ချော်ရည်ကန်
Vol. 66 Ch. 911
“ကျွန်မ မခံနိုင်တော့ဘူး။ သခင်မလေး... ကျွန်မ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး”
ချော်ရည်ကန်နှင့် ဆယ်မိုင်အကွာသို့ ရောက်သောအခါ ယဉ်မျိုးနွယ်မှ အားနည်သော မိန်းမပျိုတစ်ယောက်က ရှေ့သို့ ဆက်မသွားဝံ့တော့ပေ။ သူမ၏ အဝတ်အစားများက ချွေးများဖြင့် ရွှဲကာ ကိုယ်တွင်ကပ်နေသဖြင့် ကျန်းရီသည် သူမ၏ ပြည့်တင်းသော တင်ပါးများကို နောက်မှ မြင်နိုင်နေလေသည်။ သူမ၏တစ်ကိုယ်လုံးက အားပြတ်နေပုံပေါ်သည်။ ထို့ပြင် သူမ အသက်ရှူထုတ်လိုက်တိုင်း အဖြူရောင်အငွေ့များ ထွက်နေပေသည်။
ရီချန်နှင့် ယဉ်ရို့ပင်းတို့သည်လည်း တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေကာ မောဟိုက်နေကြသည်။ အသက်မြန်မြန် ရှူနေရခြင်းကြောင့် သူမတို့၏ ရင်ဘက်လေးများက နိမ့်တုံမြင့်တုံ ဖြစ်နေပေသည်။ ကျန်းရီသည် ထိုမြင်ကွင်းကြောင့် နှာခေါင်းသွေးလျှံမလိုပင် ဖြစ်သွား၏။
ကျန်းရီသည်လည်း မသက်သာပေ။ သူသည် ယခုတွင် တောင့်ခံနိုင်နေသေးသော်လည်း ထိုသို့တောင့်ခံနိုင်သည်မှာ သူ၏ စိတ်ဓာတ်အင်အားနှင့် အပူအချို့ကို ကာပေးနိုင်သည့် သူ၏ နတ်ဘုရားဒိုင်းတို့ကြောင့်သာ ဖြစ်သည်။ ထိုချော်ရည်ကန်ရှိ ချော်ရည်များက မီးတောင်မှ ချော်ရည်များထက် အနည်းဆုံး ဆယ်ဆပိုပူပေလိမ့်မည်။
“မခံနိုင်တော့ဘူးဆိုရင် မိုင်နှစ်ဆယ် ပြန်ဆုတ်ပြီး ကျွန်မကို စောင့်နေပါ”
ယဉ်ရို့ပင်းက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ အမျိုးသမီးခုနစ်ဦးသည် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားကြ၏။ ကျန်နေသေးသော အထွတ်အထိပ် ကောင်းကင်ဧကရာဇ်သုံးပါကမူ နောက်ပြန်မဆုတ်ဝံ့ပေ။ သူမတို့သည် ယဉ်ရို့ပင်း၏ လုံခြုံရေးကို တာဝန်ယူထားရသည် မဟုတ်ပါလား။
ယဉ်ရို့ပင်းက ကျန်းရီကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“သခင်လေးပိုင်ရီ... တကယ်လို့ သခင်လေး တောင့်မခံနိုင်တော့ဘူးဆိုရင် နောက်ပြန်ဆုတ်ပြီး ကျွန်မတို့ကို စောင့်နေနိုင်ပါတယ်။ စိတ်မပူပါနဲ့... ကျွန်မ သခင်လေးကို ပေးထားတဲ့ကတိကို တည်မှာပါ။ ကျွန်မ မြေကြယ်ကြာပွင့်နဲ့ မီးမြွေသစ်ခွတို့ကို ရှာတွေ့ခဲ့ရင် သခင်လေးကို ပေးမှာပါ”
ကျန်းရီ ပြုံးကာ ပြန်ပြောလိုက်သည်။
“ကျွန်တော် ဆက်သွားနိုင်ပါသေးတယ်။ လုံးဝဆက်မသွားနိုင်တော့မှပဲ ကျွန်တော် နောက်ပြန်ဆုတ်ပါမယ်”
“ဒါဆိုလည်း သွားကြစို့...”
ရီချန်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ သို့ဖြင့် သူတို့ ရှေ့သို့ ဆက်သွားလိုက်ကြသည်။ အရှေ့သို့ သုံးမိုင်ဆက်သွားပြီးနောက် ဝိညာဉ်လေများ လျော့ပါးလာသော်လည်း အပူချိန်က ပိုမြင့်လာပေသည်။ ရီချန်က ရပ်လိုက်ပြီး ကျန်းရီကို ကြည့်၍ ပြောလိုက်သည်။
“အရှေ့ကို ထောက်လှမ်းလိုက်ပါ”
“ကောင်းပါပြီ...”
ကျန်းရီ အံကြိတ်၍ တင်ပျဉ်ခွေ ထိုင်လိုက်၏။ သူသည် ကောင်းကင်နားလည်သိမြင်ခြင်းကို အရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ပတ်ဝန်းကျင်ကို ထောက်လှမ်းပြီးနောက် သူ မျက်လုံးများ လျင်မြန်စွာ ဖွင့်ကာ ပြောလိုက်၏။
“အရှေ့ဘက် မိုင်(၃၀)အကွာလောက်ကနေပြီး လူတချို့လာနေတယ်။ အဲ့ဒါက သခင်လေးရှီးဖေးတို့ပဲ... သူက လူနှစ်ဆယ် ခေါ်လာတယ်”
“သွားကြစို့...”
ရီချန်နှင့် ယဉ်ရို့ပင်းတို့သည် အစိမ်းရောင်ဆေးလုံးတစ်လုံးစီကို တစ်ပြိုင်တည်းထုတ်ကာ သောက်လိုက်၏။ အစ်မရှင်းနှင့် အခြားနှစ်ယောက်ကလည်း အစိမ်းရောင်ဆေးလုံးတစ်လုံးစီ ထုတ်၍ သောက်လိုက်ကြသည်။ သူမတို့အားလုံး ချက်ချင်း ချွေးထွက်ရပ်သွား၏။ ထို့နောက် သူမတို့သည် ကျန်းရီကို အရေးမစိုက်တော့ဘဲ သက်တန့်များအလား လျင်မြန်သောအရှိန်ဖြင့် ရှေ့ဆက်သွားလိုက်ကြလေသည်။
“အဲ့ဆေးလုံးက ဘာလဲ။ အဲ့ဒါက တကယ်ပဲ မီးဓာတ်ကို ခံနိုင်တာလား”
ကျန်းရီ အံ့အားသင့်သွားသည်။ သို့သော် သူ နောက်ပြန်မဆုတ်လိုက်ပေ။ သူသည် ကောင်းကင်နားလည်သိမြင်ခြင်းဖြင့် ထပ်မံ ထောက်လှမ်းလိုက်ပြီး မီးဝိညာဉ်ပုလဲကို မသိမသာ ထုတ်လိုက်သည်။ ထို့နောက် သူ ချော်ရည်ကန်ဆီသို့ လျင်မြန်စွာ သွားလိုက်လေသည်။
မမျှော်လင့်ဘဲ ရှီးဖေး ရောက်လာသဖြင့် ကျန်းရီ အတော်လေးစိုးရိမ်နေသည်။ အကယ်၍ မီးမြွေသစ်ခွက ရှီးဖေးလက်ထဲ ပါသွားလျှင် ဤခရီးက အချည်းနှီးဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူသည် ယဉ်ရို့ပင်းကိုသာ အားကိုးနေ၍ မဖြစ်ပေ။ ကူကယ်ရာမဲ့ အခြေအနေတစ်ခုတွင် သူသည် အရာအားလုံးကို ရင်း၍ မီးမြွေသစ်ခွကို ရအောင် ယူရမည်ဖြစ်သည်။ မင်းသမီးချမ်ချမ်သည် သူမ၏အသက်အတွက် မီးမြွေသစ်ခွကို စောင့်နေပေသည်။
ကျန်းရီသည် မီးဝိညာဉ်ပုလဲကြောင့် မြင့်မားသော အပူချိန်ကို မခံစားရတော့ချေ။ ထို့ပြင် ချော်ရည်ကန်အနီးတွင် ဝိညာဉ်လေများလည်း ပါးလျသဖြင့် သူ ကြောက်စရာမလိုဘဲ သွားနိုင်နေသည်။ သူသည် မြောက်ဘက်သို့ ဝိညာဉ်မြေခွေးတစ်ကောင်ကဲ့သို့ သွားနေ၏။ သူသည် အားလုံးနှင့် လမ်းလွှဲပြီးနောက် ချော်ရည်ကန်ဆီသို့ သွားလိုက်လေသည်။
ချော်ရည်ကန်က ကြီးမားပြီး အနည်းဆုံး အချင်းဝက် မိုင်သုံးဆယ်ရှိပေသည်။ ရီချန်တို့က အရှေ့ဘက်တွင် ရှိသည်။ ရှီးဖေးတို့က အနောက်ဘက်မှ ရောက်လာနိုင်သည်။ ထို့ကြောင့် ကျန်းရီက မြောက်ဘက်မှနေ၍ ချော်ရည်ကန်သို့ သွားလိုက်ခြင်းပင်။
ကျန်းရီသည် အပူချိန်ကို မှုစရာမလိုသဖြင့် အားလုံးထက် ပိုမြန်မြန် သွားနိုင်နေ၏။ ရီချန်တို့သည် မြင့်မားသော အပူချိန်က သူမတို့၏ နတ်ဘုရားဒိုင်းများကို ပျက်စီးသွားစေမည်ဆိုသဖြင့် အလွန်မြန်မြန် မသွားဝံ့ကြပေ။
ကျန်းရီသည် ချော်ရည်ကန်၏ မြောက်ဘက်ရှိ ကျောက်တုံးကြီးတစ်တုံးနောက်တွင် ပုန်းအောင်းကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်နားလည်သိမြင်ခြင်းကိုသုံး၍ အခြေအနေကို အကဲခတ်လိုက်၏။
ချော်ရည်ကန်က တည်ငြိမ်နေပြီး ကန်ထဲတွင် မည်သည့်အရာမှ ရှိမနေပေ။ ဝိညာဉ်ဆေးပင်များလည်း မရှိချေ။ ရီချန်တို့က အရှေ့ဘက်ရှိ ကျောက်တုံးကြီးတစ်တုံးအနောက်တွင် ပုန်းအောင်းနေကြသည်။ သူမတို့သည် ဆေးလုံးများ သောက်ထားသဖြင့် အပူကို မခံစားကြရပေ။ သူမတို့သည် တည်ငြိမ်သော မျက်နှာထားများဖြင့် ချော်ရည်ကန်၏အလယ်ကို စိုက်ကြည့်နေကြ၏။ သူမတို့က တစ်စုံတစ်ခုကို စောင့်မျှော်နေပုံပင်။
မကြာခင်မှာပင် အခြားတစ်ဘက်၌ ရှီးဖေးတို့လူစု ရောက်ရှိလာပေတော့မည်။ ရှီးဖေးသည် အထွတ်အထိပ် ကောင်းကင်ဧကရာဇ်များစွာကို ဦးဆောင်လာ၏။ သူတို့သည်လည်း မြင့်မားသော အပူချိန်ကို မကြောက်ကြသဖြင့် အပူကာဆေးလုံးများကို သောက်လာခြင်း ဖြစ်နိုင်ပေသည်။
“မီးမြွေသစ်ခွက ဘယ်မှာလဲ”
ကျန်းရီ တိတ်တဆိတ် တွေးလိုက်၏။ ရီချန်တို့က မလှုပ်ရှားသဖြင့် သူလည်း မလှုပ်ရှားဝံ့ဘဲ တိတ်တဆိတ်သာ စောင့်နေရလေသည်။ သူသည် ရီချန်တို့နှင့် မိုင်များစွာ ဝေး၏။ ဤဒေသအတွင်းရှိ ကောင်းကင်စိတ်အာရုံ အကန့်အသတ်များကြောင့် မည်သူမှ သူ့ကို မတွေ့နိုင်လောက်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က အထူးစွမ်းရည်တစ်ခုရှိ၍ သူ့ကို တွေ့သွားလျှင်ပင် သူ အရေးစိုက်မည် မဟုတ်ချေ။ ဤအချိန်တွင် မီးမြွေသစ်ခွကသာ သူ့အတွက် အရေးကြီးဆုံးဖြစ်သည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာ၏။ နောက်ဆုံးတွင် ရှီးဖေးနှင့် သူ့လူများ ရောက်ရှိလာလေသည်။ သူတို့သည်လည်း မဆင်မခြင် မလှုပ်ရှားကြဘဲ ကန်အနောက်ဘက်ရှိ တောင်ကြားလေးတစ်ခုထဲတွင် ပုန်းအောင်းနေကြသည်။ သူတို့၏ ကောင်းကင်စိတ်အာရုံများကမူ ချော်ရည်ကန်ကို အာရုံစိုက်ထားကြလေသည်။
ကျန်းရီသည် သူတို့ကို ဆက်အာရုံမစိုက်တော့ဘဲ ကောင်းကင်နားလည်သိမြင်ခြင်းကိုသုံး၍သာ ချော်ရည်ကန်ကို အကြိမ်များစွာ စူးစမ်း၍ မီးမြွေသစ်ခွကို ရှာဖွေလိုက်သည်။
ဤကန်အတွင်းရှိ ချော်ရည်များက မီးတောင်မှ ချော်ရည်များဖြင့် အမှန်ပင် ကွာခြားပေသည်။ ဤနေရာရှိ ချော်ရည်များက ကောင်းကင်စိတ်အာရုံများကို ဟန့်တားနိုင်သည်။ ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းသည်ပင် ချော်ရည်အနက် မီတာ(၃၀)အထိသာ ထောက်လှမ်းနိုင်လေသည်။ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ကောင်းကင်နားလည်သိမြင်ခြင်းနှင့် အာရုံခံသည်ကိုပင် အမှောင်ထုကိုသာ ခံစားရပေသည်။
ဗွက်...ဗွက်...ဗွက်...
ရုတ်တရက် ချော်ရည်ကန်အလယ်က စတင် ပွက်လာပြီး ချော်ရည်များ တဖြည်းဖြည်း ပန်းထွက်လာလေသည်။ ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းဖြင့် ပတ်ဝန်းကျင်ကို ချက်ချင်း အာရုံခံလိုက်၏။ ရီချန်၊ ယဉ်ရို့ပင်း၊ ရှီးဖေးနှင့် အခြားသူများအားလုံး စတင်လှုပ်ရှားပေပြီ။ သို့သော် သူတို့သည် ချော်ရည်ကန်ထဲသို့ သွားခြင်းမဟုတ်ဘဲ နောက်သို့ ဆုတ်သွားခြင်းပင်။ သူတို့သည် မိုင်ပေါင်းများစွာအကွာအထိ လျင်မြန်စွာ ဆုတ်သွားကြ၏။
“ဘာတွေ ဖြစ်နေတာလဲ”
ကျန်းရီ နားမလည်နိုင် ဖြစ်နေပြီး ဆက်နေရမည်လော သို့မဟုတ် နောက်ဆုတ်ရမည်လောကို ဝေခွဲမရဖြစ်နေသည်။
ဝုန်း...
မကြာခင်တွင် အဘယ်ကြောင့် အားလုံးက နောက်ဆုတ်သွားခြင်းဖြစ်ကြောင်း ကျန်းရီ နားလည်သွားသည်။ ချော်ရည်ကန်အလယ်မှနေ၍ ဧရာမ မီးလျှာကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ထဲသို့ ချော်ရည်များ ဖြန့်ကျဲလိုက်သည်။ ချော်ရည်မိုး ရွာကျလာကာ ကျန်းရီကို ချော်ရည်များ ထိမှန်သွားလေသည်။
ရှဲ...ရှဲ...
ကျန်းရီ၏ နတ်ဘုရားဒိုင်းက ချက်ချင်း ပျက်စီးသွား၏။ သို့သော် သူ့တွင် မီးဝိညာဉ်ပုလဲရှိနေသဖြင့် သူ မည်သည့်ဒဏ်ရာမှ မရလိုက်ချေ။ ချော်ရည်များ ပန်းထွက်လာသောအခါ သူ ဝမ်းသာသွား၏။ အကယ်၍ ဤနေရာတွင် ချော်ရည်မဟုတ်ဘဲ အခြားကြောက်မက်ဖွယ်အရာများ ပန်းထွက်လာခြင်းသာ ဖြစ်ပါက ယခု သူ သေသွားလောက်ပေပြီ။
“အန်..အဲ့ဒါက...”
ကျန်းရီ၏ တုံ့ပြန်မှုက အလွန်လျင်မြန်၏။ သူသည် သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေသည့် ချော်ရည်များကို လျစ်လျူရှုကာ ကောင်းကင်းနားလည်သိမြင်ခြင်းကို ဆန့်ထုတ်၍ အာရုံခံလိုက်၏။ ရီချန်နှင့် ယဉ်ရို့ပင်းတို့က တစ်ပြိုင်တည်း လှုပ်ရှားနေပေပြီ။ ရှီးဖေးကလည်း သူ့လူများကို ဦးဆောင်၍ ထက်ရှသော ဓားတစ်ချောင်ကဲ့သို့ ပျံသန်းလာပြီဖြစ်သည်။ အားလုံး၏ မျက်လုံးများက ချော်ရည်များနှင့်အတူ ထွက်လာသော ရဲရဲတောက်နေသည့် ကြာပွင့်တစ်ပွင့်ကို စိုက်ကြည့်နေကြပေသည်။
“အဲ့ဒါက မြေကြယ်ကြာပွင့်လား”
ကျန်းရီ မလှုပ်ရှားလိုက်ပေ။ သူ့တွင် မီးမြွေသစ်ခွ၏ ပုံတူပန်းချီရှိ၏။ ယင်းကြာပွင့်က မီးမြွေသစ်ခွ မဟုတ်ချေ။ ထို့ကြောင့် သူသည် ၎င်းအတွက် တိုက်ခိုက်နေမည် မဟုတ်။ သူသည် ကောင်းကင်နားလည်သိမြင်ခြင်းကို သုံး၍သာ အခြားသူများ တိုက်ခိုက်သည်ကို ကြည့်မည်ဖြစ်သည်။
“ဟားဟားဟား... ရီချန်၊ ယဉ်ရို့ပင်း... မင်းတို့ သခင်မလေးနှစ်ယောက်ကလည်း ဒီမှာရှိနေတာလား။ တောင်းပန်းပါတယ်... ဒီမြေကြယ်ကြာပွင့်က ငါ့ဟာပဲ”
ရှီးဖေးသည် ဧရာမဦးခေါင်းခွံကြီးတစ်ခုအပေါ် တက်၍ သက်တန့်တစ်စင်းကဲ့သို့ ပျံသန်းသွားလေသည်။ သူ့အနောက်ရှိ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ခုနစ်ပါးကလည်း တစ်ပြိုင်တည်း လှုပ်ရှားလိုက်သည်။ သူတို့သည် ရီချန်တို့ ရှေ့ဆက်မတိုးနိုင်ရန် အာကာပြင်ကို အတန်ငယ် တုန်ခါသွားအောင် လုပ်လိုက်ခြင်းသာ။ သူတို့သည် ထိုသခင်မလေးနှစ်ယောက်ကို မသတ်ဖြတ်ဝံ့ကြပေ။
“ဟွန်း... ရှီးဖေး၊ ဘာတွေ ပြောနေတာလဲ... ရှင်က အဆင့်မမီသေးဘူး”
ရီချန်က နှာမှုတ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်ရာ မိုးကြိုးအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ခုနစ်ပါးထံ ပျံဝင်သွားလေသည်။ ထိုခုနစ်ပါးသည် အလွန်တုန်လှုပ်သွားသဖြင့် နောက်သို့ အသည်းအသန် ပြန်ဆုတ်လိုက်ကြ၏။ အစ်မရှင်းသည်လည်း သူမ၏ အဝါဖျော့ရောင် နတ်ဘုရားဒိုင်းကို တောက်ပလာအောင် လုပ်လိုက်ကာ ယဉ်ရို့ပင်း၏ အရှေ့မှနေ၍ ကာလိုက်သည်။ ယဉ်ရို့ပင်း၏ လက်ထဲတွင်မူ သေးငယ်သော အနီရောင်လေးတစ်စင်း ထွက်ပေါ်လာပေသည်။ သူမသည် ကြယ်မြေကြာပွင့်ကို ယူတော့မည့် ရှီးဖေးထံသို့ မျှားတစ်စင်း ပစ်လွှတ်လိုက်လေသည်။
ရှီးဖေးသည် သူ၏အရှေ့တွင် အနီရောင်အလင်းတစ်ချက် လက်သွားသည်ကို တွေ့လိုက်သဖြင့် သူ့လက်ကို ကြောက်ရွံ့တကြီး ပြန်ရုတ်လိုက်သည်။ သူသည် သူ့ခြေထောက်ရောက်ရှိ ဧရာမဦးခေါင်းခွဲကြီးကို ဆုပ်ကိုင်ကာ သူ့ခန္ဓာကိုယ်အရှေ့တွင် ကာလိုက်ပြီး အော်ပြောလိုက်သည်။
“နတ်ဘုရားပစ်လေးလား၊ ယဉ်ရို့ပင်း... မင်းက တော်တော်ရက်စက်တာပဲ”
ဝုန်း...ဝုန်း...ဝုန်း...
အစ်မရှင်းအနောက်ရှိ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်နှစ်ပါးကလည်း တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။ ရီချန်လည်း ရှိနေသဖြင့် သူမတို့သည် ရှီးဖေးနှင့် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ခုနစ်ပါးကို ပြင်းထန်စွာ ပြန်တိုက်ခိုက်နိုင်နေပေသည်။ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများက အောက်ဘက်ရှိ ချော်ရည်များကို ပေါက်ကွဲသွားစေနေ၏။ မူလက တည်ငြိမ်နေခဲ့သော ချော်ရည်ကန်သည် ယခုတွင် လှိုင်းထန်နေပေပြီ။
“သွား...”
ရီချန်၏ လက်ထဲတွင် အနက်ရောင်လက်အိပ် ထွက်ပေါ်လာ၏။ သူမသည် လွန်စွာလျင်မြန်သောအရှိန်ဖြင့် မြေကြယ်ကြာပွင့်ကို ရုတ်ခြည်း ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူမသည် မိုးကြိုးတန်းအနည်းငယ် ထပ်ပစ်လွှတ်လိုက်ကာ လက်ဝှေ့ယမ်း၍ အော်ပြောလိုက်၏။
“ပြန်ဆုတ်ကြ...”
ဝှစ်...ဝှစ်...ဝှစ်...
ယဉ်ရို့ပင်းကလည်း သူမ၏လေးကို ဆွဲ၍ အနီရောင်အလင်းတန်းအနည်းငယ် ထပ်မံပစ်လွှတ်လိုက်သည်။ ထို့ကြောင့် ရှီးဖေးနှင့် သူ့လူများက ထပ်မံ၍ ခုခံလိုက်ရလေသည်။ ထို့နောက်ချက်ချင်းပင် အစ်မရှင်းသည် အရှေ့တွင် နေရာယူလိုက်ပြီး အားလုံးကို ဘေးကင်းကင်းဖြင့် နောက်ပြန်ဆုတ်စေလိုက်၏။
“ဟားဟားဟား...”
မြေကြယ်ကြာပွင့် အလုခံလိုက်ရသော်လည်း ရှီးဖေးသည် ဒေါသမထွက်သွားဘဲ ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး လက်ဝှေ့ယမ်းကာ သူ့လူများကို ဆက်မလိုက်ရန် အချက်ပြလိုက်၏။ ထို့နောက် သူ အော်ပြောလိုက်သည်။
“မင်းတို့ သခင်မလေးနှစ်ယောက်က တကယ့်ကို အစွမ်းထက်ပါပေတယ်။ ငါ ရှီးဖေး အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့... နောက် ထပ်ပေါ်လာမယ့် ဝိညာဉ်ဆေးပင်တွေ အကုန်လုံးကိုတော့ ငါပဲ ယူမယ်”
***