← Chapters

ကိုယ်ပိုင်နေရာတွင် အနိုင်ကျင့် ခံရခြင်း

Vol. 8 Ch. 105

ကိုယ်ပိုင်နေရာတွင် အနိုင်ကျင့် ခံရခြင်း

Vol. 8 Ch. 105

မိုဝူကျီက မှားယွင်းစွာ ခန့်မှန်းခဲ့ခြင်း မဟုတ်ပေ။ သူ့ကို ဝိညာဉ် ဆေးပင်များကို လဲလှယ်နိုင်ရန် ခွင့်ပြုထား၏။  ဝိညာဉ်ဆေးပင် သိုလှောင်ခန်းမှ တပည့်များက မိုဝူကျီကို မြင်သောအခါ အမှန်တကယ် အလန့်တကြား ဖြစ်သွားခဲ့ သောကြောင့် မိုဝူကျီက သူ လိုအပ်နေသော ဆေးပင်များကို အလွယ်တကူ လဲလှယ်နိုင်ခဲ့သည်။ သူမှာ ရှိနေပြီးသား အရာတွေ အပြင် စိတ်ဝိညာဉ် အားဖြည့်ဆေးလုံး အတွက်  ဆေးပင် ၁၁သုတ်ကို စုဆောင်းခဲ့ မိလေပြီ။

လက်ဝယ်တွင် ရှိနေသော ဆေးပင် ၁၁သုတ် အပြင် မိုဝူကျီက ဆေးလုံးကို ချက်ချင်း အလောတကြီး မဖော်စပ်ပေ။ ထို့အစား သူက အဆင့်နှစ် ဆေးလုံး ဖော်စပ်ခြင်း အလုပ်ကို လက်ခံရန် သွားလိုက်သည်။  သူက အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်သောကြောင့် အဆင့်နှစ် ဆေးလုံး ဖော်စပ်ရာ၌ သူ့အတွေ့အကြုံကား ကန့်သတ်ချက် ရှိလေ၏။ အကယ်၍ သူသည် အဆင့်သုံး ဆေးလုံး ဖော်စပ်လိုလျှင် တစ်ကြိမ်တွင် တစ်ခါသာ ရှေ့တိုးဖို့ လိုလေသည်။ အဆင့်နှစ် ဆေးလုံးများကို ဖော်စပ်ပြီး သူသည် အချိန်တိုအတွင်း သူ့စွမ်းဆောင်ရည်များ တိုးတက် လာနိုင်လိမ့်မည်။

ယန်ချင်ယင်က သူ့အား တစ်ခါ ပြောပြဖူးလေ၏။ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲကား နှစ်ဝက် အကြာတွင် ကျင်းပလိမ့်မည်။ ထိုနှစ်ဝက် ကာလတာအတွင်း သူသည် အဆင့်သုံး ဆေးလုံးဆရာ အဖြစ် တက်လှမ်းနိုင်ရန် လိုအပ်သေး၏။ ထိုမှသာ ဆေးလုံးပြိုင်ပွဲ ဝင်ရန် အရည်အချင်း ပြည့်မီပြီး ဘွားဘွား လင်းလောင်နှင့် တွေ့ခွင့်ရမည် ဖြစ်၏။

အရင်တုန်းက မိုဝူကျီသည် ကျင့်ကြံခြင်းနှင့် ချီသွေးကြောများကို ဖွင့်ခြင်း၌သာ အလုံးစုံ အာရုံစိုက် ထားလေ၏။ သူက ဂိုဏ်းအတွက် တာဝန်များကို လုပ်ဆောင် သော်လည်း သူသည် အများကြားတွင် သိပ်၍ တက်တက်ကြွကြွ မရှိလှချေ။

ယခုအခါ သို့သော်လည်း  ဆေးလုံး ဖော်စပ်ခြင်း အလုပ်တာဝန် အမျိုးမျိုးကို လက်ခံပြီး နောက်တွင် သူက ဆေးလုံးဆရာ ဖြစ်ရသည်မှာ မည်မျှ အံ့အားသင့်စရာ ကောင်းကြောင်း သိလိုက်ရ၏။ ဂိုဏ်းကို ဆေးလုံးများ ဖော်စပ်ရန် ကူညီသည်က ဘေးအန္တရာယ် မရှိသော်လည်း သူ ရရှိနိုင်သော အထောက်အကူပြု အမှတ်မှာ များပြားလှသည်။ သို့သော် ထိုသည်က သူ့လက်ခံရသည့် အံ့အားသင့်စရာ အကောင်းဆုံး အရာ မဟုတ်သေးပေ။ အံ့အားသင့်စရာ အကောင်းဆုံးသည် ဆေးလုံး ဆယ်သုတ်စာ အတွက် ဆေးပင် ၁၃သုတ် ရရှိခဲ့ခြင်း ဖြစ်၏။ တစ်ချိန်တည်းတွင် ဖော်စပ်နိုင်သည့် ဆေးလုံးထဲမှ ၈၀ ရာခိုင်နှုန်းသာ ပေးရန် လိုအပ်၏။

ဆေးလုံး တစ်သုတ်တွင် အများဆုံး ဆေးလုံး ၁၂၊ ၉ သို့မဟုတ် ၆ လုံး အများဆုံး ရှိတတ်သည်။ တစ်ခါတစ်ရံတွင် အများဆုံး ၁၈ လုံး ရရှိနိုင်၏။

ဆေးအရေအတွက်ကို အသာထား ထိုအခြေအနေများတွင် ဆေးလုံး ဖော်စပ်ခြင်းက မချမ်းသာရန် ခက်ခဲလှသည်။

အကယ်၍ သူသာ ဂိုဏ်းအတွက် ဆေးလုံး ဖော်စပ်ပေးသည့် အကျိုးများကို စောစီးစွာ သိရှိခဲ့ပါက သူသည် ထိုတာဝန်ကို စောစော လက်ခံခဲ့လိမ့်မည်။ သူ့အတွက် အမျိုးမျိုးသော ဆေးလုံးများကို ရရှိနိုင်ရုံ သာမက ဆေးပင်များနှင့် အထောက်အကူပြု အမှတ်များလည်း အပုံလိုက် ရရှိနိုင်သေး၏။ ထိုစဉ် မိုဝူကျီက ယန်ချင်ယင်သည် သူ့အား ဂိုဏ်းတာဝန်များကို လက်ခံ စေချင်မှန်း သဘောပေါက် လာခဲ့သည်။ အားလုံးက သူ့အတွက် ရည်ရွယ်၍ ပြောခဲ့ခြင်း ဖြစ်လေသည်။

ထိုဂိုဏ်း အထောက်အကူပြု အမှတ်များသည် များစွာ အသုံးဝင်ကာ တချို့ တချို့သော အရာများ အတွက် လဲလှယ်ကာ အသုံးပြုနိုင်သည်။ ထိုအခိုက်အတန့်တွင် မိုဝူကျီတွင် အဆင့်သုံး ဆေးလုံး ပမာဏများစွာ လိုအပ်သေး၏။ ဂိုဏ်း အမှတ်များကို ထိုအတွက် လဲလှယ်ရန် အသုံးပြု နိုင်လေသည်။

မိုဝူကျီ အပိုင်းတွင် အားလုံးက လွဲမှားမှု ဖြစ်ခဲ့သည်။ သာမန် ဧည့်ဆေးလုံးဆရာ တစ်ယောက် အတွက် အောင်မြင်နိုင်ချေ ၈၀ ရာခိုင်နှုန်း ရှိခြင်းက အလွန်အမင်း ထူးခြားလှ၏။ ထို့အပြင် ဆေးလုံးများကို ဖော်စပ်သည့် အခါ ဆေးလုံး အရေအတွက် အများဆုံး အမြဲ မထုတ်နိုင်ချေ။ ထို့ကြောင့် ဆေးလုံးဆရာ အတွက် ဆေးပင်များနှင့် ဆေးလုံးများစွာ ထိန်းသိမ်း နိုင်နေခြင်းမှာ ဂိုဏ်း၏ ရည်ရွယ်ချက် မဟုတ်ပေ။

သို့သော်လည်း မိုဝူကျီက အားလုံးကို မသိခဲ့ပေ။ ထို့အပြင် သူ့တွင် လက်ဟန် ပညာရပ်များနှင့် ဆေးလုံး ပညာရပ်များကို သင်ကြား ပေးနိုင်သည့် စကားလုံးမဲ့ ဆေးနည်းစာအုပ် ရှိသေးသည်။ သူ နတ်ဓားတောင်သို့ ရောက်နေစဉ်က အဆင့်တစ် ဆေးလုံး ဖော်စပ်ရာတွင် အောင်မြင်နိုင်ချေ ရာခိုင်နှုန်းပြည့် ဖြစ်၏။ လက်တွေ့တွင် ဆေးလုံးဆရာ ဘယ်လောက် များများက ထိုသို့ အောင်မြင်နိုင်ချေ ရှိမည်နည်း။

ဆေးလုံး ဖော်စပ်ခြင်း အလုပ်ကို လက်ခံပြီး နောက်တွင် မိုဝူကျီက ဆေးဖော်စပ်ခန်း ၁၉ ကို ရွေးချယ်လိုက်သည်။ ဆေးဖော်စပ်ခန်း ၁၉တွင် ဆေးလုံး ဖော်စပ်ခြင်းကား အောင်နိုင်ခြေ နည်းသည်ဟု ဆိုသော်လည်း မိုဝူကျီက ဂရုမစိုက်ပေ။ သူသည် အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်သည့် အတွက် အဆင့်နှစ် ဆေးလုံးကို ဖော်စပ်နိုင်လိမ့်မည်။ ထို့အပြင် ခက်ခဲသော ဆေးပြင်းမီးဖိုကို အသုံးပြုခြင်းက သူ့အဆင့်အား တိုးတက်စေရန် ကူညီပေးနိုင် လိမ့်မည်။

မိုဝူကျီက ဖေးပင်းကျူကို မခေါ်ဘဲ ဝူခိုင်းကိုသာ နောက်ထပ် ဆေးပင် သယ်ယူရေး ကောင်လေး တစ်ယောက် စီစဉ် ခိုင်းလိုက်သည်။

တစ်လတာ အတွင်း အနှစ်ချုပ် ဆိုရလျှင် နေ့စဉ် ယန်အာဆီ သွားလည်တာက လွဲ၍ မိုဝူကျီက ဆေးလုံး ဖော်စပ်ခြင်း၌သာ ကျန်ချိန်အားလုံး မြှုပ်နှံ ထားလေသည်။

ထိုလတွင် မိုဝူကျီက သူ ဖော်စပ်နေ‌သော အဆင့်နှစ် ဆေးလုံး အရေအတွက် အတိအကျကိုပင် မသိတော့ချေ။  သို့သော် သူ့တွင် ဆေးလုံး အမြောက်အမြား ရှိနေပြီ ဖြစ်၏။ အဆုံးသတ်တွင် သူက မီးပြင်းဖိုကို သန့်ရှင်းရန် မလုပ်ဆောင်တော့ပဲ ဆေးပင်များကိုသာ တိုက်ရိုက် သန့်စင်ရေး လုပ်လေသည်။ ဆေးလုံး အသုတ်တိုင်းသည် ကြန့်ကြာခြင်း မရှိဘဲ ချောချောမွေ့မွေ့ အဆင်ပြေ နေလေ၏။ တစ်ချိန်တည်းတွင် သူဖော်စပ် ထားသမျှ ဆေးလုံးတိုင်းသည် အဆင့်မြင့် အရည်အသွေးများ ဖြစ်ကြသည်။

ကျန်ရှိနေသော ဆေးပင်များနှင့် ဈေးကြီးသော ဆေးလုံးများကို  မိုဝူကျီအတွက် အဆင့်သုံး ‌ဆေးလုံး ဖော်စပ်ဖို့ရန် ပြင်ဆင်ဖို့ရာ အဆင့်သုံး ဆေးပင်များနှင့် လဲလှယ်လိုက်သည်။

သို့သော်လည်း သူက မည်မျှပင် လဲလှယ်စေကာမူ ဝိညာဉ်အားဖြည့် ဆေးလုံးအတွက် ဆေးပင် ၁၂သုတ် မြောက်ကို  စုဆောင်းနိုင်ရန် မလုပ်ဆောင် နိုင်ခဲ့ချေ။ ဝိညာဉ်‌ အားဖြည့်ဆေးလုံး အတွက် လိုအပ်သော ဆေးပင်များ အားလုံး နီးပါးကို ဂိုဏ်းထဲတွင် ရထားပြီးလေပြီ။ ထို့အပြင် ဂိုဏ်းအပြင်သို့ သွားကာ ဆေးပင်များ လဲလှယ်ရန်က အချိန်များစွာ လိုအပ်သောကြောင့် မိုဝူကျီ အနေဖြင့် မလုပ်ဆောင်ချင်ပေ။ အချိန်က သူ့အတွက် အဖိုးတန် လွန်းလှ၏။

မိုဝူကျီက စိတ်ထဲတွင် မထားသော်ငြား ဝိညာဉ်အားဖြည့် ဆေးလုံးသည် သူ့ရည်မှန်းချက် များထဲမှ  တစ်ခုဖြစ်ကာ သူ့အတွက် အရေးကြီးဆုံးကား အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာရန် ဖြစ်သည်။

မိုဝူကျီက အရင်ဆုံး အဆင့်သုံး ဆေးလုံး  ဖြစ်သည့် လူသား အဆင့်လွန် ဆေးလုံးကို လေ့ကျင့်လိုက်သည်။ ထိုဆေးလုံးသည် ဝိညာဉ် တည်ဆောက်ခြင်း ရောက်နေသည့် ကျင့်ကြံသူကို လူသား အဆင့်လွန်သို့ တက်လှမ်း နိုင်စေမည့် အခွင့်အရေးကို တိုးလာစေနိုင်သည်။ ဖော်စပ်ရန် လွယ်ကူသော်လည်း တန်ဖိုးကား မနိမ့်ချေ။

သူက အဆင့်သုံး ဆေးလုံးကို စတင် ဖော်စပ်သည်နှင့် မိုဝူကျီက အဆင့်နှစ် ဆေးလုံး ဖော်စပ် သကဲ့သို့တော့ မဟုတ်ချေ။ သူက မြေကမ္ဘာမီးကို စတင် လောင်မြိုက်လေပြီး မီးပြင်းဖိုကို စတင် သန့်ရှင်းလိုက်သည်။ ဆေးပင်များကို စတင် မသန့်စင်ခင် ဆေးပြင်း မီးဖိုကို သုံးကြိမ် သန့်ရှင်းလိုက်သည်။ လူသား အဆင့်လွန် ဆေးလုံးတွင် အဆင့်သုံး ဆေးပင် ရှစ်မျိုး ပေါင်းစပ် ထားသော စုစုပေါင်း ဆေးလုံး ၂၀ လိုအပ်လေသည်။ ဝိညာဉ်အားဖြည့် ဆေးလုံးထက် ပိုလေ၏။ ကျန်သည်များက အဆင့်တစ် သို့မဟုတ် အဆင့်နှစ် ဆေးပင်များ ဖြစ်လေသည်။

မိုဝူကျီက ဆေးပင်များကို သန့်စင်ရာတွင် နှစ်နာရီကြာ ကုန်ဆုံးခဲ့သည်။ အချိန်အများစုကို အဆင့်သုံး ဆေးပင်များ အပေါ်တွင် ကုန်ဆုံးခဲ့ခြင်း ဖြစ်၏။ အဆင့် တိုးသွားသည်မှာ ရိုးရိုးရှင်းရှင်း ဖြစ်သော်ငြား အဆင့်သုံး ဆေးပင်များကို သန့်စင်ရသည်က အဆင့်နှစ် ဆေးပင်များထက် များစွာ ခက်ခဲလာသည်။

အဆင့်သုံး ဝိညာဉ်ဆေးပင် အတွက် သူ့အင်အား များစွာကို အသုံးပြုခဲ့ရသည်။ မိုဝူကျီသည် မြေကမ္ဘာအဆင့် ဆေးလုံးဆရာ ဖြစ်လာရန် မည်မျှ ခက်ခဲကြောင်း စိတ်ကူးကြည့်မိ၏။

ဆေးပင်များကို သန့်စင်ခြင်းက လုပ်ရိုးလုပ်စဉ် အပြုအမူတစ်ခု ဖြစ်ကာ အမှန်တကယ် အရေးကြီးသည်က ဆေးပင် အဆီအနှစ်များကို ပေါင်းစပ်သည့် အခါနှင့် ဆေးလုံး ဖြစ်တည် လာသည့်အခါ ဖြစ်သည်။

မိုဝူကျီက ဆေးပင် အဆီအနှစ်များကို စတင် ပေါင်းစပ် လိုက်သောအခါ မီးပြင်းဖို အတွင်းမှ အနံ့ပြင်းပြင်းက တလိမ့်လိမ့် ထွက်ပေါ်လာကြောင်း ခံစားမိလိုက်သည်။

မိုဝူကျီက စိတ်ဓာတ် ကျသွားမိလေသည်။ ထိုသည်က သူ့ပေါင်းစပ်ခြင်းက ကျရှုံးသွားမှန်း သိလိုက်လေသည်။ သူက အဆင့်သုံး ဆေးလုံးကို စတင်ဖော်စပ် လိုက်သော်လည်း ကျရှုံးခြင်းနှင့် အရင်ဆုံး ကြုံတွေ့ ရလိုက်သည်။

မိုဝူကျီက ဒုတိယအကြိမ် ထပ်၍ မကြိုးစားသေးပေ။ ပြဿနာကား သူ့လက်ဟန်နှင့် ဆေးလုံး ပညာရပ်များကြောင့် မဟုတ်မှန်း သေချာသိ၏။ သို့သော်လည်း သူ့ကျင့်ကြံခြင်းနှင့် ပတ်သက် နေတာ ဖြစ်နိုင်သည်။ သူ့တွင် ပေါင်းစပ်ခြင်းကို ထိန်းချုပ်ရန် လုံလောက်သော ဝိညာဉ် စွမ်းအား မရှိချေ။

နောက်ထပ် အကြိမ် အနည်းငယ်ဖြင့် သူ့အတွေ့အကြုံသည် ပေါင်းစပ်ခြင်း ဖြစ်စဉ်ကို အချိန်ဆွဲ နိုင်ပေမဲ့ ကျရှုံးခြင်းလည်း ကြုံတွေ့နိုင်သေး၏။ အကယ်၍ သူက ကျင့်ကြံခြင်းတွင် မတိုးတက်ပဲ သူ့ပညာရပ်များ အပေါ်တွင်သာ မှီခိုနေလျှင် သူသည် အဆင့်သုံး ဆေးလုံးဆရာ အဖြစ်ကို နောင်နှစ် အနည်းငယ် အကြာမှ တက်လှမ်း နိုင်လိမ့်မည်။ ထို့အပြင် လေ့ကျင့်ရန် အဆင့်သုံး ဆေးပင် အရေအတွက် အများအပြားကို လိုအပ်လိမ့်မည်။

ယန်ချင်ယင်က သူ့အား လိမ်ညာနေခြင်း မဟုတ်ပေ။ အကယ်၍ သူသာ ကျင့်ကြံခြင်း မတိုးတက်လာပါက အဆင့်နှစ်ကို ဖြတ်ကျော်ရန် ခက်ခဲပေလိမ့်မည်။ သူ့ပညာရပ်များက မည်မျှပင် ကောင်းနေ စေကာမူ အရေး မပါတော့ပေ။

အချိန်တို အတွင်း အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာရန် သူ ကျင့်ကြံခြင်းကို မြင့်ရန် လိုအပ်သည်။ ထိုသို့လုပ်ဆောင်ရန် သူ့ချီသွေးကြောများကို များများ ဖွင့်နိုင်ရမည်။ မိုဝူကျီက ဆေးလုံး ဖော်စပ်ခြင်းကို ရပ်နားလိုက်ပြီး  ဆေးပင်များကို သိမ်းဆည်းရင်း စိတ်ဓာတ်ကျစွာ သက်ပြင်းသာ ချလိုက်တော့သည်။

“အစ်မကြီးရှုန်း ပင်းကျူ ဘယ်မှာလဲ …” သူက ပဒုမ္မာကြာ ဓားတောင်သို့ ပြန်ရောက်သော အခါ မိုဝူကျီ ပထမဆုံး လုပ်သည့် အရာကား ဖေးပင်းကျူကို ရှာခြင်း ဖြစ်၏။ တစ်လကျော် သူက သူ့ဆေးလုံး များတွင်သာ ဈာန်ဝင် နေသောကြောင့် ဖေးပင်းကျု၏ ရတနာ သွေးပဒုမ္မာ ကြာကို ရှာသည့် ဖြစ်စဉ်အား သတိမမူမိခဲ့ပေ။

ယခု သူက ချီသွေးကြောများကို ဖွင့်ရန် လိုအပ်လေသည်။ သူက ဖေးပင်းကျူကို ရတနာ သွေးပဒုမ္မာကြာ ရှာတွေ့နိုင်မည့် ဖြစ်နိုင်ခြေကို မေးကြည့် ချင်လေသည်။ အကယ်၍ ပဒုမ္မာကြာ ဓားတောင်တွင် ရတနာ သွေးပဒုမ္မာကြာကို ရှာရန် မဖြစ်နိုင်ပါက သူက ဤနေရာတွင် ဆက်လက်နေပြီး အချိန်ဖြုန်းမည် မဟုတ်ပေ။

“တာဝန်ခံဖေးက သွေးပဒုမ္မာကြာ ကန်ကို သွားတယ် သူက သခင်လေး ပြန်ရောက်တာနဲ့ သူ့ကို အဲဒီနေရာမှာ လာရှာဖို့ မှာသွားတယ် ” ရှုန်းရှုကျူက အလျင်စလို ပြောပြလိုက်သည်။

မိုဝူကျီက ထိုအရာကို ကြားသောအခါ  စိတ်ဓာတ် ချက်ချင်းပင် ပြန်လည် တက်ကြွလာလေ၏။ သူက ရှုန်းရှုကျုကိုပင် ပြန်၍ မဖြေနိုင်တော့ပဲ သွေးပဒုမ္မာ ကြာကန်ဆီ အလောတကြီး ထွက်သွားတော့သည်။

“ဆေးလုံး သခင်မန် အစ်ကိုဖေးက ပဒုမ္မာကြာ ဓားတောင် သခင်မိုရဲ့ မိတ်ဆွေပါ  အခု ခင်ဗျားလည်း ကြာပန်းကို ရပြီးပြီပဲ သူ့ကို လွှတ်ပေးလိုက်ပါဗျာ …” သူ သွေးပဒုမ္မာ ကြာကန်သို့ မရောက်ခင်  မိုဝူကျီက ဝူခိုင်း၏ တောင်းပန်သံကို အဝေးမှ ကြားလိုက်ရ၏။

“ဖေးပင်းကျူ ဘာတွေ ဖြစ်နေတာလဲ…” ခြေလှမ်း အနည်းငယ်ဖြင့် မိုဝူကျီက ဖေးပင်းကျူဘေးရှိ  သွေးကန်နားတွင် ဆင်းသက် လိုက်လေ၏။

***

All Chapters