ကောင်းကင်နှင့်မြေကြီး
Vol. 153 Ch. 2113
“အင်ပါယာစွမ်းအား…ထွန်းငြှိမယ်…”
တုန်လှုပ်ဖွယ်အသံတစ်သံ ရှေးရှီမြို့တခွင်တွင် ပဲ့တင်ထပ်သည်။ နန်းတော်တစ်ခုလုံးသည် ငြိမ်သက်နေလျက် အကြည့်များက ရင်ပြင်ရှိ မီးပြင်းဖိုရှေ့မှ တော်ဝင်ဝတ်ရုံဖြင့် လူထံ စုဝေးနေသည်။
ကျိတုသည် လူငယ်အသွင်သာ ရှိသေး၏။ သို့သော် သူ့ထံမှ ရင့်ကျက်မှုကို ပေးစွမ်းနေသည်။ သူက နေရာတွင် ရပ်ကာ ကောင်းကင်ထက်သို့ ကြည့်နေ၏။ တုန်လှုပ်ဖွယ်အသံတစ်သံ သူ့နားထဲသို့ ပဲ့တင်ထပ်သည်။
ကောင်းကင်သည် ပြာ၍ ကြည်လင်နေသည်။ လေပြေ တိုက်ခတ်နေသည်။
ကျိတု၏ရှေ့ရှိ မီးပြင်းဖိုအတွင်းမှ အမွှေးတိုင်သည် ထွန်းငြှိဖို့ စောင့်နေသည်။
ထိုအခိုက်အတန့်တွင် နန်းတော်နှင့် ရှေးရှီအင်ပါယာမြို့ရှိ လူတိုင်းက သူ့ကို ကြည့်နေကြသည်။
“ရှေးရှီအင်ပါယာ။ မွေးစားအဖေ…ကျုပ် မကြာခင် အင်ပါယာ ဖြစ်လာတော့မယ်…”
ကျိတုက ကောင်းကင်ထက်သို့ လှမ်းကြည့်၏။ သူ့အကြည့်က အကွာအဝေးတစ်ခုရှိ ရှေးဘိုးဘေးရုပ်တုပေါ် ကျရောက်သွားသည်။ သူက အသက်ဝဝရှိုက်သွင်းကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ မီးပြင်းဖို ပတ်လည်တွင် မီးတောက်တစ်ခု ပေါ်လာကာ အမွှေးတိုင်ကို ထွန်းငြှိသည်။
“အင်ပါယာကို ကြိုဆိုပါတယ်…” နောက်ထပ်တုန်လှုပ်ဖွယ်အသံတစ်သံ ပဲ့တင်ထပ်သည်။ လူတိုင်းက ဒူးတစ်ဖက် ထောက်လိုက်ကြ၏။ ကျိတု၏ အဖြေဖြစ်သူတစ်ယောက်သာ နန်းတော်တွင်း၌ ရပ်၍ ကျိတုကို ကြည့်နေသည်။
အမွှေးတိုင် ထွန်းလင်းလာချိန်တွင် အစိမ်းရောင်အခိုးငွေ့များသည် လေထဲသို့ တက်ကာ ကောင်းကင်သည် အရောင်များ ပြောင်းလဲသည်။ တိမ်စိုင်များ ပြန့်ကြဲလေ၏။ အထက်မှ တုန်ဟည်းမြည်သံ ထွက်ပေါ်လာသည်။ ကြီးမားသောအက်ကြောင်းတစ်ခုက ကောင်းကင်ကို ဆုတ်ဖြဲဖွင့်လှစ်ပြီး ယင်းအတွင်းမှ ကျယ်လောင်စွာ တုန်ဟည်းမြည်သံများ ထွက်ပေါ်သည်။
ပေတစ်သိန်းလောက်ရှိသော ရှေးဟောင်းနတ်ဘုရား၊ ၎င်း၏ဘေးတွင် ရှေးဟောင်းနတ်ဆိုးနှင့်ရှေးဟောင်းမိစ္ဆာတို့ ရှိနေသည်။ သူတို့က ဧရာမဗုံကို သယ်ဆောင်ကာ ကောင်းကင်ထက်မှ လျှောက်လှမ်း၍ လေထဲတွင် ရပ်သည်။
ကျိတု၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူက လေထဲသို့ ပျံတက်လာ၏။ သူ စစ်ဗုံဘေးနားသို့ ရောက်လာချိန်တွင် တုံ့ဆိုင်းမနေဘဲ ၎င်းထံ လက်သီးချက် ပစ်သွင်းလိုက်သည်။
ဗုံသံ ပဲ့တင်ထပ်၏။ ၎င်းအသံက နန်းတော်၊ အင်ပါယာမြို့နှင့် ရှေးရှီတခွင်လုံးသို့ ပျံ့နှံ့သည်။
“ပထမအကြိမ်ပူဇော်ခြင်း…” မိုးထိပေါက်ကွဲမတတ်အသံများ ဟိန်းထွက်လာပြန်သည်။ ကလန်ဝင်အားလုံးက ဦးညွှတ်လိုက်ကြ၏။
“အင်ပါယာကို နှုတ်ဆက်ပါတယ်…” သူတို့သည် ဦးညွှတ်နေကြစဉ် သူတို့၏အသံများက ပြင်းထန်သောအသံလှိုင်းအဖြစ်သို့ ပြောင်းလဲ၏။ ပ
“ဘန်း…”
ကျိတု၏ ညာလက်က ဗုံသံပေါ်သို့ ကျရောက်သွားချိန်တွင် ဒုတိယမြောက်ဗုံသံ ထွက်ပေါ်လာသည်။
“ဒုတိယကြိမ်မြောက် ပူဇော်ခြင်း…”
“အင်ပါယာကို နှုတ်ဆက်ပါတယ်…” ထိုအသံများက ပို၍ အားကောင်းလာကာ လောကရှိ အရာအားလုံးကို အစားထိုးသည်။
“မွေးစားအဖေ…ကျုပ် အင်ပါယာ ဖြစ်လာပြီ…” ကျိတု၏ ညာလက်က ဗုံပေါ်သို့ တတိယကြိမ်မြောက် ကျရောက်သွားသည်။
ထိုဗုံသံက ရှေးဘုံကျောင်းအတွင်း၌ ပဲ့တင်ထပ်နေစဉ် ဝမ်လင်းက မလှုပ်မယှက် ရှိကာ မျက်လုံးမှိတ်ထား၏။ ထိုအခိုက်တွင် သူသည် လောကတစ်ခုကို တွေ့မြင်သည်။
ထိုလောကရှိ ကောင်းကင်မှာ မှိန်ဖျော့၍ မြေပြင်မှာ ဝေဝါးစွာ ရှိနေသည်။ သည်နေရာမှာ နှစ်ပေါင်းမရေမတွက်နိုင်သော အချိန်တည်းက အပျက်အစီးပုံအဖြစ် ရှိနေတာကို တွေ့မြင်နိုင်သည်။
ဝမ်လင်းသည် လျှောက်လှမ်းလာနေ၏။ သူ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ရှိမနေပေ။ သူက သူ လျှောက်နေသည်မှာ ကုန်းမြေပေါ်တွင်လော၊ လေဟာနယ်တွင်လော မသိဘဲ ရှိသည်။ သူက ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာရင်း ဘေးပတ်လည်သို့ ကြည့်သည်။
သူက သူ မည်မျှ လျှောက်လှမ်းလာခဲ့ပြီကို မသိပေ။ တနေ့လည်း ဖြစ်နိုင်၏။ တစ်နှစ်လည်း ဖြစ်နိုင်၏။ တနေ့တွင်တော့ သူ့ရှေ့တွင် တောင်တစ်လုံး ပေါ်လာသည်။
ထိုတောင်ပေါ်၌ ခုနစ်ရောင်စုံနှင်းများ ကျဆင်းနေ၏။ သူက ၎င်းပေါ်ရှိ သူနှင့် ရင်းနှီးသောပုံရိပ်တစ်ခုကို မြင်သည်။ ထိုပုံရိပ်က ခန္ဓာကိုယ်တစ်ခုကို ချီထားကာ ကောင်းကင်ထက်သို့ ဟိန်းအော်နေသည်။
ဝမ်လင်းက ထိုပုံရိပ်ကို တွေ့မြင်သည့်အခါ သူ့စိတ်နှလုံးသည် ခုန်ပေါက်သွား၏။ သူ့အသက်ရှုသံပင် မြန်လာခဲ့သည်။ သူသည် ထိုပုံရိပ်ကို ကြည့်မနေပေ။ သို့သော် ထိုပုံရိပ် ချီထားသော ခန္ဓာကိုယ်ထံသို့ လှမ်းကြည့်သည်။
သို့ပေမည့် သူက ဆံပင်နက်ကိုသာ မြင်ရပြီး ထိုခန္ဓာကိုယ်ကို မတွေ့ပေ။ သူက ထိုခန္ဓာကိုယ်သည် ယောကျ်ာလား၊ မိန်းမလားကိုပင် မပြောနိုင်ပါ။ သူ့မျက်နှာက ဖြူရောနေ၏။ သူသည် ထိုတောင်ထံသို့ ဝရောသုန်းကား ပြေးဝင်လာသည်။
သို့သော် အချိန်အတန်ကြာ သူ အသည်းအသန် ပြေးလာသည့်နောက်တွင်လည်း သူက ထိုတောင်နှင့်အနီးသို့ မရောက်သေး၊ ထိုခန္ဓာကိုယ်မှာ မည်သူမည်ဝါအသွင်ရှိသည်ကိုလည်း မမြင်ရသေးပေ။
ဟိန်းသံက ပို၍ ပြင်းထန်လာ၏။ ထိုဟိန်းသံထဲတွင် ခုခါ၌ အဆုံးမဲ့ ဝမ်းနည်းခြင်းနှင့် ဒေါသတရားတို့ ရှိနေသည်။ ကောင်းကင်သည် ထပ်မံ ပျက်စီးမည့် အရိပ်လက္ခဏာများ ပြသလာသည်။ ထိုဟိန်းသံက လောကကို ဖျက်စီးနိုင်သော စွမ်းအားရှိနေသည့်အလား။
ထိုအသံက ဝမ်လင်း၏နားထဲ ဝင်ရောက်လာသည့်အခါ သူ၏စိတ်နှလုံးကို စူးရှနာကျင်စွာ ခံစားရစေသည်။ ထိုနာကျင်မှုက စိတ်ဝိညာဉ်ခွဲပိုင်းထုတ်စဉ်က နာကျင်မှုနှင့် မယှဉ်သာပါ။ သို့သော် သူ့အတွက်တော့ ယင်းနာကျင်မှုသည် လောက၌ အနာကျင်ရဆုံးအရာကဲ့သို့ ဖြစ်လေ၏။
“ကောင်းကင်နဲ့မြေကြီး…” တောင်ပေါ်ရှိ ပုံရိပ်က ခေါင်းမော့လာကာ ဟစ်အော်၏။
“ကောင်းကင်နဲ့မြေကြီးရဲ့ ထိပ်ဆုံးက တည်ရှိမှုဟာ ဘာလဲ…”
“အရာအားလုံးရဲ့ ပူဇော်သမှုကို ခံရတာဟာ ဘာလဲ…”
“အဆုံးအဆမဲ့တဲ့ တာအိုကျမ်းစာတွေကို သိမြင်ပြီးတာဟာ ဘာလဲ…”
“လောကက အဲ့လိုဆိုရင် ငါက ဒါကို ဘာကြောင့် မဖျက်စီးရမှာလဲ…”
“လောကက အဲ့လိုဆိုရင် ဘာကြောင့် မပျောက်ကွယ် သွားရမှာလဲ…”
“ဒီတော့ ငါဟာ ငါ့ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုပြီး ကောင်းကင်ကို ၎င်းရဲ့ မျက်လုံးကို မှိတ်စေမယ်။ မြေပြင်ကို အိပ်ပျော်စေမယ်။ မြေအောက်လောကမြစ်ကို ပြန်ပြောင်းစီးဆင်းစေမယ်။ ပြန်လည်မွေးဖွားခြင်းကို ရပ်တန့်စေမယ်။ လောကကို ဆက်ပြီး မတည်ရှိတော့အောင် လုပ်မယ်…”
ထိုအသံထဲတွင် တုန်လှုပ်ဖွယ်စိတ်ဆန္ဒတစ်ခု ပြည့်နေ၏။ ဝမ်လင်း၏ စိတ်နှလုံးသည် တုန်ယင်နေကာ သူ၏ခန္ဓာကိုယ်သည် သည်နေရာကနေ ကန်ထုတ်ခံရမည့်အလား မြန်ဆန်စွာ ကွယ်ပျောက်လာသည်။
သူ၏ ခန္ဓာကိုယ် လုံးဝ ကွယ်ပျောက်သွားချိန်တွင် သူက ခန္ဓာကိုယ်တစ်ခုကို ချီထားသော ပုံရိပ်က ကောင်းကင်နှင့်မြေကြီးကို ချနင်းချေဖျက်လိုက်သည်ကို မြင်သည်။ ထိုပုံရိပ်က သည်ခန္ဓာကိုယ်ကို ယူဆောင်ကာ ပျက်စီးသွားသော ကောင်းကင်တွင်းသို့ ပျောက်ကွယ်သွားသည်။
ထိုသူ၏ အော်ဟစ်သံက ငြိတွယ်နေဆဲ ဖြစ်ကာ ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူသည် ရှေးဘုံကျောင်းအတွင်း၌ ရှိနေဆဲပင်။ သူ့မူလစိတ်ဝိညာဉ်က သူ့ရှေ့တွင် ရှိနေသည်။
အဆုံးသပ်၌ သူသည် ထိုခန္ဓာကိုယ်ကို သေချာ မကြည့်နိုင်ခဲ့ပေ။ ယင်းအသံသည်ပင် လုံးဝ ဝေဝါးနေကာ ရင်းနှီးသလို၊ မရင်းနှီးသလို ဖြစ်နေခဲ့သည်။
အခု ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေ၏။ သို့သော်လည်း အင်ပါယာကို နှုတ်ဆက်ပါတယ် ဟူသော အသံက အပြင်ဘက်မှ ခပ်သဲ့သဲ့ ထွက်ပေါ်လာနေသည်။
သို့သော် ဝမ်လင်းက ၎င်းအခြင်းအရာကို လစ်လျူရှုထား၏။ သူ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးခြင်းတို့ ပြည့်နေသည်။ အချိန်အတန်ကြာပြီးမှ သူ့စိတ်ရှုပ်ထွေးမှုသည် ကွယ်ပျောက်သွားသည်။ သူက သူ့ကိုယ်သူ ထိုအကြောင်းကို မတွေးမိရန် အတင်းကြိုးစားသည်။ သို့သော်လည်း ထိုသို့လုပ်ဖို့ ခက်ခဲလွန်းနေ၏။ ထို့ကြောင့် သူ့အဖို့ သည်အကြောင်းကို တွေးနေတာ ရပ်ဖို့ အချိန်အတော်ယူလိုက်ရသည်။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက သူ့ကိုယ်သူ တခြားအရာများကို မတွေးမိအောင် လုပ်ရပေမည်။ မဟုတ်ပါက ထိုအတွေးက သူ့အား ပျက်စီးမှု ဖြစ်သွားစေနိုင်သည်။
“မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး…” ဝမ်လင်းက အံတင်းတင်းကြိတ်ကာ ခပ်တိုးတိုး ရေရွတ်၏။ သူက သူ့မူလစိတ်ဝိညာဉ်ထံ လက်ညွှန်လိုက်သည်။ သူ၏ မူလစိတ်ဝိညာဉ်သည် လွန်စွာ တောက်ပလာ၏။ ရှေးဘုံကျောင်းတစ်ခုလုံးသည် အားကောင်းသောအလင်းဖြင့် ခြုံလွှမ်းခံရသည်။
ထိုအလင်းတွင်း၌ သူ၏မူလစိတ်ဝိညာဉ်အရိပ်သည် စတင်ချဲ့ကားလာကာ သည်ဧရိယာတစ်ခုလုံးကို သိမ်းပိုက်လာသည့်အထိပင်။ ၎င်းက မရပ်တန့်သေးပေ။ ၎င်းအလင်းက ရှေးဘုံကျောင်းတစ်ခုလုံးကို ခြုံလွှမ်းပြီးနောက် ရှေးဘိုးဘေးရုပ်တုထံ ဆက်လက် ချဲ့ကားသည်။
နန်းတော်ထဲ၌ ဗုံသံ ပဲ့တင်ထပ်၏။
“ကိုးကြိမ်မြောက် ပူဇော်ခြင်း…”
“အင်ပါယာကို နှုတ်ဆက်ပါတယ်…” ရှေးရှီမှ လူများသည် တညီတညာတည်း အော်ဟစ်နေစဉ် ရှေးဘိုးဘေးရုပ်တုထံမှ အလွန်တရာ တောက်ပလှသော အလင်း ထွက်ပေါ်လာသည်။
ကောင်းကင်ထက်ရှိ ဗုံဘေးတွင် ရပ်နေသော ကျိတုက ရုတ်တရက် ခေါင်းလှည့်ကြည့်သည်။ သူက ရောင်စဉ်စက်ဝန်းခုနစ်ဆယ့်နှစ်ခု တောက်ပနေသော ရှေးဘိုးဘေးရုပ်တုထံသို့ အကြည့်ရောက်သွားသည်။ တချိန်တည်းမှာ အရိပ်တစ်ခုသည် ချဲ့ကားလာပြီး ရှေးဘိုးဘေးရုပ်တုတဝက်ကို ဖုံးလွှမ်းသည်။
“မွေးစားအဖေ…” ကျိတုက ခဏတာ မင်သက်သွား၏။ ထို့နောက် သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်လာသည်။
တချိန်တည်းမှာ လူတိုင်းသည်လည်း ရှေးဘိုးဘေးရုပ်တုထံ၌ ဖြစ်ပွားနေသည့် အခြင်းအရာကို သတိပြုမိကြသည်။ သူတို့က ထိုအရိပ်သည် ရုပ်တုကို ချက်ခြင်း ခြုံလွှမ်းကာ ရုပ်တုနှင့် အရွယ်အစားအတူတူ ဖြစ်လာသည်ကို မြင်သည်။
ယင်းအရိပ်က ရုပ်တုနှင့် ထပ်သွားဟန် တူသည်။ သို့သော် ထိုသို့ ဖြစ်လာသည့်အခါ၌ ရှေးဘိုးဘေး၏ ပုံပန်းသွင်ပြင်သည် ပြောင်းလဲသွားသည်။ ခုခါ၌ ၎င်းရုပ်တုသည် ဝမ်လင်းအသွင်ပုံစံနှင့် ဆင်တူလာသည်။
အကြောင်းမှာ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် ရှေးဘိုးဘေးရုပ်တုကို ခြုံလွှမ်းသွားသောကြောင့်ပင်။
ကောင်းကင်ထက်တွင် ရွှမ်လောက ပျော်ရွှင်စွာ ပြုံးသည်။ “ရှေးတောက်စိတ်ဝိညာဉ်သုံးခု ခွဲပိုင်းထုတ်ခြင်း၊ နောက်ဆုံးတော့ သူ အောင်မြင်သွားပြီ။ သူ ရှေးဘိုးဘေးရှိကနေ ဘယ်လိုလက်ဆောင်မျိုး ချီးမြှင့်ခံရမလဲ ငါ သိချင်မိတယ်…”
မူလတောင်ပေါ်တွင် ကျိတု၏ နန်းတက်ပွဲသို့ မတက်ရောက်သော စုန့်ထျန်မှာလည်း ရှေးဘိုးဘေးရုပ်တုကို လှမ်းကြည့်နေသည်။ သူ့စိတ်ထဲတွင်လည်း ထိုသို့ တူညီသောအတွေး ပေါ်လာသည်။
“သူ ရှေးဘိုးဘေးရဲ့ ဘယ်လိုကောင်းချီးပေးမှုကို ရမလဲ…”
လူတိုင်း ရှေးဘိုးဘေးရုပ်တုထံသို့ အကြည့်ရောက်နေစဉ် ကျိတု၏ နန်းတက်ပွဲအခမ်းအနားသည် ခဏ ရပ်တန့်သွား၏။ ရှေးဘိုးဘေးရုပ်တု ပတ်လည်ရှိ ရောင်စဉ်စက်ဝန်းနှစ်ဆယ့်ခုနစ်သည် လွန်စွာ တောက်ပကာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။
ထိုရောင်စဉ်စက်ဝန်းများ ကောင်းကင်ထက်သို့ မြင့်တက်လာစဉ် လေထဲ၌ လှိုင်းဂယက်များထသည်။ နောက်ဆုံးရောင်စဉ်စက်ဝန်းက ကောင်းကင်ထက်သို့ ထိုးတက်သွားစဉ် ကောင်းကင်သည် အရောင်များ ပြောင်းလဲသည်။
သံစဉ်ကိုးခုသည် ရှေးရှီအင်ပါယာမြို့အနှံ့ ပဲ့တင်ထပ်သည်။
ထိုအသံက အံ့အားသင့်ဖွယ် ကောင်းကာ စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်ပါ။ လှိုင်းဂယက်များ ပေါ်လာပြီးနောက်တွင် တစ္ဆေအလင်းတန်းတစ်ခုသည် ကောင်းကင်ထက်မှ ရုတ်တရက် သက်ဆင်းလာသည်။ ထို့နောက်တွင် အနီရောင်အလင်းခပ်ဖျော့ဖျော့က တဖြည်းဖြည်း တောက်ပလာပြီး ကောင်းကင်တခွင်လုံး သွေးနီရောင် စွန်းထင်းသွားစေသည့်အထိပင်။
ဤသည်မှာ စိတ်ဝိညာဉ်သွေးစက်တစက် ဖြစ်၏။
ထိုသွေးစက် ပေါ်လာသည့်အခါ ရှေးရှီအင်ပါယာမြို့တစ်ခုလုံးသည် သေလောက်အောင် တိတ်ဆိတ်သွားသည်။
“စိတ်ဝိညာဉ်သွေး…” မူလတောင်ပေါ်တွင် စုန့်ထျန်က ထိုသွေးကို မြင်သည့်အခါတွင် သူလည်း တုန်လှုပ်မိကာ မယုံကြည်နိုင်ဟန် ဖြစ်ပေါ်သည်။
“ဒါက စိတ်ဝိညာဉ်သွေးပဲ။ စိတ်ဝိညာဉ်သွေးသုံးစက်ဟာ ရှေးကလန်တစ်ခုကို ဖန်တီးနိုင်တယ်။ သူက အရင်တည်းက စိတ်ဝိညာဉ်သွေးစက်တစ်စက်ကို ရထားခဲ့ပြီး ဖြစ်တယ်။ ခုဆို ဒါက ဒုတိယမြောက်သွေးစက်ပဲ…”
ရွှမ်လောသည် အသက်ဝဝရှိုက်သွင်းလိုက်မိ၏။ သူသည် ဝမ်လင်းက ဒုတိယမြောက် စိတ်ဝိညာဉ်သွေးစက်ကို ရလိမ့်မည်ဟု မထင်ထားမိပေ။