← Chapters

ဆေးဖော်မြူလာကို အဆင့်မြှင့်ခြင်း

Vol. 8 Ch. 101

ဆေးဖော်မြူလာကို အဆင့်မြှင့်ခြင်း

Vol. 8 Ch. 101

မိုဝူကျီက ထိုလူများ မျက်နှာပေါ်မှ အံ့အားသင့် တုန်လှုပ်မှုများကို လျစ်လျူရှု ထားလိုက်ပြီး သူ့ကျောက်စိမ်းပြားကို ယူကာ အဖွဲ့ကို ကျော်တက် လိုက်ပြီးတော့ အောက်ထပ်ကို ဆင်းသွား လိုက်လေသည်။

ပထမ အထပ်သို့ ဆင်းမည့် ဆဲဆဲတွင် သူနောက်မှ ကျယ်လောင်သော ရယ်သံက ထွက်ပေါ် လာလေသည်။ ထို့နောက်တွင် တစ်ယောက်က ပြောလိုက် လေသည်။

“သူက သူ့စွမ်းရည်ကို အခြားသူတွေ အံ့ဩစေဖို့ လျှပ်စီး အခန်းကို ရွေးလိုက်တာလား ဟားဟား အဲဒီမှာ လေ့ကျင့်ရရင် မိုက်တယ်လို့ ကြားထားလို့ နေမှာပေါ့ကွာ ”

“သူ့အပြုအမူ ကနေ ငါတကယ်ကို အံ့အားသင့် သွားတာပဲ ဟားဟား ”

“လျှပ်စီး အခန်းမှာ တစ်ယောက်က ခြောက်နာရီထိ နေနေတယ် ဆိုတာကို အားလုံးက သိတယ်လို့ မင်းမပြောဖူးလား ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက သူ့ဘေးမှာ ထိုင်ပြီး အခန်းက လျှပ်စီးတွေကို ကြည့်နေတယ် ဆိုတာကို အားလုံးက သိနေတာပဲ စိတ်စွမ်းအင် ကျောက်တုံးတွေ ကုန်မှာစိုးလို့ နောက်ဆုံး နှစ်နာရီ ချန်ထားပြီး ‌ ထွက်လာတာ နေမှာပေါ့  ငါကတော့   သူ လျှပ်စီးတွေကို ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ဆိုတာ တကယ် သိချင်နေတာကွ”

“သူ အခန်းထဲက လျှပ်စီး ပိတ်လိုက်တာကို အပြင်က အခြားသူတွေ မြင်ရတာ သိခဲ့ရင် စိတ်စွမ်းအင် ကျောက်တုံးတွေကို ဖြုန်းတီးဖို့ ဂရုစိုက်နေမှာ မဟုတ်ဘူး ”

“အဲဒီလူတွေကို ဂရုစိုက်မနေနဲ့ ငါ သွားပြီးတော့ လေ့ကျင့်တော့မယ် မီယွဲ့ ငါ့ကို အပြင်က စောင့်ပေး ”

မိုဝူကျီက ထိုအတင်းအဖျင်း စကားများကို စိတ်ထဲ မထားချေ။ သူသည် ထိုဆွဲဆောင်မှု ရှိသည့် အသံပိုင်ရှင် စိတ်စွမ်းအင် ကျောက်တုံး သုံးတုံးပေးသော ကိုယ်လူချောက နောက်ဆုံး စကားကို ပြောလိုက်သည်ကို သတိပြုမိလိုက်၏။ လျှပ်စီးအခန်းတွင် ခြောက်နာရီ ကုန်ဆုံးခဲ့သည်ကို ကြားကာ မိုဝူကျီက အလန့်တကြားဖြင့် ပထမအထပ်သို့ ကတိုက်ကရိုက် ပြေးဆင်း သွားတော့သည်။

သူ့တွင် စုစုပေါင်း စိတ်စွမ်းအင် ကျောက်တုံး ၁၀၀သာ ရှိ၍ ခြောက်နာရီစာ နုတ်လိုက်လျှင် ဘယ်လောက်သာ ကျန်ရှိတော့ မည်နည်း။

“အခန်းထွက် စရန် လာယူတာပါ ” မိုဝူကျီက သူ့ကျောက်စိမ်းပြားကို ကောင်တာထံ ပေးလိုက်၏။ ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီး စိတ်စွမ်းအင် ကျောက်တုံး ၃၀ ပြန်ထွက် လာလေသည်။

“ခြောက်နာရီ အတွက် စိတ်စွမ်းအင် ကျောက်တုံး  စုစုပေါင်း ၇၀ ကျမယ် မင်းမှာ ၃၀ ကျန်မယ် ”

မျှော်လင့်ထားသည့် အတိုင်း ခြောက်နာရီ ဖြစ်နေသည့် အတွက် မိုဝူကျိတွင် စိတ်စွမ်းအင် ကျောက်တုံး ၃၀သာ ကျန်ရှိ လေတော့သည်။ သို့သော် ယခု သူ၏ အကြီးမားဆုံး ပူပင်မှုကား သုံးစွဲလိုက် ရသော စိတ်စွမ်းအင် ကျောက်တုံး ပမာဏ မဟုတ်ပေ။ သူ့ချီသွေးကြော ၃၆ ခုသာ ဖွင့်နိုင်ခြင်း ပြဿနာ ဖြစ်၏။

သူက မြောက်ရေ တည်းခိုခန်းသို့ ပြန်ရောက်သည်နှင့် ဆေးဖော်စပ်ရေး ကိရိယာများကို အလောတကြီး ထုတ်ယူကာ စတင် ဆေးဖော်စပ် လိုက်သည်။ သူက “လျှပ်စီး ရိုက်ချက်များမှ အကျိုး သက်ရောက်မှု မရှိသော သူ၏ ဝိညာဉ် လမ်းကြောင်းဖွင့်ဆေး” ဖြစ်သော မွစာကြဲ မျှော်လင့်ချက်ကို ကိုင်ဆွဲ ထားသေး၏။ နာရီဝက် အကြာတွင် ဝိညာဉ် လမ်းကြောင်းဖွင့်ဆေး ပထမ ပုလင်းကား အဆင်သင့် ဖြစ်နေလေပြီ။ ဆေးကို ပုလင်းထဲ မထည့်သေးပဲ မိုဝူကျီက မျိုချ လိုက်တော့သည်။ ကံဆိုးသည်က အရင်နှင့် ကွာခြားမှု မရှိပေ။ သူ့လည်ချောင်းတွင် ပူရှိန်းရှိန်း ခံစားချက် ဖြစ်ပေါ်လာ သော်လည်း ဆေး၏ အကျိုး သက်ရောက်မှုက လုံးဝ ပျောက်ကွယ် သွားလေ၏။ မီးလိုင်းကဲ့သို့ ခံစားချက်ကား မတည်ရှိတော့ပေ။

ဟူး ... ကြည့်ရတာ ဒီဆေးက ငါ့အတွက် အကျိုးအာနိသင် မရှိတော့တဲ့ပုံပဲ ...

သို့သော်လည်း မိုဝူကျီက သူ့အခန်းကို ပြန်အပ်ပြီး သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းသို့ ပြန်မည့် ကိစ္စကို မလုပ်ဆောင် သေးပဲ ထို့အစား သူက အခန်းထဲတွင် ထိုင်ကာ ခက်ခက်ခဲခဲ စဉ်းစား ကြည့်နေသည်။ ဆုံးဖြတ်ချက်က သူ့အတွက် မပြတ်လပ်သော အရာတစ်ခုဖြစ်ကာ သူ့တွင် သေမျိုး ဝိညာဉ်ကြော ရှိသော်လည်း ချီသွေးကြောများကို ဖွင့်နိုင်သော ဝိညာဉ် လမ်းကြောင်းဖွင့်ဆေး အကူအညီသာ မပါရှိလျှင် သူကား ဘာမှ မဟုတ်ပေ။ သူ မကျင့်ကြံနိုင်လျှင် မည်သို့ လုပ်ရမည်နည်း။

သူ၏ လှုံ့ဆော်မှု အပေါ် မှီခိုရမည်လား ...  ဒါမှမဟုတ်  သဘောထား မပြောင်းလဲပဲ တည်ရှိ နေရမည်လား ...

ထိုအရာများက အစစ်အမှန် အင်အားရှေ့တွင် ပြက်လုံး တစ်ခု ဖြစ်နေလိမ့်မည်။ သို့သော် နှိုးဆော်မှုပဲ ဖြစ်နေပါစေ သဘောထားပဲ ဖြစ်နေပါစေ အားလုံးအတွက် ဦးတည်ချက် တစ်ခုသာ ရှိလေသည်။ ထိုသည်က သန်မာ အားကောင်းလာရန် ဖြစ်၏။ တွေဝေမှုများစွာ နောက်တွင် နိဂုံးချုပ်ကား သူ့အတွက် တစ်ခုတည်းသော အားသာချက်မှာ ဝိညာဉ် လမ်းကြောင်းဖွင့်ဆေး ရှိနေခြင်း ဖြစ်သည်။ ထိုဆေးကြောင့်သာ သူ့ချီသွေးကြောများကို တစ်ခုပြီး တစ်ခု ဖွင့်လှစ်နိုင်ခဲ့ကာ သူ့အလားအလာလည်း အချိန်နှင့်အမျှ တိုးတက်လာခြင်း ဖြစ်လေသည်။

အင်မော်တယ်များ ပေါပေါများများ တွေ့ရသော လောကတွင် ရောက်ရှိလာသည့် သူ့အနေဖြင့် ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးအပေါ် မှီခိုရန်သာ ဖြစ်သည်။ ကမ္ဘာမြေက မတော်တဆမှု အပြီးတွင် ပြန်လည် မွေးဖွား လာသော်လည်း ဈေးကြီး ပေးယူထားသော မပြည့်စုံသေးသော ဆေးဖော်မြူလာ ကိုပင် ပေါင်းစပ် နိုင်သေး၏။ ကမ္ဘာမြေတွင် ဝိညာဉ်စွမ်းအား ပြတ်လပ်မှုကြောင့် ဆေးပင် အနည်းငယ်သာ ရှိလေ၏။ သို့သော် ဤနေရာတွင် ဝိညာဉ်စွမ်းအား ကြွယ်ဝလှပြီး ဆေးပင်များကိုပင် အလွယ်တကူ တွေ့နိုင်သေး၏။

သူ့အတွက် ဝိညာဉ် လမ်းကြောင်းဖွင့်ဆေး ဖော်မြူလာကို ထိန်းညှိလိုက်ပြီး သာမန် ဆေးပင်များကို  ဝိညာဉ် ဆေးပင်များနှင့် လဲသုံးကြည့်လို့ ရသေးသည် မလား...

ထို့အပြင် သူသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေး ကျင့်ကြံသူ ဖြစ်သည့်အတွက် ထိုသို့သော သာမန် ဆေးပင်များက သူ့အတွက် ချီသွေးကြောများ ထပ်ဖွင့်ရန် အားမကောင်း တော့သည်များလား…

ထိုစဉ် မိုဝူကျီက အရမ်းကို တက်ကြွနေလေသည်။ ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးဖော်မြူလာကို စာရွက်ပေါ်တွင် အလျင်အမြန် ချရေးလိုက်သည်။

ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးတွင် ပါဝင်သော အဓိက ဆေးပင်များက လုံယန်မြက်၊ ချိုင်အသီး၊ ရွှေဝါဂျင်ဆင်း၊ နှစ်တစ်ထောင် ထင်းရှူးခေါက်၊ မီးအဆီအနှစ် ကျောက်တုံး၊ ညမွှေးပန်း၊ လင်ဇီး……

လုံယန်မြက်သည် သက်တမ်း  ဆယ်နှစ်နှင့် အောက်ကား သာမန် ဆေးပင်သာ ဖြစ်လေ၏။ ဆယ်နှစ်နှင့် နှစ်၁၀၀ ကြားမှသာ တန်ဖိုးရှိသည်ဟု ယူဆ၍ ရသေး၏။ နှစ် ၁၀၀ အထက်ကား အဆင့်တစ် ဝိညာဉ် ဆေးပင်ဟု ယူဆလို့ ရနေလေပြီ။ အရင်က သူသည် လုံယန်မြက်ကို ဆယ်နှစ်နဲ့ အောက်သာ ရွေးလေ့ရှိသည်။ သို့သော် ဆေးဖော်မြူလာ အသစ်အတွက် သူသည် နှစ်၁၀၀ နှင့်အထက်ကို အသုံးပြုရ လိမ့်မည်။

ချိုင်အသီးကား သာမန် ပါဝင်ပစ္စည်း ဖြစ်ကာ မည်မျှ သက်တမ်း ရှိနေစေကာမူ ကွာခြားချက် မရှိပေ။ ထို့ကြောင့် ပြောင်းလဲ သုံးရန် မလိုအပ်ပေ။

နှစ်တစ်ထောင် ထင်းရှူးခေါက်ကား နှစ်တစ်သောင်း ထင်းရှူးခေါက်ကို ပြောင်းလဲ သုံးနိုင်သည်။ သို့သော် ထိုထင်းရှူးကား အဆင့်သုံး ဝိညာဉ်ဆေးပင် ဖြစ်သည့်အတွက် ရရှိရန် ခက်ခဲပေ၏။ မီးကျောက်တုံးတွင်လည်း အဆင့်နိမ့်နှင့် အဆင့်မြှင့် ရှိသေး၏။ အကောင်းဆုံးတွင် မသန့်စင်မှု လုံးဝ မရှိသည့်အတွက် ကြက်သွေးရောင် ကဲ့သို့ အရောင်တောက် နေတတ်၏။ အရင်က သူဆေး ဖော်စပ်ရာတွင် အဆင့်နိမ့် မီးကျောက်တုံး ဖြစ်နေသည်ကို အသာထား ဆေးဖော်မြူလာ အသစ်အတွက်တော့ သန့်စင်သော အရာ သုံးတာ ပိုကောင်း၏။

ရွှေဝါရောင် ဂျင်ဆင်းနှင့် လင်ဇီးသည် နှစ်တစ်ထောင်နှင့် အထက်ကို ပြောင်းသုံး၍ ရ၏။ ထိုမှသာ သူတို့ကို ဝိညာဉ် ဆေးပင်ဟု ယူဆ၍ ရမည် ဖြစ်သည်။ ဆေးဖော်မြူလာ အသစ်သည် နှစ်တစ်ထောင် နီးပါး သက်တမ်းရှိ ဆေးပင်များကို အသုံးပြုရမည်။ သက်တမ်း ပိုကြာ‌လေ ပိုကောင်းလေ ဖြစ်သည်။

ဆေးဖော်မြူလာ အသစ်ကို အလုံးစုံ ပြင်ဆင်ဖို့ အတွက် နေ့ဝက်တာ ကောင်းကောင်း အချိန်ယူလေ၏။ ဆေးပင် စာရင်းက မပြောင်းလဲသော်ငြား ဆေးပင် အများစုကို ဝိညာဉ်ဆေးပင် အဆင့်နှင့် တူသည်ကို ပြောင်းလဲခဲ့ရသည်။

ကြာအတွက် မိုဝူကျီက ရတနာ သွေးပဒုမ္မာကြာကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ သူတို့က အကောင်းဆုံး ဝိညာဉ် ဆေးပင်များ ဖြစ်ကာ သာမန် ကြာနေရာကို သေချာပေါက် ကောင်းကောင်း ယူနိုင်လိမ့်မည်။

စွန်ဖျားမြို့တွင် လူအရှုပ်ဆုံး နေရာကား ဆေးလုံး ခန်းမတို့၊ လက်နက် ခန်းမတို့တွင် မဟုတ်ဘဲ ဆေးပင် ဈေးဝယ်ရေး နေရာတွင် ဖြစ်နေလေသည်။ စွန်ဖျားမြို့၌ ဆေးပင် ကူးသန်း ရောင်းဝယ်ရေး အစည်ကားဆုံး နေရာမှာ ကုန်သည် အိမ်တော်တွင် မဟုတ်ဘဲ ဇာတိခံများက ဆေးပင်ကူးသန်း ရောင်းဝယ်ရေး ခန်းမဟု ခေါ်သော  ကြီးမားသော ခန်းမကျယ် အတွင်းတွင် ဖြစ်လေသည်။

အားလုံးသည် စွန်ဖျားမြို့သို့ ဆေးပင် ဝယ်ယူ ရောင်းချရန် သို့မဟုတ် ထူးခြားသော ဆေးပင်များကို လာရောက် တောင်းဆိုရန် ရောက်ရှိလာခြင်း ဖြစ်၏။

မိုဝူကျီက ဆေးပင်ကူးသန်း ရောင်းဝယ်ရေး ခန်းမသို့ ရောက်သည်နှင့် ကမ္ဘာမြေသို့ ပြန်ရောက် သွားသည့် ခံစားချက်မျိုး ရှိလိုက်၏။ စတော့ ဈေးကွက် သို့မဟုတ် ဆေးပင် ကူးသန်း ရောင်းဝယ်ရေး တို့ကို ပုံတူပွားထား သလား ထင်ရလေသည်။

နံရံလေးဖက် ကနေ ကြီးမားသော မော်နီတာများကို ချိတ်ဆွဲထားပြီး  ဆေးပင်များ၏ ဈေးနှုန်း အပြောင်းအလဲကို ပြသ ထားလေသည်။ ဝယ်ယူဈေးနှင့် ရောင်းချဈေးပါ ထည့်သွင်း ဖော်ပြ ထားလေသည်။ ခန်းမ အတွင်းက လူအုပ်ကား အလွန် များလှကာ ဝင်ချည် ထွက်ချည် ဆက်တိုက် ဆိုသလို အလုပ်ရှုပ် နေကြသည်။ ခန်းမ တစ်လျှောက်တွင် ဆေးပင် အမျိုးမျိုး၏ အနံ့ပေါင်းစုံက သင်းပျံ့နေလေ သောကြောင့် ခန်းမကို ထိုဆေးနံ့များက စွဲကျန်နေရစ်ဟန် ရှိ၏။

တချို့သော ဆိုင်းဘုတ် အကြီးများက လွဲ၍ မိုဝူကျီအတွက် အခြားသော လက်ရေးဖြင့် ရေးသား ထားသော ဆိုင်းဘုတ်များလည်း တွေ့ရလေသည်။ ထိုဆိုင်းဘုတ်များက ဘာမှမပါဘဲ သီးခြား ဆေးပင်များကို ရောင်းရန် ဝယ်ရန်သာ ရေးသားထားလေ၏။

မိုဝူကျီ လိုအပ်နေသော ဝိညာဉ်ဆေးပင် ပမာဏကား ကြီးမားလေ၏။ တစ်ခုတည်းသော ပြဿနာက သူသည် ဈေးကွက်ရှိ ဈေးနှုန်းများကို မသိပေ။ ရလဒ်အနေနှင့် သူက လိုအပ်သော ဆေးပင်များကို တောင်းဆိုရန် စိတ်စွမ်းအင် ငါးတုံးကို သုံးစွဲလိုက်ရ၏။ တစ်ချိန်တည်းတွင် မြောက်ရေ တည်းခိုခန်း လိပ်စာကိုပါ အောက်မှ ထည့်ရေးပေး လိုက်သည်။ ထို့နောက်တွင် တည်းခိုခန်းသို့ မပြန်ခင် အကြောင်းပြန်ချက်ကို စောင့်စား နေလိုက်သည်။

စိတ်စွမ်းအင် ငါးတုံးကို ကြော်ငြာခ အနေနှင့် သုံးလိုက်ရခြင်းက မိုဝူကျီအတွက် ဈေးမချိုပေ။ သို့သော် ထိုစိတ်စွမ်းအင် ငါးတုံးက ကောင်းကောင်း သုံးလိုက်သော ပိုက်ဆံသာ ဖြစ်၏။

နှစ်နာရီအတွင်း လူအများအပြားက မြောက်ရေ တည်းခိုခန်းသို့ သူ လိုအပ်နေသော ဆေးပင်များ ကိုင်ဆောင်ရင်း ရောက်ရှိ လာကြသည်။ မိုဝူကျီ၏ မူလအကြံကား အကြိုစစ်ဆေး ကြည့်ရန်အတွက် ဝိညာဉ်ဆေးပင် တစ်သုတ် နှစ်သုတ်လောက် ဝယ်ယူရန် ဖြစ်၏။ သို့သော်လည်း တစ်ရက်အတွင်း သူ့ဆီ လာရောင်းချ ကြသော လူဆယ်ယောက်ကျော်၏ ဆေးပင်များကို လက်ခံ ထားလိုက်ရ၏။ သူနှင့် ကူးသန်း ရောင်းဝယ်ရန် မြောက်ရေ တည်းခိုခန်းသို့ လူများက လာရောက် နေကြဆဲပင် ဖြစ်သည်။

အစပိုင်းတွင် သူက ဝိညာဉ် ဆေးပင်များကို စိတ်စွမ်းအင် ကျောက်တုံးများနှင့် ဝယ်ယူသော်လည်း ကြာလာသည်နှင့် အမျှ ဆေးလုံးများနှင့် ပေးချေ ရတော့သည်။ ကံကောင်းလှစွာ သူ့ဆေးလုံး များသည် အဆင့်မြင့်သော အဆင့်တစ် ဆေးလုံး ဖြစ်နေသောကြောင့် ကျင့်ကြံသူများ အတွက် စိတ်စွမ်းအင် ကျောက်တုံးများထက် ပို၍ တန်ဖိုး ရှိလေသည်။

ကျေးဇူးတင်စရာ ကောင်းသည်က သူ၏ ဝယ်ယူရေး ကြော်ငြာသည် နေ့ဝက်အကြာတွင် သက်တမ်း ကုန်သွားလေ၏။ နောက်ရက်တွင် တိတ်တိတ်ဆိတ်ဆိတ်နှင့် အေးအေးချမ်းချမ်း ရှိလှ၏။ သူသည် ဆေးပင် အသုတ် ၃၀ကို ဝယ်ယူလိုက်ပြီး သူ့တွင် ကျန်ရှိနေသော စိတ်စွမ်းအင် ကျောက်တုံးများကို သုံးစွဲ လိုက်ရသည်။ သူ့ဆေးလုံး တစ်ဝက်လည်း ကုန်ဆုံး သွားလေပြီ။

သူသည် လိုအပ်သော ဆေးပင် အားလုံးကို ဝယ်ယူနိုင်ခဲ့ သော်လည်း သူ မရရှိလိုက်သော တစ်ခုတည်းသော အရာမှာ ရတနာ သွေးပဒုမ္မာကြာသာ ဖြစ်၏။ ပထမတွင် မိုဝူကျီက ရတနာ သွေးပဒုမ္မာကြာသည် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် စိုက်ပျိုး ထားသောကြောင့် ရရှိရန် လွယ်လိမ့်မည်ဟု ထင်ခဲ့မိ၏။ လက်တွေ့တွင် သူက တစ်ခုမှ လက်ခံ မရရှိပေ။ သူသည် မြို့ထဲက ကုန်သည် အိမ်တော်များကို သွားစုံစမ်း ခဲ့သောကြောင့် ရတနာ သွေးပဒုမ္မာ ကြာသည် အဆင့်သုံး ဝိညာဉ်ဆေးပင် ဖြစ်နေကြောင်း သိလိုက်ရကာ သူ၏ ဈေးနှုန်းမှာ ခေါင်ခိုက် နေလေသည်။ သူ့အတွက် ဝယ်ယူရန် မတတ်နိုင်ပေ။

သူ့အိမ် ဖြစ်သော ပဒုမ္မာကြာ ဓားတောင်တွင် အရင်က အကြီးအကဲ ကွမ်းသည် ရတနာ သွေးပဒုမ္မာကြာကို စိုက်ပျိုး ခဲ့ဖူးသည်ကို ပြန်အမှတ်ရ လိုက်၏။ မိုဝူကျီက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် ကျန်ရှိနေမလား မေးရန် အိမ်သို့ ပြန်ဖို့ ဆုံးဖြတ် လိုက်တော့သည်။

***

All Chapters