← Chapters

အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖို့ အချိန်တန်ပြီ

Vol. 7 Ch. 92

အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖို့ အချိန်တန်ပြီ

Vol. 7 Ch. 92

ညအမှောင်သို့ ရောက်ရှိလာချိန်တွင်

ယဲ့ဖန်သည် သူ့အိမ်သို့ မပြန်ဘဲ မိုးမခပင်ပေါ်မှာ၌ နတ်ဆိုးချီကိုသာ ဆက်၍ စုပ်ယူ နေသည်။

သူ၏ နံဘေးတွင် အနက်ရောင် မြူခိုးများက ဝန်းရံနေပြီး ခရမ်းရောင် အလင်းများက တောက်ပနေသည်။

အနက်ရောင် မြူခိုးများ‌ ပျောက်ကွယ် သွားမှသာ ယဲ့ဖန်ကို မြင်ရသည်။ ထိုအချိန်တွင် ယဲ့ဖန်သည် ခန္ဓာကိုယ်က သွယ်လျ နေသော်လည်း  ကြွက်သားများနှင့် ပြည့်နှက်နေကာ ခန္ဓာကိုယ်ထဲက ဆဲလ်တစ်ခုချင်းစီက အဆုံးမရှိသော ခွန်အားများကို သယ်ဆောင် ထားသလား မှတ်ရသည်။

ယဲ့ဖန်က သေစေနိုင်လောက်သော ချီဓာတ်များကို ထုတ်လွှင့်လိုက်သည်။

"ယဲ့ဖန်… ယဲ့ဖန် ..."

ထိုစဉ် သွေးများဖြင့် ရွှဲနစ်နေသော လူရိပ် တစ်ရိပ်ထဲက အားကစားကွင်း အတွင်း ဒယိမ်းဒယိုင်ဖြင့် ဝင်လာသည်။

*ဟမ်*

ယဲ့ဖန် ကြောင်သွားပြီးမှ ထို သွေးများဖြင့် ရွှဲနစ်နေသော လူရိပ်ကို သေချာ ကြည့်လိုက်တော့မှ ယဲ့မော့ဖြစ်နေမှန်း တွေ့လိုက်ရသည်။

ယဲ့မော့သည် တစ်ကိုယ်လုံး ဆိုးဆိုးရွားရွား ဒဏ်ရာရနေကာ သူ၏ အသားတွေကိုပင် မြင်နေရသည်။ သူ့လက်မောင်း တစ်ဘက်ကလည်း ကျိုးနေပြီး သွေးများ စီးကျနေသည်။

ယဲ့ဖန်ထံ ရောက်လာရန် ယဲ့မော့ပုံစံက အလောင်းတောင်ကို တက်ကာ သွေးပင်လယ်ကို ကူးလာရသည်နှင့် သဏ္ဌာန်တူလှသည်။ မိုးမခပင်နား ရောက်သည်နှင့် ယဲ့မော့ လဲကျသွားသည်။ ထို့နောက် သူက အားမရှိစွာ ပြောလိုက်သည်။

"ယဲ့ဖန် မြန်မြန် ပြေးတော့"

*ဘာ*

ယဲ့ဖန် ချက်ချင်း မျက်နှာပျက်ကာ ယဲ့မော့ကိုယ်၏ နေရာအချို့ကို လက်ညှိုးဖြင့် ထိုးလိုက်သည်။ ထိုအခါမှ ယဲ့မော့ သွေးထွက်တာ ရပ်သွားသည်။

ထို့နောက် ယဲ့ဖန်က ကျန်ရှိနေသော နတ်ဆိုး ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို ထုတ်၍ ယဲ့မော့ကို ကျွေးလိုက်သည်။ ပြီးမှ ယဲ့မော့ကို သူ မေးလိုက်သည်။

"ယဲ့မော့ ဘာဖြစ်တာလဲ? မင်းကို ဘယ်သူ ဒဏ်ရာရအောင် လုပ်တာလဲ?"

ယဲ့မော့သည် ယဲ့ကလန်၏ တိုက်ရိုက်မျိုးဆက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် ကျန်းရှီမြို့၏ ချောမောသော လူပေါ်ကြော့ သူဌေးသားလေး ဖြစ်သည်။ သူ့ကို မည်သူမျှ ရက်ရက်စက်စက် ဒဏ်ရာရအောင် လုပ်ရဲလိမ့်မည်ဟု ယဲ့ဖန် မယုံပါ။

"ယဲ့ဖန်… ငါ့ကို ဘာလို့လဲလို့ မမေးနဲ့။ မင်းအဖိုးက မင်းကို ကျန်းရှီမြို့က မြန်နိုင်သမျှ မြန်မြန် ပြေးဖို့ မှာလိုက်တယ်။ ဝေးလေ ကောင်းလေပဲ။ မင်း နာမည်ကို ပြောင်းလိုက်၊ ဘယ်တော့မှ ဒီကို ပြန်မလာနဲ့"

ယဲ့မော့က အကြောက်တရားများဖြင့် ပြည့်နှက်နေသော မျက်လုံးများနှင့် ပြောနေသည်။ သူ့မျက်နှာကလည်း အလွန် ဖြူဖပ်ဖြူတ်ရော် ဖြစ်နေသည်။

*အဘိုးက*

ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ယဲ့မော့က ကလန်ခေါင်းဆောင် ယဲ့ဖန့်ချန်ကို ပြောနေမှန်း သူ သိပါသည်။

ယဲ့ကလန်တွင် ယဲ့မော့ကလွဲလျင် သူ့ကို ဂရုစိုက်သူက ယဲ့ဖန့်ချန် တစ်ယောက်တည်းသာ ရှိသည်။ ယဲ့ဖန့်ချန်ရဲ့ ကူညီမှုကြောင့်သာ မဟုတ်လျင် သူ ငယ်ငယ်လေး ကတည်းက သေနေလောက်ပြီ။

ယခင်က ယဲ့ဖန့်ချန်သည် ယဲ့ဖန်ကို ကလန်အတွင်းသို့ ပြန်ခေါ်ကာ ယဲ့ကလန်၏ ဆက်ခံသူအဖြစ် ကြေညာရန် စီစဉ်ခဲ့ဖူးသည်။

"ဘာဖြစ်တာလဲ? ငါ့ကို ဘာဖြစ်လာတာလဲဆိုတာ မြန်မြန် ပြောစမ်း"

ယဲ့ဖန်က ယဲ့မော့အား အလွန်သုန်မှုန်နေသော မျက်နှာထားဖြင့် ကြည့်နေသည်။ ယဲ့မော့က ယဲ့ဖန်အား ထွက်ပြေးရန် ဖျောင်းဖျချင်သော်လည်း ယဲ့ဖန်၏ အေးစက်စက် အကြည့်များကြောင့် သူ မတတ်သာဘဲ မနည်းကို တံတွေး မြိုချ၍ ရှင်းပြတော့သည်။

"ယဲ့လုံက တရုတ်ပြည် မြောက်ပိုင်းက စစ်ခုန်ကလန်ကို ငါတို့ ယဲ့ကလန်ကို သိမ်းပိုက် နိုင်အောင် ကူညီနေတယ်။ မင်းက စစ်ခုန်ကလန်က သက်တော်စောင့်ကို သတ်ပြီး စစ်ခုန်ကျင့်ကို အတင်း ကိုယ့်ပါးကိုယ် ပြန်ရိုက်ခိုင်းတယ် ဆိုတာကိုလည်း ကြားရော သူတို့ ဒေါသထွက်လာကြတယ်"

ယဲ့မော့က ထိတ်လန့်နေသည့်အကြည့်များဖြင့် ဆက်ပြောသည်။

"အရမ်း ကြောက်ဖို့ ကောင်းတာပဲ။ စစ်ခုန်ကလန်က လူတွေက နတ်ဆိုးလိုပဲ။ သူတို့က ယဲ့ကလန်ရဲ့ သက်တော်စောင့်တွေကို သတ်ပြီး ယဲ့ကလန်သားတိုင်းကို ပိုင်ဆိုင်မှု လွှဲပြောင်းကြောင်း စာချုပ်မှာ အတင်း လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်မထိုးတဲ့သူဆို သူတို့က အသေသတ်ရင်သတ်၊ မသတ်ရင် ဒုက္ခိတ ဖြစ်အောင် လုပ်ကြတယ်"

ယဲ့မော့က ယဲ့ဖန်အား မချိတင်ကဲပြုံး၍ အလောတကြီး တောင်းပန်လေသည်။

"ယဲ့ဖန် … ကလန်ခေါင်းဆောင်၊ အကြီးဆုံး ဦးလေးနဲ့ ဒုတိယဦးလေးက မင်းကို ကျန်းရှီမြို့က အခုချက်ချင်း ထွက်သွားစေချင်ကြတယ်။ ဒီကပ်ဘေးမှာ ယဲ့ကလန် မရှင်သန်နိုင်ရင်တောင်မှ ငါတို့အားလုံး အသတ်ခံလိုက်ရရင်တောင် မင်းက ယဲ့ကလန်ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ"

ထို့နောက် ယဲ့မော့က စာချုပ် တစ်ပုံတစ်ခေါင်းကြီးကို ထုတ်လိုက်သည်။ ထိုစာချုပ်အားလုံးက ပိုင်ဆိုင်မှု လွှဲပြောင်းသည့် စာချုပ်များ ဖြစ်သည်။ သွေးများကြောင့် စိုကာ ပေကျံနေသည်။ ယဲ့မော့က ယဲ့ဖန်၏ လက်ထဲသို့ စာချုပ်အားလုံးကို အပ်ကာ မျက်ရည်များဖြင့် ပြောသည်။

"ယဲ့ဖန် … ဒါ ငါတို့ကလန်ရဲ့ စီးပွားရေး စာချုပ်အကုန်ပဲ။ သူတို့ ငါ့လက်ထဲ တိတ်တိတ်လေး ထည့်ပေးပြီးတော့ ဒါတွေအားလုံးကို မင်းလက်ထဲ ထည့်ပေးဖို့ မှာလိုက်တာ။ သူတို့အားလုံး စာချုပ်ပေါ်မှာ သူတို့လက်မှတ်ထိုးပြီး တံဆိပ် ထုထားပေးထားတယ်။ မင်းလက်မှတ်ထိုးလိုက်တာနဲ့ ယဲ့ကလန်ရဲ့ ပိုင်ဆိုင်မှုအားလုံးက မင်းအပိုင်ပဲ"

"ကလန်ခေါင်းဆောင်နဲ့ အခြားကလန်သားတွေက မင်း ဒီစာချုပ်တွေကို ယူပြီး ဒီမြို့က မြန်မြန် ထွက်သွားနိုင်ဖို့ မျှော်လင့်နေကြတာ။ လုံခြုံတဲ့ နေရာကို ရှာပြီး အဲ့မှာပဲ ပျော်ပျော်နေပါ"

…

ယဲ့မော့၏ ရှင်းပြချက်ကို ကြားပြီး ယဲ့ဖန်၏ မျက်လုံးများက သွေးဆာလာသည်။

ယခင်က သူ ယဲ့ကလန်ကို အရမ်း မုန်းခဲ့သည်။ ယဲ့ဖန့်ချန်နှင့် ယဲ့မော့ကလွဲ၍ အခြားကလန်သားများ သေသေ၊ ရှင်ရှင် ယဲ့ဖန် လုံးဝ ဂရုမစိုက်ခဲ့ပါ။

သို့သော် သွေးများပေကျံနေသော စာချုပ် အထပ်လိုက်ကို မြင်ပြီး ယဲ့ဖန် ရင်ထဲ တုန်လှုပ် လာသည်။

*သူတို့အားလုံးက… သူ့ရဲ့ကလန်သားတွေပဲလေ*

အားလုံးက သူတို့ သေမှာကို သိသော်လည်း သူ အသက်ရှင်နိုင်ဖို့သာ မျှော်လင့်နေခဲ့သည်။ ထို့ပြင် သူတို့အားလုံးက သူနှင့် သွေးသား တော်စပ်ကြတာပဲလေ။ ထို့ထက် ဘယ်အရာက ပိုအရေးပါသေးသနည်း။

ထို့ထပ်ပိုသည်က ဤကပ်ဘေးသည် သူ့ကြောင့် ဖြစ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ဥပေက္ခာ မပြုထားနိုင်ပါ။

ယဲ့ဖန်၏ အတွေးကို မြင်နေရသကဲ့သို ယဲ့မော့က ကြောက်လန့်တကြားဖြစ်ကာ ယဲ့ဖန်၏ ခြေထောက်ကို ဖက်၍ ငိုကာ ပြောလေတော့သည်။

"ယဲ့ဖန် … မင်း အဲ့ကို သွားလို့မရဘူးနော်။ မင်း သေသွားလိမ့်မယ်။ မင်း စစ်ခုန်ကလန်ရဲ့ အင်အားကို မသိဘူး။ သူတို့ရဲ့ အကြီးအကဲ အားလုံးက တရုတ်ပြည် မြောက်ပိုင်းမှာ နာမည်ကျော်တဲ့ နတ်ဆိုးလို လူတွေချည်းပဲ။ သူတို ့တစ်ယောက်ချင်းစီက ကျန်းရှီ တစ်မြို့လုံးကို မြေလှန်ပစ်လိုက်လို့ရတယ်ကွ"

ယဲ့မော့က ယဲ့ဖန်ကို ဆက်၍ အသနားခံနေသည်။

"ယဲ့ဖန် … မင်း အသက်ရှင်ဖို့ ငါ မျှော်လင့်သလို ကလန်ခေါင်းဆောင်ကလည်း မင်း အသက်ရှင်ဖို့ မျှော်လင့်တယ်။ ကုန်ကုန်ပြောမယ်ကွာ … ယဲ့ကလန်သားတိုင်း မင်း အသက်ရှင်ဖို့ကိုပဲ မျှော်လင့်နေကြတာကွ"

ယဲ့မော့၏ မျက်ရည်ဝဲလောက်သည့်စကားများကို ကြားပြီး ယဲ့ဖန် ရင်တွေ တဆတ်ဆတ် တုန်လာရသည်။ ထို့နောက် သူက ယဲ့မော့၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။

"ယဲ့မော့ … မင်း မှားနေပြီ … ငါက နတ်ဆိုးပါကွ ... နတ်ဆိုးဆိုတာက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို သတ်ဖြတ်နိုင်တယ်။ အသက်ရှင်ဖို့ ဒူးထောက် တောင်းပန်ရမယ့် အစား ငါ အသေပဲခံလိုက်မယ်"

ထိုသို့ပြောပြီး ယဲ့ဖန်က ယဲ့မော့၏ ကုတ်ပိုးကို လက်ဝါးစောင်းဖြင့် ရိုက်ချ လိုက်သောကြောင့် ယဲ့မော့ သတိလစ်သွားတော့သည်။

ယဲ့မော့အား အားကစားကွင်း အတွင်း လှဲနေစေရင်း ယဲ့ဖန်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

"အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖို့ အချိန်တန်ပြီ"

ထို့နောက် မော်တယ်ကမ္ဘာကြီးအား အမြစ်ဖြုတ် သုတ်သင်ရန် အဆင်သင့်ဖြစ်နေသည့် သရဲသဘက်ကဲ့သို့ ယဲ့ဖန်က အမှောင်ထုထဲ ပျောက်ကွယ်သွားသည်။

….

တစ်ချိန်တည်းမှာပင် ကျန်းရှီမြို့၏ ယဲ့အိမ်တော်တွင်းတွင် အလောင်းများနှင့် ပြည့်နှက် နေကာ သွေးနံ့များက လှိုင်လှိုင်ထနေသည်။

ယဲ့ကလန်၏ တိုက်ရိုကမျိုးဆက်တိုင်းကို ခြံဝန်းအတွင်း ရွှေ့ထားကာ ခေါင်းဖြတ်သတ်ရန် စောင့်ဆိုင်းထားခဲ့ကြသည်။

သူတို့ အနောက်တွင် လူများစွာက ရပ်နေသည်။ သူတို့ အားလုံး သန်မာ၍ သူတို့၏ အနက်ရောင် အင်္ကျီ၏ နောက်ကျောတွင် စစ်ခုန် ဟူသည့် စကားလုံးကို ရေးသား ထားသည်။

သူတို့သည် စစ်ခုန်ကလန်၏ အကြီးအကဲများဖြစ်သည်။ ယဲ့ကလန်သားများ၏ ရှေ့တွင် စစ်ခုန်ထို့၊ ယဲ့လုံနှင့် စစ်ခုန်ကျင့်တို့ ရပ်နေကြသည်။

"သတ်ပစ်၊ ယဲ့ကလန်က အရူးတွေ အားလုံးကို သတ်ပစ်"

စစ်ခုန်ကျင့်က ယဲ့လုံအား ရက်စက် ယုတ်မာသည့် အကြည့်ဖြင့် ကြည့်ကာ အော်ဟစ် နေသည်။

"ယဲ့လုံ… နင် ငါနဲ့ လက်ထပ်ချင်ရင် သူတို့အားလုံးကို သတ်ပစ်လိုက်"

သူမစကားကြောင့် ယဲ့လုံ အခက်တွေ့သွားသည်။ သူ့ရှေ့မှာလူများသည် သူ့အဘိုး၊ သူ့အဖေ၊ သူ့ဦးလေးများနှင့် သူ့ကလန်သားများ ဖြစ်သည်။

သို့သော် ယခု…

"ယဲ့လုံ … နင် သူတို့ကို မသတ်ရင် ငါနဲ့ တစ်သက်လုံး လက်ထပ်လို့ မရဘူးမှတ်၊ အဲ့ဒါအပြင် နင်ပါ သူတို့နဲ့အတူ သေရမယ်"

စစ်ခုန်ကျင့်က ယဲ့လုံ၏ မျက်လုံးကို စိုက်ကြည့်ကာ ခပ်တည်တည်နှင့် ပြောလိုက်သည်။

သူမစကားကြောင့် ယဲ့လုံ တစ်ချက်တုန်သွားသည်။

*ငါ သူတို့ကို မသတ်ရင် ငါလည်း သေရမယ်*

ထို့နောက် ယဲ့လုံ ရက်စက်သည့် အသွင်သို့ ပြောင်းလာသည်။ ချက်ချင်း ဓားကို ဆွဲ၍ သူ့ကလန်သားများထံသို့ လျှောက်လာသည်။

"ယဲ့လုံ ... ခွေးမသား ... မင်း တကယ်ပဲ ကိုယ့်ကလန်သားကို သတ်မယ်ပေါ့"

ယဲ့ယွင်ရှန်တစ်ယောက် သူ့သားကို မယုံနိုင်သလို ကြည့်ကာ အော်ဟစ်လိုက်သည်။

သူ့သားက အပြင်လူတွေကို ခေါ်သွင်းရုံ သာမက အကျိုးအမြတ်ရရန် အတွက် ကိုယ့် ကလန်သား များကိုပင် သတ်ရဲလိမ့်မည်ဟု သူ ဘယ်သောအခါကမှ မထင်ထားခဲ့မိပါ။ သစ္စာဖောက်ပါလား!

All Chapters