နိုးထလာသော ပြိုင်စံရှားခန္ဓာကိုယ်
Vol. 8 Ch. 109
ဘုန်းခနဲ အသံနှင့်အတူ အန်းရှီ၏ သေးသွယ်သော ကိုယ်လေးက ကြမ်းပြင်ပေါ် လဲကျသွားကာ သွေးများက နေရာအနှံ့ ပျံ့ကြဲသွားသည်။
သူမ၏ မျက်နှာလေးက ဖြူရော်နေကာ သူမ၏ နှလုံးသားမှ သွေးများ စီးကျနေသောကြောင့် သူမ အဝတ်အစားများ ရဲရဲနီသွားသည်။
မိန်းမပျိုလေး သေလုမြောပါး ဖြစ်နေသည်။
စစ်ရှောင်ထျန်း၊ သခင်လေးစစ်နှင် ကျုံးချမ်းတို့ မှင်တက်ကသွားကြသည်။
အန်းရှီက ဤကဲ့သို့ ပြတ်သားသော စိတ်ဖြင့် အသေခံသွားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပါ။ သူမက တဏှာရာဂထက် သေဆုံးခြင်းကိုသာ ရွေးချယ်သွားပေသည်။
"ချီးပဲ"
ကျုံးချမ်းက စစ်ရှောင်ထျန်းအား သုန်မှုန်နေသော မျက်နှာဖြင့် မေးလိုက်သည်။
"မွေးစားအဖေ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ?"
"ီးပဲ … အဓိပ္ပာယ် မရှိလိုက်တာ .. မသာ ဖြစ်သွားမှာတော့ ဘာမှ စိတ်ဝင်စားစရာ မကောင်းဘူး .. မြန်မြန်.. တစ်ယောက်ယောက်ကို သွားလွှင့်ပစ်ခိုင်းလိုက်"
စစ်ရှောင်ထျန်းက သုန်မှုန်နေသော မျက်နှာနှင့် ညည်းတွားလိုက်သည်။
"တကယ့်ကို စောက်ရမ်း စိတ်ပျက်ဖို့ ကောင်းလိုက်တာ .. ကံဆိုးတာပဲ"
သူ့စကားကြောင့် ကျုံးချမ်းက သက်တော်စောင့်များကို ခေါ်၍ အန်းရှီကို ခေါ်ထုတ် သွားခိုင်းလိုက်သည်။
ထိုအချိန်မှာပင် အပြင်ဘက်မှ ဆူညံသံများ ပဲ့တင်ထပ်လာသည်။
"သခင်ကြီး"
သက်တော်စောင့်တစ်ယောက်က စစ်ရှောင်ထျန်းနား ပြေးလာရင်း အော်ခေါ်လိုက်သည်။
"သခင်ကြီး ကျူးကျော်သူ ရှိလာပါတယ်"
*ဘာ*
သူတို့ သုံးယောက် အံ့ဩ သွားကြသည်။
"ရန်သူက ဘယ်သူလဲ?"
"သေချာ မသိရသေးပါဘူး" ဟု သက်တော်စောင့်က ပြန်ပြောလိုက်သည်။
သက်တော်စောင့်၏ စကားကြောင့် စစ်ရှောင်ထျန်းနှင့် ကျန်နှစ်ယောက်တို့ လှောင်ရယ်လိုက်ကြသည်။
စစ်ရှောင်ထျန်းက အလွန် ယုံကြည်မှုရှိသည့်ဟန်ဖြင့် ပြောလိုက်သည်.
"ဟွန့် အကြောက်အလန့်ကင်းတဲ့ ဓားပြအုပ်စုပဲ နေမှာပါ။ စိတ်ပူမနေနဲ့ သွေးစွန်း ကြေးစား စစ်သည်အဖွဲ့က သူတို့ကို ရှင်းလိုက်လိမ့်မယ်"
သွေးစွန်း စစ်သည်အဖွဲ့သည် တရုတ်ပြည် တောင်ပိုင်း၏ ထိပ်တန်း ဆယ်ဖွဲ့ ထဲမှ တစ်ခုဖြစ်သည့်အတွက် သူတို့သည် ကျန်းရှီမြို့တွင် ပြိုင်ဘက်ကင်း ပေသည်။
စစ်ကလန်ကို ညဘက် လာဓားပြတိုက်လို့လည်း ထူးမခြားနားပင် ဖြစ်သည်။
သို့သော် စစ်ရှောင်ထျန်း၏ စကားအဆုံးတွင် နောက်ထပ် သက်တော်စောင့်တစ်ယောက် ပြေးလာကာ သတင်းပို့သည်။
"သွေးစွန်း ကြေးစား စစ်သည်အဖွဲ့က လူ ၂၃ သေသွားပါပြီ။ ရန်သူက တံခါးကို ဖြတ်ပြီး ခြံဝန်းထဲ ဝင်ရောက်လာပါပြီ"
*ဘာ*
စစ်ရှောင်ထျန်းတို့ သုံးယောက် ထိုင်နေရာကနေ ထိတ်လန့်တကြား ဖြစ်ကာ ထခုန်မိမတတ် ဖြစ်သွားသည်။
ရန်သူများစွာက စစ်ကလန်ကို တိုက်ခိုက်ရန် ကြိုးစားသော်လည်း သူတို့အားလုံးက သွေးစွန်း ကြေးစား စစ်သည်အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ချည်းပင်။ သို့သော်လည်း သူတို့ဘက်မှ တစ်ခါမှ အသေအပျောက် မရှိခဲ့ဖူးပါ။
သို့ဖြစ်ပါလျက် ယနေ့ သူတို့အဖွဲ့မှ လူ ၂၃ ယောက် သေသည်တဲ့လား။ ထင်မှတ်မထားသည့် အရေအတွက်ပင်။
သို့သော် ဤသည်ကား အစပင် ရှိသေးသည်။
"သခင်ကြီး သွေးစွန်း ကြေးစား စစ်သည် အဖွဲ့က လူ ၅၉ ယောက် သေသွားပါပြီ။ ရန်သူက ခြံဝန်းကို ကျော်ဖြတ်လာပါပြီ"
"သခင်ကြီး သွေးစွန်း ကြေးစား စစ်သည် အဖွဲ့က လူ ၈၇ ယောက် သေသွားပါပြီ။ ရန်သူက စင်္ကြံလမ်းကို ရောက်လာပါပြီ"
"သခင်ကြီး သွေးစွန်း ကြေးစား စစ်သည် အဖွဲ့က လူ ၁၀၁ ယောက် သေသွားပါပြီ။ ရန်သူက ဧည့်ခန်းမ တံခါးနား ရောက်လာပါပြီ"
သက်တော်စောင့်များက ကမူးရှူးထိုး အမူအယာများဖြင့် တစ်ယောက်ပြီး တစ်ယောက် သတင်းပို့လာကြသောကြောင့် သုံးယောက်သား မှင်တက်သွားကြသည်။
အစက သူတို့ အံ့ဩနေကြ သော်လည်း ထို့နောက် ကြောက်လန့်ကာ ပျာယာခတ် လာကြသည်။
သူတို့ လုံးဝကို မယုံနိုင်သေးပါ။
*မ … မဖြစ်နိုင်လိုက်တာ*
သူတို့ ပထမဆုံး သတင်းကို ကြားပြီးနောက် ငါးမိနစ်တောင် မကြာသေးသည့်အချိန်တွင် သွေးစွန်း ကြေးစား စစ်သည်အဖွဲ့က လူ ၁၀၁ ယောက် သေသွားချေပြီ။
*အိပ် ... အိပ်မက်ဆိုးလို ပါပဲလား*
"ချီးပဲ … ရန်သူက ဘယ်သူလဲ ။ ဘယ်လိုလုပ် သွေးစွန်း ကြေးစား စစ်သည် အဖွဲ့က ဆိုးဆိုးဝါးဝါး ရှုံးသွားရတာလဲ။ မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး"
စစ်ရှောင်ထျန်း အကြီးအကျယ် ဒေါသထွက်နေသည်။
ကျန်းရှီမြို့တွင် ဤမျှ အင်အားကြီးသည့်သူ ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပါ။ ငါးမိနစ်အတွင်းတွင် သွေးစွန်း ကြေးစား စစ်သည် အဖွဲ့တစ်ခုလုံး နီးပါး သုတ်သင်ခြင်း ခံလိုက်ရပေသည်။ မယုံကြည်နိုင် စရာပါလား။
သခင်လေးစစ်နှင့် ကျုံးချမ်းတို့ ကြောက်လန့်လာကာ သရဲသဘက်ကို တွေ့လိုက်ရသလို ဖြူရော်လာကြသည်။
ထို့နောက် တံခါးဝမှ တိုက်ပွဲသံများကို ကြားလိုက်ရသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် တိုက်ပွဲသံများမှ စူးရှစွာ အော်ဟစ်နေသော အသံသို့ ပြောင်းလဲသွားသည်။
အော်သံတစ်ခုချင်းစီတိုင်းက သရဲသဘက်အုပ်စု၏ အရှင်လတ်လတ် အရေခွံခွာခြင်းကို ခံရသကဲ့သို့ နင့်သည်းစွာ အော်ဟစ်နေကြသည်။
မျှော်လင့်ချက် ပျက်သုံးခြင်း။
ကြောက်လန့်ခြင်း။
ထိုအော်သံများက စက္ကန့်ပိုင်းမျှသာ ကြာမြင့်လိုက်သည်။ ထို့နောက် လုံးဝ တိတ်ကျသွားသည်။
စစ်ရှောင်ထျန်း၊ သခင်လေးစစ်နှင့် ကျုံးချမ်းတို့ နှလုံး ပေါက်ထွက်တော့မတတ် ခံစားနေရသည်။
ရှေးဟောင်း သားရဲ တိရိစ္ဆာန်ရိုင်းကြီးများ အတင်း ဝင်ရောက်လာမည်ကို စိုးရွံ့နေသကဲ့သို့ သူတို့ အားလုံး တံခါးကို စိုက်ကြည့်နေကြသည်။ အကြောက်တရားက သူတို့ကို ကြက်သီး တဖြန်းဖြန်း ထလာစေသည်။
ဘန်း!
ထိုစဉ် ဧည့်ခန်းမ၏ တံခါးက တစစီဖြစ်သွားကာ အိတ်ငါးအိတ်က ကြမ်းပြင်ပေါ်သို့ ပစ်ကျလာသည်။
"ဘာ… ဒါ... ဘာကြီးလဲ?"
ထိုအိတ်များက သွေးများဖြင့် ရွှဲရွှဲစိုနေသည်။
စိုရွှဲနေသော အိတ်များကို ကြည့်ပြီး စစ်ရှောင်ထျန်း မျက်ခုံးပင့်လိုက်မိပြီး သက်တော်စောင့်တစ်ယောက်ကို လက်ဟန်ခြေဟန် ပြလိုက်သည်။
ထိုသက်တော်စောင့်က တံတွေးကို မနည်းမျိုချကာ အိတ်များရှိရာသို့ သွားပြီး အိတ်တစ်အိတ်ကို ကြောက်ကြောက်လန့်လန့်ဖြင့် ဖွင့်လိုက်သည်။
အိတ်ကို ဖွင့်ပြီးသည်နှင့် သက်တော်စောင့်က ကြောက်လန့်တကြားနှင့် နောက်သို့ အသည်းအသန် ပြန်ဆုတ်လာသည်။
ထိုစဉ် အိတ်ထဲမှ များစွာသော ခေါင်းပြတ်များ လိမ့်၍ ထွက်လာသည်။
ထိုခေါင်းပြတ်များသည် သွေးစွန်း ကြေးစား စစ်သည် အဖွဲ့သားများ၏ ခေါင်းများပင် ဖြစ်၏။
…
စစ်ရှောင်ထျန်း ၊ သခင်လေးစစ်နှင့် ကျုံးချမ်းတို့ အလွန် အံ့အားသင့်သွားကြသည်။
အိတ်ငါးအိတ်၏ တစ်အိတ်ချင်းစီတိုင်းတွင် ခေါင်းပြတ် ၂၀ ကျော်ခန့် ရှိပြီး စုစုပေါင်း ခေါင်းပြတ် ၁၀၀ ကျော် ရှိသည်။
*ရွံ … ရွံဖို့ ကောင်းလိုက်တာ*
"နတ် … နတ်ဆိုး"
စစ်ရှောင်ထျန်း၏ မျက်နှာက ပြာနှမ်းလာကာ ကြမ်းပြင်ပေါ် လဲကျသွားသည်။
အိတ်ထဲတွင် သွေးစွန်း စစ်သည် အဖွဲ့၏ အဖွဲ့ခေါင်းဆောင်နှင့် ဒုတိယ အဖွဲ့ခေါင်းဆောင်တို့၏ ခေါင်းတို့ကိုပါ တွေ့လိုက်ရသည်။
အခန်းထဲရှိ လူတိုင်း သွေးပျက်ကာ စိတ်ပျက်လက်ပျက် ဖြစ်လာကြသည်။
ဤသည်ကား သွေးစွန်း ကြေးစား စစ်သည် တစ်ဖွဲ့လုံး၊ အဖွဲ့ဝင် ၁၁၉ ယောက်လုံး အသတ်ခံလိုက်ရခြင်း၏ လက္ခဏာပင် ဖြစ်သည်။
ဤမျှ သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းမျိုး စစ်ရှောင်ထျန်း တစ်သက်လုံး မမြင်ခဲ့ဖူးပါ။ သခင်လေးစစ်နှင့် ကျုံးချမ်းတို့က ပို၍သာ မမြင်ဖူးပေ။
ထိုစဉ် အိတ်များကို ကြည့်ရင်း သခင်လေးစစ်နှင့် ကျုံးချမ်းတို့ မအီမသာ ဖြစ်ကာ အသည်းအသန် အန်ကျလေတော့သည်။
သူတို့၏ ကြောက်လန့်နေသော အကြည့်များ အောက်တွင် ပိန်ပါးပါး လူငယ် တစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လာကာ သူ့နောက်တွင် အနက်ရောင် ဝတ်စုံနှင့် လူတစ်စုက လိုက်ပါလာသည်။
ထိုပိန်ပါးပါးလူငယ်ကို ကျုံးချမ်း ချက်ချင်း သတိပြုမိသွားကာ မယုံသင်္ကာ ဖြစ်သွားရသည်။
"ယဲ့ … ယဲ့ဖန်"
သူ အိပ်မက် မက်နေတာများလားဟု ကျုံးချမ်း သံသယ ဝင်မိလာသည်။ ယဲ့ဖန်က ထောင်ထဲမှာ သေနေရမှာကို ဘယ်လိုလုပ် အခုထိ အသက်ရှင်နေရတာလဲ။
"မဟုတ်ဘူး၊ မင်းက ဘာလို့ အခုထိ အသက်ရှင်နေရသေးတာလဲ။ ဒါ လုံးဝ မဖြစ်နိုင်ဘူး"
ကျုံးချမ်း နောက်သို့ တစ်လှမ်းပြီး တစ်လှမ်း ဆုတ်နေကာ မျက်နှာကလည်း ပြာနှမ်းလာသည်။
သို့သော်လည်း ယဲ့ဖန်က သူ့ကို လုံးလုံးလျားလျား လျစ်လျူရှုထားကာ ကြမ်းပြင်ပေါ် လဲကျနေသော အန်းရှီကိုသာ စိုက်ကြည့်နေသည်။
သူမ ရင်ဘတ်မှ ဆံထိုးလေးကို မြင်ပြီး ယဲ့ဖန်က ထိန်းမရနိုင်သော ကြမ်းတမ်းသည့် ချီဓာတ်ကို ထုတ်လွှတ်လိုက်သဖြင့် ဧည့်ခန်းအတွင်း လေဆင်နှာမောင်းသဖွယ် ဖြစ်ပေါ်လာသည်။ အနီးဝန်းကျင်ရှိ လူတိုင်း အေးစက်သော လေထု တိုက်ခတ်ခြင်းကို ခံလိုက်ရသည်။
အန်းရှီနားသို့ ယဲ့ဖန် ခြေတစ်လှမ်း လှမ်းလိုက်သော သူ၏ ချီဓာတ်က ပို၍ ကြမ်းတမ်းလာသည်။
တစ်မီတာ ကွာသွားတိုင်း သူ၏ မျက်လုံးများက ပို၍ သွေးဆာ လာကာ ဒေါသူပုန် ထတော့မည့် နတ်ဆိုး ဘုရင်နှင့် တူလာသည်။
ထို ကြမ်းတမ်းလှသည့် ချီဓာတ်ကြောင့် လူတိုင်း ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာသည်။
အန်းရှီရှေ့ သူ ရောက်သည်နှင့် ယဲ့ဖန် ရပ်လိုက်သည်။
သူ့လက်ဖဝါးနှစ်ဘက်လုံး တုန်ယင်လာကာ သူ့အသံကလည်း ကွဲအက်လာသလိုပင်။
"အန်းရှီ …"
ယဲ့ဖန် အန်းရှီကို ပွေ့ဖက်လိုက်သည်။
ထိုစဉ် ပုံမှန်မဟုတ်သော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။
အန်းရှီ၏ ကိုယ်မှ ရေခဲများက ယဲ့ဖန်ထံသို့ တိုးဝင်သွားသည်။ မျက်စိတစ်မှိတ်တွင်း ယဲ့ဖန် အေးခဲတော့မလို ဖြစ်သွားသည်။
ယဲ့ဖန် မှင်တက်သွားပြီးမှ သူ၏ ယူကြုံးမရသည့် စိတ်များ ပျောက်ကွယ်သွားကာ တက်ကြွ ပျော်ရွှင်လာသည်။
"ဆန်းကြယ် ရေခဲ ခန္ဓာကိုယ်"
"ဒါ ဆန်းကြယ် ရေခဲ ခန္ဓာကိုယ်ပဲ။ စကြဝဠာထဲက ထိပ်တန်း ပြိုင်စံရှား ခန္ဓာကိုယ် ဆယ်ခုထဲက တစ်ခုပဲ"