← Chapters

ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲ စတင်ခြင်း

Vol. 9 Ch. 120

ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲ စတင်ခြင်း

Vol. 9 Ch. 120

“ရှင့်ရဲ့ ရတနာ သွေးပဒုမ္မာ ကြာအတွက်  ကျွန်မမှာ  နှစ်တစ်သိန်း ထင်းရှူးသား ငါးခုရှိတယ် သုံးခု ရှင့်ကို ပေးမယ်။ ပြီးတော့ နှစ်တစ်သောင်း လုံယန်မြက် သုံးပင်ပေးမယ် ဘယ်လိုလဲ....”

မိုဝူကျီက ရတနာ သွေးပဒုမ္မာကြာက အတော်လေး အဖိုးတန်သည်ကို သိသော်လည်း အဆင့်သုံး ဆေးပင်မျှသာ ဖြစ်နေသေး၏။ နှစ်တစ်သိန်း ထင်းရှုးသား သို့မဟုတ် နှစ်တစ်သောင်း လုံယန်မြက် တို့ကား အဆင့်လေး ဆေးပင်တွေ ဖြစ်ကြသည်။ ထိုအရာများကို ရတနာ သွေးပဒုမ္မာကြာ တစ်ခု အတွက်ဖြင့် လဲလှယ်တာက သူ့အတွက် အကျိုးများစွာ ရလေ၏။ မုယင်က သူမတို့ ဆက်ဆံရေးနှင့် သူ့အပေါ် အမြင်တို့ကြောင့် ထိုမျှ ကမ်းလှမ်းခြင်း ဖြစ်ရမည်။

“ကျေးဇူးပါ စီနီယာမု ကျွန်တော် လဲချင်တာ ထက်တောင် ပိုပါတယ်..” မိုဝူကျီက တွန့်ဆုတ်ခြင်း မရှိ ပြောလိုက်သည်။

“ကောင်းတယ်။ အဲဆို ချက်ချင်း လဲကြတာပေါ့....” မုယင်က ကျေနပ်မှု များစွာဖြင့် ခေါင်းညိတ် ပြလိုက်သည်။ သူမက အဆင့်လေး ဆေးပင်နှစ်ပင်ကို ထင်းရှုးသား အတွက် လဲလှယ် လိုက်ကာ မိုဝူကျီကို ထင်းရှုးသား သုံးခုနှင့် လုံယန်မြက် သုံးခု ပေးကာ လဲလှယ် လိုက်သည်။

မိုဝူကျီနှင့် အလဲအလှယ် ပြီးသည့် နောက်တွင် မုယင်က မေးလိုက်သည် “ဆေးလုံးသခင်မို ကျွန်မက ရှင့်ရဲ့ မိုဆေးနဲ့ အများ အကျိုးပြုတာကို ကြားပြီးကတည်းက အရမ်းကို လေးစားနေခဲ့တာ  ဒါနဲ့ အစေခံတပည့် အဖြစ်ဝင်ပြီးတော့ အဆင့်နှစ် ဆေးလုံးဆရာ ဘယ်လို ဖြစ်လာတာလဲ....”

အစကတည်းမှ မိုဝူကျီသည် မုယင်နှင့် ဆက်ဆံရေး ကောင်းရှိရန် ကြံရွယ်ထား၏။ မုယင်က မေးသောအခါ မိုဝူကျီက ဘာကိုမှ ဖုံးကွယ် ထားမနေတော့ပေ “စီနီယာမု ကျွန်တော် အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာတဲ့ အဓိက အကြောင်းရင်းက စီနီယာ အစ်မယန်ရဲ့ အကူအညီကြောင့်ပါ  စီနီယာ အစ်မယန်က ကျွန်တော့်ကို အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာဖို့ အခွင့်အရေးတွေ ပေးပြီး များစွာ သင်ပေးခဲ့လို့ပါ....”

“အဲဆို စီနီယာ အစ်မယန်ရဲ့ လမ်းညွှန်မှုကြောင့်ပေါ့... စီနီယာ အစ်မယန် အစ်မနဲ့ ဆေးလုံး သခင်မိုတို့ သိတာ ဘာလို့ ပြောမပြတာလဲ ....” မုယင်က ယန်ချင်ယင်နှင့် အရမ်း ရင်းနှီးပုံ ပေါ်ကာ ချက်ချင်း လှည့်မေး လိုက်သည်။

“အဲဒါက ဂျူနီယာ မောင်လေးမိုရဲ့ ဆေးလုံးအပေါ် နားလည်နိုင်စွမ်းက  ကောင်းပြီးသား မလို့ပါ ငါက သူ့ကို နည်းနည်းလေး ထောက်ပြပေးရုံပဲ လိုတာ....” ယန်ချင်ယင်က ပြုံးလိုက်ရင်း မိုဝူကျီ ဆေးလုံးဆရာ ဖြစ်လာသည့် ချီးကျူးမှုက သူမနှင့် မသက်ဆိုင်မှန်း သိ၏။ သို့သော်လည်း သူမက ထိုသို့ ပြောခဲ့ခြင်းမှာ မိုဝူကျီက တခြားလူများကို ထိုနယ်ပယ်ရှိ သူ့ပါရမီများကို လူသိမခံချင်မှန်း မှန်းဆမိ၍ ဖြစ်သည်။

စကားအဆုံးတွင် ယန်ချင်ယင်က မိုဝူကျီကို ဆက်ပြီး မေးလိုက်သည် “ဂျူနီယာ မောင်လေးမို မင်းရော ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲမှာ ဝင်ပြိုင်မှာလား....”

မိုဝူကျီက ကျေနပ်စွာ ပြုံးလိုက်ရင်း “ဟုတ်တယ် ကျွန်တော်က အဆင့်သုံး ဆေးလုံးဆရာ ဖြစ်သွားအောင် လုပ်နိုင်လိုက်တော့ ဒီကိုလာပြီး ကံစမ်းကြည့်တာပါ...”

“အမ် မင်းက အဆင့်သုံး ဆေးလုံးဆရာ ဖြစ်သွားပြီလား...” ယန်ချင်ယင်က မိုဝူကျီသည် အဆင့်နှစ်ကို ကျော်လွန်နိုင်မည် မဟုတ်ကြောင်း ခန့်မှန်းထားခဲ့သည်။ သို့သော်လည်း မျက်စိတစ်မှိတ် အတွင်း သူက အဆင့်သုံး ဆေးလုံးဆရာ ဖြစ်သွားလေပြီ။ သူမက သူ့ကို မှားပြီးတော့များ ခန့်မှန်း မိတာလား....

သူမကာ သဏ္ဌာန်မဲ့ နတ်ဓား ဂိုဏ်းခေါင်းဆောင် ဂူရန်ကို ရုတ်တရက် တွေးမိသွားသည်။ အကယ်၍ သူသာ မိုဝူကျီက အဆင့်သုံး ဆေးလုံးဆရာ ဖြစ်သွားမှန်း သိလျှင် နောင်တ ရနေလောက်၏။

မိုဝူကျီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီးတော့ “ကျွန်တော်က ကံကောင်းရုံပါ  ရုတ်တရက် ဈာန်ဝင်ပြီးတော့ ဗြုန်းခနဲ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာတာပဲ....”

မုယင် မျက်နှာထား တင်းမာ သွားပြီးတော့ ပြောလိုက်သည် “ဂျူနီယာမို ကျွန်မကတော့ ဆေးလုံး ဖော်စပ်ခြင်းမှာ အဲလို ကံကောင်းတာမျိုးတွေ မရှိဘူးလို့ ယုံကြည်တယ်။ ဆေးလုံး သခင်မိုက ဆေးလုံး ဖော်စပ်ခြင်းကို ကောင်းကောင်း နားလည်ထားလို့သာ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာတယ်လို့ပဲ ထင်တယ်။  အဲဒါက ရှင်ရဲ့ မိုဆေးကို ဖန်တီး နိုင်ခဲ့တာကိုလည်း ရှင်းသွားတာပေါ့။ ကျွန်မ ရှင့်ကို ကောင်းကင် ဖွေရှာနန်းတော် ဆေးလုံး ဘုံစေတီမှာ စောင့်နေပါ့မယ်။ ရှင့်အရည်အချင်းနဲ့ ဆိုရင် သေချာပေါက် အဲနေရာကို ရောက်လာ လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်... ”

မိုဝူကျီက စိတ်ထဲမှ ပြောလိုက်သည်။ တကယ်လို့ သူက ကောင်းကင် ဖွေရှာနန်းတော်ကို ဝင်ရောက် နိုင်ခဲ့တယ် ဆိုရင်တောင် ဆေးလုံး ဘုံစေတီတော့ သွားလိမ့်မည် မဟုတ်ပေ။ ဆေးလုံး ဖော်စပ်ခြင်းက သူ့၏ အကူလုပ်ငန်းသာ ဖြစ်၏။ သူ ဖြစ်ချင်သည်က ကောင်းကင် အဆင့် ဆေးလုံးဆရာ မဟုတ်ဘဲ ပိုမို မြင့်မားသော ကျင့်ကြံခြင်း နယ်ပယ် အဆင့်ကို လိုချင်တာ ဖြစ်သည်။

“စီနီယာ အစ်မမုရဲ့ အတိတ် နိမိတ်ကောင်း ဆောင်တဲ့ စကားတွေ အတွက် ကျေးဇူးတင်ပါတယ်။ တကယ်တော့ ကျွန်တော်က အစ်မမုနဲ့ သီးခြား ဆွေးနွေးစရာလေး ရှိသေးတာ။ အဲဒါ အစ်မမုများ အချိန်နည်းနည်း ပေးနိုင်မလားလို့ပါ...” မိုဝူကျီက ထိုအခွင့်အရေးကို အသုံးချပြီးတော့ မေးလိုက်သည်။

မုယင်က လက်ကို ခါလိုက်ပြီး သူမရှေ့က ပစ္စည်းတွေကို သဲလွန်စ တစ်စပင် မရှိ သိမ်းဆည်း လိုက်လေ၏။ ထို့နောက် သူမက မိုဝူကျီကို ပြုံးပြ လိုက်ပြီးတော့ ပြောလိုက်သည် “အခု ထွက်သွားဖို့ လုပ်နေတာ ဆိုပေမဲ့ ဆေးလုံးသခင်မိုက ပြောစရာ ရှိတယ်ဆိုရင် ပြောပါ ရပါတယ်....”

မိုဝူကျီက ထိုသို့ လုပ်နိုင်သည့် လူများကို အလွန် အားကျသောကြောင့် သူ့ဘာသာ တွေးမိ လိုက်သည်။ ထိုအမျိုးသမီးကား ကိစ္စများကို ရှင်းရှင်းလင်းလင်း လုပ်တတ်သူ ဖြစ်သည်။ မိုဝူကျီက သူမနှင့်အတူ ဆွေးနွေးပွဲမှ ထွက်မသွားခင် ယန်ချင်ယင်ကို နှုတ်ဆက်စကား ဆိုလိုက်ပြီးတော့ ကျန်းရှောက်ရုကို သူ့ဘာသာ အရင်ပြန်နှင့်ရန် ပြောလိုက်ရသည်။

ဘွားဘွားလင်းလောင်ကို ရှာရန်က သူ့အတွက် သေရေးရှင်ရေး အရေးကြီးလှသည့် အတွက် ကျန်းရှောက်ရုကဲ့သို့ နည်းနည်း ကမူးရူးထိုး နိုင်သောသူကြောင့် ပျက်စီး မခံနိုင်ပေ။

မုယင်၏ နေထိုင်ရာ အဆောက်အဦတွင် မိုဝူကျီက မုယင်ကို ဘွားဘွားလင်းလောင်နှင့် တွေ့ခွင့်ရရန် မျှော်လင့်နေသည့် အကြောင်း ပြောပြ လိုက်သည်။

“ရှင်က ရှင့်မိတ်ဆွေကို ကယ်ဖို့ ဘွားဘွားလင်းလောင်ကို တောင်းဆို ချင်တာလား...” မိုဝူကျီ ဆန္ဒကို ကြားသောအခါ မျက်မှောင်ကြုတ်မိသွားသည်။

“ဟုတ်ပါတယ် ယန်အာကို ကယ်တင်နိုင်တာ ဘွားဘွားလင်းလောင်က လွဲပြီး မရှိတော့လို့ပါ...” မိုဝူကျီက မုယင်ကို မျှော်လင့်တကြီး ကြည့်ကာ အရိုအသေ ပေးရင်း ပြောလိုက်သည်။

မုယင်က သက်ပြင်း ချပြီးတော့ ပြောလိုက်သည် “ကျွန်မက ရှင့်ကို ကူညီဖို့ ငြင်းဆန်ချင်တာတော့ မဟုတ်ပါဘူး အဓိက အချက်က ကျွန်မ ဆရာနဲ့ ဘွားဘွား လင်းလောင်တို့က အရင်တုန်းက သဘာထား မတိုက်ဆိုင်တာ တချို့ ရှိခဲ့တယ်။  တကယ်လို့ ကျွန်မက ရှင့်ကို ခေါ်သွားမယ်ဆိုရင် ရလဒ်က လိုချင်တာနဲ့ တခြားစီ ဖြစ်လာနိုင်တယ်...”

မိုဝူကျီ ထိုအရာကို ကြားလိုက်ချင်း သူ့နှလုံးသားက အေးခဲ သွားလေ၏။

“အဲဒါအပြင် ကျွန်မက ရှင့်ကို ဘွားဘွားလင်းလောင်နဲ့ တွေ့အောင် စီစဉ် ပေးနိုင်တယ်ပဲ ထား  သူမက ရှင့်ကို လက်ကမ်းပြီးတော့ အကူအညီ ပေးမယ် ထင်နေလား... တကယ်လို့ ရှင်က အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်ကို ရရင်တော့ ကျွန်မ အကူအညီ မပါရင်တောင် ဘွားဘွားလင်းလောင်နဲ့ တွေ့နိုင်လိမ့်မယ် ...” မုယင်က ရှင်းပြလိုက်သည်။

မိုဝူကျီက နောက်တစ်ဖန် လက်နှစ်ဖက် ယှက်ကာ ထပ်ပြောလိုက်သည် “အဲလိုဆိုရင်တော့ စီနီယာမုကို ထပ်မနှောင့်ယှက် တော့ပါဘူး။ ကျွန်တော် သွားလိုက်ပါဦးမယ်...”

မုယင်က မနေနိုင်ဘဲ မိုဝူကျီကို ထပ်ပြောလိုက်သည် “ရှင်က လမင်းကိုးစင်း ဆေးလုံးအိမ်တော် သခင်လေးနဲ့ အရမ်း ရင်းရင်းနှီးနှီး ရှိတယ်။  အချိန်ရောက်လာရင် ဒြပ်ငါးမျိုး ကင်းမဲ့နယ် အတွက် တစ်နေရာစာ ပြောကြည့်ပါ့လား။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲမှာ ရှင်သာ ကံကောင်းမယ် ဆိုရင် အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ကျောက်ကို တွေ့နိုင်မှာပါ။  ကျွန်မကို ပေးထားတဲ့ နေရာတွေက ကောင်းကင် ဖွေရှာနန်းတော် ပိုင်တာဆိုတော့ ရှင့်ကို နေရာ တစ်နေရာ ပေးဖို့ ကတိ မပေးနိုင်ဘူး.....”

မုယင်က မိုဝူကျီသည် ဆေးလုံး ပြိုင်ပွဲတွင် နေရာများ ရယူနိုင်သည် အထိ ပြိုင်နိုင်ရန် မျှော်လင့် မထားကြောင်း သိသာလှ၏။

“ရပါတယ် .... ” မိုဝူကျီက ခါးသီးသော အပြုံးကို ဆင်မြန်းရင်း နှုတ်ဆက် စကား ဆိုလိုက်သည်။

လမင်းကိုးစင်း ဆေးလုံးအိမ်တော် သခင်လေးကို နေရာ တစ်နေရာ တောင်းခံရမှာလား.... ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်နိုင်ရန် ထိုအိမ်တော် သခင်လေး နှစ်ယောက်က သူ နေရာ ရယူပေးနိုင်ရန် စောင့်နေသည်ကို သိလျှင် မုယင် မည်သို့ ဖြစ်သွားမည်နည်း။

ဘွားဘွားလင်းလောင်ကို မတွေ့ခဲ့ရပေမဲ့ သူမအကြောင်း အမျိုးမျိုး ကြားရာမှ မည်သို့သော လူစားမျိုး ဖြစ်နိုင်ကြောင်း အကြမ်းဖျင်း ခန့်မှန်းထားမိ၏။ မိုဝူကျီ၏ ခန့်မှန်းမှုက သူမသည်  ပေါင်းသင်း ဆက်ဆံရေး ခက်ခဲပြီး အများနှင့်မတူသည့် အမျိုးသမီး ဖြစ်ကာ သူမအတွက် အကူအညီ ဖြစ်ပြီး အကျိုးမြတ် ရမည်ကိုသာ အလိုရှိ၏။

ပြိုင်ပွဲတွင် သူက နေရာများ ရရှိခဲ့လျှင်ပင် ဘွားဘွားလင်းလောင်နှင့် တွေ့ရန် အခွင့်အရေး ရဦးမည် မဟုတ်ပေ။ တစ်ခုတည်းသော နည်းလမ်းက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်ကာ သူမ အလိုရှိသည့် အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ ကျောက်ကို ရှာပေးရန် ဖြစ်သည်။

မိုဝူကျီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီးတော့ ဒြပ်ငါးမျိုး ကင်းမဲ့နယ် အတွက် ပြိုင်ပွဲသို ဝင်ရောက်ကာ နေရာများ ရယူရန် ဖြစ်ကြောင်း သိ၏။ ပြိုင်ပွဲသည် လတစ်ဝက်လောက် လိုသေး၏။ ထို့ကြောင့် မိုဝူကျီက လမင်းကိုးစင်း‌ ဆေးလုံး အိမ်တော်သို့ ပြန်ရောက်သည်နှင့် အခန်းပိတ် စတင် ကျင့်ကြံတော့သည်။

သူက ဆက်တိုက် ဆိုသလို စိတ်ဝိညာဉ် စွမ်းအားကို ကျစ်ကျစ်လျစ်လျစ် ထားကာ စိတ်စွမ်းအင် ကျောက်တုံးများနှင့် စွမ်းအား စုစည်းခြင်း ဆေးလုံးများကို အသုံးပြုပြီး သူ့ကျင့်ကြံဆင့် မြင့်ရန် ကြိုးစားခဲ့သည်။ သူ့အတွက် ကျင့်ကြံခြင်းကား ဆေးလုံး အသုံးပြုရန် မလိုအပ်ပေ။ အဆင့်လေး ဆေးလုံးကို တတ်နိုင်သမျှ မြန်မြန် ဖော်စပ်နိုင်ရန် သူကျင့်ကြံဆင့်နှင့် စိတ်ဝိညာဉ် ဆန္ဒကိုလည်း မြင့်တင်ရန် အပြင် ရွေးချယ်စရာ မရှိပေ။

မိုဝူကျီက ကျင့်ကြံ နေသည်ကို သိသည့်အတွက် ကျန်းရှောက်ခယ်သည် သူ့အား လုံးဝ မနှောင့်ယှက်ချေ။ ကျန်းရှောက်ရုကိုပင် ကျန်းရှောက်ခယ်က မိုဝူကျီအား မနှောင့်ယှက်ရန် မှာထားလေ၏။

လဝက်ကာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ထိုတစ်လတာ အတွင်း မိုဝူကျီ၏ စိတ်ဝိညာဉ် စွမ်းအားကား တော်တော် တိုးတက် လာလေ၏။ မိုဝူကျီက မကြာခင်တွင် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၇ သို့ကျောက်ကာ တက်လှမ်း နိုင်တော့မည်ဟု ယုံကြည်သည်။ သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၈ သို့ ရောက်ခါနီးတွင် ကျန်းရှောက်ခယ်က တံခါးကို ခေါက်လိုက်သည်။ မိုဝူကျီက ကြမ်းပြင်ပေါ်မှ စိတ်စွမ်းအင် ကျောက်တုံးများကို စိတ်ပျက်လက်ပျက်  ကြည့်ပြီး သူမည်မျှ နီးကပ် နေသည်ကို ဝမ်းနည်း သွားတော့သည်။ သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၈ သို့ အောင်အောင်မြင်မြင် တက်လှမ်းနိုင်ရန် နောက်ထပ် ရက်အနည်းငယ်သာ လိုအပ်၏။

ကျန်းရှောက်ခယ်က တံခါး လာခေါက်သည်မှာ ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲ စတင်တော့မှာ ဖြစ်၍ မိုဝူကျီကို ရှာရုံအပြင် တခြားရွေးချယ်စရာ မရှိပေ။

မိုဝူကျီက တံခါးဖွင့်လိုက်သောအခါ အားနာနေသော ကျန်းရှောက်ခယ်ကို တွေ့လိုက်ရ၏ “ဝူကျီ ဆေးလုံးပြိုင်ပွဲ စတော့မယ်  အဲဒါကြောင့် မင်း အခန်းပိတ် လေ့ကျင့်နေတာကို လာနှောင့်ယှက်ရတာ...”

“ကိစ္စမရှိပါဘူး ကျွန်တော် အရင် သန့်ရှင်းလိုက်ဦးမယ်” မိုဝူကျီက လက်ကို ခါရင်း ဖြေလိုက်သည်။

နာရီဝက် အကြာတွင် မိုဝူကျီနှင့် ကျန်းရှောက်ခယ်တို့ နေရာ၏ အလယ် တည့်တည့်ကို ရောက်ရှိ လာကြသည်။

နေရာတွင် မနက် စောစောကတည်းက လူအများနှင့် ပြည့်နှက်နေ၏။ အလယ်တွင် ဧရာမ ကြီးမားသော စင်မြင့် အဝိုင်းတစ်ခု ရှိနေပြီး ထိုရှေ့တွင် နေရာ အလွတ်များ ထောင်ချီ၍ ရှိနေကာ နေရာ၏ ရှေ့တွင် မီးပြင်းဖို တစ်လုံး ပါရှိ၏။

အာရုံ အဖမ်းစား နိုင်ဆုံးကား ထိုစင်မြင့်အဝိုင်းတွင် ပါရှိသော “ကောင်းကင်ဖွေရှာ နန်းတော်” စာလုံးများ ဖြစ်၏။ ကောင်းကင် ဖွေရှာနန်းတော်က သီးခြားဂိုဏ်း တစ်ခု ဖြစ်သည်။ မိုဝူကျီက ကောင်းကင် ဘုရားကျောင်း၊ ကျောက်စိမ်း ကွန်ရက်ဂိုဏ်းနှင့် မီးတောက်ဂိုဏ်း များကို တွေ့သော်လည်း သဏ္ဌာန်မဲ့နတ်ဓားဂိုဏ်းနှင့် လမင်းကိုးစင်း ဆေးလုံး အိမ်တော်တို့ကို မတွေ့ပေ။

ကြည့်ရသည်မှာ ကောင်းကင် တစ်ပိုင်းအဆင့် ဂိုဏ်းတွေသာ ထိုစင်မြင့်အပေါ်တွင် နေရာရခြင်း ဖြစ်လိမ့်မည်။

မြေကွက်လပ်တွင် လူများစွာ ရှိနေသော်လည်း ရှုပ်ထွေးမနေသလို ဆူညံမနေပေ။ အများစုက တိတ်တဆိတ် ရပ်လျက် ရှိနေတာမျိုး သို့မဟုတ် သူတို့က  ဆွေးနွေးလျက် ရှိသည်။

မုတ်ဆိတ်ရှည် လူကြီးသည် ညောင်စေးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကောင်းကင်မှ ဆင်းသက်လာကာ စင်မြင့်ထက်တွင် ဆင်းသက်လိုက်သည်။

“အဲဒီလူက တော်တော် အံ့ဩဖို့ ကောင်းတာပဲ...” မိုဝူကျီက ကောင်းကင်မှ ဆင်းသက်လာသော သူကို ပထမဆုံး အကြိမ် မြင်တွေ့ဖူးရာ အရမ်းပင် အံ့အားသင့်နေလေ၏။

ဘေးတွင် ရပ်နေသော ကျန်းရှောက်ခယ်က မိတ်ဆက် ပေးလိုက်သည်။

“အဲဒါက ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ စစ်မှန်ခြင်း နတ်ဘုရား ပါရမီရှင် ဒုတိယ ဂိုဏ်းချုပ် စီနီယာ ဖုန်းကျန့်ချိုးတဲ့...”

ဖုန်းကျန့်ချိုးက စင်မြင့်ပေါ်တွင် ရပ်လိုက်ရင်း လက်နှစ်ဖက်ဖြင့် လေးဖက်လေးတန် ဂါရဝပြုကာ “မိတ်ဆွေများ ဆေးလုံးဆရာများ ကျွန်တော်တို့ရဲ့ ဆေးလုံးပြိုင်ပွဲက အင်ပါယာ ငါးခုရဲ့ ပထမဆုံး အတူတူ ရှိကြတဲ့ ပွဲဖြစ်ပြီးတော့ ဆေးလုံးဆရာ အမြင့်ဆုံး အဆင့်တွေကို ရွေးချယ်တာသာ မဟုတ်ဘဲနဲ့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်ခွင့်ရဖို့ ရွေးချယ်တဲ့ ပွဲလည်း ဖြစ်တယ်။  အင်ပါယာငါးခုကို တခြားသူတွေက ရေရေရာရာ အကြောင်းပြချက် မရှိဘဲနဲ့ ပျောက်ဆုံး နယ်မြေလို့ ခေါ်ကြတယ် ကျွန်တော်တို့မှာ ကျင့်ကြံသူတွေရော ပါရမီရှင်တွေရော အများကြီးရှိတယ် ဒါပေမဲ့ ကောင်းကင် အဆင့်ရဲ့ အဆင့်သုံးခုကို တက်လှမ်းနိုင်တာ နည်းနည်းလေးပဲ ရှိတယ်....”

ဖုန်းကျန့်ချိုးက တမင်သပ်သပ် ခဏ ရပ်နား လိုက်သည်။ ဖုန်းကျန့်ချိုး  ဦးဆုံး ရောက်လာစဉ်က အပ်ကျသံပင် ကြားရလောက်အောင်  ငြိမ်သက် တိတ်ဆိတ်နေလေသည်။

ခဏ ရပ်နားပြီးနောက်တွင် ဖုန်းကျန့်ချိုး ဆက်ပြော လိုက်သည် “အင်ပါယာငါးခုက မရေတွက်နိုင်တဲ့ ပါရမီရှင်တွေ ရှိကြတယ် အဲဒါကို ကောင်းကင်အဆင့် ကျင့်ကြံသူကို မွေးထုတ်ပေးဖို့ ဘာလို့ ခက်ခဲ နေရတာလဲ။  ကျွန်တော်တို့ရဲ့ ပါရမီရှင်တွေက အတုအယောင် ပါရမီရှင်တွေ မလို့လား အဖြေက သေချာပေါက် မဟုတ်ဘူးပေါ့။  အဲဒါက ပျောက်ဆုံး နယ်မြေမှာ ကောင်းကင်- မြေကမ္ဘာ လှည့်ပတ်မှု လစ်ဟာနေပြီးတော့ အဲဒီ လစ်ဟာမှုက ဒီနေရာမှာ အဆင့် ၇ ဆေးပင်ကို စိုက်ပျိုးလို့ မရအောင် တားဆီး ထားရုံသာမက ကောင်းကင်နယ်မြေရဲ့ ကြီးမြတ်လှတဲ့ ကောင်းကင် သုံးခုအကြောင်း သတိမပြုမိအောင် ကျွန်တော်တို့ကို တားဆီးထားတယ်.....”

နောက်ဆုံးတွင် တချို့လူများက ဆွေးနွေး လာကြသော်လည်း အသံကား မကျယ်လောင်ကြပေ။ ကြည့်ရသည်မှာ ထိုသည်က သူတို့အတွက် ပထမဆုံး ကြားဖူးခြင်း မဟုတ်လောက်ပေ။

“အခု ဒြပ်ငါးမျိုး ကင်းမဲ့နယ်က ဖွင့်ပြီဆိုတော့ စစ်မှန်ခြင်း နတ်ဘုရား ပန်းလိုမျိုး အဆင့် ၇ နဲ့ အထက် ဆေးပင်တွေ အများကြီး ရှိတယ် အားလုံးကို တစ်ယောက်နဲ့ တစ်ယောက် သတ်တာက ကာကွယ်ပေးဖို့ ပြီးတော့ အဖိုးတန် ဆေးပင်တွေကို ဖျက်ဆီး မပစ်ဖို့ ဒီဆေးလုံးပြိုင်ပွဲကို ကျင်းပဖို့ ဆုံးဖြတ်ထားတာ ဖြစ်တယ်။  နှစ်အနည်းငယ်မှာ တစ်ကြိမ် ကျင်းပပြီးတော့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်ခွင့်ရမဲ့ လူစာရင်းကို ထုတ်ပေးမှာ ဖြစ်တယ်။  ဒီတစ်ခါက ကျွန်တော်တို့ရဲ့ တတိယ အကြိမ်မြောက် ဆေးလုံးပြိုင်ပွဲ ဖြစ်ပြီးတော့ ဆေးလုံးပြိုင်ပွဲ စတင်ပြီ ဖြစ်ကြောင်း လာရောက် ကြေညာပေးတာ ဖြစ်တယ်။ ဆေးလုံး ဆရာတိုင်းက ရလဒ်ကောင်းတွေ ရကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်...”

ဖုန်းကျန့်ချိုးက သူ့အပိုင်း ပြောပြီးသည်နှင့် နောက်ဆုတ် သွားလေသည်။

***

All Chapters