စစ်ခုန်ကလန်၏ ကာကွယ်စောင့်ရှောက်သူ
Vol. 7 Ch. 98
ဘုတ်ခနဲ အသံတစ်ချက်နဲ့အတူ နတ်ဆိုးအိုကြီး၏ အလောင်းက လူသားအိတ်ကြီးသဖွယ် ပြုတ်ကျလာသည်။
ယဲ့ကလန်၏ ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သူ၏ အရိုးများအားလုံး ကြေမွနေကာ ရွှံစေးပုံကြီးနှင့် တူလှသည်။
သူ့မျက်လုံးများက မသေခင် နတ်ဆိုး တစ်ကောင်အား မြင်တွေ့ခဲ့ရသလို ထိတ်လန့် တုန်လှုပ်နေဆဲ ဖြစ်သည်။
ဂလု!
နတ်ဆိုးအိုကြီး၏ အလောင်းကို ကြည့်ပြီး ယဲ့လုံနှင့် စစ်ခုန်ကျင့်တို့ မနည်းကို တံတွေး မျိုချလိုက်ရသည်။ သူတို့ ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ သေးထွက်ကျချင်နေသည်။
"စစ်ခုန်ကလန်ရဲ့ အကြီးအကဲ လေးယောက်က တစ်ယောက် တစ်ချက်နှုန်းနဲ့ အသတ်ခံလိုက်ရတယ်။ သူ… သူ လူမှဟုတ်ရဲ့လား? ဒါမှမဟုတ် နတ်ဆိုးများလား?"
မြေကြီးပေါ် အားမရှိတော့သလို လဲကျကာ ယဲ့လုံတစ်ယောက် အံ့ဩနေသည်။ သူ လုံးဝကို မယုံကြည်နိုင်ပါ။ ယခင်တုန်းက ယဲ့ဖန်သည် ငကြောက်တစ်ကောင် ဖြစ်သည်။ ယခုတော့ ယဲ့ဖန်က နတ်ဆိုးတစ်ကောင်လို ကြမ်းကြုတ်နေလေပြီ။
မယုံနိုင်စရာပါပဲလား!
ထိုစဉ် ယဲ့ဖန်က စစ်ခုန်ထို့၊ စစ်ခုန်ကျင့်နှင့် ယဲ့လုံတို့ထံသို့ လှမ်းလာသည်။ သူ ရှေ့သို့ တစ်လှမ်းတိုးလာတိုင်း သူတို့ မျက်နှာက ပိုပိုပြီးတော့ကို ဖြူစုတ်လာသည်။
"ယဲ့ဖန်"
စစ်ခုန်ထို့က ရှေ့သို့တိုးလာကာ ယဲ့ဖန်အား ကြောက်ကြောက် လန့်လန့်ဖြင့် ပြောလာသည်။
"မင်း အရမ်း စွမ်းအားကြီးတာကို ငါ ဝန်ခံပါတယ်။ မင်းက စစ်ခုန်ကလန်ရဲ့ ထိပ်တန်း အဆင့် လူလေးယောက်ကို သတ်နိုင်မှတော့ မင်းက ငါ့အာရုံစိုက်ခြင်း ခံရဖို့ အရည်အချင်း ပြည့်မှီသားပဲ"
ထို့နောက် သူက စစ်ခုန်ကျင့်ကို တစ်ချက်ကြည့်ကာ ထပ်ပြောလိုက်သည်။
"ဒီလိုလုပ်ပါလား? မင်း ငါတို့ကို နာကျင်အောင် မလုပ်ဘူးလို့ ကတိပေးရင် မင်း စစ်ခုန်ကျင့်နဲ့ လက်ထပ်လို့ ရမယ်၊ ဒီလိုဆို မင်းက ငါ့သမက်ဖြစ်လာမှာပဲ"
*ဘာ*
စစ်ခုန်ထို့၏ အကြံပေးစကားကြောင့် ယဲ့လုံ၏ မျက်နှာက ဖွေးဆွတ်သွားသည်။ သေရေးရှင်ရေး အခြေအနေမျိုး၌ စစ်ခုန်ထို့က သူ့ကို စွန့်ပစ်ကာ သူ့သမီးနှင့် ယဲ့ဖန်ကို လက်ထပ်ဖို့ တွေးလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပါ။ ထို့နောက် စစ်ခုန်ထို့က ယဲ့ဖန်အား အကျိုးအမြတ်များများဖြင့် ဆွဲဆောင်လေတော့သည်။
"ယဲ့ဖန် ... မင်း ငါပြောတာကို သဘောတူလိုက်တာနဲ့ စစ်ခုန်ကလန်က ယဲ့ကလန် ပြန်လည် တိုးတက်လာအောင် မင်းကို ကူညီပေးနိုင်တယ်။ ပြီးတော့ ငါသေသွားတာနဲ့ မင်းက စစ်ခုန်ကလန်ကို အုပ်ချုပ်နိုင်ပြီ၊ ဘယ်လို သဘောရလဲ?"
…
စစ်ခုန်ထို့၏ စကားများကြောင့် ယဲ့လုံ၏ မျက်လုံးများက သွေးဆာလာသည်။
စစ်ခုန်ထို့က ယဲ့ဖန်ကို ကမ်းလှမ်းသည့်အရာများအတွက် အလွန်မနာလို ဖြစ်နေသည်။ စစ်ခုန်ထို့က ယဲ့ဖန်အား စစ်ခုန်ကလန်၏ ဆက်ခံသူအဖြစ် ထားချင်နေသည်ပဲ။
ယဲ့လုံ မဆိုထားနှင့် အခြားသူများသာဆိုလျင်လည်း ဤအပေးအယူကို ဝမ်းမြောက်ဝမ်းသာနှင့် သဘောတူမိမှာပင်။ သို့သော် ယဲ့ဖန် ပြန်ပြောလိုက်သည့်စကားကြောင့် စစ်ခုန်ထို့၏ မျက်နှာက အေးခဲသွားသည်။
"စစ်ခုန်ကလန်လား? အဲ့ဒါ ဘာလုပ်ရမှာလဲ?"
ထို့ပြင် ယဲ့ဖန်က စစ်ခုန်ထို့အား စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ခင်ဗျားက ကျုပ်ကလန်သားတွေကို သတ်ခဲ့တဲ့အတွက် ခင်ဗျား သေကို သေသင့်တယ်။ ခင်ဗျား ကျုပ်ကလန်သားတွေကို သွေးထွက်သံယို ဖြစ်အောင် လုပ်ခဲ့လည်း ခင်ဗျား သေသင့်တယ်။ ခင်ဗျား ဒီကနေ အသက်ရှင်လျက် ထွက်သွားရမယ် မထင်နဲ့"
*ဟမ်*
ယဲ့ဖန်၏ စကားကြောင့် စစ်ခုန်ထို့၏ မျက်နှာက မည်းမှောင်လာသလို သူ ဒီလောက် အကျိုးအမြတ် ရနိုင်သည့် ကမ်းလှမ်းမှုမျိုးနှင့် ကမ်းလှမ်းတာတောင် ယဲ့ဖန် ငြင်းရဲလိမ့်မည်ဟု သူ ထင်မထားမိပါ။
ယဲ့ဖန်ထံမှ ပြင်းထန်သော ချီဓာတ်ကို ခံစားမိသဖြင့် စစ်ခုန်ထို့၏ မျက်နှာက အေးခဲလာသည်။
"ယဲ့ဖန်… မင်းက ခက်ခဲတဲ့လမ်းကိုမှ ရွေးချင်နေတာပဲ။ စစ်ခုန်ကလန်က အင်အားအကုန် ချပြပြီးပြီလို့ မင်း ထင်နေတာလား"
*အမ်*
စစ်ခုန်ထို့၏ အကြောက်အလန့်ကင်းသော စကားကြောင့် လူတိုင်း ကြောင်အသွားသည်။
"စစ်ခုန်ကလန်မှာ စုစုပေါင်း အင်အားကြီး ၆ယောက်တောင် ရှိတာ။ ငါးယောက်က သေသွားပင်မယ့် နောက်ထပ် လျှို့ဝှက်ကာကွယ်သူ တစ်ယောက် ရှိနေသေးတယ်"
*ဘာ*
ယဲ့ကလန်သားတိုင်း ထိတ်လန့်တကြားဖြစ်ကာ မျက်ခုံးပင့်မိသွားသည်။ စစ်ခုန်ကလန်၌ ဝှက်ဖဲတစ်ချပ် ရှိနေသေးလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
နောက်ဆုံး ကာကွယ်သူသည် စစ်ခုန်ကလန်၏ အကြီးမားဆုံး အားကိုးရာလည်း ဖြစ်ပေသည်။
စစ်ခုန်ထို့၏ စကားကြောင့် စစ်ခုန်ကျင့်နှင့် အဘိုးကူးပင် အံ့အားသင့်သွားကြသည်။
"ငါ့… ငါ့အဖေ… ခါးကုန်းတစ္ဆေခေါင်းဆောင်ကို သ ... သတိရသွားတာများလား?"
စစ်ခုန်ကျင့် သရဲသဘက်ကို တွေ့လိုက်ရသည့်နှယ် ကတုန်ကယင် ဖြစ်လာသည်။ အဘိုးကူး သည်လည်း နာမည် ကြားရုံဖြင့် အင်မတန် ကြောက်ရွံ့လာကာ ကြက်သီး မွှေးညှင်း ထလာသည်။
တရုတ်ပြည်တစ်ဝှမ်းတွင် အင်မတန် ခမ်းနားကြီးကျယ်သော ဒဏ္ဍာရီလာလူတစ်ယောက် ရှိသည်။ တစ္ဆေငါးကောင် အတူ လျှောက်လာလျင် နတ်ဘုရားများတောင် ရှောင်ရှား သွားကြရသည်ဟု ဆိုကြသည်။
ထိုတစ္ဆေ ငါးကောင်ဟူသည်ကား တရုတ်ပြည်တစ်ဝှမ်းတွင် နှစ်နှစ်ဆယ်ကျော်ထက်မက ပြိုင်ဘက်ကင်းဖြစ်နေခဲ့သော ထူးဆန်းသော အင်အားစုမှ ပိုင်ဆိုင်သော လူငါးယောက်ကို ဆိုလိုခြင်း ဖြစ်သည်။
ထူးဆန်းပြီး သွေးဆာတတ်ကာ ကြမ်းတမ်းလွန်းကြ၏။ သူတို့ကို နာမည်သာ ကြားဖူးကြသည်။
သူတို့၏ မျက်နှာ အစစ်အမှန် ကိုလည်း မည်သူမျှ မမြင်ဖြစ်ကြပါ။ မြင်ဖူးသည့် သူတိုင်းလည်း သေသွားကြတာချည်းပင်။
ခါးကုန်းတစ္ဆေခေါင်းဆောင်သည် ထိုတစ္ဆေငါးကောင်ထဲမှ တစ်ယောက် ဖြစ်သည်။ အဘိုးကူးတစ်ယောက် မျက်ခုံးပင့်သွားကာ ထိတ်လန့်တကြားဖြင့် ရေရွတ်လိုက်သည်။
"စစ်ခုန်ကလန်က ခါးကုန်းတစ္ဆေခေါင်းဆောင်ကို တစ်ခါ ကယ်ခဲ့ဖူးတယ်၊ အဲ့အတွက်ကြောင့် ခါးကုန်းတစ္ဆေက သူတို့ကို သုံးကြိမ်တိတိ ကူညီမယ်လို့ ကတိပေးခဲ့တာ။ လွန်ခဲ့တဲ့ ၈နှစ်တုန်းက တရုတ်ပြည်မြောက်ပိုင်းက ထိပ်တန်း ကလန် လေးခု ပူးပေါင်းပြီး အင်အားကြီးသူ အယောက် ၂၀ ကျော်နဲ့ စစ်ခုန်ကလန်ကို တိုက်ခိုက်ဖို့ လုပ်ခဲ့ကြဖူးတယ်။ အဲ့အယောက် ၂၀ကျော်လုံးက ရှစ်ခြမ်းခွဲ အဘိုးကြီးထက် ပိုကြမ်းတမ်းပြီး စစ်ခုန်ကလန် ကျဆုံးလုနီးပါး ဖြစ်ခဲ့တာ"
အဘိုးကူး ထိုနေ့က အဖြစ်အပျက်များကို ပြန်မြင်ယောင်ရင်း မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်လာသည်။
"ဒါပေမယ့် အဲ့လို သေရေးရှင်ရေး အခြေအနေမျိုးမှာ ခါးကုန်းတစ္ဆေခေါင်းဆောင် ပေါ်လာခဲ့တယ်။ အမှောင်ထဲက သေမင်းလိုမျိုး အဲ့ကလန် လေးခုရဲ့ အင်အားကြီးသူ အယောက် ၂၀ကို ထိုးနှက်ပြီး သတ်ပစ်ခဲ့တာ။ သူ တစ်ချက် ထိုးလိုက်ရင် အသက်တစ်ချောင်းပါ နုတ်ယူပြီးသားပဲ။ သူက ကြမ်းတမ်းတဲ့ လက်နက်တစ်ခုလိုမျိုးပဲ။ သူ သွားတဲ့လမ်းတစ်လျှောက် အလောင်းတွေနဲ့ပဲ ပြည့်နှက်နေခဲ့တာ"
အဘိုးကူးက ယဲ့ဖန်အား သနားသလို ကြည့်ကာ ရေရွတ်လိုက်သည်။
"စစ်ခုန်ကလန်က သူနဲ့ အခုချိန် ပြန်တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဒါနဲ့ဆို သူ စစ်ခုန်ကလန်ကို ကယ်ပေးတာ နှစ်ကြိမ်ရှိပြီ။ ဒီကောင်လေးတော့ ဒီတစ်ခါ ပြေးမလွတ်တော့ဘူးပဲ"
အဘိုးကူးက တိုးတိုးလေး ပြောနေသော်ငြားလည်း ယဲ့လုံက အလုံးစုံကို ကြားသွားကာ ထိတ်လန့်ပြီးနောက် ဝမ်းသာလာသည်။
"အစွမ်းထက်တယ်! နောက်ထပ် အစွမ်းထက်တဲ့သူ ရှိနေသေးတာပဲ"
ယဲ့လုံက ယဲ့ဖန်အား တင်းမာခက်ထန်သော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ခွေးသူတောင်းစားလေး… မင်းတော့ သေချာပေါက်ကို သေမှာပဲ၊ မင်း လုံးဝ အသတ်ခံရတော့မှာ"
ယဲ့လုံနှင့် စစ်ခုန်ကျင့်တို့ ဝမ်းသာပီတိ ဂွမ်းဆီထိသလို ဖြစ်နေကြလေ၏။ ယဲ့ကလန်သားများကတော့ မျက်နှာများ ပြာနှမ်းလာကြပြန်သည်။
အဓိကကလန်တစ်ခုက အလွန် အင်အားကြီးမှန်း သူတို့ သိပါသည်။ ယဲ့ဖန်က မည်မျှပင် အစွမ်းထက်ပါစေ စစ်ခုန်ကလန်၏ သာလွန်သော အင်အားကိုတော့ ယှဉ်နိုင်စွမ်း မရှိပါ။
ယဲ့ကလန်သားများအားလုံး မျှော်လင့်ချက် ကင်းမဲ့လာသည်။ ထိုစဉ် ယဲ့အိမ်တော်၏ အပေါက်ဝမှ ခြေသံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
ခြေသံများက မကျယ်သော် ငြားလည်း အခန်းတွင်းထဲ မိုးကြိုးပစ်ချလိုက်သလို ပဲ့တင်ထပ်နေသည်။
လူတိုင်းက သရဲသက်များ ပေါ်လာလေမလား ဟူသော အကြည့်များဖြင့် စိုးရိမ် ကြောင့်ကြစွာ ကြည့်နေမိကြသည်။
အားလုံး၏ အံ့ဩမှင်သက်နေသော အကြည့်အောက်မှာပင် အနက်ရောင်ဝတ်စုံနှင့် လူစိမ်းများက အမှောင်ထဲမှ ထွက်ပေါ်လာသည်။ သူတို့၏ အပေါ်ကုတ်အင်္ကျီ၊ ဘောင်းဘီနှင့် မျက်နှာဖုံးများပင် အနက်ရောင် ဖြစ်သည်။
ထိုလူစု ခေါင်းဆောင် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေကြီးက သိမ့်သိမ့်ခါသွားသလိုပင်။ သူ့ကို မြင်ပြီး လူတိုင်း ကြောက်ရွံ့လာသည်။ စစ်ခုန်ထို့၊ စစ်ခုန်ကျင့်နှင့် ယဲ့လုံတို့ ပျော်ရွှင်သွားကြသည်။
*ခါးကုန်းတစ္ဆေခေါင်းဆောင်*
သူသည်ကား သူတို့၏ ကာကွယ်စောင့်ရှောက်သူ ဖြစ်ပေသည်။
ထို့ကြောင့် စစ်ခုန်ထို့၊ စစ်ခုန်ကျင့်နှင့် ယဲ့လုံတို့က ရှေ့သို့ အသည်းအသန် ပြေးထွက်လာကာ အနက်ရောင် ဝတ်စုံနှင့် လူဆိုးခေါင်းဆောင်ကို ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။
"ကြိုဆိုပါတယ်၊ သခင်ကြီးခင်ဗျား ... ကျွန်တော်တို့ကို ဒုတိယအကြိမ် ကူညီမယ်လို့ မျှော်လင့်ပါတယ်၊ သူ့ကို သတ်ပေးပါ"
စစ်ခုန်ထို့က ယဲ့ဖန်အား လက်ညှိုးထိုး၍ ပြောလိုက်သည်။ ထိုသူထံမှ အန္တရာယ်များသော ချီဓာတ်ကို ခံစားမိသဖြင့် ယဲ့ဖန်၏ မျက်နှာက အေးစက်သွားသည်။
*ငါ ပြန်လည် မွေးဖွားလာ ကတည်းက တွေ့ဖူးခဲ့သမျှ လူတွေထဲမှာ ဒီလူက အစွမ်းအထက်ဆုံးပဲ*
*သူက ရှစ်ခြမ်းခွဲ အဘိုးကြီးထက် ဆယ်ဆ ပိုပြီးတော့ သန်မာတယ်*
သူ ရှေ့တိုးလာသည်နှင့် ခါးကုန်းတစ္ဆေခေါင်းဆောင်၏ နောက်လိုက်များလည်း ယဲ့ဖန်ထံသို့ တိုးလာသည်။ သူတို့ထံမှ သရဲတစ္ဆေကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အေးစက်မှုမျိုးကို ခံစားရသည်။
သို့သော် သူတို့က ယဲ့ဖန်ရှေ့ ရောက်သည်နှင့် လူတိုင်း ဒူးတစ်ဘက်ထောက်ကာ သံပြိုင်နှုတ်ဆက်လာကြသည်။
"အရိုအသေ ပေးပါတယ် သခင်ကြီး"