← Chapters

ပျော်ရွှင်နှုနှင့် တာဝန်

Vol. 153 Ch. 2021

ပျော်ရွှင်နှုနှင့် တာဝန်

Vol. 153 Ch. 2021

တောင်မြင့်ကုန်းမြေ၏ အရှေ့မြောက်ပိုင်းတွင် တောင်တန်းတစ်ခု ရှိလေ၏။ ပင်မလမ်းမကြီးနှင့် မနီးမဝေးတွင် သာယာလှပသော ရွာလေးတစ်ရွာ ရှိနေသည်။

ထိုရွာတွင် လူများများ ရှိမနေဘဲ ရာဂဏန်းလောက်သာ ရှိ၏။ အများစုကတော့ မုဆိုးများ ဖြစ်ကာ သူတို့သည် သားရဲတိရိစ္ဆာများ ပြည့်နေသော တောအုပ်ကို မှီခိုကာ အမဲလိုက် ရှင်သန်နေထိုင်ကြသူများပင်။

ရွာ၏ အနောက်ဘက်အဆုံးပိုင်းတွင် ခြံစည်းရိုးခတ်ထားသော အိမ်တလုံး ရှိနေ၏။ သည်အိမ်တွင် ဆယ်ကျော်သက်အရွယ်မိန်းကလေးငယ်တစ်ယောက်လည်း ရှိနေ၏။

အခုက မနက်ခင်းအစောပိုင်းအချိန်ဖြစ်ကာ အိမ်ထဲ၌ နံနက်စာကို ပြင်ဆင်နေကြသည်။

ထိုမိန်းကလေးက ကြက်များကို အစာကျွေးနေရင်း ရယ်မောကာ အိမ်ထဲကို လှမ်း၍ စကားပြောသည်။ “အမေ…ညတုန်းက သမီး အိပ်မက်မက်သေးတယ်။ အဲ့အိပ်မက်ထဲမှာ သမီးက ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာတယ်တဲ့…”

“သမီး…နင်လည်း မငယ်တော့ဘူး။ အဲ့လို ကောင်းကင်ဘုံသားတစ်ယောက်ဖြစ်လာဖို့ စိတ်ကူးယဉ်နေတုန်းလား။ ငါ နင့် အရွယ်တုန်းကဆို နင့်အဖေနဲ့ အိမ်ထောင်ကျပြီးနေပြီ…”

အိမ်ထဲမှ နူးညံ့သောအသံတစ်သံ ထွက်ပေါ်လာသည်။

“အဖေက ရွာထဲမှ အတော်ဆုံးမုဆိုး ဖြစ်နေတာကြောင့်မလား။ သမီး ကြားတာတော့ အဲ့အချိန်တုန်းက တော်တော်များများက အဖေနဲ့ ချိန်းတွေ့ချင်ကြတယ်တဲ့…”

ထိုမိန်းကလေးက ပြုံးလိုက်၏။ သူမက အတော်လေး ချစ်ဖို့ကောင်းသည်။ သူမ၏ပုံပန်းသွင်ပြင်က မလှလွန်းပေ။ သို့သော် သူမထံမှ သန့်စင်ကျော့ရှင်း ချစ်ခင်ဖွယ်အသွင်ကို ပေးစွမ်းနေသည်။

“နင် ဒါကို ဘယ်သူရှိက ကြားခဲ့တာလဲ…”   ထိုအမျိုးသမီးက လှမ်းလျှောက်လာ၏။ သူမက ရိုးရိုးစင်းစင်းသာ ဝတ်ဆင်ထားသည်။ သို့သော်လည်း ထိုသို့ ဝတ်ဆင်မှုက သူမ၏ လှပမှုကို မဖုံးကွယ်ထားနိုင်ပေ။ သူမက မျက်လုံးပြူးပြပြီး ဒေါသထွက်သည့်ပုံ ဟန်ဆောင်ကာ ဆို၏။

ထိုမိန်းကလေးက ခွန့်တုန့်ပြန်ရန် ဟန်ပြင်စဉ်မှာပင် ခြံဝန်းတံခါးထံမှ အားပါးတရ ရယ်မောသံ ထွက်ပေါ်လာလေ၏။

“ကလေးကို အဲ့လို ပြောပြခဲ့တာ ကျုပ်ပဲ…” စကားသံနှင့်အတူ ခြံဝန်းတံခါး ပွင့်လာကာ သက်လတ်ပိုင်းလူတစ်ယောက် လှမ်းဝင်လာ၏။ သူက လေးနှင့်မြားကို သယ်ဆောင်ထား၏။ သူနှင့်အတူ သားရဲငယ်တစ်ကောင်လည်း ပါလာသည်။ သို့သော် သူ့ခြေထောက်တွင် သွေးစတို့ ခြောက်နေ၏။ ထိုသွေးတို့က သားရဲလေးထံမှလား၊ သို့မဟုတ် သူ့ထံမှလားကိုမူ မသိရပေ။

“အဖေ” မိန်းကလေးငယ်က အံ့အားသင့်သွားကာ ချက်ခြင်း ပြေးလာ၏။

“ဝိုး…ဒါက ကျားသစ်လေးပဲ။ သူ့အရေပြားက သိပ်လှတာပဲ…”  ထိုမိန်းကလေး၏ မျက်လုံးက အရောင်လက်သွားပုံရကာ သူမက ပျော်ရွင်မြူးစွာ ခုန်ပေါက်လေ၏။

“အစ်ကို ဒီတစ်ကြိမ် ဘယ်လိုလုပ် အဲ့လောက် ကြာနေရတာလဲ။ ပုံမှန်ဆို နှစ်ရက်၊သုံးရက်နေရင် အိမ် ပြန်ရောက်နေကြ မဟုတ်လား…”  ထိုအမျိုးသမီးကလည်း ခပ်သွက်သွက်လှမ်းလာကာ သက်လတ်ပိုင်းအမျိုးသားကို ကူ၍ လေးမြားနှင့် သားရဲလေးကို အောက်သို့ ချပေးလိုက်သည်။

“ကောင်မလေး နင်ပဲ သားရေကောင်းကောင်းလိုချင်တယ်လို့ ပြောခဲ့တယ်မလား။ လမ်းမှာ ငါ ဒီကျားသစ်နဲ့ တွေ့ခဲ့တာပဲ။ ဒါ့ကြောင့် နည်းနည်း အချိန်ဖင့်သွားခဲ့တာ…”

ထိုသူက ယင်းသို့ ပြောလိုက်ပြီး သမီးဖြစ်သူ၏ ခေါင်းကို သပ်လိုက်သည်။

“အစ်ကို ခြေထောက်က ဘယ်လိုဖြစ်တာလဲ…” ထိုအမျိုးသမီးက သူ့ယောက်ျားခြေထောက်ပေါ်ရှိ သွေးကွက်ကို မြင်၏။ သူမက ခပ်မြန်မြန် ဒူးထောက်ချကာ သေချာ ကြည့်လိုက်၏။ သူမက ကုတ်ရာခပ်ပါးပါးကို မြင်လိုက်သည်။

“ပြဿနာ မရှိဘူး။ အဖြူရောင်လေးနဲ့ဆို ဒီတောင်မှာ ရှိတဲ့ သားရဲတွေက ငါ့ကို ဒဏ်ရာ ရစေနိုင်မှာ မဟုတ်ဘူး…”  ထိုအမျိုးသားက ရယ်မောကာ ပြောဆိုစဉ် ခြံဝန်းထံမှ အရိပ်တစ်ခုက မိန်းကလေးငယ်ထံ ခုန်ပေါက်ဝင်လာ၏။ ၎င်းက မိန်းကလေးငယ်ကို မရပ်တန်း လျှာဖြင့် ပွတ်သပ်သည်။ ၎င်းမှာ ခွေးနက်ကြီးတစ်ကောင်ပင်။

သို့ပေမည့် ၎င်းမှာ ကျားတစ်ကောင်နှင့် ပိုတူပေသည်။

“အဖြူရောင်လေးက တောတောင်ထဲမှာ ကျားတစ်ကောင်လို ဘယ်လိုဟိန်းဟောက်ရမလဲ သင်ယူခဲ့ပြန်ပြီ။ ကျုပ်တော့ တကယ်ပဲ မတွေးတတ်အောင်ပဲ။ သူက ခွေးလား၊ ကျားလား မသိတော့ဘူး…”

ထိုအမျိုးသားက ယင်းခွေးကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်သည်။

“အဖြူကောင်လေးက သိပ်တော်တာပဲ။ တအား သိတတ်တယ်…”  ထိုမိန်းကလေးငယ်က ဘေးတဖက်သို့ ခွေးနက်ကြီးကို တွန်းဖယ်ကာ အမွှေးကို ပွတ်သပ်ပေးလိုက်သည်။

ထိုခွေးက အတော်လေး ပျော်သွားပုံ  ရသည်။ ၎င်းက နောက်ပြန်လှန်ချလိုက်ပြီး ဝမ်းဗိုက်သားကို လှစ်ဟပြသည်။ မိန်းကလေးငယ်က ရယ်မောကာ ထိုခွေး၏ ဝမ်းဗိုက်ကို ပွတ်သပ်ပေးလိုက်သည်။ ထိုခွေးက အတော်လေး သက်တောင့်သက်သာ ဖြစ်သွားပုံတူ၏။

မိသားစုတစုလုံးက ရယ်မောနေလျက် ရှိစဉ် ကောင်းကင်ထက်ရှိ အဖြူရောင်ပုံရိပ်ကို မထောက်လှမ်းမိနိုင်ပေ။ ဝမ်လင်းက သည်ပျော်ရွှင်နေသော မိသားစုကို ကြည့်နေ၏။ သူက ထိုမိန်းကလေးငယ်၏ အပြုံးကို မြင်သည့်အခါ သူလည်း ပြုံးမိသည်။

“အဖြူကောင်လေး…ငါ သူ့ကို ပြန်လည်မွေးဖွားဖို့ ခေါ်လာခဲ့တာ မေ့လုနီးနီး ဖြစ်နေတာပဲ။သူလည်း ခွေးတစ်ကောင်အဖြစ် ပြန်မွေးဖွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိခဲ့ဘူး။ ခု ကြည့်ရတာ သူက ဉာဏ်ရည်ရှိပြီး ကျင့်ကြံမှုလည်း ပိုင်ဆိုင်ထားပုံပဲ…”    ဝမ်လင်းက ပြုံး၍ မြေပြင်ထက်တွင် ပက်လက်လှန်နေသော ထိုခွေးကြီးကို ကြည့်၏။ သို့ပေမည့် ထိုခွေးက ကောင်းကင်ထက်သို့ မော့ကြည့်သည့်အခါ ဝမ်လင်း၏ပုံရိပ်ကို မြင်သည့်အခါ မင်သက်သွားလေ၏။

သူ့အမူအရာတွင် ချက်ခြင်း အကြောက်တရား ပြည့်နှက်သွားသည်။ ထိုခွေးက မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွား၏။

ဝ၎င်း်လင်းသည် ထိုခွေးကို ကြည့်သည့်အခါ သူက ၎င်း၏မျက်လုံးထဲရှိ အကြောက်တရားကို မြင်၏။ သူ့အပြုံးက ပိုပီပြင်လာသည်။ “အို…မင်း ငါ့ကို မှတ်မိတာလား…”

သို့ပေမည့် ထိုမိသားစုကမူ ခွေး၏ အပြုအမူမှာ ထူးဆန်းသွားသည်ကို သတိမပြုမိကြပေ။ မိန်းကလေးငယ်က သူမ၏အဖေဖြစ်သူ့ကို ကြည့်ကာ ပြောလိုက်၏။

“အဖေ…သမီး…ပြီးခဲ့တဲ့ညက ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာတယ်လို့ အိပ်မက်မက်တယ်…”

“ကောင်းတာပေါ့…သမီးရဲ့။ ငါ့သမီးဟာ ကျိန်းသေပေါက် ကောင်းကင်ဘုံသား ဖြစ်လာမှာပဲ…” ထိုအမျိုးသားက ရယ်မောကာ ဆိုသည်။

“သမီးကတော့ ကောင်းကင်ဘုံသား မဖြစ်လာချင်ပါဘူး။ သမီးက ကောင်းကင်ဘုံသားတစ်ယောက်လိုမျိုး နေထိုင်ခဲ့ဖူးတယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ အဲ့ဘဝမှာ သမီး မပျော်ရွှင်ခဲ့ရဘူး။ အခုကသာ အများကြီး ပိုကောင်းတယ်။ ဒါက အိပ်မက်တစ်ခုပါပဲ။ သမီး ကောင်းကင်ဘုံသား မဖြစ်လာချင်ဘူး…”

“သမီးက လက်ကျန်ဘဝတခုလုံး အဖေနဲ့အမေနဲ့ပဲ အတူရှိချင်တာ…”  ထိုမိန်းကလေးငယ်၏ စကားတို့မှာ အလေးအနက် ဖြစ်လာ၏။

သူမ၏စကားသံတို့က ဝမ်လင်းကို မင်သက်သွားစေသည်။ သူက စိတ်ရှုပ်ထွေးဟန် အမူအရာ ဖြစ်ပေါ်သွားသည်။ သူသည် ထိုမိန်းကလေးငယ်၏ ပျော်ရွှင်နေသော အပြုံးကို ကြည့်၏။ ထို့နောက် တည်ငြိမ်နေသော တောင်ခြေရွာကို လှမ်းကြည့်သည်။ အချိန်အတန်ကြာပြီးနောက်  ဝမ်လင်းက လေးနက်စွာ ထပ်ကြည့်လိုက်ပြီး ကောင်းကင်ထက်သို့ ပျောက်ကွယ်သွားတော့သည်။

“ဒါက သူမ လိုချင်တဲ့ဘဝ ဖြစ်နိုင်တာပဲလေ…”

ထိုည၌ သူမသည် အိပ်မက်ထပ်မက်သည်။ ထိုအိပ်မက်ထဲတွင် သူမသည် ကျိုးယုဟူသော အမည်ဖြင့် အမျိုးသမီးသမီးတစ်ယောက် ဖြစ်နေ၏။ သူမထံ၌ အဖြူရောင်လေးဟု အမည်ရသော ပုံရိပ်တစ်ခုကို ပိုင်ဆိုင်ထား၏။ သူမက ထိုပုံရိပ်ကို အမြဲအနိုင်ကျင့်တတ်ပေသည်။ သူမထံ၌ သူမနှင့် အနီးဆုံး ဆွေမျိုးဟု ထင်ရသော ဦးလေးတစ်ယောက်လည်း ရှိပေသည်။

ထိုအိပ်မက်ထဲ၌ သူမ၏ ဦးလေးက သူမကို သူနှင့်အတူ ထွက်သွားချင်လားဟု မေးခဲ့၏။ သူမက အချိန်အကြာကြီး စဉ်းစားနေခဲ့ပြီးနောက် သူမဦးလေး ဖြစ်သူကို သည်မှာသာ နေချင်ကြောင်း ပြောခဲ့ပေသည်။

ထိုည၌ ခွေးမှာလည်း အိပ်မက်မက်လေသည်။ ထိုအိပ်မက်ထဲ၌ သူက ကျားတစ်ကောင် ဖြစ်ပြီး အတော်လေး ကြမ်းကြုတ်ကာ သူ ဆန္ဒရှိသလို လုပ်နိုင်၏။ သူက ကျားမများ ဝန်းရံထားကာ အတော်လေး မြူးပျော်ခဲ့ရသည်။

သူက ဝတ်စုံဖြူနှင့် အမျိုးသားတစ်ယောက်က သူ့ရှေ့တွင် ပေါ်လာခဲ့သည်ကိုလည်း အိပ်မက်မက်ခဲ့သည်။ သူက ထိုသူမှာ အတိတ်တုန်းက သူ့ကို ဖမ်းဆီးခဲ့သူမှန်း သိ၏။ ထိုသူက သူ့ကို အရသာရှိသော ဆေးလုံးများကို ပေးကာ သူ့ဦးခေါင်းကို ပုတ်၍ ထွက်ခွာသွားခဲ့သည်။

“တနေ့ကျလို့ ကျိုးယုက သူမရဲ့ ကိုယ်ပိုင်အိပ်မက်နောက် လိုက်ချင်ရင် မင်းအနေနဲ့ သူမရဲ့ မှတ်ဉာဏ်တွေကို ဖြေလျှော့ပေးလိုက်ပါ…”

ထိုသူ ထွက်ခွာသွား၏။ သူ၏ စကားသံတို့က ခွေး၏စိတ်ထဲ၌ အချိန်အတန်ကြာ ပဲ့တင်ထပ်ကျန်ခဲ့သည်။

ကောင်းကင်ဘုံကလန်၏ အလယ်ပိုင်းကုန်းမြေ။ ရှေးမြို့သည် အလွန်ကြီးမားလှ၏။ ထို့ကြောင့် လူတစ်ယောက်သည် ကောင်းကင်ယံရှိ နေမင်း၊လမင်းတို့ကို တပြိုင်တည်း မြင်နိုင်သည်။ သည်အခိုက် အင်ပါယာနန်းတော်တွင် ညဘက်အခါ ဖြစ်သော်လည်း နန်းတော်ထဲရှိ အလင်းများကြောင့် သိပ်မမှောင်နေပေ။

နန်းတော်တစ်ခုလုံးက တိတ်ဆိတ်နေသည်။

ပုံရိပ်တစ်ခုက အမှောင်ထုထဲကနေ လှမ်းထွက်လာကာ အောက်ဘက်ရှိ နန်းတော်ကို ကြည့်သည်။ ထိုပုံရိပ်က နေရာတွင် အချိန်အကြာကြီး ရပ်နေပြီးမှ ဆင်းသက်လာသည်။ နန်းတော်ထဲရှိ အလင်းက မှုန်ဝါးနေစဉ် ထိုပုံရိပ် သက်ဆင်းလာသည်။

ထိုပုံရိပ်က နန်းတော်ရင်ပြင်သို့ ခြေချချိန်တွင်မူ အလင်းရောင်က ပုံမှန် ပြန်ဖြစ်သွား၏။

ဝမ်လင်းက ထိုနေရာကို ကြည့်သည်။ အတိတ်တုန်းက သူသည် ဒီနေရာတွင် သေလုနီးပါး ဖြစ်ခဲ့ရကာ အရူးနှင့်အတူ မထွက်သွားနိုင်ခဲ့ပေ။ အရူးက ထာဝရမိန်းမောကာ ကုန်းမြေခုနစ်ဆယ့်နှစ်ခုကို ဖိနှိပ်ရမည့် တောင်တလုံး ဖြစ်လာတာကို သူ စောင့်ကြည့်ရုံသာ စောင့်ကြည့်နိုင်ခဲ့သည်။

“ငါ ထွက်သွားတုန်းက ငါဟာ ပြန်လာပြီး အရူးကို နိုးထစေမယ်လို့ ကျိန်ဆိုခဲ့တယ်။ အခု ငါ့ကို ဘယ်သူမှ ထပ်ပြီး မတားနိုင်တော့ဘူး…”  ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်ကာ ဆောင့်နင်းလိုက်၏။

ထိုအခါ နန်းတော်မြေပြင်တစ်ခုလုံးသည် မည်သူမျှ သတိမပြုမိစေဘဲ တုန်ခါသွားသည်။ ယင်းတုန်ခါမှုက နန်းတော်အစစ်တွင် ဖြစ်ပွားခြင်းမဟုတ်၊ နန်းတော်နှင့် ထပ်နေသော ဟင်းလင်းပြင်တွင် တုန်ခါသွားတာပင်။

ဝမ်လင်း၏ ပတ်ဝန်းကျင်တစ်ခုလုံးသည် ဝေဝါးသွား၏။ ထို့နောက် သူ့ပုံရိပ်သည် ပျောက်ကွယ်ကာ မြေအောက်နန်းတော်ထဲ၌ ပြန်ပေါ်လာသည်။

မြေအောက်နန်းတော်တစ်ခုလုံးသည် မှုန်မှိုင်းနေကာ အရင်တုန်းကလိုပင်။ ကွာခြားတာဟူ၍ တောင်တစ်လုံးသာ ရှိနေတော့တာ ဖြစ်သည်။

ထိုတောင်က အလွန်ကြီးမား၏။ တောင်၏အပြင်ဘက်ကနေ ဝမ်လင်းသည် ၎င်းအတွင်း၌ အိပ်ပျော်နေသော အရူးကို ခံစားမိသည်။

ထိုတောင်၏ အတွင်းအပြင်တွင် မရေမတွက်နိုင်သော အတားအဆီးများနှင့် ချိပ်ပိတ်မှုများ ရှိ၏။ မဟာအင်ပါယာတစ်ယောက်သည်ပင် ယင်းတို့ကို ချိုးဖျက်ဖို့ အချိန်အတော်လေး လိုအပ်ပေမည်။

ဝမ်လင်းက ညာလက်ကို ပင့်မြှောက်လိုက်ကာ တောင်ထံ ဝေ့ယမ်း၏။ သည်တောင်က တုန်ဟည်းသွားကာ လျင်မြန်သောနှုန်းဖြင့် ပျက်စီးသည်။ ကျောက်စကျောက်နများစွာ ပဲ့ကြွေကျသည်။ မျက်စိတမှိတ်အတွင်း အတားအဆီးများနှင့် ချိပ်ပိတ်မှုများသည် ဝမ်လင်း၏ လက်ဝေ့ယမ်းမှုကြောင့် ပျောက်ကွယ်သွားသည်။

ထိုတောင် ပျက်စီးသည့်အခါ အရူး၏ခန္ဓာကိုယ် ပေါ်လာ၏။ သူက နေရာတွင် မျက်လုံးမှိတ်ကာ လှဲလျောင်းကာ အိပ်ပျော်နေသည်။ သူ၏ခန္ဓာကိုယ်ထံမှ မဟာအင်ပါယာတစ်ယောက်၏ ကျင့်ကြံမှုလှိုင်း ထွက်ပေါ်နေသည်။

ဝမ်လင်းက ရှေ့သို့ ခြေလှမ်းကာ အရူးဘေးသို့ ရောက်လာသည်။ သူက အရူးကို ကြည့်ကာ အရူး၏နဖူးထံ လက်ညွှန်သည်။ ထိုအခါ အရူး၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားသည်။

ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူ၏ နတ်ဘုရားအာရုံကို သူ့လက်ချောင်းမှ တဆင့် အရူး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ့ကို နိုးထစေသည်။

ဖြတ်ခနဲအတွင်း နာရီဝက်လောက် ကုန်ဆုံးသွားသည်။ ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာ၏။ သူက စိတ်ရှုပ်ထွေးဟန် အကြည့်  ဖြစ်ပေါ်ပြီး အရူးကို ကြည့်၍ ပြောလိုက်သည်။

“မင်း တကယ်ပဲ ဒီလို လုပ်ဖို့ ရွေးချယ်ရင်လည်း ငါ့အနေနဲ့ မင်းရဲ့ ရွေးချယ်မှုကို လေးစားပါတယ်။ ဂရုစိုက်ပါ…”

ဝမ်လင်းက သက်ပြင်းချကာ ထရပ်၏။ သူသည် ကောင်းကင်ထက်သို့ ခြေလှမ်းကာ သည်မြေအောက်နန်းတော်ထဲမှ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်း ထွက်သွားသည့်နောက် အရူးက မျက်လုံးဖွင့်လာပြီး ဝမ်လင်း ရပ်ခဲ့သော နေရာကို အချိန်အတန်ကြာ ကြည့်သည်။

“ငါ စိတ်ရှုပ်ထွေးခဲ့ဖူးတယ်။ ငါ ရူးခဲ့ဖူးတယ်။ ဒါပေမဲ့ ငါဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ မျိုးဆက်တစ်ယောက်ပဲ။ လျန်တောက်ကျန်းလည်း ခုဆို သေသွားခဲ့ပြီ။ ငါသာ ထွက်ခွာသွားခဲ့ရင် ကောင်းကင်ဘုံကလန်မှာ အင်ပါယာ ရှိမှာ မဟုတ်တော့ဘူး…”

“ငါ ဒီနေရာကနေ ထွက်သွားချင်တယ်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကနေ ထွက်သွားချင်တယ်။ ဒါပေမဲ့ ငါ့မှာ ကောင်းကင်ဘုံဘိုးဘေးရဲ့ အမွေအနှစ်ကို ဆက်ခံခဲ့မှတော့ ငါ ဒါကို တောင့်ခံရတော့မယ်။ ဒါက ငါ့ရဲ့ တာဝန်ယူခြင်းပဲ…”

“ငါ အိပ်ပျော်မေ့မောနေတဲ့အချိန်အတွင်း သဘောပေါက်ခဲ့တယ်…” အရူးက ထရပ်၏။ သူက ဖြစ်တောင့်ဖြစ်ခဲ ပြတ်သားမှုကို လှစ်ဟပေါ်ကာ တကိုယ်တည်း ရေရွတ်လိုက်လေ၏။

ကောင်းကင်ဘုံကလနက်ို မျိုးဆက်အဆက်ဆက် စောင့်ရှောက်ရမယ်။ ငါ့မှာ ဘာတာဝန်ယူစရာမှ မရှိတော့ဘူးလို့ ခံစားရတဲ့ အခါကျရင် ငါ မင်းကို လာရှာမယ်…ဝမ်လင်း..”

All Chapters