေါ့"

"..."

မိန်းမငယ်‌လေးမှာ အဘိုးအို၏ ဒွိဟဆန်သည့် အပြုံးကို နားမလည်နိုင်အောင် ဖြစ်သွား၏။ ဘာပဲဖြစ်ဖြစ် မိမိ ယူဆချက်ကို သူမ ယုံကြည်ချက် ရှိနေသေးဆဲ ဖြစ်သည်။

ဒြပ်စင်သုံးခု တော်ဝင်သားတော်မှာ ဘာများ ကြီးကျယ်နေလို့နည်း။ သူက ကောင်းကင်ဘုံပင် တော်လှန်နိုင်သည့် ပါရမီမျိုး ပိုင်ဆိုင်ထားတာ မှန်သည်။ ရုပ်ရည် အလွန် ကြည့်ကောင်းတာ မှန်သည်။ ဝိညာဉ် အင်အားက အဆပေါင်းများစွာ သာလွန်တာ မှန်သည်။

"နေဦး… ငါက ဘာကို ပြောချင်နေတာလဲ…"

မိန်းမငယ်လေးမှာ ဘာကို ဆက်၍ စဉ်းစားရမှန်း မသိ ဖြစ်သွား၏။ လူအိုကြီးက မိန်းမငယ်လေး၏ အဖြစ်ကို ကြည့်ကာ အနည်းငယ် ရယ်မောလိုက်သည်။

"ရိုးရိုးရှင်းရှင်းပဲ စဉ်းစားရင် ညည်း အဖြေကို သိလာရမှာပါ"

အဘိုးအိုမှာ ဆက်လက် ရှင်းမပြချင်တော့ချေ။ မိန်းမငယ်လေးကိုသာ ကိုယ်တိုင် အဖြေရသည် အထိ တွေးတောစေလိုပေသည်။

မိန်းမငယ်လေးက မကျေမနပ်ဖြင့် လူအိုကြီးကို ကြည့်လိုက်၏။

"ကောင်းပြီလေ… သူ တကယ် လာမလား မလာဘူးလား… သူ တကယ် ရူးလား မရူးဘူးလား ဆိုတာ စောင့်ကြည့်ကြတာပေါ့"

ထို့နောက် သူမက ကျားစေ့ တစ်ခုကို ကောက်ယူကာ ရွှေ့လိုက်၏။ သို့သော်လည်း ဒေါသဖြင့် ရွှေ့လိုက်သည့် ထိုကျားစေ့ကပင် သူမအတွက် ရှုံးနိမ့်မှုကို ဦးတည်သွားခဲ့ပြီ ဖြစ်လေသည်။

"အဲဒီလောက်ကြီး စောင်ဖို့ မလိုတော့ဘူး ထင်တယ်…"

လူအိုကြီးက ရယ်မောရင်း ဆိုလိုက်လေတော့၏။

…

"ဟမ့်… အဆင့်နိမ့် သတ္တဝါတွေ…"

ကောင်းကင်တွင် ပျံသန်းနေသည့် ဟင်းလင်းပြင် သင်္ဘော တစ်ခု၏ ထိပ်၌… ဟယ်ယန်းလဲ့က အောက်ရှိ လူသားနှင့် နားရွက်ချွန် မျိုးနွယ်များကို ငုံ့ကြည့်ရင်း နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။  သူ၏ မျက်ဝန်းများမှာ မောက်မာမှု၊ အထင်သေးမှုများနှင့် ပြည့်နှက်နေသည်။

ဟယ်ယန်းလဲ့၏ နံဘေးတွင်တော့ စူးရှရှ မျက်လုံးများကို ပိုင်ဆိုင်ထားသည့် ခပ်ပိန်ပိန် လူအိုကြီး တစ်ယောက် ရှိနေ၏။ သူက ဟယ်ယန်းလဲ့၏ သဘောထားကို နည်းနည်းမှ ဂရုစိုက်ပုံ မရချေ။

"မင်း အဲဒီတိုကင်ကို သူ့နေရာသူ ပြန်ထားသင့်တယ်"

လူအိုကြီးက အကြံပြုလိုက်သည်။

"ဘာလို့လဲ…"

ဟယ်ယန်းလဲ့က သူ့အား တည်ငြိမ်စွာပင် လှည့်ကြည့်ရင်း မေးလိုက်သည်။ ထို့နောက် သူက လက်ထဲရှိ နတ်ဘုရား သင်္ကေတ အဖြစ် လူသိများသည့် ဒြပ်စင်တိုကင်ကို ငုံ့ကြည့်ကာ သေချာစွာ လေ့လာလိုက်သည်။

"ဘာကြောင့်လဲ ဆိုတာ မင်းသိသင့်တယ်"

လူအိုကြီးက ဆိုလိုက်၏။ ဒြပ်စင် တိုကင်များမှာ ပြိုင်ပွဲ၏ အဓိက ပစ္စည်းများ ဖြစ်သည်။ သူတို့ ဤနေရာသို့ ရောက်ရှိ လာခြင်းမှာ ပြိုင်ပွဲဝင်ရန် မဟုတ်ချေ။ သည်အတိုင်း ရတနာများ လာရောက် ရှာဖွေခြင်းသာ ဖြစ်သည်။

အကယ်၍ သူတို့သာ ပြိုင်ပွဲအတွင်း ဝင်နှောက်ယှက်ပါက အားလုံး ရှုပ်ထွေး ကုန်လိမ့်မည် ဖြစ်သည်။

"အစစ်အမှန် ဒြပ်စင်ဂိုဏ်းကြောင်ြလား… သူတို့က သူတို့ရဲ့ ရွေးချယ်ခံကို ဒီလို စမ်းသပ်ပွဲ ရွေးချယ်ချင်တယ်ပေါ့… ဒြပ်စင် ကိုးပါး ဆန်းကြယ် ဧကရာဇ်က စမ်းသပ်ပွဲကို သူ့ရဲ့ မွေးရပ်မြေမှာ တည်ဆောက်ထားတယ်လို့ ကျုပ် ကြားဖူးတယ်… အဲဒါက တကယ် မှန်နေမလား သိချင်မိတယ်"

ဟယ်ယန်းလဲ့က ရယ်မောရင်း ပြောလိုက်၏။

"မှန်တာ မမှန်တာ အသာထား… တကယ်လို့ မင်း စမ်းသပ်မှုကို ဝင်နှောက်ယှက်မယ် ဆိုရင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းက ဖြေရှင်းချက် တောင်းလိမ့်မယ်… အဲဒီ အခါကျရင် မင်း ရလာမယ့် ဆုံးရှုံးမှုက ဒီစမ်းသပ်ပွဲရဲ့ အကျိုးအမြတ်ထက် အများကြီး ပိုများလိမ့်မယ်"

ဟယ်ယန်းလဲ့၏ မျက်နှာထက်ရှိ မလေးမစား အမူအရာကြောင့် လူအိုကြီးက လေးလေးနက်နက် သတိပေးလိုက်၏။ ဒြပ်စင် ကိုးပါး ဆန်းကြယ် ဧကရာဇ်မှာ သူ ကိုယ်တိုင်ပင် လေးလေးစားစား ဆက်ဆံရသည့် ဖြစ်တည်မှုမျိုး ဖြစ်သည်။ တစ်ခဏမျှ တွေးတောပြီးနောက် လူအိုကြီးက သုန်မှုန်စွာ ထပ်ပြောလိုက်၏။

"အဲဒီ အခါကျရင် မင်း ကိုယ့်အသက်ကိုတောင် အာမခံချက် ပေးနိုင်မှာ မဟုတ်ဘူး"

ထိုကဲ့သို့ ပြောပြီးနောက် သူက ပျောက်ကွယ် သွားတော့၏။

" … "

ဟယ်ယန်းလဲ့မှာ တစ်ခဏမျှ ငြိမ်သက်သွား၏။

ဒြပ်စင် တိုကင်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း သူ မသက်မသာ ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သို့သော်လည်း သိပ်မကြာခင်မှာပင် သူ မူလ ယုံကြည်ချက်ကို ပြန်လည် ရရှိလာ၏။

"ငါ့မှာ ဥပဒေသ မျိုးစေ့ရှိနေပြီ… ငါ့ အနာဂတ်က အကန့်အသတ် မရှိဘူး… ဘယ်ဧကရာဇ် ဘယ်ကောင် ဖြစ်ဖြစ်… ငါက ဘာကိစ္စ ကြောက်နေရမှာလဲ"

ထိုစကားလုံးများကို သူ တီးတိုး ရေရွတ်လိုက်စဉ်မှာပင် ကောင်းကင် လေပြည် နန်းတော်၏ တမန်တော်မှာ သူတို့ ဟင်းလင်းပြင် သင်္ဘောထံ ရောက်ရှိလာခဲ့တော့၏။

…

အခြား ဟင်းလင်းပြင် သင်္ဘောတစ်ခုထက်၌ ခပ်တိုတို လှိုင်းတွန့် ဆံပင်များနှင့် သာမန် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ယောက် ရှိနေခဲ့၏။

ဟယ်ယန်းလဲ့ ကဲ့သို့ပင် သူမက သင်္ဘောဦးတွင် ရပ်ကာ ကောင်းကင်လေပြည် နန်းတော်ကို ငေးမောနေခဲ့သည်။ ထိုအခိုက်၌ သူမ၏ မျက်လုံးများမှာ တည်ငြိမ်သယောင် ထင်နေသော်လည်း ထိုအထဲတွင် ကြည်နူး ဆွတ်ပျံ့ဖွယ် အမှတ်တရ  အငွေ့အသက် အချို့ တည်ရှိနေ၏။ နန်းတော်နှင့် ပိုမို နီးကပ်လာသည်နှင့် အမျှ သူမ၏ မျက်လုံးများက ပိုမို နူးညံ့လာသည်။

ရုတ်တရက် နောက်နားမှ မိန်းမသံ တစ်ခု ထွက်ပေါ်လာ၏။

"မင်း အခြား နည်းလမ်းတွေကိုလည်း တွေးထားသင့်တယ် ထန်ရှင်းယွင်…"

ထိုစကားလုံးများက မိန်းကလေး၏ နူးညံ့သိမ်မွေ့နေသည့် မျက်လုံးများကို ပြန်လည် အေးစက် သွားစေသည်။ သို့သော်လည်း သူမက ဘာမတုန့်ပဲ ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်သည်။

သို့သော်လည်း အသံပိုင်ရှင်ကတော့ ထိုကဲ့သို့ ပြုလုပ်လိုပုံ မပေါ်ချေ။

"မင်းရဲ့ အဆင့်အတန်းကို မင်း သတိရဦး… သူက မင်းနဲ့ ထိုက်တန်တဲ့လူ မဟုတ်ဘူး"

ထန်ရှင်းယွင်၏ မျက်လုံးများက ပို၍ အေးစက်လာ၏။ သို့သော်လည်း သူမမှာ ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ အချိန် တစ်ခုတည်းကသာလျှင် သူက သူမနှင့် ထိုက်တန်၊ မထိုက်တန် ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်ပေသည်။

***

All Chapters