← Chapters

အတွင်းစိတ်က ပုပ်နေရင် ဘယ်လိုမှ လှအောင်လုပ်ပေးလို့ မရဘူး!

Vol. 6 Ch. 88

အတွင်းစိတ်က ပုပ်နေရင် ဘယ်လိုမှ လှအောင်လုပ်ပေးလို့ မရဘူး!

Vol. 6 Ch. 88

*သေသွားပြီ … သူ သေသွားပြီ*

စစ်ခုန်ကျင့်နှင့် အဘိုးအိုတို့သည် မွေထိုင်းလက်ဝှေ့သမား သေသွားသည့် မြင်ကွင်းကို ကြည့်ပြီး ထိတ်လန့်အံ့အားသင့်နေကြသည်။

သုံးကွက်တည်း!

ပထမတစ်ကွက်မှာတင် သူ့ခြေထောက်ကို ချိုးလိုက်တယ်!

ဒုတိယအကွက်မှာ သူ့ဒူးခေါင်းကို ချိုးလိုက်တယ်!

တတိယအကွက်လည်းရောက်ကော သူ့ကို သတ်လိုက်တယ်!

*ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး!*

စစ်ခုန်ကျင့်နှင့် အဘိုးအိုတို့ မယုံသင်္ကာမျက်လုံးများဖြင့် ကြည့်နေကြသည်။

စစ်ခုန်ကလန်၏ ထိပ်တန်းသက်တော်စောင့် ဖြစ်သူ မွေထိုင်း လက်ဝှေ့သမားက သုံးကွက်အတွင်း အသတ်ခံလိုက်ရမည်ဟု သူတို့ ထင်မထားခဲ့ပါ။

သည်ကိစ္စသာ အပြင်သို့ ပေါက်ကြားသွားပါက တရုတ်ပြည်မြောက်ပိုင်းတစ်ခုလုံး ထိတ်လန့်သွားလောက်ပေသည်။

စစ်ခုန်ကျင့်နှင့် အဘိုးအိုတို့ နတ်ဆိုးသံတောင်ကြီးကို ငေးကြည့်နေကြသည်။

သံတောင်ကြီး၏ မျက်လုံးများက နီမြန်းနေကာ မျက်နှာသွင်ပြင်ကလည်း တကယ့်နတ်ဆိုးသဖွယ် ရက်စက်သည့်အသွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာကိုကြည့်ရင်း သူတို့ပါ သွေးပျက်လာသည်။

သူတို့ ပိုကြောက်ရွံ့မိသည့်သူက မိုးမခပင်၏ သစ်ကိုင်းပေါ်မှာ ငုတ်တုတ်ထိုင်နေသော ယဲ့ဖန်သာ ဖြစ်သည်။

ယဲ့ဖန်က တစ်ချက်ကလေးမှ မလှုပ်ဘဲ သူ့လူကိုသာ အမိန့်သုံးကြိမ် ပေးလိုက်သည်နှင့် သူ့လူက မွေထိုင်းလက်ဝှေ့သမားကို သတ်လိုက်နိုင်သည်။

"ငါ… ငါ လုပ်လိုက်နိုင်ပြီ ... ငါ ကော်စန်းကို သတ်လိုက်နိုင်ပြီ"

နတ်ဆိုးသံတောင်ကြီးက အံ့ဩပျော်ရွှင်စွာ ပြောလိုက်မိသည်။

ယခင်က ကော်စန်းသည် ကိုယ်ခံပညာအဖွဲ့အစည်းများနှင့် ကိုယ်ခံပညာရှင်များစွာကို သတ်ခဲ့သည့် ကြောက်လန့်ဖွယ် ကောင်းသော အင်အားကြီးသည့်သူ တစ်ယောက်အဖြစ် သူ မြင်မိသည်။

နတ်ဆိုးသံတောင်ကြီး ယဲ့ဖန်ကို အလွန်လေးစားချစ်ခင်စွာ ကြည့်နေမိသည်။

ဒူးတစ်ဘက် ထောက်ကာ နှလုံးသားရှိရာဘက်ကို လက်တင်ရင်း "သခင်ကြီး… သံတောင်ကြီးက သခင် မျှော်လင့်ထားတဲ့အတိုင်း ကော်စန်းကို သတ်လိုက်နိုင်ပါပြီ"

ယဲ့ဖန်က သူ့အတွက် နတ်ဘုရားတစ်ပါးလိုသာ ဖြစ်သည်။

"မဆိုးဘူး"

ယဲ့ဖန်က အသေးအဖွဲကိစ္စလို သဘောထားကာ ခေါင်းညိတ်၍ ပြုံးလိုက်သည်။

ထို့နောက် သူက စစ်ခုန်ကျင့်ကို မျက်နှာတင်းတင်းဖြင့် ပြောလိုက်သည်။

"မင်းအလှည့်ပဲ၊ ကိုယ့်ပါးကိုယ် ဆယ်ချက် ရိုက်လိုက်၊ ဒါဆို မင်းကို ငါ ခွင့်လွှတ်ပေးမယ်"

*ဘာ*

စစ်ခုန်ကျင့် မျက်နှာပျက်သွားသည်။ စစ်ခုန်ကလန်၏ သခင်မလေးတစ်ယောက်အနေနှင့် သူမသည် ဤကဲ့သို့ မရှုမလှ မရှုံးခဲ့ဖူးပါ။

သူမ၏ သက်တော်စောင့်လည်း အသတ်ခံလိုက်ရသဖြင့် သူမ ဒေါသထွက်နေသည်။

သူမကို အရှက်ခွဲသည့်အနေဖြင့် သူမကိုယ်သူမ ပါးပြန်ရိုက်ရန်လည်း ဖိအားပေးခံနေရသည်။

သူမ မွေးကတည်းက ယခုအထိ ဤကဲ့သို့ တစ်ခါမှ အနှိမ်မခံရဘူးပါ။

စစ်ခုန်ကျင့်သည် ခြင်္သေ့ပျိုမလေးလို ဒေါသူပုန်ထနေသည်။

ထိုစဉ် အဘိုးအိုက သူမကို လျင်မြန်စွာ တားဆီး၍ ရှေ့သို့ တစ်လှမ်းတိုးကာ ယဲ့ဖန်အား လက်ဝှေ့ယမ်းပြ၍ ပြောလာသည်။

"မစ္စတာယဲ့… မမလေး စစ်ခုန်က ငယ်သေးတော့ ဆိုးသွမ်းသလို ဖြစ်သွားပါတယ်၊ သူမကို ဒီတစ်ခါလောက်တော့ ခွင့်လွှတ်ပေးလိုက်ပါ"

အဘိုးအိုက ကော်စန်း၏ အလောင်းကို ညွှန်ပြ၍ "ကော်စန်းလည်း သေသွားပြီဆိုတော့ အပြစ်ပေးတာ လုံလောက်ပြီလို့ ထင်ပါတယ်"

အဘိုး၏ စကားများအရ ယဲ့ဖန်နှင့် သူ မိတ်ဆွေဖွဲ့လိုမှန်း သိသာလှသည်။ သို့သော် စစ်ခုန်ကျင့်က ချက်ချင်း မျက်နှာပျက်ကာ စောဒက တက်တော့သည်။

"ဖိုးဖိုးကူး… ဘာ ..."

အဘိုးအိုက သူမကို လက်ကာပြလိုက်သည်။ သူက ယဲ့ဖန်ကို ပြန်၍ စိုက်ကြည့်လိုက်သည်။

ယဲ့ဖန်က ရယ်သွေးသွမ်း၍ "ကျုပ်ကလည်း ထပ်ပြောလိုက်မယ်၊ ကိုယ့်ကိုယ်ကိုယ် ပါးပြန်ရိုက်ရင်ရိုက် မဟုတ်ရင် သေလိုက်တော့.."

..

ယဲ့ဖန်၏ ပြတ်သားသော လေသံကြောင့် အဘိုးအို၏ မျက်နှာက မည်းမှောင်လာသည်။

နောက်ဆုံးတွင် သူက စစ်ခုန်ကျင့်ကို ဖျောင်းဖျလိုက်သည်။

"မမလေး… မစ္စတာယဲ့ပြောတဲ့အတိုင်း လုပ်လိုက်ပါ"

*ဘာ*

သူမ၏ အဘိုးက ယဲ့ဖန်ဘက် လိုက်လိမ့်မည်ဟု သူမ ကြောင်သွားသည်။

သို့သော် ယဲ့ဖန်က သူမကို စိုက်ကြည့်နေသောကြောင့် စစ်ခုန်ကျင့်တစ်ယောက် နတ်ဆိုးတစ်ကောင်၏ စိုက်ကြည့်ချင်းကို ခံနေရသလို ခံစားမိပြီး တုန်လှုပ်လာသည်။

"မမလေး… လုပ်လိုက်ပါ"

မျိုးရိုးနာမည် ကူးနှင့် အဘိုးအိုက မတတ်သာဘဲ ပြောလိုက်ရသည်။

စစ်ခုန်ကျင့်လည်း သူမ ရှောင်လွှဲလို့မရမှန်း သိလိုက်ပြီး လက်ကို မြှောက်ကာ အားနှင့် ကိုယ့်ပါးကိုယ် ပြန်ရိုက်လိုက်သည်။

ဖြန်း!

စစ်ခုန်ကျင့်၏ ပါးတစ်ဘက်၌ လက်ဖဝါးရာကြီး ပေါ်လာသည်။ သို့သော်လည်း သူမမျက်လုံးမှ မုန်းတီးမှုများက ပို၍ ကြီးထွားလာသည်။

ဖြန်း! ဖြန်း! ဖြန်း!

အကြိမ်ကြိမ်အခါခါ ရိုက်နေရသောကြောင့် သူမပါးနှစ်ဘက်လုံး ယောင်ကိုင်းလာကာ မှတ်တောင်မမှတ်မိလောက်တော့ပေ။

နောက်ဆုံးတစ်ချက် ရိုက်ပြီးသွားသည်နှင့် သူမမျက်လုံးမှ မုန်းတီးမှု၊ ဒေါသမီးပွားများက အရပ်မျက်နှာတိုင်းသို့ ပျံ့နှံ့သွားသလား မှတ်ရလောက်အောင် ပေါက်ကွဲနေသည်။

"ယဲ့ဖန် … မှတ်ထားလိုက် ... နောင်အနာဂတ်မှာ ငါ နင့်ကို ဆယ်ဆမက ပိုပြီး ခံစားရအောင် လုပ်ပြမယ်"

စစ်ခုန်ကျင့် ယဲ့ဖန်ကို သေမတတ် မုန်းသည်။ သူ ချက်ချင်း နောက်ပြန်လှည့်ကာ ထွက်သွားရန် ပြင်လိုက်သည်။

ထိုစဉ် သူမ နောက်လှည့်လိုက်သည်နှင့် ကလေးမလေး တစ်ယောက် သူမ သွားမည့်လမ်းမှာ ပိတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုကလေးမလေးသည် အသက် ဆယ်နှစ်ခန့် ရှိပြီး စုတ်ပြတ်နေသော အဝတ်အစားတို့ကို ဝတ်ဆင်ထားသည်။

သူမ၏ မျက်လုံးလေးများက ညအမှောင်မှာ လင်းလက်သည့် ကြယ်တာရာလေးများကဲ့သို့ တောက်ပလျက် ရှိသည်။

သူမ၏ ဝိုင်းစက်လှပသော မျက်နှာလေးက သူမသည် ရှားပါးသော အလှပိုင်ရှင်လေး ဖြစ်ကြောင်း ဖော်ပြနေသော်လည်း သူမမျက်နှာပေါ်၌ မွေးရာပါ အမှတ် အမည်းကြီး ရှိနေသည်။

ထိုမွေးရာပါ အမှတ်က သူမမျက်နှာ တစ်ဝက်လောက်ကို ဖုံးနေသောကြောင့် သူမကို ကြောက်စရာကောင်းအောင် လုပ်ထားသလို ဖြစ်နေသည်။

စစ်ခုန်ကျင့် ကြောင်သွားပြီးမှ ထိုကလေးမလေးကို ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

"ဒီ ရုပ်ဆိုးတဲ့ မကောင်းဆိုးဝါးမလေးက ဘယ်က ရောက်လာတာလဲ? နင် ငါ့ကို လန့်သေအောင် လုပ်နေတာလား?"

စစ်ခုန်ကျင့်၏ လွန်ကဲလွန်းသော စကားကြောင့် ကလေးမလေး၏ ပိန်သေးသေးကိုယ်လေးက တုန်ယင်လာကာ ကြောက်သွားပုံ ရသည်။

"မ…မမ ... ကျွန်မ တောင်းပန်ပါတယ်၊ ရွှင်းအာ မရည်ရွယ်ပါဘူး ..."

ပုလဲလုံးလေးလို မျက်ရည်များက သူမမျက်ဝန်းများမှ ကျဆင်းလာသည်?

အထူးသဖြင့် စစ်ခုန်ကျင့်၏ ရွံရှာသော အကြည့်များကြောင့် ကလေးမလေးက တုန်တုန်ယင်ယင်နှင့် ခေါင်းကို ငုံ့သွားရှာသည်။

"မရည်ရွယ်ဘူး ဟုတ်လား? နင် အပြင်ကို ထွက်လာပြီး အခြားသူတွေကို လန့်သွားအောင် လုပ်တာက တမင်ရည်ရွယ်ပြီး လုပ်တာ မဟုတ်ဘူးပေါ့ ဟုတ်လား?"

စစ်ခုန်ကျင့်က သူမဒေါသတွေကို ထိုကလေးမလေးအပေါ် ပုံချကာ သူမလေးကို ကျိန်ဆဲတော့သည်။၏

"နင့် ရုပ်ဆိုးတဲ့ မျက်နှာကို ပြန်ကြည့်ဦး၊ ရွံဖို့ ကောင်းလိုက်တာ။ နင့်ရုပ်ဆိုးဆိုး ပုံကြီးက လူတွေကို လန့်ပြီး သေအောင် လုပ်လို့ရတယ်ဆိုတာ သိလား"

စစ်ခုန်ကျင့်၏ စကားများကြောင့် ကလေးမလေးက ပို၍ ငိုလာသည်။

"ရွှင်းအာက ရုပ်အရမ်းဆိုးပါတယ်၊ ညီမ မမကို လန့်အောင် လုပ်မိသွားရင် တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်"

ကလေးမလေးက မျည်ရည်အရွှဲသားနှင့် ခေါင်းကို ငုံ့ကာ သိမ်ငယ်စိတ်နှင့် စစ်ခုန်ကျင့်ကို တောင်းပန်နေသည်။

"ရွှင်းအာက အစ်ကိုယဲ့ဖန်ကို လာရှာတာပါ။ အစ်ကိုယဲ့ဖန်က ညီမရဲ့ မွေးရာပါ အမှတ်ကို ဖယ်ပေးနိုင်မယ်လို့ ထင်လို့ပါ"

*ဘာ*

*မွေးရာပါအမှတ်ကို ဖယ်ရှားမယ်*

စစ်ခုန်ကျင့်က လှောင်ရယ်၍ "ဟွန့်… ဒီရုပ်ဆိုးဆိုး မကောင်းဆိုးဝါးမလေးက လှချင်နေတာကိုး ... မင်းတော့ စိတ်ပျက်သွားတော့မှာပဲ၊ အဲ့ကောင်က ငါ့ကိုတောင် မကူညီတာ နင့်ကို ဘယ်လိုလုပ် ကူညီမှာတုန်း?"

စစ်ခုန်ကျင့်က ကလေးမလေးကို အထင်သေးသလို ကြည့်နေသည်။ ယဲ့ဖန်က သူမလို ချက်လက်မှတ်ထုတ်ပေးတဲ့သူကိုတောင် မကူညီတာ ၊ သည် သူတောင်းမ ရုပ်ဆိုးမလေးကို ကူမတဲ့လား?

ကလေးမလေး၏ မလှပသောမျက်နှာကို ကြည့်ကာ ဒေါသတကြီးနှင့် "နင့်စောက်ခွက်ဆိုးဆိုးကြီးတော့ ငါလန့်သွားတာ၊ နင့်ကို ငါ ပါးရိုက်ရမှ ကျေနပ်နိုင်မယ်"

ထိုသို့ ပြောပြီး စစ်ခုန်ကျင့်က လက်ကို မြှောက်ကာ ကလေးမလေးကို ပါးရိုက်ရန် ရွယ်လိုက်သည်။

ဖြောင်း!

ကလေးမလေးက နေရာမှ ရပ်မြဲအတိုင်း ရပ်နေပြီး ကြောက်လွန်း၍ တုန်တောင်တုန်နေသည်။

သို့သော် စစ်ခုန်ကျင့်ကတော့ လွင့်ထွက်သွားသည်။

လူတစ်ယောက်က ကလေးမလေးရှေ့၌ ရပ်နေသည်။ ထိုသူကတော့ ယဲ့ဖန်ပင်။

"ယဲ့ဖန် … နင်… နင် ငါ့ကို ရိုက်တယ်"

စစ်ခုန်ကျင့် သူမ၏ နီမြန်းနေသော ပါးကို ကိုင်လိုက်သောအခါ သွေးအန်လာသည်။

ယဲ့ဖန်၏ မျက်လုံးများက အေးစက်နေကာ

"ကျုပ် မိန်းမတွေကို မရိုက်ချင်ဘူး၊ ဒါပေမယ့် ကျုပ် မိန်းမတွေကိုတော့ သတ်ပစ်တတ်တယ်။ မင်း စမ်းကြည့်ချင်လား?"

*ဘာ*

စစ်ခုန်ကျင့်၏ မျက်နှာက ဖြူရော်လာသည်။ ရုပ်ဆိုးသော ကလေးမလေးကို တစ်ချက်ကြည့်ကာ သူမက ဒေါသတကြီး ပြန်အော်လိုက်သည်။

"ဘာလဲ? ရှင် အဲ့ မကောင်းဆိုးဝါးမလေးကို ကုပေးမလို့လား?"

"ဒါပေါ့"

ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ စစ်ခုန်ကျင့်၏ မျက်လုံးကို စိုက်ကြည့်ကာ အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

"တစ်ယောက်ယောက်က မျက်နှာမလှရင် လှလာအောင် လုပ်ပေးလို့ရတယ်၊ အတွင်းစိတ်ပုပ်နေရင်တော့ ဘယ်လိုမှ လုပ်ပေးလို့မရဘူး"

*ဘာရယ်*

စစ်ခုန်ကျင့်၏ မျက်နှာက အရမ်းကို သုန်မှုန်လာသည်။

သူမ ပိုက်ဆံဘယ်လောက်ပေးပေး ယဲ့ဖန်က သူမကို မကုပေးဘဲ မနေနိုင်ဟု ထင်ထားခဲ့သော်လည်း သူမကို ကုပေးဖို့ အငြင်းခံလိုက်ရသည်။ သို့သော် ယဲ့ဖန်က သည်မကောင်းဆိုးဝါးမလေးကို ကုဖို့တော့ သဘောတူနေသည်။

"ကောင်းပြီလေ ... ယဲ့ဖန် ... ငါတို့နှစ်ယောက်ကြားမှာ ဘာအပေးအယူမှ မရှိတော့ဘူး၊ ပြီးသွားပြီ၊ စစ်ခုန်ကလန်က နင့်ကို နောင်တရအောင် လုပ်ပြမယ်"

စစ်ခုန်ကျင့်က ယဲ့ဖန်က စူးစူးဝါးဝါး စိုက်ကြည့်ကာ အဘိုးအိုကူးနှင့်အတူ ထွက်သွားသည်။

သို့သော် ယဲ့ဖန်က စစ်ခုန်ကျင့်၏ ခြိမ်းခြောက်မှုကို အရေးတောင် မစိုက်ဘဲ ကလေးမလေးကိုသာ စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

*ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ်*

*ဒီကလေးမလေးမှာ ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ် ရှိနေတာပဲ*

All Chapters