အကြောက်တရား ကင်းမဲ့သော
Vol. 8 Ch. 106
မိုဝူကျီကို မြင်သောအခါ ဖေးပင်းကျူက ရုန်းကန် ထလိုက်တော့သည်။ သူပါးနှစ်ဖက်ကား အရိုက်ခံထားရ၍ နီမြန်းကာ ရောင်ကိုင်း နေလေသည်။ သူ့ပါးစပ် ထောင့်တွင်လည်း သွေးများ ပေကျံနေလေ၏။ ထိုမှလွဲလျှင် ဓားဒဏ်ရာကြောင့် ရင်ဘတ်မှ သွေးများ စီးကျနေသည်။
မိုဝူကျီက ဖေးပင်းကျူကို ဆွဲထူလိုက်ပြီး ဒဏ်ရာ ပျောက်ကင်းဆေးလုံး တချို့ကို တိုက်ကျွေး လိုက်သည်။ သူ့တွင် ရှိနေသော ကုသ ဆေးလုံးများမှာ အဆင့်နှစ် အဆင့်မြင့် ဆေးလုံးဖြစ်သည့် အတွက် ဖေးပင်းကျုက သောက်လိုက်သည်နှင့် ချက်ချင်းပင် သွေးတိတ် သွားလေ၏။
“ဆေးလုံး သခင်မို..” ဝူခိုင်းက ထစ်ငေါ့ ထစ်ငေါ့ ပြောလိုက်လေသည်။
“သူက ကျွန်တော့် ပစ္စည်းတွေ ယူသွားတာ ...” အဝေးသို့ လျှောက်လှမ်း သွားနေသည့် ပုဂ္ဂိုလ်ကို ခက်ခက်ခဲခဲ လက်ညှိုးထိုးကာ ပြောလိုက်သည်။
ပြောနေဖို့ မလိုပေ။ မိုဝူကျီက ထိုလူသည် ထွက်သွားရန် ကြိုးစားနေကြောင်း သတိပြုမိလိုက်သည်။ မိုဝူကျီ ချဉ်းကပ် လာသည်ကို မြင်၍ လှည့်ကာ ထွက်သွားခြင်း ဖြစ်သည်။ လက်ထဲတွင်လည်း တစက်စက် စိုနေသည့် သေတ္တာ တစ်လုံးကို ကိုင်ဆောင် ထားသေးသည်။
သို့သော် ပထမတွင် မိုဝူကျီက ဖေးပင်းကျူကို မြေပြင်ပေါ် ချထားပေး လိုက်ပြီး အပြစ် ကျူးလွန်ထားသော လူကို ရပ်တန့်ရန် သွားလိုက်သည်။
“တစ်ယောက်ယောက်ကို ရိုက်နှက်ပြီးတော့ ဒီအတိုင်း ထွက်သွားလို့ ရလား ”
ထိုအမျိုးသားသည် အသက်သုံးဆယ် ကျော်လောက် ဖြစ်ကာ ဖြူဖပ်နေသော အသားရေနှင့် ကျောတွင် ဆံပင်ရှည်ကို စည်းကာ ချထားလေသည်။ ကြည့်ရသည်မှာ ချမ်းသာသည့် အမွေခံ ဖြစ်ပုံ ပေါ်၏။
ထိုအမျိုးသားက ပြန်မဖြေခင် ဝူခိုင်းက ရှင်းပြလိုက်သည်။
“ဆေးလုံးသခင်မို ဒါက ကျွန်တော်တို့ရဲ့ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ ဆေးလုံးသခင် မန်ပိုယူပါ ဆေးလုံး သခင်မန်က အခုမှ အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာတာပါ အခုလေးတင် ဓားတောင်ကို ရွေးမလို့ပါ…”
မိုဝူကျီက ရှေ့သို့ တက်လာပြီး ဖြူဖျော့ဖျော့ အမျိုးသားကို ရပ်တန့် စေလိုက်သည်။ သူက မိုဝူကျီကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်လေသည်။
“မင်းက စီနီယာ အစ်မယန်ကို ကပ်ပါးရပ်ပါး လုပ်ပြီး ဆေးလုံးဆရာ ဖြစ်လာတဲ့ မိုဝူကျီမလား မင်းနေရာ ကိုယ့်ဘာသာသိ ... လျှောက်ပြေးပြီး လူတကာ လိုက်ကိုက်မနေနဲ့ ... အခု ထွက်သွားရင်သွား မဟုတ်ရင် မင်းခွေးတင် မဟုတ်ဘူး ပိုင်ရှင်ပါ ရိုက်ပစ်မယ်…”
“စီနီယာ အစ်ကိုမို ကျွန်တော် သွေးပဒုမ္မာကြာ ကန်က ရတနာ သွေးပဒုမ္မာကြာ တချို့ကို တူးနိုင်ခဲ့တယ် ဒါပေမဲ့ ဒီလူက အတင်းကျပ် ယူသွားတယ် ကျွန်တော်က အသာတကြည် မပေးလို့ သူက တိုက်ပြီးတော့ ဒဏ်ရာရအောင် လုပ်ခဲ့တာ သူ့လက်ထဲက ရတနာ သွေးပဒုမ္မာကြာက ကျွန်တော် တူးထားတဲ့ ဟာပါ …” မိုဝူကျီ ဆေးစွမ်းကြောင့် ဖေးပင်းကျူသည် တော်တော်လေး သက်သာ လာလေပြီ။
သို့သော် ဤနေရာတွင် ရှိနေသော သူတွေထဲ ဝူခိုင်းအပါအဝင် အကယ်၍သာ မိုဝူကျီ ရောက်မလာခဲ့လျှင် ဖေးပင်းကျူသည် သွေးထွက်လွန်၍ အသက် ဆုံးရှုံးနိုင်ကြောင်း သိကြ၏။ အဆင့်နှစ် ဆေးလုံး ဆရာကြောင့် အစေခံ တပည့် ဖေးပင်းကျူ၏ သေဆုံးမှုသည် ဂိုဏ်းထဲတွင် ဘာမှ အရေးတယူ ယူလိမ့်မည် မဟုတ်ပေ။
ထိုစဉ် ဝူခိုင်းက ထိတ်ထိတ်ပျာပျာ ဖြစ်လာလေသည်။ အကယ်၍ မိုဝူကျီ သို့မဟုတ် မန်ပိုယူတွင် တစ်ခုခုသာ ဖြစ်ခဲ့ပါက သူသည် အစေခံ တာဝန်ခံတစ်ယောက် အနေနှင့် တာဝန် ယူရလိမ့်မည်။ အကြောင်းမှာ သွေးပဒုမ္မာ ကြာကန်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကြောင့် မိုဝူကျီ ထွက်သွားပြီး နောက်တွင် ထိုသွေးပဒုမ္မာ ကြာကန်ကို မိုဝူကျီ ကျေနပ်စေရန် သူ့ နာမည် အောက်တွင်သာ ထားပေးခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း မန်ပိုယူက အကြောင်းပြချက် မရှိ ရုတ်တရက် ရောက်လာကာ ဤနေရာကို အလိုရှိ လာလေသည်။ ထို့ကြောင့် ဝူခိုင်းက မိုဝူကျီဆီ သွားရောက် အကြောင်းမကြားခင် မန်ပိုယူ နောက်မှ လိုက်လာပြီး သူ ထွက်သွား ပြီးသည့်အထိ စောင့်နေရန် ဆုံးဖြတ်ခဲ့လေသည်။ မိုဝူကျီအပေါ် နားလည်နိုင်စွမ်းကို အခြေခံ၍ သူက ဆေးလုံး သခင်မိုကို စိတ်အနှောင့်ယှက် မပေးသရွေ့ ညှိနှိုင်းခွင့် ကျန်ရှိသေး၏။
ကံဆိုးလှစွာ ဝူခိုင်းက မန်ပိုယူကို သွေးပဒုမ္မာ ကြာကန်သို့ ခေါ်လာသောအခါ သူတို့က ရေကန်ထဲမှ ထွက်လာသော ဖေးပင်းကျုနှင့် တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် ရတနာ သွေးပဒုမ္မာကြာကို ကိုင်ဆောင် ထားသေးသည်။ ရတနာ သွေးပဒုမ္မာ ကြာသည် သင်းပျံ့သည့် အနံ့များ ထွက်ပေါ်နေပြီး သွေးနီရောင် သွင်ပြင် ရှိသည်။ ထိုသည်က ဝူခိုင်းကို မနာလို ဖြစ်စေမိသည်။ ဆေးလုံးဆရာ ဖြစ်နေသော မန်ပိုယူ အတွက်လည်း ထိုထက် မလျော့နည်းခဲ့ချေ။
ဝူခိုင်းက မန်ပိုယူ တုံ့ပြန်မှုကို စိုးရိမ်မိသော်ငြား မန်ပိုယူသည် ထင်ထားသည့် အတိုင်း ရှေ့သို့ တက်လာကာ ဖေးပင်းကျုကို တစ်ချက်တည်းဖြင့် ရိုက်လွှတ်လိုက်သည်။ ထို့နောက်တွင် သူက ရတနာ သွေးပဒုမ္မာ ကြာကို ယူလိုက်ပြီး ဖေးပင်းကျူ ပြင်ဆင်ထားသော သေတ္တာထဲတွင် ထည့်သိမ်း လိုက်တော့သည်။
ဖေးပင်းကျူက ထိုအရာကို ဒီအတိုင်း လက်လွှတ်ပေးမည် မဟုတ်ပေ။ သူက မန်ပိုယူကြောင့် ပြင်းထန်စွာ ဒဏ်ရာရထားသည် သာမက အသတ်ခံရလု နီးပါး ဖြစ်ခဲ့သည်။ မိုဝူကျီသာ ရောက်မလာခဲ့လျှင် သူသည် အသတ်ခံပြီး လောက်လေပြီ။
“မင်းပါ သင်ခန်းစာ ပေးတာ ခံချင်နေတာလား” မန်ပိုယူသည် မိုဝူကျီက သူ့လမ်း ပိတ်ထားသည်ကို မြင်လိုက်ရ၏။ အစေခံတပည့် တစ်ယောက်သည် ယန်ချင်ယင်နှင့် ပတ်သက်မှု ရှိ၍ အဆင့်တစ်ခု ရလာသော သူသည် သူ့အား အနှောင့်ယှက် မပေးနိုင်ချေ။ သူက မိုဝူကျီကို သတ်လိုက်လျှင် ထိုပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်ဟု ယုံကြည်သည်။
အားရပါးရ ရယ်မောလိုက်ပြီး မိုဝူကျီက လမ်းကို ဖွင့်ကာ ဘေးတစ်ဖက်သို့ ကပ်ရပ် ပေးလိုက်သည်။
ထိုအပြုအမူကို ဝူခိုင်းက မြင်သောအခါ စိတ်သက်သာရာ သက်ပြင်း ချလိုက်တော့သည်။ မိုဝူကျီ လက်လျော့သရွေ့ ထိုပြဿနာကား ကြီးကျယ်လာမည် မဟုတ်ပေ။ မန်ပိုယူက ရတနာ သွေးပဒုမ္မာကြာကို ယူသွားသည့် အတွက် သူလည်း ထိုကိစ္စကို ဘေးဖယ် ထားလိမ့်မည်။
မိုဝူကျီက လမ်းဖယ်ပေး လိုက်သည်ကို မြင်သောအခါ မန်ပိုယူက အေးတိအေးစက် ရယ်မောလိုက်သည်။ ထို့နောက်တွင် မထီမဲ့မြင် မျက်နှာဖြင့် မိုဝူကျီကို ကျော်တက် သွားလေသည်။ သူက ရတနာ သွေးပဒုမ္မာကြာကို ရပြီးပြီ ဖြစ်၍ ကိစ္စများကို အကျယ် မချဲ့ချင်တော့ပေ။ ရတနာ သွေးပဒုမ္မာကြာ ကြောင့်သာ မဟုတ်လျှင် သူက မိုဝူကျီကို သင်ခန်းစာ ပေးပြီး လောက်ချေပြီ။
မိုဝူကျီ၏ တုံ့ပြန်မှုကား သူ့တွက်ချက်မှု အတွင်းတွင် ရှိသည်။ အစေခံ တပည့်သာ ဖြစ်၏။ အကယ်၍ မိုဝူကျီက သူ့အား တိုက်ခိုက်ရဲလျှင် သူက တွန့်ဆုတ်ခြင်း မရှိ သတ်ပစ်လိုက်မည်။ သတင်းက ဂိုဏ်းခေါင်ဆောင် နားထဲ ရောက်သွားလျှင်ပင် ရှင်နေသည့် အဆင့်နှစ် ဆေးလုံးဆရာက လူသေထက်တော့ တန်ဖိုးရှိသေး၏။ စီနီယာ အစ်မယန်က မိုဝူကျီကို မည်မျှပင် မျက်နှာသာ ပေးစေကာမူ သူမသည် လူသေတစ်ယောက် အတွက် ရန်သူများအောင် လုပ်မည် မဟုတ်ချေ။ ထို့အပြင် သူ့တွင် ဒုတိယ အကြီးအကဲ နောက်ခံ ရှိသေးသည်။
တိုက်ပွဲတွင် နိုင်နိုင်သူ အနေနှင့် များများစားစား မတွေးတော့ချေ။ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ကိုး ကျင့်ကြံသူ တစ်ယောက် အတွက် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။ ကပ်ပါးရပ်ပါးဖြင့် ဤအခြေအနေထိ ရောက်လာသည့် သူ့ကို သက်သက်သာသာ အနိုင်ယူပြလျှင်ပင် ချွေးတစ်စက်ပင် ထွက်ပါ့မလား…
သူက မိုဝူကျီကို ကျောပေး ထားလျှင်ပင် သူ့အတွက် စိုးရိမ်စရာ မရှိပေ။
ယခု သူ့ အနေအထားကား မိုဝူကျီကို ကျောပေးထားခြင်းပင် ဖြစ်နေသည်။
မိုဝူကျီက မန်ပိုယူ သူ့ကို ကျော်သွားသော အခါ အကွက် ရွေ့လိုက်တော့သည်။ သူက ခန္ဓာအတွင်းမှ စွမ်းအား အားလုံးကို လက်သီးဆီ စုကာ ပို့ထားလိုက်ပြီး မန်ပိုယူ နောက်ကျောသို့ တစ်ချက် သက်ရောက် လိုက်တော့သည်။
ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် အလယ်အလတ် အနေနှင့် ထိုအင်အား အပြည့်သည် မန်ပိုယူ၏ စိတ်ထဲတွင် ချက်ချင်းပင် အပ်ရာ အထပ်ထပ် ထင်ကာ ကျိုးပျက် သွားလေသည်။ မန်ပိုယူ ပါးစပ်မှ သွေးများ ဖူးခနဲ ထွက်လာပြီး ဆယ်လှမ်းလောက် ခြေလှမ်း ပျက်သွားလေသည်။ သူ့လက်ထဲက သေတ္တာမှာ ဘေးသို့ ရောက်သွား လေချေပြီ။
“မင်းက ဂိုဏ်းရဲ့ ဆေးလုံး သခင်ကို သတ်ဖို့ ကြံစည် ရဲတယ်လား…” မန်ပိုယူ အသံက ဒေါသ တခြောင်းခြောင်း ထွက်နေသည်။ ပါးစပ်မှ သွေးများ စီးကျနေဆဲ ဖြစ်ပြီး သူ့မျက်လုံးမှာ လူသတ်ငွေ့များ ပြည့်နှက် နေလေသည်။ သူက မိုဝူကျီကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်နေ၏။ သူ့က ကုသဆေးလုံးများ သောက်သုံးရန် မေ့လျော့နေ သလား သို့မဟုတ် ဆေးလုံးများကို မယူလာလေ သလား မပြောတတ်ပေ။
မန်ပိုယူက မိုဝူကျီတွင် ထိုသို့ လုပ်ဆောင်ရန် သတ္တိရှိလိမ့်မည်ဟု ထင်မထားပေ။ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းခါနီး ဖြစ်နေသော အဆင့်နှစ် ဆေးလုံးဆရာကို ပုန်းလျှိုးကွယ်လျှိုး လုပ်ကြံရဲ၏။
ဝူခိုင်းကား အကြောက်တရားကြောင့် တုန်ယင်နေကာ ကြောင်နေမိသည်။ သူက အခုချိန်မှစ၍ ဘာတွေ ဖြစ်လာမည်မှန်း မပြောတတ်တော့ပေ။ အခြေအနေကို ကယ်တင်ရန် နည်းလမ်း မရှိတော့ပေ။ အစေခံ တာဝန်ခံ အဖြစ် သူ့ရွှေရောင် နေ့ရက်များက အဆုံးသတ် တော့မည်ဟန် ရှိသည်။ သူ့အသက်ပင် ချောက်ကမ်းပါးနား ရောက်နေလေချေပြီ။
မိုဝူကျီက အသက်ဝအောင် ရှူလိုက်လေ၏။ မန်ပိုယူနှင့် ရင်ဆိုင် တိုက်ခိုက်ဖို့ရာ မဖြစ်နိုင်ကြောင်း သိသောကြောင့် လျှပ်တစ်ပြက် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုလက်သီးချက်ဖြင့် မန်ပိုယူ အသက် ရှင်နေဦးမည်ဟု ထင်မထားခဲ့ပေ။ ကြည့်ရသည်မှာ မန်ပိုယူ၏ ခန္ဓာသန်စွမ်းမှုက သူ့ထက် အဆင့် များစွာတွင် ရှိနေလောက်မည်။
အကယ်၍ သူသည် အလစ် တိုက်ခိုက်မှုကို အကျိုးရှိရှိ အသုံးမချဘဲ ထိပ်တိုက် ရင်ဆိုင်ခဲ့ပါက သူသေနေ လောက်ပြီ။ သူ့အသက်ကို ကာကွယ်ခြင်းနှင့် ယှဉ်လျှင် သူ့အား အနိုင်ကျင့်သော လူကို အလစ်တိုက်ခြင်းက သူ့အတွက် ဖိအားများစွာ မရှိချေ။
မန်ပိုယူကို ဒီအတိုင်း ထွက်သွားခွင့် ပေးဖို့ အတွေးကား မိုဝူကျီစိတ်ထဲတွင် လုံးဝမရှိပေ။ မန်ပိုယူက သူ့အား အရင် အနိုင်ကျင့်သော်လည်း သူက ရတနာ သွေးပဒုမ္မာကြာကို သေချာပေါက် စွန့်လွှတ် မပေးနိုင်ချေ။ ရတနာ သွေးပဒုမ္မာကြာကို လက်လွတ် ပေးလိုက်သည်က သူ့အတွက် ကျင့်ကြံသူ ဖြစ်မည့် အခွင့်အရေးကို လက်လွှတ် လိုက်တာနှင့် အတူတူ ဖြစ်သည်။
မိုဝူကျီက သူ့လမ်းကို ဖယ်ပေး လိုက်သည်နှင့် ခိုးကိုးရာမဲ့ ဖြစ်နေသော ဖေးပင်းကျူ မျက်လုံးများကား အစပိုင်းတွင် ပြူးကျယ် သွားလေ၏။ သူက မန်ပိုယူကို လက်လွတ် ပေးလိုက်ပြီး သူ့ကို သွားခွင့်ပြု လိုက်သည်က အကောင်းဆုံး ရွေးချယ်မှုမှန်း တွေးမိသော်လည်း ဖေးပင်းကျူသည် သူ့လိုက်မည့် သူက လူကြောက် ဖြစ်နေဖို့ မျှော်လင့်မိသည်။
“သွားပြီး သေစမ်း …” မန်ပိုယူက ရှေ့သို့ တက်လာကာ မိုဝူကျီခေါင်းဆီ ရွယ်၍ လက်သီးဖြင့် ချိန်ရွယ်လိုက်သည်။ တစ်ချိန်တည်းတွင် မိုဝူကျီက သူ့လက်ထဲတွင် တလက်လက် တောက်ပနေသာ ဓားဖြင့် ရှေ့သို့ တက်လှမ်းလာပြီး မန်ပိုယူ၏ တင်ပါးဆီ ဝှေ့ယမ်း လိုက်တော့သည်။ မန်ပိုယူ လက်သီး ရောက်လာသည့် အခါ မိုဝူကျီက ခေါင်းကို ဘေးတစ်ဖက် စောင်းကာ အသာရှောင်တိမ်း လိုက်လေသည်။ မထိမချင်း အလျှော့ပေးဖို့ရာ ကြံစည် မထားချေ။
မန်ပိုယူ၏ လက်သီးကား မိုဝူကျီ ပခုံးသို့ ကျရောက်လာကာ ကျယ်လောင်သော အသံ “ဂျွတ်..” ဟု ထွက်ပေါ် လာလေသည်။ မိုဝူကျီ၏ အလစ် တိုက်ခိုက်မှုနောက် သူ့ရှိ အင်အား ၃၀ ရာခိုင်နှုန်းဖြင့် ထိုးလိုက်သော လက်သီးက မိုဝူကျီ ပခုံးရိုးကို ကျိုးသွားစေ၏။ ထိုအင်အားကြောင့် မိုဝူကျီသည် သွေးတစ်ပွက် အန်သွားလေသည်။
မိုဝူကျီ၏ ဓားကား အမှန်ပင် ထိချက်ကို မိလေပြီ။ မန်ပိုယူ ခါးတစ်လျှောက်သို့ ဖြတ်ကာ ဆွဲချ လိုက်တော့သည်။ လတ်လတ်ဆတ်ဆတ် သွေးများက နောက်တစ်ကြိမ် ထွက်ပေါ် လာပြန်သည်။
အရိုးကျိုးမှု နာကျင်မှုဒဏ်က မိုဝူကျီကို မြေပြင်ပေါ် မလှုပ်မယှက် နီးပါး ဖြစ်သွားစေသည်။ သို့သော်လည်း သူက စိတ်ထဲတွင် အားတင်း ထားလိုက်ကာ မန်ပိုယူ၏ လက်သီးမှ အင်အား ၆၀ ရာခိုင်နှုန်း လောက်သည် သဘာဝ လှည့်ပတ်ခြင်း ပညာရပ်ဖြင့် သူ့ဓားဆီ ကူးပြောင်း သွားလေသည်။ ထို့ကြောင့် ကျန်ရှိနေသော အင်အားက သူ့အရိုးကို တစ်စစီ ဖြစ်သွားစေသည်။ မန်ပိုယူ ခန္ဓာအပေါ်တွင် ရရှိသော ဒဏ်ရာက ခြစ်ရာလေး မျှသာ ဖြစ်နေသည်။ ကိစ္စများသည် သူကြံစည်ထားသည့် အတိုင်း - မန်ပိုယူ အူများ ထွက်လာစေရန် ဖြစ်မလာပေ။
ထိုဖလှယ်မှုမှ မန်ပိုယူသည် သူ့ထက်များစွာ သန်မာကြောင်း ထင်ရှားလေသည်။ ထို့ကြောင့် တိုက်ခိုက်မှု အတွက် တန်ပြန် တိုက်ခိုက်ခြင်း နည်းလမ်းကား မှန်ကန်ပေ၏။
မန်ပိုယူက ခြေလှမ်း အနည်းငယ် နောက်ဆုတ် လိုက်ပြီး သူ့မျက်လုံးထဲမှ ဒေါသများက ပျောက်ကွယ် သွားပြီး အကြောက်တရားသာ ကြီးစိုး လာလေသည်။ သူက သေမင်း တံခါးဝသို့ ရောက်ခဲ့လေ၏။ အကယ်၍ မိုဝူကျီ၏ လက်သီးက သူ့ကို ပြင်းထန်စွာ ဒဏ်ရာ ရစေခဲ့သည်ဟု ယူဆလျှင်ပင် သူကား သေခြင်းနှင့် ဝေးကွာလှသေး၏။ သို့သော် ထိုဓားဒဏ်ရာကို ကုသမှု ခံမယူပါက သင်္ချိုင်းသို့ ခြေတစ်ဖက် လှမ်းထားပြီးသား ဖြစ်နေလိမ့်မည်။
သူက မိုဝူကျီ၏ ဓားမှ စွမ်းအားက မည်သည့်နေရာမှ ရောက်လာကြောင်း နားမလည်ပေ။ ကိစ္စများသည် သူမျှော်လင့် ထားသည်နှင့် ပိုလွန်နေလေ၏။ သူ့တွက်ချက်မှုများ အရ သူ့လက်သီးသည် မိုဝူကျီကို မြေပြင်ပေါ် လှဲချနိုင်ပြီး ထိုဓားချက်သည် သူ့အသားကို ခြစ်မိရုံသာ ဖြစ်စေလိမ့်မည်။ သို့သော်လည်း ကိစ္စများက တခြားစီ ဖြစ်နေလေသည်။ သူ့လက်သီးက မိုဝူကျီကို ထိခိုက်ဒဏ်ရာ မရစေဘဲ ထို့အစား မိုဝူကျီ၏ ဓားချက်ကသာ သူ့အား သေခြင်းတရားကို မြည်းစမ်းခွင့် ပေးခဲ့၏။
“မင်းက နတ်ဆိုးပဲ ...” မန်ပိုယူက ထိုစကားများကို ပြောပြီး ထွက်ပြေးဖို့ရာ ကြိုးစားလိုက်သည်။ မိုဝူကျီနှင့်သာ ဆက်လက် တိုက်ခိုက်နေပါက ဤနေရာကား သူ့နောက်ဆုံး ထာဝရ အိပ်စက်ရမည့် နေရာ ဖြစ်သွားလိမ့်မည်။ မိုဝူကျီက အားကောင်း လိမ့်မည်ဟု မသိခဲ့သည်မှ လွဲလျှင် သူသည် မိုဝူကျီက သူ့ကို သတ်ရန် လာရဲမည့် အကြောင်းကို သေချာ မသိတော့ပေ။
မိုဝူကျီက မန်ပိုယူကို သတ်ရန် စိတ်ဒုံးဒုံး ချထားသောကြောင့် ထိုလူကို ထွက်ပြေးခွင့် ပေးမည်လား ... ထိုလူ လွတ်မြောက် သွားသည်နှင့် သေရမည့်သူက သူဖြစ်သွားလိမ့်မည်။
မန်ပိုယူ လှည့်လိုက်သော အခါ မိုဝူကျီ လက်ထဲမှ ဓားက ရှေ့သို့ ဝှီးခနဲ ရောက်သွားသည်။ ဤတစ်ကြိမ်တွင် မန်ပိုယူက မိုဝူကျီ၏ အလစ် တိုက်ခိုက်မှုများကို တွေ့ကြုံ ဖူးသောကြောင့် သူက သတိထား နေမိသည်။ ဓားက သူ့ဆီ ချဉ်းကပ် လာသောအခါ ချက်ချင်း ဘေးသို့ စောင်းလိုက်သည်။
မိုဝူကျီက ထိုဓားသည် မန်ပိုယူကို သတ်နိုင် လိမ့်မည်ဟု ထင်မထားပေ။ ထိုဓားနှင့်အတူ ခုန်တက်လိုက်ပြီး သူ့အားသာချက် ဖြစ်သည့် နောက်ထပ် လက်သီးတစ်လုံး ပစ်ကျွေး လိုက်တော့သည်။
ဓားက ဘယ်ဘက်ကို ရောက်လာ သောကြောင့် ညာဘက်သို့ ခုန်လိုက်တော့သည်။
ဓားကို ရှောင်ရန် မန်ပိုယူက သူ့ကိုယ်အား ညာဘက်သို့ တွေဝေခြင်းမရှိ ရွှေ့လိုက်တော့သည်။ ညာဘက်တွင် စောင့်ကြိုနေသည်က မိုဝူကျီ၏ လက်သီးပင် ဖြစ်၏။ ပုံမှန်အားဖြင့် တစ်ချက်ချင်းစီက မိုဝူကျီထက် နှစ်ဆ မြန်ဆန်သော လက်သီး ဆယ်ချက်ထိ မန်ပိုယူ အပေါ်တွင် သက်ရောက်မှု နည်းနည်းလေးပင် မရှိပေ။ ထို့ကြောင့် မိုဝူကျီ၏ လက်သီး တစ်ချက်က ဘာလုပ် နိုင်မည်နည်း။
ကံဆိုးလှစွာ မန်ပိုယူသည် ဒဏ်ရာ ရရှိနေပြီ ဖြစ်သောကြောင့် ဒဏ်ရာများက ပြန်လည် ပွင့်လာနိုင်လေ၏။ ထိုနည်းဖြင့် မိုဝူကျိ၏ လူသတ်ရန် ကြိုးပမ်းမှုကို ရှောင်ရှားရန် နည်းလမ်းက ရှင်းလင်း လှပေ၏။ သို့သော် သူသည် အချိန်မီ မရှောင်ရှား နိုင်တော့ပေ။
“ဘမ်း…” မိုဝူကျီ၏ လက်သီးချက်က မန်ပိုယူ ကျောပေါ်သို့ အရင်တစ်ခါက ကဲ့သို့ ကျရောက် လာလေသည်။ မန်ပိုယူက သွေးများ အန်ထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျ သွားလေသည်။
“မိုဝူကျီ မင်းငါ့ကို သတ်ရင် မင်း သေချာပေါက် ဓားချောက် ကမ်းပါးကနေ ပစ်ချ ခံရလိမ့်မယ် ...” မန်ပိုယူက အသက်ပင် မရှူနိုင်လောက်အောင် ပြောလိုက်လေသည်။ ထိုအခိုက်တန့်တွင် သူစိတ်ထဲတွင် နောင်တ တရားများသာ ပြည့်လာတော့သည်။ သူသည် ထိုအရူး၏ ပိုင်နက်အတွင်း ခြေမချခဲ့သင့်ပေ။
***