← Chapters

အပေါက်လေးဘာလေး ချန်ထားခဲ့မလို့ပါ

Vol. 7 Ch. 103

အပေါက်လေးဘာလေး ချန်ထားခဲ့မလို့ပါ

Vol. 7 Ch. 103

ကျန်းရှီ မြူနီစီပယ် အကျဉ်းထောင်တွင် အဆိုးသွမ်းသုံး လူဆိုးလူမိုက် များအား ထောင်သွင်း အကျဉ်းချထားခြင်း ဖြစ်သည်။

အခန်း ၃၀၂!

အခန်းထဲရှိ ထောင်သားများက ထိပ်ပြောင်ပြောင်နှင့် လူမိုက်ကို ဝိုင်း၍ မေးနေ ကြသည်။

"တတိယအစ်ကိုကြီး အဲ့အဓိကပုဂ္ဂိုလ်ကြီးအကြောင်း မြန်မြန် ပြောပြ ပါတော့။ အရင်တစ်ခေါက်က ခင်ဗျား ဆုံးအောင် မပြောခဲ့တော့ ကျုပ်တို့ အခုထိ သိချင်နေကြသေးတာဗျ"

"ဟုတ်တယ်၊ တတိယအစ်ကိုကြီး သူက တကယ်ပဲ သန်မာတာလား?'

"ဘုရားရေ … ဝံပုလွေရိုင်းရဲ့ သခင်ကြီးက တကယ် အကြမ်းကြီးပါလား"

အကျဉ်းသားများအားလုံးသည် ကျန်းရှီမြို့၏ မြေအောက်လောကမှ ဂိုဏ်းသားများ ဖြစ်ကြသည်။ အကြောင်းအမျိုးမျိုးဖြင့် ထောင်ချခံ နေရခြင်း ဖြစ်သည်။

ထိပ်ပြောင်ပြောင်နှင့်လူမိုက်က အခန်း၏ ဘော့စ်မှန်း သိသာလှသည်။

စပ်စုလိုသူများ ပတ်ပတ်လည်ဝိုင်းနေသည်ကို ကြည့်ပြီး ထိပ်ပြောင်ပြောင်နှင့်လူက ခေါင်းကုတ်၍ ပြုံးစစဖြင့် ပြောလိုက်သည်။

"ကျုပ် ကြွားတာတော့ မဟုတ်ဘူး၊ သူက တကယ့်ကို နတ်ဘုရားပဲကွ"

"ကျုပ် နှင်းဆီဘားကို ဝံပုလွေရိုင်းနဲ့ အတူသိမ်းပိုက်ဖို့ သွားခဲ့တုန်းကပေါ့ ရိုစ့်ရဲ့ ကိုယ်ရံတော် ကျားဘုရင်တောင် ဝံပုလွေရိုင်းကြောင့် ရှုံးသွားခဲ့တာ"

"အဲ့အချိန်မှာ အဲ့ဒီ အဓိကပုဂ္ဂိုလ်ကြီးက ဘယ်နေရာက ပေါ်လာလို့ ပေါ်လာမှန်း မသိတာ ကိုယ့်လူတို့ရ"

"ပြီးတော့ တစ်ချက်တည်းနော်၊ တစ်ချက်တည်းနဲ့ ဝံပုလွေရိုင်းကို လဲကျသွားအောင် ထိုးလိုက်တာ။ အဲ့အချိန်တုန်းက ဝံပုလွေရိုင်းလည်း ငေးငိုင်သွားသလို ငါတို့အားလုံးလည်း ကြောင်သွားကြတာ။ ငါတို့မျက်လုံးထဲမှာတော့ သူက နတ်ဘုရားပဲ"

ထိပ်ပြောင်ပြောင်နှင့် လူကြီးက အလွန်လေးစားသည့်ဟန်ဖြင့် ဆက်ပြောသည်။

"နောက်တော့ သူဌေးဖေးကို ကုန်းဝူက ပြန်ပေးဆွဲပါလေရော။ အဲ့အဓိကပုဂ္ဂိုလ်က ဝံပုလွေရိုင်းနဲ့ ငါတို့သုံးယောက်ကို ခေါ်ပြီး သူ့ကို သွားကယ်တော့တာပဲ။ ငါတို့ ကုန်းကလန်အတွက် အလုပ်လုပ် ပေးနေတဲ့ လက်ခြောက်ချောင်းမြွေနဲ့ ထိပ်တိုက်ကို တိုးတာပဲ"

*လက်ခြောက်ချောင်းမြွေ*

သူ့နာမည်ကို သူတို့ ကြားလိုက်ရသည်နှင့် အကျဉ်းသားများအားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။

လက်ခြောက်ချောင်းမြွေက ကုန်းယွင်ဖေး၏ ထိပ်တန်း သက်တော်စောင့် နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်မှန်း သူတို့ သိထားကြသည်။

"နောက်တော့ကော ဘာဆက်ဖြစ်လဲ?"

အခန်းထဲမှ အကျဉ်းသားများအားလုံး ထိပ်ပြောင်ပြောင်နှင့် လူကြီးကို စိုက်ကြည့်ကာ ဘာဆက်ဖြစ်လဲဆိုတာကို သိချင်၍ နားစွင့် နေကြသည်။

ထိပ်ပြောင်ပြောင်နှင့် လူကြီးက အတိတ်ကို သတိရမိသွားသည်။ ထိုညသည် သူ့တစ်သက်တာတွင် ဘယ်သောအခါမှ မမေ့နိုင်သည့် ည ဖြစ်သည်။

"နောက်တော့ ဝံပုလွေရိုင်းက လက်ခြောက်ချောင်းမြွေနဲ့ ချပါလေရော၊ ထင်မထားတာက လက်ခြောက်ချောင်းမြွေက တော်တော်လေးကို စွမ်းအားကြီးတာပဲ။ တစ်ချက်တည်းနဲ့ သူက ဝံပုလွေရိုင်းကို တစစီ ဆွဲဖြဲလုနီးပါး ဖြစ်သွားတာ။ အဲ့လို သေရေးရှင်ရေး အခြေအနေမှာ အဲ့အဓိကပုဂ္ဂိုလ်က တစ်ချက်တည်း လှုပ်ရှားပစ်လိုက်တာ"

"တစ်ချက်တည်းနဲ့နော်၊ သူ နောက် ရန်ပွဲတစ်ပွဲကို တစ်ချက်တည်းနဲ့ နိုင်သွားတာ"

နီရဲနေသော မျက်နှာနှင့် ထိပ်ပြောင်လူကြီးက အလွန်လေးစားသည့် အမူအရာဖြင့် ဆက်ပြောသည်။

"နောက် သူက လက်ခြောက်ချောင်းမြွေရဲ့ ကိုယ်ကို သူ့လက်ဝါး တစ်ဘက်တည်းနဲ့ ထိုးဖောက်လိုက်တာကွ"

…

သူ့စကားကြောင့် သံတိုင်ကြားမှ အခြားအကျဉ်းသားများပါ အကြီးအကျယ် ထိတ်လန့်သွားကြသည်။

*တစ်ယောက်ယောက်ရဲ့ ခန္ဓာကိုယ်ကို လက်ဝါးနဲ့ ထိုးဖောက်လို က်တယ်။ အရမ်း ကြောက်ဖို့ကောင်းတာပဲ*

"ကျုပ်လည်း ခင်ဗျားလိုပဲ သူ့ကို လေးစားလိုက်တာ၊ အရမ်း အံ့ဩဖို့ကောင်းလိုက်တာ"

ထိပ်ပြောင်လူကြီးက သူ့မျက်စိရှေ့၌ ဖြစ်ပျက်နေသည့်ဟန်ဖြင့် ပြောလိုက်သည်။

"အဲ့အချိန်ကစပြီး သူက ငါ့နတ်ဘုရားပဲ။ သူက ဝံပုလွေရိုင်းနဲ့ အခြားငါ့ညီအစ်ကိုတွေရဲ့ နတ်ဘုရားပဲ။ သူက…"

ထိပ်ပြောင်လူကြီးက တက်ကြွစွာ ရှင်းပြနေစဉ် လူတစ်ယောက်က တံခါးနားမှနေ၍ ရုတ်တရက် ဖြတ်သွားသည်။

အစပိုင်းက ထိပ်ပြောင်လူကြီး အဲ့လူကို မသိချင်ယောင်ဆောင်ရန် ပြင်လိုက်သော်လည်း တစ်ခုခုကို အမှတ်ရသွားပြီး တအံ့တဩ ဖြစ်သွားသည်။

"သူက…"

ထိပ်ပြောင်လူကြီး ဇဝေဇဝါဖြစ်ကာ မတ်တပ်ထရပ်ကာ ဖြတ်သွားသည့် သူကို သေသေချာချာ လိုက်ကြည့်လိုက်သည်။

ထို့နောက် သူ အကြီးအကျယ် ထိတ်လန့်သွားလေတော့သည်။

"သူ…သူပဲ၊ အဲ့ဒါ သူပဲ"

ထိပ်ပြောင်လူကြီး မယုံနိုင်သည့်အမူအရာဖြင့် ကြည့်နေမိသည်။

အခြားအကျဉ်းသားများလည်း အူကြောင်ကြောင်ဖြစ်ကာ သူ့ကို ပြန်မေးလိုက်သည်။

"တတိယ အစ်ကိုကြီး ခင်ဗျား ဘာကို ကြည့်နေတာလဲ။ သူက ဒီအတိုင်း လူသစ်လေးပါဗျာ"

"ဟုတ်တယ်၊ သူက ဒီအတိုင်း လူသစ်ပါဗျာ။ အဲ့ပုဂ္ဂိုလ်အကြောင်းသာ ကျုပ်တို့ကို မြန်မြန်ပြောပါတော့"

အကျဉ်းသားတိုင်းက လူသစ်ကို တစ်ချက်ကလေးမှ လှည့်ကြည့်ချင်စိတ် မရှိကြပါ။

သို့သော် ထိပ်ပြောင်လူကြီးက မချိပြုံးပြုံး၍ ပြောလိုက်သည်။

"ငါ… ငါ အခုလေးတင် အဲ့ပုဂ္ဂိုလ်ကို တွေ့လိုက်တယ်ထင်တယ်"

*ဘာ*

အကျဉ်းသားတိုင်း ဆူညံပွက်လောရိုက်သွားသည်။

အခြားအကျဉ်းခန်းများတွင်လည်း ပွက်လောရိုက်သွားသည်။

ရေကန်ထဲ ကျောက်ခဲပစ်ချလိုက်သလို ယဲ့ဖန်က ကျန်းရှီမြူနီစီပယ် အကျဉ်းထောင်ကို စိတ်လှုပ်ရှားမှုများဖြင့် ပွက်လောရိုက်သွားအောင် လုပ်လိုက်နိုင်ပေသည်။

…

ထိုစဉ်

ယဲ့ဖန်က အခန်း ၃၁၆ ထဲသို့ ဖြည်းဖြည်းချင်း ဝင်လာသည်။ ထိုအကျဉ်းခန်းသည် အလွန်ကျဉ်း၍ မျက်လုံးတစ်ဖက်တပ် မျက်မှန်ကို တပ်ထားသော လူတစ်ယောက်သာ ရှိသည်။

ထိုအကျဉ်းသားသည် အလွန် သိမ်မွေ့၍ စာတတ်ပေတတ် သူလို ကြောက်တတ်ပုံရသည်။

ယဲ့ဖန်က သူ့ကို ကြည့်နေသောကြောင့် သူက အလျင်အမြန် လက်ဆန့်ပေး၍ ပြုံးကာ နှုတ်ဆက်လာသည်။

"ဟဲလို… ကျုပ်က ထောင်လေ့ပါ"

"ယဲ့ဖန်"

ယဲ့ဖန်က ပြုံး၍ ပြန်ပြောကာ နှစ်ထပ်ကုတင်၏ အောက်ကုတင်၌ ဝင်လှဲရန် ပြင်လိုက်သည်။

ထိုစဉ် ခေါင်းလောင်းသံ မြည်လာသည်။

"ဖန် လမ်းလေးနည်းနည်းပါးပါး လျှောက်ပြီး တစ်ခုခုစားဖို့ အချိန်ရောက်ပြီကွ အတူတူ သွားကြတာပေါ့" ထောင်လေ့က ယဲ့ဖန်ကို ပြုံး၍ ပြောလိုက်သည်။

အခြား အကျဉ်းသားများသည်လည်း သူတို့နှစ်ယောက်နည်းတူ သူတို့အခန်းထဲမှ ဖြည်းဖြည်းချင်း ထွက်လာကြသည်။

ကြမ်းတမ်းပုံရသော လူတစ်ခုကို မြင်သည်နှင့် ထောင်လေ့က ယဲ့ဖန်ကို တိုးတိုးလေး ကပ်ပြောလိုက်သည််။

"နားထောင် ငါတို့ ထောင်မှာ မင်း လုံးဝ ရန်မစသင့်တဲ့ သူ သုံးယောက် ရှိတယ်"

"ပထမတစ်ယောက်က ထိပ်ပြောင်သုံးပဲ၊ သူက အရမ်း စိတ်တိုတတ်တာ။ ဒုတိယတစ်ယောက်က သွေးစွန်းဓားတဲ့၊ သူက အရမ်း ရက်စက်ကြမ်းကြုတ်တာ။ တတိယတစ်ယောက်က အဆိပ်ပြင်းအားချွမ်တဲ့၊ သူလည်း ရက်စက်တယ်"

ယဲ့ဖန်ကို သင်ပြပေးနေတုန်း ထောင်လေ့က သူ့ကို မျက်မှောင်ကြုတ် ကြည့်၍ ပြောလိုက်သည်။

"ငါ့ကို မြွေပွေးအားချွမ်ရဲ့ လူတွေက သူတို့ သည်နေ့ နေ့လည်က ရောက်လာတဲ့ လူသစ်နဲ့ စာရင်းရှင်းစရာရှိတယ်လို့ ပြောထားတယ်၊ အဲ့ဒါ မင်းလား"

*လူသစ်နဲ့ စာရင်းရှင်းစရာရှိတယ်*

ယဲ့ဖန် ကြောင်သွားပြီးမှ အားရပါးရ ပြုံး၍ "မှန်းကြည့်လေ"

ထောင်လေ့ ဆွံ့အသွားရလေတော့သည်။

"ဖန် အဲ့လူက မင်းဟုတ်ဟုတ်၊ မဟုတ်ဟုတ် မင်းကိုယ်မင်း သေချာဂရုစိုက်ရမယ်နော်။ မှတ်ထား မင်း ကျန်းရှီ မြူနီစီပယ် အကျဉ်းထောင်မှာ အသက်ရှင်ချင်တယ်ဆိုရ် အဲ့လူသုံးယောက်နဲ့ မညိအောင် နေတော့"

ထောင်လေ့က ယဲ့ဖန်ကို ဆက်၍ သတိပေးနေသည်။ ယဲ့ဖန်က ခေါင်းသာ ညိတ်ပြလိုက်သည်။

အစားအသောက်ကို ယူပြီးသည်နှင့် ယဲ့ဖန်နှင့် ထောင်လေ့တို့က ထောင့်တစ်ထောင့်၌ ထိုင်ကာ ငြိမ်၍ စားသောက်နေကြသည်။

ထိုစဉ် လူတစ်ခုက ရုတ်တရက် ထရပ်လာသည်။

သူတို့ကို ကြည့်ပြီး ထောင်လေ့ မျက်ခုံးပင့်မိကာ တိုးတိုးလေး ပြောလိုက်သည်။

"အဲ့ဒါ မြွေပွေး အားချွမ်ပဲ"

မြွေပွေးအားချွမ်က သူတို့ထိုင်နေသည့် ထောင့်သို့ လာနေသည်ကို မြင်ပြီး သူ့မျက်နှာက ချက်ချင်း ဖြူရော်လာသည်။

"မဟုတ်ဘူး၊ သူတို့က မင်းနဲ့ တကယ် စာရင်းရှင်းတော့မှာပဲ"

ထောင်လေ့ပုံစံက အနည်းငယ် ချီတုံချတုံဖြစ်နေသည်။ ယဲ့ဖန်ကိစ္စထဲ သူ ဝင်ပါမိမှာကို စိုးရိမ်နေပုံ ရသည်။ သို့သော် သူ ယဲ့ဖန်ကို တစ်ယောက်တည်းထားခဲ့ရမှာလည်း ရှက်သလို ခံစားရသည်။

ထိုစဉ် မြွေပွေးအားချွမ်က သူ့လူများနှင့်အတူ ယဲ့ဖန်နား ရောက်လာသည်။

ဝုန်းခနဲ အသံနှင့်အတူ မြွေပွေးအားချွမ်က ယဲ့ဖန်၏ ထမင်း ပန်းကန်ပြားကို တွန်းချ၍ လှောင်ရယ်လေသည်။

"ဟေ့ကောင်… ယဲ့ဖန်ဆိုတာ မင်းလား။ မင်းရဲ့ နောက်ဆုံးထမင်းကို သဘောကျရဲ့လား"

သူ့စကားကြောင့် ယဲ့ဖန်က အသာအယာထလိုက်စဉ် ယဲ့ဖန်မျက်ဝန်း၌ အေးစက်စက် အလင်းတစ်ချို့ ဖြတ်ပြေးသွားသည်။

"သဘောကျတာပေါ့၊ အလောင်းတစ်ချို့ပါ ရှိမယ်ဆို ပိုပြီးတော့တောင် ပြည့်စုံသွားဦးမှာ"

*ဘာ*

မြွေပွေးအားချွမ် ကြောင်သွားရသည်။ အခြားသူများရှေ့မှာ သူ့ကို ယဲ့ဖန် ပြန်ပြောရဲလိမ့်မည်ဟု သူ မထင်ထားမိပါ။

"အလောင်းတစ်ချို့? သေရမယ့်သူက မင်းဆိုရင်တောင် မကြောက်ဘူးလား"

မြွေပွေးအားချွမ်က ရက်စက်သည့်အပြုံးမျိုး ပြုံး၍ ပြောလိုက်သည်။

သူ့နောက်မှ လူ ခြောက်ယောက်၊ ခုနစ်ယောက်ကလည်း လူသေကို ကြည့်နေသည့်အလား ရက်စက်သည့်ဟန်ဖြင့် ကြည့်နေကြသည်။

"မင်း ဘာလိုချင်တာလဲ"

ယဲ့ဖန်က မြွေပွေးအားချွမ်အား တည်ငြိမ်စွာ ကြည့်၍ ခနိုးခနဲ့ အပြုံးမျိုးဖြင့် ပြုံးနေသည်။

မြွေပွေးအားချွမ်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော အပြုံးမျိုးဖြင့် ပြောလာသည်။

"ထွေထွေထူးထူးတော့ မလိုချင်ပါဘူး၊ ငါတို့က တစ်စုံတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် မင်းကိုယ်ပေါ်မှာ အပေါက်လေးဘာလေး ချန်ထားခဲ့ချင်ရုံလေးပါ"

…

မြွေပွေးအားချွမ်၏ အပြောကြောင့် ထောင်လေ့ ကြောက်လန့်ကာ ဖင်ထိုင်ရက် လဲကျမတတ် ဖြစ်သွားသည်။

*အပေါက်လေး ဘာလေး ချန်ထားခဲ့မလို့*

*သူ ယဲ့ဖန်ကို သတ်တော့မှာပဲ*

ထောင်လေ့က ယဲ့ဖန်အား သနားသလို ကြည့်လိုက်မိသည်။

သူ ထောင်ထဲရောက်ရောက်ချင်း တစ်ယောက်ယောက်က သူ့ကို သတ်ချင်နေလိမ့်မည်ဟု ထောင်လေ့ မထင်ထားမိပါ။

သို့သော် ထိုအချိန်တွင် ယဲ့ဖန်က ပြုံး၍ ပြောလေသည်။

"အပေါက်လေး ဘာလေး ချန်ထားခဲ့မလို့လား။ ကောင်းသားပဲ၊ ငါ မင်းအကြံကို သဘောကျတယ်"

*ဘာ*

ယဲ့ဖန်စကားကြောင့် မြွေပွေးအားချွမ်နှင့် သူလူများ ကြောင်သွားသည်။

သူတို့အားလုံး ယဲ့ဖန်ပြောသည့်စကားကို နားလည်နိုင်ရန် ကြိုးစားနေစဉ် ဘန်းခနဲ အသံကျယ်ကြီးက မြွေပွေးအားချွမ်ထံမှ ထွက်ပေါ်လာသည်။

ဖွီ!

ထို့နောက် မြွေပွေးအားချွမ် သူ့ခါးနှင့် နံရိုးတို့မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

သူ နေရာမှာတင် တောင့်တောင့်ကြီး ဖြစ်သွားသည်။

သူ နောက်လှည့်ကြည့်လိုက်သောအခါ ထိပ်ပြောင်ပြောင်နှင့် လူမိုက် တစ်ယောက်က သူ့ခါးကို ခက်ရင်းတစ်ချောင်းဖြင့် ထိုးလိုက်သည်ကို တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပဲ လူငယ်တစ်ယောက်က သူ့နံရိုးကို ဓားနှင့် ထိုးထားသည်။

ထို့ပြင် သူ့နောက်လိုက်တိုင်း သွေးများ အန်ထွက်လာကြသည်။

*ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး*

All Chapters