← Chapters

ဘယ်လိုပုံစံမျိုးကို ကြိုက်လဲ?

Vol. 7 Ch. 99

ဘယ်လိုပုံစံမျိုးကို ကြိုက်လဲ?

Vol. 7 Ch. 99

ခါးကုန်းတစ္ဆေက ယဲ့ဖန်ထံ လျှောက်သွားနေသည်ကို မြင်ပြီး ယဲ့လုံနှင့် စစ်ခုန်ကျင့်တို့ အလွန် ရက်စက်ယုတ်မာသည့် အပြုံးမျိုး ပြုံးလိုက်ကြသည်။

*ယဲ့ဖန်က သန်မာတော့ကော ဘာဖြစ်လဲ? သူက တစ္ဆေငါးကောင်ထဲက တစ်ယောက် ဖြစ်တဲ့ ခါးကုန်းတစ္ဆေကို ယှဉ်နိုင်ပါ့မလား?*

*ခါးကုန်းတစ္ဆေ ခေါင်းဆောင်က ရှစ်ခြမ်းခွဲ အဘိုးကြီးထက် ဆယ်ဆ ပိုသန်မာသလို ပိုပြီးတော့လည်း နှိပ်စက်ညှင်းပန်းတတ်တယ်*

ကျေနပ်နေသော အပြုံးများနှင့် ယဲ့လုံနှင့် စစ်ခုန်ကျင့်တို့က သူတို့ မြင်လိုသည့် မြင်ကွင်းမျိုး စိတ်ကူးထဲ အထပ်ထပ်အခါခါ ပုံဖော်နေလေ၏။

ထိုစဉ် …

"အရိုအသေပေးပါတယ် သခင်ကြီး"

ကမ္ဘာတောင် တုန်လှုပ်သွားစေနိုင်သည့် နှုတ်ဆက်သံကြောင့် ယဲ့လုံနှင့် စစ်ခုန်ကျင့်တို့၏ အပြုံးများက ချက်ချင်း အေးခဲသွားလေတော့သည်။

*သူတို့ ဘာပြောလိုက်တာ*

"သ…သခင်ကြီး?"

ယဲ့လုံနှင့် စစ်ခုန်ကျင့်တို့ ဇဝေဇဝါ ဖြစ်သွားကြသည်။ ယဲ့ဖန်ရှေ့ ဒူးတစ်ဖက် ထောက်ထားသော ထိုလူစိမ်းအဖွဲ့ကို သူတို့ ဂရုတစိုက် ကြည့်လိုက်မိကြသည်။

ခါးကုန်းတစ္ဆေခေါင်းဆောင်က ယဲ့ဖန်ရှေ့ ဒူးထောက်ပြီး သူ့ကို သခင်ကြီးလို့ ခေါ်နေတယ်!

*ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး*

စစ်ခုန်ထို့နှင့် အဘိုးကူးတို့တောင်မှ ကြောင်အသွားကာ မယုံနိုင်သလို ဖြစ်နေကြသည်။

*စစ်ခုန်ကလန်ရဲ့ ကာကွယ်သူက ယဲ့ဖန်ကို သူတို့ရဲ့ သခင်ကြီးလို့ ဝန်ခံလိုက်သည်။

*ဘာ ... ဘာတွေ ဖြစ်ကုန်တာလဲ*

စစ်ခုန်ထို့ အံ့ဩကာ ဒေါသတကြီးဖြင့် ခါးကုန်းတစ္ဆေခေါင်းဆောင်ထံသို့ အပြေးသွားကာ စိုးရိမ်တကြီး ပြောလိုက်သည်။

"သခင်ကြီးခင်ဗျား ... ခင်ဗျား လူမှားနေတာ ဖြစ်ပါလိမ့်မယ်။ ဒီလူက စစ်ခုန်ကလန်ရဲ့ ရန်သူပါ၊ ခင်ဗျားရဲ့ သခင်ကြီး မဟုတ်ပါဘူး"

ထိုသို့ ပြောပြီး စစ်ခုန်ထို့က ယဲ့ဖန်အား စူးစိုက်ကြည့်ကာ မာန်မဲလိုက်သည်။

"မြန်မြန်လေး … သူ့ကို အခုပဲ သတ်လိုက်ပါ၊ သူက စစ်ခုန်ကလန်ကို အမြစ် ဖြုတ် ချင်နေတာ၊ အဲ့ဒါကြောင့် သူ သေကိုသေရမယ်"

*ဟမ်*

စစ်ခုန်ထို့၏ စကားကြောင့် ခါးကုန်းတစ္ဆေခေါင်းဆောင် မျက်မှောင်ကြုတ်သွားသည်။ လေတိုးသံနှင့်အတူ သူက စစ်ခုန်ထို့ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်တာကြောင့် သူ သုံး၊လေးမီတာခန့် လွင့်ထွက်သွားသည်။ ထို့နောက် သူ မြေကြီးပေါ်သို့ သွေးအန်၍ ပြုတ်ကျလာသည်။

"ငါ့သခင်ကို လှောင်ရဲတဲ့ ဘယ်သူမဆိုကို ငါ အသေသတ်မယ်"

ခါးကုန်းတစ္ဆေ ခေါင်းဆောင်၏ မာန်မဲသံကြောင့် စစ်ခုန်ကလန်က လူများအားလုံး သွေးပျက်သွားကြသည်။

*ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး*

*ခါးကုန်းတစ္ဆေ ခေါင်းဆောင်က ဘယ်လိုလုပ် ယဲ့ဖန်ကို သူ့သခင်အဖြစ် အသိအမှတ် ပြုရတာလဲ*

*မယုံနိုင်စရာပဲ*

ယဲ့ဖန်တောင်မှ မျက်မှောင်ကြုတ်ကာ သူတို့ကို သတိပေးလိုက်သည်။

"ခင်ဗျားတို့ လူမှားနေပြီ ထင်တယ်"

ယဲ့ဖန်စကားကြောင့် ခါးကုန်းတစ္ဆေခေါင်းဆောင်နှင့် သူ့နောက်လိုက်များ အကြီးအကျယ် တုန်လှုပ်ကာ အသည်းအသန် ရှင်းပြလာသည်။

"သခင်… ကျုပ်တို့ လူမမှားပါဘူး။ ကျုပ်တို့ရဲ့ သခင်ကို ကျုပ်တို့ရဲ့ သင်္ကေတကို ကြည့်ပြီး သိပါတယ်။ သခင့်ရဲ့ လက်ကောက်က ကျွန်တော်တို့ရဲ့ သင်္ကေတပါ။ ကျွန်တော်တို့ရဲ့ သင်္ကေတကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့သူက ကျွန်တော်တို့ရဲ့ သခင်အသစ်ပါပဲ"

*ဘာ*

ခါးကုန်းတစ္ဆေခေါင်းဆောင်၏ အပြောကြောင့် ယဲ့ဖန် ကြောင်သွားသည်။သူ့လက်က လက်ကောက်ကို ကြည့်ကာ ဤလက်ကောက်က သင်္ကေတတစ်ခု ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။

သို့ပင်မယ့် သည်လက်ကောက်က ရွှင်းအာ လက်ဆောင်ပေးထားတာလေ။

*ဒီလိုဆို…*

ယဲ့ဖန် မျက်လုံးက တဖျတ်ဖျတ် လက်လာသည်။ ရွှင်းအာက တစ်ခုခု တစ်မူထူးခြားနေမှန်း သူ သိနေသော်လည်း သူမ၏ အစစ်အမှန် ခွန်အားကြောင့် သူ အံ့ဩနေရသေးသည်။

"သခင်… ကျွန်တော်တို့မှာ ဘုရင် သုံးယောက်၊ တစ္ဆေငါးကောင်နဲ့ ကလန် ဆယ့်နှစ်ခု ရှိပါတယ်။ ကျွန်တော်က တစ္ဆေငါးကောင်ထဲက တစ်ယောက်ဖြစ်တဲ့ ခါးကုန်းတစ္ဆေခေါင်းဆောင်ပါ၊ သခင်အသစ်ကို အရိုအသေပေးပါတယ်ခင်ဗျား"

ထိုသို့ပြောပြီး ခါးကုန်းတစ္ဆေက ကိုးဆယ်ဒီဂရီခန့် ကုန်း၍ အလွန် ရိုသေလေးစားဟန်ဖြင့် အရိုအသေပေးလိုက်သည်။ သူ့နောက်လိုက်များကလည်း သူ့နည်းတူ ပြုမူကြသည်။

" သခင်အသစ်ကို အရိုအသေပေးပါတယ်ခင်ဗျား!"

" သခင်အသစ်ကို အရိုအသေပေးပါတယ်ခင်ဗျား!"

" သခင်အသစ်ကို အရိုအသေပေးပါတယ်ခင်ဗျား!"

သူတို့၏ နှုတ်ဆက်သံများက ခြံဝန်းအတွင်း ပဲ့တင်ထပ်နေကာ လူတိုင်းကို ထိတ်လန့်သွားစေသည်။

သူတို့၏ ပြတ်သားသော အမူအရာများအရ ယဲ့ဖန်သာ အမိန့်ပေးလိုက်လျင် သူတို့ကိုယ်သူတို့ သတ်သေရန် ဝန်လေးပုံ မရပါ။

*ဒါ… ဒါ အံ့ဩဖို့ ကောင်းလိုက်တာ*

ထိုစဉ် ဗလုံးဗထွေး အသံနှင့်အတူ စစ်ခုန်ထို့သည် ပြာနှမ်းနေသော မျက်နှာနှင့် လဲကျနေသည်။

ခါးကုန်းတစ္ဆေ ခေါင်းဆောင်ကြောင့် သူ့ အရိုးဆယ်ချောင်းကျော် ကျိုးသွားကာ ပါးစပ်မှလည်း သွေးများစီးကျနေသေးသည်။ သူ၏ အကြီးမားဆုံး အားကိုးရသည့်သူက ယဲ့ဖန်၏ အစေခံဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။

*ငါတို့တော့ သွားပြီ*

*ငါတို့ လုံးဝ သေပြီ*

အဘိုးကူးသည် ကြောက်လွန်းသဖြင့် တုန်တုန်ယင်ယင်နှင့် ပြောလာသည်။

"ငါတို့ အဲ့လူကို သွားရန်မစသင့်မှန်း ငါ သိနေတယ်၊ အခုတော့ ငါတို့ ဒုက္ခအကြီးအကျယ် ရောက်ပြီ"

ယဲ့လုံနှင့် စစ်ခုန်ကျင့် တို့သည်လည်း အကြောက်လွန်ကာ ဖင်ထိုင်ရက် လဲကျ သွားတော့သည်။ သူတို့ ထွက်ပြေး ချင်နေသော်လည်း သူတို့ခြေထောက်များက သံမှို စွဲကပ်နေသလို လေးလံ နေသောကြောင့် တစ်စက်ကလေးမျှ လှုပ်မရပေ။

သူတို့နှင့် ဆန့်ကျင်စွာပင် ယဲ့ကလန်သားများက ပျော်မြူးနေကြသည်။

*သခင်*

*ယဲ့ဖန်က ခါးကုန်းတစ္ဆေခေါင်းဆောင်ရဲ့ သခင်*

*အံ့ဩစရာကြီးပါလား*

ယဲ့ကလန်သားတိုင်းက ယဲ့ဖန်အား နတ်ဘုရားဟု မြင်ယောင်လာကာ တလေးတစားဖြင့် ကြည့်နေကြသည်။ ထိုစဉ် ယဲ့ဖန်က စစ်ခုန်ထို့ထံ လျှောက်လာသည်။

"ယဲ့… ယဲ့ဖန် ... မင်း ... ဘာလိုချင်တာလဲ?"

စစ်ခုန်ထို့ ကြက်သီးမွှေးညှင်းထကာ နောက်ဆုတ်ရန် ကြိုးစားမိသည်။

"မင်း… မင်း ငါ့ကို သတ်လို့မရဘူးနော်။ ငါက တရုတ်ပြည်မြောက်ပိုင်းက အထင်ကရ လူဖြစ်တဲ့ စစ်ခုန်ကလန်ခေါင်းဆောင်နော်။ မင်း ငါ့ကို အသက်ရှင်ခွင့်ပေးတာနဲ့ ငါ မင်းကို ကြီးကျယ်ခမ်းနားတဲ့ အရာတွေ ပေးနိုင်တယ်။ မင်း လိုချင်တာ ဘာမဆို ငါပေးနိုင်တယ်"

စစ်ခုန်ထို့ သွေးပျက်နေသော အမူအရာနှင့် ပြောဆိုနေလေ၏။ သူ ဘာတွေပဲ ဆုံးရှုံးရပါစေ အသက်ရှင်ရရင်ကို ဖြစ်သည်။

"ကျုပ် လိုချင်တဲ့ ဘယ်အရာကိုမဆို ဟုတ်လား?"

ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံးကာ မျက်ဝန်း၌ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ပြောလိုက်သည်။

"ကျုပ်က ခင်ဗျားအသက်ကို လိုချင်တာ"

*ဘာ*

စစ်ခုန်ထို့ ခေတ္တမျှ ကြောင်နေပြီးမှ ထွက်ပြေးရန် ပြင်လိုက်သည်။ ထိုစဉ် သူ အားနှင့် အကန်ခံလိုက်ရပြီး လဲကျသွားသည်။ ယဲ့ဖန်က သူ့ခေါင်းကို ဖိနင်းထားလိုက်သည်။

ရှင်းလင်း ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ စစ်ခုန်ထို့၏ မျက်လုံးများ ငြိမ်သက်သွားလေသည်။ တရုတ်ပြည်မြောက်ပိုင်း၏ ထိပ်သီးပုဂ္ဂိုလ် တစ်ယောက်ကား ယဲ့ဖန် လက်ချက်ဖြင့် သေသွားချေပြီ။

…

ယဲ့လုံနှင့် စစ်ခုန်ကျင့်တို့ သေမတတ် ကြောက်လန့်နေကြသည်။

သူတို့ အားမရှိတော့သလို ချက်ချင်း ဒူးထောက်ချကာ ခေါင်းနှင့် မြေကြီးကို ထိကာ တောင်းပန်လာသည်။

"ယဲ့… ယဲ့ဖန် ... ငါ့ကို ခွင့်လွှတ်ပါဟာ ... ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ"

"ယဲ့ဖန် … မဟုတ်ဘူး ... ဝမ်းကွဲညီလေး ... ငါက ယဲ့ကလန်သားလေ ... ငါတို့က ကလန်တစ်ခုတည်းက မွေးဖွားလာတာလေ ... မင်း ငါ့ကို မသတ်သင့်ဘူး"

ယဲ့လုံနှင့် စစ်ခုန်ကျင့်တို့ ထိတ်လန့်နေကြသည်။ သူတို့က ယဲ့ဖန်အား သရဲသဘက် တစ်ကောင်ဟု ထင်လာမိသည်။ ယဲ့ဖန်က ယှဉ်ပြိုင်၍ မရနိုင်သည့်သူမှန်း သူတို့ အစောကြီးကတည်းက သိခဲ့လျင် သူနှင့် အတိုက်အခံ လုပ်မည်မဟုတ်ပါ။

ထိုစဉ် လက်ကြီးတစ်ဘက်က စစ်ခုန်ကျင့်၏ လည်မြိုကို ညှစ်ကာ သူမကို လေထဲ မြှောက်ထားလိုက်သည်။ သူမကို ပြုတ်တူအလား ညှပ်ထားသည့် ယဲ့ဖန်၏ လက်ထဲမှ သူမက ကြက်တစ်ကောင်လို ယက်ကန်ယက်ကန်နှင့် ရုန်းကန်နေသည်။

"ငါ မင်းကို ပြောခဲ့သားပဲ၊ ငါ မိန်းမတွေကို မရိုက်တတ်ဘူး၊ သတ်ပဲသတ်တတ်တာပါလို့"

ယဲ့ဖန်က စစ်ခုန်ကျင့်၏ မျက်လုံးကို တည့်တည့် ကြည့်ကာ အေးတိအေးစက် မျက်နှာထားဖြင့် "ဂုဏ်ယူပါတယ်.. မင်းက ဆုကြေးအကြီးကြီး ရသွားပြီ"

*ဘာ*

စစ်ခုန်ကျင့် ထိတ်လန့်သွားကာ သူမ တတ်နိုင်သလောက် ရုန်းကန်လေတော့သည်။ ထိုစဉ် ဂျွတ်ခနဲ အသံထွက်လာကာ သူမမျက်လုံးတွေက အေးစက်လာပြီး သူမ လည်ပင်းကတော့ ယဲ့ဖန်ကြောင့် ကျိုးသွားချေပြီ။

*သူမ သေသွားပြီ*

စစ်ခုန်ကလန်၏ သခင်မလေး စစ်ခုန်ကျင့်သည် ငကြောက် တစ်ယောက်လို သေသွားခဲ့ချေပြီ။ စစ်ခုန်ကျင့်၏ အလောင်းသည်ကား မြေကြီးပေါ်သို့ ဖွဲအိတ် တစ်အိတ်သဖွယ် ပြုတ်ကျလာလေ၏။ ထို့နောက် ယဲ့ဖန်က ယဲ့လုံကို ပြုံးဖြဲဖြဲနှင့် လှည့်ကြည့်လိုက်သည်။

နတ်ဆိုး ဆန်လှသည့် ထိုအပြုံးကြောင့် ယဲ့လုံ တုန်ယင်လာကာ ခေါင်းမွှေးပင် ထောင်လာသည်။

"ယဲ့…ယဲ့ဖန်… မင်း ငါ့ကို သတ်ချင်ရင်လည်း အချိန်ဖြုန်းမနေနဲ့တော့"

ယဲ့လုံ ဒီနေ့ သူ သေရမည်မှန်း သိလိုက်သည်။ ထို့ကြောင့် သူ ခပ်မြန်မြန်သာ သေချင်သည်။

"မင်းအချိန်ကို မဖြုန်းနဲ့ ဟုတ်လား? ကောင်းပြီလေ.. ငါ မင်းအကြံကို လက်ခံလိုက်မယ်"

ယဲ့ဖန်က သွေးဆာနေသော အပြုံးမျိုးဖြင့် ပြောလိုက်သည်။

"ငါ မင်းအရေခွံကိုခွာ၊ အရွတ်တွေကို ဆွဲထုတ်ပြီး‌တော့ အရိုးတွေကို အပိုင်းပိုင်း ခုတ်ပစ်မယ်၊ ပြီးရင် မင်းရဲ့ နှလုံးသားကို ဆွဲထုတ်ပစ်မယ်၊ ဘယ်လိုလဲ သဘောကျရဲ့လား?"

All Chapters