ဒြပ်ငါးမျိုး ကင်းမဲ့နယ်၏ လက်ပတ် ရောင်းချမှု
Vol. 10 Ch. 130
ကိစ္စအားလုံးက ငြိမ်ကျ သွားသောအခါ မိုဝူကျီက သူ့သိုလှောင်အိတ်ကို နောက်တစ်ကြိမ် ထုတ်ယူ လိုက်သည်။ သူက သိုလှောင်အိတ် အလိုရှိနေသည်မှာ ကြာလှပြီ ဖြစ်ကာ နောက်ဆုံးတော့ သူ့ဆန္ဒ ပြည့်လာခဲ့လေပြီ။
သိုလှောင်အိတ် မွမ်းမံရန် အတွက် မိုဝူကျီက ကျန်းရှောက်ခယ်ကို မေးဖို့ရာ အခွင့်အရေး မရခဲ့ပေ။ ထို့ကြောင့် သူ့ဘာသာ ဖော်ထုတ် ကြည့်ရမည်။ ကျန်းရှောက်ခယ်က သူ ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ထိ ရောက်မှသာ သိုလှောင်အိတ်ကို အသုံးပြု နိုင်လိမ့်မည်ဟု ပြောခဲ့ဖူး၏။ သို့သော်လည်း မိုဝူကျီက တခြားအရာကို တွေးမိလိုက်သည်။ သူ့တွင် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်မှ စိတ်စွမ်းအား ရှိနေသည်လော.....
မိုဝူကျီ၏ စိတ်ဝိညာဉ် ဆန္ဒက ထိုးဖောက်နိုင်စွမ်း ရှိသည်။ သူက ထိုပစ္စည်းမျိုးကို အရင်က မမွမ်းမံ ဖူးသော်လည်း သူ့စိတ်ဝိညာဉ် ဆန္ဒက သိုလှောင်အိတ်နှင့် ထိတွေ့မိသည့် အခိုက်အတန့်တွင် အမှတ်အသား တွေ့လိုက်ရသည်။ မစဉ်းစားတော့ဘဲ သူက ချက်ချင်းပင် ထိုအမှတ်ကို မွမ်းမံ လိုက်သည်။ နာရီဝက်အကြာတွင် မိုဝူကျီက ကိုယ်ပိုင် အမှတ်အသား ပြုလုပ်၍ ပြီးစီးသွားခဲ့လေပြီ။
ထိုစဉ် မိုဝူကျီက ထိုသိုလှောင်အိတ်သည် အခုမှ အမှန်အကန် သူပိုင်ဆိုင်သွားသည့် အလား ခံစားလိုက်ရ၏။ အကယ်၍ တစ်ယောက်ယောက် စိတ်စွမ်းအား ဝင်လာခဲ့ပါက သူအနေနှင့် သိရှိနေပြီ ဖြစ်၏။ တစ်ဆက်တည်းပင် မိုဝူကျီက ကျန်းရှောက်ခယ်သည် စိတ်စွမ်းအားကို သုံး၍ ထိုသိုလှောင်အိတ်ကို ထိန်းချုပ်၍ ရသည်ဟု ပြောခဲ့ခြင်းကိုလည်း နားလည်သွားခဲ့သည်။ ထိုသိုလှောင် အိတ်ကား ကျင့်ကြံဆင့်နိမ့်သူများ အသုံးပြုသော လှည့်ကွက် တစ်ကွက် ဖြစ်လေသည်။
လူအမျိုးမျိုးက မတူညီသော စိတ်စွမ်းအားများ ပိုင်ဆိုင်ကြပြီး အချို့ လူများက တခြား သူများထက်လည်း ပိုအားကောင်း နိုင်သည်။ ထိုအားကောင်းသော စိတ်စွမ်းအားနှင့် လူများက သိုလှောင် အိတ်အတွင်းက ပစ္စည်းများကို ထိန်းချုပ် နိုင်ကြလိမ့်မည်။ အားနည်းသော သူများက သိုလှောင်အိတ်ကို သုံးရန် သူ့တို့၏ ယွမ်အားကို အသုံးပြုကြရမည်။ သိုလှောင်အိတ်လို ပစ္စည်းတစ်ခု အတွက် ယွမ်အားကို ကြာရှည်စွာ အသုံးပြုလေလေ သက်တမ်းတိုလေ ဖြစ်၏။
အကယ်၍ တစ်ယောက်က ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ ရောက်ပြီး စိတ်စွမ်းအား မကျင့်ကြံရသေးသည့်သူပင် သိုလှောင်အိတ်ကို မွမ်းမံနိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မည်။ သိုလှောင်အိတ်ကို မွမ်းမံလိုက်သည်နှင့် အထဲရှိ ပစ္စည်းများကို ထိန်းချုပ်ရ ပိုလွယ်ကူသွားပေသည်။
မိုဝူကျီက သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ စိတ် ဝိညာဉ် ဆန္ဒသည် ကြီးမြတ်သော အရာ ဖြစ်သည်။ သူ့စိတ်ဝိညာဉ် ဆန္ဒမရှိလျှင် သူသည် အဆင့်သုံး ဆေးလုံးဆရာ မဖြစ်နိုင်ချေ။ ထို့အပြင် သံမဏိ အမြုတေ ဗောဓိ အသီးကိုလည်း သန့်စင်နိုင်မည် မဟုတ်သလို သိုလှောင်အိတ်ကိုလည်း ကောင်းစွာ သုံးနိုင်မည် မဟုတ်ပေ။
သိုလှောင်အိတ်ကို သိမ်းထားပြီးနောက် မိုဝူကျီက ဒြပ်ငါးမျိုး ကင်းမဲ့နယ် လက်ပတ်တွေ ပါနေသော ရွှေပိုးအိတ်ကို ထုတ်လိုက်သည်။ သူ့တွင် အစပိုင်းက စုစုပေါင်း ၅၁ ခုရှိကာ ကျန်းရှောက်ခယ် အတွက် ၂၅ခု၊ ယန်ချင်ယင်အတွက် ၄ခု ၊ ချူဝမ်အာက ၁ ခုနှင့် သူ့အတွက် ၁ ခု သိမ်းဆည်း ထားပြီးနောက်တွင် သူ့တွင် ၂၀ ကျန်နေသေး၏။
ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ထား၍ မိုဝူကျီသည် များစွာသော လူများက ထိုလက်ပတ်များကို အလိုရှိနေကြောင်း ပြောနိုင်၏။ အနည်းဆုံး လာရောက်သူ လူသိန်းချီ ရှိကာ ပုံမှန်လူများကလည်း ရှိနေသေးသည်။ လက်ပတ်ပေးသည့် အရေအတွက် စုစုပေါင်းက ထောင်ဂဏန်းသာ ဖြစ်ရာ ပေးနိုင်သည့် လက်ပတ်ထက် များစွာ အလိုရှိနေကြသည်။
သူ့တွင် ရှိနေသော လက်ပတ် ၂၀ ကား ကံကောင်း လာစေလိမ့်မည်။ ထိုလက်ပတ်များကို သူ့လိုအပ်နေသည့် ပစ္စည်းများ ဖြစ်လာဖို့အတွက် မိုဝူကျီက ကျန်းရှောက်ခယ် အကြံကို နားထောင်ရန် ဆုံးဖြတ် လိုက်တော့သည်။ ထို့အပြင် ကျန်းရှောက်ခယ်မှာ သူ့ထက်စာလျှင် စီးပွားရေး အတွေ့အကြုံ များစွာ ရှိလေသည်။
“စီနီယာ အစ်ကိုမို အိမ်တော် သခင်လေးက လူတစ်ယောက် ခေါ်လာပြီး အစ်ကိုအားလား မေးနေတယ်....” မိုဝူကျီက ကျန်းရှောက်ခယ်ကို ရှာခါနီးတွင် ဖေးပင်းကျူက ကျန်းရှောက်ခယ် ရောက်နေကြောင်း လာပြောပြလေသည်။
“ပင်းကျူ မင်းက အလုပ်ကြိုးစားလွန်းတယ် သွားပြီးတော့ နားဦးလေ....” မိုဝူကျီက ကျန်းရှောက်ခယ် ရောက်လာသည့် အကြောင်းမှာ လက်ပတ်များအတွက် ဖြစ်ကြောင်း မှန်းဆမိသည်။
ဖေးပင်းကျူက ရယ်မောရင်း စိတ်အားထက်သန်စွာ ပြန်ပြောလိုက်သည် “ကျွန်တော်က လုံးလုံး မပင်ပန်းပါဘူး။ မှန်မှန်ပြောရရင် ကျွန်တော့်အတွက် ဒီနေ့လိုမျိုး ရောက်လာမယ်လို့ကို ထင်မထားမိဘူး။ အိမ်တော်သခင်လေးက ကျွန်တော် လေ့ကျင့်လို့ရအောင် ရတနာ သေမျိုး ကျင့်စဉ် တစ်ခု ပေးထားတယ် ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ရောက်ဖို့က ကျွန်တော့်ရဲ့ ရည်မှန်းချက်ပဲ....”
မိုဝူကျီက ရယ်မောစွာ ပြောလိုက်သည် “မင်းက ရည်မှန်းချက် အကြီးကြီး မထားဘူးပဲ စိတ်မပူနဲ့ ငါ ဒြပ်ငါးမျိုး ကင်းမဲ့နယ်က ပြန်ရောက်လာရင် ငါတို့ရည်မှန်းချက်တွေက အခုထက် အများကြီး မြင့်လာမှာပါ....”
မိုဝူကျီက ကျန်းရှောက်ခယ်သည် သူ့ကို မျက်နှာသာ ပေးချင်သည့်အတွက် ဖေးပင်းကျူကို ကျင့်စဉ် ပေးထားမှန်း သိ၏။ အပေးအယူ မည်သို့ လုပ်ရန် သိသောသူသည် မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်ပေ၏။
“ကျွန်တော် ယုံတယ်...” ဖေးပင်းကျူက ဆုံးဖြတ်ချက်နှင့် ခေါင်းကို ညိတ်လိုက်ပြီး ဘေးမှာ ရပ်နေလေ၏။
မိုဝူကျီနှင့်အတူ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းမှ ထွက်ပြေးလာစဉ်က အနာဂတ်သည် မည်သို့ ဖြစ်လာမည်မှန်း မစဉ်းစားဖူးပေ။ သို့သော်လည်း မိုဝူကျီက ပြင်းပြသော စိတ်ဆန္ဒ ရည်မှန်းချက် ရှိသူ ဖြစ်ကာ စီနီယာ အစ်ကိုမိုနောက်သာ လိုက်ပါက သူတွင်လည်း ကြီးမားသည့် အနာဂတ် ရှိလာနိုင်သည်။ ဆေးလုံး ပြိုင်ပွဲတွင် လူ ဘယ်လောက်များများက ယှဉ်ပြိင်ပြီး ထိပ်ဆုံး အယောက် ၁၀၀ထဲ ပါလို့လဲ.... မဟုတ်သေးပေ ဂိုဏ်း ဘယ်လောက်များများကရော ထိပ်ဆုံး ၁၀၀ ထဲ ပါလို့လဲ သို့သော် စီနီယာ အစ်ကိုမိုက ထိပ်ဆုံး ၅၀ ထဲ ပါဝင်သေး၏။
လွန်ခဲ့သည့် နှစ်ဝက်ခန့်က သူသည် အခြားသော လူများနှင့် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲ အကြောင်း ဆွေးနွေးနေကြဆဲ ဖြစ်ကာ ယခုတွင် သူက ပြိုင်ပွဲတွင် ကိုယ်တိုင် ယှဉ်ပြိုင်နိုင်ခဲ့လေပြီ။ အကယ်၍ သူ့ကျင့်ကြံဆင့်က နည်းနည်း ပိုမြင့်ပါက သူသည်လည်း ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲသို့ ဝင်နိုင်လိမ့်မည်။ ကောင်းကင် တပည့်များတောင် အလွယ်တကူ ရရှိနိုင်သော နေရာ မဟုတ်ပေ။ သူက ထိုအခွင့်အရေးကို ရရန် စီနီယာ အစ်ကိုမိုကို နှုတ်ဆက်ရုံသာ ဖြစ်သည်။
သူ့ကျင့်ကြံဆင့်က အရမ်းနိမ့်နေသည့် အတွက် ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ခြင်းသည် သေခြင်းတရားကို ရှာနေသည်နှင့် တူနေခြင်းက နှမြောဖွယ် ဖြစ်သည်။
“ဝူကျီ မင်းကို အနှောင့်အယှက်များ ပေးမိသွားလား...” ကျန်းရှောက်ခယ်က ပြုံးရင်း ရောက်ရှိလာသည်။ သူတို့ မတွေ့ဖြစ်တာ ခဏပင် ရှိသေးသော်လည်း မိုဝူကျီက ကျန်းရှောက်ခယ် အပြုံးတွင် မတူညီသော ခံစားချက်မျိုး ခံစားနေရ၏။ တစ်နာရီအတွင်း ကျန်းရှောက်ခယ်သည် ဆုလာဘ် အကြီးကြီး ရခဲ့ဟန် ပေါ်သည်။
“ကိစ္စမရှိပါဘူး ငါလည်း အပြင်ထွက်ဖို့ ပြင်နေတာ....” မိုဝူကျီက ကျန်းရှောက်ခယ်ကို တွေ့ရန် တွေးထားသော်လည်း ကျန်းရှောက်ခယ် ဘေးမှ လူကို မြင်ပြီး သူက စကားများ ပြောင်းလဲလိုက်ရ၏။ သူ့အတွေ့အကြုံအရ ကျန်းရှောက်ခယ် ဘေးမှ လူတွင် စီးပွားရေးသမား တစ်ယောက်၏ စွမ်းဆောင်ရည်မျိုး ရှိနေသည်။
ဖြစ်နိုင်သည်က ကျန်းရှောက်ခယ်သည် ထိုလူများကို ဒြပ်ငါးမျိုး ကင်းမဲ့နယ် လက်ပတ်များ အတွက် ခေါ်ဆောင်လာခြင်း ဖြစ်ရမည်။ တခြားနည်းလမ်းဖြင့် သူ့ဆီ လူများက လာရှာကြလျှင် သူက ဈေးမြင့်မြင့် တောင်းနိုင်လိမ့်မည်။
“ဝူကျီ မိတ်ဆက် ပေးပါရစေ ဒါက အင်ပါယာငါးခုရဲ့ ကုန်သွယ်ရေးခန်းမ တစ်လမ်းစဉ် အိမ်တော် က တာဝန်ရှိသူပဲ သူ့နာမည်က လုဖုန်းတဲ့...” ကျန်းရှောက်ခယ်က လူလတ် အမျိုးသား တစ်ဦးကို ညွှန်ပြပြီး မိတ်ဆက်ပေးလိုက်သည်။
မိုဝူကျီ ပြန်ပြောဖို့ပင် မစောင့်တော့ဘဲ လူလတ်အမျိုးသားက လက်နှစ်ဖက် ယှက်လျက် ပြောလိုက်သည် “ဆေးလုံးဆရာမို ကျုပ် ခင်ဗျားကို လေးစားနေတာ ကြာလှပါပြီ ပထမအဆင့်တို့ ထိပ်ဆုံး ၁၀ ယောက်တို့ မဟုတ်ပေမဲ့ ကျုပ်တော့ ခင်ဗျားကို ထင်မြင်ချက် အကောင်းတွေ ရှိတယ်ဗျာ ကျွန်တော် လုဖုန်းက ရုတ်တရက် ရောက်လာတဲ့ အတွက် ဆေးလုံးဆရာမို စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ်....”
လုဖုန်းတွင် သာမာန် တည်ဆောက်ပုံရှိပြီး ဇဝနဉာဏ်ရှိပြီး စွမ်းဆောင်နိုင်သည်က လွဲ၍ သူ့တွင် ကျေနပ်စရာ ရုပ်ရည် ရှိသည်။
စီးပွားရေး သမားများ စကားပြောပုံက လူအများကို ယုံကြည် စည်းရုံးနိုင်ကြသည်။ မိုဝူကျီက ရယ်မောရင်း ပြောလိုက်သည်။
“ကျွန်တော်လည်း တာဝန်ခံလုနဲ့ တွေ့ခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်။ ကျွန်တော် ကံကောင်းနေတာ ဖြစ်ရမယ် ဒါနဲ့ ရှောက်ခယ်နဲ့ တာဝန်ခံလု ထိုင်ကြပါဦးဗျ...”
လူသုံးယောက် ထိုင်ပြီးနောက်တွင် လုဖုန်းက ရယ်မောရင်း စကားဝိုင်းကို စတင်လိုက်သည်။ “ဆေးလုံးဆရာမိုက ကျုပ်ရောက်လာတဲ့ အကြောင်းကို သိမယ်လို့ ထင်တယ် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဖွင့်ဖို့က သုံးရက်ပဲ ကျန်တော့တာဆိုတော့ ဒီသုံးရက်က နယ်မြေကို ဝင်ခွင့်ရဖို့ အလုအယက် ကြိုးစားကြလိမ့်မယ်။ ဂိုဏ်းတော်တော် များများက သူတို့အတွက် နေရာမလောက်ကြဘူး အဲဒါကြောင့် ဂိုဏ်းအသေးလေးတွေမှာလောက်ပဲ နေရာ ပိုရှိကြတယ်။ ခင်ဗျားက နေရာတွေကို စီမံပေးရမဲ့လူလို့ ကြားတုန်းက ကျုပ် စိတ်လှုပ်ရှား မိသေးတယ်။ ဆေးလုံးဆရာမို တကယ်လို့ ခင်ဗျားက တစ်လမ်းစဉ် အိမ်တော်ကို နေရာတွေ ပေးမယ်ဆိုရင် ကျူပ်တို့ဘက်က ခင်ဗျားအတွက် စိတ်ကျေနပ်မှု ရစေတဲ့ ဈေးနှုန်းပေးပါ့မယ်....”
“ဝူကျီ တာဝန်ခံလုက အရမ်း ယုံကြည်ရတဲ့ လူပါ” ကျန်းရှောက်ခယ်က ထပ်ပြော လိုက်သည်။
“လက်ပတ်က အခု ၂၀ ကျန်နေသေးတာလား။ စိတ်မပူနဲ့ ကျုပ်တို့မှာ ဒြပ်ငါးမျိုး ကင်းမဲ့နယ် မဖွင့်ခင် လေလံပွဲ ရှိတယ် တကယ်လို့ အဲလက်ပတ်တွေကို ကျွန်တော်ဆီ ပေးရင် ဖြစ်နိုင်သမျှ ဈေးအများဆုံးနဲ့ ရောင်းပေးဖို့ ယုံကြည်ချက် ရှိတယ် ...” မိုဝူကျီတွင် လက်ပတ် အခု ၂၀ ကျန်နေသေးသည်ကို ကြားပြီး လုဖုန်းက စိတ်ဓာတ် မတက်ကြွဘဲ မနေနိုင်တော့ချေ။
ကျန်းရှောက်ခယ်က ပြောလိုက်သည် “ဝူကျီ မင်းလည်း လေလံပွဲကို သွားကြည့်သင့်တယ်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်က ကြီးမားပေမဲ့ လူထောင်ချီပြီးတော့ တစ်ပြိုင်နက် ဝင်ကြမှာဆိုတော့ မင်း မိစ္ဆာသားရဲတွေရော အဆိပ်မြူတွေရော သေချာကြည့်ရဦးမှာ ပြီးတော့ တချို့ ကျင့်ကြံသူတွေရဲ့ ပုန်းလျိုးကွယ်လျိုး အကွက်တွေကိုလည်း ဂရုစိုက်ရဦးမယ်။ မင်းကိုယ်မင်း ကိုယ်ပိုင်ကာကွယ်ရေး နည်းလမ်းတွေနဲ့ အစီအရင်လိုမျိုး အသေးစားလေးတွေနဲ့ မှော်ရတနာတွေ ရွေးချယ်သင့်သေးတယ်”
မိုဝူကျီတွင် ထိုသို့သောအရာများကို အတွေ့အကြုံမရှိသည့် အတွက် ဖြစ်နိုင်ခြေများကို မစဉ်းစားမိပေ။ ယခုကျန်းရှောက်ခယ် ပြောမှ လူအများကြီး တပြိုင်နက် ဝင်ရမှာ ဖြစ်ပြီး လုယက်သူများလည်း ပါနိုင်သေး၏။ ထို့အပြင် သူ့ကျင့်ကြံဆင့် နိမ့်နေသောကြောင့် ပို၍ပင် ဂရုစိုက်သင့်သည်။
“အင်း အဲဆို အဲလက်ပတ်တွေ အကုန်လုံး ပေးလိုက်မယ် ပြီးတော့ ကျွန်တော်လည်း လေလံပွဲကို လာခဲ့မယ်။ လေလံပွဲ ဘယ်တော့စမှာလဲ...” မိုဝူကျီက ရွှေပိုးအိတ်ကို လုဖုန်းကို ပေးလိုက်ပြီးတော့ လေလံပွဲအတွက် တစ်ခါတည်း မေးလိုက်သည်။
လုဖုန်းက ကျော်စိမ်းပြားကို ထုတ်ယူလိုက်ပြီး မိုဝူကျီကို ပေးလိုက်သည် “ဆေးလုံးဆရာမို ဒါက ကျွန်တော်တို့ တစ်လမ်းစဉ် အိမ်တော်ကို အလကား ဝင်လို့ရစေလိမ့်မယ်။ ဆေးလုံးဆရာမိုရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါက ခင်ဗျားအတွက်ပါ လေလံပွဲက နက်ဖြန်ည တစ်လမ်းစဉ် အိမ်တော်မှာ ကျင်းပလိမ့်မယ်...”
လုဖုန်းကို ပို့ပြီးသည့် နောက်တွင် ကျန်းရှောက်ခယ်က နောက်တစ်အိတ် ထုတ်ယူလာပြီး မိုဝူကျီကို ပြောလိုက်သည်။
“ဝူကျီ ငါလည်း ပိုနေတဲ့ လက်ပတ်တွေကို မိတ်ဆွေအတွက် ရောင်းပေးခဲ့တယ်။ ဒါက မြေကမ္ဘာ စိတ်စွမ်းအင် ကျောက်တုံး ၁၀၀၀ပဲ မင်းလေလံပွဲမှာ အသုံးပြုလို့ ရတယ်။ ပြီးတော့ လုဖုန်းပေးခဲ့တဲ့ ကျောက်စိမ်းပြားက ထူးခြားတယ်။ အဲဒါက မင်းကို လေလံပွဲကို ဝင်ခွင့်ပေးရုံတင် မကဘူး။ တခြားဟာတွေကို ထုတ်ပြီး အသုံးပြုနိုင်သေးတယ်။ မပျောက်စေနဲ့ဦး...”
“အဲလောက်တောင်လား...” မိုဝူကျီက မြေကမ္ဘာ စိတ်စွမ်းအင် ကျောက်တုံး တစ်ထောင်သည် ရွှမ်အဆင့် စိတ်စွမ်းအင် ကျောက်တုံး တစ်သောင်း သို့မဟုတ် ဟွမ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး တစ်သိန်းနှင့် ညီမျှမှန်း သိသည်။ ထိုသို့ ကံကောင်းမှုမျိုး သူ့တွင် မရှိခဲ့ဖူးပေ။ ထို့အပြင် လူအများက မြေကမ္ဘာ စိတ်စွမ်းအင် ကျောက်တုံးများကို ရွမ်အဆင့် ကျောက်တုံးများနှင့် လဲလှယ် ကြသည့်အတွက် သိပ်များများ စားစား မတွေ့ဖူးပေ။
“ဘာမှ မဟုတ်သေးပါဘူး။ ငါက မိတ်ဆွေဖွဲ့ချင်လို့ ဈေးအနိမ့်ဆုံးနဲ့ ရောင်းပေးခဲ့ရတာ လေလံပွဲကျ ဒီလက်ပတ်တွေ ဈေးနှုန်းက အဆရာများစွာ တက်သွားမှ သိလိမ့်မယ်။ အရင်က ပြောဖူးတယ်လေ။ နယ်မြေထဲမှာ အဖိုးတန်ဆုံးက စစ်မှန်ခြင်း နတ်ဘုရားပန်း မဟုတ်ဘူးလို့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်ပြီးတဲ့နောက်မှာ သူတို့လက်ထဲမှာ ဘာမှမရှိဘဲ ပြန်လာတဲ့သူလို့ မရှိဘူး ....” ကျန်းရှောက်ခယ်က သတိတကြီး ပြောလိုက်သည်။
“အဲဆိုလဲ လက်ခံလိုက်ပါ့မယ် ...” မိုဝူကျီက သူ့ခန္ဓာတွင် စိတ်စွမ်းအင် ကျောက်တုံးများ မပါရှိဘဲ သူစိတ်ဝင်စားသည့် ပစ္စည်းများ ဝယ်ယူရန် ခက်ခဲလိမ့်မည်မှန်း သိ၏။ သူ့အတွက် သူ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်ဖို့ရာ ပြင်ဆင် သင့်ပေသည်။
ဒြပ်ငါးမျိုး ကင်းမဲ့နယ် ကျင်းပရာ နေရာ တစ်ခုလုံးကား လူများ ရှုပ်ယှက်ခတ်၍ နေရာတိုင်းတွင် လက်ပတ် ရောင်းသူဝယ်သူများနှင့် စည်ကား ဆူညံလျက်ရှိသည်။ တစ်ယောက်ယောက်က ၆၃၂ သည် လမင်းကိုးစင်း ဆေးလုံးအိမ်တော်ကို ကိုယ်စားပြုမှန်း သိသွားပြီး နောက်တွင် လမင်းကိုးစင်း ဆေးလုံးအိမ်တော် ဝန်းကျင်တွင် လူထုကြီး ဖြစ်နေလေ၏။ ထို့နောက်တွင် ကျန်းရှောက်ခယ်က ရှေ့ထွက်ကာ လက်ပတ် ၅၁ ခုလုံးကို အကုန် ဖြန့်လိုက်ပြီး ဖြစ်ကြောင်း ပြောလိုက်မှ လူထုကြီးက ထွက်သွား ကြတော့သည်။
လက်ပတ်တွေကို ဖြန့်ဖြူး ထားသည်ကို ကြားပြီးနောက်တွင် တစ်ယောက်ကမှ ဆေးလုံးဆရာ ၆၃၂က မည်သူ ဖြစ်ကြောင်း စိတ်မဝင်စားတော့ပေ။ သူသည် လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကို ကိုယ်စားပြုသည့် အကောင်းဆုံး ဆေးလုံးဆရာ ဖြစ်သည်။
မိုဝူကျီက လက်ပတ်များကို လုဖုန်းဆီ ပေးပြီးနောက်တွင် ကိစ္စများအားလုံး မသိရှိတော့ပေ။ ယန်အာနှင့်သာ စကားပြောနေလေ၏။ ထို့နောက်တွင် သူက မြေကမ္ဘာဝိညာဉ် ကာကွယ်ရေး ဆေးလုံးကို လေ့လာရန် အိမ်မှာပဲ နေလေသည်။ ထိုကိစ္စကား သူ့အတွက် အရေးကြီး လွန်းလှသည်။ စိတ်ဝိညာဉ် အားဖြည့်ဆေးလုံးနှင့် တူညီစွာ ဤဆေးလုံးသာ ဖော်စပ်နိုင်ပါက အခြားသော အဆင့်လေး ဆေးလုံးများဖော်စပ်ခြင်းက သူ့အတွက် လွယ်ကူလာလိမ့်မည်။
သို့သော်လည်း မြေကမ္ဘာဝိညာဉ် ကာကွယ်ရေး ဆေးလုံးကိုယ်တိုင်က အဆင့်လေး ဆေးလုံး ဖြစ်ကြောင်း ချွတ်ယွင်းချက် ဖြစ်နေသည်။ ထိုအရာကို ဖော်စပ်နိုင်ဖို့ရာ သူသည် အဆင့်လေး ဆေးလုံးဆရာ အဖြစ် တက်လှမ်း ရလိမ့်မည်။
မြေကမ္ဘာ ဝိညာဉ် ကာကွယ်ရေး ဆေးလုံးတွင် လိုအပ်သော အဓိက ဆေးပင် သုံးမျိုးမှာ - သစ်နန်းဟုံ အဖူး၊ အသီးတောက်နှင့် ရေခဲမုန်လာဥရွက် တို့ ဖြစ်ကြသည်။ ထိုဆေးပင်သုံးမျိုး၏ တန်ဖိုးမှာ သေချာပေါက် မနိမ့်ပေ။ ကျန်သော အဆင့်လေးနှင့် အဆင့် သုံးဆေးပင်များက အလွယ်တကူ ဝယ်ယူနိုင်သည်။
မိုဝူကျီက ခဏတာ စဉ်းစားလိုက်ပြီး ကျန်းရှောက်ခယ်ကို ဝယ်ခိုင်းဖို့ရာ စာရင်း ချရေးလိုက်တော့သည်။
***