စစ်နန်
Vol. 153 Ch. 2122
ဝမ်လင်းက အရူး၏ဆုံးဖြတ်ချက်ကို လေးစားသည်။ လူတိုင်းသည် သူတို့၏ ကိုယ်ပိုင်တာဝန်ယူမှု၊တာဝန်ခံမှု ရှိကြ၏။ ဝမ်လင်းက ထိုသည်ကို နားလည်သည်။
သူ့ထံ၌ အရူး၏ တာဝန်ခံခြင်းကို ဆုံးဖြတ်ပေးပိုင်ခွင့် မရှိနေပေ။ မိတ်ဆွေတစ်ယောက်အနေဖြင့် သူ အကောင်းဆုံး လုပ်ပေးနိုင်သည်မှာ အရူးကို နိုးထလာအောင်သာ။
ဝမ်လင်းသည်လည်း သူ လုပ်ရမည့် လမ်းကြောင်းအတိုင်း လုပ်ဆောင်သည့်သူ ဖြစ်၏။ သူက လှိုဏ်ဂူလောကသို့ ၊ ဟင်္သာပြဒါးဂြိုဟ်ထံသို့၊ သူ ကြီးပြင်းခဲ့ရာနေရာထံ ပြန်ချင်ပေသည်။
“နောက်တစ်ကြိမ် အရူးနဲ့ငါနဲ့ တွေ့ဖို့ဟာ နောင်နှစ်ပေါင်းသုံးရာလောက်မှ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်…” ဝမ်လင်းသည် အကွာအဝေးတစ်ခုထံ လျှောက်လာ၏။ သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် အစွမ်းထက်ဆုံးသူ ဖြစ်သော်လည်း သူ စိတ်ရှုပ်ထွေးနေသော အရာအချို့ ရှိနေတုန်းပင်။ ဥပမာ ထာဝရနတ်ဘုရားနယ်မြေ၊ ရှေ့ဖြစ်ဟောသူ၊ ဝမ်အာကို ပြန်အသွင်သွင်းနိုင်ဖို့တို့ပင်။
ကျယ်ပြောလှသော ကောင်းကင်အောက်တွင် လျှောက်လာနေရင်း ဝမ်လင်းက စိတ်ရှုပ်ထွေးခြင်းကို ခံစားမိ၏။ သူက သူ့မိတ်ဆွေဟောင်းများသည် သူတို့၏ မှတ်ဉာဏ်များကို နိုးထစေချင်လား၊ သို့တည်းမဟုတ် သူနှင့်အတူ လှိုဏ်ဂူလောကသို့ ပြန်လိုက်ချင်လားကို မသိတော့ပေ။
“အတိတ်ကို မေ့ပစ်ပြီး အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှာ ဘဝအသစ်စနေတာလဲ သူတို့အတွက် အကောင်းဆုံး ဖြစ်နိုင်တာပဲလေ…”
ဝမ်လင်းသည် ကျိုးယုအကြောင်းတွေးမိကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ ဤသည်မှာ သူမ၏ ရွေးချယ်မှု ဖြစ်သည် မဟုတ်လား။
“သူတို့ရဲ့ ရွေးချယ်မှုကို ငါ ဆန္ဒရှိသလို အစားထိုး မပစ်နိုင်ဘူး…” ဝမ်လင်းက သက်ပြင်းချကာ အကွာအဝေးတစ်ခုထံ လှမ်းကြည့်၏။ ထိုအရပ်တွင် စစ်ထူနန် ရှိနေပေသည်။
ဝူရွှမ်နိုင်ငံက ကောင်းကင်ပုဆိန်ကုန်းမြေ၏ အလယ်ပိုင်းဒေသရှိ မြောက်ပိုင်းတွင် တည်ရှိသော သေမျိုးနိုင်ငံတစ်နိုင်ငံ ဖြစ်၏။ သည်ကောင်းကင်ပုဆိန်နိုင်ငံတွင် နိုင်ငံလေးနိုင်ငံ ရှိကာ သူတို့ကြားရှိ ပဋိပက္ခမှာ တနှစ်ပတ်လုံး ရှိနေသည်။ ကြီးကြီးမားမား စစ်ပွဲများ မဖြစ်ကြသော်လည်း နယ်စပ်များ၌ တိုက်ပွဲငယ်များ ဖြစ်လေ့ရှိသည်။
သို့ပေမည့် နိုင်ငံလေးနိုင်ငံလုံးက သည်အနေထားအတိုင်း ထိန်းချုပ်ထားသဖြင့် တိုက်ပွဲများက ကျယ်ကျယ်ပြန့်ပြန့်တော့ မဖြစ်လာပါ။
ဝူရွှမ်နှင့် ကျိုးလင်းနိုင်ငံ နယ်စပ်၌ စစ်သားများစွာ အသင့်အနေထား ရှိနေကြ၏။ သည်နေရာရှိ လေထုတွင် သတ်ဖြတ်လိုစိတ်တို့ အားကောင်းနေ၏။
သည်စစ်တပ်အုပ်စု၏ အစပ်၌ တပ်သားထောင်ချီသည် တန်းစီ ရပ်နေ၏။ ဗိုလ်ချုပ်များနှင့် အရာရှိများက တခုခုကို စောင့်နေသည့်အလား အကွာအဝေးတစ်ခုထံ ကြည့်နေ၏။
များမကြာမီ မြင်းခွာသံများကို လမ်းမရှည်တလျှောက် ကြားလာရ၏။ မြင်းနက်တစ်ကောင်က လေအလျင်အလား အရှိန်အဟုန်နှင့် တပ်သားများထံ ဦးတည်လာပြီး ဗိုလ်ချုပ်များရှေ့တွင် ရပ်သည်။ ထိုစစ်မြင်းက ဟည်သံပေးကာ ၎င်းပေါ်မှ လူတစ်ယောက် ခုန်ဆင်းလာသည်။
ထိုသူက ချပ်ဝတ်ဝတ်ဆင်ထား၏။ သူ ဆင်းသက်လာပြီးနောက် ဒူးတဖက်ထောက်ကာ လက်နှစ်ဖက်ဆုပ်၍ ပြောလာ၏။
“တင်ပြပါတယ်…”
“ဘုရင်နန်ရဲ့ အုပ်စုက ကီလိုမီတာငါးဆယ် အကွာကို ရောက်နေပါပြီ…”
ထိုတပ်သားက အသံကျယ်ကျယ်ဖြင့် ပြောလိုက်ပြီးနောက် ခေါင်းငုံ့ကာ အမိန့်များကို စောင့်သည်။
ထိုအုပ်စုကြားထဲ၌ ဖိအားတစ်ခု ပေးစွမ်းနေသော အဘိုးအိုတစ်ယောက် ရှိနေသည်။ သူက သည်အုပ်စု၏ အလယ်တွင် ရှိနေပြီး အလျင်အမြန် ပြောလိုက်၏။ “ဆက်ပြီးတော့ ကင်းထောက်နေပါ။ ငါတို့ ဘုရင်နန်ကို ကြိုဆိုမယ်…”
သူ ပြော၍ ပြီးသည့်နောက် သက်လတ်ပိုင်းလူတစ်ယောက်သည် ရှေ့သို့ ခပ်သွက်သွက် ထွက်လာ၏။ သူက ထိုအဘိုးအိုကို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်ပြီးနောက် စစ်တပ်ဝန်းထဲမှ တပ်သားတစ်ထောင်ကို အထိုင်ချသည်။
ထိုဗိုလ်ချုပ်အိုဘေးရှိ အမှုထမ်းတစ်ယောက်က ရှေ့သို့ လှမ်းထွက်ကာ ပြောလိုက်၏။ “မဟာဗိုလ်ချုပ်၊ ဒီဘုရင်နန်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတဲ့ပုံပဲ…”
“ပြောကြတာက ဒီဘုရင်နန်ဟာ အပျော်ကြူးပြီး ဖျက်စီးတတ်တဲ့သူမျိုးတဲ့။ သူ ဖြတ်သန်းသွားလာရင် လူတိုင်းနီးပါးက သူ့ကို ကြောက်ရတယ်တဲ့…”
ထိုဗိုလ်ချုပ်အိုက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက သူ့ဘေးမှလူများ ပြောသည့် စကားများကို မကြားသည့်အလား။ သူသည် စကားတခွန်းမှ မဆိုဘဲ နေရာတွင် ရပ်နေ၏။ သို့သော် သူ့မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားသည်။ သူ့ပတ်လည်တွင် အားကောင်းသော အရှိန်အဝါတစ်ခု ရှိလာသည်။
နယ်စပ်ကို စောင့်ကြပ်ရသော မဟာဗိုလ်ချုပ်တစ်ယောက်အနေဖြင့် သူသည် တပ်သားသန်းတဝက်ကို ထိန်းချုပ်ရသူ ဖြစ်၏။ သူ့အနေဖြင့် ဝူရွှမ်နိုင်ငံကသာ သူကဲ့သို့ ဗိုလ်ချုပ်တစ်ယောက် မလိုအပ်တော့ပါက သူသည် အတင်းအကြပ် အနားပေးခံရနိုင်ပေသည်။
“ပြောကြတာက ဒီဘုရင်နန်က မောက်မာလွန်းတယ်တဲ့။ သူက ရုပ်ရည်အသွင်အပြင်တွေကိုလည်း ဂရုစိုက်တယ်လို့ ဆိုတယ်။ သူ့ကို ကြိုဆိုတဲ့အုပ်စုက လူမများရင် သူ မပျော်မရွှင် ဖြစ်သွားနိုင်လောက်တယ်။ မဟာဗိုလ်ချုပ်…ကျုပ်တို့ လူပိုများများနဲ့ သူ့ကို ကြိုဆိုသင့်တယ်…”
“မဟာဗိုလ်ချုပ် ဒီနိမ့်ကျတဲ့သူက ကျုပ်တို့အနေနဲ့ သူ့ကို နှုတ်ဆက်ဖို့ လူပိုများများ စေလွှတ်သင့်တယ်လို့ ခံစားမိတယ်။ ဘုရင်နန်က ကြီးကျယ်တဲ့ မြင်ကွင်းကို သဘောကျမှတော့ ကျုပ်တို့ သူ့ကို တပ်သားတစ်သိန်းစစ်တပ်အုပ်နဲ့ ကြိုဆိုသင့်တယ်။ လမ်းမပေါ်မှာလည်း တပ်သားတွေ စီတန်းခိုင်းထားပြီး ကျုပ်တို့ စစ်တပ်ရဲ့ ခွန်အားကို သူ့ကို မြင်စေရင် ကောင်းမလား…”
“မဟာဗိုလ်ချုပ်…ချီတုံချတုံ ဖြစ်နေဖို့ မလိုပါဘူး။ ဘုရင်နန်က သိပ်ကောင်းတဲ့သူ မဟုတ်တဲ့အတွက် မဟာဗိုလ်ချုပ်ကို ပစ်မှတ်ထားနိုင်တယ်။ အဲ့လိုလူမျိုးအတွက် ကျုပ်တို့…”
ထိုဗိုလ်ချုပ်အိုသည် မျက်မှောင်ကြုတ်ကာ သူ့လက်ကို ပင့်မြှောက်လိုက်၏။ လူတိုင်းသည် ငြိမ်သက်သွားကာ အကြည့်အားလုံးက သူ့အပေါ် ကျရောက်လာသည်။ သည်စစ်တပ်၌ သူ၏ အဆင့်အတန်းကို မည်သူမျှ အစားမထိုးနိုင်သည်ကို မြင်နိုင်ပေ၏။
“ငါ့တပ်သားတွေဟာ သွေးနဲ့ရင်းတဲ့ တိုက်ပွဲတွေမှာ ဆယ်စုနှစ်လောက် ရှင်သန်ခဲ့ကြတဲ့ သူရဲကောင်းတွေပဲ။ ဘုရင်နန်ကို နှုတ်ဆက်ကြိုဆိုဖို့ ငါ သူတို့ကို အသုံးမပြုနိုင်ဘူး။ လူတစ်ထောင်နဲ့ ငါ ကိုယ်တိုင် ဒီမှာ ရှိနေရင်ပဲ လုံလောက်ပြီ…”
မဟာဗိုလ်ချုပ်၏ မျက်လုံးထဲတွင် ပြတ်သားမှုတို့ ပြည့်နေပေသည်။
သူ ထိုသို့ ဆိုသည့်နောက် လူတိုင်း၏ အမူအရာက အလေးအနက် ဖြစ်လာကာ သူတို့က အသိအမှတ်ပြုဟန်ဖြင့် လက်နှစ်ဖက်ဆုပ်ကြ၏။
ကီလိုမီတာတစ်ထောင်အကွာတွင် ခမ်းနားထည်ဝါသော ပေတစ်ရာလောက် ရှိသည့် မြင်းလှည်းတစ်ခုက လမ်းမရှည်အတိုင်း ကျန်မြင်းလှည်းတွဲများ ခြံရံကာ မောင်းနှင်လာပေ၏။ သည်မြင်းလှည်းတွဲများ ပတ်ပတ်လည်တွင် သာမန်ဝတ်စုံဖြင့် သိုင်းပညာရှင်များ ရှိနေသည်။
ပေတစ်ရာရှိသော မြင်းလှည်းထံမှ အမျိုးသမီးများ၏ ရယ်သံနှင့်အတူ ဂီတသံများ ထွက်ပေါ်နေ၏။ ကြည့်ရသည်မှာ ထိုမြင်းလှည်းပေါ်တွင် အတော်လေး သက်ဝင်လှုပ်ရှားနေပုံပင်။
“ကောင်းတယ်…ကောင်းတယ်။ ကခုန်ကြ။ ဒီဘုရင်က မင်းတို့ကို ဆုချီးမြှင့်မယ်…”
အမျိုးသားတစ်ယောက်၏ အသံသည် ထွက်ပေါ်လာ၏။ ထို့အတူ သည်လှည်းတွဲထံမှ ခပ်တိုးတိုး ငြီးသံလည်း ထွက်ပေါ်နေသည့်ပုံ ပေါ်သည်။ ဘေးပတ်လည်မှ အစောင့်များက ဤသည်ကို အသားကျနေပြီး ဖြစ်ကာ အရေးထားမနေတော့ပေ။
အစောင့်အရှောက်များနှင့် မြင်းလှည်းတွဲက ရှေ့သို့ ဆက်လာနေ၏။ ကြိုဆိုဖို့ ရောက်လာသော တပ်သားတစ်ထောင်သည်လည်း ယင်းလှည်းများကို မြင်၏။ ထိုတပ်သားများက ကြိုဆိုနှုတ်ဆက်ဖို့ ရောက်လာသည်ကို မြင်သည့်အခါ ပေတစ်ရာမြင်းလှည်းတွဲမှ အေးစက်စက်နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။
သို့သော် ထိုလှည်းက မရပ်ဘဲ သည်တပ်သားတစ်ထောင်၏ အကာအကွယ်အောက်တွင် ရှေ့ဆက်လာနေသည်။
နာရီဝက်လောက် ကြာပြီးနောက် သည်မြင်းလှည်းတွဲသည် ဗိုလ်ချုပ်အို ရှိနေသော နေရာတွင် ပေါ်လာသည်။ ညည်းသံများက ပေတစ်ထောင်မြင်းလှည်းတွဲထံမှ မကြာဆိုသလို ထွက်ပေါ်လာသည်။ နီးကပ်လာသည့်အခါ ထိုအသံတို့က ပိုထင်ရှားလာ၏။ သည်နေရာရှိ တပ်သားအားလုံးက ယင်းညည်းသံများကို ကြားရသည်။ ထိုသည်က ဗိုလ်ချုပ်အိုကို မျက်မှောင်ကြုတ်သွားစေ၏။ သူ့မျက်လုံးထဲတွင် မနှစ်မြို့ဟန် ပေါ်လာသည်။
သူက အေးစက်စက်နှာခေါင်းရှုံ့ကာ ရှေ့သို့ လှမ်းလာသည်။ သူ့နောက်၌ မင်းမှုထမ်းများက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လိုက်ပါလာကြသည်။ သူ နီးကပ်လာသည့်ခါ တားဆီးခံလိုက်ရသော လှည်းပတ်လည်မှ အစောင့်များသည် စိတ်ပူပန်တကြီး ဖြစ်ကုန်၏။ သူတို့သည် ထိုဗိုလ်ချုပ်အိုထံမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိကြကာ ၎င်းက သူတို့အား တုန်ယင်စေသည်။
အစောင့်များက လန့်နေ၏။ သို့သော် သူတို့က အလျင်အမြန် ရှေ့သို့ ဆက်လာသည်။ မြင်းလှည်းပေါ်မှ လူငယ်တစ်ယောက် ခပ်သွက်သွက် ထရပ်ကာ အော်ဟစ်လိုက်၏။ “ရပ်လိုက်…ဘုရင်နန်က…”
ထိုလူငယ်၏ စကားမဆုံးခင်မှာပင် ဗိုလ်ချုပ်အိုဘေးနားမှ သက်လတ်ပိုင်းအရွယ် ဗိုလ်ချုပ်တစ်ယောက်က အေးစက်စက်အကြည့်ကို ထုတ်ဖော်ကာ လှမ်းဟောက်၏။ “မင်းက ဘယ်သူလဲ…”
သူ ထိုသို့ လှမ်းဟောက်ချိန်၌ သည်နေရာရှိ တပ်သားအားလုံး၏ အကြည့်က ထိုလူငယ်ပေါ်သို့ ကျရောက်သွားကာ မမြင်ရသောဖိအားတစ်ခုကို ဖြစ်စေသည်။ လူငယ်၏ မျက်နှာက ရုတ်တရက် ဖြူရောသွားကာ သူသည် စကားပင် ဆက်မပြောဝံ့တော့ပေ။
“စစ်နန်…မင်း ဒါ ဘာလုပ်တာလဲ…” ဗိုလ်ချုပ်အိုက ရှေ့တိုးလာစဉ် လှည်းထံမှ အော်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုအခါ ညည်းညူသံများ ရုတ်တရက် ရပ်သွားသည်။
ထိုဗိုလ်ချုပ်အိုထံမှ ဖိအားတစ်ခု ပေးနေလျက် သူက မြင်းလှည်းဘေးတွင် ရပ်ကာ စကားဆိုသည်။ “ဒီဗိုလ်ချုပ်အိုစစ်နန်က ဘုရင်နန်ကို နှုတ်ဆက်ပါတယ်…”
တအောင့် တိတ်သွားပြီးနောက် မြင်းလှည်းအတွင်းမှ လိုက်ကာစ ပွင့်ဟလာကာ သက်လတ်ပိုင်းလူတစ်ယောက် လှမ်းထွက်လာ၏။ သူ့ပုံစံက မျက်တွင်းမျက်ချောင် ကျနေပုံပေါ်သည်။ သူက လှည်းပေါ်တွင်ရပ်ကာ ဗိုလ်ချုပ်အိုကို လှမ်းကြည့်၏။ သူ့မျက်နှာထက်တွင် သုန်မှုန်မှု ဖြတ်ပြေးသွားနောက် ရုတ်ချည်း ပြုံးလိုက်သည်။
“ကျုပ်ရဲ့ ဝူရွှမ်နိုင်ငံက မဟာဗိုလ်ချုပ်စစ်နန် ပီသပါပေတယ်။ နယ်စပ်မှာ သင့်ရဲ့ အကာအကွယ်နဲ့ဆို ဝူရွှမ်ဟာ ဘာမှ ကြောက်နေစရာ မရှိတော့ဘူး။ ဒီဘုရင်က အသင်ဗိုလ်ချုပ်ကို ဆုလဒ်ချီးမြှင့်ဖို့ ရောက်လာခဲ့တာပဲ…”
“အို…ဒါဆိုလည်း တပ်ဝန်းထဲ ကျေးဇူးပြုပြီး ဝင်ပါအုံး…” ဗိုလ်ချုပ်အိုက ဘုရင်နန်ကို မထူးခြားနားဟန်ဖြင့် ကြည့်၏။ သို့သော် သူ့အကြည့်က ဘုရင်နန်ကို ဖိအားဖြစ်စေသည်။ ထို့အပြင် သည်နေရာရှိ တပ်သားတိုင်းက သတ်ဖြတ်လိုစိတ်ကို ပေးစွမ်းနေပြီး အေးစက်စက်အကြည့်တို့ ရှိနေကြ၏။ ထိုသည်က သူ့နဖူးထက်တွင် ချွေးပြန်လာစေသည်။
ဘုရင်နန်က အတင်းဟန်လုပ် ပြုံးကာ ခပ်မြန်မြန် ပြောလိုက်သည်။ “မလိုပါဘူး။ ဒီဘုရင် အပြင်မှာပဲ နေတော့မယ်။ အထဲ လိုက်ဝင်ဖို့ မလိုတော့ဘူး…”
ဝမ်လင်းက သည်အဖြစ်အပျက်တို့ကို အစကနေ အဆုံးထိ စောင့်ကြည့်နေသည်ကို မည်သူမျှ မသိကြပေ။ ဝမ်လင်းက ကောင်းကင်ထက်တွင် ရပ်ကာ သူ့အကြည့်က မဟာဗိုလ်ချုပ်စစ်နန် ဆိုသူထံသို့ ကျရောက်နေသည်။
“စစ်ထူနန်က ဘုရင်တစ်ပါး မဖြစ်လာခဲ့ဘူး။ ဒါပေမဲ့ မဟာဗိုလ်ချုပ်တစ်ယောက် ဖြစ်လာခဲ့တာပဲ။ သူ သူ့မှတ်ဉာဏ်တွေ ပြန်ရသွားရင် သူ ဘာတွေးမလဲတော့ ငါလည်း မသိတော့ဘူး…”
ဝမ်လင်းက ပြုံးလိုက်မိ၏။ သူသည် အတော်လေး ပျော်နေသည်။