← Chapters

ပြေး

Vol. 35 Ch. 490

ပြေး

Vol. 35 Ch. 490

"..."

လူသားနှင့် အယ်ဗန်မျိုးနွယ် ကိုးယောက် ပါဝင်နေသည့် အဖွဲ့တစ်ဖွဲ့မှာ တိတ်တဆိတ်ပင် ကောင်းကင်လေပြည် မြို့တော်ဆီသို့ ပျံသန်း လာနေကြ၏။ မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်များမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေကြကာ ဝေ့ဝူယင် စကားကို ယုံသင့် မယုံသင့် မသေချာကြချေ။ သူတို့က အစစ်အမှန် ပျက်သုဉ်းခြင်း ဘုရားကျောင်း အဖွဲ့ဝင်များကို လှမ်းကာ ကြည့်လိုက်ကြ၏။ ထိုလူများ‌ကတော့ ခံစားချက်များကို အပြီးတိုင် မြှုပ်နှံထားသည့် မလား မယိမ်းမယိုင်ဖြင့် တည်ငြိမ်စွာ ရှိနေကြပေသည်။

အချို့မှာ ဖြေရှင်းချက် တစ်စုံတစ်ရာ ကြားရလို ကြားရငြား အိယင်ထံသို့ စိတ်အာရုံဖြင့် ဆက်သွယ်ကာ မေးမြန်းနေကြ၏။ သို့သော်လည်း မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်မျိုးနွယ်စု၏ ထိုခေါင်းဆောင်ဖြစ်သူထံမှ ဘာတုန့်ပြန်မှုကိုမှ သူတို့ မရကြချေ။ သူတို့ စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်လေပြည် လွင်ပြင်ကို လှမ်းကာ ကြည့်လိုက်ကြ၏။

ဟူး… ဟူး…

ကောင်းကင်တွင် ပျံသန်းရင်း ဝေ့ဝူယင်မှာ လေထဲတွင် ပါဝင်နေသည့် လေစွမ်းအင်ကို ခံစားမိနေခဲ့၏။ ၎င်းက သိမ်မွေ့ကာ နူးညံ့သလို တစ်ချိန်တည်းက အလွန်း ထက်ရှပေသည်။ အကယ်၍ သာမန် လေမျိုးတစ်ဦးသာ လေပြည်လွင်ပြင်ကို ဝင်လာပါက ချက်ချင်းပင် ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်ကာ သေဆုံးသွားလိမ့်မည် ဖြစ်သည်။

ကောင်းကင်လေပြည် မြို့တော် နယ်စပ်ကို ရောက်ရှိသည်နှင့် သံချပ်ကာဝတ် လူတစ်စုမှာ သူတို့ကို လာရောက် ကြိုဆိုကြ၏။ သူတို့၏ ခေါင်းဆောင်မှာ အချိန်သခင် တစ်ပါး ဖြစ်ကာ ရှင်းလင်းစွာပင် ကောင်းကင်လေပြည် နန်းတော် အဖွဲ့ဝင် တစ်ယောက် ဖြစ်သည်။

သူက ခပ်ပိန်ပိန် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အသက်လတ် လူကြီး တစ်ယောက် ဖြစ်သည်။ သူ၏ နာမည်က မဟာ ဘုန်းတော်ကြီး ကျိဂူ ဖြစ်ကာ ကောင်းကင်လွင်ပြင် နန်းတော်၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ သူ၏ အဆင့်အတန်းက အစစ်အမှန် ပျက်သုဉ်းခြင်း ဘုရားကျောင်း၏ မဟာ သီလရှင် စီတနှင့် တူညီပေသည်။

ဝေ့ဝူယင်က သူတို့ကို ကြည့်ကာ အသာအယာ ပြုံးလိုက်၏။

"အချိန်သခင် တစ်ပါးနဲ့ လောကသခင် ခုနစ်ယောက်… တကယ် ခမ်းနားတဲ့ ကြိုဆိုမှုပဲ"

မီးခိုးရောင် အယ်ဗန်မျိုးနွယ်များကတော့ သတိ အနေအထားဖြင့် ဧည့်ကြို အုပ်စုကို အကဲခတ်နေ၏။ သူတို့ အုပ်စုတွင် အချိန်သခင် နှစ်ပါး ပါရှိသည် ဆိုသော်လည်း အကယ်၍ တိုက်ခိုက်ကြမည် ဆိုပါက အသာစီး ရယူနိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ကြချေ။

တစ်ဒါဇင် တိတိသော ဧည့်ကြို အုပ်စုမှာ သံချပ်ကာ ဝတ်စုံများကို ဝတ်ဆင်ကာ သူတို့၏ ကြယ်တာရာ လက်နက်များကို ဆုပ်ကိုင် ထားကြ၏။ ကောင်းကင်လေပြည် နန်းတော် အဖွဲ့ဝင်များမှာ အဘယ်ကြောင့် သူတို့၏ တော်ဝင် သားတော်က ဒြပ်စင်သုံးခု တော်ဝင် သားတော် တစ်ယောက်တည်း အပေါ် ကွက်၍ ရန်လိုနေရသည်ကို နားမလည်နိုင်ချေ။

ဘာပဲဖြစ်ဖြစ်… သူတို့၏ တာဝန်က တော်ဝင်သားတော်၏ အမိန့်ကို နာခံရန် ဖြစ်လေရာ လုပ်စရာ ရှိသည်ကို လုပ်ရပေလိမ့်မည် ဖြစ်သည်။

အိယင်က မျက်မှောင်ကြုတ် လိုက်၏။

"ရှင် မှန်တယ်…"

ဝေ့ဝူယင်က မီတာ ရာဂဏန်းခန့် အကွာအဝေး၌ ရပ်တန့်လိုက်၏။ မြို့တော် နယ်စပ်ကို ဖြတ်ကျော်ခြင်း မပြုချေ။

"ဒါက တော်‌ဝင် ညီလာခံ မဟုတ်ဘူးလား… မင်းက ငါ့ကို မကြိုဆိုတာလား"

သူ၏ အသံက မိုင်ပေါင်းများစွာကို ဖြတ်ကျော်ကာ လူတိုင်း၏ နားများထဲသို့ ရောက်ရှိ သွား၏။ မြို့တော်ထဲရှိ အားလုံးသော လူများ၊ အယ်ဗန်များမှာ အံ့ဩသွားကြကာ အသံလာရာသို့ လှမ်းကာ ကြည့်လိုက်ကြလေသည်။

လူအိုကြီးက ဝမ်းသာအားရ မျက်နှာနှင့် မိန်းမငယ်လေးကို ကြည့်လိုက်၏။

"ကြည့်… ငါ မပြောဘူးလား…"

မိန်းမငယ်လေးက နှုတ်ခမ်းစူလိုက်သည်။

"အဲဒီတော့ ဘာဖြစ်လဲ… အဲဒီ အရူးက ဘာလုပ်မလို့လဲ… တိုက်ခိုက်မလို့လား… သူက စစ်တပ်ကိုတောင် ခေါ်လာတာ မဟုတ်ဘူး"

လူအိုကြီးက ဘာမှ ပြန်မဖြေပဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်၏။ သူ၏ မျက်လုံးများကတော့ ယခင်ကထက် ပို၍ တောက်ပ လာခဲ့လေတော့သည်။

မဟာ ဘုန်းတော်ကြီး ကျိဂူက မျက်မှောင်ကြုတ် လိုက်၏။

"တကယ်လို့ မင်း…"

သူက စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝေ့ဝူယင်က ရယ်မောလိုက်လေသည်။ ကျိဂူ၏ မျက်လုံးများမှာ မည်းမှောင်သွားကာ ပြင်းထန်သည့် ဒေါသများနှင့် ပြည့်နှက် သွား၏။ ထိုအရာက အလွန် လေးစားမှု ကင်းမဲ့သော အပြုအမူ ဖြစ်ပေသည်။

မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်များ အပါအဝင် အားလုံးမှာ ဝေ့ဝူယင်ကို နားမလည်နိုင်စွာ ကြည့်လိုက်မိကြသည်။ ဒြပ်စင်သုံးခု တော်ဝင်သားတော်က ကောင်းကင်လေပြည် နန်းတော် အဖွဲ့ဝင်များကို ဘာလုပ်ရန် ကြိုးပမ်းနေသနည်း။

ဝေ့ဝူယင်မှာ အခြားလူများ၏ အမြင်များ၊ သဘောထားများကို ဂရုမစိုက်ပါချေ။ သူက မြို့တော်၏ ‌တစ်နေရာတွင် ရှိနေသည့် မြစိမ်းရောင် မျက်လုံးများနှင့် ပုံရိပ်ကလေး ကိုသာ လှမ်းကြည့်ရင်း လက်တစ်ဖက်ကို ဝှေယမ်းကာ နှုတ်ဆက်လိုက်၏။

"ဟေး…"

ချင်ချူးမူမှာ သူ ဤ‌လောကနယ်မြေကို ရောက်ရှိပြီးနောက် ပထမဆုံး ပြန်လည် ‌ဆုံတွေ့ရသည့် အသိအကျွမ်းဟောင်း ဖြစ်သည်။ သို့ဖြစ်လေရာ ဝေ့ဝူယင် မည်ကဲ့သို့ စိတ်မလှုပ်ရှားပဲ နေနိုင်ပါမည်နည်း။

ချင်ချူးမူမှာ ဝေ့ဝူယင်၏ လှမ်းနှုတ်ဆက် နေမှုကို ကြည့်ကာ အသာအယာ ပြုံးလိုက်မိ၏။ ရှက်ရွံ့သည့် အငွေ့အသက် အချို့က သူမ၏ လှပသည့် မျက်နှာလေးထက်၌ နေရာယူနေသည်။ ဝေ့ဝူယင်မှာ အမြဲတမ်းလိုလို ကျင့်ဝတ်များကို ဂရုမစိုက်ပဲ သူဆန္ဒရှိသလို ပြုမူတတ်သည့် လူမျိုး ဖြစ်သည်။ သို့သော်လည်း ထိုအရာကို သူမ သဘောကျပေသည်။

မဟာ ဝိညာဉ် စမ်းသပ်ပွဲမှ အဖြစ်အပျက်ကိုပင် သူမ ပြန်လည် အမှတ်ရ လိုက်၏။ ထိုစဉ်က ရွှေအဆင့် သားရဲ သုံး‌ကောင်နှင့် ရင်ဆိုင်နေရစဉ်မှာပင် သူက သူမကို ရယ်ရယ်မောမောနှင့် စကားပြောနိုင်ခဲ့သည်။ ယခုတွင်လည်း အန္တရာယ်များသည့် အိမ်ရှင် မဟာ ဘုန်းတော်ကြီး၏ ရှေ့တွင် တူညီစွာ ပြုမူ နေခဲ့ပြန်ပြီ ဖြစ်သည်။

အိယင်နှင့် စီတတို့မှာ မြို့တော်ထဲသို့ လှမ်းကြည့်ကာ ရှက်ရွံ့စွာ ပြန်လည် လက်ဝှေ့ယမ်း ပြနေသည့် ချင်ချူးမူကို လေ့လာ လိုက်ကြ၏။ လှပသည့် ထိုသစ်တောစိမ်း အယ်ဗန် မိန်းကလေး၏ အသွင်အပြင်ကို ကြည့်ရင်း ဝေ့ဝူယင်က တကယ့်လူ ဟု သူတို့ တွေးလိုက်မိကြသည်။ သူ၏ ရုပ်ရည်၊ သူ့ အရည်အချင်းတို့ဖြင့် ပြန်တွက်ကြည့်ပါကလည်း ထိုအရာက အဓိပ္ပာယ် ရှိပေသည်။

သို့သော်လည်း ရုတ်တရက် ဝေ့ဝူယင်က တောက်ပသည့် အပြုံးဖြင့် အော်ဟစ်လိုက်၏။

"ပြေးတော့…"

"..."

"ပြေးတော့လေ"

ချင်ချူးမူ၏ အူကြောင်ကြောင် ဖြစ်နေပုံကို ကြည့်ကာ ဝေ့ဝူယင်က နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

တစ်စုံတစ်ရာကို တွေးမိသည်နှင့် ချင်ချူးမူ၏ မျက်‌လုံးများက အရောင်ပြောင်းလဲ သွား၏။ ထို့နောက် မတုန့်မဆိုင်းပင် သူမက ကြယ်တာရာ အင်အားကို လှည့်ပတ်ကာ ဘေးနားရှိ ကလေးများကိုပါသာ လွှမ်းခြုံ လိုက်သည်။ ထို့နောက် အမြင့်မားဆုံးသော အမြန်နှုန်းကို သုံးကာ ထိုနေရာမှ ထွက်ပြေးလေတော့၏။

"ဟူး… ဟူး…"

အခြားလူများမှာ ငေးကြောင်ကာ ကြည့်နေမိကြ၏။ သူမ ဘာလုပ်သည်ကို မည်သူမှ နားမလည်နိုင်ကြချေ။

လူအိုကြီးက အူကြောင်ကြောင် ဖြစ်နေသည့် မိန်းမငယ်လေးကို လှည့်ကြည့်လိုက်၏။

"ဘာကြောင့်လဲ လို့ ညည်း မေးခဲ့တယ် မလား .. အဖြေက အဲဒါပဲ… ညှိနှိုင်းမလား… ပုန်းမလား စောင့်မလား… ငါတို့က ကျင့်ကြံသူတွေ… ငါတို့မှာ ခွန်အားရှိရင် ဘယ်သမာရိုးကျ အတွေးကိုမှ လိုက်နာစရာ မလိုဘူး… "

မိန်းမငယ်လေးမှာ နားလည် သယောင်ယောင် ရှိသော်လည်း မသေမချာ ဖြစ်နေသေးဆဲ ဖြစ်သည်။

လူအိုကြီးက ရွှင်မြူးစွာ ရယ်မောလိုက်၏။

"ငါတို့လည်း ပြေးကြတာပေါ့…"

ထို့နောက် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူတို့ နှစ်ယောက်မှာ ထိုင်ခုံများမှ ပျောက်ကွယ် သွားကြတော့၏။ ဝေ့ဝူယင်မှာ ထိုအရာကို သတိထားမိကာ အနည်းငယ် ရယ်မောလိုက်၏။

ထို့နောက် သူက လက်ဝှေ့ယမ်းပြကာ  အခြားလူများကို  နောက်ဆုတ်ရန် အချက်ပြလိုက်သည်။

ဝှစ်…

ချက်ချင်းပင် စီတနှင့် အစစ်အမှန် ဘုရားကျောင်း ဘုရားကျောင်း အဖွဲ့ဝင်များမှာ နောက်သို့ ဆုတ်သွားကြ၏။ မကြာခင်မှာပင် မီးခို းရောင် အယ်ဗန် မျိုးနွယ်ဝင်များမှာလည်း တုန့်ဆိုင်းတုန့်ဆိုင်းဖြင့်  ဆုတ်ခွာ သွားကြသည်။ အိယင်မှာ နောက်ဆုံးတစ်ယောက် ဖြစ်၏။

"ဂရုစိုက်နော်…"

မကြာခင်မှာပင် အိယင်မှာလည်း နောက်သို့ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။  နောက်ဆုံး၌ ဝေ့ဝူယင် တစ်ယောက်သာလျှင် ထိုနေရာ၌ ကျန်ရှိတော့၏။

"‌ဝိညာဉ် ဒြပ်စင် ကျင့်စဉ်… မူလ လောက…"

ကြယ်တာရာ ဝိညာဉ် တစ်ခုမှာ သူ့ ထျန်းတျန်ထဲမှ ထွက်ပေါ်လာကာ ၎င်း၏ ဖြစ်တည်မှုကို တစ်လောကလုံးထံ ‌ထုတ်ဖော် ပြသလိုက်လေ၏။

ထိုမြင်ကွင်းကို မြင်သည်နှင့် အဝေးတစ်နေရာမှ ကြည့်နေသည့် မိန်းမငယ်လေး၏ မျက်လုံးများမှာ အံ့ဩမှု၊ ထိတ်လန့်မှုတို့နှင့် အတူ ပြူးကျယ် သွားခဲ့တော့၏။

"ဘယ်လိုတောင် အဲဒီလောက် ကြီးနေတာလဲ…"

***

All Chapters