← Chapters

ကျုပ် ပိုက်ဆံမလိုဘူး

Vol. 6 Ch. 86

ကျုပ် ပိုက်ဆံမလိုဘူး

Vol. 6 Ch. 86

နေ့ခင်းပိုင်းတွင် ဆေးရုံမှ ထွက်လာသော သတင်းတစ်ပုဒ်ကြောင့် ကျန်းရှီတစ်မြို့လုံး အံ့အားသင့် သွားကြသည်။

ကျန်းရှီ မြို့ပြသတင်းတွင် "အလွန်တော်သော ဆရာဝန်၏ အကူအညီဖြင့် နံပါတ်တစ် အလှလေး ဥက္ကဋ္ဌ၏ ပျက်ဆီးသွားသောမျက်နှာသည် ပြန်လည်ကောင်းမွန်လာပြီး နတ်သမီးလေးနှင့် တူသွားကြောင်း"

ကျန်းရှီ နေ့စဉ်သတင်းတွင် "ဘဲရုပ်ဆိုးလေးက လှပသောငန်းဖြူလေး ဖြစ်လာသည့် ပုံပြင်ကဲ့သို့ နံပါတ်တစ် အလှလေး ဥက္ကဋ္ဌ လင်းလန်သည် ရုပ်ရှင် စူပါစတားများကို အရှက်ရအောင် ပြုလုပ်လိုက်ခြင်း"

ကျန်းရှီ ဖျော်ဖြေရေး သတင်းတွင် "သမိုင်းမှာ အလှဆုံး ဥက္ကဋ္ဌလေး… မယုံနိုင်စရာကောင်းကြောင်း"

ကျန်းရှီမြို့၏ နေ့စဉ် သတင်းစာများ၊ တစ်ပတ်တစ်ခါ ထုတ်ဝေသည့် မဂ္ဂဇင်းများနှင့် အနုပညာသတင်းစာများတွင် လင်းလန်၏ နေပြန်ကောင်းလာသောသတင်းနှင့် သူမ၏ အံ့ဩစရာကောင်းသော ရုပ်ရည်အသစ်သတင်းတို့ကို လင်းလန်၏ ပျက်ဆီးသွားသော မျက်နှာပုံနှင့် ပြန်လည်ကောင်းမွန်လာသော မျက်နှာပုံ နှစ်ခုကို ယှဉ်၍ သူတို့သတင်းစာ၏ ခေါင်းကြီးပိုင်းတွင် အပြိုင်အဆိုင် ဖော်ပြကြသည်။

ထို့ပြင် အလွန်တော်သော ဆရာဝန်မှာ ယဲ့ဖန် ဖြစ်ကြောင်း လူတိုင်း သိသွားကြသည်။ ထိုသတင်းများကြောင့် တစ်မြို့လုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြလေ၏။

လင်းလန်တစ်ယောက် ဓားမြှောင်တစ်ချောင်းကြောင့် မျက်နှာတစ်ခုလုံး ပျက်ဆီးသွားပြီး မည်ကဲ့သို့ ပြန်ကောင်းလာကြောင်း ဘယ်သူမှ တွေးကြည့်လို့မရကြ၊ အထူးသဖြင့် သူမ၏ ပြန်လည်ကောင်းမွန်လာသော မျက်နှာက ယခင်မျက်နှာထက် ပို၍ လှပနေသည့်အတွက် အားလုံး စဉ်းစားရကျပ်နေကြသည်။

ယဲ့ဖန်၏ ဆေးပညာက ဆာဂျရီလုပ်တာထက် ပိုကောင်းနေတာ ဖြစ်နိုင်သည်။ လင်းလန်၏ လှပသော မျက်နှာကို မြင်ပြီး တစ်မြို့လုံးရှိ ယောကျ်ားသားများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

တစ်ချိန်တည်းမှာပင် တစ်မြို့လုံးရှိ မိန်းမသားထုကြီးက ယဲ့ဖန်၏ ထူးချွန်ပြောင်မြောက်သည့် ဆေးပညာကို စိတ်ဝင်စားလာကြသည်။

ဤသတင်းများသည် ကျန်းရှီမြို့တစ်မြို့တည်းသာမကဘဲ တရုတ်ပြည်တောင်ပိုင်းတစ်ခုလုံးနှင့် ထို့ထက်ဝေးသော နေရာများအထိ ပျံ့နှံ့သွားလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပါ။

မိမိ၏ လက်ရှိရုပ်ရည်ကို ကျေနပ်ခြင်း မရှိသော များစွာသော မိန်းမသားများက ရထားတစ်လမ်းဖြင့် ဖြစ်စေ၊ လေကြောင်းလိုင်းဖြစ်စေ ကျန်းရှီမြို့သို့ ဦးတည်ကာ လာကြတော့သည်။

အထူးသဖြင့် အဓိကကလန်အသီးသီး၏ သခင်မလေးများက ယဲ့ဖန်၏ ကျွမ်းကျင်လှသော ဆေးပညာကို လေးစားလာကြပြီး လင်းလန်၏ လှပသော မျက်နှာကို မြင်ပြီး အံ့အားသင့်သွားကြလေသည်။

များစွာသော မိန်းမသားများက သူတို့၏ နေအိမ်မှ ခွာကာ ကျန်းရှီမြို့သို့ ဦးတည်ကာ လာနေကြသည်။

…

သုံးရက် ကြာပြီးနောက်..

ကျန်းရှီ အလယ်တန်းကျောင်း၏ အားကစားကွင်း၌ ယဲ့ဖန်သည် မိုးမခင်ပင်ပေါ်တွင် လှဲ၍ များစွာသော နတ်ဆိုးချီဓာတ်များကို စုပ်ယူနေသည်။

သူ၏ နတ်ဆိုးခွန်အားသည်လည်း တစ်နေ့တစ်ခြား တိုးပွားလာ၏။ ထိုစဉ် ခြေသံတစ်ချို့ ကြားလိုက်ရပြီး နတ်ဆိုးနည်းပြက  သူ့နား ရောက်လာသည်။

ဝံပုလွေရိုင်း၏ညီ ဖြစ်သော နတ်ဆိုးနည်းပြသည် နတ်ဆိုးသံတောင်ကြီးဟုလည်း နာမည်ကြီးသေးသည်။

ယခင်တစ်ခေါက်တုန်းက ယဲ့ဖန်ကြောင့် သူ ဒုက္ခိတဖြစ်ခဲ့စဉ်ကတည်းက ယဲ့ဖန်၏ ခွန်အားကို သူ မလွန်ဆန်နိုင်မှန်း သိလိုက်သည်။

မိုးမခပင်အောက် ရောက်လာပြီးနောက် နတ်ဆိုး သံတောင်ကြီးသည် ဒူးတစ်ဖက်ထောက်ကာ အလွန် လေးစားသည့်အသံဖြင့် "သခင်ကြီး… ဆေးကုခံချင်လို့ နောက်တစ်ယောက် ထပ်ရောက်လာပြန်ပါပြီ"

သူ့စကားကြောင့် ယဲ့ဖန် မျက်လုံး ဖွင့်ကာ သက်ပြင်းချလိုက်မိသည်။

"ဘယ်နှစ်ဖွဲ့တောင် ရှိနေပြီလဲကွာ?"

နတ်ဆိုးသံတောင်ကြီးက ခါးသက်သက်အပြုံးမျိုးနှင့် ပြုံးကာ "၃ရက်အတွင်း စုစုပေါင်း ၁၀၁ ဖွဲ့ ရှိပါသည်။ အကုန်လုံးနီးပါးက မိန်းကလေးတွေပါပဲ၊ သူတို့က သခင်ကြီး သူတို့ကို ပိုလှလာအောင် လုပ်ပေးစေချင်နေကြပါတယ်"

သည်ရက်ပိုင်း နတ်ဆိုးသံတောင်ကြီးသည်လည်း အလုပ်များနေသည်။ များစွာသောသူများက ယဲ့ဖန်၏ ဆေးကုသမှုကို ခံယူချင်၍ နေ့စဉ်မပျက် လာရောက်ကြသည်။ သူ့အတန်းက မိန်းမလှလေးတွေတောင် ပါသေးသည်။

သို့သော် သူတို့အားလုံးကို ယဲ့ဖန်က ဆေးကုသပေးရန် ငြင်းဆိုခဲ့တာချည်းပင်။

"သူတို့ကို ပြန်ခိုင်းလိုက်တော့"

ယဲ့ဖန် သူများကို ကူညီပေးချင်စိတ် မရှိပေ၊ ထို့ကြောင့် မျက်လုံးကို ပြန်မှိတ်ကာ ကျင့်စဉ်ကျင့်ကြံခြင်း၌ ပြန်၍ အာရုံစိုက်နေလိုက်သည်။

ယဲ့ဖန် စကားကြောင့် နတ်ဆိုးသံတောင်ကြီး ချီတုံချတုံဖြစ်သွားပြီးမှ သတိပေးလာသည်။

"သခင်ကြီး… ဒီလူစုကတော့ သာမန်နဲ့ မတူဘူးဗျ၊ လူသုံးယောက်ပဲ၊ ကောင်မလေးတစ်ယောက်ရယ်၊ အဘိုးအိုတစ်ယောက်ရယ်နဲ့ သက်တော်စောင့်တစ်ယောက်ရယ်ပဲဗျ"

နတ်ဆိုးသံတောင်ကြီး၏ အမူအရာကို တစ်ခုခုကို လန့်နေသည့်ပုံဖြင့် လေးနက်စွာ ထပ်ပြောလိုက်သည်။

"အဲ့သက်တော်စောင့်ကို ကျွန်တော်သိတယ်။ သူက တရုတ်ပြည်တောင်ပိုင်းက မွေထိုင်း လက်ဝှေ့သမားပါ၊ တစ်ခါတုန်းက သူက တရုတ်ပြည်တောင်ပိုင်းတစ်ခုလုံးက ကိုယ်ခံပညာရှင်တွေကို အမှောက်သိပ်ဖူးပြီးတော့ တစ်နေ့တည်းနဲ့ အင်အားကြီးအဖွဲ့အစည်း ၅၃ခုကို ပြိုလဲအောင် လုပ်ခဲ့ဖူးတယ်။ အဲ့ကိစ္စက တရုတ်ပြည်တောင်ပိုင်းတစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တာ"

*မွေထိုင်းလက်ဝှေ့သမား*

ယဲ့ဖန် ခေတ္တမျှ ကြောင်သွားသည်။

မွေထိုင်းလက်ဝှေ့သမားကို သက်တော်စောင့်အဖြစ် ခန့်ထားနိုင်မှတော့ ထိုလူစု၏ နောက်ခံအင်အားက ပေါ့သေးသေးတော့ မဖြစ်နိုင်ပါ။

သို့သော် ယဲ့ဖန်က ဂရုမစိုက်ဘဲ လက်ကိုခါ၍ "သူတို့ကို ပြန်ခိုင်းလိုက်" ဟုသာ ထပ်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်ကြီး" နတ်ဆိုးသံတောင်ကြီး ချက်ချင်းပြန်ထွက်သွားသည်။

သိပ်မကြာခင်မှာပင် အရိုးကျိုးသံနှင့်အတူ နတ်ဆိုးသံတောင်ကြီးသည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ မိုးမခင်အောက်သို့ လွင့်ထွက်လာသည်။

ဖူး!

နတ်ဆိုးသံတောင်ကြီး သွေးတစ်လုပ် အန်ထွက်လာကာ ဒေါသလည်း ထွက်နေ၏။

သူ့နံရိုး နှစ်ချောင်း၊ သုံးချောင်းခန့် ကျိုးသွားချေပြီ။ ခြေသံများနှင့်အတူ လူသုံးယောက်က ယဲ့ဖန်ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။

သုံးယောက်ထဲမှ တစ်ယောက်သည် ကြွက်သားအမြှောင်းမြှောင်းထနေသော ခန္ဓာကိုယ်ရှိပြီး သားရဲတိရိစ္ဆာန်ရိုင်းနှင့် သဏ္ဌာန်တူလှသည်။

နတ်ဆိုးသံတောင်ကြီးအား အထင်သေးသလို ကြည့်ကာ သူက ခနဲ့လာသည်။

"ဟွန့်… မင်းက ပုရွက်ဆိတ်သာသာပဲ ရှိတာကို မမလေး စစ်ခုန်ကို တားရဲတယ်ပေါ့လေ၊ မင်း သေချင်နေပြီလား"

ထိုသူ၏ ရင့်သီးသော အပြောကြောင့် နတ်ဆိုးသံတောင်ကြီး ဒေါသူပုန်ထလာသည်။

နတ်ဆိုးသံတောင်ကြီးသည် လဲနေရာမှ ဖြည်းဖြည်းချင်းထကာ ယဲ့ဖန်ဘက်သို့ ဒူးတစ်ဖက်ထောက်ကာ၊ လက်နှစ်ဘက်ကို ဆုပ်၍ အရှက်ရနေသောလေသံဖြင့် "သခင်ကြီး… ဒီသံတောင်ကြီး အသုံးမကျခဲ့ပါဘူး၊ ကျွန်တော် သူတို့ကို မတားနိုင်ခဲ့ဘူး"

ယဲ့ဖန် မျက်လုံးပွင့်လာပြီးနောက် သူ့မျက်လုံးမှ ရက်စက်သော အလင်းတစ်ချို့ ဖြတ်ပြေးသွားသည်။

သူက သူစိမ်းသုံးယောက်အား အေးတိအေးစက်နှင့် စိုက်ကြည့်ကာ "မင်းက သံတောင်ကြီးကို ဒဏ်ရာရအောင် လုပ်လိုက်တာလား?"

ယဲ့ဖန်၏ အမေးကြောင့် မိန်းမပျိုလေးက မွေထိုင်းလက်ဝှေ့သမား စကားမစခင် ဦးအောင် ကြိုပြောလိုက်သည်။

"ဟုတ်တယ်၊ သူ့ကို ရိုက်လိုက်ဖို့ ငါကကော်စန်းကို ပြောလိုက်တာ။ နင်က နင့်တပည့်ကို ငါ့ကို တားဖို့ ပြောရဲတယ်ပေါ့၊ ငါ သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး"

ထိုမိန်းမပျိုလေးသည် တောက်ပြောင်သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သေးသွယ်သော ကိုယ်ခန္ဓာရှိသော်လည်း သူမရုပ်ရည်ကတော့ သာမန်သာ ဖြစ်သည်။ အထူးသဖြင့် သူမ၏ မျက်လုံးများက အလွန်မောက်မာပုံရကာ မာနကြီးပုံပေါ်သည်။

"နင်က ယဲ့ဖန်လား?"

ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။

"နင်ကိုး" မိန်းမပျိုလေးက မောက်မာစွာ ပြုံး၍ "နားထောင် …. ငါကစစ်ခုန်ကျင့်ပဲ၊ တရုတ်ပြည်မြောက်ပိုင်းက အဓိကကလန်တစ်ခုဖြစ်တဲ့ စစ်ခုန်ကလန်က သခင်မလေးပဲ၊ နင် ငါ့ကို ပိုလှလာအောင်လုပ်ပေး။ ငါ လင်းလန်ထက် ပိုလှချင်တယ်။ ငါ တရုတ်ပြည်မြောက်ပိုင်းတစ်ခုလုံးမှာ အလှဆုံး မိန်းကလေးဖြစ်ချင်တယ်၊ မဟုတ်သေးဘူး.. တရုတ်ပြည်တစ်ခုလုံးရဲ့ အလှဆုံးသူ ဖြစ်ချင်တယ်"

*တရုတ်ပြည်တစ်ခုလုံးရဲ့ အလှဆုံး မိန်းကလေး?*

သူမစကားကြောင့် ယဲ့ဖန် ရယ်ချင်စိတ်ပေါက်ကာ သူမကို ပုရွက်ဆိတ်တစ်ကောင်အား ကြည့်နေသကဲ့သို့ ငြိမ်၍ ကြည့်နေသည်။

ယဲ့ဖန်၏ အမူအရာကို စစ်ခုန်ကျင့် မနှစ်မြို့ချေ။ စစ်ခုန်ကလန်၏ သခင်မလေး ဖြစ်သောကြောင့် သူမနှင့် တွေ့သောသူတိုင်းက သူမကို မျက်နှာချိုသွေးကြသည်။ သူမမျက်နှာကို ပိုလှလာအောင် လုပ်ပေးတာကို ယဲ့ဖန် ဂုဏ်တောင် ယူသင့်သေးသည်ဟု သူမ ထင်နေသည်။

စစ်ခုန်ကျင့်က ချက်ချင်း ချက်လက်မှတ်စာအုပ်ကို ထုတ်ယူကာ ယဲ့ဖန်ရှေ့ ဝှေ့ယမ်းပြ၍ ဘဝင်မြင့်စွာ ပြောလိုက်သည်။

"ပြော… နင် ဘယ်လောက်လိုချင်တာလဲ?"

*ဘယ်လောက်လိုချင်လဲ ဟုတ်လား?*

ယဲ့ဖန်က ခေါင်းသာ ခါနေသည်။ သည်လောက် မိုက်ရူးရဲဆန်သည့် သူဌေးသမီးမျိုး သူ အခုမှ မြင်ဖူးတော့သည်။ သူမက ပိုက်ဆံသာ ရှိလျင် ဘာမဆို လုပ်လို့ရသည်ဟု ထင်နေပုံပေါက်သည်။

ယဲ့ဖန်မျက်လုံးက ရေခဲတစ်မျှအေးစက်လာကာ "မင်း မှားနေပြီ၊ ငါ ပိုက်ဆံ မလိုဘူး"

*ဘာ*

စစ်ခုန်ကျင့်နှင့် အခြားသူနှစ်ယောက် အံ့ဩသွားသည်။

"နင် ဘာလိုချင်တာလဲ?" စစ်ခုန်ကျင့်က ယဲ့ဖန်ကို တွေဝေစွာ ကြည့်၍ မေးလိုက်သည်။

"ငါ ပိုက်ဆံ မလိုဘူး" ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။ "ငါ လူတစ်ယောက်ရဲ့ အသက်ကိုပဲ လိုချင်တာ"

*ဘာ*     

ယဲ့ဖန်၏ စကားကြောင့် စစ်ခုန်ကျင့်နှင့် အခြားသူနှစ်ယောက်၏ မျက်နှာက ချက်ချင်း သုန်မှုန်လာသည်။

ထို့အတူ ယဲ့ဖန်က သူတို့သုံးယောက်အား စိုက်ကြည့်ကာ "ငါ့ညီကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်၊ ငါ့ညီကို ဒူးထောက်ပြီး တောင်းပန်မလား ဒါမှမဟုတ် ဒူးထောက်ပြီး အသေခံမလား"

….

နတ်ဆိုးသံတောင်ကြီးတစ်ယောက် မျက်လုံးတွေ နီလာကာ မျက်ရည်ဝဲတတ်လာသည်။

ယခင်တုန်းက သူက ယဲ့ဖန်ကို သူ၏ ထောင်လွှားတတ်သော သခင်ကြီးဟုသာ သတ်မှတ်ခဲ့မိသည်။ ယဲ့ဖန်က သူ့ကို သွေးသောက်ညီအစ်ကိုလို သဘောထားလိမ့်မည်ဟု မထင်ထားမိခဲ့ပါ။

သူ့အတွက်ကြောင့် ယဲ့ဖန်က တရုတ်ပြည်မြောက်ပိုင်း၏ အဓိကကလန်တစ်ခုမှ သခင်မလေးကို ရန်စဝံ့သည့်အတွက် နတ်ဆိုးသံတောင်ကြီး သူ့ကို အလွန်လေးစား ချစ်ခင်လာသည်။

"သခင်ကြီး… ဒါမှ… ငါ့သခင်ကြီး"

နတ်ဆိုးသံတောင်ကြီးက ယဲ့ဖန်၏ ပိန်ပါးပါး အသွင်ကို ကြည့်၍ ရေရွတ်နေသည်။ သူ့အသက်ကို ရင်း၍ ယဲ့ဖန်အား ကာကွယ်စောင့်ရှောက်သင့်ကြောင်း သူ သိလိုက်သည်။

All Chapters