ငရဲကို သွားရမယ့်ခရီးက ရှည်လွန်းတယ်၊ ခရီးလမ်း ဖြောင့်ဖြူးပါစေလေနော်
Vol. 7 Ch. 96
ရွှစ်!
ဒဏ်ရာမှ သွေးများ ငေါခနဲ ပန်းထွက်လာပြီး လက်မောင်းတစ်ဘက်က လေထဲ မြောက်တက်လာသည်။
"အား..."
ရှစ်ခြမ်းခွဲ အဘိုးကြီး မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ကာ မျက်နှာတစ်ပြင်လုံး ဖြူစုတ်လာသည်။
*ကျိုးသွားပြီ*
*သူ့လက်မောင်းတစ်ခုလုံး ပြုတ်ထွက်သွားပြီ*
*ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး*
ရှစ်ခြမ်းခွဲ အဘိုးကြီး သာမက ယဲ့လုံနှင့် စစ်ခုန်ကလန်ဝင်များပါ ထိတ်လန့် အံ့ဩသွားကြသည်။
ရှစ်ခြမ်းခွဲ အဘိုးကြီး၏ လက်မောင်းကို ကောင်စုတ်လေးတစ်ကောင်က ပြတ်သွားအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ပါ။
ဤသည်ကား အစပင်ရှိသေးသည်။
ဘုန်း!
ယဲ့ဖန်က ရှစ်ခြမ်းခွဲ အဘိုးကြီးကို ကန်လိုက်သောကြောင့် သူ လွင့်ထွက်သွားသည်။ ထို့နောက် ယဲ့ဖန်က သူ လှုပ်မရအောင် သူ့ရင်ဘက်ကို ခြေထောက်ဖြင့် ဖိထားသည်။
ပြီးနောက် ရှစ်ခြမ်းခွဲ အဘိုးကြီး၏ နောက်လက်တစ်ဘက်ကို ဆုပ်ကိုင်လိုက်ပြီး
ရွှစ်!
ကြောက်မက်ဖွယ် ကောင်းသော အသံတစ်သံက ခြံဝန်းအတွင်း ပျံ့လွင့်လာပြီး လက်မောင်း တစ်ဘက်က စက္ကူစတစ်စသဖွယ် ပြုတ်ထွက်သွားသည်။
"မဟုတ်ဘူး!"
နာကျင်မှုကြောင့် ရှစ်ခြမ်းခွဲ အဘိုးကြီး ချွေးသီးချွေးပေါက်ကျကာ တုန်ယင်လာသည်။
အခြားသူများကို သူ ပြုမူခဲ့သလိုမျိုး သူ ပြန်ခံရလိမ့်မည်ဟု သူ ဘယ်သောအခါမှ တွေးမထားခဲ့မိပါ။
ယဲ့ဖန်၏ မျက်လုံးကို စိုက်ကြည့်ရင်း ရှစ်ခြမ်းခွဲ အဘိုးကြီးက ကြောက်လန့်တကြား ပြောလာသည်။
"ရပ်လိုက်ပါတော့..မြန်မြန်.. ရပ်လိုက်ပါတော့.. မင်း နိုင်ပါတယ်။ ငါ့ကို ညှာတာပေးပါ။ ငါ့ကို လွှတ်ပေးပါတော့၊ မြန်မြန်လေး… ငါ့ကိုသွားခွင့်ပေးပါကွာ.."
ရှစ်ခြမ်းခွဲ အဘိုးကြီးက မည်မျှပင် ကြမ်းတမ်းပါစေ၊ သူသည်လည်း လူသား တစ်ယောက်သာ ဖြစ်သည်။
သူ ယဲ့ဖန်ကို လန့်နေပေသည်။
"ခင်ဗျားကို သနားရမယ်?"
ယဲ့ဖန်က လှောင်ရယ်လိုက်ပြီး "ကျုပ် ကလန်သားတွေ ခင်ဗျားကို အသနားခံတုန်းက ခင်ဗျား သူတို့ကို လွှတ်ပေးခဲ့ သလား? ကလေးနှစ်ယောက်က ခင်ဗျားကို တောင်းပန်မယ်ဆိုရင် ခင်ဗျား သူတို့ကို လွှတ်ပေးမှာလား?"
"ခင်ဗျား သူတို့ကို သတ်ခဲ့သလို ခင်ဗျားကို ကျုပ် ပြန်သတ်မယ်။ ခင်ဗျား သူတို့ကို အရေခွံခွာခဲ့သလို ခင်ဗျားကိုလည်း ကျုပ် ပြန်လုပ်မယ်"
ထိုသို့ပြောပြီး ယဲ့ဖန်က ရှစ်ခြမ်းခွဲ အဘိုးကြီး၏ ရင်ဘတ်အား အားနှင့်ဖိနင်းကာ သူ့ဘယ်ဘက်ခြေထောက်ကို ဖမ်းကိုင်လိုက်သည်။
ရွှစ်!
….
သူ၏ နာနာ ကျင်ကျင်နှင့် အော်နေသော အသံကြောင့် ခြံဝန်း တစ်ခုလုံး စိတ်ဓာတ် ကျနေသည်။
ဂလု!
သွေးပျက်ဖွယ် မြင်ကွင်းကို ကြည့်ပြီး ခြံဝန်းထဲရှိ သူတိုင်း မနည်းကို တံတွေး မြိုချနေရသည်။ သူတို့ ကျောတွင်လည်း ချွေးများဖြင့် ရွှဲနစ်နေသည်။
သားရဲကောင်ကြီးက သူ၏ သားကောင်ကို တစစီဖြစ်အောင် ဆွဲဆုတ်နေတာကို ထိုင်ကြည့် နေရသည်နှင့် တူလှသည်။
ယဲ့လုံနှင့် စစ်ခုန်ကျင့်တို့လည်း လုံးဝကို ငေးမောမှိုင်တွေနေသည်။
သူတို့ တံတွေးကို မနည်းမြိုချရင်း မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေသည်။
တရုတ်ပြည် မြောက်ပိုင်း၏ အင်အားအကြီးဆုံးသူက ယခုလို အလှောင်ခံရပြီး တစစီ ဆွဲဖြဲခံနေရလိမ့်မည်စု သူတို့ မထင်ထားမိပါ။
အလွန်… ကြောက်မက်ဖွယ်ကောင်းလှ၏။
ယဲ့ကလန်သားတိုင်းသည်လည်း အံ့ဩနေကြသည်။ ဒေါသထွက်နေသော နတ်ဆိုးနှင့် ဆင်တူလှသည့် ယဲ့ဖန်ကို ကြည့်ရင်း ယခင်က သူ ငကြောက်တစ်ကောင် ဖြစ်ခဲ့တာကို သူတို့ မယုံနိုင်သလို ဖြစ်နေကြသည်။
ရွှစ်!
ရှစ်ပိုင်းမြောက် ဆွဲဖြဲ ခံရပြီးနောက် ရှစ်ခြမ်းခွဲ အဘိုးကြီး ရုန်းကန်နေရာမှ ငြိမ်ကျ သွားသည်။ ရှစ်ခြမ်းခွဲ အဘိုးကြီးက ရှစ်ပိုင်းတိတိ ဆွဲဖြဲခံလိုက်ရချေပြီ။
ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းက သွေးများဖြင့် ပေကျံနေသော ယဲ့ဖန်အား သရဲတစ်ကောင်ကို မြင်နေရသကဲ့သို့ ကြည့်နေကြသည်။
ယဲ့ဖန်က စစ်ခုန်ထို့နှင့် သူ့နောက်လိုက်များကို ပြန်လှည့်ကြည့်လိုက် သောအခါ သူတို့ ကျောချမ်းလာကြသည်။
"ခင်ဗျားတို့ အားလုံး သေသင့်တယ်"
…
ယဲ့ဖန်၏ စကားကြောင့် စစ်ခုန်ထို့နှင့် အခြားစစ်ခုန်ကလန်သားများ အားလုံး ကြက်သီးတဖြန်းဖြန်း ဖြစ်သွားသည်။
သူ့နောက်မှ အကြီးအကဲများက မျက်နှာကြီး မည်းမှောင်နေကာ ဒေါသထွက်နေကြသည်။
"သိပ်ကောင်းတယ် … ရက်စက်တတ်တဲ့ ခွေးမသားလေး… မင်းက ရှစ်ခြမ်းခွဲ အဘိုးကြီးကို တစစီဖြစ်အောင် လုပ်ရဲမှတယ်ပေါ့? မင်းတော့ သေချင်နေတာပဲ"
"သူ့ကို သတ်ပြီး ရှစ်ခြမ်းခွဲ အဘိုးကြီးအတွက် လက်စားချေကြ"
"အစ်ကိုကြီး ရှစ်ခြမ်းခွဲရဲ့ ဝိညာဉ် ငြိမ်းချမ်းသွားအောင် ကျုပ် သူ့ကို နုတ်နုတ်စင်းပစ်မယ်"
ထိုအသံများနှင့်အတူ အကြီးအကဲများက ယဲ့ဖန်ထံသို့ ခုန်ဝင်လာကြသည်။
…
လူလေးယောက်က ယဲ့ဖန်ကို ဝိုင်းထားကြသည်။
အဘိုးကြီးကူး တစ်ယောက်သာ ယဲ့ဖန်နှင့် မတိုက်ခိုက်ချင်၍ နေရာမှ နေမြဲအတိုင်း နေနေသည်။
ထိုအကြီးအကဲ လေးယောက်ကို ကြည့်ပြီး စစ်ခုန်ကျင့်၏ ကြောက်လန့်နေသော အမူအရာက ကွယ်ပျောက် သွားကာ လှောင်ရယ်၍ ထိုအကြီးအက ဲလေးယောက်အကြောင်းကို ယဲ့ဖန်အား ကြွားဝါ၍ ပြောလာသည်။
"နတ်ဆိုးတစ္ဆေအိုကြီးက လူတစ်ယောက်ရဲ့ အရိုးကို ချိုးပြီး သူ့ရဲ့ အရွတ်တွေကို ဆွဲခွာတဲ့နေရာမှာ သိပ်တော်တာ"
"ဘိုးဘိုးနတ်ဆိုးလက်က လူတွေရဲ့ နှလုံးသားကို ဆွဲထုတ်တဲ့နေရာမှ သိပ်တော်တာပဲ"
"ဘိုးဘိုးသွေးအေးတစ္ဆေက လူတစ်ယောက်ရဲ့ ခေါင်းကို ချိုးတဲ့နေရာမှာ သိပ်တော်တာ"
"ဘိုးဘိုးရိတ်သိမ်းသူက လူတစ်ယောက်ရဲ့ ခြေလက်အင်္ဂါကို သူ့တံစဉ်နဲ့ ခုတ်ဖြတ်တဲ့နေရာမှာ သိပ်ထူးချွန်တာ"
"သူတို့တစ်ယောက်ချင်းစီက ရှစ်ခြမ်းခွဲ အဘိုးကြီးလိုပဲ ကြောက်ဖို့ကောင်းတယ်"
*ဘာ*
ယဲ့လုံ ကြောင်သွားသည်။
အကြီးအကဲ လေးယောက်ကို ကြည့်ပြီး သူတို့က ရှစ်ခြမ်းခွဲ အဘိုးကြီးလို ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မထင်ထားသဖြင့် အံ့ဩတကြီး ဖြစ်နေ၏။
*သူတို့လေးယောက်သာ ပူးပေါင်းပြီး တိုက်ခိုက်ရင် သူတို့က ပိုသာနိုင်မှာပဲ*
ယဲ့လုံက စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလိုက်သည်။
"သိပ်ကောင်းတယ်၊ စစ်ခုန်ကလန်က တအား ဆန်းကြယ်တာပဲ။ မင်းတို့မှာ ဒီလောက် ခွန်အား ကြီးတဲ့သူတွေ အများကြီး ရှိနေတာပဲ။ သူတို့ အဲ့ခွေးမသားလေးကို ဘယ်လို သတ်မလဲ ကြည့်ကြတာပေါ့"
ယဲ့လုံနှင့် စစ်ခုန်ကျင့်တို့ ပြိုင်တူ အားရပါးရ ပြုံးလိုက်မိကြသည်။
*ယဲ့ဖန်က ရှစ်ခြမ်းခွဲ အဘိုးကြီးကို သတ်နိုင်တယ်ဆိုရင်တောင် ဒီလေးယောက်လုံးကို သူ ဘယ်လိုသတ်မလဲ"
သူတို့လေးယောက်၏ အတွဲညီပုံကို စဉ်းစားမိပြီး ယဲ့လုံနှင့် စစ်ခုန်ကျင့်တို့က ယဲ့ဖန်၏ အနာဂတ်ကို မြင်နေရသကဲ့သို့ စိတ်ကျေနပ်သွားကြသည်။
ယဲ့ကလန်သားတိုင်းသည်လည်း ထိတ်လန့်နေကြသည်။
*ရှစ်ခြမ်းခွဲ အဘိုးကြီး တစ်ယောက်တည်းတောင် တော်တော် သန်မာနေတာ၊ သူတို့ လေးယောက်သာ ယဲ့ဖန်ကို အတူတူ ဝင်တိုက်ရင် သူတို့ရဲ့ တိုက်ပွဲဝင်အားက တော်တော် ကြောက်ဖို့ကောင်းမှာပဲ*
ထိုစဉ် နတ်ဆိုးအိုကြီးက ယဲ့ဖန်ကို စိုက်ကြည့်ကာ ယတိပြတ်ပြောလိုက်သည်။
"ကောင်စုတ်လေး ... ငါမင်းရဲ့အရိုးတွေကို တာဝန်ယူတယ်၊ ငါ အရိုးတွေကို တစ်ခုပြီးတစ်ခု ချိုးပြမယ်"
သူ ပြောပြီးနောက် နတ်ဆိုးလက်၊ သွေးအေးတစ္ဆေနှင့် ရိတ်သိမ်းသူတို့က တစ်ယောက်ပြီး တစ်ယောက် ရှေ့ဆင့်နောက်ဆင့် ပြောလာသည်။
"သူ့နှလုံးသားက ငါ့အပိုင်ပဲ"
"ကျုပ် သူ့ခေါင်းကို လိုချင်တယ်၊ ကျုပ် သူ့ခေါင်းကို ချိုးပစ်ချင်လှပြီ"
"ဟီးဟီး… သူ့ခြေလက်တွေက ကျုပ်အပိုပင်ပဲ"
အကြီးအကဲ လေးယောက်က ရက်စက်လွန်းလှသည်။ သူတို့၏ ပြောစကားများကို ကြားပြီး ယဲ့ကလန်သားများ ကြောက်လွန်း၍ ကတုန်ကယင် ဖြစ်လာသည်။
အကြီးအကဲ လေးယောက်လုံးက ယဲ့ဖန်ကို အသတ်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေသည့် သိုးပေါက်လေးဟု ထင်မှတ်နေကြသည်။
"ကောင်းတာပေါ့၊ သိပ်ကောင်းတာပဲ"
ယဲ့ဖန်က ရယ်ချင်ပက်ကျိဖြင့် အကြီးအကဲ လေးယောက်အား ရက်စက်သော အပြုံးမျိုးဖြင့် ပြုံး၍ ကြည့်နေသည်။
"အရိုးတွေ၊ နှလုံးသား၊ ခေါင်း၊ ခြေလက်"
"ခင်ဗျားတို့က ဘယ်လို သေရမလဲ ဆိုတာကို ရွေးထားပြီးမှတော့ ကျုပ် လုပ်ငန်း စရတာပေါ့"
ထိုသို့ ပြောပြီး ယဲ့ဖန်က ခြေတစ်လှမ်းတိုးကာ ထပ်ပြောလိုက်သည်။
"ငရဲကို သွားရမယ့်လမ်းက ရှည်လွန်းတယ်၊ ခရီးလမ်း သာယာဖြောင့်ဖြူးပါစေလေနော်"
….
သူ ဘယ်လောက်တောင် စိတ်ကြီးဝင်နေလိုက်သလဲ။
အကြီးအကဲ လေးယောက်လုံး၏ မျက်နှာက မည်းမှောင် လာသည်။ သည်သူကောင်းသားက သူတို့ကို မကြောက်သည့် အပြင် စော်ကားမော်ကား ပြောနေလိုက်သေးသည်။
"ကောင်းကွာ… ဒီလိုဆိုမှတော့ သေပေတော့… ခွေးမသားလေး"
သွေးအေးတစ္ဆေက အရက်စက်ဆုံး ဖြစ်သည်။ သူက အော်ဟစ်ကာ ယဲ့ဖန်ထံသို့ အရင်ဆုံး ပြေးဝင်လာသည်။
"သေပေတော့"
…
ယဲ့ဖန်၏ခေါင်းကို ချိုးရန် သွေးအေးတစ္ဆေ၏ လက်ကြီးက သူ့ခေါင်းသို့ ဦးတည်လာသည်။
"ဦးခေါင်းကိုလား?"
ယဲ့ဖန်က ညစ်တီးညစ်ပတ်ဟန်ဖြင့် ပြုံးလိုက်သည်။
…
သွေးအေးတစ္ဆေက သူ့နား ရောက်လာသောအခါ သူ လှစ်ခနဲ ပျောက်သွားသည်။ ထို့နောက် သွေးအေးတစ္ဆေ၏ နောက်ဘက်မှ ရိပ်ခနဲ ပြန်ပေါ်လာ၏။
"မဟုတ်ဘူး… သွေးအေးတစ္ဆေ…သတိထား"
ကျန်အကြီးအကဲသုံးယောက်က ထိတ်လန့်တုန်လှုပ်ကာ အော်ဟစ်ပြီး သွေးအေးတစ္ဆေကို ကူညီရန် ပြေးလာကြသည်။
ထိုစဉ် သွေးအေးတစ္ဆေတစ်ယောက် ငရဲတွင်းဝသို့ ခြေချမိသကဲ့သို့ တစ်ကိုယ်လုံး အေးစိမ့်လာသလို ခံစားလာရသည်။
"သွားပြီ!"
သူ့ခေါင်းအနောက်မှ လေတိုးသံကို ကြားလိုက်ရပြီး ငုံရှောင်ရန် ကြိုးစားလိုက်သော်လည်း လက်ကြီးတစ်ဘက်က သူ့ခေါင်းကို အုပ်၍ ဖမ်းလာသည်။
ထို့နောက် ထိုလက်ကြီးက တင်းနေအောင် ဖိချေလိုက်လေတော့သည်။