← Chapters

အသက်ရှင်တာ ကံကောင်းတယ်

Vol. 8 Ch. 100

အသက်ရှင်တာ ကံကောင်းတယ်

Vol. 8 Ch. 100

လျှပ်စီးအခန်း (၁)သည် အင်မော်တယ် လေ့ကျင့်ရေး မျှော်စင်၏ ကိုးလွှာတွင် တည်ရှိလေ၏။ ကိုးလွှာသို့ ရောက်သည့်အခါ မိုဝူကျီ၏ မြင်ကွင်း တည့်တည့် ရှိနေသည်မှာ  ပထမတွေ့သည့် လေ့ကျင့်ခန်းပင် ဖြစ်သည်။ အခန်း အပြင်ဘက်တွင် ကျောက်စိမ်းပြား အတွက် တံခါးမြောင်း တစ်ခု ပါရှိ၍ မိုဝူကျီက မြောင်းထဲသို့ ချပေးလိုက်သည်။ ထို့နောက် အခန်း၏ လေးလံလှသော တံခါးပေါက်ကား စတင် ပွင့်လာတော့သည်။

မိုဝူကျီ တစ်ယောက် အခန်းထဲ ဝင်ပြီးသည့် နောက်တွင် သူ့နောက်မှ တံခါးကား အလိုလို ပြန်ပိတ် သွားလေ၏။ အကြမ်းဖျင်း တွက်ကြည့် လိုက်သောအခါ အခန်းသည် အနည်းဆုံး မီတာ ၂၀၀ ဝန်းကျင် ကျယ်ဝန်း၍ ဆယ်မီတာ မြင့်မားလေသည်။ အခန်းက လုံးဝ ရှင်းလင်းနေပြီး အဝင်ပေါက်ရှိ လက်ကိုင် သုံးခုသာ ပါရှိလေသည်။ ပထမတစ်ခုက “လေ့ကျင့်ရေး စတင်ခြင်း” ဟု ရေးသားထားပြီး ဒုတိယက “လေ့ကျင့်ရေး ရပ်တန့်ခြင်း” နှင့် နောက်ဆုံး တစ်ခုမှာ “တံခါးဖွင့်ခြင်း” ဖြစ်လေသည်။ ထိုအရာမှ လွဲ၍ လျှပ်စီး အခန်းထဲရှိ လျှပ်စီးအားကို လျှော့တိုး လုပ်နိုင်သည့် အရာ တစ်ခုမျှ မပါရှိချေ။

သူသည် အရင်က လျှပ်စီးအခန်းတွင် မလေ့ကျင့် ဖူးသော်ငြား ချီသွေးကြောများကို လျှပ်စီးဖြင့် နှိုးဆွသည်မှာ သူ့အတွက် ပထမဆုံး အကြိမ် မဟုတ်ပေ။ တစ်ငုံတည်းဖြင့် ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးကို သောက်သုံး လိုက်ကာ လေ့ကျင့်ရေးကို စတင်ရန် ပထမ လက်ကိုင်ကို ဆွဲချ လိုက်တော့သည်။

အခန်း ထောင့်ပေါင်းစုံမှ ခြစ်ခြစ် မြည်နေသော လှိုင်းများ ထွက်ပေါ်လာပြီး အသက်ရှူကြိမ် ဆယ်ကြိမ်လောက် အကြာတွင် လျှပ်စီး အသေးလေးက စတင် ထွက်လာလေသည်။ လျှပ်စီး အခန်းကား ကြီးမားသော်လည်း မိုဝူကျီသည် လျှပ်စီးကား အခန်းအလယ် မီတာ အနည်းငယ် လောက်သာ အသံများ ထွက်ပေါ်ပြီး ကျရောက်နေကြောင်း သတိပြုမိ လိုက်သည်။ ကျန်သော နေရာများတွင် ဘာမှ မဖြစ်ချေ။ ထိုလျှပ်စီးများသည် လျှပ်စီးကန်တွင် ပထမဆုံး ကြုံတွေ့ခဲ့ရသော လျှပ်စီးထက် အားမနည်းချေ။ တွေဝေခြင်း အလျှင်းမရှိစွာ မိုဝူကျီသည် လျှပ်စီးများ တဘမ်းဘမ်း ကျရောက် နေသော ဧရိယာအတွင်းသို့ ဝင်သွားလိုက်သည်။ သူ တွေဝေနေသည့် မိနစ်တိုင်းတွင် စိတ်စွမ်းအင် ကျောက်တုံးများ ဖြုန်းတီးနေခြင်းနှင့် တူညီလေသည်။

“ဘမ်း...” လျှပ်စီးကား မိုဝူကျီ ခန္ဓာပေါ်သို့ ကျရောက်လာပြီး အငွေ့ တထောင်းထောင်း စွမ်းအားတွေက မိုဝူကျီ၏ လမ်းညွှန်မှုကြောင့် သူ့ခန္ဓာအတွင်းမှ ချီသွေးကြောများထဲ စီးဆင်း သွားလေသည်။ ထိုမှသာ မိုဝူကျီသည် ဤနေရာရှိ လျှပ်စီးနှင့် လျှပ်စီးရေကန်နှင့် လျှပ်စီး မိကျောင်းများမှ လျှပ်စီး၏ ခြားနားမှုကို ခံစားလိုက်ရသည်။ လျှပ်စီးတိုင်း၏ အားက အပြောင်းအလဲမရှိ တစ်သမတ်တည်း ဖြစ်နေသည့် အတွက် သူ့ချီ သွေးကြောများကို နှိုးဆွရန် ပိုကောင်းလေသည်။

ချမ်းသာတာက တကယ် ကောင်းလိုက်တာ  ... ကျင့်ကြံသူတို့ လောကမှာတောင် ထိုအချက်က မပြောင်းပေ။

ခဏအကြာ အဓိက လှည့်ပတ်ခြင်း တစ်ခေါက်တည်းဖြင့် မိုဝူကျီ၏ ၂၈ခုမြောက် ချီသွေးကြော ပွင့်သွားတော့သည်။

ကံဆိုးလှစွာ သူ့တွင် စိတ်စွမ်းအင် ကျောက်တုံးများ မရှိတော့ပေ။ မဟုတ်လျှင် သူသည် ဤအခွင့်အရေးကို အသုံးချပြီး တစ်ချိန်တည်းတွင် ကျင့်ကြံနိုင်လိမ့်မည်။ ဘယ်လို ခံစားရမလဲ ဆိုတာ မည်သူ သိမည်နည်း။

လျှပ်စီး ဗို့ဒ်ဓားတွေ အဆက်မပြတ် ကျဆင်းလာပြီး မိုဝူကျီကလည်း ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးများကို ဆက်တိုက် သောက်နေလေသည်။ ဤအခန်းတွင် သူ့ချီ သွေးကြောများကို နှိုးဆွသည့် တစ်ခုတည်းသော ကောင်းချက်မှာ သူ့လုံခြုံ ဘေးကင်းမှုကို စိုးရိမ်စရာ မလိုခြင်း ဖြစ်၏။ သူသည် လျှပ်စီးအားကို မခံနိုင်သည့် အခါ အခန်းအလယ်မှ ထွက်ကာ ခဏတာ အနားယူ၍ ရသေး၏။

မိုဝူကျီသည် လျှပ်စီးကန်နှင့် လျှပ်စီး မိကျောင်းများကို တွင် ကြုံတွေ့ရစဉ်က  မခံစားဖူးသော ဇိမ်တစ်မျိုး ဖြစ်လေ၏။ လျှပ်စီး မိကျောင်းများကို ကောင်းကောင်း အသုံးချရန် သူ့အနေနှင့် သူ့အား ကူညီရန် တခြားသူ ခေါ်ဆောင် လာရမည်။ ထိုမှသာ မတော်တဆမှုကြောင့် အသတ်ခံရကိန်း ကင်းဝေး ပေလိမ့်မည်။

တစ်ဖက်တွင် လျှပ်စီးကန်သည် လေ့ကျင့်ဖို့ရန် ပို၍ များစွာ အန္တရာယ် များသေး၏။ ဘယ်အချိန် ဘယ်အခါ အားပြင်းသော လျှပ်စီးအားက လာရောက် ရိုက်ခတ်မည်ကို မသိနိုင်ချေ။ ထိုမျှ အားပြင်းသော လျှပ်စီးများအတွက် တစ်ချက်တည်း ကပင်  မိုဝူကျီကဲ့သို့ အားနည်းသော လူသစ်လေးကို ဂြိုဟ်ပေါ်မှ အလွယ်တကူ အပြတ် ရှင်းထုတ်နိုင်လိမ့်မည်။

ဤအခန်းထဲတွင် မိုဝူကျီ၏ အသားရေကား မူလ အခြေအနေတိုင်း မကျန်ရှိတော့ပေ။ သူ့အဝတ်များကို လျှပ်စီး ကင်းဝေးရာသို့  ပို့ထားသည့် အတွက် ကံကောင်း လှပေသည်။ မဟုတ်လျှင် ကိုယ်လုံးတီး ဖြစ်နေတော့မည်။ မည်သို့ ဤအရာကို မျှော်လင့်ထားပြီး အဝတ်အပို ယူဆောင်လာမလဲ။

လျှပ်စီး အခန်းထဲတွင် တူးနံ့များ ပြည့်နေပြီး လျှပ်စီး ရိုက်ချက်တိုင်းနှင့် မိုဝူကျီသည် ဆန့်ငင် ဆန့်ငင် ဖြစ်နေရှာလေ၏။ သို့သော် သူသည် လျှပ်စီးစက်ကွင်းမှ ထွက်ပြီး အနားယူရန် မရွေးချယ်ချေ။  လျှပ်စီးအား တစ်ခုတလေကိုပင်  အနားယူရန် မဖြုန်းတီးရက်ပေ။ ထိုအရာများကား စိတ်စွမ်းအင် ကျောက်တုံးနှင့် ဝယ်ထားရခြင်း ဖြစ်လေသည်။ ပို၍ အရေးကြီးသည်က မိုဝူကျီက ထိုလျှပ်စီးများက တည်ငြိမ်၍ ဘေးကင်းသည်ကို သိသော်ငြား လစ်ဟာနေသော တစ်ချက်မှာ သူ့ဘဝအတွက် တိုက်ခိုက်ရန် ဖိအား ဖြစ်လေသည်။

ယန်ချင်ယင် ပြောသည့် သေရေး၊ ရှင်ရေး မကြုံဖူးသော လူတစ်ယောက် အတွက် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာရန်က ခက်ခဲလှသည် ဆိုသောအချက်မှာ မှန်ကန်ပေ၏။ မိုဝူကျီ၏ လျှပ်စီးများကို ရင်ဆိုင်ရန် ဆုံးဖြတ်ချက်သည် သူ့ကန့်သတ်ချက်ကို ရောက်အောင် တွန်းပို့နေလေသည်။ သေရေး၊ ရှင်ရေးကြားရှိ မျဉ်းပါးလေးပေါ်သို့ မရောက်ခင်အထိ အနားယူခြင်းက ရွေးချယ်မှု မဟုတ်ပေ။

တစ်ခါတလေ ဆုံးဖြတ်ချက်ကား ပါရမီထက်ပင် ပို၍ အရေးကြီးသေး၏။ မိုဝူကျီ ယခုနေရာသို့ ရောက်လာဖို့ရန် အတွက် သူ့ပါရမီသည် အနည်းငယ် ပါသော်ငြား သူ့စိတ်ထဲတွင် အန္တရာယ် အများဆုံး နေရာကို ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့်  အံကြိတ် လျှောက်လှမ်းခဲ့ခြင်း ဖြစ်သည်။

ချီသွေးကြော ၃၃ ခု ... ချီသွေးကြော ၃၄ ခု...

မိုဝူကျီက ဝိညာဉ် လမ်းကြောင်းဖွင့် ဆေး ၁၃ ပုလင်း ကုန်သွားသော အခါ လျှပ်စီးလေးချက် ဆက်တိုက်သည် သူ့အား ၃၆ ခုမြောက်သော ချီသွေးကြောကို ပွင့်နိုင်စေခဲ့သည်။

“ဘမ်း …” လျှပ်စီးလေးချက်သည် သူ့  ၃၆ခုမြောက် ချီသွေးကြောကို ဖွင့်ပြီးသည်နှင့် သူ့ခန္ဓာကိုယ် တစ်လျှောက်လုံးတွင် သက်သောင့်သက်သာ ခံစားချက်  ပျံ့နှံ့လာလေ၏။ သူက လျှပ်စီးကြောင့် မည်းတူး၍  ခြစ်ရာများ၊ ဒဏ်ရာများ  ပြည့်နှက် နေလျှင်ပင် မည်သူက  ဂရုစိုက်မည်နည်း။  ၃၆ ခုမြောက် ချီသွေးကြောကို ဖွင့်ပြီးသည်နင့် ရင်သပ် ရှုမောဖွယ် ခံစားချက်ကို ရရှိလေသည်။

ပျော်ရွှင်မှုနှင့် သက်သောင့်သက်သာ ဖြစ်မှုကား ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်သုံးမှ အဆင့်လေးသို့ တက်လှမ်းစဉ်နှင့် အတူတူပင် ဖြစ်လေသည်။ မဟုတ်သေးဘူး ထိုထက်ပင် ပိုခံစား၍ ကောင်းသေး၏။

မိုဝူကျီသည် ၃၆ ခုမြောက် ချီသွေးကြောကို ဖွင့်ပြီးနောက်တွင် မူလက အနားယူရန် ကြံရွယ် ထားသော်ငြား စိတ်ပြောင်းလဲ သွား၏။ သူက လျှပ်စီးအခန်းသို့ မဝင်ခင်ကထက် ပို၍ သန်မာ လာသည်ဟု ခံစားနေရသည်။ ထို့ကြောင့်  သူသည် မရပ်နားခင် ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးအကုန် သောက်ဖို့ရန် ဆုံးဖြတ်လိုက်သည်။

၁၄ ပုလင်းမြောက်ကား သူ့လည်ချောင်းထဲသို့ စီးဝင်သွားကာ မိုဝူကျီ၏ စိတ်ထဲတွင် အခက်ကြုံမှု တစ်ခု ဖြစ်ပေါ်လာလေ၏။ အကြောင်းမှာ လောင်ကျွမ်းနေသော ခံစားချက်မှာ မရှိတော့ချေ။ သူ့လည်ချောင်းထဲရှိ လောင်ကျွမ်းမှု ခံစားချက်မှ လွဲ၍ သူ့ခန္ဓာကိုယ် အခြား နေရာများမှ ထိုသို့ မခံစားရတော့ချေ။ သူ့ခန္ဓာကိုယ်မှ တုံ့ပြန်မှုမရှိဘဲ သူက လျှပ်စီးများကို ချီသွေးကြောများ ဖွင့်ရန် လမ်းမညွန် နိုင်တော့ပေ။

လျှပ်စီးများစွာက သူ့အပေါ် ဆက်တိုက် ကျရောက်နေပြီး မိုဝူကျီက ဒီအတိုင်း ထိရိုက်ရန် ခွင့်ပြုထား လိုက်လေသည်။ သို့သော် သူတို့ လာထိရိုက်သော ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုမှ လွဲ၍  အခြားသော  အကျိုးကျေးဇူးများ မရှိပေ။

သူ့အတွင်းမှ အဆင်မပြေသော ခံစားချက်က ထိုးထွက် လာလေ၏။ မိုဝူကျီက ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးငါးပုလင်းလုံးကို သောက်လိုက် သော်လည်း အကျိုး သက်ရောက်မှု မရှိ။ သူခံစားရသည်က လည်ချောင်းထဲမှ အပူတချို့သာ ဖြစ်လေ၏။ သူ့ချီသွေးကြောများက တုံ့ပြန်ချက် မရှိတော့ချေ။

လျှပ်စီးများက ဆက်တိုက် ကျရောက်နေပြီး မိုဝူကျီသည် ဖြစ်နိုင်ချေ ရှိသော ချီသွေးကြောများကို လျှပ်စီးကို လမ်းညွှန်ရန် လှည့်ပတ်ခြင်းကို စတင်လိုက်သည်။

“ဘွန်း….” မိုဝူကျီက လျှပ်စီး ထိရိုက်မိ သွားသောကြောင့် သွေးတစ်ပွက် အန်လိုက်လေသည်။ ထို့နောက်တွင် မြေပြင်ပေါ် လဲကျသွားကာ မလှုပ်နိုင် မရှားနိုင် ဖြစ်နေပြီး အကြောဆွဲ နေလေသည်။

လျှပ်စီးက နောက်တစ်ကြိမ် ကျရောက် လာပြန်၏။ မိုဝူကျီက လျှပ်စီးစက်ကွင်း လွတ်မြောက်ရန် အခန်းအလယ်မှ တွားသွားကာ ရုန်းကန်ခဲ့ရ၏။ သူ့ကျောရိုး တစ်လျှောက်တွင် အပ်များဖြင့် ထိုးဆွနေသလို ခံစားနေရပြီး လျှပ်စီးနှင့် ရိုက်မိတိုင်း သွေးအန် နေမိတော့သည်။ ကံကောင်းလှစွာ သူသည် အလယ် စက်ကွင်းမှ ထွက်လာနိုင်ခဲ့သည်။ မဟုတ်လျှင် သူ့ဘဝတွင် နောက်တစ်ကြိမ် တွားသွား နိုင်တော့မည် မဟုတ်တော့ပေ။

လျှပ်စီးများကို ချီသွေးကြောများထဲ အတင်းကျပ် စီးဆင်းစေမှုသည် နာကျင်မှု ကြီးစွာ ဖြစ်စေရုံသာမက မိုဝူကျီကို မတ်တတ်ပင် မရပ်နိုင် လောက်အောင် ထိခိုက်သွားလေ၏။ သူက ကြမ်းပြင်ပေါ် လဲလျောင်းနေရင်း ကြွက်သား တစ်ခုကိုပင် မလှုပ်နိုင်ပေ။ လျှပ်စီးများက ဆက်တိုက် ကျရောက်နေကာ သူ့စိတ်စွမ်းအင် ကျောက်တုံးများက အချိန်နှင့်အမျှ ကုန်ဆုံး နေသော်လည်း “လေ့ကျင့်မှု ရပ်တန့်ခြင်း” လက်ကိုင် ကို ဆွဲရန်ပင် အင်အား မရှိတော့ချေ။

တစ်နာရီလောက် လဲလျောင်းနေပြီး နောက်တွင် မိုဝူကျီတွင် အားအင်များ ပြန်လည် ရရှိလာလေသည်။ ထိုကြောင့်သာ သူ့အိတ်ရှိရာဆီ တွန့်လိမ် သွားလိုက်ပြီး ပြန်လည် ကုသဆေးလုံး အချို့ကို ထုတ်ယူလိုက်ကာ ချက်ချင်းပင် ပါးစပ်ထဲ ထည့်ကာ ဖောက်ခနဲ ဝါးစားပစ် လိုက်တော့သည်။

ထိုဆေးလုံးများက နာရီဝက် အနားယူခြင်းထက် နှစ်ဆ ဖြစ်သောကြောင့် မိုဝူကျီက မတ်တတ်ရပ်နိုင် လာလေသည်။ သူက တံခါးဘေးသို့ ဒယီးဒယိုင် သွားလိုက်ပြီးတော့

“လေ့ကျင့်မှု ရပ်တန့်ခြင်း” လက်ကိုင်ကို ဆွဲလိုက်ပြီး နောက်တွင် နောက်တစ်ကြိမ် လဲကျ သွားပြန်သည်။

စိတ်စွမ်းအင် ကျောက်တုံးများကို ဖြုန်းတီးမှုသသည် ဒုတိယ အရေးကြီးမှု ဖြစ်နေလေသည်။ သူ့စိတ်ထဲရှိ အဓိက ပြဿနာကား ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးသည် အကျိုး သက်ရောက်မှု ပျောက်ကွယ် သွားသည့် အကြောင်းသာ ဖြစ်လေ၏။ ဖြစ်နိုင်သည်က သူ့ကန့်သတ်ချက်သည် ချီသွေးကြော ၃၆ ခုပဲလား…

သူ့အရင်က ဗဟုသုတများကို အခြေခံ၍ အမြင့်ဆုံး နံပါတ်ကား ဝိညာဉ် လမ်းကြောင်း ၉၉ခုမှန်း သိ၏။ မိုဝူကျီသည် ချီသွေးကြောများနှင့် ဝိညာဉ် လမ်းကြောင်းများ၏ ကွာခြားချက်ကို မသိသေးသော်လည်း အတွေ့အကြုံအရ ချီသွေးကြော ၃၆ ခုမြောက်နှင့် ဝိညာဉ်လမ်းကြောင်း ၃၆ခုမှာ မပြောပ လောက်သော ကွာခြားချက် ရှိကြောင်းသိ၏။ ကျင့်ကြံခြင်း‌ လောကတွင်  ကျင့်ကြံနိုင်သော သူက ဝိညာဉ် လမ်းကြောင်း ၃၆ခု ဖွင့်နိုင်သည်က သာမန်ဖြစ်ကာ သာမန် အဖြစ်ဆုံး ပါရမီနှင့် လူတွေက ရရှိနိုင်ကြသည်။ မင်းသာ ကျင့်ကြံသူ ဖြစ်လျှင် အနည်းဆုံးတော့ ဝိညာဉ် လမ်းကြောင်း ၃၆ခု ထက် ပိုဖွင့်နိုင်ရန် မျှော်လင့် ထားရမည်။

သူ့အထဲတွင် အားကောင်းသော အားတစ်ခုက ရှေ့နောက် ပြေးနေလေသည်။ အကယ်၍ သူ့တွင် ချီသွေးကြော ၃၆ခုသာ ဖွင့်နိုင်သည် ဆိုလျှင်  သူအနေနှင့် ဝိညာဉ် လမ်းကြောင်းဖွင့်၏ နောက်အဆင့်များကို ကျင့်ကြံနိုင်မည် မဟုတ်တော့ပေ။ မြင့်မားသော အဆင့်တွေ နယ်ပယ်တွေဆို ဝေးလာဝေး ဖြစ်၏။

မိုဝူကျီက ထိုင်နေစဉ်တွင် အချိန်တချို့ကား လျင်မြန်စွာ ကုန်ဆုံး သွားလေသည်။ ထိုအချိန်တွင် လျှပ်စီးအခန်းမှ အချက်ပြသံကား မြည်လာလေသည်။ ထိုသည်က မိုဝူကျီသည် အခန်းထဲတွင် မကျင့်ကြံပဲ နေနေခြင်းကြောင့် ဖြစ်ကာ ဆက်ကျင့်ကြံရန် ဆန္ဒမရှိလျှင် အခန်းမှ ထွက်သွား ပေးရမည် ဖြစ်၏။ ထို့ကြောင့် မိုဝူကျီက အတွေးမှ နိုးထလာကာ သူ့ကျောရိုး တစ်လျှောက်တွင် အရိုးခိုက်လု မတတ် နာကျင်မှုကို ခံစား နေရလေသည်။ ယခင်က သူ မကျင့်ကြံနိုင် လျှင်ပင် ဝမ်းနည်း၍ စိတ်ပျက်မည် မဟုတ်ပေ။ သို့သော် ယခုအခါ သူ့ကိုယ်သူ ကျင့်ကြံခြင်း လမ်းပေါ်ရောက်အောင် ကြိုးပမ်းထားရ၏။ သို့သော်လည်း ယခုအခါ သူကျင့်ကြံနိုင်၍ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေးသို့ ရောက်လာသော်လည်း သူ့ကန်သတ်ချက်ကား ချီသွေးကြော ၃၆ခုဆိုတာနှင့် စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။

ထိုသည်က သူ့အကျင့် မဟုတ်ပေ။ မိုဝူကျီက တစ်ခါက သူကိုယ်သူ ပြောဖူး၏။

“သူ့တွင် သေမျိုး ဝိညာဉ်ကြော ရှိတော့ရော ဘာဖြစ်လဲ  သူ့တွင် ကျင့်ကြံနိုင်သော သေမျိုးဝိညာဉ်ကြော ရှိသည်က ပိုအရေးကြီး၍ ဘယ်သောအခါမှ လက်မလျှော့နိုင်ပေ”  ပြန်လှည့် မကြည့်ဘဲ မိုဝူကျီက ချီသွေးကြောများကို ဖွင့်ရန် နည်းလမ်း အသစ်ကို ရှာဖွေရမည်။ အကယ်၍ သူ ရှာမတွေ့ခဲ့လျှင်ပင် သူ၏ မူလအကြံ ဖြစ်သည့် သိုင်းပညာကို လေ့လာနိုင်သေး၏။

ထိုအရာကို တွေးမိ၍ မိုဝူကျီ၏ စိတ်အခြေအနေကား ချက်ချင်းပင် ပြောင်းလဲ သွားလေသည်။ သူ့ယုံကြည်ချက်က အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာ၏။

သူ့တွင် သေမျိုး ဝိညာဉ်ကြော ရှိရင်လဲ ဘာဖြစ်လဲ…ဒီနေရာတွင် အရှုံးမပေးနိုင်ပေ… ဘယ်သောအခါမှ အရှုံးမပေးပေ…

အများဆုံး သူသည် သာမန် သေမျိုးအဖြစ် သေဆုံးရုံသာ ဖြစ်၏။ ထိုသို့ အခြေအနေထိ ရောက်လာသည် ကပင် ကံအကြီးကြီး ကောင်းလှပြီ ဖြစ်ကာ ဘာကို စိုးရိမ် နေမည်နည်း။ မိုဝူကျီက စိတ်တည်ငြိမ်မှု ပြန်ရလာပြီးနောက်  အဝတ်များကို ပြန်ဝတ်ဆင် လိုက်ကာ အိတ်ကို လွယ်ပြီး တံခါးကို ဖွင့်လိုက်တော့သည်။

အခန်း အပြင်ဘက်တွင် လူခုနစ်ယောက်၊ ရှစ်ယောက်လောက် ရပ်နေကြပြီး အလယ်တွင် မိန်းမပျိုနှင့် အမျိုးသား တစ်ဦး ရှိနေလေသည်။ ထိုအမျိုးသားကို မိုဝူကျီက မှတ်မိလေသည်။ သူသည် လူငယ်လေးကို စိတ်စွမ်းအင် ကျောက်တုံး သုံးတုံးပေးခဲ့သည့် ကိုယ်လူချောလေး ဖြစ်နေ၏။ မိန်းမလှလေးကား သူ့ဘေးတွင် ရှိနေဆဲ ဖြစ်သည်။

အပြင်ဘက်က လူများက မိုဝူကျီ၏ သွင်ပြင်ကို အံ့အားသင့် သွားကြသည်။ တစ်ကိုယ်လုံးကို မီးလောင်ကျွမ်း ထားသည့်အလား  မီးမြှိုက်ထားသော ဆံပင်နှင့် ခန္ဓာကိုယ်မှ မီးခိုးငွေ့တွေ ထွက်နေသည့် အပြင်  ရင်ဘတ်နှင့် ပါးစပ်ထောင့် တို့တွင်လည်း ကျပ်ခိုး အမည်းနှင့် သွေးများ ရောနှော နေလေသည်။ မိုဝူကျီကို ကြည့်ရသည်မှာ လူသေများကြားမှ တွားသွား ထွက်လာရဟန် တူနေသည်။

လုံးဝ ကွဲထွက်နေသော တစ်ခုတည်းသော နေရာမှာ သူ့မျက်လုံးသာ ဖြစ်လေ၏။ ထိုမျက်ဝန်း အစုံတွင် တစ်ကမ္ဘာလုံး ပျက်စီး သွားလျှင်ပင် သူအပေါ်တွင် သက်ရောက်မှု မရှိဘဲ တည်တည်ငြိမ်ငြိမ် ကျန်ရှိနေမည့်ဟန် အေးဆေးဆေးဆေး ဟန်မပျက် ရှိနေလေသည်။

***

All Chapters