စကြဝဠာတစ်ခုလုံးမှာ အလှဆုံးမိန်းကလေး!
Vol. 6 Ch. 89
"အဖိုးကူး ခုနက ဘာလို့ ကျွန်မကို ဝင်မကူညီတာလဲ?"
ကျန်းရှီ အလယ်တန်းကျောင်းမှ ထွက်လာသည်နှင့် စစ်ခုန်ကျင့်က အဘိုးအိုကူးကို မေးလိုက်သည်။
တရုတ်ပြည်မြောက်ပိုင်းမှ အဓိကကလန်တစ်ခုဖြစ်သည့် စစ်ခုန်ကလန်၏ သခင်မလေးဖြစ်သည့် သူမတွင် သက်တော်စောင့် ကော်စန်းအပြင် နောက်ထပ် ကာကွယ်ပေးသူ တစ်ယောက်ရှိသည်၊ ထိုသူကတော့ အဘိုးအိုကူးပင် ဖြစ်သည်။
အဘိုးအိုကူး မည်မျှ စွမ်းအားကြီးမားကြောင်းကို စစ်ခုန်ကျင့်သာ သိသည်။ သူ ငယ်ရွယ်စဉ်အခါက တရုတ်ပြည်မြောက်ပိုင်း၌ အင်အားကြီးသူ တစ်ယောက် ဖြစ်ခဲ့သည်။
အသက်အရွယ် ရလာသော်လည်း ယခုထိ တရုတ်ပြည်မြောက်ပိုင်း၌ ပြိုင်ဘက်ကင်းသူ ဖြစ်နေသေးသည်။
စစ်ခုန်ကျင့်၏ အမေးကြောင့် အဘိုးအိုသည် မျက်မှောင်ကြုတ်ကာ နဖူးမှ ချွေးကို သုတ်လိုက်သည်။ သူ့ကျောတွင်လည်း ချွေးများဖြင့် ရွှဲနစ်နေသည်။
"မမလေး… မမလေး မသိလောက်ပင်မယ့် တကယ်လို့ ကျွန်တော်သာ စတိုက်ခဲ့ရင် ကျွန်တော်တို့ နှစ်ယောက်လုံး သေသွားလောက်တယ်"
*ဘယ်လို*
စစ်ခုန်ကျင့် တွေဝေသွားသည်။
"အဘိုးကူး… ဘာတွေပြောနေတာလဲ၊ ရှင် နတ်ဆိုးသံတောင်ကြီးကို တစ်ချက်တည်းနဲ့ သတ်လိုက်လို့ ရတဲ့ဟာကို ... ရှင်သာ ဝင်တားခဲ့ရင် ကော်စန်းလည်း အခုလို အသေဆိုးနဲ့ သေရမှာ မဟုတ်ဘူး"
စစ်ခုန်ကျင့်က ထိတ်လန့်နေသည့်ဟန်ဖြင့် ပြောလိုက်သည်။
"ကျုပ် တစ်ဘဝလုံး လူတော်တော်များများနဲ့ ကြုံခဲ့ပြီးပြီ၊ ဒါပေမယ့် သူ့လိုလူမျိုးတော့ ကျုပ် တစ်ခါမှ မမြင်ဖူးသေးဘူး"
အဘိုးကူးက မျက်မှောင်ပိုကြုတ်နေလျက်နှင့် အထိတ်တလန့်ဖြင့် ပြောလိုက်သည်။
"ကော်စန်း မသေခင်တုန်းက ကျုပ် သူ့ကို ကယ်ဖို့ လုပ်ခဲ့သေးတယ်၊ ဒါပေမယ့် အရမ်း ကြောက်ဖို့ကောင်းတဲ့ ချီဓာတ်က ကျုပ်ကို ပစ်မှတ်ထားနေခဲ့တာ။ ကျုပ်သာ ကော်စန်းကို ဝင်ကူခဲ့ရင် ကျုပ်တို့နှစ်ယောက်လုံး သေနေလောက်ပြီ"
အဘိုးကူး သည်မျှ ကြောက်လန့်နေသည်ကို သူမ တစ်သက်လုံး မမြင်ခဲ့ဖူးပါ။ အခုတော့ သူက ယဲ့ဖန်ကို ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင်လို မြင်နေသည်။
စစ်ခုန်ကျင့်က အေးတိအေးစက်ဖြင့် ပြန်ပြောလိုက်သည်။
"ဟွန့်… ဒါ အဆုံးသတ် မဟုတ်သေးပါဘူး။ ကျွန်မ အဖေနဲ့ ဖိုးဖိုးတို့က ယဲ့ကလန်ကို ရောက်နေတာ။ လာ … သွားမယ်၊ ကျွန်မအတွက် လက်စားချေပေးဖို့ ကျွန်မအဖေကို သွားပြောရမယ်"
ထိုသို့ ပြောပြီး စစ်ခုန်ကျင့်က ရှေ့က အရင် ထွက်လာသည်။ အဘိုးကူးက မျက်မှောင်ကြုတ်လျက်နှင့် ကိစ္စ ကြီးကြီးမားမားတစ်ခု ဖြစ်လာတော့မည်ဟု ခံစားမိနေသည်။
"စစ်ခုန်ကလန်က အကြီးအကဲတွေ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ပါစေလို့ မျှော်လင့်ရတာပဲ"
အဘိုးကူးက ခေါင်းတခါခါနှင့် သက်ပြင်းချကာ စစ်ခုန်ကျင့်နောက်သို့ လိုက်သွားသည်။
….
ထိုအချိန် အားကစားကွင်းအတွင်း၌
ယဲ့ဖန်က ကလေးမလေးကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ ညစ်ပတ်စုတ်ပြတ်နေသော အဝတ်အစားများနှင့် သူမသည် လေလွင့်နေသည့် ကလေးနှင့် တူလှပေသည်။
သူမသည် တောင်တက်ဖိနပ် အကြီးတစ်စုံကို စီးထားပြီး ထိုဖိနပ်ထိပ်၌ ပေါက်နေသည်။ ဤပုံစံကြောင့် သူမသည် အလွန် ဆင်းရဲသည်ဟု ထင်ရသည်။
ယဲ့ဖန်က သူမကို ကြည့်နေသည်ကို သတိထားမိပြီး ကလေးမလေး၏ ရုပ်ဆိုးဆိုးမျက်နှာလေးသည် နီမြန်းလာကာ ခေါင်းကို အသည်းအသန် ငုံကာ ကြောက်နေသည့်ပုံဖြင့်
"ရွှင်းအာက ရုပ်အရမ်းဆိုးပါတယ်၊ အစ်ကိုကြီး… သမီးကို မကြောက်ဖို့ မျှော်လင့်ပါတယ်"
ရွှင်းအာ၏ အသံက အရမ်းကို သိမ်ငယ်နေပုံရသည်။ သူမ၏ မျက်နှာမှ မျက်ရည်များ တသွင်သွင်စီးကျနေကာ ပခုံးလေးကလည်း သိမ့်သိမ့်တုန်နေသည်။
သူမ မှတ်ဉာဏ်တွေ ပြန်ရလာကတည်းက သူမ မှတ်မိတာဆိုလို့ သူမသည် မည်သူမျှ နှစ်သက်ခြင်းမရှိခြင်း မရှိသည့် ရုပ်ဆိုးမလေးသာ ဖြစ်သည်။ သူမကို မည်သူမျှ မွေးစားချင်စိတ် မရှိကြသလို၊ သနားညှာတာကြချင်းလည်း မရှိကြပါ။
လူတိုင်း၏ အထင်သေး နှိမ်ချသည့် အကြည့်များ၊ ဆဲဆိုသံများကိုသာ အမြဲ ကြားခဲ့ရသည်။ လူတွေက သူမကို ကမ္ဘာကြီး၏ မလိုအပ်သည့် စွန့်ပစ်ပစ္စည်းလို ဆက်ဆံကြသည်။
မည်သူမျှ သူမကို မသနားကြပါ။
"ရွှင်းအာ?"
သူမနာမည်ကို သိလိုက်ရပြီးနောက် ယဲ့ဖန်က ပြုံးကာ သူမခေါင်းလေးကို ညင်သာစွာ ပွတ်လိုက်သည်။
"ရွှင်းအာ ... မှတ်ထားပါ ... မင်းက လုံးဝ ရုပ်မဆိုးဘူး၊ အခုကစပြီး မင်းက ဒီစကြဝဠာထဲက အလှဆုံးမိန်းကလေးတွေထဲက တစ်ယောက် ဖြစ်လာတော့မှာ"
ယဲ့ဖန်က ရွှင်းအာ၏ မျက်လုံးကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။
*ဟင်*
ရွှင်းအာ ကြောင်သွားသည်။ မျက်ရည်ဝဲနေသည့် သူမမျက်နှာလေးကို မော့ကာ ယဲ့ဖန်က ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
သူမကို တစ်စုံတစ်ယောက်က ရုပ်မဆိုးပါဘူးဟု ပြောလာခြင်းသည် ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။ သူမက ယဲ့ဖန်အား စိုစွတ်နေသော မျက်ဝန်းလေးများဖြင့် ကြည့်နေသည်။
ယဲ့ဖန်က သူမအား စိတ်ဆုံးဖြတ်ထားသော အကြည့်များ၊ ချစ်မြတ်နိုးဟန်များဖြင့် ကြည့်နေသည်။ သူက ရွံရှာသလို၊ အထင်သေးသလိုမျိုးလည်း ကြည့်မနေပါ။
"အစ်ကိုကြီး…"
သူမ ချုံးပွဲချ အော်ငိုလေတော့သည်။ တစ်စုံတစ်ယောက်က သူမကို ဂရုတစိုက်ရှိပြီး ချစ်ခင်ပေးတာကို ခံရခြင်းက ဒါ ပထမဆုံးပင်ဖြစ်သည်၊ အထူးသဖြင့် ယဲ့ဖန်က သူ့ရဲ့နွေးထွေးသော လက်ဖြင့် ခေါင်းကို ညင်သာစွာ ပုတ်ပေးတာကို သူမ သဘောကျသည်။
ကလေးမလေး၏ အာဟာရ မပြည့်ဝသော ကိုယ်လေးနှင့် မျက်ရည်များကို မြင်ပြီး ယဲ့ဖန် ရင်ထဲ တလှပ်လှပ် ခံစားလာရသည်။
သည်ကလေးမလေးက ဘဝတစ်လျှောက်လုံး ဒုက္ခသုက္ခများကို အရွယ်နှင့်မလိုက်အောင် ခံစားခဲ့ရမှန်း သူ သိနေသည်။
"ရွှင်းအာ ... ငါ့ကိုယုံ၊ ပြဿနာတွေ မရှိတော့ပဲ မင်းရဲ့ မွေးရာပါအမှတ်က မင်းကို ပျော်စရာတွေ ယူဆောင်လာပေးလိမ့်မယ်"
ယဲ့ဖန်က တောက်ပနေသော မျက်လုံးများဖြင့် ပြောလာသည်။
*ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ်*
*စကြဝဠာထဲမှာ အင်အားအကြီးဆုံး ခန္ဓာကိုယ်ထဲက တစ်ခုပဲ*
စကြဝဠာအတွင်းရှိ သန်းပေါင်းများစွာသော နဂါးငွေ့တန်းထဲမှ အသက်ပေါင်းများစွာ ကြားတွင် အလင်းနှစ်ပေါင်း တစ်ရာ မီလီယံမှတစ်ကြိမ်သာ ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ် ပိုင်ရှင်ဟု၍ တစ်ယောက်သာ မွေးဖွားလာသည်။
ယဲ့ဖန်၏ မှတ်ဉာဏ်များအရ စကြဝဠာထဲတွင် အလွန်သန်မာသော နတ်ဆိုးအိုကြီးတစ်ယောက်သာ ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည်။
သို့သော် ထိုနတ်ဆိုးအိုကြီး ပျောက်နေသည်မှာ နှစ်ပေါင်း ဘီလီယံနှင့် ချီ၍ ကြာနေပြီဖြစ်သည်။ သူ သေသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
စကြဝဠာအတွင်းရှိ အင်အားကြီး အဖွဲ့အစည်းများသာ သည်ကောင်မလေးအကြောင်း သိသွားပါက ရူးသွားလောက်သည်။
လူတစ်ယောက်က အလွန်ပြင်းသော အဆိပ်တွေကို ခန္ဓာကိုယ်ထဲ သိုလှောင်ထားလေ ထိုသူက ပိုလှလေ ဖြစ်သည်။
သူမ၏ ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ် နိုးထလာသည်နှင့် သူမသည် သေချာပေါက်ကို စကြဝဠာအတွင်းရှိ အလှဆုံးမိန်းကလေးတစ်ယောက် ဖြစ်လာပေလိမ့်မည်။
သူမ၏ အပြုံးလေးတစ်ချက်၊ လှုပ်ရှားမှုတစ်ခုလေးကပင် စကြဝဠာအတွင်းရှိ သက်ရှိအားလုံး သူမအပေါ် အရူးအမူး ဖြစ်သွားလောက်သည်။
"အစ်ကိုကြီး ... ညီမရဲ့ မွေးရာပါ အမှတ်ကို အစ်ကိုကြီး တကယ် ဖျက်ပေးနိုင်တာလား?"
ရွှင်းအာက ယဲ့ဖန်အား မျှော်လင့်ချက်အပြည့်ဖြင့် ပြည့်နှက်နေသော မျက်လုံးရွဲကြီးများဖြင့် မော့ကြည့်လာသည်။
ယဲ့ဖန်က ပြုံး၍ "စိတ်မပူပါနဲ့" ဟု ပြန်ပြောလိုက်သည်။
ထို့နောက် သူက အပ်တစ်ချို့နှင့် ဆေးရည်ထည့်ထားသော ဘူးတစ်ဘူးကို ထုတ်လိုက်ပြီး ရွှင်းအာကို ပြောလိုက်သည်။
"ရွှင်းအာ ... ငြိမ်ငြိမ်လေးနေနော်၊ နည်းနည်းတော့ ယားလိမ့်မယ်၊ သည်းခံပေး"
ရွှင်းအာ နားလည်ပါသည်၊ ထို့ကြောင့် သူမ ခေါင်းညိတ်၍ မျက်လုံးမှိတ်လိုက်သည်။
ချက်ချင်းပင် ယဲ့ဖန်က အပ်တစ်ချောင်းကို သူမ၏ မွေးရာပါအမှတ်ပေါ် စိုက်လိုက်သည်။
….
ထို့နောက် နတ်ဆိုးချီအချို့ကို သူမ၏ မွေးရာပါအမှတ်ထဲသို့ ထည့်သွင်းလိုက်သည်။ ခဏကြာသော် သူ၏ အပ်က အနက်ရောင်အရည်တစ်ချို့ကို စုပ်ယူလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အရည်တစ်ချို့က အပ်ထိပ်၌ စုစည်းလာသည်။
ထိုအနက်ရောင်အရည်ကို ကြည့်ပြီး ယဲ့ဖန် မျက်ခုံးပင့်မိသွားသည်။ ရွှင်းအာက သူမ၏ ထိပ်တန်းအဆင့် အဆိပ် ခန္ဓာကိုယ်ကို မနိုးထရသေးသော်လည်း အဆိပ်က ဤကမ္ဘာပေါ်တွင် အပြင်းဆုံး အဆိပ် ဖြစ်နေသေးသည်။
အကယ်၍ ဤအနက်ရောင်အရည်တစ်စက်ကို မြစ်ထဲ ချလိုက်မည်ဆိုလျင် မြစ်တစ်စင်းလုံးရှိ သက်ရှိအရာများအားလုံး သေဆုံးကာ စိတ်ဝိညာဉ်ပါ ပျက်စီးသွားပေမည်။
ထို့ပြင် ထိုမြစ်ဘေးပတ်လည် ၆ မိုင်အတွင်းရှိ မည်သည့်သက်ရှိမဆို သေသွားပေလိမ့်မည်။
တစ်နာရီမျှကြာပြီးနောက် ယဲ့ဖန်တစ်ယောက် ရွှင်းအာမျက်နှာပေါ်မှ အဆိပ်များကို စုပ်ယူနိုင်လိုက်ပြီ ဖြစ်သည်။
ထို့နောက် ယဲ့ဖန်က နဖူးမှ ချွေးကို သုတ်ကာ ပြုံး၍ "ရွှင်းအာ မျက်လုံး ဖွင့်ကြည့်လို့ရပြီ"
*ဟင်?*
ရွှင်းအာ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ယဲ့ဖန်က သူမရှေ့၌ မှန်တစ်ချပ်ကို ကိုင်ကာ ပြုံး၍ ကြည့်နေသည်။
…
ရွှင်းအာ ချီတုံချတုံ ဖြစ်နေသည်။ သူမ ငယ်ငယ်လေးကတည်းက မှန်ကြည့်ရမှာကို ကြောက်သည်။ မှန်တစ်ခါကြည့်မိလေ သတ်သေချင်လေဖြစ်သည်။
"ဘာမှ မဖြစ်ဘူး၊ မင်းရဲ့ လှပတဲ့ မျက်နှာလေးကို တန်ဖိုးထားကြည့်တတ်လို့ ရပြီ"
ယဲ့ဖန်က ပြုံးကာ သူမရဲ့ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်သည်။
*လှတယ်?*
ရွှင်းအာ ကြောင်သွားပြီးမှ ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။ သူမ မှန်ထဲကြည့် လိုက်မိပြီးနောက် လုံးဝကို အံ့ဩ မှင်တက်သွားလေတော့သည်။