← Chapters

မင်းအိပ်မက်တွေ တကယ်ဖြစ်လာအောင် ဖြည့်ဆည်းပေးရမှာပေါ့

Vol. 7 Ch. 95

မင်းအိပ်မက်တွေ တကယ်ဖြစ်လာအောင် ဖြည့်ဆည်းပေးရမှာပေါ့

Vol. 7 Ch. 95

*သေပြီ*

*သူတို့အားလုံး သေကုန်ကြပြီ*

စစ်ခုန်ထို့ မယုံကြည်နိုင်သော မျက်လုံးများဖြင့် ငေးကြည့်နေသည်။

ဖြစ်ပျက်သွားသမျှက မြန်ဆန်လွန်းလှသည်။

ဘာဖြစ်ခဲ့သလဲဆိုတာကို သတိထားမိချိန်တွင် သူ့အကြီးအကဲများအားလုံး သေကုန်ကြပြီ။

"အံ့… အံ့ဩစရာပဲ"

ယဲ့လုံ မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေသည်။

"မ… မဖြစ်နိုင်ဘူး။ သူက ဒီအတိုင်း အသုံးမကျတဲ့ တရားမဝင်သားလေ… ဘာလို့ သူက ဒီလောက် သန်မာနေရတာလဲ… ဒါ… လုံးဝ မဖြစ်နိုင်ဘူး"

ယဲ့လုံက ဤအဖြစ်အပျက်ကို လက်သင့်မခံနိုင်ပါ။ ယခင်တုန်းက သူ ယဲ့ဖန်ကို ယောင်လို့တောင် အထင်မကြီးခဲ့၊ ယခုအချိန်ထိလည်း သူ့ကို အထင်မကြီးချင်သေးပါ။

သို့သော် သည်အညတရကောင်က သူ့ကို အလွန်အံ့အားသင့်အောင် ပြုလုပ်သွားသည်။

အဘိုးအိုကူးသာလျင် မချိတင့်ကဲ ပြုံး၍ "ငါထင်ထားတာသလိုပဲ သူက ငါတို့ကြားထဲမှာ အန္တရာယ်အရှိဆုံးသူ ပါလား"

စစ်ခုန့်ထို့အား ယဲ့ဖန်ကို တိုက်ခိုက်ချင်း မပြုရန် သူ တားမြစ်ခဲ့သော်လည်း စစ်ခုန်ထို့က သူ့အကြံကို လက်မခံသော်ကြောင့် အချိန်တိုလေး အတွင်းမှာပဲ သူ၏ အကြီးအကဲ များစွာကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

ထိုစဉ် ယဲ့ဖန်က စစ်ခုန်ထို့နှင့် ကျန်နေသေးသော အကြီးအကဲများကို ဓားနှင့် လှမ်းချိန်ကာ အော်လိုက်သည်။

"သေချင်ရင် ထွက်လာခဲ့စမ်း"

…..

စစ်ခုန်ထို့နှင့် ကျန်နေသေးသော အခြားအကြီးအကဲများ ချက်ချင်း မျက်နှာ မည်းမှောင် လာကြသည်။

စစ်ခုန်ကလန်သည် တရုတ်ပြည်မြောက်ပိုင်း၏ အဓိကကလန်ဖြစ်သော်ကြောင့် မည်သူမှ သူတို့ကို မစော်ကားရဲကြ၊ ကောင်စုတ်လေးတစ်ယောက်က စော်ကားပြောဆိုဖို့ ဆိုလျင် ပို၍တောင် ဝေးသေးသည်။

*မင်း သေချင်နေတာပဲ*

…

အကြီးအကဲတစ်ယောက်က ပြိုင်ကားတစ်စီး၏ အရှိန်ဖြင့် ပြေးထွက်လာသည်။

ထိုအကြီးအကဲသည် အရပ်ရှည်ကာ မီးခိုးရောင်မုတ်ဆိတ်မွှေးများနှင့် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ မျက်လုံးခပ်သေးသေးနှင့် ဖြစ်သည်။

သူ၏ သန်မာပြင်းထန်သော ချီဓာတ်အရ သူသည် အလောင်းတောင်ကို ဖြတ်ကျော် လာသည့် တစ္ဆေတစ်ကောင်နှင့် သဏ္ဌာန်တူလှသည်။

စစ်ခုန်ကျင့်က အံကိုကြိတ်၍ ယဲ့လုံကို ပြောလိုက်သည်။

"ယဲ့လုံ… ရှင့်ညီဝမ်းကွဲက သေချာပေါက်သေတော့မှာ… သူ သေချာပေါက်ကို တစစီ ဖြစ်တော့မှာ"

ယဲ့လုံ ကြောင်သွားပြီးမှ စစ်ခုန်ကျင့်ကို ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ကျင့်… အဲ့အဘိုးကြီးက အမြဲ အရမ်း ထူးဆန်းနေတာ။ သူက အဲ့လောက်တောင် သန်မာလို့လား?"

ယဲ့ဖန်၏ လျင်မြန်ဖျတ်လတ်၍ ကြမ်းကြုတ်သော လှုပ်ရှားမှုများကြောင့် ယဲ့လုံ ထိတ်လန့်နေကာ သည်အဘိုးအို သူ့ကို သတ်နိုင်စွမ်း ရှိ၊ မရှိ သူ သေချာမသိသလို ဖြစ်နေသည်။

ယဲ့လုံ၏ စကားကြောင့် စစ်ခုန်ကျင့်က လှောင်ရယ်ကာ အော်ကြီးဟစ်ကျယ် ပြောဆိုလိုက်သည်။

"အဲ့ဒါ ရှစ်ခြမ်းခွဲ အဖိုးကြီးလေ ... သူက ကလန် ၈ခု၊ တရားမဝင် အင်အားစု ၁၃၊ စစ်သားဘုရင်တွေနဲ့ ကြေးစားစစ်သည်တွေ အများကြီးကို သတ်ခဲ့တာ"

"သူက လူသတ်ရင် လူတွေကို ရှစ်ခြမ်းကွဲအောင် သတ်တတ်လို့ သူ့ကို ရှစ်ခြမ်းခွဲ အဘိုးကြီးလို့ ခေါ်ကြတာ"

စစ်ခုန်ကျင့်၏ ပုံစံက ယဲ့လုံကို ပြောပြနေတာထက် ယဲ့ဖန်နှင် ယဲ့ကလန်ဝင်များကို ပြောပြနေဟန် ပေါက်သည်။

သူမက ရှစ်ခြမ်းခွဲ အဘိုးကြီး၏ နာမည်ဖြင့် သူတို့ ကြောက်သွားအောင် ခြောက်ချင်နေသည်။

ထင်သည့်အတိုင်းပင် စစ်ခုန်ကျင့်၏ စကားကြောင့် ယဲ့ဖန့်ချန်နှင့် အခြား အကြီးအကဲများက မျက်လုံးမှိတ်ထား လိုက်ကြသည်။

"ရှစ်ခြမ်းခွဲ အဘိုးကြီး! သူက လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်က တရုတ်ပြည် မြောက်ပိုင်းမှာ သူတစ်ယောက်တည်းနဲ့ လူသတ်မှုအများကြီးကို ကျူးလွန်ခဲ့တဲ့ လူသတ်သမား အရူးပဲ"

"အဲ့အချိန်တုန်းက တရုတ်ပြည်မြောက်ပိုင်းမှာ မြေအောက်လောကက ဂိုဏ်းတွေကို ကြီးစိုးခဲ့တဲ့ သွေးရိုင်းအုပ်စုလို့ ခေါ်တဲ့ တရားမဝင် ဂိုဏ်းတစ်ခု ရှိခဲ့တယ်။ ဒါပေမယ့်လည်း အဲ့ဂိုဏ်းသား တစ်ယောက်က ရှစ်ခြမ်းခွဲ အဖိုးကြီးကို ဆဲဆိုခဲ့တာကြောင့် သွေးရိုင်းအုပ်စု တစ်ခုလုံး တစ်ညတည်းနဲ့ အပြတ်ရှင်းတာကို ခံလိုက်ရတယ်"

"အမှန်ပဲ၊ ကိုယ်လက်အင်္ဂါ အစုံအလင်ရှိတဲ့ အလောင်းဆိုလို့ တစ်လောင်းတောင် မရှိခဲ့ဘူး။ လူသတ်သမားရဲ့ လူသတ်နည်းက ကြောက်ခမန်းလိလိပဲ"

"ကျုပ် မှတ်မိပြီ၊ ရှစ်ခြမ်းခွဲ အဖိုးကြီးကို ကြယ်သုံးလုံးအဆင့် နတ်ဆိုးအဖြစ် သတ်မှတ်ထား ကြတာလေ။ သူ့ကို ဖမ်းနိုင်ရင် ပိုက်ဆံ ယွမ် ဆယ်မီလီယံ တောင် ပေးမယ်လို့ ကြေညာထားတာ။ ဒီကိစ္စက တရုတ်ပြည်တစ်ခုလုံးကို ထိတ်လန့်စေခဲ့တာပဲ။ ဒါပေမယ့် သူ ပျောက်သွားခဲ့တာ။ သူ… သူ စစ်ခုန်ကလန်ထဲမှာ ပုန်းနေမယ်လို့ ထင်မထားခဲ့ဘူး"

….

ချက်ချင်းပင် ယဲ့ကလန်သားတိုင်း ကြက်သီးတဖြန်းဖြန်း ထလာသည်။

အရပ်ရှည်ရှည်နှင့် ရှစ်ခြမ်းခွဲ အဘိုးကြီးကို ကြည့်ပြီး သူတို့ ကြောက်လွန်းသဖြင့် ကတုန်ကယင် ဖြစ်လာကြသည်။

*သူက နတ်ဆိုးအိုကြီးပဲ*

ယဲ့ကလန်သားတိုင်းက ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

ထိုစဉ် ရှစ်ခြမ်းခွဲ အဖိုးကြီးက မထိတထိ ပြုံးလိုက်ကာ ယဲ့ဖန်အား ရက်စက်စွာ စိုက်ကြည့်ပြီး "ခွေးမသားလေး … မင်းက ယဲ့ကလန်အတွက် လက်စားချေချင်တာလား? ဟီးဟီး… ငါ အခုလေးတင် လူ ဆယ်သုံးယောက်ကို သတ်လိုက်တာ။ အဲ့ထဲက နှစ်ယောက်ဆို ၈နှစ်၊ ကိုးနှစ်လောက်ပဲ ရှိဦးမယ်"

ရှစ်ခြမ်းခွဲ အဖိုးကြီးက သူ့လက်တစ်ဘက်ကို မြှောက်ပြလိုက်သောအခါ သူ့လက်ဖဝါးမှ သွေးများက တစက်စက်ကျလာသည်။

"အဟက်… ငါ သူတို့ကို တစစီ ဆွဲဖြဲလိုက်တာ။ သူတို့ရဲ့ သွေးက တော်တော် အရသာရှိတာကွ။ မင်းရဲ့ သွေးကလည်း ဘယ်လို အရသာရှိမလဲဆိုတာ ငါသိချင်လိုက်တာ"

*ဘာ*

သူ၏ ကြောက်မက်ဖွယ် ကောင်းသော စကားကြောင့် ယဲ့ကလန်သားတိုင်း မျက်လုံး ပြူးသွားသည်။

*သူက ကလေးတွေကိုတောင် ချမ်းသာ မပေးပါလား။ ရှစ်ခြမ်းခွဲ အဖိုးကြီးက တော်တော် လူမဆန်တာပဲ*

ယဲ့ဖန်၏ မျက်နှာက မည်းမှောင်သွား သော်လည်း သူက ရှစ်ခြမ်းခွဲ အဖိုးကြီးအား တင်းမာစွာ စိုက်ကြည့်လျက် ပြောလိုက်သည်။

"ရှစ်ခြမ်းခွဲ အဖိုးကြီး ဟုတ်လား? ခင်ဗျားက ခန္ဓာကိုယ်ကို တစစီလုပ်ရတာ သဘောကျမှတော့ ကျုပ်က ခင်ဗျားအိပ်မက်တွေ တကယ် ဖြစ်လာအောင် ဖြည့်ဆည်း ပေးရမှာပေါ့"

*ဟမ်*

ယဲ့ဖန် အပြောကြောင့် ရှစ်ခြမ်းခွဲ အဖိုးကြီး ခေတ္တမျှ တွေဝေ သွားပြီးနောက် ပြင်းထန်သောချီကို ထုတ်ဖော်၍ "ကောင်းတယ် … သိပ်ကောင်း … ခွေးမသားလေး.. မင်းက တော်တော် မောက်မာတာပဲ … ဒါပေမယ့် ပိုမောက်မာ လေလေ .. မြန်မြန် သေလေပဲကွ … သွား သေလိုက်တော့ကွာ"

ရှစ်ခြမ်းခွဲ အဖိုးကြီးက ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။

လေတိုးသံနှင့်အတူ သူက ယဲ့ဖန်အနား လျင်မြန်စွာ ရောက်ရှိလာပြီး ယဲ့ဖန်အား ချွန်ထက်နေသော သူ့လက်သည်းများဖြင့် လှမ်း၍ ဖမ်းလိုက်သည်။

"ဝှစ်" ခနဲ အသံတစ်ချက် ထွက်လာကာ ယဲ့ဖန်၏ အင်္ကျီ စုတ်ပြဲသွားသည်။

သူ့အင်္ကျီကို အဘိုးကြီးက စုတ်ပြတ်သွားအောင် လုပ်လိုက်သဖြင့် ယဲ့ဖန်က မျက်မှောင်ကြုတ် သွားသည်။  ရှစ်ခြမ်းခွဲ အဘိုးကြီးက လှောင်ရယ်၍ "သွား သေလိုက်တော့" ဟု ကြုံးဝါးလိုက်သည်။

…

ရှစ်ခြမ်းခွဲ အဘိုးကြီးက ရူးသွပ်စွာ လိုက်လံတိုက်ခိုက်တော့သည်။ သူ၏ ချွန်မြနေသော လက်သည်းများကလည်း သံနှင့် လုပ်ထားသလား အောက်မေ့ ရလောက်အောင် ချွန်ထက်၍ သစ်ပင်များ၊ ကျောက်တုံးများနှင့် အခြားသံပစ္စည်းများကို ဖျက်ဆီးသွားသည်။

သူ၏ အရှိန်သည် အလွန်လျင်မြန်လှကာ သူ့လှုပ်ရှားမှုများကို ယဲ့ကလန်သား တော်တော်များများ သေချာမမြင်ကြရပေ။

ယဲ့ဖန်က နောက်သို့ ဆုတ်ဆုတ်လာသည်။

တိုက်ပွဲကို ကြည့်ပြီး ယဲ့လုံနှင့် စစ်ခုန်ကျင့်က ကျေနပ်သလို ပြုံးနေကြသည်။

"ဟီးဟီး… အဲ့ခွေးမသားတော့ သေပြီပဲ။ သူ တစစီဆွဲဖြဲခံရတာကို ငါ မြင်ရဖို့ မစောင့်နိုင်တော့ဘူး" ယဲ့လုံက ဝမ်းသာအားရ ပြောလိုက်သည်။

စစ်ခုန်ကျင့်ကလည်း အကြီးအကျယ် လှောင်ရယ်၍ အော်ပြောလိုက်သည်။

"သူ့ကို သတ်၊ သူ့ကို သတ်ပစ်၊ သူ့ကို သနားစရာ ကောင်းလောက်အောင် အော်ငိုလာတဲ့အထိ လုပ်ပစ်လိုက်၊ သူ့ကို သေခွင့်ပေးပါလို့ တောင်းဆိုလာရတဲ့အထိ ဖြစ်အောင် လုပ်ပစ်လိုက်"

သူတို့နှစ်ယောက်လုံး ယဲ့ဖန်ကို အလွန် မုန်းသည်။ ထို့ကြောင့် ယဲ့ဖန် လျင်မြန်စွာ ရှောင်ရှားနေသည်ကို မြင်လေ သူတို့ ပီတိဖြစ်လေ ဖြစ်နေကြသည်။

သို့သော် ထိုအချိန်မှာပဲ ယဲ့ဖန်က ရုတ်တရက် ရှောင်နေရာမှ ရပ်ကာ ထူးဆန်းသော အပြုံးမျိုးနှင့် "သာမန်လောက်ပါပဲ"

အစတုန်းက သူက ရှစ်ခြမ်းကွဲ အဘိုးကြီး၏ တိုက်ရည်ခိုက်ရည်ကို သိချင်သဖြင့် အသာ စောင့်ကြည့်နေခြင်း ဖြစ်သော်လည်း သူ စိတ်ပျက်သွားရချေသည်။

"အမှန်အတိုင်း ပြောရရင် ခင်ဗျားရဲ့ တိုက်ပွဲဝင် ခွန်အားက အားနည်းလွန်းတယ်"

*ဘာ*

ယဲ့လုံ၊ စစ်ခုန်ကျင့်နှင့် ရှစ်ခြမ်းခွဲ အဘိုးကြီး အပါအဝင် အားလုံး မယုံနိုင်သော အမူအရာများ ဖြစ်လာကြသည်။

*သူ့ကို ဆက်တိုက် ရှောင်ပြေးနေရအောင် ဖိအားပေးခံရတာကို သူက ရှစ်ခြမ်းခွဲ အဘိုးကြီးကို အားနည်းလွန်းတယ်လို့ ပြောနေတာလား*

*စောက်ရူး*

"သိပ်ကောင်းတာပေါ့ ခွေးမသားရ … မင်း ငါ့ကို အောင်အောင်မြင်မြင်နဲ့ စိတ်တိုလာအောင် လုပ်နိုင်တာပဲ"

ရှစ်ခြမ်းခွဲ အဘိုးကြီးက မထိတထိ ပြုံးလိုက်ကာ သူ၏ ချွန်ထက်သော လက်သည်းများဖြင့် ယဲ့ဖန်၏ လက်မောင်းကို ဆွဲဖြုတ်ရန် ကြံစည်လိုက်သည်။

သူ ယဲ့ဖန်၏ လက်မောင်းကို ချက်ချင်း ဖမ်းမိလိုက်သောကြောင့် သူ ပျော်သွားသည်။

သို့သော် သူ၏ ပျော်ရွှင်နေသော မျက်နှာက အေးခဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ လက်မောင်းက အရည်အသွေးမြင့် သံမဏိတွေထက် ပို၍ မာကျောနေသောကြောင့် ဖြစ်သည်။

သူ၏ ချွန်ထက်နေသော လက်သည်းများက ယဲ့ဖန်ကို မနာကျင်စေဘဲ သူ့လက်သည်းချွန်များသာ ကွေးကောက်သွားသည်။

…

သည်လောက် မာကြောသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် သူမျိုး သူ တစ်ခါမှ မမြင်ဖူးပါ။

ထိုစဉ် ယဲ့ဖန်က "ခင်ဗျားက လက်မောင်းတွေကို ဆွဲဖြုတ်ရတာ ကြိုက်မှတော့ ကျုပ်က ခင်ဗျားအိပ်မက်တွေကို ဖြည့်ဆည်းပေးရမှာပေါ့"

ထို့နောက် ရှစ်ခြမ်းခွဲ အဘိုးကြီး၏ မျက်နှာက ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

"မဟုတ်ဘူး"

ရှစ်ခြမ်းခွဲ အဘိုးကြီးက သူ မြန်နိုင်သမျှ မြန်မြန် နောက်ဆုတ် လိုက်သော်လည်း သူ့လက်မောင်းတစ်ဘက်ကို လက်ကြီးတစ်ဘက်က ဖမ်းဆွဲမိသွားသည်။

ဝှစ်!

သွေးသံရဲရဲနှင့် အသားစတစ်စ ပဲ့ထွက်သွားသံနှင့်အတူ လက်မောင်းတစ်ဘက်က လေထဲမြောက်တက်လာသည်။

All Chapters