ကောင်းကင်တခွင်အပြည့် ကြယ်တာရာများ
Vol. 9 Ch. 117
ဝိညာဉ်ကျောက်တုံး ၅၀၀၀ တန်ဖိုးရှိသော ဓားအား ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ဖြင့် ပြန်ရောင်းသည်လား။
အရူးတစ်ယောက်သာ ထိုသို့ ဝယ်ပေမည်။
“စိတ်ဝင်စားစရာပဲ”
တိမ်ပျံဓားဂိုဏ်းမှ ချန်စွန်းစုက ဟန်မူယဲ့အား ကြည့်ကာ တီးတိုးရေရွက်သည်။
သူ့နောက်မှ လူများမှာလည်း ထူးဆန်းသော အမူအရာ ဖြစ်နေကြ၏။
ကောင်းအီ၏မျက်လုံးတွင် စိတ်လှုပ်ရှားသော အငွေ့အသက်များ ပေါ်လာသော်လည်း တခဏအတွင်း ပျက်ပြယ်သွားသည်။
“ဒုတိယသခင်မလေး… ကျုပ် သွန်းလုပ်တဲ့ဒီဓားက အဲလောက်တန်ဖိုးမရှိနိုင်ဘူး”
ကောင်းအီ၏နောက်တွင် ပိန်ပါးသော လူငယ်တစ်ယောက်က လက်သီးတင်းတင်းဆုပ်ကာ ပြောသည်။
“ကျုပ်… ကျုပ်က လအလင်းကျောက်တုံးကို ကြယ်တာရာကျောက်တုံးနဲ့ မှားပြီး… ဒီဓား…”
လူငယ်ကား ကြီးမားစွာ နောင်တရနေဟန် ရှိသည်။
သည်ဓားကို ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဖြင့် ရောင်းပြီးနောက် ကောင်းမိသားစုသည် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ခန့် ဆုံးရှုံးသွား၏။
ကောင်းအီက သူ့အား ကြည့်ကာ ပြောသည်။
“ကောင်းထန်… စီနီယာအစ်ကိုဟန်က ပါရမီရှင်ပဲ။ ဒီဓားဟာ ထူးခြားတယ်ဆိုတာ သူ တကယ်ပြောနိုင်လောက်တယ်”
ကောင်းမိသားစု၏လူငယ်မျိုးဆက်ထဲတွင် ကောင်းထန်သည် တီထွင်ဉာဏ်မြင့်မားကာ စိတ်ဓာတ်ခိုင်မာသူ ဖြစ်သည်။
သည်ဓားက အရှုံးပေါ်သွားသည့်တိုင် သူ၏မြင့်မားသော ရည်မှန်းချက်များအား ထိခိုက်မည် မဟုတ်ပါ။
“ဟုတ်တယ်… ကျုပ်ဓားက တကယ်ပဲ အချိန်အကြာကြီး သွန်းလုပ်ထားခဲ့ရတာ”
ကောင်းထန်၏အသံတွင် ယုံကြည်မှုများ သိပ်မပါချေ။
သူက စင်မြင့်ထက်ကို မျှော်လင့်ချက်မျက်လုံးများဖြင့် ကြည့်သည်။
အံ့ဖွယ်တစ်ခုခု ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
“ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀။ ကောင်လေးက တကယ်ပဲ ပြောရဲတာပဲ”
အောက်တွင် ထိုင်နေသော ရှစ်စွန်းထူက ခေါင်းယမ်းသည်။
“ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ က သိပ်မများဘူး။ တကယ်လို့ စီနီယာအစ်ကိုဟန်က တကယ်ရောင်းချင်တာဆိုရင် ဝယ်လိုက်ကြမယ်”
ပိုင်စုကျန်းက တည်ငြိမ်စွာ ပြောသည်။
ဆိုင်ရှင်ဟယ်က ခေါင်းညိတ်သည်။
“ကောင်းပါပြီ”
ရှစ်စွန်းထူက သူတို့နှစ်ယောက်အား လှမ်းကြည့်ကာ ပါးစပ်ဟပြီးမှ ဘာမှ မပြောတော့ပေ။
နောက်တွင် ထိုင်နေသော လင်းရှန်က ရုတ်တရက် ပြောသည်။
“စီနီယာအစ်ကိုဟန်က ဒီဓားဟာ ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ တန်တယ်ဆိုရင် သေချာပေါက် အဲဒီတန်ဖိုးရှိလို့ပဲ”
“အစ်ကိုဟန်ဟာ ဓားတစ်လက်ကို ဘယ်တုန်းကမှ အကဲဖြတ်မမှားဖူးဘူး”
ပိုင်စုကျန်းနှင့် ရှစ်စွန်းထူတို့က နောက်လှည့်ကြည့်လျှင် လင်းရှန်၏မျက်လုံးများမှ ခိုင်မာသော ယုံကြည်ချက်အား တွေ့ရ၏။
စင်မြင့်ထက်တွင်ကား ဟန်မူယဲ့သည် ဓားကို ကိုင်ကာ အတော်လေးကြာအောင် ရပ်နေပြီ ဖြစ်သည်။
“မင်းက ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ နဲ့ ဘယ်သူ့ကို ရောင်းနေတာလဲ”
တစ်ယောက်က နှာခေါင်းရှုံ့သည်။
“ကြယ်တာရာကျောက်တုံးက ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ တန်ဖိုးရှိရင်တောင် ဓားကို ဘယ်သူက ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ နဲ့ ဝယ်မှာလဲ”
“မင်းက ရူးနေတာပဲ”
ကျင့်ကြံခြင်းလောကတွင် မည်သူမှ မရူးပါ။
“ကောင်လေး… အဲဒီဓားကို ငါ ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ နဲ့ဝယ်မယ်”
ထိုစဉ် ဒုတိယထပ် အခန်းများထဲမှ အိုမင်းသော အသံတစ်သံကို ကြားရသည်။
ဆူညံနေသော ခန်းမကြီးလည်း တိတ်ဆိတ်သွား၏။
တစ်စုံတစ်ယောက်က အမှန်တကယ် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ကမ်းလှမ်းလိုက်သည်လား။
ထိုသို့ အရူးလည်း ရှိနေသေးသည်လား။
အောက်တွင် ရှစ်စွန်းထူက မျက်မှောင်ကြုတ်ကာ တီးတိုးပြောသည်။
“တောက်ရင်… အရူးဟွာလား… ဒီကောင် ဘာလို့ ဒီကို ရောက်နေတာလဲ”
“မဟုတ်ဘူး… ကောင်လေးက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဖြစ်မယ်။ တောက်ရင်က သူ့ကို ကယ်တင်ချင်တာလား”
“သူက ကောင်လေးရဲ့အရည်အချင်းကို သဘောကျနေတာလား”
သူ၏အသံမှာ တိုးညင်းကာ ဘေးမှ ပိုင်စုကျန်းပင် မကြားရပါ။
ထင်သည့်အတိုင်း ခေါင်းဆောင်တောက်ရင်က ကမ်းလှမ်းမှုပြုလုပ်လိုက်သောအခါ မည်သူမှ စကားမပြောကြတော့ချေ။
စင်ပေါ်တွင် ဓားကို ကိုင်ထားသော ဟန်မူယဲ့ သက်ပြင်းချသည်။
ခေါင်းဆောင်ကား ကြင်နာတတ်သူ ဖြစ်သည်။
သို့သော် သူ၏အကဲဖြတ်နိုင်စွမ်းက အလွန်အားနည်း၏။
ထို့နောက် ခေါင်းဆောင်တောက်ရင်သည် မျက်နှာဖုံးစွပ်ကာ စင်ပေါ်သို့ တက်လာသည်။
လေလံပွဲတွင် သူ့အား မှတ်မိသူ သိပ်မရှိပါ။
“ကောင်လေး… ငါ့ကို ဓားပေး…”
ခေါင်းဆောင်တောက်ရင်က လက်ဆန့်တန်းသည်။
သူက ဓားကို ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ဖြင့် ဝယ်မည်ဆိုမှတော့ သေချာပေါက် စကားတည်မည် ဖြစ်သည်။
ဟန်မူယဲ့က ခေါင်းညိတ်ကာ ဓားကိုင်လက်ကို မြှောက်လိုက်သော်လည်း ဓားကို လွှတ်ပေးခြင်း မပြုပါ။
“စီနီယာ… ကျုပ်က ဒီဓားကို ဘာလို့ ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ တောင်းလဲ သိပါသလား”
ခေါင်းဆောင်တောက်ရင် မည်သို့ ပြောရမည် မသိပေ။
ငါ မင်းကို လာကယ်တာလေ။ ငါက ဒီအတိုင်း အခြေအနေမဟန်လို့ လာထိန်းတာ။ မင်း ဘာလို့ စိတ်လှုပ်ရှားနေရတာလဲ။
ခေါင်းဆောင်တောက်ရင် ခေါင်းယမ်းသည်။
ဟန်မူယဲ့က ဓားကို ကိုင်ကာ တီးတိုးပြောသည်။
“ဒီဓားဟာ ချင်းဖုန်းရွှေသံမဏိကို အခြေခံထားတယ်။ အဲဒါဟာ ကြယ်တာရာကျောက် ၃ အောင်စသာမက ကြယ်အရင်းအမြစ်သံ သုံးအောင်စနဲ့လည်း ရောစပ်ထားတယ်”
“ကြယ်အရင်းအမြစ်သံ… အဲဒါက လက်နက်ပုန်းတွေ သွန်းလုပ်တဲ့အခါ သုံးတဲ့သံမလား။ ဘာလို့ ဒီဓားနဲ့ ပေါင်းစပ်ထားတာလဲ”
ခေါင်းဆောင်တောက်ရင်က မျက်မှောင်ကြုတ်သည်။
ကြယ်အရင်းအမြစ်သံကား ထိုမျှ တန်ဖိုးမကြီးပေ။ ၎င်းသည် လက်နက်ပုန်းများ သွန်းလုပ်ရာတွင်သာသုံးပေသည်။ ၎င်းသည် အလင်းကို ကွယ်ပျောက်စေကာ လက်နက်ပုန်းများကို ပိုမိုလျှို့ဝှက်စေသည်။
ကျင့်ကြံခြင်းလောကတွင် ကာကွယ်ရေးအစီအရင်များစွာ ရှိရာ လက်နက်ပုန်းများမှာ သိပ်သုံးလေ့သုံးထ မရှိကြပါ။
“လက်နက်သွန်းလုပ်ပညာရပ်မှာ အကြိမ်ထောင်သောင်းချီအောင် ဖြိုထုပြီးတော့ ကြယ်အလင်းကျောက်တုံးနဲ့ ကြယ်အရင်းအမြစ်သံကို ပေါင်းစပ်စေတဲ့ နည်းလမ်းတစ်ခုရှိတယ်”
ထိုနည်းစနစ်ဖြင့် သွန်းလုပ်သော လက်နက်ပုန်းသည် ကောင်းကင်တခွင်ကို ပြည့်နှက်စေနိုင်စွမ်းရှိ၏။
ထို့အပြင် ကြယ်အလင်းကျောက်တုံးသည် တောက်ပလာကာ ကြယ်အရင်းအမြစ်သံသည် ဖုံးကွယ်မှုကို ပေး၏။ ထိုဆန့်ကျင်ဘက် အင်အားနှစ်ခု ပေါင်းစပ်ကာ အချင်းချင်း တွန်းပယ်ကြ၏။ ထိုနည်းလမ်းဖြင့် ဓားဖြစ်လာပါက ကြယ်များအဖြစ် ကောင်းကင်သို့ ပျံ့နှံ့ပြိုကွဲသွားစေနိုင်စွမ်း ရှိသည်။
ဓားချီ၏လမ်းညွှန်မှုဖြင့်ဆိုပါက ကြယ်အလင်းသည် ပေတစ်ရာပတ်လည်ကို တောက်ပသွားပေလိမ့်မည်။ တစ်စုံတစ်ယောက်အတွက် ထိုအခြေအနေ၌ လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။
ဟန်မူယဲ့က ဓားကို အကြီးအကဲတောက်ရင်ထံသို့ ကမ်းပေးကာ ထူးမခြားနားစွာ ပြောသည်။
“စီနီယာ… ကြယ် ၃၀၀၀ အဖြစ်သို့ ပြောင်းလဲနိုင်တဲ့ ဒီဓားဟာ ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ တန်ပါသလား”
ကြယ် ၃၀၀၀။ ပေတစ်ရာပတ်လည်အတွင်း လွတ်မြောက်ရန် ခက်ခဲမည်။
လောကတွင် ထိုသို့နည်းလမ်း ရှိပါသလား။
ခေါင်းဆောင်တောက်ရင် နားမလည်ပါ။
စင်အောက်တွင် အားလုံး၏အမူအရာက ထိုနည်းတူ ဖြစ်သည်။
“ကောင်းကင်တခွင် ကြယ်တွေနဲ့ဟုတ်လား… အဲဒါက လအရိပ်ဓားဂိုဏ်းရဲ့ ဝိညာဉ်အသွင်ပြောင်းဓားပျံစနစ်ပဲ… ကောင်လေးက အဓိပ္ပာယ်မရှိတာတွေ အတော်ပြောတတ်တာပဲ”
ထူစွန်းရှစ်က တီးတိုးပြောကာ မျက်တောင်ပင့်လိုက်သည်။
“အဲဒီလိုဓား တကယ်ရှိရင် ဝိညာဉ်လက်နက်အဆင့်သို့ ရောက်နိုင်တာပဲ။ ဒါဆို ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ တကယ်တန်ဖိုးရှိလိမ့်မယ်”
ပိုင်စုကျန်းက ခေါင်းညိတ်ကာ တီးတိုးပြောသည်။
ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ကား ဝိညာဉ်တစ်ဝက်အဆင့်လက်နက်များကိုသာ ဝယ်နိုင်သည်။
ဝိညာဉ်အဆင့်လက်နက်ဆိုပါက ၎င်းသည် သေချာပေါက် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ထက်ပို၍ တန်ဖိုးရှိပေသည်။
အခန်းထဲတွင် ကောင်းအီဘေးမှ လူငယ် တွေဝေနေသည်။
သူတစ်ယောက်တည်း မဟုတ်ပေ။ ကောင်းမိသားစုမှ လူတိုင်းသည် အံ့အားသင့်နေကြ၏။
ကောင်းမိသားစုတွင် ထိုသို့သော အမွေအနှစ် ရှိပါသလား။
ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့ ကမ်းပေးသော ဓားကို လှမ်းယူလိုက်၏။
သူက နတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီး မျက်မှောင်ကြုတ်သည်။
“ကောင်လေး… မင်း ပြောတဲ့ ကြယ် ၃၀၀၀၀ …”
သူ ဆက်မပြောသေးခင်တွင်ပင် ဟန်မူယဲ့က ပြုံးလျက် ပြောသည်။
“စီနီယာရဲ့စွမ်းရည်နဲ့ဆို အဲဒါက ကြယ် ၃၀၀၀ လား ၁၀၀၀၀ လား ဆုံးဖြတ်လို့ ရပါတယ်”
တောက်ရင် ပုခုံးတွန့်လိုက်သည်။
“ဒါပေမဲ့ အဲဒါသာ ကြယ် ၁၀၀၀၀ လေထဲမှာ မြောလွင့်စေမယ်ဆိုရင် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ လောက်နဲ့ ဝယ်လို့ ရမှာ မဟုတ်ဘူး”
“အနည်းဆုံး ၂ဆဖြစ်သွားလိမ့်မယ်”
ဟန်မူယဲ့၏အသံကို ကြားရသည်။
“ဒီဓားကို ဖြိုဖျက်ပြီးတော့ ကြယ်အပိုင်းအစ ၁၀,၀၀၀ အဖြစ် ပြောင်းလဲမယ်။ ဒါက အဆင်ပြေတဲ့နည်းလမ်းပဲ”
ခေါင်းဆောင်တောက်ရင်က ရယ်မောကာ ဓားကို ကိုင်လျက် စင်ပေါ်မှ ဆင်းသွားသည်။
ဟန်မူယဲ့ သူ့နောက်မှ လိုက်ပါသွားသည်။ ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးနောက် သူက ယွမ်ထိုက်အင်မော်တယ်စံအိမ်ပိုင်ရှင်အား ကြည့်ကာ မေးသည်။
“ကျုပ် ပြောတာ မှန်တယ်မလား”
ယွမ်ထိုက်အင်မော်တယ်စံအိမ်ပိုင်ရှင်က ခေါင်းညိတ်သည်။
“အဲဒီဓားဖြိုခွဲစနစ်ဟာ လအရိပ်ဓားဂိုဏ်းရဲ့ မူပိုင်ဓားသိုင်းထဲမှာ တကယ်ရှိတယ်”
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကြယ်အလင်းကျောက်တုံးအများစုဟာ သူတို့ ယူသွားတာ ခံရလေ့ရှိတယ်”
ယွမ်ထိုက်အင်မော်တယ်စံအိမ်ပိုင်ရှင်၏ ကျင့်ကြံဆင့်မှာ သိပ်မမြင့်ပါ။ သို့သော် လေလံပွဲကို ဦးစီးသူတစ်ဦးအနေဖြင့် သူသည် လိမ်ညာစရာ အကြောင်းမရှိပါ။
ဟန်မူယဲ့ သူ့ထိုင်ခုံ၌ ထိုင်သည့်တိုင် လေလံပွဲမှာ ဆက်မလုပ်ဖြစ်သေးပါ။
တချို့မှာ တီးတိုးဆွေးနွေးနေကြသလို တချို့က နားမလည်စွာဖြင့် ဟန်မူယဲ့ထံသို့ လှမ်းကြည့်နေကြ၏။
“ဒီလူက မိန်းကလေးပိုင်နဲ့ အတူသွားနေတာ မထူးဆန်းတော့ဘူး။ သူက သစ်သားအပိုင်းတစ်ခုကို ရွှေတုံးအဖြစ် ပြောင်းနိုင်စွမ်း ရှိတာပဲ”
ဝိညာဉ်ကျောက်တုံး ၅၀၀၀ တန်ဖိုးရှိသော ဓားသည် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ဖြင့် ပြန်လည်ရောင်းချခဲ့သည်။
ကွာဟချက်ကား အလွန်ကြီးမားလွန်း၏။
ထို့အပြင် သူတို့ ပြောစကားများအရ ဓားသည် ထပ်မံ၍ တိုးတက်နိုင်သေး၏။
“စီနီယာအစ်ကိုဟန်… ဒီဓားဟာ တကယ်ပဲ ကောင်းကင်ကို ကြယ်တွေနဲ့ ဖုံးလွှမ်းနိုင်တာလား”
ပိုင်စုကျန်းက ဟန်မူယဲ့ ထိုင်လိုက်သည်ကို ကြည့်ကာ စိတ်ဝင်စားစွာ မေးသည်။
“သေချာတာပေါ့… ဒါပေမဲ့ ဆရာကြီးတစ်ယောက်က သူ့ရဲ့ဓားဆန္ဒနဲ့ တဖြေးဖြေး သန့်စင်ဖို့တော့ လိုတာပေါ့”
ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။
ဓားဆန္ဒဖြင့် တဖြေးဖြေး သန့်စင်ရမည်လား။
ပိုင်စုကျန်းက ပါးစပ်ပိတ်ကာ ရယ်ချင်စိတ်ကို မျိုသိပ်လိုက်ရသည်။
ဓားဆန္ဒကို ပိုင်ဆိုင်သော ဆရာကြီးတစ်ဦဲးသည် ထိုဓားကို သန့်စင်ရန် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ထက်ပို၍ သုံးစွဲရပေလိမ့်မည်။
ဟန်မူယဲ့၏ နှောင့်ယှက်မှုကြောင့် လေလံပွဲမှာ ခေတ္တခဏမျှ ရပ်သွားပြီးနောက် အခြေအနေမှာလည်း ထူးဆန်းနေသည်။
ကောင်းမိသားစုမှ ရောင်းချသော ဓားအရည်အသွေးများမှာ သိပ်မကောင်းသည့်တိုင် စျေးကောင်းရ၏။
ထိုအဖြစ်က ကောင်းမိသားစုမှ လူငယ်ကို အလွန်ဝမ်းသာစေသည်။
ကောင်းအီကား ထူးဆန်းသော အမူအရာဖြင့် ထိုင်နေ၏။
“ဒီနေ့ ကျုပ်ဟာ မိန်းကလေးပိုင်ဆီက အမြင့်ဆုံးအရည်အသွေးဆေးလုံး ၂လုံးကို ကံကောင်းပြီး ရခဲ့တယ်”
“တိမ်မြူချီ… အမြင့်ဆုံးအရည်အသွေး… အဖွင့်စျေးဟာ ဝိညာဉ်ကျောက်တုံး ၈၀၀၀”
“စွမ်းအင်အသွင်ပြောင်းဆေးလုံး… အဖွင့်စျေးဟာ ဝိညာဉ်ကျောက်တုံး ၁၅၀၀၀”
စံအိမ်ပိုင်ရှင်က ပြောလိုက်သည်နှင့် မရေမတွက်နိုင်သော ကမ်းလှမ်းမှုများကို ရသည်။
ဟန်မူယဲ့က သူ့အား အပေါ်မှ သုန်မှုန်သော အကြည့်တစ်ခုကို ခံစားရသည်။
သူ့ဘေးမှ ပိုင်စုကျန်းက ဟန်မူယဲ့အား ဦးညွှတ်ကာ ပြောသည်။
“အစ်ကိုဟန်… ကျွန်မလည်း ဘယ်လိုမှ မတတ်နိုင်ဘူး။ ဆိုင်ရှင်လုရဲ့စျေးနှုန်းက အတော်မြင့်တယ်”
“*၈၀ရာနှုန်း… အကျိုးအမြတ်ရဲ့ ၈၀ ရာနှုန်းကို ရှင်ယူပါ… စီနီယာအစ်ကို… ဘယ်လိုလဲ”
ထိုဆေးလုံး ၂လုံးမှာ နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ ဖြင့် ရောင်းထွက်သွားသည်။
ဟန်မူယဲ့က တွက်ချက်ကြည့်ရာ သူသည် ဆေးလုံး ၂လုံးတွင် ဝိညာဉ်ကျောက်တုံး ၄၀၀၀၀ ခန့် အကျိုးအမြတ်ရသည်ကို တွေ့ရ၏။
၎င်းကား အဆင်ပြေသေးသည်။
သို့သော်လည်း ခေါင်းဆောင်တောက်ရင်၏စိုက်ကြည့်မှုကြောင့် သူသည် မသက်မသာ ခံစားလာရသည်။
“မင်း ဆေးလုံးဖော်စပ်တတ်တာလား”
ဟန်မူယဲ့ဘေးတွင် ရှစ်စွန်းထူက ဟန်မူယဲ့အား ကြည့်ကာ အပေါ်ထပ်ကို လှမ်းကြည့်သည်။
ချက်ချင်းပင် ဟန်မူယဲ့က သူ့ကို စိုက်ကြည့်နေသော အကြည့်မှာ ပျောက်ကွယ်သွားသည်ကို ခံစားရ၏။
“အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျွန်တော်က ဆေးဖော်တာကို မသိဘဲ နေပါ့မလား”
“ကျွန်တော် ကြားတာကတော့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ခေါင်းဆောင်တောက်ရင် ဂိုဏ်းကို စဝင်တုန်းက သူ့ဓားတာအိုကို ထောက်ပံ့ဖို့ အာခီမီကို သုံးခဲ့တယ်”
ဟန်မူယဲ့က အသာအယာ ပြောသည်။
အပေါ်ထပ်မှ မည်သည့်တုန့်ပြန်မှုမှ ရောက်မလာပါ။
သူ၏စကားက ချက်ကောင်းကို ထိသွားသည်ထင်၏။
“အာခီမီနဲ့ ဓားတာအို…”
ခေါင်းဆောင်တောက်ရင်…။
ရှစ်စွန်းထူ ခေါင်းညိတ်သည်။
စင်ပေါ်သို့ နောပ်ထပ် ရတနာတစ်ခု ရောက်လာသည်။
“ကျောက်စိမ်းဝိညာဉ်ဝါးမြစ်….ဒါဟာ ဆေးဖော်စပ်ရမှာ အရေးကြီးတဲ့အမယ်တစ်ခုပဲ”
စတင်ကမ်းလှမ်းရမည့် စျေးနှုန်းကား ဝိညာဉ်ကျောက်တုံး ၃၀၀၀ ဖြစ်သည်။
မကြာခင် ထိုဝါးမြစ်သည် ကမ်းလှမ်းစျေး ၅၀၀၀ သို့ ရောက်လာ၏။
ထို့နောက် မည်သူမှ မကမ်းလှမ်းကြတော့ချေ။
ထိုစဉ် ကမ်းလှမ်းမှု မပြုရသေးသော ဟန်မူယဲ့က မေးလိုက်သည်။
“ဒီဝါးမြစ်ကို မူမိသားစုခေါင်းဆောင်ကို လက်ဆောင်အဖြစ် ပေးလို့ အဆင်ပြေမလား”
သူ့စကားကို ကြားလျှင် ပိုင်စုကျန်းက ခေါင်းညိတ်သည်။
ထို့နောက် သူမက လက်မြောက်ကာ ပြောသည်။
“အဲဒါ ကျွန်မ ယူမယ်”
သူမက ထိုဝါးမြစ်ကို ယူမည်။
ခုနက ကမ်းလှမ်းသော ကျင့်ကြံသူက အမူအရာပြောင်းလဲသွားကာ သူက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် ဘေးမှ လူက သူ့အား လှမ်းဆွဲသည်။
“အစ်ကို… ထားလိုက်တော့… မိန်းကလေးပိုင်ရဲ့ နာမည်ကျော် လက်သုံးစကားကို သိလား”
“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ သူ မဝယ်နိုင်တဲ့အရာမရှိဘူး”
ထိုလူက ပါးစပ်ဟလိုက်ပြီးမှ သုန်မှုန်စွာ ထိုင်လိုက်သည်။
ပိုင်စုကျန်းက လက်ဝှေ့ယမ်းလျှင် ရှန့်ခယ်က စင်ပေါ်ကို တက်ကာ ဝါးမြစ်အား သွားယူလိုက်သည်။
အရာအားလုံးကား ရိုးရှင်း၏။
ဟန်မူယဲ့ကလည်း ဝါးမြစ်ကို လက်ခံလိုက်သည်။
“စီနီယအစ်ကိုဟန်… ဒီနေ့ လေလံပွဲမှာ ဓားကောင်းတချို့ ပါတယ်။ ကျွန်မကို ကူကြည့်ပေးမလား”
ပိုင်စုကျန်းက မေးသည်။
ဟန်မူယဲ့ ခေါင်းညိတ်သည်။
ဓားရွေးခြင်းကား သူပိုင်နိုင်သော ကိစ္စဖြစ်သည်။
“နောက်ထပ်ပစ္စည်းက ဓားတစ်လက်ပဲ”
“ရှေးဟောင်းကျင့်ကြံသူတစ်ဦးရဲ့ဂူထဲက ဖြစ်တယ်”
ဆိုင်ရှင်၏စကားက ဟန်မူယဲ့အား မျက်ခုံးပင့်လိုက်စေသည်။
သူက ထိုသို့သော ပစ္စည်းများအား စိတ်ဝင်စား၏။