← Chapters

ကြင်နာမှုအတွက် ဆုလာဘ်

Vol. 8 Ch. 103

ကြင်နာမှုအတွက် ဆုလာဘ်

Vol. 8 Ch. 103

“ဆေးလုံး သခင်မို ...” ပြစ်ဒဏ်စီမံရေး ခန်းမက လူသည် အဝေးမှ မိုဝူကျီကို မြင်သည်နှင့် အလျင်အမြန် နှုတ်ဆက် လိုက်လေသည်။

ဧည့်ဆေးလုံး ဆရာသည် ဂိုဏ်းထဲတွင် လျစ်လျူရှု၍ ရသော ပုဂ္ဂိုလ် မဟုတ်ပေ။ ထို့အပြင် ကျင့်ကြံသူ အနေနှင့် သူတို့သည် ဆေးလုံး ဖော်စပ်ရန် အတွက် ဆေးလုံးဆရာ၏ အကူအညီ မလိုအပ်လာဘူးဟု အသေအချာ ပြောနိုင်ပါ့မလား

ထို့အပြင် နတ်ဓားတောင် မတော်တဆမှု အပြီးတွင် ဂိုဏ်း၌ ဆေးလုံးဆရာ အရေအတွက် ပို၍ နည်းပါးလာလေ၏။ ထိုဆေလုံး သခင်မိုက ဆေးလုံး သခင်ယန်၏ မျက်နှာသာ ပေးခြင်းလည်း ရရှိထားသူ ဖြစ်ကာ သူနှင့် ရင်းရင်းနှီးနှီး နေခြင်းက ဆိုးကျိုးမရှိချေ။ အကြောင်းပြချက် မရှိသည့် အတွက်ကြောင့်သာ မဟုတ်လျှင် လူအများက မိုဝူကျီနှင့် မိတ်ဆွေ ဖြစ်ဖို့ရန် ကြိုးစားကြလိမ့်မည်။

“ဒီက တာဝန်ခံကို ဘယ်လိုခေါ်ရမလဲ သိပါရစေ…” မိုဝူကျီက ယဉ်ကျေးစွာ ပြောလိုက်လေသည်။ ပြစ်ဒဏ်စီမံရေး ခန်းမသည် အာဏာ ပြရသည်ကို ကြိုက်နှစ်သက်မှန်း သိသော်လည်း ပြစ်ဒဏ်စီမံရေး ခန်းမကြောင့် မဟုတ်ဘဲ ထိုနေရာမှ လူများကြောင့် ဖြစ်၏။

တာဝန်ရှိသူက အလျင်အမြန် ပြန်၍ ပြောလိုက် လေသည်။

“ဆေးလုံး သခင်မို ကျွန်တော့်ကို ကုံချင်းလို့ ခေါ်လို့ ရပါတယ် ဆေးလုံးသခင်မို လာမှန်း မသိလို့ ကျွန်တော့်ရဲ့ မသိတတ်မှုကို နားလည်ပေးပါဗျ”

မိုဝူကျီသည် ကုံချင်း၏ အပြုအမူကို ကြည့်ပြီး ထိုလူက ပြစ်ဒဏ်စီမံရေး ခန်းမ သခင် မဟုတ်သလို တာဝန်ခံပင် မဟုတ်ကြောင်း သိလိုက်၏။ အကယ်၍ သူသာ ဖြစ်နေလျှင် မိုဝူကျီကို ထိုမျှ ယဉ်ယဉ်ကျေးကျေးဖြင့် ဆက်ဆံနေမည် မဟုတ်ပေ။ ပြစ်ဒဏ်စီမံရေး ခန်းမ သခင်က အကြီးအကဲ ဖြစ်သည့် အတွက် မိုဝူကျီကသာ အရိုအသေပေး၍ ဆက်ဆံရမည့်သူ ဖြစ်လေသည်။

“အစ်ကိုကုံရဲ့ ပျူငှာမှုအတွက် ကျေးဇူး တင်ပါတယ် ဒီကို ပြစ်ဒဏ်စီမံရေး ခန်းမသခင်ကို လာရှာတာပါ ကျွန်တော့်ရဲ့ သွေးဝေး အမျိုးတစ်ယောက် ဒီကို အခေါ်ခံ ထားရတယ် ကြားလို့ပါ ခန်းမသခင်ကို ကျွန်တော့်ကို ထောက်ထားပေးဖို့ လာတောင်းဆိုတာပါ အစ်ကိုကုံက ကျွန်တော့် ရောက်လာမှုကို အကြောင်းကြား ပေးမယ်လို့ မျှော်လင့်ပါတယ်” မိုဝူကျီက နွေးနွေးထွေးထွေး ပြောလိုက်သည်။

မိုဝူကျီက ပြစ်ဒဏ်စီမံရေး ခန်းမသခင်သည် ထိုသို့သော သေးငယ်သော ကိစ္စရပ်ကို မသိမှာ သေချာလှ၏။ ထို့ကြောင့် သူက ခန်းမသခင်ကို တွေ့ဆုံရန် တောင်းဆိုခြင်း ဖြစ်လေသည်။ မိုဝူကျီက ထိုကုံချင်းသည် ခန်းမသခင်ကို သတင်း မပို့မှန်းလည်း သိနေလေ၏။ သူသည် ခန်းမသခင်ကို ထိုအကြောင်း မသိစေလိုကြောင်း ဖြစ်နိုင်သည်။

ကုံချင်းက မိုဝူကျီသည် အပြစ်သား အကြောင်း မေးသည်ကို ကြားပြီးနောက်တွင် အမြန်အဆန် မေးကြည့် လိုက်လေ၏။

“ဆေးလုံးသခင်မိုရဲ့ အမျိုးက ဘယ်သူများလဲ ”

“ဆေးပင် သိုလှောင်ခန်းက တပည့် ဖေးပင်းကျူပါ…” မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။

ကုံချင်းက ခဏတာ ပြောစရာ မဲ့သွားလေ၏။ သူသည် ဖေးပင်းကျုကို ဖမ်းခဲ့သူ ဖြစ်လေသည်။ အကြောင်းမှာ ဖေးပင်းကျုသည် ဆေးလုံး သခင်ဂျူ၏ ဆေးပင် သယ်ယူရေး ကောင်လေးနှင့် ပြဿနာ တက်၍ ဖြစ်၏။ သို့သော် သူက ဖေးပင်းကျူကို ဖမ်းပြီးနောက်တွင် ဆေးလုံး သခင်ဂျူက ဆေးလုံးဆရာ ဖလှယ်ပွဲ တက်ရောက် သွားသည့်အတွက် ညွှန်ကြားချက် မရှိသေးပေ။

ထိုဖေးပင်းကျူက ဆေးလုံး သခင်မိုနှင့် ပတ်သက် လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထိုအခိုက်အတန့်တွင် ဆေးလုံး သခင်ဂျူက ထိုအခြေအနေကို သိရဲ့လားဆိုတာ မသေချာတော့ချေ။ အကယ်၍ သူသာ သိခဲ့လျှင် ကုံချင်းသည် ဆေးလုံး သခင်ဂျူထက် စာရင် ဆေးလုံး သခင်မိုကိုသာ စိတ်အနှောင့်ယှက် ပေးရန် ရွေးချယ် မိလိမ့်မည်။ သို့သော်လည်း အကယ်၍ ထိုကိစ္စရပ်များသည် ဆေးပင် သယ်ယူရေး ကောင်လေး၏ အကြံစည်များ ဖြစ်နေလျှင် သူသည် ဆေးလုံး သခင်မိုအား ဘာမှမဟုတ်သည့် အရာအတွက် စိတ်အနှောင့်ယှက် ပေးမိလိမ့်မည်။

“ဘာလို့လဲ ခန်းမသခင်ကို အကြောင်းကြားပေးဖို့ ခက်ခဲနေလို့လား ” မိုဝူကျီ အသံက အေးစက် လာလေ၏။

“မဟုတ် ... မဟုတ်ရပါဘူး…” ကုံချင်းက မိုဝူကျီကို မကြောက်သော်လည်း မိုဝူကျီသည် လျစ်လျူရှု၍ ရသောသူတော့ မဟုတ်ပေ။

ငါတော့ ဘယ်သူ့ဘက်မှ မပါတော့ဘူး ... အရင်ဆုံး ဖေးပင်းကျူကို လွှတ်ပေးလိုက်မယ် ကျန်တာအားလုံး နောင်ခါလာ နောင်ဈေးပေါ့ ... တကယ်လို့သာ ဖေးပင်းကျုကို ဖမ်းထားဖို့က ဆေးလုံး သခင်ဂျုရဲ့ စီစဉ်မှုဆိုရင် ထိုမိုကောင်လေး အပေါ် အကုန် လွှဲချလိုက်မယ် ... တကယ်လို့ ဆေးလုံး သခင်ဂျုက ဘာမှမပြောရင် ဒါတွေအားလုံး ဘာမှ မဖြစ်ခဲ့သလို ထားလိုက်မယ် အဲဒါ အကောင်းဆုံးပဲ…

သူက ထိုအရာကို တွေးမိလိုက်ပြီး ကုံချင်းက အလျင်စလို ပြောလိုက်လေသည်။

“ဆေးလုံး သခင်ဂျူရဲ့ ဆေးပင် သယ်ယူရေး ကောင်လေးက ဖေးပင်းကျူက ဆေးပင် အမှားတွေ ထုတ်ပေးတယ်လို့ တိုင်ကြားထားလို့ ကျွန်တော်က သူ့ကို ခေါ်လာခဲ့တာပါ ဆေးလုံး သခင်ဂျုရဲ့ ညွှန်ကြားချက် မပါဘဲ လွှတ်ပေးဖို့က သိပ် အဆင်မပြေလောက်ဘူး ”

မိုဝူကျီက ပေါ်ပေါ်ထင်ထင် ပြောပြလိုက်သည်။

“တကယ်လို့ တစ်ယောက်ယောက်က မေးရင် ငါ မိုဝူကျီက ဖေးပင်းကျူကို ခေါ်သွားတာလို့ ပြောလိုက် တကယ်လို့ သူတို့မှာ ပြောစရာရှိရင် ငါ့ဆီ လာရှာခိုင်းလိုက်”

ထိုသည်က ကုံချင်း ကြားချင်သည့် အတိုင်း ကွက်တိ ဖြစ်လေ၏။ ယခု မိုဝူကျီက ပြောသောအခါ သူ့တွင် စိုးရိမ်စရာ မရှိတော့ပေ။ ထို့ကြောင့် အချုပ်ခန်းသို့ သွားကာ ဖေးပင်းကျုကို ခေါ်ထုတ် လိုက်တော့သည်။

ဖေးပင်းကျူ တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်နေကာ ဆံပင်များလည်း ရှုပ်ပွနေ၏။ ကြည့်ရသည်မှာ သူအတော်လေး ခံစားခဲ့ရဟန် ပေါ်နေသည်။ သူက မိုဝူကျီကို မတွေ့မချင်း ရုတ်တရက် ခေါ်ထုတ်ခံရသည့် အကြောင်းကို မသိချေ။

သူက အခြေအနေကို သဘောပေါက် သွားပြီး ကျေးဇူးတင်ရန် ရှေ့သို့ တိုးလာလိုက်သည်။ သို့သော် မိုဝူကျီက သူ့အား တားလိုက်လေ၏။ သူက ကုံချင်းကို လက်နှစ်ဖက် ယှက်၍ နှုတ်ဆက် ပြီးသောအခါ ဖေးပင်းကျူကို ခေါ်သွား လိုက်လေသည်။

တစ်နာရီအကြာ ဖေးပင်းကျူက ပဒုမ္မာကြာ ဓားတောင်၌ ဆေးကြောသန့်စင် စားသောက်ပြီး နောက်တွင် ပြန်လည် လန်းဆန်း လာလေ၏။

“စီနီယာ အစ်ကိုမိုကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်တော်တော့ သေမှာ အသေချာပဲ အဲဒီ ဆေးလုံး သခင်ဂျုရဲ့ ကောင်လေးက တော်တော် လွန်လွန်းတယ် ကျွန်တော်က ရိုးရိုး ပြောလိုက်တာကို သူက ကျွန်တော့်ကို သတ်ချင်နေတယ် အဲဒီ ဂျူကောင်စုတ်က ဆေးလုံးဆရာ ဖလှယ်ပွဲ သွားတာ ကံကောင်း သွားတယ် မဟုတ်ရင် ဒီနေ့အထိ ခံနိုင်မှာ မဟုတ်တော့ဘူး …” သူ့ခန္ဓာ ပြန်လည် ကျန်းမာလာပြီး နောက်တွင် ဖေးပင်းကျူက မိုဝူကျီကို အမြန်အဆန် ကျေးဇူး တင်လိုက်လေသည်။

ရိုးရိုးရှင်းရှင်း စစ်ဆေးပြီး နောက်တွင် မိုဝူကျီက ထိုဝူယောင်ကျီက လိမ်ညာနေခြင်း မဟုတ်ကြောင်း သိလိုက်ရ၏။ ဖေးပင်းကျုက သူ့အတွက် ပြောပေးခဲ့ကာ ဆေးလုံး သခင်ဂျူကို နည်းနည်းမျှ မထိခဲ့ပေ။ သို့သော် သူသည် ပြစ်ဒဏ်စီမံရေး ခန်းမသို့ အပို့ခံရသေး၏။

“ဂျူနီယာ  ညီလေးဖေး တကယ်လို့ မင်း ကိစ္စမရှိရင် ငါ့ရဲ့ ပဒုမ္မာကြာ ဓားတောင်မှာ နေလို့ရတယ် …” မိုဝူကျီက ဖေးပင်းကျူတွင် သွားစရာနေရာ မရှိတော့ကြောင်း သိလေ၏။

ဖေးပင်းကျုတွင် အကျင့် စရိုက်ကောင်း ရှိသည်။ မိုဝူကျီက သူ့ကို ခေါ်ထားဖို့ရန် သို့မဟုတ် ကူညီရန်ပင် ကိစ္စမရှိပေ။

“စီနီယာ အစ်ကိုမို ကျွန်တော့်ကို နေခွင့်ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် ကျွန်တော်က ဆေးပင်တွေ ထုတ်ပေးတာကို နှစ်အကြာကြီး လုပ်ခဲ့ရတာ ဆိုတော့ ဆေးအမျိုးမျိုး အပေါ် အခြေခံတော့ နားလည်နေပါပြီ တကယ်လို့ စီနီယာက ဆေးပင် သယ်ယူရေး ကောင်လေးလိုရင် ကျွန်တော် လုပ်ပေးနိုင်ပါတယ် ... ” ဖေးပင်းကျူက မိုဝူကျီသည် ချီးမြှောက် ပြောစကားများကို သဘောမကျမှန်း သိသည့်အတွက် တည့်တည့်သာ ပြောလိုက်တော့သည်။

မိုဝူကျီက ရယ်မောလိုက်ပြီး

“ငါလည်း ဂျူနီယာ ညီလေးဖေးရဲ့ အကူအညီကို လိုနေတာ ရတနာ သွေးပဒုမ္မာကြာ ဒါမှမဟုတ် ကွမ်းလီနဲ့ ပတ်သက်တာများ သိသေးလား ”

မိုဝူကျီက ကွမ်းလီနှင့် ရတနာ ပဒုမ္မာကြာ အကြောင်း မေးသောအခါ ဖေးပင်းကျူက အလျင်အမြန် ပြောလိုက်လေသည်။

“စီနီယာ အစ်ကိုမို ကျွန်တော်က ဒါကိုအပို လျှောက်ပြောတာ မဟုတ်ဘူးနော် ဒါပေမဲ့ ဂိုဏ်းတစ်ခုလုံးမှာ အကြီးအကဲ ကွမ်းနဲ့ ပတ်သက်တာတွေ ကျွန်တော် တော်တော် နားလည်တယ် ”

မိုဝူကျီက သူ့အား တွေဝေစွာ ကြည့်နေသည်ကို မြင်သောအခါ ဖေးပင်းကျုက စတင် တတွတ်တွတ် ပြောလိုက်လေသည်။

“ဘာလို့လဲ ဆိုတော့ အကြီးအကဲ ကွမ်းလီကို အဲဒီ ရတနာ ပဒုမ္မာကြာကို ဆယ်နှစ်ကြာ ပျိုးထောင်ဖို့ ကူညီခဲ့တဲ့သူက ကျွန်တော့် အဘိုးပါ အကြီးအကဲကွမ်း ဆုံးပြီးသွားတဲ့ နောက်မှာ အဘိုးကို ဆေးပင် သိုလှောင်ခန်းမှာ အလုပ်လုပ်ဖို့ အတွက် ပို့ခံလိုက်ရတာပါ ပြီးတော့ ကျွန်တော် အဲမှာ အလုပ်လုပ်ခွင့် ရအောင် အဘိုးက စီစဉ်ပေးခဲ့တာပါ…”

ဖေးပင်းကျူ စကားများကို ကြားပြီး မိုဝူကျီက ချက်ချင်းပင် စိတ်ဝင်စားလာပြီး မေးကြည့် လိုက်လေသည်။

“ဂျူနီယာ ညီလေးဖေး ငါက ရတနာ သွေး ပဒုမ္မာကြာကို အလျင်စလို လိုနေလို့ ဒါပေမဲ့ ကုန်သည် အိမ်တော်တွေမှာ ရှာမတွေ့ခဲ့ဘူး…”

ဖေးပင်းကျုက မိုဝူကျီ ပြောစကား ဆုံးအောင် မစောင့်ဘဲ ဖြတ်ပြော လိုက်လေသည်။

“စီနီယာ အစ်ကိုမို ရှာမတွေ့တာက ပုံမှန်ပဲရယ် ရှာတွေ့ရင်သာ ထူးဆန်းနေမှာ ရတနာ သွေး ပဒုမ္မာကြာက အဆင့်သုံး ဝိညာဉ်ဆေးပင်လို့ ပြောလို့ရပေမဲ့ အဆင့်လေး ဆေးပင်ထက် တန်ဖိုး မနည်းဘူး ဝိညာဉ် လမ်းကြောင်းတွေ အတွက် အရမ်းကို အသုံးဝင်တဲ့ ဆေးလုံးတွေ အတွက် အဓိက ပါဝင်ပစ္စည်းပဲ ပြီးတော့ ရတနာ သွေးပဒုမ္မာကြာက စားကောင်း သောက်မွန်လည်း ဖြစ်သေးတယ် အရသာ ရှိရုံတင် မကဘူး သွေးအားကိုလည်း ပြန်ပြည့်စေတယ် အသားရေလည်း ကောင်းလာစေတယ် ဂိုဏ်းတော်တော် များများက လိုချင်ကြလို့ ဈေးနှုန်းက တဖြည်းဖြည်းနဲ့ မြင့်လာတာပဲ အဲဒီပစ္စည်း ပေါ်လာတာနဲ့ ယူတဲ့သူက ချက်ချင်း ရောက်လာတာပဲ ဈေးကွက်မှာ ရှာတွေ့မှာ မဟုတ်ဘူး ”

မိုဝူကျီက သက်ပြင်း ချလိုက်လေ၏။ သူက ရတနာ သွေးပဒုမ္မာကြာကို မရှာနိုင်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ဝိညာဉ် လမ်းကြောင်းများနှင့် ဆက်စပ်သည့် ဆေးလုံးအတွက် အသုံးပြုနိုင်ရန် သာမက လူချမ်းသာများ အတွက် ဟင်းလျှာအဖြစ် စားသုံးနိုင်သေး၏။

ကျင့်ကြံသူတွေ အတွက် ဝိညာဉ် လမ်းကြောင်းသည် အရေးကြီးဆုံး အရာ ဖြစ်လေ၏။ ဝိညာဉ်ကြော ကဲ့သို့ ဝိညာဉ် လမ်းကြောင်း များများဖွင့်နိုင်လေ သူတို့၏ အလားအလာ ပိုကောင်းလေ ဖြစ်သည်။ ရတနာ သွေးပဒုမ္မာကြာသည် ဝိညာဉ် လမ်းကြောင်းများကို ကူညီနိုင်သောကြောင့် ဈေးနှုန်းကား ဖောင်းပွခြင်းက ပုံမှန် ဖြစ်လေသည်။

ရတနာ သွေးပဒုမ္မာကြာကို ရှာနေသည့် သူ့ကိုယ်ပိုင် အကြောင်းပြချက် မှာလည်း သူ့ချီ သွေးကြောများကို ဖွင့်ရန် ဖြစ်လေ၏။

“ရတနာ သွေးပဒုမ္မာကြာ ရှားပါးရခြင်းက အဲဒီအကြောင်း တစ်ခုတည်း ကြောင့်တော့ မဟုတ်ဘူး ကျင့်ကြံတုန်း အခက်အခဲတွေ အပြင် ဝိညာဉ် စွမ်းအားတွေကိုလည်း အဆမတန် စုပ်ယူနိုင် သေးတယ် ဝိညာဉ် စွမ်းအားများတဲ့ နေရာမှာ ဒီကြာကို စိုက်ပြီးတာနဲ့ စွမ်းအားရှားပါး သွားလိမ့်မယ် အဲဒီနေရာက ပြန်ကောင်းလာဖို့ အရမ်းကို ခက်ခဲလိမ့်မယ်…” ရတနာ သွေးပဒုမ္မာကြာ အပေါ် ဖေးပင်းကျူ၏ နားလည်စွမ်းက သာမန် အပေါ်ယံမျှ မဟုတ်ပေ။

“ဂျူနီယာ ညီလေးဖေး ငါလည်း ရတနာ သွေးပဒုမ္မာကြာကို စိုက်ချင်တယ် ဘယ်နေရာက မျိုးစေ့ ရနိုင်မလဲ သိလား …” မိုဝူကျီက ဆုံးဖြတ်ချက် ချပြီး မေးကြည့် လိုက်လေသည်။

ဖေးပင်းကျူက ခေါင်းခါလိုက်ပြီး

“ရတနာ သွေးပဒုမ္မာကြာ မျိုးစေ့က ဝယ်ယူလို့ မရဘူး ”

မိုဝူကျီက ထိုစကားကို ကြားသည်နှင့် သူ့ခေါင်းတည့်တည့် ရေအေးများ လောင်းချလိုက်သည့် အလား ခံစားလိုက်ရသည်။

ဖေးပင်းကျူက ဆက်ပြော လိုက်သည်။

“ဒါပေမဲ့ ပဒုမ္မာကြာ ဓားတောင်ကနေ ရတနာ သွေးပဒုမ္မာကြာ မျိုးစေ့ကို ရနိုင်တဲ့ နည်းလမ်း တချို့တော့ ရှိတယ် ”

“မြန်မြန် ပြောပါဦး…” မိုဝူကျီက စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်ရင်း ဖေးပင်းကျူကို ဆွဲကာ မေးလိုက်သည်။

ဖေးပင်းကျူက မြန်မြန် ပြောလိုက်သည်။

“စီနီယာ အစ်ကိုမို စိတ်မလှုပ်ရှားနဲ့ဦး ကျွန်တော့်အဘိုး အရင်က ပြောဖူးတယ် အကြီးအကဲကွမ်း ထွက်သွားတဲ့ နောက်မှာ ပဒုမ္မာကြာ ဓားတောင်က ရတနာ သွေး ပဒုမ္မာကြာတွေကို အကုန် တူးမသွားဘူး အဲဒီအစား သူက ရေကန်ထဲမှာ ကြာမြစ်တွေကို ချန်ခဲ့တယ်တဲ့ ကြာမြစ်တွေက ရတနာ သွေးပဒုမ္မာကြာကို ကျွမ်းကျင်မှသာ အဲဒီအမြစ်တွေကို တွေ့နိုင်မှာ ကံကောင်းတာက ကျွန်တော်က အဲဒီလိုလူထဲက တစ်ယောက် ဖြစ်နေတာပဲ ကျွန်တော်က ရတနာ သွေး ပဒုမ္မာကြာကို ကိုယ်တိုင် စိုက်ဖူးရုံတင် မကဘူး ကျွန်တော့် အဘိုးက အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သိသမျှအကုန် ပြောပြခဲ့တယ် ... ..

တကယ်လို့ စီနီယာ အစ်ကိုမိုသာ ကျွန်တော့်ကို ယုံမယ်ဆိုရင် ရေကန်ဆီ သွားပြီးတော့ ချန်ထားခဲ့တဲ့ ကြာမြစ်ကို သွားရှာနိုင်တယ် ... ဒါပေမဲ့ ဒီနေရာက ဝိညာဉ်စွမ်းအားက ရှားပါးတော့ကျ ရတနာ သွေးပဒုမ္မာကြာ များများတော့ စိုက်လို့ ရမှာ မဟုတ်လောက်ဘူး ”

မိုဝူကျီက ဖေးပင်းကျူကို ပုတ်လိုက်ပြီး

“စိုက်ပျိုးနိုင်တယ် ဆိုရင်ကို လုံလောက်ပြီ များများစားစား မလိုဘူး အဲဒါဆို ပင်းကျူ ဒီကိစ္စ မင်းကို အပ်ထား လိုက်တော့မယ်…”

မိုဝူကျီက ပီတိ ဖြာနေလေသည်။ ကောင်းမှု လုပ်ခြင်းတွင် အမှန်တကယ်ပင် အကျိုးရှိလေ၏။ အကယ်၍ သူသာ ဖေးပင်းကျူကို မကယ်မိလျှင် ရတနာ သွေးပဒုမ္မာကြာ အကြောင်းကို မည်သို့ သိနိုင်မည်နည်း။ သူသာ ပဒုမ္မာကြာ ဓားတောင်တွင် ရတနာ သွေးပဒုမ္မာကြာကို ရှာမတွေ့ နိုင်လျှင်ပင် ဖေးပင်းကျူ၏ ကျွမ်းကျင်မှုနှင့် တခြား တစ်ယောက်ဆီတွင် သေချာပေါက် ရှာတွေ့နိုင်လိမ့်မည်။

***

All Chapters