← Chapters

ဒုတိယ အိမ်တော် သခင်

Vol. 9 Ch. 116

ဒုတိယ အိမ်တော် သခင်

Vol. 9 Ch. 116

“အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်” ကျန်းရှောက်ခယ်က  ပြန်ဖြေလိုက်သည် “အဲဒါက ရေခဲနယ်မြေမှာ ဖြစ်တည်လာတဲ့ သလင်းကျောက် အမျိုးအစားပဲ  ရေခဲသလင်း ကျောက်တော့ မဟုတ်ပေမဲ့ ရေခဲရှိတဲ့ ဒေသမှာပဲ ဖြစ်တည် လာနိုင်တာ...”

“အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ ကျောက်လား အဲဒါက ဘာအတွက် သုံးရတာလဲ...” မိုဝူကျီက ထိုနာမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။

ကျန်းရှောက်ခယ်က  အားရကျေနပ်စွာ ပြောပြလိုက်သည် “အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်က  စစ်မှန်ခြင်း နတ်ဘုရား ပန်းထက် အများကြီး အဖိုးတန်တယ်။ ပြီး‌တော့ ရဖို့က အရမ်းခက်ခဲတယ်။ အိပ်ပျော်နေတဲ့ ဝိညာဉ်ကို နှိုးဖို့ရာနဲ့ ဝိညာဉ် အပိုင်းအစတွေ ပြန်ကောင်းလာဖို့ အသုံးပြုကြတယ်။ လူသေကို အသက်ပြန်သွင်း တာတော့ မဟုတ်ပေမဲ့ အရမ်းတော့ မကွာပါဘူး။  ကျင့်ကြံနေရင်း စိတ်လွတ် သွားကြတဲ့  အဆင့်မြင့် ကျင့်ကြံ သူတွေကိုတောင် ဒီကျောက်နဲ့  ချက်ချင်း ပြန်ကောင်း လာနိုင်တယ်။  အဲဒါကြောင့် ပမာဏ နည်းနည်းလေး ပေါ်လာတယ် ဆိုတာနဲ့ အကုန်လုံးက တိုက်ခိုက်ပြီး ရယူဖို့ ဖြစ်နေကြတာပဲ...”

ထိုသို့သော ပစ္စည်းမျိုးသာ သူ့လက်ထဲ ရောက်လာပါက အရမ်း ခက်ခဲမည် ဖြစ်သောကြောင့် မိုဝူကျီက စိတ်နည်းနည်း လေးလံသွားမိ၏။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ သူဝင်နိုင်ခဲ့လျှင်ပင် သူ့အတွက် ဝိညာဉ်နှောင်ဖွဲ့ ကျောက်ကို ရှာဖို့ရာ မလွယ်ကူသေးချေ။

“အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်က အင်ပါယာ ငါးခုအတွင်းမှာ မရှိဘူး။  ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲမှာပဲ ပေါ်လာတာ  လွန်ခဲ့တဲ့ သုံးနှစ် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဖွင့်တုန်းက လူတစ်ယောက် တစ်ခု ရှာတွေ့သွားတယ်လို့ ပြောသံ ကြားဖူးတယ်။ ဒါပေမဲ့ အဲကျောက် အပိုင်းအစလေးရော ရှာတွေ့ခဲ့တဲ့ လူရော ဘယ်ရောက် သွားလဲဆိုတာ တစ်ယောက်မှ မသိကြဘူး။  ရှာတွေ့တဲ့သူက သဲလွန်စ တစ်ခုမှ မရှိဘဲ ပျောက်သွားတယ်တဲ့ ....” မိုဝူကျီက ကျန်းရှောက်ခယ် စကားနောက်မှ အဓိပ္ပာယ်ကို နားလည်လေသည်။ ထိုအဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်ကို ပိုင်ဆိုင်နိုင်လျှင်ပင် အလွန် အန္တရာယ်များကြောင်း သတိပေးရန် ကြိုးစားနေခြင်း ဖြစ်၏။

မိုဝူကျီက ထပ်မေးတော့မည့် ဆဲဆဲတွင် သင်္ဘော ကိုယ်ထည်ကား တုန်ခါလာလေ၏။

ကျန်းရှောက်ခယ်က ပြုံးရင်း မတ်တတ် ရပ်လိုက်ကာ “ငါတို့ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲကို ရောက်ပြီ ဝူကျီ မင်း လူတွေ ခေါ်ပြီးတော့ ငါ့နောက်ကို လိုက်ခဲ့နော်”

မိုဝူကျီက သင်္ဘောပျံပေါ်မှ ဆင်းလိုက်ပြီးနောက် ကျယ်ဝန်းလှသည့် ကျင်းပရာနေရာက မျက်စိ ဖမ်းစား သွားလေ၏။ လူအများအပြားက သွားလာနေကြပြီး ဘေးတွင် အဆောက်အဦးမြင့်များစွာ တည်ရှိသည်။ ထိုအဆောက်အဦးများက လတ်တလောမှ ‌ဆောက်ထားခြင်း ဖြစ်ရမည်။ အကြောင်းမှာ သစ်လွင်နေဟန် ပေါ်နေလေ၏။

အမျိုးမျိုးသော ဂိုဏ်းများ၊ စီးပွားရေး အ‌ဆောက်အဦများနှင့် စားသောက်ဆိုင်များ အတန်းလိုက် ရှိကြသည်။ မိုဝူကျီက သစ်လွင်လှသော ကျင့်ကြံသူတို့ မြို့ထဲ ရောက်လာသည်ဟု ခံစားမိလိုက်ရ၏။ ဤနေရာကား မြေကွင်းပြင်မှ ထိုသို့ ဖြစ်လာမှန်း စိတ်ကူးပင် ယဉ်မကြည့်မိပေ။

လမင်းကိုးစင်း ဆေးလုံး အိမ်တော်က အရမ်း အဆင့်မြင့်ကြီး မဟုတ်သကဲ့သို့ အလွန်နိမ့်သည့်ထဲလည်း မပါဝင်ပေ။

လမင်းကိုးစင်း ဆေးလုံး အိမ်တော်က ဤနေရာတွင် လုပ်ငန်း ဆက်လုပ်နေဆဲ ဖြစ်ကာ ဖောက်သည် တချို့တော့ ရှိလေ၏။ လမင်းကိုးစင်း ဆေးလုံး အိမ်တော်သို့ ဦးတည်နေသည့် အဆောက်အဦ ဘေးတွင် ဧရာမ တံခါးကြီး ရှိနေသည်။

မိုဝူကျီက အားလုံးကို ခေါ်ကာ ကျန်းရှောက်ခယ် နောက်မှ ထိုတံခါးအထဲသို့ လိုက်သွား လိုက်သည်။ သူတို့သည်  အိမ်ဆယ်လုံး မက ရှိနေသာ ကြီးမားလှသည့် ခြံဝန်းအတွင်း ရောက်ရှိသွားခြင်း ဖြစ်သည်။

လူလတ် အမျိုးသားက ကျန်းရှောက်ခယ်ဆီ မြန်မြန် လာ၍ နှုတ်ဆက်လေ၏။

“သခင်ရှောက်ခယ်...”

ကျန်းရှောက်ခယ်က ‌ ခေါင်းညိတ် ပြလိုက်ပြီးတော့ မိုဝူကျီနှင့် အပေါင်းအပါများကို ညွှန်ပြ လိုက်ကာ “ဘဏ္ဍာစိုး ဘူ ဒါက ကျွန်တော့် မိတ်ဆွေကောင်းတွေပဲ သူတို့အတွက် အိမ်သုံး အိမ် ပြင်ဆင် ပေးလိုက်ပါဦး..”

“ရှောက်ခယ် အဲလိုမျိုး  နောက်ကျ မလုပ်သင့်ဘူး။ ဒီနေရာက အိမ်တွေက ကျပ်နေပြီကို  နင်က လူတစ်အုပ်လုံး ခေါ်လာပြီးတော့ သုံးအိမ်တောင်းနေတယ်။  နင်က လမင်းကိုးစင်း ဆေးလုံးအိမ်တော် သခင်လေး တစ်ယောက် ဖြစ်ပြီးတော့ အဲလို ရှုပ်ရှုပ်ယှက်ယှက်တွေ မလုပ်သင့်ဘူး ...” အေးစက်စက် အသံ တစ်ခုက ကျန်းရှောက်ခယ် စကားကို  ကြားဝင် နှောင့်ယှက် လိုက်လေ၏။

မိုဝူကျီက ဇာမဏီ မျက်လုံးအစုံဖြင့် လျှောက်လှမ်း လာနေသည့် အမျိုးသမီး တစ်ယောက်ကို သတိပြုမိလိုက်သည်။

ကျန်းရှောက်ခယ်က အနည်းငယ် ပြုံးလိုက်ပြီးတော့ အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။

“ဒုတိယ အိမ်တော် သခင်ကို နှုတ်ဆက်ပါတယ်...”

ဇာမဏီ မျက်လုံးနှင့် အမျိုးသမီးက ကျန်းရှောက်ခယ်၏ ယဉ်ကျေးသော အပြုအမူကို တွေ့သောအခါ ပို၍ ရင်းနှီးဟန်‌ ပေါ်လာလေ၏ “ရှောက်ခယ် နင်က ကလေးလည်း မဟုတ်တော့ဘူး။ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲက အရေးကြီးမှန်း သိရက်သားနဲ့ ဒီနေ့မှ ရောက်လာရသလား။ ပုံမှန်ဆိုရင် နင်ဘယ်လို လူမျိုးနဲ့ မိတ်ဆွေ လုပ်လုပ် မတားပါဘူး။ ဒါပေမဲ့ နင်က ဒီလူတွေကို လမင်းကိုးစင်း ဆေးလုံးအိမ်တော် အလုပ်ရှုပ်အောင် ခေါ်လာသေးတယ်လား။ ဒါက နည်းနည်း မဖြစ်နိုင်ဘူးလို့ မထင်ဘူးလား...”

မိုဝူကျီက စိတ်ထဲမှ သက်ပြင်း ချလိုက်ရသည်။ ကြည့်ရသည်မှာ သခင်ရှောက်ခယ်က လမင်းကိုးစင်း ဆေးလုံး အိမ်တော်တွင် ကိစ္စရပ်များကို နောက်ဆုံးထိ ပြောခွင့်ရသည့်သူ မဖြစ်နိုင်ပေ။ သူ့အထက်တွင် အိမ်တော် သခင်ကြီးနှင့် ဒုတိယ သခင်အိမ်တော် သခင်တို့ ရှိနေသေးသည်။ တတိယ အိမ်တော်သခင်ပါ ရှိနေလားဆိုတာ မည်သူ သိမည်နည်း။ အိမ်တော် သခင်ကြီးက ကျန်းရှောက်ခယ်၏ ဖခင် ဖြစ်နိုင်သည်။ သို့သော် ဒုတိယ အိမ်တော် သခင်၏ အပြုအမူများကို မြင်ပြီး ဤနေရာတွင် နေထိုင်ခြင်းက သူ့အတွက် အေးချမ်းရဲ့လားဟု သံသယ ရှိလာမိသည်။

ကျန်းရှောက်ခယ် အမူအရာက ချက်ချင်း ပြောင်းလဲသွားကာ လေသံပင် ပြောင်းသွားလေ၏။ “ဒုတိယ အိမ်တော်သခင်  ကျွန်တော် ဘယ်သူနဲ့ မိတ်ဆွေ ဖွဲ့ဖွဲ့ ကျွန်တော် ပြဿနာပါ ကျွန်တော့် မိသားစုဝင်တွေကတောင် ဘာမှ မပြောတာ ကျေးဇူးပြုပြီး စကားလုံး အသုံးနှုန်းကို ဂရုစိုက်ပေးပါ...”

ဒုတိယ အိမ်တော်သခင်က ဆက်ပြောခါနီးတွင် စိတ်မရှည်သည့် အသံတစ်သံကို ကြားလိုက်ရ၏။ “အစ်ကိုကြီး ဘာလို့ ဒီနေ့မှ ရောက်လာတာလဲ ဘယ်လိုလဲ  ရှာနေတဲ့ လူရော‌ တွေ့ခဲ့ရဲ့လား...”

ထွားကျိုင်း သန်မာလှသည့် လူက နောက်ကျောတွင် တူကြီး ထမ်းရင်း ပေါ်လာလေသည်။

ထိုလူသန်ကြီးကို မြင်ပြီး ကျန်းရှောက်ခယ်က နောက်ထပ် ပြုံးလိုက်ပြီးတော့ မိုဝူကျီဘက် လှည့်ကာ ပြောလိုက်သည်။ “ဝူကျီ ဒါက ငါ့ရဲ့ ညီလေး ကျန်းရှောက်ရုတဲ့ ရှောက်ရု ဒါက ဒြပ်ငါးမျိုး ကင်းမဲ့နယ်အတွက်  ငါတို့ကို ကိုယ်စားပြုပေးမဲ့ ဆေးလုံးသခင်မို ... ” မိုဝူကျီက သူ့ဘာသာ တိတ်တဆိတ် တွေးမိလိုက်သည်။ ထိုညီအစ်ကို နှစ်ယောက်ကား ရုပ်ရည် အရရော စိတ်ဓာတ်အရပါ တော်‌တော် ခြားနားလွန်းလှ၏။

ဒုတိယ အိမ်တော်သခင်က ခပ်တင်းတင်း ပြောလေသည် “ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံး ပြိုင်ပွဲအတွက် လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကို ကိုယ်စားပြုမဲ့ ဆေးလုံး ဆရာတွေကို အရင်ကတည်းက ဆုံးဖြတ်ပြီးသား နောက်ထပ် ထည့်ဖို့ စိတ်ကူးမရှိဘူး။ ရှောက်ခယ် အခုက ဆေးလုံး ပြိုင်ပွဲအတွက် အရမ်း အရေးကြီးတဲ့ အချိန်ရောက်နေတာ။ အဲဒါကြောင့် နင့်သူငယ်ချင်းတွေကို တခြား ဟိုတယ် ခေါ်သွားလိုက် ငါတို့ရဲ့ ဆေးလုံး     ဆရာတွေ ပြိုင်ပွဲအတွက် ပြင်ဆင်နေတာကို အနှောင့်အယှက် မဖြစ်စေနဲ့...”

ကျန်းရှောက်ခယ် မပြောခင် ကျန်းရှောက်ရုက ဒုတိယအိမ်တော် သခင်ကို မျက်လုံးပြုးကာ စိုက်ကြည့်လိုက်သည်။

“အမျိုးသမီး အဲဒါက ဘာပြောတာလဲ  ရှင်းပြပါဦး..”

ကျန်းရှောက်ခယ်က ကျန်းရှောက်ရုကို နောက်ဆွဲလိုက်ပြီးတော့ ဒုတိယ အိမ်တော် သခင်ကို ပြောလိုက်သည် “ဒုတိယ အိမ်တော်သခင်  ဘယ်လိုပဲ  ဖြစ်နေပါစေ။ ကျွန်တော်က လမင်းကိုးစင်း ဆေးလုံး အိမ်တော်ရဲ့ သခင်လေးပါ‌‌ဗျ။  ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲ အတွက် ‌ဆေးလုံးဆရာ တစ်ယောက်ကို ထောက်ခံပေးဖို့တောင် အရည်အချင်း မမီဘူးလား...”

“အစ်ကိုကြီး ပြောတာမှန်တယ် ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ဒီနေရာမှာ သေချာပေါက် နေမှာ  ခင်ဗျားက ဘာလုပ်နိုင်မှာလဲ...” ကျန်းရှောက်ရုက ခြေဆောင့်နင်းပြီး အော်ပြောလိုက်လေ၏။

ထိုစကားက ဒုတိယ အိမ်တော်သခင်က သူတို့ ညီအစ်ကို နှစ်ယောက်ကို ဤနေရာတွင် နေဖို့ရာ ခွင့်မပြုသကဲ့သို့ အဓိပ္ပာယ် သက်ရောက်နေသည်။

ဒုတိယ အိမ်တော်သခင်က ပြန်ဖြေလိုက်သည် “အဲလို မပြောပါဘူး။ အိမ်တော်သခင်လေးက ဒီလူတွေကို ဝင်ပြိုင်ခွင့် တောင်းဆိုပေးတာက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်ဖို့ ပြိုင်ပွဲကိုက တော်တော် ခက်ခဲနေပြီ နာမည် စာရင်းထဲ ပါဖို့ကျ နည်းနည်း...”

ကျန်းရှောက်ခယ်က  အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်သကဲ့သို့ လူမှု ဆက်ဆံရေးလည်း ပြေပြစ်လှ၏။ ထို့ကြောင့် သူက ဒုတိယ အိမ်တော်သခင် သွယ်ဝှက် ပြောဆိုနေခြင်းကို သဘောပေါက်သည်။ ဒုတိယ အိမ်တော်သခင်က ထိုအခွင့်အရေးကို အသုံးချကာ ဒြပ်ငါးမျိုး ကင်းမဲ့နယ် အတွက်  သူတို့ ညီအစ်ကို နှစ်ယောက်၏ နေရာကို ဖယ်ရှားချင်လိုမှန်း သိ၏။ သူက အေးစက်စွာ ပြောလိုက်သည်။

“အဲလိုဆိုမှတော့ ခင်ဗျားပြောတဲ့ အတိုင်း လုပ်တာပေါ့ ကျွန်တော်က ဆေးလုံး သခင်မိုကို ဒြပ်ငါးမျိုး ကင်းမဲ့နယ်အတွက် လမင်းကိုးစင်း ဆေးလုံးအိမ်တော်ကို ကိုယ်စားပြုဖို့ရာ ဖိတ်ခေါ်လာခဲ့တယ်။ သူ လုပ်နိုင်သည် ဖြစ်စေ မလုပ်နိုင်သည် ဖြစ်စေ ကျွန်တော်တို့ ညီအစ်ကိုက ဆေးလုံး အိမ်တော်ရဲ့ နေရာကို သုံးပြီး ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို မဝင်ဘူး... ”

စကားဆုံးပြီးနောက် ကျန်းရှောက်ခယ်က ဒုတိယ အိမ်တော်သခင်ကို စိတ်ထဲ မထားတော့ ဟန်ဖြင့် မိုဝူကျီ ဘက် လှည့်ကာ ပြုံးရင်း ပြောလိုက်သည်။

“ဝူကျီ ငါတို့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်ခွင့် ရ မရက  မင်းအပေါ်  မူတည်သွားပြီ...”

မိုဝူကျီက ရှေ့တက်လာပြီး ပြောလိုက်၏။ “ကျန်းသခင်လေး မင်းရဲ့ ယုံကြည်မှုအတွက် ကျေးဇူးပါ။ တကယ်လို့ ငါက နာမည်စာရင်းမှာ နေရာတွေ ရခဲ့ရင် ဘယ်သူတွေ သွားဖို့ ဘာညာက ဘယ်သူ ဆုံးဖြတ်ပေးမှာလဲ...”

“မင်းပဲ ဆုံးဖြတ်လေ..” ကျန်းရှောက်ခယ်က ပြန်ဖြေလိုက်သည်။

မိုဝူကျီက ထိုစကားကို ဒုတိယ အိမ်တော်သခင်ပါ ကြားချင်၍ မေးလိုက်ခြင်း ဖြစ်သည်။ ဒုတိယ အိမ်တော် သခင်နှင့် အိမ်တော် သခင်လေးတို့ ကြားတွင် တင်းမာမှု အချို့ရှိကြောင်း ခံစားမိ၏။

“သွားကြစို့ ငါတို့လည်း နားရအောင် ... ဘဏ္ဍာစိုးဘူ  အိမ်သန့်သန့်လေးတွေ ချက်ချင်း ပြင်ပေးပါဦး...” ကျန်းရှောက်ခယ်က ဒုတိယ အိမ်တော် သခင်ကို စိတ်ထဲမထားဘဲ ဘဏ္ဍာစိုးဘူကို အမိန့် ပေးလိုက်သည်။ သူက ထိုစကားကို ဒေါသရိပ်ဖြင့် ပြောလိုက်ကာ အကယ်၍ ဒုတိယ အိမ်တော်သခင်သာ ဝင်ကန့်ကွက်ပါက သူသည် သေချာပေါက် ဒေါသ ထွက်လာလိမ့်မည်။

“ဟုတ်ကဲ့ပါ အိမ်တော်သခင်လေး ...” ဘဏ္ဍာစိုးဘူက ဒုတိယ အိမ်တော်သခင်က မကန့်ကွက်သည်ကို မြင်၍ ချက်ချင်းပင် ပြောကြားလိုက်ကာ အိမ်များကို ပြင်ဆင်ရန် အတွက် ထွက်သွားလေ၏။

ဘဏ္ဍာစိုးဘူက မိနစ်အနည်းငယ်အတွင်း ကိစ္စများကို အလျှင်အမြန် ဆောင်ရွက်နိုင်၏။ မိုဝူကျီနှင့် ကျန်သူ အားလုံးက သူတို့၏ ကိုယ်ပိုင်အိမ်ဆီ ဦးတည် လိုက်ကြသည်။ မိုဝူကျီက တစ်ယောက်တည်း နေထိုင်ပြီး ယန်အာနှင့် ရှုန်းရှူကျူတို့က အတူတူ နေကာ ထောင်အောင်းနှင့် ဖေးပင်းကျူတို့က တခြား အိမ်တွင် ဖြစ်သည်။

မိုဝူကျီက ပစ္စည်းများကို နေရာ ချပြီးသည့် နောက်တွင် ကျန်းရှောက်ခယ်က သူ့အခန်းသို့ ဝင်လာလေသည်။

“ဝူကျီ မင်းလိုမျိုး ကိုယ်ပိုင် ဆေးဖော်စပ်ရေး ကိရိယာတွေ သယ်တဲ့သူ တကယ်ကို မရှိတော့ဘူး...” ကျန်းရှောက်ခယ်က အခန်းထဲ ဝင်ဝင်ချင်း  ဘေးတွင် ထောင်အောင်း ထားပေးခဲ့သည့် ဆေးဖော်စပ်ရေး ကိရိယာကို သတိပြုမိ လိုက်သည်။

မိုဝူကျီက ရယ်မော လိုက်ပြီးတော့ ဆေးဖော်စပ်ရေး ကိရိယာ အကြောင်း ထပ်မပြောဘဲ မေးလိုက်သည် “ကျန်းသခင်လေး ဒုတိယ အိမ်တော်သခင်က မင်းကို ဘာလို့ တအား ဆန့်ကျင် နေတာလဲ...”

ကျန်းရှောက်ခယ် အပြုံးတို့က ပျောက်ကွယ် သွားပြီးတော့ အာဃာတဖြင့် ပြောလိုက်တော့သည်။

“လမင်းကိုးစင်း ဆေးလုံးအိမ်တော်မှာ အိမ်တော်သခင် သုံးယောက်ရှိတယ် ငါ့အဖေက အိမ်တော် သခင်ကြီးပေါ့။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ငါ့အဖေက ကောင်းကင် နယ်ပယ်အဆင့် ပထမအဆင့်ထိ ရောက်သွားပြီးတော့ ဘယ်တော့မှ ပေါ်မလာတော့ဘူး။  အစောပိုင်းတုန်းက  ဒုတိယ အိမ်တော်သခင်က အဆင်ပြေသေးတယ်။ သူက ငါ့အဖေက အောင်အောင်မြင်မြင် မတက်လှမ်း နိုင်ခဲ့တာကို သိပြိးနောက်ပိုင်း သူမ သဘောထားက ပြောင်းလဲ သွားခဲ့တာပဲ။ ငါတို့ ညီအစ်ကိုကို ထောက်ပံ့ပေးတဲ့ အကြီးအကဲ တွေကြောင့်သာ မဟုတ်ရင် ငါတို့က ဒီလမင်းကိုးစင်း ဆေးလုံး အိမ်တော်မှာ ခြေကုပ်ရမှာ မဟုတ်ဘူး  လတ်တလော ဒုတိယ အိမ်တော် သခင်က ငါရဲ့ အင်အားတွေကို သုံးနိုင်ကြောင်းသိတော့ ငါ့အပေါ် မဲနေတာပဲ...

ပြီးတော့ ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ ဆေးလုံး ဆရာတွေက ငါနဲ့ မရင်းနှီးတဲ့ သူတွေချည်းပဲ ထည့်ထားတာ သူတို့အားလုံးက အဆင့်သုံး ဆေးလုံး ဆရာတွေပဲ  ဒီကိစ္စ ရှိမလာရင်တောင် ငါတို့အတွက် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်ခွင့်ရှိမယ် မထင်ဘူး....”

“တတိယ အိမ်တော် သခင်ကရော....” မိုဝူကျီက စပ်စပ်စုစု မေးကြည့် လိုက်သည်။ ကျန်းရှောက်ခယ်က အကူအညီအတွက် သူ့ကို ရှာရန် စိတ်အား ထက်သန်မှန်း သိ၏။

ကျန်းရှောက်ခယ်က ခေါင်းခါ ပြလိုက်ပြီးတော့ “တတိယ အိမ်တော်သခင်က ဆေးလုံး ဖော်စပ်ရာမှာပဲ အာရုံစိုက်ထားတာ တခြားအကြောင်း စိတ်မဝင်စားဘူး ဒြပ်ငါးမျိုး ကင်းမဲ့နယ် ခရီးမှာ အဖိုးတန် ဆေးပင် ရှာတွေ့ခဲ့မယ် ဆိုရင်တော့ ငါ့ညီလေးကို ကောင်းကင်ဖွေရှာ နန်းတော်ကို ဝင်ခွင့်ရဖို့ အခွင့်အရေး များလာလိမ့်မယ်... သူက အဲကို ဝင်လိုက်တာနဲ့ ငါတို့ ညီအစ်ကိုတွေက အပြင်မှာ တစ်ယောက် အထဲမှာ တစ်ယောက်ဆိုတော့ ဒုတိယ အိမ်တော်သခင်က ငါ့အပေါ် မဲဖို့ ခက် ခဲသွားလိမ့်မယ်....”

မိသားစုတိုင်းတွင် ကိုယ်ပိုင် ပြဿနာများ ရှိတတ်ကြ၏။ မိုဝူကျီက ထိုခေါင်းစီးကို ထပ် မမေးတော့ဘဲ “ကျန်းသခင်လေး ကောင်းကင် ဖွေရှာနန်းတော်က ဘယ်အပိုင်းမှာလဲဆိုတာ သိလား...”

ထိုစကား ထွက်လာသည်နှင့် ကျန်းရှောက်ခယ်က မိုဝူကျီ အကြံကို သိလိုက်ကာ ချက်ချင်းပင် မြန်မြန် ပြောလိုက်တော့သည် “ဝူကျီ ဘွားဘွားလင်းလောင်ကို တွေ့ဖို့ချည်း လုပ်မနေသင့်ဘူးကွ ကောင်းကင် ဖွေရှာနန်းတော်က လူတိုင်း ဝင်လို့ ရတဲ့နေရာ မဟုတ်ဘူး။ ပြီးတော့ ကောင်းကင်ဖွေရှာ နန်းတော်ကို ဒေါသ ထွက်အောင် လုပ်မိရင် မင်းမှာ အသက် တစ်ရာ ရှိနေရင်တောင် ပေးချေဖို့ လောက်မှာ မဟုတ်ဘူး....”

“မဟုတ်ပါဘူး ငါက အဲကို အနည်းဆုံး ကြိုးစားကြည့်ရုံပါ။  ငါ မလုပ်ကြည့်ရင် အမြဲတမ်း နောင်တ ရနေရလိမ့်မယ်....” မိုဝူကျီက ဆုံးဖြတ်ချက် များစွာနှင့် ပြောလိုက်ပြီး “ပြီးတော့ အခုတော့ မလုပ်သေးပါဘူး။  ဆေးလုံး ပြိုင်ပွဲပြီးမှ ငါ့မှာသာ နေရာ ရလာမယ်ဆိုရင် ငါ သတ္တိ ပိုရှိလာလိမ့်မယ်...”

မိုဝူကျီက ထိုသတ္တိ တစ်ခုတည်းဖြင့် မအောင်မြင်နိုင်မှန်း သိ၏။ အကယ်၍ သူသာ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံး ပြိုင်ပွဲတွင် နေရာများ ရရှိခဲ့ပါက အနည်းဆုံးတော့ သူ့မှာ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ရန် အရည်အချင်း ပြည့်မှီသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သူက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်ရန် အရည်အချင်း ပိုင်ဆိုင်မှသာ ဘွားဘွားလင်းလောင်နှင့် တွေ့ဖို့ရာ သင့်လျော်ပေမည်။

မိုဝူကျီက ဆေးလုံးပြိုင်ပွဲ ပြီးမှ သွားမည့် အကြောင်းကို ကြားပြီး နောက်တွင် ကျန်းရှောက်ခယ်က စိတ်အေး သွားလေ၏။ သူက မိုဝူကျီကို ပြောတော့မည့် ဆဲဆဲတွင် ကျန်းရှောက်ရုက ရုတ်တရက် ရောက်လာပြီး ပြောလိုက်သည် “ဝူကျီ ငါ မင်းကို ပျော်ဖို့ကောင်းတဲ့ နေရာ ခေါ်သွားပေးမယ် မင်းသဘော ကျမယ်ဆိုတာ သေချာတယ်...”

“ဘယ်မှာလဲ..” မိုဝူကျီက ကျန်းရှောက်ရုကို သိချင်စိတ်ဖြင့်  ကြည့်ပြီး မေးလိုက်သည်။ အကြောင်းမှာ ထိုကောင်လေးသည် အပေါင်းအသင်း ဝင်ဆံ့သူအဖြစ် မွေးဖွားလာကာ သူတို့သည် အခုမှ တွေ့ဖူးပြီး စကားပင် မပြောဖူးသေးပေ။ သို့သော်လည်း သူက မိုဝူကျီကို ငယ်ပေါင်း ကြီးဖော်အဖြစ် သဘောထားပြီး ပျော်စရာကောင်းသည့် နေရာများကို သွားရန် ခေါ်နေလေ၏။

***

All Chapters