← Chapters

သဘောတူညီချက်

Vol. 153 Ch. 2119

သဘောတူညီချက်

Vol. 153 Ch. 2119

သံစဉ်ကိုးခု ပဲ့တင်ထပ်နေ၏။ သင်္ကေတသုံးခုသည်လည်း ထွက်ပေါ်လာခဲ့လေပြီ။

သံစဉ်ကိုးခုနှင့် သင်္ကေတသုံးခုတို့သည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်ရှိ ဒဏ္ဌာရီများ ဖြစ်၏။ သို့ပေမည့် သည်ဒဏ္ဌာရီများ၏ ရင်းမြစ်မှာ သံစဉ်ကိုးခုနှင့်သင်္ကေတသုံးခုတို့ ပေါ်လာချိန်တွင် ကောင်းကင်ဘုံဘိုးဘေး သို့မဟုတ် ရှေးဘိုးဘေးတို့၏ အမွေဆက်ခံသူ ပေါ်လာမည် ဟူ၍ပင်။

သည်အခိုက်တွင် ကောင်းကင်ဘုံကလန်၏ ရှေးမြို့နှင့် ရှေးကလန်၏ အင်ပါယာမြို့တို့တွင် ကောင်းကင်ဘုံဘိုးဘေး ရုပ်တုနှင့် ရှေးဘိုးဘေးရုပ်တုတို့ပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာသည်။ ကျယ်ပြောသောပင်လယ်ချိုင့်ဝှမ်းဗဟိုချက်တွင်တော့ မဟာအင်ပါယာကူးတောက်သည် ဒီဒဏ္ဌာရီ ပေါ်လာသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်နေရသည်။

ဤအခိုက်၌ ရှေးကလန်၏ အထက်တွင် ပုံရိပ်တစ်ခု ပေါ်လာကာ နေရာတွင် ရပ်၍ ကောင်းကင်ဘုံကလန်၌ ပေါ်လာသော တခြားပုံရိပ်ထံသို့ ဟိန်းဟောက်သည်။

သည်ပုံရိပ်နှစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို ထောက်ပိုးထားကြသည့်အလား။ သို့ပေမည့် ယင်းတို့ကြားတွင် တတိယမြောက်ပုံရိပ် ပေါ်လာသည်။ ထိုပုံရိပ် ပေါ်လာသည့်အခါ တောက်ပသောအလင်းသည် လောကတွင် ပြည့်နှက်သည်။

သည်ပုံရိပ်သည် ဝမ်လင်းပင်။

ကောင်းကင်နှင့်ရှေးတို့အပြင် တတိယမြောက် တည်ရှိမှု။

ဝမ်လင်းက မျက်လုံးမှိတ်ထားလျက် ရှိ၏။ သူ့ကိုယ်ပွားနှင့် ပေါင်းစပ်ပြီးသည့်အခါ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံနှင့်ရှေးစွမ်းအားတို့ ပေါင်းစည်းမှုသည် ရုတ်တရက် အရှိန်မြင့်သွားသည်။ သည်အခိုက်တွင် ၎င်းက စက်ဝန်းတပတ် ပြည့်သည့်အထိ လှည့်ပတ်ပြီး ကောင်းကင်ဘုံနှင့်ရှေးစွမ်းအားတို့ ပေါင်းစည်းချိန်တွင်သာ ပေါ်လာသော စွမ်းအားတစ်ခုကို ဖန်တီးသည်။

ဝမ်လင်းသည် သူ၏ ဆန်းကြယ်အနှစ်သာရများ ပြီးပြည့်စုံသွားသည်နှင့် သူ့ ကောင်းကင်ဘုံနှင့် ရှေးစွမ်းအားတို့သည် ပြီးပြည့်စုံစွာ ပေါင်းစည်းသွားလိမ့်မည်ဟု ရေးတေးတေး သိရှိခဲ့သည်။ ထိုချိန်မှစ၍ သူ၏ခန္ဓာကိုယ်တွင်း၌ ကောင်းကင်ဘုံ သို့မဟုတ် ရှေးစွမ်းအားတို့ ဆက်ရှိတော့မည် မဟုတ်ပေ။ သူ၏ကိုယ်ပိုင်ခွန်အားသာ ရှိလေတော့မည် ဖြစ်သည်။

ထိုချိန်ကလျှင် သူသည် ပြန်လည်မွေးဖွားခြင်းထံ ကံမ္မပိုက်ကွန်ကို ပစ်လွှတ်ကာ သူ၏ စစ်မှန်မှုကို ရှာဖွေဖို့ လုံလောက်သော ခွန်အား ရှိသွားပေလိမ့်မည်။

အချိန်မည်မျှ ကုန်ဆုံးသွားခဲ့သည်ကို ဝမ်လင်းက မသိပေ။ သူ မျက်လုံး ပြန်ဖွင့်လာ၏။ သူ မော့ကြည့်လိုက်ချိန်တွင် ကူးတောက်၏ မန္တာန်မှ ဖြစ်ပေါ်လာသော ခြေထောက်ကို မြင်သည်။ ၎င်းသည် ဆင်းသက်လာရင်း ၎င်း၏စွမ်းအားသည် ဆုံးရှုံးသွားပုံ ရသည်။

ထိုခြေထောက်က ဝမ်လင်းနှင့် ပေရာချီသို့ ရောက်လာသည့်အခါ သူက သက်ပြင်းချသည်။ လေဟာနယ်အတွင်းရှိ သူ့ကိုယ်ပွားနှင့် ပေါင်းစည်းပြီး သံစဉ်ကိုးခုနှင့် သင်္ကေတသုံးခုတို့ကို ပေါ်ထွက်လာစေပြီးနောက် သူ၏ ကျင့်ကြံမှုအဆင့်သည် ဒီအင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ တည်ရှိမှုအားလုံးထက် သာလွန်သွားခဲ့ပေပြီ။

အကယ်၍ ကောင်းကင်ဘုံဘိုးဘေးနှင့် ရှေးဘိုးဘေးတို့ သည်နေရာတွင် ရှိနေခဲ့လျှင်ပင် သူသည် သူတို့ကို တိုက်ခိုက်ဖို့ အရည်အသွေး ပြည့်မီနေပေပြီ။

ခုချိန်မှစ၍ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် ကောင်းကင်ဘုံဘိုးဘေးနှင့် ရှေးဘိုးဘေးတို့၏ ဒဏ္ဌာရီများအပြင် ဝမ်လင်း၏ သမိုင်းလည်း အလားတူ ရှိလာပေတော့မည်။

ဝမ်လင်း၏အမြင်တွင် ကူးတောက်၏ ခုလက်ရှိ မန္တာန်က ကောင်းကင်ဘုံနင်းချေခြင်း၏ အစွန်းအနားကို ဖမ်းဆုပ်ရုံမျှသာ ဖြစ်၏။ သူက ငြိမ်သက်စွာ စဉ်းစားနေသည်။ ထိုဧရာမခြေထောက်က ပေတစ်ရာအကွာသို့ ကျရောက်လာချိန်တွင် သူက ၎င်းထံ လက်ညွှန်လိုက်သည်။

ထိုအခါ ဧရာမခြေထောက်သည် တုန်ယင်ကာ ဝမ်လင်း၏ရှေ့တွင် ပျက်စီးသွားလေ၏။

ကူးတောက်က ငြိမ်သက်စွာ စဉ်းစားနေသည်။ သူ့မျက်နှာက ပို၍ပင် အိုစာသွားလေသည်။

“ငါ မင်းကို မတားနိုင်တော့ဘူး။ ဒါပေမဲ့ လာမယ့်နှစ်ပေါင်းသုံးရာအကြာ ထာဝရနတ်ဘုရားနယ်‌မြေ ပွင့်တဲ့အခါကျရင် မင်းအနေနဲ့ ရှေးကလန်ဘက်ကနေ ဝင်ရောက်ဖို့ ငါ မျှော်လင့်တယ်…”

ကူးတောက်က ဝမ်လင်းကို ကြည့်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်၏။

ဝမ်လင်းသည်လည်း ငြိမ်သက်စွာ စဉ်းစားနေသည်။ သူက မဟာအင်ပါယာကူးတောက်ကို ကြည့်ကာ ခေါင်းညိတ်ပြသည်။

“ကျေးဇူးတင်ပါတယ်…”  ထိုသို့ဆိုကာ သူ့အမူအရာက ပုံမှန်ပြန်ဖြစ်သွား၏။ မြူများက သူ့ခန္ဓာကိုယ်ပတ်လည်တွင် တဖန် ပြန်ဝန်းရံသွားသည်။ မြူတို့က တဝီဝီလှည့်ပတ်နေလျက် သူ့ကို ရှေးကလန်ရှိရာဘက်သို့ ပြန်ခေါ်ဆောင်သွားချေသည်။

ဝမ်လင်းသည် ကူးတောက် ပျောက်ကွယ်သွားသော နေရာသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ပင်လယ်မုန်တိုင်းရှိရာသို့ ပြန်လှည့်ကာ ၎င်းထံ ခြေလှမ်းသည်။

ထိုမုန်တိုင်းကို ဖြတ်ကျော်ပြီးနောက် သူသည် ကောင်းကင်ဘုံကလန်၏ နယ်စပ်သို့ ရောက်သွားပေလိမ့်မည်။

ထိုနှစ်ယောက် ထွက်ခွာသွားသည့်အခါ သည်တိုက်ပွဲက ပြီးသွားလေပြီ။ သည်တိုက်ပွဲ၌ ကူးတောက် ရှုံးခဲ့၏။ ထို့ကြောင့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏  အသန်မာဆုံးပုဂ္ဂိုလ်မှာ ကူးတောက် မဟုတ်လေတော့၊ ဝမ်လင်း ဖြစ်လာခဲ့လေပြီ။

သို့ပေမည့် အသည်းအသည် ရောက်လာကြသော မဟာအင်ပါယာများကလွဲ၍ မည်သူကမျှ သည်နေရာတွင် ဘာဖြစ်ခဲ့သည်ကို မသိကြပေ။

ဝမ်လင်း ထွက်သွားပြီး ဆယ့်နှစ်ရက်မြောက်တွင် ပင်လယ်နံရံ၏ ဘက်နှစ်ဖက်မှ အလင်းတန်းခုနစ်ခုသည် ရောက်ရှိလာ၏။ ထိုသူတို့မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ မဟာအင်ပါယာခုနစ်ယောက်ပင်။

သူတို့က တစ်ယောက်နှင့်တစ်ယောက် သိကြပေ၏။ သို့သော် သူတို့သည် ဘက်ခြင်း မတူကြသော်လည်း ခုချိန်၌ တိုက်ခိုက်ချင်စိတ် မရှိကြပေ။ ထိုအစား သူတို့၏ နတ်ဘုရားအာရုံများကို သည်ဧရိယာတွင် ဖြန့်ကျက်ကာ ငြိမ်သက်စွာ စဉ်းစားနေသည်။

ရွှမ်လောက မျက်လုံးမှိတ်ထား၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သည်တိုက်ပွဲမှာ ကောင်းကင်ကိုပါ တုန်လှုပ်စေနိုင်၏။ ထိုတိုက်ပွဲက အဆုံးသပ်သွားခဲ့ပြီ ဖြစ်သော်လည်း ဥပဒေသများထဲတွင် ပြောင်းလဲမှုများက ကျန်ရှိနေခဲ့တုန်းပင်။

ဂဒီတိုက်ပွဲရဲ့ အကြွင်းအကျန်တွေက နှစ်ပေါင်းရာချီတောင် လွင့်ပြယ်အုံးမှာ မဟုတ်ဘူး…”

စုန့်ထျန်က ထိုသို့ ရေရွတ်လိုက်၏။ သူသည်လည်း တုန်လှုပ်ဖွယ်စွမ်းအားနှင့် တုန်ခါမှုများကို ခံစားမိပေသည်။

ဆန်းကြယ်သော ရှေးဂျီ၏ မဟာအင်ပါယာလည်း ရှိနေ၏။ သူက သူ့ရုပ်သွင်ကို မျက်နှာဖုံးဖြင့် ဖုံးကွယ်ထား၏။ ထို့ကြောင့် လူတစ်ယောက်သည် သူ့ကို အမျိုးသားတစ်ယောက်ဟုသာ ပြောနိုင်လိမ့်မည်။ သူက နေရာတွင် ရပ်နေလျက် သူ့မျက်လုံးထဲတွင်လည်း တုန်လှုပ်မှု ရှိနေသည်။

“မဟာအင်ပါယာကူးတောက်နဲ့ တိုက်ခိုက်ခဲ့တဲ့သူက ဘယ်သူ ဖြစ်မလဲ။ ဒါပေမဲ့ သူ ဘယ်သူပဲ ဖြစ်ဖြစ် မဟာအင်ပါယာကူးတောက်ကသာ အနိုင်ရသူ ဖြစ်လိမ့်မယ်…”

“ဝမ်လင်း ဖြစ်နိုင်လား…”  ရွှမ်လောက မျက်လုံးဖွင့်လာ၏။ သူက အနည်းငယ် မရေမရာ ဖြစ်နေသည်။

ပင်လယ်နံရံ၏ တခြားတဖက်အတွင်း၌ ကောင်းကင်ဘုံကလန်မှ မဟာအင်ပါယာလေးယောက်လုံးကလည်း ငြိမ်သက်စွာ စဉ်းစားနေသည်။ သူတို့က သူတို့၏ နတ်ဘုရားအာရုံများကို ပြန်ရုတ်သိမ်းလိုက်ကြ၏။ သူတို့သည် လွန်ခဲ့သော ရက်အနည်းငယ်က သည်နေရာ၌ မည်သို့သော တိုက်ပွဲမျိုး ဖြစ်ခဲ့သည်ကို စိတ်ကူးမကြည့်နိုင် ဖြစ်မိသည်။

“သူတော့ မဟုတ်လောက်ဘူးမလား…”  တောက်ရီက စဉ်းစားနေသည်။

“သူက ကူးတောက်နဲ့ တိုက်ခိုက်ခဲ့ပြီး ဒီလိုတုန်လှုပ်ဖွယ် တိုက်ပွဲကွင်းပြင်တစ်ခု ကျန်နေစေခဲ့တာပဲ။ ငါသာ အဲ့တိုက်ပွဲကို မျက်မြင်တွေ့ရရင် ငါ့ကျင့်ကြံမှုအဆင့်  အတော်လေး တိုးတက်သွားနိုင်လောက်တယ်…”

မဟာအင်ပါယာကျိုးသဲက သက်ပြင်းချ၏။ သူသည် ကူးတောက်နှင့် တိုက်ခိုက်ခဲ့သေူကို သံသယရှိနေ၏။ ထိုသူမှာ အမှန်တကယ် ဝမ်လင်း ဖြစ်နေသည်လား။

ဝူဖန်ကလည်း တိုက်ပွဲကွင်းပြင်ကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေ၏။ သည်နေရာရှိ ဥပဒေသများသည် ပျက်စီးခဲ့ပြီး လုံးဝ ဗရမ်းဗတာ ဖြစ်နေ၏။

အမှန်တော့ သူတို့ သည်နေရာသို့ လာရောက်ခဲ့ရသည့် အကြောင်းရင်းမှာ သည်နေရာရှိ ဥပဒေသများ၌ တုန်လှုပ်ဖွယ်ပြောင်းလဲမှုကို ခံစားမိသည့်အပြင် သည်တိုက်ပွဲကို ကိုယ်တိုင်မြင်ချင်၍လည်း ဖြစ်၏။ သို့သော် ထိုသည်မှာ မဖြစ်နိုင်တော့တာ သိသာသည်။

မဟာအင်ပါယာကန်းနီးကမူ မိန်းကလေးငယ်နှစ်ယောက်ကနေ လှပသောအမျိုးသမီးအဖြစ် ပေါင်းစည်းထားလေ၏။ သူမက ငြိမ်သက်နေသည်။ သူမသည်လည်း ကူးတောက်နှင့် တိုက်ခိုက်သူကို သံသယရှိနေသည်။

အချိန် ကုန်လွန်လာ၏။ သူတို့ခုနစ်ယောက်သည် ဒီနေရာတွင် ဒီအတိုင်း ရပ်နေတာ အမွှေးတိုင်တတိုင်ဝက်စာလောက် ရှိနေလေပြီ။ သူတို့ခုနစ်ယောက်က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြရဦ သည်ဝန်းကျင်ကို သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ပါဝင်သွားစေသည်။

ထိုခုနစ်ယောက် စဉ်းစားနေကြစဉ် ကျိုးသဲက ရုတ်တရက် ပြောလာ၏။ “ရှေးကလန်က ရောင်းရင်းကျင့်ကြံသူသုံးယောက်…ဒီအဘိုးအို အကြံတခု ပေးချင်တယ်…”

သူ ထိုသို့ ဆိုသည့်နောက် စုန့်ထျန်နှင့် တခြားသူတို့က အေးစက်စက် လှမ်းကြည့်လာသည်။

“ကျုပ်တို့ တိုက်ခိုက်ရင်လည်း အချိန်တိုအတွင်း အဖြေထွက်မှာ မဟုတ်ဘူး။ ကျုပ်တို့လေးယောက်ကလည်း ဒီပင်လယ်နံရံကို ကျော်ပြီး ခြေလှမ်းမှာ မဟုတ်တဲ့အတွက် ဒါ့ကြောင့် တိုက်ခိုက်ဖို့လည်း မလိုဘူး…”

“ခင်ဗျားတို့အားလုံး ဒီကို ရောက်လာခဲ့တာဟာ တိုက်ပွဲကို ရှုမြင်ချင်လို့ပဲ မလား။ ဒါပေမဲ့ တိုက်ပွဲက ပြီးသွားပြီ။ ဒီမှာ ရှိတဲ့ ဥပဒေသတွေကလည်း လုံးဝ ဗရမ်းဗတာ ဖြစ်သွားပြီ။ ငါ့ တွက်ချက်မှုအရ ဒီမှာ ရှိတဲ့လောကဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်တည်းက လုံးဝ ပျက်စီးပြီး အသက်ကင်းမဲ့ဇုံ ဖြစ်သွားလောက်ပြီ…”

“အခု ငါတို့ ဒီတိုက်ပွဲရဲ့ အသေးစိတ်ကို သိနိုင်၊မြင်နိုင်မယ့် အခွင့်အရေးကတော့ ဆုံးရှုံးသွားခဲ့ပြီ…”

“ဒါပေမဲ့ ဒီအဘိုးအိုမှာ မန္တာန်တစ်ခု ရှိတယ်။ ကျုပ်တို့ခုနစ်ယောက် အတူတူ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင်တော့ အချိန်ကို ယာယီပြောင်းပြန် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အဲ့တာဆို ကျုပ်တို့ရဲ့ နတ်ဘုရားအာရုံတွေ ဝင်ရောက်နိုင်ပြီး ကျုပ်တို့ ကိုယ်တိုင်ကိုယ်ကျ အဲ့တိုက်ပွဲကို မျက်မြင်တွေ့နိုင်မယ်…”

“သင်တို့သုံးယောက်ရော ဘယ်လိုထင်လဲ ကျုပ် သိချင်မိတယ်…”  ကျိုးသဲက ဖြည်းဖြည်းချင်း မေးလိုက်သည်။

ကျိုးသဲက ထိုသို့ ပြော၍ ပြီးသည့်နောက် ဝူဖန်က အနည်းငယ် စဉ်းစားကာ ပြောလာသည်။ “ဒီအဘိုးအိုကတော့ အဲ့မြင်ကွင်းကို မြင်ချင်တယ်။ ကျုပ်မှာတော့ တခြားရည်ရွယ်ချက် မရှိဘူး။ ကျုပ်အနေနဲ့ ယုံကြည်မှုကျိန်စာ ဆိုပေးနိုင်တယ်…”

“ကျုပ်လည်း ကျိန်ဆိုပေးနိုင်တယ်…”

တောက်ရီက အနည်းငယ် တွေဝေနေပြီးနောက် ကျိုးသဲနှင့် ဝူဖန်တို့ကို ကြည့်သည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်၏။ ကန်းနီကလည်း အနည်းငယ် စဉ်းစားပြီးနောက် သဘောတူလိုက်သည်။

စုန်ထျန်တို့ အုပ်စုက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူတို့လည်း သဘောတူလိုက်သည်။

သူတို့သုံးယောက်တွင်လည်း ကိုယ်ပိုင်နည်းလမ်းများ ရှိပေ၏။ ထို့ကြောင့် သူတို့က ကျိုးသဲ သူတို့ကို လိမ်မည်အား မစိုးရိမ်ပေ။

အမွှေးတိုင်တတိုင်ဝက်စာလောက် ကုန်ဆုံးပြီးနောက် သူတို့ခုနစ်ယောက်က ပြင်ဆင်ပြီး ကြသည်။ ကျိုးသဲက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်၏။ တခြားခြောက်ယောက်က ၎င်းကို လှမ်းကြည့်သည်။ သူတို့အားလုံးက ချိပ်ဟန်များ ဖြစ်စေကာ ထိုမန္တာန်ကို စတင်သည်။

အလင်းတန်းခုနစ်ခု တောက်ပလာကာ သည်တိုက်ပွဲကွင်းပြင်ကို ဝန်းရံသည်။ တအောင့်အကြာတွင် ကျယ်လောင်စွာ တုန်ဟည်းသံ မြည်ဟိန်းကာ ထိုခုနစ်ယောက်က လှမ်းကြည့်၏။

သူတို့သည် အလင်းတန်းများ ဖုံးနေသော တိုက်ပွဲကွင်းပြင်တွင် ပုံရိပ်နှစ်ခု ပေါ်လာသည်ကို တဖြည်းဖြည်း တွေ့၏။ ထိုပုံရိပ်နှစ်ခုထဲမှ တစ်ယောက်က မြူများ ဝန်းရံထားသောကူးတောက်ဖြစ်ကာ တခြားတစ်ယောက်၏ ပုံရိပ်ကမူ ဝေဝါးနေ၏။ သို့သော် သူတို့က ထိုသူ၏ အော်ရာကို သိရှိကြသည်။

“ဝမ်လင်း…”

“တကယ်ပဲ သူကို…”

ထိုခုနစ်ယောက်သည် တုန်လှုပ်ကုန်၏။ သို့သော် သူတို့က ထိုမြင်ကွင်းကို တွေ့မြင်သည့်အခါ မင်သက်ကြောင်ရီကာ မယုံကြည်နိုင်မှုတို့ ပြည့်ကုန်သည်။

သူတို့က ကူးတောက်၏ မန္တာန်၊ ဝမ်လင်း၏ ကောင်းကင်ဘုံသို့ ခြေလှမ်းနင်းခြင်းကို မြင်သည်။ နောက်ဆုံးတွင် သူတို့က ဝမ်လင်းက ရှေ့သို့ လက်ညွှန်ကာ ဧရာမခြေထောက်ကို ပျက်စီးသွားစေတာကို မြင်၏။ ကူးတောက် တိတ်တဆိတ် ပြန်ထွက်ခွာသွားတာကို မြင်သည်။

ကူးတောက်၏ ပုံပန်းသွင်ပြင်နှင့် ဝမ်လင်းနှင့် သူ ပြောဆိုခဲ့သည်တို့ကိုမူ ထိုခုနစ်ယောက်သည် မမြင်သလို၊ ကြားလည်း မကြားနိုင်ကြပေ။ သို့သော် သူတို့ တွေ့မြင်ခဲ့ရသလောက်ဖြင့်ပင် သူတို့အား အသက်ရှုရပ်သွားလောက်စေသည်။

ထိုမြင်ကွင်း အဆုံးသပ်သွားသည့်နောက်တွင် သူတို့ခုနစ်ယောက်သည် အချိန်အကြာကြီး စဉ်းစားနေမိ၏။ သူတို့အားလုံးက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသည် ခုခါ၌ အရင်နှင့် ကွဲပြားသွားပြီကို သိလိုက်ကြ၏။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အသန်မာဆုံးသူမှာ ကူးတောက် မဟုတ်လေတော့၊ ဝမ်လင်း ဖြစ်လာခဲ့ပေပြီ။

တောက်ရီ၏ စိတ်နှလုံးမှာ တုန်ယင်နေ၏။ သူသည် မဟာအင်ပါယာတပါး  ဖြစ်၏။ သို့သော် သူက အကြောက်တရားကို ခံစားမိသည်။ ဝမ်လင်း၏ ခွန်အားက သူ့ကို မယုံကြည်နိုင်စွာ ဖြစ်စေ၏။ ထို့ထက်ပိုသည်မှာ သူကို ကြောက်မိစေခြင်းပင်။

“သူပဲလား…”  ကျိုးသဲ၏ စိတ်ထဲ၌ လွန်ခဲ့သော နှစ်တစ်ရာလောက်က စိတ်ဝိညာဉ်ခုနစ်ဆယ့်နှစ်ခု ကောင်းကင်ထက်သို့ အော်ဟစ်တောင်းပန်ခဲ့ပြီး အကြည့်တစ်ခု သက်ဆင်းခဲ့ပုံကို ပြန်မြင်ယောင်မိသည်။

All Chapters