ကျွန်မ ရှင့်ကို နောင်ဘဝမှပဲ ကာကွယ်ပေးပါ့မယ်
Vol. 8 Ch. 108
စစ်အိမ်တော်၏ ဧည့်ခန်းမတွင် မီးများဖြင့် ထိန်ထိန်လင်းနေသည်။
ပရိဘောဂများသည် ဥရောပနှင့် အမေရိကန်မှ တင်သွင်းထားခြင်း ဖြစ်ပြီး အလွန် ခမ်းနား ကြီးကျယ်လှသည်။
သက်လတ်ပိုင်းအရွယ် လူဝကြီးတစ်ယောက်က ဆိုဖာပေါ်တွင် အေးအေးဆေးဆေး ထိုင်နေသည်။
သူသည် စစ်ကလန်၏ ကလန်ခေါင်းဆောင် စစ်ရှောင်ထျန်း ပင် ဖြစ်ပေသည်။
စစ်ရှောင်ထျန်း၏ ချောမောသော မျက်နှာလေးနှင့် လူငယ်လေး တစ်ယောက် ထိုင်နေသည်။ သူ့တွင် နူးညံ့သော မျက်ဝန်းမျိုး ရှိသော်လည်း အကြည့်များက အလွန် နတ်ဆိုးဆန်ကာ လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေသည်။
ထိုလူငယ်လေးသည် သခင်လေးစစ်ဖြစ်ပြီး ကျန်းရှီမြို့၏ ထိပ်တန်း သခင်လေး လေးယောက်တွင် အလွန်ရာဂစိတ် ပြင်းပြသူ ဖြစ်သည်။
"စစ်ချမ်း မင်း ဘယ်လိုနေသေးလဲ?"
သခင်လေး စစ်က သူ့အောက်တွင် ထိုင်နေသော ကျုံးချမ်းကို မေးလိုက်သည်။
ကျုံးချမ်း၏ လက်မောင်းကို ပတ်တီးများဖြင့် စည်းထားကာ သူ၏ ပြတ်သွားသော လက်မောင်းမှ သွေးအနည်းငယ် ဆို့နေသေးသည်။
သခင်လေးစစ်၏ အမေးကြောင့် ကျုံးချမ်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်၊ အစ်ကိုကြီး ဒါလက်လေး တစ်ဘက်ပါပဲ"
ကျုံးချမ်းက ညစ်တီးညစ်ပတ်ဟန်ဖြင့် ပြုံးကာ "အဲ့ကောင်စုတ်က ကျုပ်လက်ကို ဖြတ်ရဲမှတော့ သူ အရှုံးကြီး ရှုံးပြီး ခံစားစေရမယ်"
ကျုံးချမ်း၏ စကားအဆုံးတွင် စစ်ရှောင်ထျန်းနှင့် သခင်လေးစစ်တို့ ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။
"မွေးစားအဖေ …. အဖေရဲ့ တရုတ်ပြည် မြောက်ပိုင်းကို ပြန်မယ့် အစီအစဉ်က အဆင်ပြေရဲ့လား?"
ကျုံးချမ်းက စစ်ရှောင်ထျန်းကို သိချင်စိတ်ဖြင့် မေးလိုက်သည်။
စစ်ရှောင်ထျန်းက အားရပါးရ ပြုံး၍ ပြန်ပြောလိုက်သည်။
"ဟားဟား … အားလုံး အဆင်သင့်ပဲ ငါတို့ ကလန်ရဲ့ အင်အားကြီးသူတွေက ကျန်းရှီမြို့ကို ရောက်လာခါနီးပြီ ပြီးတော့ ငါက အဓိကကလန်ကို ခေါင်းဆောင်ဖို့ ဒီမြို့က ထွက်သွားရဦးမယ်။ ဒီညက ငါတို့ ကျန်းရှီမြို့မှာ နေတဲ့ နောက်ဆုံးညပဲ"
"သိပ်ကောင်းတာပဲ" ကျုံးချမ်း၏ မျက်နှာက နီမြန်းလာကာ စစ်ကလန်၏ နောက်ကွယ်က အဓိကကလန်၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို သတိထားမိပြီး စိတ်လှုပ်ရှားလာသည်။
စစ်ရှောင်ထျန်းသာ အဓိကကလန်ကို ခေါင်းဆောင်ရပါက သူ၏ မွေးစားသားအနေနဲ့ ကျုံးချမ်းဟာ အချိန်တိုအတွင်း အမြင့်ဆုံးနေရာကို ရလာပေမည့်။
ကျုံးချမ်း ကျန်းရှီမြို့ကို ပြန်ရောက်လာမည့်အချိန်တွင် ပိုင်ကလန်နှင့် ကုန်းကလန်ကတောင် သူ့ကို တရိုတသေ ဆက်ဆံရပေလိမ့်မည်။ ထို့ကြောင့် ကျုံးချမ်း ပို၍ ပို၍ စိတ်လှုပ်ရှားလာသည်။
"မွေးစားအဖေ ဒီညက ကျန်းရှီမြို့မှာ ကျွန်တော်တို့ နေမယ့် နောက်ဆုံးညဆိုတော့ ပျော်ပျော်ပါးပါးကြီး နေရအောင်ဗျာ"
ကျုံးချမ်းက ထူးဆန်းသော အပြုံးမျိုး ပြုံး၍ တံခါးကို ကြည့်ကာ လက်ခုပ်တီးလိုက်သည်။
ရုတ်တရက် သက်တော်စောင့် နှစ်ယောက်က အိတ်တစ်အိတ်ကို သယ်၍ ဝင်လာသည်။
"ဖွင့်လိုက်"
ကျုံးချမ်း၏ အမိန့်ကြောင့် သက်တော်စောင့်နှစ်ယောက်က အိတ်ကို ချက်ချင်း ဖွင့်လိုက်သောအခါ အလှလေးတစ်ယောက် ထွက်ပေါ်လာသည်။
သူမက အန်းရှီပင် ဖြစ်သည်။
အန်းရှီကို မြင်သည်နှင့် သခင်လေးစစ်၏ မျက်လုံးက ဆာလောင်လာဟန် ပြလာသည်။
"ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ကျုံးချမ်း မင်းက ငါ ထင်ထားတဲ့အတိုင်း ကောင်းကောင်း လုပ်နိုင်တာပဲ"
သခင်လေးစစ်က ထရပ်ကာ အန်းရှီကို စစ်ဆေးတော့သည်။
ထို့နောက် သူက နှုတ်ခမ်းကို လျှာသပ်၍ သူမကို ချီးမွမ်းလိုက်သည်။
"အမှန်အတိုင်း ပြောရရင် အန်းရှီက တကယ့်ကို နတ်သမီးလေးလိုပဲ၊ သူနဲ့ ယှဉ်ရင် ငါ့ရဲ့ အရင်ကောင်မလေးတွေက သာမန်ကာလျှံကာပဲ"
စစ်ရှောင်ထျန်း၏ မျက်လုံးတောင်မှ မီးဝင်းဝင်းတောက်လာသည်။
"လှလိုက်တာ၊ သူမက တော်တော်လှတာပဲ"
သူ့ဖခင်၏ အမူအရာကို သတိထားမိပြီး သခင်လေးစစ်က ယုတ်မာစွာ ပြုံး၍ ပြောလိုက်သည်။
"ဟီးဟီး … အဖေ သူမကို ဘယ်လို ထင်လဲ? အဖေ့သားက ကောင်းတာလေးတွေ ရှာတတ်တယ်မလား?"
"မဆိုးပါဘူး၊ ကောင်လေး မင်းက တကယ် ကောင်းတာလေးတွေ ရွေးရှာတတ်တာပဲကွ။ မင်း ဒီလောက်လှတဲ့ ကောင်မလေးကို ဘယ်က ရှာလာတာလဲ?"
စစ်ရှောင်ထျန်း သွားရည်ကျမတတ် ဖြစ်နေသည်။
"ဟီးဟီး ... အဖေ … အဖေလည်း သူမကို သိပ်ကြိုက်နေမှတော့ ကျွန်တော်တို့ ဒီည သူမကို အလှည့်ကျ ဘုကြရအောင်လေ?"
သခင်လေးစစ်၏ စကားကြောင့် စစ်ရှောင်ထျန်းနှင့် ကျုံးချမ်းတို့ ပိုးဆိုးပက်စက် သွားရည်ကျလာကြသည်။
စစ်ရှောင်ထျန်းက လူယုတ်မာပြုံး ပြုံး၍
"ကောင်းသားပဲ။ ငါတို့ သုံးယောက် ဒီညတာကို ပျော်ပျော်ကြီး ခံစားကြတာပေါ့"
သူက တက်ကြွစွာဖြင့် သက်တော်စောင့်ကို ပြောလိုက်သည်။
"သူမကို ရေပက်ပြီး နှိုးလိုက်။ သတိလစ်နေတဲ့ မိန်းမကို ဘုရတာ ပျော်ဖို့ မကောင်းဘူး။ သူမ ရုန်းကန် အော်ဟစ်နေမှ စိတ်ဝင်စားဖို့ ကောင်းတာ"
စစ်ရှောင်ထျန်း၏ စကားများက အလွန် ရက်စက် ယုတ်မာလှသည်။
သူ့အမိန့်ကြောင့် သက်တော်စောင့်က ရေပုလင်းကို အဖုံးဖွင့်၍ အန်းရှီ၏ ခေါင်းပေါ် လောင်းချလိုက်သည်။
ဗွမ်းခနဲ မြည်သံနှင့်အတူ အန်းရှီ ကိုယ်လေး တုန်ယင်လာကာ ချက်ချင်း သတိရလာသည်။
ခမ်းနားသော အခန်းကို သတိပြုမိပြီး အန်းရှီ ဇဝေဇဝါဖြင့် သတိရလာသည်။
"ငါ ဘယ်ရောက်နေတာလဲ? ဖန်ရော ဘယ်ရောက်နေတာလဲ? ဖန်…"
အန်းရှီ သတိရလာသည်နှင့် ယဲ့ဖန်ကို သတိရလိုက်သည်။
ထိုစဉ် မနှစ်မြို့ဖွယ် ကောင်းသော အသံကြောင့် သူမ အသံလေးက ဆိုးရွားစွာ တိမ်ဝင်သွားသည်။
"ဟီးဟီး ... အန်းရှီ မင်းရဲ့ ဖန်က သေနေပြီ။ အခုကစပြီး မင်းကို ငါတို့ ပိုင်သွားပြီ"
ကျုံးချမ်းက ရက်စက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
*ဘာ*
သူ့စကားကြောင့် အန်းရှီ ကြောက်လန့်သွားကာ တောင့်ခနဲ ဖြစ်သွားသည်။
သူမ ဘေးဘီဝဲယာကို အလျင်အမြန် လှည့်ကြည့်လိုက်သောအခါ ကျုံးချမ်းနှင့် သခင်လေးစစ်တို့ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမ မျက်နှာလေးက လေးနက်လာကာ "နင်ကိုး" ဟု အော်ဟစ်လိုက်သည်။
"ဒါပေါ့"
ကျုံးချမ်းက အန်းရှီ၏ သေးသွယ်သော ကိုယ်ကာယလေးကို တစ်ချက်ကြည့်ကာ လှောင်ရယ်လိုက်သည်။
ထို့နောက် သူက ညစ်တီးညစ်ပတ် အကြည့်မျိုးဖြင့် ကြည့်ကာ "အဲ့သုံးစားမရတဲ့ကောင်ကို နင် မေ့လိုက်ဖို့ ငါ အကြံပေးချင်တယ်။ သူ သေတာ ကြာလှပြီ"
*သေသွားပြီ*
အန်းရှီ ငြိမ်ကျသွားကာ မယုံနိုင်ဟန်ဖြင့် အရူးတစ်ယောက်လို အော်ပြောလိုက်သည်။
"မဟုတ်ဘူး မဖြစ်နိုင်ဘူး။ ဖန်က ဘယ်တော့မှ သေမှာ မဟုတ်ဘူး၊ နင် ငါ့ကို လာလိမ်နေတာ"
"ငါက နင့်ကို လိမ်နေတာ ဟုတ်လား?"
ကျုံးချမ်းက လှောင်ရယ်၍ ထပ်ပြောလိုက်သည်။
"ဟီးဟီး … အမှန်အတိုင်း ပြောရရင် ယဲ့ဖန်ကို ဖမ်းလိုက်တဲ့ ရဲက ငါ့ဦးလေးပဲ။ ငါ့ဦးလေးက သူ့အတွက် အစီအစဉ် ဆွဲထားပြီးသား၊ ယဲ့ဖန်ကို ထောင်ထဲ ထည့်ပြီးတာနဲ့ ငါ့မိတ်ဆွေတစ်ယောက်က သူ့ကို အပြတ်ရှင်းပေးမှာ"
ကျုံးချမ်းက ကျေနပ်နေသည့်ဟန်ဖြင့်
"ဟဟ ... ယဲ့ဖန် တစစီ ဖြစ်တာ ကြာနေလောက်မှာကို ငါ စိုးရိမ်မိသား"
…
သူ့စကားများကြောင့် အန်းရှီ ကြမ်းပြင်ပေါ် အားမရှိတော့သလို ပြိုလဲကျကာ မျက်နှာလေးက ဖြူဖတ်ဖြူရော် ဖြစ်နေသည်။
"သေပြီ … ဖန် သေသွားပြီ …"
ပုလဲလုံးသဖွယ် ကြည်လင်လှသော မျက်ရည်စများက သူမ၏ လှပသော မျက်နှာ လေးပေါ်သို့ စီးကျလာသည်။
သူမ နှလုံးသားလေး တစစီ ကြေကွဲသွားသလို ခံစားရသည်။
ယဲ့ဖန်ကသာ သူမကို သူ့အသက်နှင့် ရင်း၍ ကာကွယ်ပေးသူ ဖြစ်သည်။
ယဲ့ဖန်ကသာ သူမ ခေါင်းလေးကို ပုတ်ပေးလေ့ ရှိသူ ဖြစ်သည်။
ယဲ့ဖန်ကသာ မောက်မာ၍ ဘဝင်မြင့်သူ ဖြစ်သည်။
ယဲ့ဖန်ကသာ သူမ အချစ်ရဆုံးသူ ဖြစ်သည်။
"ဖန် … ငါ့မှာ နင့်ကို ပြောစရာ စကားတွေ အများကြီး ရှိတယ် သိရဲ့လား…"
"ငါ နင့်ကို ချစ်တယ်။ ငါ နင့်ကို အမြဲ ချစ်နေမှာပါ …"
"ငါ့ဘဝနဲ့ ရင်းပြီး နင့်ကို ကာကွယ်ဖို့ ငါ သန္နိဋ္ဌာန် ချခဲ့ပင်မယ့် ငါမလုပ်နိုင်ခဲ့ဘူး"
"ဖန် … ငါ့ကို စောင့်နေပါ … ငါ နင့်ကို တမလွန်မှာ အဖော်လုပ်ပေးမယ်နော်။ ငါ နင့်ကို ကာကွယ်ပေးဖို့ မတတ်နိုင်ခဲ့တာကြောင့် တမလွန်မှာ ငါ နင့်ကို အလျော်ပြန်ပေးပါ့မယ်"
အန်းရှီက ထိုစကားများကို ပြောရင်း သတ်သေရန် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ့မျက်နှာပေါ်တွင် မျက်ရည်စများကလည်း မိုးစက်များလို ကျဆင်းနေသည်။
ယဲ့ဖန် မရှိတော့လျင် သူမ ဘဝကြီးက အသက်ရှင်ရန် လမ်းစ ပျောက်သွားသလိုပင်။
ထိုယောကျ်ားက သူမ နှလုံးသားကို ယူဆောင်သွားမှတော့ သူမ နှလုံးသားမရှိဘဲ မည်သို့ အသက်ဆက်ရမည်နည်း။
ကျုံးချမ်းက အားရပါးရ ပြုံး၍ ပြောလိုက်သည်။
"ဟီးဟီး … အန်းရှီ သူ့ကို မေ့လိုက်စမ်းပါဟာ"
ထိုစဉ် သခင်လေးစစ်ကပါ အန်းရှီကို ညစ်ညမ်းသော အပြုံးမျိုးနှင့် ပြုံး၍ ပြောလိုက်သည်။
"အခုကစပြီး ငါတို့နဲ့ အတူနေလိုက်။ ငါ မင်းကို တစ်သက်လုံး သုံးမကုန်တဲ့ ကြွယ်ဝမှုနဲ့ ဂုဏ်သိက္ခာ ကြီးမားအောင် လုပ်ပေးမယ်လို့ ကတိပေးတယ်။ ဘယ်လိုလဲ"
သခင်လေးစစ်၏ မျက်လုံးများက အလွန် အလိုရမက် ကြီးလှသည်။
သို့သော် သူ့စကားကို ကြားပြီးနောက် အန်းရှီက အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်ကာ လှောင်ရယ်လိုက်သည်။
"ရှင်ကလား?"
အန်းရှီ အခန်းထဲရှီ လူသုံးယောက်ကို တစ်ချက်စီ ဝေ့ကြည့်လိုက်သည်။ သူတို့၏ ဆာလောင်နေသော မျက်လုံးများကြောင့် သူမ အခုချက်ချင်း သေရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်မ ရှင့်ကို မသတ်နိုင်မှန်း ကျွန်မ သိတယ်။ ဒါပေမယ့် ကျွန်မကို ရမယ်လို့ ဘယ်တော့မှ အိပ်မက် မက်မနေနဲ့"
ထိုသို့ ပြောပြီး အန်းရှီက သူမ၏ နက်မှောင်သော ဆံကေသာတွင် ပန်ဆင်ထားသည့် ဆံထိုးကို ဆွဲကာ ထပ်ပြောလိုက်သည်။
"ငါက ယဲ့ဖန်ရဲ့ မိန်းကလေး အနေနဲ့ မွေးဖွားလာသလို ယဲ့ဖန်ရဲ့ ဝိညာဉ်နဲ့အတူ သေဆုံးမှာပဲ။ ယဲ့ဖန်လည်း သေသွားပြီဆိုတော့ ငါ တစ်ယောက်တည်း ဆက်ပြီး အသက်မရှင်ချင်တော့ဘူး"
ထို့နောက် အန်းရှီက ထိုဆံထိုးကို ဆွဲထုတ်လိုက်သည်။
ဤဆံထိုးလေးသည် ယဲ့ဖန် သူမကို လက်ဆောင်ပေးထားသည့် တစ်ခုတည်းသော လက်ဆောင်လေး ဖြစ်ပြီး သူမ အနှစ်သက်ဆုံး လက်ဆောင်လည်း ဖြစ်ပေသည်။
"ဖန် ကျွန်မကို စောင့်နေပါ။ ကျွန်မ ရှင့်ကို နောင်ဘဝမှာ ကာကွယ်ပေးပါ့မယ်"
ထိုသို့ ပြောပြီး အန်းရှီက ဆံထိုးကို မြှောက်၍ သူမ နှလုံးသားရှိရာကို ထိုးချလိုက်သည်။
"မဟုတ်ဘူး"
စစ်ရှောင်ထျန်း၊ သခင်လေးစစ်နှင့် ကျုံးချမ်းတို့၏ မျက်နှာက ထိတ်လန့်တကြား ဖြစ်သွားသည်။
အမြဲ စကား နားထောင်တတ်သည့် အန်းရှီက သိပ်ကို ပြတ်သား၍ အကြောက်အလန့် ကင်းလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပါ။
သူတို့ သူမကို တားရန် ပြင်သော်လည်း နောက်ကျသွားချေပြီ။
သူမ ရင်ဘတ်မှ သွေးများ ပန်းထွက်လာသည်။
မိန်းမလှလေးတစ်ယောက်ကတော့ သေလုနီးပါး ဖြစ်နေလေပြီ။