← Chapters

တိုက်ရိုက် ပြောင်းပြန် ပြောင်းလဲမှု

Vol. 9 Ch. 119

တိုက်ရိုက် ပြောင်းပြန် ပြောင်းလဲမှု

Vol. 9 Ch. 119

မုယင်၏ စိတ်ဝင်စားမှုကို တွေ့ပြီးနောက် မိုဝူကျီက ရတနာ သွေးပဒုမ္မကြာကို ဆက်မရေး တော့ပေ။ ယခု မုယင် စိတ်ဝင်စားသည်က သူ့လက်ထဲတွင် ရှိနေသော တစ်ခုတည်းသော အရာဖြစ်၏။ မုယင်နှင့် အလဲအလှယ် လုပ်ဖို့ရာ အခွင့်အလမ်းကို ရှာရလိမ့်မည်။

“ဆေးလုံးသခင်မို ...” ထိုစဉ် မိုဝူကျီဘေးနားမှ အံ့ဩသွားသည့် အသံ ထွက်ပေါ်လာသည်။

မိုဝူကျီက လှည့်ကြည့် လိုက်သောအခါ ယန်ချင်ယင်ကို တွေ့လိုက်ရ၏။ ယန်ချင်ယင် ဘေးတွင် သူ မမြင်ချင်ဆုံးသောသူ ဆေးလုံး သခင်ဂျူ ပါလာလေသည်။

“ဂျူနီယာ မောင်လေးမို ငါ မင်းကို အရမ်း စိုးရိမ်နေတာ ဒီမှာ မြင်လိုက်ရမှ စိတ်အေး သွားတော့တယ်....” ယန်ချင်ယင်က  စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

မိုဝူကျီက ရယ်မောလိုက်ကာ “ကျေးဇူးတင်ပါတယ် စီနီယာ အစ်မယန် ကျွန်‌တော် သေဘေးက တစ်ခါ လွတ်လာတယ် ဆိုတော့ ကျွန်တော်ကံက မဆိုးသေးဘူး ထင်ပါ့ဗျာ...”

ယန်ချင်ယင်က အားနာစွာ ပြောလိုက်သည် “ဂျူနီယာ မောင်လေးမို  ငါ တကယ်ကို တောင်းပန်ပါတယ်။ မင်းကို အန္တရာယ်ထဲ ကျရောက်စေမိတယ်...”

မိုဝူကျီက ယန်ချင်ယင်ကို ထိုကိစ္စအတွက် အပြစ်တင်၍ မရမှန်း သိသည်။ သူမသည် သူက မန်ပိုယူကို သတ်လိုက်မှန်းပင် မသိပေ။ ထို့ကြောင့် ဒုတိယ အကြီးအကဲမှ လိုက်ဖမ်းဆီးခြင်း ခံခဲ့ရသည်။

“စီနီယာ အစ်မယန် အဲကိစ္စ အတွက် အစ်မမှာ အပြစ်မရှိပါဘူး။  ပြီးတော့ အားလုံးက ပြီးသွားခဲ့ပြီလေ...” မိုဝူကျီက ခေါင်းကို ခါရင်း ပြောလိုက်သည်။

“ဟင်း.... မင်းလိုမျိုး အကျင့်မကောင်းတဲ့ သူက အကြီးအကဲရှု လက်ထဲမှာ အဆုံးသတ်မှာပဲ...” ဆေးလုံး သခင်ဂျူက မိုဝူကျီကို မြင်၍ အလွန်အမင်း မကျေမနပ် ဖြစ်နေသည်။

မိုဝူကျီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “အစ်မယန် သူက ဘယ်သူကြီးလဲ...”

ယန်ချင်ယင်က အသာ ပြုံးလိုက်ရင်း မိုဝူကျီက ဆေးလုံး သခင်ဂျူကို မမှတ်မိဘူးဟု ထင်ကာ  ပြန်ဖြေ လိုက်သည် “ဒါက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ ဆေးလုံးသခင် ဂျူဖေးယန်လေ ထိပ်ဆုံး အဆင့်သုံး ဆေးလုံး ဆရာပေါ့...”

မိုဝူကျီက အေးစက်စွာ ရယ်မောလိုက်ရင်း “သူစကား ပြောပုံအရ သူ့ကို ကောင်းကင် ဆေးလုံးဆရာ ဒါမှမဟုတ် အင်ပါယာ ငါးခုထဲက ဆေးလုံးသခင် တစ်ယောက်ယောက် များလားလို့ အောက်မေ့နေတာ အခုမှ ပျိုးပင် အဆင့်ရှိသေးတာပါ့လား....”

သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် ရှိစဉ် ကတည်းက မိုဝူကျီတွင် မကျေနပ်ချက်များ စုပုံနေလေပြီ။ ထို့အပြင် သူတို့သည် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် မဟုတ်တော့ချေ။

ဂျူဖေးယန်က ချက်ချင်းပင် မျက်နှာ ပျက်သွားပြီး သူတို့ ရောက်နေသည့် နေရာကို သတိပြုမိ၍သာ အသံကို ထိန်းပြီး ပြောလိုက်သည် “အမှန်ပဲ ငါက ကောင်းကင်အဆင့်‌ ဆေးလုံး ဆရာလည်း မဟုတ်ဘူး ပျိုးပင် အဆင့်လည်း မဟုတ်ဘူး ဒါပေမဲ့ ငါ ဂျူဖေးယန်က ဘယ်တော့မှ ဂိုဏ်းတူ ညီအစ်ကိုကို မသတ်ဘူး....”

မိုဝူကျီနှင့် ဂျူဖေးယန်တို့ကြား ငြင်းပွားမှုသည် အစကတည်းက လူအများ၏ အာရုံကို ရခဲ့၏။ ယခုအခါ ဂျူဖေးယန်က ကိုယ့်ဂိုဏ်းသား အချင်းချင်း ပြန်သတ်သည့် အကြောင်း ပြောသောအခါ အားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင် သွားတော့သည်။ သူ့၏ ထင်းရှုးသားကို သိမ်းဆည်း နေသော  မုယင်ပင် အထင်မြင် သေးသွားလေ၏။ ဂိုဏ်းမှ လူကို ပြန်သတ်ခြင်းက မင်းမှာ ဘယ်လောက်တောင် ဆိုးရွားတဲ့ စရိုက် ရှိနေတာလဲ....

ယန်ချင်ယင်က မိုဝူကျီကို ကူညီပြီး ပြန်လည် ချေပ ချင်သော်လည်း မည်သို့ ကူညီရမှန်း မသိပေ။ သူမက မိုဝူကျီသည် မန်ပိုယူကို အမှန်ပင် သတ်လိုက်ကြောင်း ခန့်မှန်းမိသော်လည်း မိုဝူကျီအပေါ် နားလည်စွမ်း အရ သူ ထိုသို့ လုပ်ဆောင်ရမည့် အကြောင်းရင်း ရှိမည်ကို သိ၏။

မိုဝူကျီက ဂျူဖေးယန်ကို အေးစက်စွာ ကြည့်လိုက်သည်။

မင်းက ငါနဲ့ စကားရာ ယှဉ်ချင်တာလား... ကမ္ဘာမြေ ငါ့အရင်ဘဝတုန်းက ကမ္ဘာအနှံ့က ပါရမီရှင်တွေနဲ့ ဆေးပညာ ဟောပြောပွဲတွေ၊ စကားရည်လုပွဲတွေ ဘယ်လောက် တက်ခဲ့ရတယ် ဆိုတာ မင်းမသိသေးပါဘူး။ မင်းလိုမျိုး ဆေးလုံး ဖော်စပ်တာ တစ်ခုပဲ သိတဲ့ လူကို ငါက ဘာလို့ ကြောက်ရမှာလဲ .... ဆေးလုံး ဖော်စပ်တာ ပြိုင်ရင်လည်း မကြောက်ဘူး။ စကားရည်လုပွဲဆို ဝေးလာဝေးပဲ.... ငါနဲ့ လာပြိုင်ချင်သေးတယ်....

တစ်ချိန်တည်းတွင် သူက တတ်နိုင်သမျှ မြန်မြန် မုယင်၏ အမြင်ကို ပြောင်းလဲရန် လိုကြောင်း သိသည်။ တခြားလူများက သူ့ကို အထင်မြင်သေးသည် ဖြစ်စေ၊ မသေးသည် ဖြစ်စေ ဂရုမစိုက်ပေ။ သို့သော် မုယင်တော့ မပါပေ။

“ဆေးလုံး ဆရာအပေါင်းတို့ ကျွန်တော် ရှင်းမပြခင် ဇာတ်လမ်းတစ်ပိုဒ် ပြောပြ ချင်ပါတယ်။ အရမ်းကို လေးစားစရာ ကောင်းတဲ့ အမျိုးသား တစ်ယောက်ရှိတယ်။ သူ့မှာ တပည့်များစွာ ရှိတယ်။ အဲထဲမှာ ယန်လို့ခေါ်တဲ့ တပည့်လည်း ရှိတယ် အဲတပည့်က လူမှု ဆက်ဆံရေး ညံ့ပြီး စကားပြောဆိုရတာ မကြိုက်တော့ကျ တခြား တပည့်တွေက သူ့ကို သဘောမကျကြဘူး...”

မိုဝူကျီက အားလုံးကို ဇာတ်လမ်း စတင် ပြောပြလိုက်သောကြောင့် ခန်းမတစ်ခုလုံး ငြိမ်သက် သွားလေ၏။ မိုဝူကျီ၏ အသံနက်နက်က တိတ်ဆိတ်နေသည့် ခန်းမအထဲတွင် ပိုမို လက်ခံ ယုံကြည် လာစေသည်။

“အဲဒီနှစ်မှာ ငတ်မွတ်ခြင်း ကပ်ဘေး ကျရောက်လာရော အမျိုးသားနဲ့ တပည့်တွေက နေ့စဉ်နေ့တိုင်း ထမင်းရည် သောက်ပြီး အသက်ရှင် နေရတယ်။ သူတို့ရဲ့ လေးစားမှုကို ပြသဖို့ တပည့်တွေက အမျိုးသား အတွက် အပျစ်ဆုံး အပိုင်းကို အမြဲတမ်း ပေးကြတယ်။  တစ်ရက်ကျတော့ ယန်က အမျိုးသားကို ထမင်းရည် သွားပို့ရတယ် ဒါပေမဲ့လည်း အမျိုးသားဆီ သွားတဲ့ လမ်းမှာ ထမင်းရည်ထဲ အမှိုက် တချို့ ကျသွားခဲ့တယ်။  ယန်က ထမင်းရည်ပေါ်က အမှိုက်ကို ယောက်ချိုနဲ့ ခပ်ပြီး ဖယ်ဖို့ လုပ်ပေမဲ့ နှမြောတာနဲ့ လွှင့်ပစ်မဲ့အစား သူ့ပါးစပ်ထဲ သွပ်ပစ်လိုက်တယ်...

ဖြစ်စဉ် တစ်ခုလုံးကို အမျိုးသားအပြင် သူ့ရဲ့ နောက်ထပ် တပည့် တစ်ယောက်ကလည်း မြင်သွားခဲ့တယ်။ ကွာခြားချက် တစ်ခုတည်းက တပည့်က ထမင်းရည်ထဲ ကျသွားတဲ့ အမှိုက်အကြောင်း မသိဘဲ သူက အမျိုးသားဆီ သွားပြီးတော့ ယန်က သူ့ထမင်းရည်ကို ခိုးစားနေတဲ့ အကြောင်း သွားပြောခဲ့တယ်။ တပည့် အားလုံးက ယန်ကို အထင်သေး ရွှံရှာကြတဲ့ အတွက် အမျိုးသားက သက်ပြင်း ချပြီးတော့ သူ့ဘာသာ တွေးမိလိုက်တယ်။ တစ်ခါတစ်ရံ မင်းမြင်လိုက်ရတာက ဇာတ်လမ်း တစ်ခုလုံး မဟုတ်နိုင်ဘူး....

မိတ်ဆွေတို့  ကိုယ်တိုင် မျက်မြင် ကိုယ်တွေ့  မဟုတ်ဘဲနဲ့ တခြား တစ်ယောက်ရဲ့  စကားတွေက မှန် မမှန် ဘယ်လိုလုပ် သိနိုင်မှာလဲ”

မုယင်က မိုဝူကျီကို မတောင်းပန်ခင် တစိမ့်စိမ့် တွေးတော ကြည့်နေသည် “အရင် ကျွန်မက အခြေအနေကို အသေအချာ မသုံးသပ်ဘဲနဲ့ အဆောတလို နိဂုန်းချုပ်ပြီးတော့ ရှင့်ကို အထင်မြင် သေးခဲ့မိတယ် ”

မိုဝူကျီက မြန်မြန် ပြောလိုက်သည် “စီနီယာ အစ်မမုကို အဲအတွက် အပြစ် မတင်ပါဘူး။  ဂိုဏ်းတူ ညီအစ်ကို ကို ပြန်သတ်တဲ့ အကြောင်း ကြားတာနဲ့ အဲလို ဖြစ်မှာပဲလေ...”

ဂျုဖေးယန် မျက်နှာက မှုန်သုန် သွားပြီးတော့ မိုဝူကျီက ထိုဇာတ်လမ်းကြောင်းဖြင့် သူ့ဘက် အလေးသာအောင် လုပ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

“အဲလိုဆိုမှတော့ ဆေးလုံးသခင်မိုက ဂိုဏ်းက လူကို သတ်ခဲ့တာ မဟုတ်လောက်ဘူး။ ထင်တယ်...” မုယင်က ထပ်ပြောလိုက်သည်။

မိုဝူကျီက မပြောခင် ဘေးပတ်လည်ကို ကြည့်လိုက်သည် “ဆေးလုံး ဆရာအပေါင်းတို့ ကျွန်တော် အရင်တုန်းက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းက ဧည့်ဆေးလုံး ဆရာ တစ်ယောက်ပါ။ ဂိုဏ်းက ထွက်မလာခင် ဂိုဏ်းရဲ့ အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်တဲ့ မန်ပိုယူကို သတ်မိခဲ့တယ်....”

လူအုပ် တစ်ခုလုံးကား ငြိမ်ကျသွားကာ ဆေးလုံးဆရာ အားလုံးက မိုဝူကျီက ဂိုဏ်းသားကို မသတ်သည့် အကြောင်း ပြန်လည်ချေပ ပြောဆိုမည်ဟု ထင်ထားကြသည်။ သို့သော်လည်း ဝန်ခံလိမ့်မည်ဟု တွေးမထားခဲ့ပေ။ ကြည့်ရတာ ဆေးလုံးသခင်ဂျုက သူ့ကို မှားယွင်း စွပ်စွဲတာ မဟုတ်လောက်တော့ပေ။

မိုဝူကျီ ပြောပြခဲ့သည့် ဇာတ်လမ်းကြောင့် တစ်ယောက်မှ သူ့အား မေးခွန်း မထုတ်ကြချေ။ ဆေးလုံးဆရာ အားလုံးသည် ဇာတ်လမ်း၏ ဒုတိယပိုင်း ရှိသေးသည်ကို သိကြသည်။

မိုဝူကျီက ဆက်ပြောလိုက်သည် “ကျွန်တော်က ကံအများကြီး ကောင်းခဲ့လို့သာ အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာတာ။ အဲဒါကြောင့် သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းမှာ ဧည့်ဆေးလုံးဆရာ အဖြစ် ဖိတ်ကြားခံရတယ်။ ကျွန်တော်က သွေးပဒုမ္မာ ကြာကန်မှာ နေပြီးတော့ နောက်ပိုင်းကျ ပဒုမ္မာကြာ ဓားတောင်ထိပ်ကို ပြောင်းရွှေ့ခဲ့တယ်။  နှစ်နေရာလုံးမှာ ဝိညာဉ် စွမ်းအားက အရမ်း လျော့နည်းတယ်။ အဲဒါကြောင့် ဘယ်သူကမှ ကျွန်တော်နဲ့ လုပြီးတော့ အဲနေရာတွေမှာ မနေချင်ကြဘူး....”

ဆေးလုံးဆရာ အများစုက ခေါင်းညိတ် လိုက်ကြပြီးတော့ ဇာတ်လမ်းကြောင်း ဖြစ်တည်လာပုံကို ထောက်ခံ လိုက်ကြသည်။ သူတို့ ကြားသည်မှ သူတို့သည် အဆင့်နှစ် ဆေးလုံးဆရာ အထူးသဖြင့် ဧည့်ဆေးလုံး ဆရာတစ်ယောက် အတွက် ကောင်းသည့် နေစရာရရန် ခွဲဝေမပေးကြပေ။

“လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော့်မှာ အဲဒီ သွေးပဒုမ္မာ ကြာကန်ကနေ ရတနာ သွေးပဒုမ္မာ ကြာကို တူးယူဖို့ စီစဉ်ပေးတဲ့ ပစ္စည်းထိန်း တစ်ယောက် ရှိတယ် ....”

မိုဝူကျီက အားလုံး၏ အာရုံကို ထိုစကားဖြင့် ဖမ်းစား လိုက်သည်။ မုယင်၏ မျက်လုံးများက လင်းလက်လာပြီး မိုဝူကျီကို ကြည့်လိုက်သည်။ ယခုနှစ် အတွင်းတွင် ရတနာ သွေးပဒုမ္မာကြာ အရေအတွက်ကား သိသိသာသာသာပင် လျော့နည်း လာလေ၏။ အကယ်၍ အပင်တချို့ ရှိနေလျှင်ပင် အပြစ်အနာအဆာ ရှိနေ တတ်ကြသည်။ ယခု သူက ရတနာ သွေးပဒုမ္မာကြာကို လိုအပ်နေသည့် အတွက် မိုဝူကျီ စကားများကို အပြည့်အဝ အာရုံ စိုက်ထားလိုက်သည်။

ယန်ချင်ယင် ပင် မိုဝူကျီကို စူးစူးစိုက်စိုက် ကြည့်နေလေ၏။ သူမက ထိုပြဿနာ အရင်းအမြစ်ကား ရတနာ သွေးပဒုမ္မာ ကြာကြောင့် ဖြစ်လိမ့်မည်ဟု ထင်မထားပေ။

“အဲမှာ မန်ပိုယူက သွေးပဒုမ္မာ ကြာကန်ကို ရောက်လာပြီးတော့ ရတနာ သွေးပဒုမ္မာကြာကို မြင်သွားတယ်။ သူက အားကျပြီးတော့ လုယူချင်တယ် အဲဒါကို ကျွန်တော့် ပစ္စည်းထိန်းက လက်လွတ် မပေးလို့ မန်ပို ယူဆီကနေ သေမလောက် အရိုက်ခံ လိုက်ရတယ်။  မန်ပိုယူက သူ့ကို သတ်တော့မဲ့ဆဲဆဲမှာ ကျွန်တော် ရောက်သွားခဲ့တယ် .... ကျွန်တော့် ပစ္စည်းကို ခိုးယူတာရယ် ကျွန်တော့် လူကို ဒဏ်ရာ ရစေတာရယ် ပြီးတော့ ကျွန်တော့် ပိုင်နက်အတွင်း ကျွန်တော့်ကို သတ်ဖို့ ကြံခဲ့တယ်။ ဆေးလုံး ဆရာအပေါင်းတို့ရော ခင်ဗျားတို့ ကျွန်တော့် နေရာဆိုရင် ဘယ်လိုလုပ်မလဲ....”

“ငါသာ မင်းနေရာမှာ ဆိုရင် သူ့ခေါင်းကို အပိုင်းပိုင်း ခြေမွလိုက်ပြီ...” မိုဝူကျီ စကားဆုံးသည်နှင့် ကျန်းရှောက်ရုက အသံကြမ်းကြမ်းဖြင့် ပြောလိုက်သည်။ ထိုကောင်လေးသည် သူ့အသီးများ စားပြီးသည်နှင့် မိုဝူကျီကို လိုက်ရှာနေတာ ဖြစ်သည်။

“ဆေးလုံးသခင်မို အခု ရတနာ သွေး ပဒုမ္မကြာက ဘယ်မှာလဲဆိုတာ သိလား...”

ထိုစဉ်တွင် မည်သူကမှ မန်ပိုယူကို ဂရုမစိုက်ကြသလို ကျန်းရှောက်ရု မည်မျှပင် ကျယ်လောင်စွာ ပြောဆိုနေပါစေ သတိမထားမိကြပေ။ အားလုံးက ရတနာ သွေးပဒုမ္မာကြာ နေရာကိုသာ သိချင် နေကြသည်။

လူများစွာက မေးမြန်း နေကြပြီး မုယင်က ထိုအကြောင်းကို သေချာ မေးကြည့် လိုက်တော့သည်။

“ဆေးလုံး သခင်မို ရတနာ သွေးပဒုမ္မာကြာက အခုထိ ရှိနေသေးတာလား...”

မိုဝူကျီက စိတ်ထဲတွင် သက်ပြင်း ချလိုက်ကာ သူ့ဘာသာ တွေးမိလိုက်သည်။ အမှန်ပင် ရတနာ သွေးပဒုမ္မာ ကြာထက် အရေးပါသည့် အရာ မရှိချေ။

“မိုဝူကျီ  မန်ပိုယူ သေပြီးတာနဲ့ မင်းလိုမျိုး အစေခံတပည့်က မင်းပြောချင်တိုင်း လျှောက်ပြောလို့ ရမယ် ထင်နေလား...” ဂျူဖေးယန်က မိုဝူကျီသည် လူအုပ် တစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် အပြင် ရတနာ သွေးပဒုမ္မာကြာကို ပိုင်ဆိုင်ကြောင်း သိသောအခါ ဒေါသများ တဖွားဖွား ထွက်ပေါ်လာလေသည်။

အကယ်၍ သူသာ မိုဝူကျီက ရတနာ သွေးပဒုမ္မာကြာကို တွေ့ခဲ့မှန်း သိလျှင် ယန်ချင်ယင်က ကြားဝင် ဖြန်ဖြေပေးလျှင်ပင် ဂျူဖေးယန်က မိုဝူကျီကို ဘယ်တော့မှ အလွတ်ပေးမည် မဟုတ်ပေ။ ရတနာ သွေးပဒုမ္မာကြာကို ရှာတွေ့နိုင်သည်က နှစ်ပေါင်း ရာချီမှ တစ်ခါလာသော ရှားပါး အခွင့်အရေး ဖြစ်သည်။ သို့သော်လည်း မိုဝူကျီက ရတနာ သွေးပဒုမ္မာ ကြာနှင့်အတူ ထွက်ပြေး သွားသည် ဖြစ်၍ အရမ်း နောက်ကျသွားလေပြီ။

“ဆေးလုံး သခင်ဂျူ မင်းက ဆေးလုံးသခင်မိုကို ဆန့်ကျင်ရင်တောင် သူ့ကို အစေခံတပည့်လို့ မခေါ်သင့်ဘူး...” လူအုပ်ကြားမှ မကျေမနပ် အသံတစ်ခုက အော်ပြောလိုက်သည်။

ဂျူဖေးယန်က အေးစက်စွာ ပြန်ဖြေလိုက်သည် “သူက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းကို အစက အစေခံ တပည့် အဖြစ်နဲ့ ဝင်လာတာ ကံကောင်းလို့ ဆေးလုံးဆရာ ဖြစ်လာတာ”

မုယင်က အလျင်အမြန် မေးလိုက်သည်။

“ဆေးလုံးသခင်မို ရှင့်နာမည်က မိုဝူကျီနော်  မိုဆေးကို ဖော်စပ်ခဲ့တဲ့ ဆေးဆရာမိုနဲ့များ ဆက်စပ် နေမလား.... ”

မိုဝူကျီက ပြန်ဖြေလိုက်သည်။

“စီနီယာအစ်မမု ချီးကျူးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ပင်နီဆလင် ဖော်မြူလာကို ထုတ်လုပ်ခဲ့တဲ့ ဆေးဆရာပါပဲ ကျွန်တော်က တော်ဝင် မိသားစုက ဆိုပေမဲ့ ထီးနန်းက တခြားသူဆီ ရောက်သွားပြီးတော့ ဘုရင် အသတ်ခံရတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့် မိသားစုက ချေမှုန်း ခံလိုက်ရတယ်.... ကျွန်တော့်ရဲ့ ဆေးလမ်းစဉ်က ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အမွေ တစ်ခုပါ...”

သူတို့ ရှိနေသည့် နေရာတွင် မိုဝူကျီက ကိစ္စများကို ထိမ်ချန်ထားဖို့ မလိုအပ်ပေ။ စစ်ထူချင် သူ့ရှေ့ ရှိနေလျှင်ပင် ပြောရဲသေး၏။

ကျန်းရှောက်ရုက ချက်ချင်း ထအော် ပြောလိုက်သည်။ “ထီးနန်း သေးသေးလေးကို လုတဲ့သူ ရှိတာလား။ ဘယ်အနွယ်ဖွားလဲ  ပြော သူ့ဥကွဲအောင် သွားကန်ပစ်လိုက်မယ်။  အဲဒီနိုင်ငံက ဧကရာဇ် ဘုရင်ကရော ဘယ်လိုလဲ သူက အရူးလား...”

နိုင်ငံတစ်ခု၏ အရှင်သခင် ဧကရာဇ်ပင် ကျန်းရှောက်ရု မျက်လုံးထဲတွင် ဘာမှ မဟုတ်ပေ။

ကျန်းရှောက်ရု စကားများကို မည်သူကမှ ဝင်မပြောကြချေ။ အကြောင်းမှာ မုယင်က မိုဝူကျီကို ချီးကျူးထားသည့် အတွက် ဖြစ်၏။ ယခု အားလုံးက မိုဝူကျီသည် အံ့ဖွယ်ဆေး ဖော်မြူလာကို ပေးခဲ့သူမှန်း သိလိုက်ရကာ သူတို့အမြင်ကား အလွန်တရာ တိုးတက် လာလေ၏။

“အဲဆို ရှင်က ဆေးဆရာမိုပေါ့ မုယင်က  သေမျိုးများ ကိုယ်စား ရှင့်အကျိူးပြုမှုအတွက် ရှင့်ကို ကျေးဇူးတင်ချင်ပါတယ်...” မုယင်က စကားအဆုံးတွင် အနည်းငယ်  ဦးညွှတ် လိုက်သည်။

မိုဝူကျီက မြန်မြန် သူမ ဦးညွှတ်မှုကို ငြင်းပယ်လိုက်ပြီး ရတနာ သွေးပဒုမ္မာကြာ ထည့်ထားသည့် သေတ္တာကို ထုတ်လိုက်သည် “စီနီယာ အစ်မမု ကျွန်တော့်မှာ စိတ်စွမ်းအင် ကျောက်တုံး သိပ်မရှိလို့ ဒီရတနာ သွေးပဒုမ္မာကြာကို ဆေးပင်တချို့နဲ့ လဲလှယ် ချင်ပါတယ်... ဒါပေမဲ့ ကျွန်တော်က ရတနာ သွေးပဒုမ္မာကြာ တန်ဖိုးကိုတော့ မသိလို့ လဲလို့ ရပါ့မလားတော့ မသေချာဘူး....”

မုယင်က မိုဝူကျီ ကမ်းပေးထားသည့် ကျောက်စိမ်း သေတ္တာကို ယူလိုက်ပြီး ချက်ချင်းပင် ဖွင့်ကြည့် လိုက်သည်။ အထဲတွင် ရနံ့သင်းသင်း ထုတ်လွှင့်နေသည့် အနီရောင် ပတ္တမြားကဲ့သို့ ကြည်လင် ရဲတောက်နေသော သွေးပဒုမ္မာကြာကို တွေ့လိုက်ရ၏။

ဆေးလုံးဆရာ အားလုံးက ထိုအရာကို မြင်တွေ့လိုက်သည်နှင့် ပါးစပ်ဟောင်းလောင်း ဖြစ်သွား ကြသည်။ မုယင်က ရတနာ သွေးပဒုမ္မာကြာကို တွေ့ကာ ချက်ချင်း ပြောလိုက်သည် “ဒါက နှစ်တစ်ရာနီးပါး သက်တမ်းရှိတဲ့ ရတနာ သွေးပဒုမ္မာကြာပဲ အများကြီးတန်တယ်။ ကျွန်မက ရတနာ သွေးပဒုမ္မာ ကြာကို မမြင်ရတာ တော်တော်ကြာပြီ နှမြောဖို့ ကောင်းတာက ဒီမှာ ကြာမြစ်မရှိတော့လို့ ရတနာ သွေးပဒုမ္မာကြာရဲ့ တန်ဖိုးကို အများကြီး လျော့သွား စေလိမ့်မယ်....”

မိုဝူကျီက မုယင် စကားကြားပြီး နောက်တွင် ချက်ချင်း နောင်တ ရမိသွားသည်။ အမြစ်ကို ဖယ်လိုက်၍ မဟုတ်ဘဲ အမှားကြီး တစ်ခုကို ကျုးလွန်မိ၍သာ ဖြစ်လေသည်။ ဖေးပင်းကျူ စိုက်ပျိုးနေသော ကြာသည်လည်း သူ့လက်ထဲတွင် ရှိနေသည်နှင့် အတူတူလို့သာ တွေးမိခဲ့သည်။ သို့သော်လည်း မုယင် စကားကို ကြားကာ ရတနာ သွေးပဒုမ္မာကြာ သက်တမ်းက ခြားနားချက် တစ်ခု ဖြစ်နိုင်သေးကြောင်း သတိပြုမိ လိုက်သည်။

နှမြောဖို့ ကောင်းသည်က သူသည် သက်တမ်းရင့် ရတနာ သွေးပဒုမ္မာ ကြာအားလုံးကို အသုံးပြုပြီးပြီ ဖြစ်၏။

***

All Chapters