ငါ သူ့ကို သတ်လိုက်သင့်တယ်ထင်တယ်!
Vol. 7 Ch. 101
သုံးရက်ကြာပြီးနောက်..
ဤရက်ပိုင်းတွင် ယဲ့ဖန်သည် အားကစားကွင်းရှိ မိုးမခင်ပင် သစ်ကိုင်းပေါ်တွင် လှဲ၍ နတ်ဆိုးမျက်လုံးများ ချီဓာတ်များကို စုပ်ယူ၍ ကျင့်ကြံခြင်း တိုးတက်လာအောင် လုပ်နေသည်။
အတန်းပြီးနောက် နေ့လည်ခင်းပိုင်းတွင် ယဲ့ဖန် သစ်ပင်ပေါ်မှ အသာအယာ ဆင်းလိုက်ပြီး သစ်ရွက်များက အောက်သို့ တဖျပ်ဖျပ် ရစ်ဝဲကျလာသည်။
ထူးဆန်းစွာပင် သစ်ရွက်များက ယဲ့ဖန်ကိုယ်နှင့် ထိခြင်းမရှိဘဲ ထက်ရှသော ဘလိတ်ဓားလေးများကဲ့သို့ အလွန်သေးသော အစိတ်အပိုင်းလေးများ ဖြစ်သွားကာ ထိလိုက်သည်နှင့် သေသွား နိုင်လောက်သည်။
သာမန်လူများသာ မြင်လျင် လုံးဝ အံ့ဩသွားလောက်သည်။
*ဆင်းရဲသား ရပ်ကွက်လား*
မြို့အစွန်အဖျားသို့ ရောက်သောအခါ ယဲ့ဖန် ချက်ချင်းရပ်လိုက်သည်။
ဤနေရာသည် ကျန်းရှီမြို့၏ ဆင်းရဲသားရပ်ကွက် ဖြစ်ပြီး အန်းရှီ နေထိုင်သည့် နေရာလည်း ဖြစ်သည်။
"ငါ ဒီကောင်မလေးနဲ့ မဆုံတာ နှစ်ရက်တောင် ရှိပြီ"
ယဲ့ဖန် အန်းရှီအကြောင်း တွေးလိုက်မိသည်နှင့် နွေးထွေးစွာ ပြုံးလိုက်မိသည်။ ထို့နောက် သူက ပျက်စီးယိုယွင်းနေသော ဆလင်ဒါပုံစံ တိုက်ခန်းသို့ လျှောက်လာလိုက်သည်။
သူ ဖြည်းဖြည်းချင်း လာနေတုန်း အငြင်းပွားနေသံ အကျယ်ကြီးကို ကြားလိုက်ရသည်။
"အန်းရှီ … မင်း ဘာလို့ ခက်အောင် လုပ်နေတာလဲ? မင်း သခင်လေးစစ်ကို ငြင်းပယ်လို့ မရဘူးလေ။ သူက မင်းကို သဘောကျနေလို့ ညစာအတူစားဖို့ ဖိတ်နေတာကို"
ဒေါသသံနှင့် ယောကျ်ားတစ်ယောက်အသံ ထွက်ပေါ်လာသည်။
ထို့နောက် အန်းရှီ၏ အသံ ပြန်ထွက်လာသည်။ "ကျုံးချမ်း… သူ့ကို သွားပြန်ပြောလိုက်။ ငါ သူနဲ့ ဘယ်တော့မှ အတူမစားနိုင်ဘူးလို့။ အဲ့အကြောင်း မေ့လိုက်ဖို့ သူ့ကို ပြောလိုက်ပါ"
*ကျုံးချမ်း*
အန်းရှီ၏ အိမ်မှာ ကျုံးချမ်းကို တွေ့ရမည်ဟု မထင်ထားသဖြင့် ယဲ့ဖန် ခေတ္တမျှ ကြောင်သွားသည်။
ထိုစဉ် ကျုံးချမ်းက အော်ကြီးဟစ်ကျယ် ပြောလိုက်သည်။ "ဟီးဟီး … အန်းရှီ ... ငါ့စကားကို နားထောင်စမ်းပါ … ငါက ကျုံးချမ်း မဟုတ်တော့ဘူး။ ငါက သခင်လေးစစ်ကို ငါ့ရဲ့ သွေးသောက် အစ်ကိုကြီးအဖြစ် အသိအမှတ် ပြုလိုက်ပြီ။ အဲ့ဒါကြောင့် မစ္စတာစစ်က ငါ့ရဲ့ ခေါင်းကိုင်အဖေပဲ။ ငါ့ကို စစ်ချမ်းလို့ပဲ ခေါ်တော့"
*စစ်ချမ်း*
အင်အားကြီး သူများ၏ အထောက်အပံ့ ရရန် ကျုံးချမ်းက သူ့မျိုးရိုးနာမည်ကို ပြောင်းပစ် လိမ့်မည်ဟု ယဲ့ဖန် ထင်မထားခဲ့ပါ။
ထို့နောက် ကျုံးချမ်းက ကျေနပ်ပျော်ရွှင်စွာ အော်ပြောလိုက်သည်။
"အန်းရှီ… နင် စစ်ကလန်ရဲ့ နောက်ကွယ်က အင်အားကို မသိဘူးနော် ... နားထောင် ... မစ္စတာစစ်က အခြားနယ်တစ်ခုက အထူး ကလန်တစ်ခုရဲ့ ခေါင်းဆောင် ဖြစ်လာတော့မှာ၊ သခင်လေးစစ် ကလည်း အဲ့အထူးကလန်ရဲ့ သခင်လေး ဖြစ်လာတော့မှာ။ အဲ့ဒါကြောင့် ပိုင်ကလန်နဲ့ ကုန်းကလန်က အထင်ကရ ပုဂ္ဂိုလ်တွေတောင် သခင်လေးစစ်ရှေ့ရောက်ရင် ချိုချိုသာသာ ပြောဆိုဆက်ဆံ ရတော့မှာ"
"အန်းရှီ … နင် အဲ့သုံးစားမရတဲ့ တရားမဝင်သားကို တတ်နိုင်သမျှ မြန်မြန် စွန့်ပစ်လိုက်ဖို့ ငါအကြံပေးချင်တယ်ဟာ။ သခင်လေးစစ်ကမှ နင် ရှာနေတဲ့သူမျိုးပဲဟ"
*သုံးစားမရတဲ့ တရားမဝင်သား*
ဖြောင်းခနဲ အသံကျယ်ကြီး ထွက်လာသည်။
ရုတ်တရက်မို့ ကျုံးချမ်း ကြောင်သွားသည်။
"မင်း … မင်း ငါ့ကို ရိုက်တယ်ပေါ့?"
သူ့မျက်နှာကို လက်ဖြင့်အုပ်ကာ ကျုံးချမ်းက အန်းရှီအား မယုံနိုင်သလို ကြည့်နေသည်။
ကြင်နာ၍ ရိုကျိုးတတ်သော ဆင်းရဲသည့် အလှနတ်ဘုရားမလေးက သူ့ကို ရိုက်ရဲလိမ့်မည်ဟု သူ ထင်မထားမိပါ။
ထိုစဉ် အန်းရှီ၏ လှပသော မျက်နှာလေးက အုံ့မှိုင်းလာကာ ဒေါသတွေ ဖြစ်လာသည်။
"နင် သေအောင် မှတ်ထား … ကျုံးချမ်း… ဘယ်သူမှ ငါ့အစ်ကိုဖန်ကို စော်ကားခွင့်မရှိဘူး၊ နင်အပါအဝင် ဘယ်သူမှ စော်ကားခွင့်မရှိဘူး"
*ဘာ*
အန်းရှီက ယဲ့ဖန်ကို အတော်လေး ဂရုစိုက်နေသည်ကို သတိထားမိပြီး ကျုံးချမ်း၏ မျက်နှာကြီး မည်းမှောင်လာကာ ဒေါသတကြီး ပြောလိုက်သည်။
"သိပ်ကောင်းတယ်, နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့! ငါ နင့်ကို သင်ခန်းစာ ပေးမှ ဖြစ်တော့မယ်နဲ့ တူတယ်"
ကျုံးချမ်း ဒေါသထွက်ကာ အန်းရှီကို ပါးရိုက်ရန် လက်မြှောက်လို က်သည်။
ဖြောင်း!
တစ်ခုခုကို ရိုက်လိုက်သည့်အသံ ထွက်လာပြီး သူမ ပါးရိုက်မခံရ သည့်အပြင် ထိတောင် အထိမခံလိုက်ရသဖြင့် အန်းရှီ ကြောင်နေ သော်လည်း ကျုံးချမ်းကတော့ အဝေးသို့ လွင့်ထွက်သွားလေသည်။
…
အန်းရှီ တွေဝေနေပြီးမှ သူမရှေ့၌ ကိုယ်ခန္ဓာ ပိန်ပါးပါးနှင့် ကောင်လေး တစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်။
*ယဲ့…ဖန်*
"ဖန်!"
အန်းရှီ၏ လှပသော မျက်နှာလေးက ပန်းရောင်သန်းသွားလေသည်။
သူမ ယဲ့ဖန်နှင့် ဆုံရလိမ့်မည်ဟု ထင်မထားမိခဲ့ပါ။
ယဲ့ဖန်ကို မြင်လိုက်သည်နှင့် ကျုံးချမ်း၏ မျက်နှာက ပို၍ မည်းမှောင် လာကာ အော်ဟစ်လာသည်။
"ယဲ့ဖန်!"
ကျုံးချမ်း၏ မျက်လုံးတွင် မလိုမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
Class 2, Grade 3 ၏ ကုန်းဝူနှင့် သူ့လူများ ရိုက်ခြင်းကို ခံလိုက်ရသဖြင့် သူ ကျောင်းသို့ တစ်ပတ်လောက် မတတ်နိုင်ဘဲ ဖြစ်သွားရသည်။
ကျန်းရှီမြို့၏ ထိပ်တန်းသခင်လေး လေးယောက်ထဲမှ တစ်ယောက် ဖြစ်သော သခင်လေးစစ်ကို သူ အမြဲတမ်း ကြိုးစားပမ်းစားဖြင့် မျက်နှာလိုမျက်နှာရ လုပ်တတ်သည်။
တနေ့မှ သူ့ကို သခင်လေးစစ်က သွေးသောက်ညီအစ်ကို အဖြစ် အသိအမှတ်ပြုကာ မစ္စတာစစ်ကလည်း သူ့ကို မွေးစားသားအဖြစ် အသိအမှတ် ပြုခဲ့သည်။ ထို့နောက် သူသည်လည်း သူ့နာမည်ကို စစ်ချမ်းအဖြစ် ပြောင်းပစ်လိုက်သည်။
သူ့အဆင့်အတန်း၊ ဂုဏ်သိက္ခာက ယဲ့ဖန်ထက် ပိုသာသည်ဟု ကျုံးချမ်းက ထင်နေသော်လည်း သူတောင်းစားက အခုထိ သူ့ကို ရိုက်ရဲနေသေးသည်။
ထို့ကြောင့် ကျုံးချမ်း ဒေါပွပြီး ဆွေ့ဆွေ့ခုန်ကာ ယဲ့ဖန်ကို လက်ညှိုးငေါက်ငေါက်ထိုး၍ ကြုံးဝါးလိုက်သည်။
"ခွေးမသား … မင်းက ရိုက်ရဲတယ်ပေါ့! ငါဘယ်သူလဲ မင်းသိလား … ဟမ်! ငါက စစ်ချမ်းကွ! မင်း ငါ့ကို ရိုက်ရင် သခင်လေးစစ်ကို ရိုက်လိုက်တာနဲ့ အတူတူပဲကွ! မင်းတော့ သေပြီသာမှတ်! မင်း အသေဆိုးနဲ့ သေကို သေရမယ်ကွ!"
ကျုံးချမ်း၏ လက်ညှိုးကို ကြည့်ပြီး ယဲ့ဖန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"အမှန်အတိုင်း ပြောရရင် ငါ့ကို တစ်ယောက်ယောက်က လက်ညှိုး ထိုးရင် ငါ သိပ်မုန်းတာကွ"
*အမ်*
ကျုံးချမ်း တွေဝေသွားပြီးမှ ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်ကာ "ဟမ့် … မင်းက ဒီအတိုင်း သုံးစားမရတဲ့ သားပဲ၊ အဲ့တော့ ငါ လက်ညှိုးထိုးတယ် ဘာဖြစ်ချင်လဲ"
ကျုံးချမ်းက ယဲ့ဖန်ကို နောက်တစ်ခါ လက်ညှိုးငေါက်ငေါက် ထိုးလိုက်သည်။
ထိုစဉ် ထူးဆန်းသော အနက်ရောင် အလင်းတန်းတစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားသည်။
ကျုံးချမ်း သူ့လက်မောင်းမှ မည်သည့်ခံစားချက်မျိုးမှ မရတော့သလို ဖြစ်သွားသည်။ သူ့မျက်စိရှေ့မှာပင် သူ၏ လက်ဖျံက ကျိုးကျသွားသော သစ်ကိုင်းကဲ့သို့ အောက်သို့ ပြုတ်ကျ သွားလေတော့သည်။
ရုတ်တရက် ဖြစ်ပျက်သွားသည်မို့ ကျုံးချမ်း ငိုင်တွေနေပြီးမှ အသတ်ခံရတော့မည် ဝက်တစ်ကောင်လို စူးစူးဝါးဝါး အော်ဟစ်နေ တော့သည်။
ပြတ်သွားပြီ။
သူ့လက်ဖျံတစ်ခုလုံး ပြတ်ထွက်သွားပြီ။
ယဲ့ဖန်၏ အေးတိအေးစက် အသံကို ကျုံးချမ်း ကြားလိုက် ရလေသည်။
"မင်းက ငါ့ကို လက်ညှိုးထိုးမှတော့ ငါ မင်းလက်ဖျံကို ဖြတ်လိုက်ရုံပဲ တတ်နိုင်တာပေါ့ကွာ"
….
ကျုံးချမ်း တုန်လှုပ်သွားသည့် အပြင် စူးရှသော နာကျင်မှုက ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာသောကြောင့် ကတုန်ကယင် ဖြစ်လာတော့သည်။
ထို့အပြင် သူက အလွန် ထိတ်လန့်မုန်းတီးသည့် အကြည့်ဖြင့် ကြည့်ကာ
"ယဲ့ဖန်… မင်း ... မင်း ငါ့လက်ဖျံကို ဖြတ်ရဲတယ်ပေါ့လေ၊ မင်းတော့ အသေပဲမှတ် ၊ မင်း သေချာပေါက် သေရမယ်။ မင်း သေကို သေရမယ်"
ကျုံးချမ်း ယဲ့ဖန်ကို သေမတတ် မုန်းသည်။
တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာသော နာကျင်မှုကြောင့် သူ ယဲ့ဖန်အား တစစီဖြစ်အောင် ခုတ်ထစ်ပစ်ချင်နေလှသည်။
ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်။
"ငါ့ကို သူများက လာခြိမ်းခြောက်ရင်လည်း မကြိုက်ဘူးကွ။ မင်း အဲ့လို ထပ်ပြောမယ်ဆို မင်းရဲ့ခေါင်းကို ဒီမှာ ထားခဲ့ရလိမ့်မယ်"
*ငါ့ခေါင်းကို ထားခဲ့ရမယ်*
သူ့အသံက ငရဲတွင်းမှ တက်လာသော အသံနှင့် ဆင်တူလှသဖြင့် ကျုံးချမ်း သေမတတ် ကြောက်လန့်သွားသည်။
ကျုံးချမ်း ယဲ့ဖန်ကို စက္ကန့်ပိုင်းမျှ စိုက်ကြည့်လိုက်သည်။ သူသာ ထပ်ပြောမယ်ဆိုရင် ယဲ့ဖန်က သူ့ကို သတ်မည်ဆိုတာ သံသယဖြစ်စရာတောင် မလိုတော့ပေ။
မည်းမှောင်နေသော မျက်နှာထားနှင့် ကျုံးချမ်းက ပြန်ပြော လိုက်သည်။
"ကောင်းတယ်၊ ယဲ့ဖန် မင်းက အလာကြီးပါလား။ ကြည့်ကြ သေးတာပေါ့"
ကျုံးချမ်း ယဲ့ဖန်ကို ခက်ထန်စွာ တစ်ချက်ကြည့်၍ ထွက်သွားသည်။
သူ့လက်ပါးစေ နှစ်ယောက်လည်း သေလုမတတ် ကြောက်လန့် နေကြသည်။
ကျုံးချမ်း အဝေးသို့ ထွက်သွားသည့် အခါမှသာ ဘာဖြစ်ခဲ့သည်ကို သူတို့ သတိပြုမိသွားသည်။
ထို့နောက် သူတို့က ယဲ့ဖန်အား သရဲသဘက်ကို မြင်နေရ သည့်ဟန်မျိုးဖြင့် ကြည့်ကာ ကျုံးချမ်း နောက်သို့ အသည်းအသန် ပြေးလိုက်သွားတော့သည်။
သူတို့ အဝေးသို့ သည်းကြီးမည်းကြီး ထွက်ပြေးသွားကြသည်ကို ကြည့်ရင်း ယဲ့ဖန်၏ မျက်လုံးက ခက်ထန်လာသည်။
"ငါ သူ့ကို သတ်လိုက်သင့်တယ် ထင်တယ်"
သူ့စကားအဆုံးတွင် နတ်ဆိုးချီတစ်ချို့က ကျုံးချမ်းနောက်သို့ ကပ်ပါသွားသည်။