← Chapters

လင်းလောင် အလိုချင်ဆုံးအရာ

Vol. 9 Ch. 115

လင်းလောင် အလိုချင်ဆုံးအရာ

Vol. 9 Ch. 115

နှစ်ရက်အကြာတွင် မိုဝူကျီက သားရဲ သွားဌားရမ်းမည့် အထင်ဖြင့် ကျန်းရှောက်ခယ် နောက်သို့ လိုက်သွားလိုက်သည်။ ရောက်သည့်အခါ အရမ်းကို အံ့အားသင့် သွားလေ၏။ ဒါက ဘယ်လိုလုပ် သားရဲ ဖြစ်နိုင်မှာလဲ .... ဒါက ဧရာမ သင်္ဘောပျံကြီး တစ်စင်း ဖြစ်နေသည်။

“ကျန်းသခင်လေး ဒါက သားရဲပျံ အတွဲလား....”

မိုဝူကျီက သင်္ဘောပျံဆီ သွားလိုက်ပြီးတော့ သူက ကြီးမားလှသော အလွှာလွှာ အမျိုးမျိုး ရှိသည့် နေစရာ နေရာကို တွေ့လိုက် ရသောကြောင့် မမေးဘဲ မနေနိုင်ပေ။

ကျန်းရှောက်ခယ်က ရုတ်တရက် အံ့ဩ သွားပြီးနောက် အားရပါးရ ရယ်မောလိုက်ကာ ပြောလိုက်သည် “ဝူကျီ  မင်းက တကယ့်ကို ခြေသလုံးအိမ်တိုင် ကျင့်ကြံသူပဲ  ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို သွားရမဲ့လမ်းက ရှည်လျားပြီးတော့ ကြမ်းတမ်းတယ် သားရဲနဲ့ဆိုရင် အရမ်းနှေးနေလိမ့်မယ် ပြီးတော့ ငါတို့ အချိန်မမီဘဲ နေလိမ့်မယ်  ဒါက ပျံသန်းရေး ရတနာလေ အဲဒါကို  အဆင့်နိမ့် ဝိညာဉ်  ပစ္စည်းတစ်ခု အဖြစ် ယူဆလို့ ရတယ်”

မိုဝူကျီက လက်မှု လုပ်ငန်းအကြောင်း သိပေမဲ့ ထိုသို့ မှော်ရတနာ ပစ္စည်းများကို အဆင့်ခွဲခြား၍ သတ်မှတ် ထားကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူက မြန်မြန် မေးလိုက်သည် “ဒါက မှော်ရတနာ ဝိညာဉ် ပစ္စည်း တစ်ခုလား ပြီးတော့ အမှန်တကယ်ကြီး ပျံသန်း နိုင်တယ်လား...”

ကျန်းရှောက်ခယ်က  စိတ်မရှည်မှု အလျင်းမရှိဘဲ သေချာ ရှင်းပြလိုက်သည် “ကျွန်တော့်ရဲ့ သင်္ဘောပျံလိုမျိုး ပျံသန်းနိင်တဲ့ ပစ္စည်းတွေက မှော်ရတနာတွေလေ တကယ့် လက်တွေ့ကျတော့ ကျင့်ကြံသူတွေက မှော်ရတနာတွေ ရှိနေတဲ့အချိန်မှာ သေမျိုးတွေလဲ သူတို့ရဲ့ သိုင်းလက်နက်တွေ ကိုင်ဆောင်ကြတယ်။  မှော်ရတနာတွေကို မှော်ပစ္စည်းနဲ့ ဝိညာဉ်ပစ္စည်းဆိုပြီး ပြန်ခွဲခြားလို့ ရတယ်  ကျွန်တော် ကြားဖူးတာတော့ အင်မော်တယ် ပစ္စည်းတွေတောင် ရှိတယ်တဲ့ ဒါပေမဲ့ အဲလို ပစ္စည်းတွေက  ဒဏ္ဍာရီလာတွေပဲ  မှော်ပစ္စည်းနဲ့ ဝိညာဉ် ပစ္စည်းတွေမှာလဲ အဆင့်နိမ့် အလယ်အလတ်ဆင့်နဲ့ အဆင့်မြင့်ဆိုပြီး ပြန်သတ်မှတ် ထားသေးတယ်။  ကျင့်ကြံသူ အများစုက မှော်ပစ္စည်းပဲ အသုံးပြုကြတာ ဝိညာဉ် ပစ္စည်းရဲ ကုန်ကျစရိတ်က အရမ်းများလို့ ကျင့်ကြံသူ တချို့လောက်ပဲ တတ်နိုင်ကြတယ်။  ကြားဖူးတာတော့ အဲလိုပစ္စည်းတွေကို ဖန်တီး ပြုလုပ်နိုင်တဲ့သူက မြေကမ္ဘာအဆင့်‌ ဆေးလုံး ဆရာတွေထက်တော့ မနိမ့်ဘူးတဲ့...”

ဒီလိုဆိုတော့  ငါ ရထားတဲ့ ဓားတိုလေးက မှော်ပစ္စည်း ဖြစ်နိုင်တယ်....

သင်္ဘောပေါ် တက်လိုက်ကြပြီး နောက်တွင် မိုဝူကျီက ဆေးလုံး အခန်းကို ဦးတည် လိုက်သည်။ ယန်အာနှင့် ရှုန်းရှုကျူတို့က အခန်းကို မျှသုံးပြီး ထောင်အောင်းနှင့် ဖေးပင်းကျူတို့က တစ်ခန်း ဖြစ်လေ၏။ ကျန်းရှောက်ခယ်က  မိုဝူကျီကို စောင့်နေသည့် အတွက်  ထိုသင်္ဘောအား သိမ်းထားခြင်း ဖြစ်ကာ ထို့ကြောင့်ပင် ဘာမှမရှိပေ။

တစ်အုပ်စုလုံး သင်္ဘောပျံပေါ်ရောက်ပြီး မကြာခင်တွင် သင်္ဘောပျံ ကိုယ်ထည်က ကောင်းကင် အထက်သို့ မထွက်ခွာမီ အနည်းငယ် တုန်ခါ လာခဲ့သည်။

မိုဝူကျီက ပြတင်းပေါက် အပြင်မှ ငေးကြည့် လိုက်ပြီးတော့ အဖြူရောင် တိမ်တိုက်လေးများ မျောလွင့်လာသည်ကို ကြည့်နေလိုက်သည်။ ဤသင်္ဘောပျံကား လေယာဉ်ပျံထက်ပင် အဆများစွာ မြန်လေ၏။ မိုဝူကျီက သက်ပြင်း ချလိုက်ပြီးတော့ ဤနေရာရှိ လူများကား အဘယ်ကြောင့် နည်းပညာ ထွန်းကားအောင် မလုပ်သလဲဆိုသည့် အချက်ကို သဘောပေါက် သွားလေ၏။ နည်းပညာနှင့် နေရာတွင် ကျင့်ကြံသူများ မရှိပေ။ လေယာဉ်ပျံ အမြန်နှုန်းက ဤသင်္ဘာပျံနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။ ထို့အပြင် ထွက်ခွာရန်နှင့် ဆင်းသက်ရန်က အချိန်များစွာ ကုန်ဆုံးကာ လေယာဉ် ပျံသန်းနေစဉ် အတွင်း ရာသီဉတု အပြောင်းအလဲကို ဆက်တိုက် စောင့်ကြည့် နေရသေးသည်။

သူရှိနေသည့် ဆေးလုံး အခန်းကား ကြီးမားသည်တော့ မဟုတ်လှပေ။ အလယ် တည့်တည့်တွင် စိမ်းပြာ ဆေးပြင်း မီးဖို ရှိလေသည်။ မိုဝူကျီက ဆေးပြင်းမီးဖိုများ အကြောင်း များစွာ မသိသော်လည်း ဤမီးဖိုကား အရင်က သူအသုံး ပြုခဲ့သော မီးဖိုများထက် ပိုကောင်းကြောင်း ပြောနိုင်သည်။

ဘေးတွင် မိုဝူကျီ အလိုရှိသော ဝိညာဉ်ဆေးပင်များ ထည့်ထားသော စင်တစ်ခု ပါရှိလေ၏။ ဤတစ်ကြိမ်တွင် မိုဝူကျီက မြေကမ္ဘာယွန် ဆေးလုံးကို ဖော်စပ်ရန် ပြင်ဆင်ထားသည်။ အဆင့်လေး ဆေးလုံးထဲတွင် မြေကမ္ဘာယွန် ဆေးလုံးက သဘာဝ အကျဆုံး ဆေးလုံး ဖြစ်သည်။ ဝိညာဉ် ဆေးပင်များက ဈေးမကြီးရုံသာမက နည်းလမ်းကလည်း ရိုးရှင်းလှပေသည်။ ဤဆေးလုံးသည် ယွန်ဒန် အဆင့် (ရွှေရောင် အမြုတေ ဖြစ်ပေါ်လာသည့် အဆင့်) ကျင့်ကြံသူများအတွက် သူတို့၏ စစ်မှန်သော ယွန်များကို ပြန်လည် ကောင်းမွန် လာစေလိမ့်မည်။ တစ်ချိန်တည်းတွင် ယွန်ဒန် အဆင့်အောက်က ကျင့်ကြံသူများပါ အသုံးပြု နိုင်လေ၏။

အစပိုင်းတွင် မိုဝူကျီက သူတွင် ရှိနေသော ဝိညာဉ် ဆေးပင်လေးနှင့် သူသုံးသော ဆေးလုံး ပညာရပ်ဖြင့် အဆင့်လေး မြေကမ္ဘာအဆင့် ဆေးလုံးကို ဖော်စပ်ဖို့ရာ အခက်ကြီး မဟုတ်လောက်ဟု ထင်ထားမိခဲ့သည်။

သို့သော် သူ့၏ ပထမဆုံး အကြိမ် ကြိုးပမ်းမှုကား ပေါက်ကွဲမှု အကြီးကြီး ဖြစ်သွားစေလေပြီ။ အရိုးရှင်းဆုံး အဆင့်လေး ဆေးလုံးအတွက် ဆေးအဆီအနှစ်များပင် မပေါင်းစပ်နိုင်ခဲ့ချေ။

မတည်ငြိမ်သော ဝိညာဉ် စွမ်းအားများ အောက်တွင် သူ့ဆေးလုံး ပညာရပ်ကား အသုံးလုံးဝ မဝင်တော့ပေ။ သူက ဆေးပင်များကို သန့်စင်ပြီးသည့် နောက်တွင် ဆေးအဆီအနှစ်များက သူတို့ ထိတွေ့လိုက်သည်နှင့် ပြိုပျက် သွားကြသည်။ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲမှုကို လုံးဝ မထိန်းချုပ်နိုင်ချေ။ ဆေးလုံး ပညာရပ်က သူ့အတွက် အချိန် ဆွဲပေးရုံသာ တတ်နိုင်လေသည်။

အဆင့်လေး ဝိညာဉ် ဆေးပင်များက ထိန်းချုပ်ဖို့ရန် ခက်ခဲလှကာ အဆင့်သုံး ဆေးပင်များထက် အနည်းဆုံး ဆယ်ဆမက ခက်ခဲပေသည်။

သုံးကြိမ် ဆက်တိုက် ကျရှုံးပြီးသည့် နောက်တွင် မိုဝူကျီက လေ့ကျင့်ခြင်းကို ရပ်တန့်ရန် ဆုံးဖြတ် လိုက်တော့သည်။ ထပ်၍ လေ့ကျင့်နေခြင်းကား ဆေးပင်များကို ဖြုန်းတီး နေခြင်းသာ ဖြစ်နေလိမ့်မည်။

သူ့တွင် လိုအပ်နေသည်က လက်ဟန်နှင့် ဆေးလုံး ပညာရပ်များ မဟုတ်ဘဲ သူ့ကျင့်ကြံခြင်းသာ ဖြစ်နေသည်။ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ကိုး သို့မဟုတ် ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ ရောက်မှသာ အဆင့်လေး ဆေးလုံးကို အောင်‌အောင်မြင်မြင် ဖော်စပ်နိုင်လိမ့်မည်။ သို့သော်လည်း ယခုအတွက် မဖြစ်နိုင်သော ကိစ္စရပ် ဖြစ်နေလေ၏။

မိုဝူကျီက အဆင့်လေး ‌‌ဆေးလုံးကို မဖော်စပ်နိုင်သည့် အတွက် စိတ်ထဲမထားပေ။ သူက ဆေးလုံး ပြိုင်ပွဲတွင် ပါဝင်နိုင်ပြီး ဒြပ်ငါးမျိုး ကင်းမဲ့နယ် နာမည်စာရင်းထဲ ပါလိမ့်မည်ဟု ယုံကြည်ချက် ရှိသည်။ ယန်ချင်ယင်က ဘွားဘွားလင်းလောင်က ဆေးပင်ရှာရန် ရောက်လာလိမ့်မည်ဟု ပြောမထားပေဘူးလား...

သူက ဘွားဘွားလင်းလောင်ကို မတွေ့နိုင်ပါက ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ သွားပြီး ဘွားဘွားလင်းလောင် အလိုရှိသော အရာကို ရှာပေးလိုက်မည်။ အကယ်၍ သူသာ ကောင်းကောင်း လုပ်နိုင်ပါက ဘွားဘွားလင်းလောင်ကို စိတ်ယိုင်အောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။

သူက အဆင့်လေး ဆေးလုံး လေ့ကျင့်နေခြင်းကို ရပ်တန့် လိုက်သော်လည်း သူက အပြင်သို့ ထွက်မသွားဘဲ အဆင့်သုံး‌ ဆေးလုံးများကို ဆက်လေ့ကျင့် နေလိုက်သည်။ သူက လက်ဟန်နှင့် ဆေးလုံး ပညာရပ်များကို ပို၍ ရင်းနှီးစေလို၍ မဟုတ်ဘဲ အများအမြင်မှ ဖုံးကွယ်ရန်အတွက် လေ့ကျင့်နေခြင်း ဖြစ်သည်။ သူ အောင်မြင်သည်နှင့် ဆေးလုံး ပညာရပ်ကို အသုံးပြု၍ ရနိုင်လိမ့်မည်။ သူလက်ဟန် အောက်တွင် ဆေးလုံး ပညာရပ်ကို ဖုံးကွယ်ထားနိုင်ရန် အကောင်းဆုံး ဖြစ်၏။ အားအကောင်းဆုံး ဆေးလုံး ဆရာတွေက ကိုယ်ပိုင် ထူးခြားသော လက်ဟန် ပညာရပ်များ ရှိတတ်ကြသည်။ အကယ်၍ သူသာ သိုသိုသိပ်သိပ် လုပ်ဆောင်နိုင်ပါက သူ့ဆေးလုံး ပညာရပ်ကို မြင်နိုင်မည် မဟုတ်ပေ။

ဆယ်ရက်တာက မျက်လုံးတမှိတ်အတွင် ကုန်ဆုံးသွားခဲ့ကာ မကြာခင်တွင် မိုဝူကျီတို့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ရောက်တော့မည် ဖြစ်သည်။ မိုဝူကျီက ဆေးပြင်း မီးဖိုကို ပိတ်လိုက်ပြီးတော့ အခန်းထဲမှ ထွက်လာလိုက်သည်။

“ဝူကျီ ရလဒ်ရော ဘယ်လိုလဲ..” မိုဝူကျီက ကျန်းရှောက်ခယ်ကို အခန်းအပြင်က စောင့်နေလိမ့်မည်ဟု ထင်မထားပေ။ သူ တံခါး ဖွင့်လိုက်သည့်အခါ ကျန်းရှောက်ခယ်ကို တန်းမြင်လိုက်ရ၏။

မိုဝူကျီက အားနာဖွယ် ပြောလိုက်သည် “ကျွန်တော် သုံးကြိမ် ဆက်တိုက် မအောင်မြင်ခဲ့ဘူး။  အဆင့်လေး ဆေးလုံးတွေကို လျှော့တွက်မိခဲ့တယ်။ အဲဒါကြောင့် အဆင့်သုံး ဆေးလုံးတွေကို ပြန်လေ့ကျင့် နေလိုက်တာ”

ကျန်းရှောက်ခယ်က ရယ်မော လိုက်ပြီးနောက် ပျူဌာစွာဖြင့် “ကိစ္စမရှိပါဘူး နောက်ထပ် နှစ်နာရီအတွင် ကျွန်တော်တို့ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ကျင်းပတဲ့  နေရာကို ရောက်လိမ့်မယ်  မင်းလဲ အခန်းတွင် အောင်းနေတာ ကြာပြီဆိုတော့ အပြင်ထွက်ပြီး လမ်းလေးဘာ‌လေး လျှောက်ရအောင်”

ကျန်းရှောက်ခယ် မျက်လုံးထဲတွင် စိတ်ပျက်မှု အရိပ်အယောင် မရှိသည်ကို မိုဝူကျီက သေချာ မြင်လိုက်ရသည်။ သူတောင်းဆိုချက် ပြုလုပ်စဉ် ကတည်းက သူ အဆင့်လေးသို့ မတက်လှမ်း နိုင်ကြောင်း ကျန်းရှောက်ခယ်က သိနေပြီးသား ဖြစ်လိမ့်မည်။ သူ လုပ်ဆောင်ခဲ့သည့် အကြောင်းက ဆေးလုံး ဖော်စပ်မှုတွင် သူ့နားလည်နိုင်စွမ်းက သေချာပေါက် မြင့်မားကြောင်း သိနေ၍ ဖြစ်သည်။

မိုဝူကျီက အဆင့်လေး မတက်လှမ်းနိုင်မှန်း သိသော်လည်း သူက မိုဝူကျီ လေ့ကျင့်ဖို့ရာ ဝိညာဉ်ဆေးပင်များကို ထုတ်ပေးသေး၏။ ကျန်းရှောက်ခယ် မည်သို့ တွေးနေသည်က ကိစ္စမရှိပေ။ သို့သော် ထိုအပြုအမူကပင် မိုဝူကျီက သူနှင့် မိတ်ဆွေ ဖြစ်ချင်လာလေ၏။

ကျန်းရှောက်ခယ်က စိတ်နှစ်ပေါင်းလို့ ရမည့် မိတ်ဆွေမျိုး မဖြစ်နိုင်သော်လည်း ပူးပေါင်း လုပ်ဆောင်၍ ရနိုင်သော လူတစ်ယောက် အသေအချာ ဖြစ်၏။

သူတို့က သင်္ဘောပျံ ခေါင်းပိုင်းသို့ ဦးတည်လိုက်ကြပြီး မိုဝူကျီက ကျန်းရှောက်ခယ် ဖိတ်ခေါ်ထားသော ယန်အာပါ တွေ့လိုက်ရ၏။ ကျန်းရှောက်ခယ်က သူ့စိတ်ထဲတွင် ယန်အာရှိနေကြောင်း သိပုံပေါ်သည်။

မိုဝူကျီကို တွေ့လိုက်ရသည့် အခါ ယန်အာ မျက်လုံးများက ချက်ချင်းပင် တည်ငြိမ်လာပြီး မိုဝူကျီ ဘေးသို့ လျှောက်လာကာ ထိုင်လိုက်တော့သည်။

“ဝူကျီ ညီမလေး ယန်အာကို ဒြပ်ငါးမျိုး ကင်းမဲ့နယ် ခေါ်လာတာက ဘွားဘွားလင်းလောင်ကို ရှာဖို့များလား...” မိုဝူကျီနှင့် ယန်အာတို့ စကားဝိုင်း ပြီးသည့်အထိ စောင့်လိုက်ပြီး ကျန်းရှောက်ခယ်က ရုတ်တရက် ထမေးလိုက်သည်။

“ဟုတ်တယ် သူမ အခြေအနေက ဘွားဘွားလင်းလောင်ပဲ ကုပေးနိုင်မှာလို့ ကြားခဲ့ရတယ်...” မိုဝူကျီအတွက် ဖုံးကွယ်ထားဖို့ရာ အကြောင်း မရှိပေ။ ကျန်းရှောက်ခယ်သည် ဆေးလုံးအိမ်တော် သခင်ဖြစ်သည့်အတွက် သူ့တွင် ကိစ္စရပ်များကို သူမတူ နားလည်နိုင်စွမ်း ရှိ၏။ ယန်အာက သူမ ဝိညာဉ်ကြောကို ကူးပြောင်းခံရပြီး ရလဒ်အနေနှင့် မှတ်ဉာဏ် ပျောက်ဆုံးသွားကြောင်း မြင်နိုင်လိမ့်မည်။

ကျန်းရှောက်ခယ် အမူအရာက လေးလေးနက်နက် ပြောင်းလဲလာပြီး “ဝူကျီ ဘွားဘွားလင်းလောင်က မင်းတို့ကို ကူညီနိုင်ပါစေလို့ မျှော်လင့်ပေမဲ့ တစ်ခုတော့ ပြောရဦးမယ်  ဘွားဘွားလင်းလောင်ကို တွေ့ရင်တောင် သူမ အကူအညီကို ရဖို့က ခက်ခဲလိမ့်မယ်။ အဲဒါကြောင့် မျှော်လင့်ချက် အကြီးကြီး မထားနဲ့...”

ထိုသည်က မိုဝူကျီ ပထမဆုံး ကြားသည် မဟုတ်တော့ပေ။ သူက သက်ပြင်း ချလိုက်ပြီးတော့ “အဲလိုဆိုရင်တောင် ကျွန်တော်က သူမကို ရှာပြီး ကြိုးစား ကြည့်ရမှာပဲ အဆုံးထိတော့ လက်မလျှော့နိုင်ဘူး...”

ကျန်းရှောက်ခယ်က ဆက်ပြောလိုက်သည် “ဝူကျီ မင်းကို ဘွားဘွားလင်းလောင် ကူညီဖို့ ငါ့မှာ အကြံတစ်ခုတော့ ရှိတယ် ဒါပေမဲ့ အဲဒီအကြံက နည်းနည်း အန္တရာယ်များတယ်”

မိုဝူကျီက ရုတ်တရက် ကမန်းကတမ်းထကာ ကျန်းရှောက်ခယ်ကို ဆွဲပြီး မေးလိုက်သည် “ကျန်းသခင်လေး ကျေးဇူးပြုပြီး ပြောပြပေးပါ...”

ကျန်းရှောက်ခယ်က မိုဝူကျီကို ပုတ်ပေးလိုက်ပြီး ထိုင်ဖို့ရာ ပြသလိုက်သည်။ ထို့နောက် သူက ပြောလိုက်လေ၏ “အရမ်း စိတ်လှုပ်ရှားဖို့ မလိုပါဘူး သေချာနားထောင်နော် ဘွားဘွားလင်းလောင်က ကောင်းကင် ဖွေရှာနန်းတော်မှာ နံပါတ်တစ် ဆေးလုံးဆရာ ဖြစ်ရုံမကဘူး။ သူမက ဒီပျောက်ဆုံး နယ်မြေ တစ်ခုလုံးမှာလည်း နံပါတ်တစ်ဆိုတာ သံသယ ဖြစ်စရာ မရှိဘူး... သူမ လိုချင်နေတဲ့ အရာက အဲလောက် မရိုးရှင်းဘူး...”

“အဲဆို ဘွားဘွားလင်းလောင်ရော ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံး ပြိုင်ပွဲမှာ ပါမှာလား...” မိုဝူကျီက ကြားဖြတ် မေးလိုက်သည်။

ကျန်းရှောက်ခယ်က ရယ်မောလိုက်ပြီးတော့ “ဆေးလုံးပြိုင်ပွဲက ကန့်သတ်ချက် တချို့ရှိတယ် ပထမက အနည်းဆုံး အဆင့်သုံး ဆေးလုံးဆရာ ဖြစ်ရမယ်။ ဒုတိယက သက်တမ်းက နှစ် ၁၀၀ အောက် ဖြစ်ရမယ် တကယ်လို့ မင်းက နှစ်၁၀၀ အထက်ဆိုရင် မင်း ဆေးလုံးဖော်စပ်တာ ဘယ်လောက် ကောင်းကောင်း ပါဝင်ဖို့ ခွင့်မပြုဘူး... ပထမ စည်းမျည်းကတော့  မတင်းကျပ်ပါဘူး။ ပြိုင်ပွဲကျ တချို့ အဆင့်နှစ် ဆေးလုံး ဆရာတွေက ဝင်ပြိုင်ကြတယ်။ ဒါပေမဲ့ အဲလို လုပ်တာက ကိုယ့်ဘာသာ အရှက် ခွဲနေသလိုပဲ သူတို့က နာမည်စာရင်းမှာ နေရာ သေချာပေါက် ရမှာမဟုတ်ဘူး....”

အသက် ကန့်သတ်ချက်ကို ကြားပြီး မိုဝူကျီက အနည်းငယ် စိတ်အေး သွားလေ၏။ သူက အဆင့်သုံး ဆေးလုံး ဆရာမျှသာ ဖြစ်ကာ သူ့ထက် အံ့ဩဖို့ ကောင်းသည့် ဆေးလုံးဆရာ များစွာ ရှိပေဦးမည်။ အကယ်၍ ရှန်းလျဲ့၏ ဖခင်ကဲ့သို့ စီနီယာ ဆေးလုံး ဆရာက ဆေးလုံးပြိုင်ပွဲတွင် ဝင်ပါလျှင် သူ ဘယ်လိုလုပ် နိုင်နိုင်တော့မည်နည်း။

“ထိပ်တန်း အယောက် ၁၀၀ ထဲ ပါဖို့ ပြိုင်ရမျာ ပထမနေရာက ဒြပ်ငါးမျိုး ကင်းမဲ့နယ် အတွက် လူစာရင်း အယောက် ၁၀၀ ရမယ် ဒုတိယက ၉၉ တတိယက ၉၈ အဲလိုနဲ့ နောက်ဆုံး တစ်ရာမြောက်က တစ်နေရာစာ ရမယ်။  မင်းနာမည်က နာမည်စာရင်းမှာ ပါတာနဲ့ ဘွားဘွားလင်းလောင် အကူညီတောင်းဖို့ အခွင့်ရေး ရပြီ ဒါပေမဲ့ ထိပ်တန်း အယောက် ၁၀၀ ထဲ ဝင်ဖို့က မလွယ်ဘူး နယ်မြေ တစ်ခုလုံးက အကောင်းဆုံး ဆေးလုံး ဆရာတွေနဲ့ ပြိုင်ရမှာ....”

“ကျန်းသခင်လေး ဆက်ပြောပါ...” မိုဝူကျီက တည်ငြိမ် သွားလေပြီ။ ထိုသို့သော ပြိုင်ပွဲပုံစံကား သူ့အတွက် အကျိုးများပေလိမ့်မည်။ သူက ပထမနေရာ ရရန် မလိုအပ်ပေ။ ထိပ်တန်း ၁၀၀ ထဲ ပါနိုင်ဖို့သာ လိုလေသည်။

ကျန်းရှောက်ခယ်နှင့် မိုဝူကျီတို့ ထိတွေ့ ဆက်ဆံသည့် အချိန်ကား နည်းပါးလှ၏။ ခရီးကား ဆယ်ရက်ကျော် ကြာသော်လည်း မိုဝူကျီက သူအချိန် အများစုကို ဆေးလုံး ဖော်စပ်ခြင်း၌သာ ကုန်ဆုံး နေလေသည်။ ကျန်းရှောက်ခယ်က မိုဝူကျီကို အကြမ်းဖျင်းသာ နားလည်သော်လည်း သူ့ကို တန်ဖိုးထား၏။ မိုဝူကျီတွင် အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်ရှိကာ အရေးကြီးဆုံးကား သူက အေးအေးဆေးဆေး ဆုံးဖြတ်လေ့ ရှိသည်။

ဒုတိယ အကြီးအကဲက လိုက်ဖမ်းဆီးခြင်း ခံရသည့်သူအတွက် သေလူသာ ဖြစ်လိမ့်မည်။ သို့သော် မိုဝူကျီက ရွှေ့ပြောင်း အစီအရင် ရှာဖို့ရာ မိသားစုကိုပင် စွန်ဖျားမြို့သို့ တည်တည်ငြိမ်ငြိမ် ခေါ်ဆောင် လာသေး၏။ အကယ်၍ ကျန်းရှောက်ခယ်က သူ့ကို မကူညီပါက သူက ရွှေ့ပြောင်း အစီအရင်ဖြင့် ထွက်သွား လောက်လေပြီ။

“ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်ကြတဲ့ အများစုက စစ်မှန်ခြင်း နတ်ဘုရား ပန်းကို ရှာဖို့ပဲ။ ဒါပေမဲ့ ဘွားဘွားလင်းလောင် လိုချင်တာက ပန်းမဟုတ်ဘဲ အဲလို သလင်းကျောက်မျိုး...” ကျန်းရှောက်ခယ်က ဆက်ပြော လိုက်သည်။

မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရား ပန်းအကြောင်းပင် မသိပေ။ သူက ကောင်းကင် အဆင့်ထဲမှ အဆင့်သုံးဆင့်ကိုပင် မသိသေးချေ။ သူက ကျန်းရှောက်ခယ်ကို ထိုပန်း အကြောင်း မေးချင်သော်လည်း စိတ်ထဲ၌သာ သိမ်းဆည်း ထားလိုက်သည်။ ဘွားဘွားလင်းလောင် လိုအပ်သည့် အရာကား သူ့အတွက် ပို၍ အရေးကြီးလေသည်။

“ဘွားဘွားလင်းလောင် ရှာနေတဲ့ သလင်းကျောက်က ဘာအမျိုးအစားလဲ ဆိုတာ မေးလို့ရမလား...” မိုဝူကျီက မေးလိုက်တော့သည်။

***

All Chapters